ငါတို့တစ်မိသားစုလုံးက ဗီလိန်...

By Kay_Wine

1.3M 203K 6.4K

Title - My Whole Family Are Villain (我们一家都是反派) Author - 咸鱼老人 Total Chapter - 100 Chapters + 2 extras Genre... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17.1
Chapter 17.2
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46.1
Chapter 46.2
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Extra - 1
Extra - 2

Chapter 81

10.9K 1.9K 55
By Kay_Wine


MWFV Ch 81

Gift

Zawgyi Version

Qin Group ၏ႏွစ္ပတ္လည္ေတြ႕ဆုံပြဲဆိုသည္မွာ စီးပြားေရးအသိုင္းအဝိုင္း၌ အေရးပါအရာ‌ေရာက္တဲ့ ပြဲအခမ္းအနားတစ္ခုအျဖစ္ သတ္မွတ္ႏိုင္တာမ်ိဳးျဖစ္တယ္။ လက္တစ္ဆုပ္စာမွ်ေသာ ကုမၸဏီမ်ားႏွင့္ ဂုဏ္သေရရွိပုဂၢိဳလ္မ်ားကသာ ဖိတ္ၾကားလႊာကို လက္ခံရရွိခြင့္ရွိၾကတဲ့အျပင္ ၎တို႔အားလုံးက ေသခ်ာေပါက္ တစ္မူထူးျခားတဲ့ အဆင့္အတန္းရွိၾကသူမ်ားပင္ျဖစ္တယ္။ အခ်ိဳ႕ေသာကုမၸဏီမ်ားမွာမူ 'ခ်င္ Group ၏ႏွစ္ပတ္လည္ေတြ႕ဆုံပြဲသို႔ တက္ေရာက္ရန္ဖိတ္ၾကားျခင္းခံရ' ဖို႔ကိုပင္ ၎တို႔၏ေအာင္ျမင္မႈပန္းတိုင္အျဖစ္ လုပ္ေဆာင္ေနခဲ့ၾကတာျဖစ္တယ္။

ႏွစ္ပတ္လည္ေတြ႕ဆုံပြဲက်င္းပရာေနရာျဖစ္တဲ့ ဒုတိယထပ္၌ Mr.ခ်င္က မ်က္လႊာခ်ၿပီး အမႊာႏွစ္ေယာက္ထံ ေျပာလိုက္တယ္။ "ဒါက ႏွစ္ပတ္လည္ေတြ႕ဆုံပြဲတစ္ခုသက္သက္ပဲ, ဘာမွစိတ္လႈပ္ရွားေနစရာမလိုဘူး" ဒါက သူ႔ကေလးေတြအေပၚ သူ႔ရဲ႕ဂ႐ုစိုက္မႈေတြကိုေဖာ္ျပတဲ့ Mr.ခ်င္ရဲ႕ကိုယ္ပိုင္နည္းလမ္းတစ္ခုပဲ။

စုေရွာင္ေပါင္ရဲ႕မ်က္ဝန္းေတြထဲမွာ မေက်နပ္မႈေတြ ဖ်တ္ခနဲေပၚလာခဲ့တယ္။ "သိပါတယ္။ ကြၽန္ေတာ္တို႔ စိတ္မလႈပ္ရွားပါဘူး" Mr.ခ်င္ရဲ႕အၾကည့္ကိုရင္ဆိုင္ရင္း ေကာင္ေလးက ‌ေခါင္းကိုေမာ့ကာ ေျပာလိုက္တယ္။ "ဒါက ကြၽန္ေတာ္တို႔မိသားစုရဲ႕ပိုင္နက္ပဲဟာ။ ကြၽန္ေတာ္တို႔က ဘာလို႔စိတ္လႈပ္ရွားေနရမွာလဲ?"

သူ႔ေဘးက စုေပလည္း သေဘာတူလက္ခံတဲ့အ‌ေနနဲ႔ ေခါင္းညိတ္ျပလိုက္တယ္။

Mr.ခ်င္ ခပ္ေဖ်ာ့ေဖ်ာ့ေလး ရယ္လိုက္မိတယ္။ စုေရွာင္ေပါင္ရဲ႕ေခါင္းကိုပြတ္ေပးဖို႔ သူ႔လက္ကိုေျမႇာက္လိုက္တယ္။

စုေရွာင္ေပါင္ : "ကြၽန္ေတာ့္ဆံပင္ကိုလာမဖြနဲ႔!!"

ခ်င္ေရွာက္ : "သြားၾကစို႔"

---

Mr.ခ်င္က အမႊာႏွစ္ေယာက္ကို ပြဲက်င္းပတဲ့ဧရိယာသို႔ ေခၚေဆာင္သြားခဲ့တယ္။ သူတို႔ရဲ႕အသြင္အျပင္က ဧည့္သည္ေတြၾကားမွာ ႐ုတ္ခ်ည္းဆိုသလို ဂယက္ထသြားေစခဲ့တယ္။

"အဲ့က‌ေလးေတြက Mr.ခ်င္ရဲ႕ကေလးႏွစ္ေယာက္မလား? သူတို႔ေတြက အေတာ္ေလး ေတာ္ၾကတယ္လို႔ ကြၽန္ေတာ္ၾကားမိသလားလို႔ေလ?"

"အရမ္းကိုေတာ္တာေပါ့။ ၿပီးခဲ့တဲ့အပတ္က ကြၽန္ေတာ္တို႔အဖြဲ႕က ခ်င္ Group နဲ႔ စီမံကိန္းညႇိႏႈိင္းမႈတစ္ခု လုပ္ခဲ့တယ္ေလ, အဲ့မွာ Mr.ခ်င္က သူ႔ကေလးႏွစ္ေယာက္ကို အစည္းအေဝးတက္ခိုင္းလိုက္ၿပီးေတာ့..." Mr.ခ်င္ရဲ႕ကေလးႏွစ္‌ေယာက္အေၾကာင္းေျပာေနရင္းနဲ႔ ေယာက္ဟြား Group ရဲ႕ဥကၠဌျဖစ္သူက ေလးစားမႈ‌ေၾကာင့္ သက္ျပင္းခ်မိ႐ုံသာတတ္ႏိုင္ေတာ့တယ္။ ကေလးေတြက သူတို႔ရဲ႕အသက္အ႐ြယ္ထက္ေက်ာ္လြန္တဲ့ ဆင္ျခင္တုံတရားရွိၾကၿပီး တည္ၿငိမ္ေအးေဆးကာ အေျမာ္အျမင္ရွိၾကတယ္။ ေသခ်ာေပါက္ က်ားေဖေဖက ေခြးကေလးေလးေတြကို ေမြးလိမ့္မည္မဟုတ္ေခ်။

"လာမယ့္ႏွစ္အနည္းငယ္အတြင္း အဲ့ကေလးေတြက အသိုင္းအဝိုင္းတစ္ခုလုံးကို ေသခ်ာေပါက္ လႊမ္းမိုးခ်ဳပ္ကိုင္သြားႏိုင္လိမ့္မယ္"

"ဥကၠဌခ်င္မွာကေလးရွိတယ္ဆိုတာကို ကြၽန္ေတာ္ အရင္ကဘာလို႔မၾကားမိခဲ့တာလဲ?"

"သူတို႔ေတြကို တအားကာကြယ္ေပးထားလို႔ပဲျဖစ္‌ေလာက္တယ္"

ေသခ်ာတာေပါ့, တစ္ျခားအေၾကာင္းျပခ်က္ေတြရွိေနေသးတယ္ေလ။

"ဘယ္လိုပဲျဖစ္ျဖစ္ ဒီကေလးႏွစ္ေယာက္ရဲ႕ identity ျဖစ္တဲ့ အေမြဆက္ခံသူဆိုတာက အတည္ျဖစ္သြားပုံရတယ္"

အဲဒါေတြက အမ်ိဳးသားဧည့္သည္ေတာ္ေတြအၾကား စကားစျမည္‌ေျပာဆိုမႈမ်ားပင္ျဖစ္တယ္။ တက္ေရာက္လာၾကတဲ့ အမ်ိဳးသမီးမ်ားအၾကားမွာေတာ့ ၎တို႔၏ေျပာဆိုမႈေတြက ဤကဲ့သို႔ေသာ အေၾကာင္းအရာမ်ား ပိုမိုမ်ားျပားလွတယ္။ "ခ်င္အိမ္ရဲ႕သမီးေလးက အရမ္းလွတာပဲ", "ခ်င္ယြိက Mr.ခ်င္နဲ႔တကယ္တူတယ္", "ကြၽန္မၾကားတာေတာ့ သူတို႔ကအမႊာေတြတဲ့။ ဘယ္ေလာက္အားက်စရာ‌ေကာင္းလိုက္လဲ"...

---

Mr.ခ်င္က စင္ျမင့္ေပၚတက္လာၿပီး သူ႔မိန႔္ခြန္းကို စတင္ေျပာဆိုခဲ့တယ္။ သူ႔ရဲ႕အဖြင့္စာသားက "ခ်င္ Group က ေနာက္ထပ္တစ္ႏွစ္တာကို ျဖတ္သန္းခဲ့ၿပီးပါၿပီ" ဟူ၍ပင္။

ဤစာသားက ႐ိုးရွင္းၿပီး တည့္တိုးဆန္တဲ့အျပင္ အေတာ္ေလးႏွိမ့္ခ်ထားတဲ့ဟန္ေပါက္တယ္။ သို႔ေသာ္ Mr.ခ်င္၏ တည္ၿငိမ္ၿပီး ေလးနက္တဲ့ေလသံက စက္မႈလုပ္ငန္းအတြင္းရွိ ခ်င္ Group ၏လက္ရွိအေျခအေနႏွင့္ ေပါင္းစပ္လိုက္ခ်ိန္မွာေတာ့ လူေတြက Mr.ခ်င့္စကားလုံး‌ေတြထဲကေန ဂုဏ္ယူဝံ့ႂကြားမႈအရိပ္အေယာင္တစ္ခုကို အလြယ္တကူ သိျမင္ႏိုင္ခဲ့ၾကတယ္--အႀကီးစားလုပ္ငန္းစုႀကီးတစ္ခုျဖစ္‌ေနၿပီျဖစ္တဲ့ ခ်င္ Group က မိုးဒဏ္၊ ေလဒဏ္ေတြၾကားက‌ေန ထိခိုက္ပ်က္စီးမႈမရွိဘဲ ေနာက္ထပ္တစ္ႏွစ္ကို ေက်ာ္လြန္ျဖတ္သန္းလာခဲ့တဲ့အျပင္ ဒီ့ထက္ပိုျမင့္တဲ့အဆင့္တစ္ခုကိုေတာင္ တက္လွမ္းႏိုင္ခဲ့ၿပီပဲ။ Mr.ခ်င့္မွာ ဂုဏ္ယူဝံ့ႂကြားခြင့္ရွိတာေပါ့။

လက္ခုပ္ၾသဘာသံမ်ား ရပ္တန႔္သြားၿပီးေနာက္ Mr.ခ်င္က သူ႔မိန႔္ခြန္းကိုဆက္ေျပာတယ္။ Mr.ခ်င္ရဲ႕မိန႔္ခြန္းက သူ႔လိုပဲ၊ တိုတိုနဲ႔လိုရင္း‌ကိုေရာက္ကာ မည္သည့္တန္ဆာဆင္မႈမ်ိဳးမွ မပါဝင္ခဲ့ေခ်။

"ဒီႏွစ္မွာ အေျပာင္းအလဲတစ္ခ်ိဳ႕ျဖစ္ပ်က္ခဲ့ပါတယ္..." သူစကားေျပာေနစဥ္မွာပဲ ခ်င္ေရွာက္က စုေပႏွင့္ စုေရွာင္ေပါင္ဆီ လွမ္းၾကည့္လိုက္တယ္။ အႀကီးမားဆုံးအေျပာင္းအလဲက ေသခ်ာေပါက္ သူ႔အား ဖခင္တစ္ေယာက္ ႐ုတ္ခ်ည္း ျဖစ္သြားေစခဲ့တဲ့ ဒီကေလးမေလးနဲ႔ ငနာေကာင္ေလးတို႔ ေပၚထြက္လာျခင္းေၾကာင့္ပင္ျဖစ္တယ္။

အၿပဳံးရိပ္တစ္ခု Mr.ခ်င္ရဲ႕မ်က္ဝန္း‌ေတြထဲကေန ျဖတ္ေျပးသြားခဲ့တယ္။ "ဒါေပမဲ့ အားလုံးက ေကာင္းတဲ့အေျပာင္းအလဲေတြပါပဲ"

---

အဖြင့္မိန္႔ခြန္းေျပာၾကားၿပီးတဲ့ေနာက္ ကပြဲအခ်ိန္အခါ ေရာက္ရွိလာခဲ့ၿပီျဖစ္တယ္။ တိုက္႐ိုက္တီးခတ္မႈ စတင္လာခ်ိန္မွာ ခန္းမအလယ္ရွိလူေတြက ေနာက္ျပန္ဆုတ္သြားၾကၿပီး ကခုန္ရန္အတြက္ ေနရာဖယ္ေပးခဲ့ၾကတယ္။

သူ႔ေဖေဖေျပာလာမွာကိုေစာင့္မေနေတာ့ဘဲ စုေပက အေရွ႕သို႔ခုန္လႊားထြက္လာႏွင့္ကာ Mr.ခ်င္အား အကဆရာမသင္ေပးထားတဲ့အတိုင္း ဖိတ္ေခၚတဲ့ကိုယ္ဟန္အမူအရာတစ္ခု ျပဳလုပ္လိုက္ေတာ့တယ္။ သူမရဲ႕ကိုယ္ေနဟန္ထားက စံႏႈန္း အတိအက်မဟုတ္ေပမဲ့လည္း ဆယ္ေက်ာ္သက္ေကာင္မေလးတစ္ေယာက္ရဲ႕ ႐ႊတ္ေနာက္ေနာက္ဟန္ပန္နဲ႔ ခ်စ္စရာေကာင္းတဲ့ခံစားခ်က္တို႔ရွိေနခဲ့တယ္။

ေဘးမွာမတ္တပ္ရပ္‌ေနတဲ့ စုေရွာင္ေပါင္က အနည္းငယ္ စူပုပ္ေနတဲ့မ်က္ႏွာနဲ႔ ၎တို႔ထံစိုက္ၾကည့္‌ေနေလတယ္။ သူ႔စိတ္ထဲမွာ နည္းနည္းေတာ့ခ်ဥ္သြားသလိုပဲ--ပထမဆုံးက သူပဲျဖစ္သင့္တာမဟုတ္ဘူးလား? ဒါေပမဲ့ ေရွာင္ေပက အရင္ဆုံး ကဖို႔အတြက္ အဲ့လူႀကီးကို တကယ္ႀကီး သြားေခၚလိုက္တယ္ေပါ့။ ထားလိုက္ပါ။ ဒီေန႔ သူ အဲ့လူႀကီးကို သက္သက္ မ်က္ႏွာသာေပးလိုက္ၿပီးေတာ့ ေရပန္းစားမႈကို ခိုးမေနေတာ့ပါဘူးေလ။

စုေရွာင္ေပါင္ ေဘးဖယ္ေပးလိုက္ခ်ိန္မွာ Mr.ခ်င္က စုေပရဲ႕လက္ကိုလွမ္းကိုင္လိုက္တယ္။ သံစဥ္အလိုက္ Mr.ခ်င္က သူ႔သမီးေလးအား သင့္ေတာ္တဲ့အုပ္ထိန္းသူတစ္ေယာက္လို ဦးေဆာင္ေပးခဲ့တယ္။ သူဘာတစ္ခြန္းမွမေျပာဘူးဆိုေသာ္ျငား အနည္းငယ္ ေကာ့တက္ေနတဲ့ႏႈတ္ခမ္းေတြကေန Mr.ခ်င္တစ္ေယာက္ စိတ္အေျခအေန အရမ္းေကာင္းေနတယ္ဆိုတာကို ျမင္ရဖို႔မခက္ခဲလွေခ်။

သူ႔ရဲ႕မင္းသမီးေလးကို ငုံ႔ၾကည့္လိုက္ခ်ိန္မွာ‌ေတာ့ Mr.ခ်င္ရဲ႕မ်က္ဝန္းေတြက ယခင္ကထက္ ပိုမိုႏူးညံ့ေပ်ာ့ေပ်ာင္းသြားရေတာ့တယ္။ သူ သတိမထားလိုက္မိတဲ့အခ်ိန္မွာပဲ သူ႔ကေလးမေလးက ႀကီးျပင္းလာခဲ့ၿပီ။ သူတို႔ရဲ႕ပထမဆုံးေတြ႕ဆုံမႈတုန္းက ကေလးႏွစ္ေယာက္က အားနည္းၿပီး ပိန္လွီေနတဲ့ ေလလြင့္ေၾကာင္ေလးေတြလိုျဖစ္‌ေနခဲ့တယ္ဆိုတာကို အမွတ္ရသြားမိတယ္။ အခုခ်ိန္နဲ႔စာရင္ စုေပက လွပၿပီး က်န္းမာတဲ့ေကာင္မေလးတစ္ေယာက္အျဖစ္ ႀကီးျပင္းလာခဲ့ၿပီျဖစ္တာေၾကာင့္ Mr.ခ်င္က ပီတိအဟုန္တစ္ခုကို ႐ုတ္တရက္ ခံစားလိုက္ရေတာ့တယ္။

Mr.ခ်င္ စုေပနဲ႔ကေနတဲ့အခ်ိန္မွာ ခ်င္ Group ရဲ႕အမ်ိဳးသမီး၀န္ထမ္းေတြက အာ႐ုံစိုက္ကာ ေစာင့္ၾကည့္ေနၾကတဲ့အျပင္ ၎တို႔ရဲ႕အနီေရာင္ႏွလုံးသားေလးေတြကလည္း ေပါက္ထြက္လုမတတ္ျဖစ္ေနခဲ့ၾကတယ္။

"ဘုရားေရ, ဥကၠဌက တကယ္တမ္းက်ေတာ့ တအားကိုႏူးညံ့သိမ္ေမြ႕ေနတာပါလား"

"ဒါက ငါတို႔ရဲ႕တကယ့္ဥကၠဌအစစ္လား? ႏူးညံ့လိုက္တာဟယ္! အိုး မဟုတ္ေတာ့ဘူး, ငါေမ့လဲေတာ့မယ္ထင္တယ္"

အၿမဲလိုလို အလြန္တရာ တည္ၾကည္ေလးနက္ၿပီး မရယ္မၿပဳံးေနတတ္တဲ့ Mr.ခ်င္က ဒီအခိုက္အတန္႔မွာေတာ့ အရမ္းကိုထူးျခားေန‌ခဲ့တယ္။ သူ႔ပုံစံက လူအမ်ား ေပ်ာ္႐ႊင္ဝမ္းေျမာက္စြာ ဟစ္ေႂကြးရေလာက္ေအာင္ အလြန္တရာ ႏူးညံ့သိမ္‌ေမြ႕ၿပီး ေခ်ာေမာခန္႔ညားေနေလတယ္။

"ငါ ကုမၸဏီမွာ ဥကၠဌနဲ႔ တစ္ခါတစ္ေလ ေတြ႕တဲ့အခ်ိန္ေတြဆို မ်ားေသာအားျဖင့္ ငါ့မွာေမာ့ေတာင္မၾကည့္ရဲခဲ့ဘူး။ ငါတို႔ဥကၠဌက တကယ္ႀကီး မတရားေခ်ာတယ္ဆိုတာကို ငါေတြ႕ရတာ ဒါပထမဆုံးအႀကိမ္ပဲ"

"ငါ တကယ္ ဥကၠဌနဲ႔ကခ်င္လိုက္တာဟာ။ ဥကၠဌကသာ ငါ့ကို အဲ့လိုေလးၾကည့္လိုက္မယ္ဆိုရင္..."

"စိတ္ကူး‌ေတြယဥ္မေနစမ္းပါနဲ႔။ ဥကၠဌရဲ႕ႏူးညံ့သိမ္ေမြ႕မႈေတြက သူ႔မင္းသမီးေလးအတြက္ သီးသန႔္ဆိုတာ အသိသာႀကီးပဲေလ"

"မနာလိုစရာေကာင္းလိုက္တာ‌ေနာ္..."

"ဥကၠဌ သူ႔သမီးကိုဆက္ဆံတဲ့ပုံက သူ႔ဇနီးျဖစ္တဲ့ လွ်ိဳ႕ဝွက္ဆန္းၾကယ္ Mrs.ခ်င္အေပၚဆက္ဆံတာထက္ ပိုၿပီးေတာ့ေတာင္သာမယ္လို႔ ငါေလာင္းရဲတယ္"

"ငါလက္ခံတယ္..."

"အဲ့တာဆို ဇနီးျဖစ္ရတာ ဘာေကာင္းလို႔လဲ။ သမီးျဖစ္ရတာမွ အေပ်ာ္ဆုံးျဖစ္မွာေပါ့"

ေတးဂီတသံအဆုံးမွာ Mr.ခ်င္က စုေပအား ေနာက္ဆုံးေျခလွမ္းကိုအၿပီးသတ္ရန္အတြက္ ျဖည္းျဖည္းမွန္မွန္ေလး ဦးေဆာင္ေပးခဲ့တယ္။ ၿပီးေနာက္ သူ စုေပရဲ႕လက္ကိုလႊတ္ၿပီး ေျပာလိုက္တယ္။ "ဟိုနားဒီနားသြားၿပီးေတာ့ ေပ်ာ္ေပ်ာ္ေနေနာ္"

"ဟုတ္"

ဒုတိယေျမာက္ ေတးဂီတသံစတင္လာခဲ့တယ္။ စုေပ သူမတို႔အိမ္ရဲ႕ 'စူပုပ္ပုပ္ေပါင္' ဆီ အလ်င္အျမန္ ေလွ်ာက္လာၿပီး သူ႔အား အက,ကရန္ ဖိတ္ေခၚလိုက္တယ္။ ခမ္းနားႀကီးက်ယ္ၿပီး ခံ့ညားလွတဲ့အဖြင့္ဂီတသံနဲ႔စာရင္ ဒီဒုတိယတစ္ခုက ပိုမိုတက္ႂကြကာ ေပါ့ေပါ့ပါးပါးရွိလွတယ္။ အမႊာႏွစ္ေယာက္က သမား႐ိုးက်ဆန္တဲ့ အေနာက္တိုင္းစုံတြဲအက ကေနၾကတာျဖစ္ေသာ္ျငား သူတို႔ရဲ႕ေျခလွမ္းေတြက သက္ေတာင့္သက္သာရွိၿပီး သြက္လက္ေနခဲ့ၾကတယ္။ တစ္ျခားကေနၾကတဲ့သူေတြအားလုံးထဲမွာ ကေလးႏွစ္ေယာက္ရဲ႕ႏူးညံ့သိမ္ေမြ႕ၿပီး ငယ္႐ြယ္ႏုပ်ိဳတဲ့အသြင္အျပင္က အားေကာင္း‌ေသာ္ျငား လွပတဲ့ဆန႔္က်င္ဘက္သေဘာကို ေပးစြမ္း‌ေနခဲ့တယ္။

နံေဘးမွ အမ်ိဳးသမီးအခ်ိဳ႕မွာမူ သူတို႔ကိုယ္သူတို႔ မထိန္းခ်ဳပ္ႏိုင္ၾကေတာ့ဘဲ စုေပနဲ႔ စုေရွာင္ေပါင္ရဲ႕ ဓာတ္ပုံေတြကို႐ိုက္ရန္ ၎တို႔ရဲ႕မိုဘိုင္းဖုန္းေတြကို ထုတ္လာခဲ့ၾကတယ္။

"စုေရွာင္ေပါင္, နင္ ငယ္ငယ္ေလးနဲ႔ရည္းစားမထားရဘူးေနာ္" စုေပ ႐ုတ္တရက္ဆိုသလို စုေရွာင္ေပါင္အား 'ျပင္းထန္တဲ့' သတိေပးခ်က္တစ္ခု ထုတ္ျပန္လိုက္တယ္။

ေကာင္ေလးက အံ့အားသင့္သြားေတာ့တယ္ : ဒီစကားက ဘယ္ကထြက္လာျပန္တာလဲ?

"ငါႀကိဳက္တဲ့သူေတာင္မရွိတဲ့ဟာကို။ ငါက ဘယ္လိုလုပ္ ငယ္ငယ္‌ေလးနဲ႔ရည္းစားထားလို႔ရမွာလဲ?" စုေရွာင္ေပါင္ ညည္းတြားလိုက္တယ္။ "နင္က အဲ့တာကို ႐ုတ္တရက္ႀကီး ဘာလို႔ေမးတာလဲ?"

စုေပ : "ဘာလို႔လည္းဆိုေတာ့ ငါတို႔အိမ္က ေရွာင္ေပါင္ေလးက တအားေခ်ာေနတာမဟုတ္လား? ငါက ႐ုတ္တရက္ႀကီး စိုးရိမ္လာ‌ရတာေပါ့။ ဒီလိုအရည္အေသြးေကာင္းတဲ့ ဝက္ေပါက္ေလးတစ္ေကာင္ကို ေဂၚဖီထုပ္တစ္ထုပ္က ႐ုတ္တရက္ႀကီး အလစ္သုတ္သြားရင္ ဘယ္လိုလုပ္မလဲ? ငါ အရမ္းဝမ္းနည္းေနရမွာ‌ေပါ့လို႔"

[T/N : ဝက္တစ္ေကာင္က ေဂၚဖီထုပ္တစ္ထုပ္ကိုခိုးျခင္းဆိုတာက သူတို႔ရဲ႕သမီးတစ္ေယာက္ အိမ္ေထာင္ျပဳသြားတဲ့အခ်ိန္မွာ မိဘေတြရဲ႕ခံစားခ်က္ကိုေဖာ္ျပတဲ့ ေဒသိယစကားတစ္ခုျဖစ္ပါတယ္။ အဲဒါက မင္း ႏွစ္ေပါင္းမ်ားစြာ တယုတယ ထိန္းသိမ္းေစာင့္ေရွာက္ထားခဲ့တဲ့ အရမ္းကိုေကာင္းတဲ့ေဂၚဖီထုပ္တစ္ထုပ္(သမီး)ကို ဝက္တစ္ေကာင္(သားမက္)က အလစ္သုတ္သြားသလိုမ်ိဳးပါပဲ]

စုေရွာင္ေပါင္ : "..."

"အဲ့တာဆို နင္လည္း ငယ္ငယ္ေလးနဲ႔မခ်စ္မိ‌ေစနဲ႔ေပါ့" သူ႔အိမ္ကေဂၚဖီထုပ္ကို ဝက္တစ္ေကာင္က အလစ္သုတ္သြားတာမ်ိဳး သူလည္း မျမင္ခ်င္ေပါင္။

---

Mr.ခ်င္ ဧည့္သည္ေတြကို လိုက္လံႏႈတ္ဆက္ေနစဥ္မွာ ပင္ပန္းေနၾကတဲ့ စုေပနဲ႔ စုေရွာင္ေပါင္က နားေနရန္ ေဘးဘက္သို႔ေလွ်ာက္လာခဲ့ၾကတယ္။

စုေရွာင္ေပါင္က ေဖ်ာ္ရည္ႏွစ္ခြက္ယူလာၿပီး စုေပကို ေမးလိုက္တယ္။ "နင္ ဘယ္ဟာေသာက္ခ်င္လဲ?"

စုေပ : "ဘယ္ဟာကပိုအရသာရွိလဲ?"

စုေရွာင္ေပါင္ : သူ ဘယ္လိုလုပ္သိပါ့မလဲ။

စုေရွာင္ေပါင္က ႏွစ္ခြက္စလုံးကိုေကာက္ကိုင္ၿပီး တစ္ငုံစီေသာက္လိုက္တယ္။ ထို႔ေနာက္ သူ စုေပထံ အနီေရာင္ေဖ်ာ္ရည္ကို လွမ္းေပးလိုက္တယ္။ "ဒီတစ္ခြက္က ပိုခ်ိဳတယ္"

အမႊာႏွစ္ေယာက္ ေဘးမွာ နား‌ေနတာကိုၾကည့္ရင္း ခ်န္တဲ့က စားပြဲထိုးတစ္ေယာက္ကို အထူးေကာင္းမြန္တဲ့ တစ္လုပ္စာစားစရာ (finger foods) ပန္းကန္ျပားမ်ားစြာကို ယူလာခိုင္းလိုက္တယ္။ ခ်န္တဲ့ရဲ႕မ်က္လုံးထဲမွာေတာ့ ဒီကေလးႏွစ္ေယာက္က သူ႔ဂ်ဴနီယာေလးေတြနဲ႔ မျခားလွေခ်။ အႀကီးတစ္ေယာက္အေနနဲ႔ ကေလးေတြ ဝဝလင္လင္ မစားရမွာကို သူအၿမဲစိုးရိမ္ေနခဲ့တယ္။

"မင္းတို႔ တစ္ျခားဟာေတြေရာ စားခ်င္ၾက‌ေသးလား? ဦးေလးခ်န္က လူေတြကို မင္းတို႔အတြက္ျပင္ဆင္ေပးဖို႔ ေျပာလိုက္မယ္ေလ"

စုေပ : "ေက်းဇူးတင္ပါတယ္, ဦးေလးခ်န္, ဒါေတြနဲ႔တင္ လုံေလာက္ေနပါၿပီ" ေတာ္ပါၿပီလို႔, စုေရွာင္ေပါင္နဲ႔သူ႔ကို ဝက္ေပါက္ေလးေတြ အစာေကြၽးသလိုေကြၽးေနတာကို သူမ တကယ္ႀကီး လန႔္ေနလို႔ပါေနာ္...

"ဦးေလးခ်န္, ဒါဘာလဲဟင္?" စုေပ ခ်န္တဲ့ရဲ႕လက္ထဲက ဘူးႀကီးႏွစ္ဘူးကို သတိထားမိသြားတယ္။

ခ်န္တဲ့ : "အာ, ဒါလား။ ဒါက ဦးေလးခ်န္ မင္းတို႔ႏွစ္ေယာက္အတြက္ ျပင္ဆင္ေပးထားတဲ့ ႏွစ္ကူးလက္ေဆာင္ေတြေလ"

စုေရွာင္ေပါင္ : "ႏွစ္ကူးဖို႔ ရက္နည္းနည္းလိုေသးတယ္မလား?"

စုေပ : "ဟုတ္သားပဲ, ဦးေလးခ်န္ရယ္။ ဦးေလးက ဘာလို႔ႏွစ္ကူးတဲ့‌ေန႔အထိမေစာင့္ဘဲ သမီးတို႔ကိုေပးရတာလဲ?"

"လက္ေဆာင္ဆိုတာက ေနာက္က်မွေပးတာထက္စာရင္ ေစာေစာေပးတာပိုေကာင္းတယ္တဲ့။ ဦးေလးက ႏွစ္ကူးတဲ့အထိေစာင့္ပါၿပီတဲ့ မင္းတို႔ကို ဦးေလး တကယ္ေရာေတြ႕ႏိုင္ပါ့မလားဆိုတာ ဘယ္သူသိမွာတဲ့လဲ?" ခ်န္တဲ့က အၿပဳံးတစ္ပြင့္နဲ႔ျပန္ေျဖတယ္။ ၿပီးခဲ့တဲ့ရက္အနည္းငယ္က Mr.ခ်င္က သူ႔ကို လူသုံးေယာက္စာအတြက္ ေလယာဥ္လက္မွတ္ႀကိဳတင္မွာခိုင္းထားတယ္‌။ ဒီဇင္ဘာ ၃၁ရက္ေန႔ၿပီးရင္ Mr.ခ်င္က အမႊာႏွစ္‌ေယာက္ကို ျပည္ပကို ကစားဖို႔ေခၚသြားေတာ့မွာေလ။

ခ်န္တဲ့ အစတုန္းကေတာ့ အမႊာႏွစ္ေယာက္အတြက္ စာအိတ္နီအႀကီးႀကီးတစ္လုံး ေပးခ်င္တာျဖစ္တယ္။ သို႔ေပမဲ့ သူ႔သူေဌးရဲ႕မိသားစုက တစ္ခါမွေငြျပတ္တယ္ဆိုတာမရွိဘူး။ ထုတ္ေျပာေနစရာမလို‌တာက ကေလးေတြဆီမွာ Mr.ခ်င္ရဲ႕အပို‌ေဆာင္းကဒ္ရွိ‌ေနေသးတဲ့အျပင္ NST တစ္ခုတည္းမွာပဲ အလုပ္လုပ္ထားတဲ့ စုေပရဲ႕လစာက ဥကၠဌရဲ႕လက္ေထာက္တစ္ေယာက္ျဖစ္တဲ့ သူ႔လစာကိုေတာင္ အမီလိုက္ႏိုင္ေတာ့လုနီးပါးျဖစ္ေနၿပီ။ အဲဒါေၾကာင့္ နည္းနည္းပါးပါး စဥ္းစားေတြးေတာၿပီးတဲ့ေနာက္ ခ်န္တဲ့တစ္ေယာက္ ေနာက္ဆုံးေတာ့ စာအိတ္နီအစား အသုံးဝင္တဲ့လက္ေဆာင္တစ္ခုျပင္ဆင္ေပးရန္ ဆုံးျဖတ္လိုက္ေတာ့တယ္။

"ေက်းဇူးတင္ပါတယ္, ဦးေလးခ်န္" အမႊာႏွစ္ေယာက္က ခ်န္တဲ့ကို တညီတၫြတ္တည္း ေက်းဇူးတင္စကားေျပာခဲ့ၾကတယ္။

"ဘာမွမဟုတ္တဲ့ဟာကိုကြယ္။ ဒီလက္ေဆာင္က နည္းနည္းေတာ့ေလးတယ္ေနာ္။ အခုကိုင္ထားတာ မင္းတို႔အတြက္ အဆင္မေျပေလာက္ဘူး။ ဦးေလး ခ်င္က်ိဳ႕ကို ဒါေတြကားထဲအရင္သြားျပန္ထားခိုင္းလိုက္မယ္‌။ ပြဲၿပီးသြားတဲ့အခါက်မွ မင္းတို႔ အဲ့တာကိုဖြင့္ၾကည့္ၾကေပါ့"

ခ်န္တဲ့ေျပာလို႔ၿပီးသြားခ်ိန္မွာ လင္းေရွာက္ခ်ီတစ္ေယာက္ သူတို႔ဆီေလွ်ာက္လာတာကို သူျမင္လိုက္ရတယ္။ အခုတစ္ေလာ လင္း Group နဲ႔ ခ်င္ Group အၾကား ဆက္ဆံေရးက အရမ္းကိုေကာင္းေနတယ္။ သူတို႔ပူးေပါင္းေဆာင္႐ြက္တဲ့ စီမံကိန္းေတြရဲ႕ေက်းဇူးေၾကာင့္ ခ်င္ Group က ၀င္ေငြေျမာက္မ်ားစြာရရွိခဲ့တဲ့အျပင္ လင္း Group ကလည္း ခ်င္ Group ရဲ႕ဂုဏ္သတင္းက‌ေန အက်ိဳးျဖစ္ထြန္းခဲ့တယ္။ သိသာေနတာကေတာ့ Mr.ခ်င္က ဒီဥကၠဌ‌ေလးလင္းအ‌ေပၚ အေတာ္ေလး အသိအမွတ္ျပဳထားတာျဖစ္တဲ့အတြက္ေၾကာင့္ ခ်န္တဲ့ကလည္း သူ႔ကို အလြန္တရာ ယဥ္ေက်းပ်ဴငွာစြာ ဆက္ဆံေပးရမွာျဖစ္တယ္။

"ဥကၠဌေလးလင္း"

"Mr.ခ်န္"

"ဒီရက္ေတြမွာ သခင္ႀကီးလင္းေရာ က်န္းမာေရးေကာင္းရဲ႕လားဗ်?"

"ဟုတ္ကဲ့, အဘိုးကေတာ့ က်န္းမာေရးအရမ္းေကာင္းေပါ့ဗ်ာ။ ေမးျမန္းေပးတဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္ဗ်"

ခ်န္တဲ့နဲ႔ ေပ်ာ္စရာအနည္းငယ္ဖလွယ္ၿပီးတဲ့ေနာက္ လင္းေရွာက္ခ်ီရဲ႕မ်က္လုံးေတြက ခ်န္တဲ့လက္ထဲက လက္ေဆာင္ႏွစ္ခုကို ၾကည့္ေနမိတယ္။

"ေတာင္းပန္ပါတယ္ကြာ, မင္းတို႔အတြက္ လက္ေဆာင္ျပင္လာဖို႔ ကိုႀကီးေမ့သြားတယ္" လင္းေရွာက္ခ်ီ စုေပနဲ႔ စုေရွာင္ေပါင္တို႔ထံ ေျပာလိုက္တယ္။

"ကိုႀကီးလင္းက အရမ္းအားနာလြန္းေနပါၿပီ။ ကိုႀကီး ညီမေလးတို႔အတြက္ ဘာမွျပင္ဆင္ေပးစရာမလိုပါဘူး။ ဒီဟာက ဦးေလးခ်န္ဆီက ႏွစ္ကူးလက္ေဆာင္ပါ" စုေပ ရွင္းျပလိုက္တယ္။

လင္းေရွာက္ခ်ီ : "ဒါဆို ကိုႀကီးလည္း မင္းတို႔ႏွစ္‌ေယာက္အတြက္ ႏွစ္ကူးလက္ေဆာင္ေတြကို ေနာက္ၿပီးက်ရင္ ျပင္ေပးမယ္ေနာ္"

"မဟုတ္တာ, ကိုႀကီး တကယ္ အဲ့ေလာက္ႀကီးအားနာ‌ေနစရာမလိုပါဘူး" စုေပ ေခါင္းခါလိုက္တယ္။ သူမ တိုးတိုးေလး ေရ႐ြတ္လိုက္မိတယ္။ "လူႀကီးေတြက လူငယ္ေတြကို လက္ေဆာင္ေပးရတာ တကယ္ႀကိဳက္ၾကတာပဲ"

ေျပာၾကေၾကးဆိုရင္ လင္းေရွာက္ခ်ီကို သူတို႔နဲ႔သက္တူ႐ြယ္တူလို႔ပဲ သတ္မွတ္သင့္တာေလ။ စုေပ စိတ္ထဲမွာက်ိတ္ၿပီး ညည္းတြားလိုက္တယ္ : ေဘာ့စ္ရယ္, ေဘာ့စ္ ငါ့ကိုေပးမယ္ဆိုတဲ့လက္ေဆာင္ကိုသာ အရင္ေပးလိုက္စမ္းပါ။

စုေပ ေခါင္းေမာ့ၿပီး လင္းေရွာက္ခ်ီကို ၿပဳံးျပလိုက္တယ္။ "ကိုႀကီးလင္း, ကိုႀကီး ညီမေလးတို႔ကို လက္ေဆာင္ေပးခ်င္တယ္ဆိုရင္ ညီမေလးတို႔ေမြးေန႔ကိုေစာင့္လိုက္ပါဦး"

လင္းေရွာက္ခ်ီရဲ႕ႏႈတ္ခမ္းေတြ အနည္းငယ္ ေကာ့တက္သြားရေတာ့တယ္။ "ေကာင္းၿပီေလ။ မင္းတို႔ေမြးေန႔က ဘယ္ေတာ့လဲ?"

"သိပ္မၾကာေတာ့ပါဘူး။ ေဖေဖာ္ဝါရီထဲမွာေလ"

"ေဖေဖာ္ဝါရီ ၂၇ လား?" စုေပရဲ႕အေျဖကိုၾကားလိုက္ရတဲ့အခါမွာေတာ့ ရက္စြဲတစ္ခုက လင္းေရွာက္ခ်ီရဲ႕အေတြးထဲကို ဝင္ေရာက္လာခဲ့တယ္။

ဒီတစ္ခါေတာ့ အံ့ၾသသြားရသူက စုေပရဲ႕အလွည့္ပဲျဖစ္တယ္--Mr.ခ်င္က သူမနဲ႔ စုေရွာင္ေပါင္ရဲ႕ အခ်က္အလက္ေတြကို သိပ္အမ်ားႀကီး မဖြင့္ခ်ခဲ့ဘူး။ အဲဒါကို လင္းေရွာက္ခ်ီက ဘာလို႔ သူတို႔ရဲ႕ေမြးေန႔ကို ဒီေလာက္တိတိက်က်ႀကီး ေျပာႏိုင္ရတာလဲ?

လင္းေရွာက္ခ်ီက အမႊာေတြရဲ႕ေမြးေန႔ကို လုံးဝမသိဘူး။ သို႔ေသာ္ စုေပရဲ႕စကားေတြက သူ႔ကို ႐ုတ္တရက္ ရက္စြဲတစ္ခုကို သတိရသြားေစခဲ့တယ္ : Mr.ခ်င္စီစဥ္တဲ့ 'Dream Park' ဖြင့္ပြဲေန႔ပင္။

ကနဦးက Mr.ခ်င္ ဒီစီမံကိန္းမွာရင္းႏွီးျမႇဳပ္ႏွံဖို႔ ဆုံးျဖတ္လိုက္တဲ့အခ်ိန္တုန္းက သူ လင္းေရွာက္ခ်ီကို ေနာက္ႏွစ္ေဖေဖာ္ဝါရီမတိုင္ခင္မွာ ပန္းၿခံေဆာက္လုပ္ေရးကိုအၿပီးသတ္ေပးဖို႔ ေတာင္းဆိုလာခဲ့တယ္။ ၿပီးခဲ့တဲ့ရက္အနည္းငယ္က သူတို႔ေတြ ဖြင့္ပြဲရက္ကို ေဆြးေႏြးၾကတဲ့အခ်ိန္မွာ Mr.ခ်င္က ခ်က္ခ်င္းဆိုသလို ရက္စြဲတစ္ခုကို ထုတ္ေျပာလိုက္တယ္ : ေဖေဖာ္ဝါရီ ၂၇။

အခုခ်ိန္မွာ လင္းေရွာက္ခ်ီတစ္ေယာက္ ေနာက္ဆုံးေတာ့ နားလည္သြားခဲ့ၿပီျဖစ္တယ္--Mr.ခ်င္က သူ႔ကေလးႏွစ္ေယာက္ကို ေမြးေန႔လက္ေဆာင္အျဖစ္ 'Dream Park' ကိုေပးဖို႔ရည္႐ြယ္ထားတယ္ဆိုတာ အသိသာႀကီးပင္ျဖစ္တယ္။ Mr.ခ်င္ ဘာ့ေၾကာင့္ ဒီစီမံကိန္းမွာ ရင္းႏွီးျမႇဳပ္ႏွံဖို႔ ဆုံးျဖတ္လိုက္ရတဲ့ အေၾကာင္းျပခ်က္က ဒီကေလးေတြေၾကာင့္လည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါလိမ့္မယ္။

23.8.2021

Monday

___________________________________

MWFV Ch 81

Gift

U

nicode Version

Qin Group ၏နှစ်ပတ်လည်တွေ့ဆုံပွဲဆိုသည်မှာ စီးပွားရေးအသိုင်းအဝိုင်း၌ အရေးပါအရာ‌ရောက်တဲ့ ပွဲအခမ်းအနားတစ်ခုအဖြစ် သတ်မှတ်နိုင်တာမျိုးဖြစ်တယ်။ လက်တစ်ဆုပ်စာမျှသော ကုမ္ပဏီများနှင့် ဂုဏ်သရေရှိပုဂ္ဂိုလ်များကသာ ဖိတ်ကြားလွှာကို လက်ခံရရှိခွင့်ရှိကြတဲ့အပြင် ၎င်းတို့အားလုံးက သေချာပေါက် တစ်မူထူးခြားတဲ့ အဆင့်အတန်းရှိကြသူများပင်ဖြစ်တယ်။ အချို့သောကုမ္ပဏီများမှာမူ 'ချင် Group ၏နှစ်ပတ်လည်တွေ့ဆုံပွဲသို့ တက်ရောက်ရန်ဖိတ်ကြားခြင်းခံရ' ဖို့ကိုပင် ၎င်းတို့၏အောင်မြင်မှုပန်းတိုင်အဖြစ် လုပ်ဆောင်နေခဲ့ကြတာဖြစ်တယ်။

နှစ်ပတ်လည်တွေ့ဆုံပွဲကျင်းပရာနေရာဖြစ်တဲ့ ဒုတိယထပ်၌ Mr.ချင်က မျက်လွှာချပြီး အမွှာနှစ်ယောက်ထံ ပြောလိုက်တယ်။ "ဒါက နှစ်ပတ်လည်တွေ့ဆုံပွဲတစ်ခုသက်သက်ပဲ, ဘာမှစိတ်လှုပ်ရှားနေစရာမလိုဘူး" ဒါက သူ့ကလေးတွေအပေါ် သူ့ရဲ့ဂရုစိုက်မှုတွေကိုဖော်ပြတဲ့ Mr.ချင်ရဲ့ကိုယ်ပိုင်နည်းလမ်းတစ်ခုပဲ။

စုရှောင်ပေါင်ရဲ့မျက်ဝန်းတွေထဲမှာ မကျေနပ်မှုတွေ ဖျတ်ခနဲပေါ်လာခဲ့တယ်။ "သိပါတယ်။ ကျွန်တော်တို့ စိတ်မလှုပ်ရှားပါဘူး" Mr.ချင်ရဲ့အကြည့်ကိုရင်ဆိုင်ရင်း ကောင်လေးက ‌ခေါင်းကိုမော့ကာ ပြောလိုက်တယ်။ "ဒါက ကျွန်တော်တို့မိသားစုရဲ့ပိုင်နက်ပဲဟာ။ ကျွန်တော်တို့က ဘာလို့စိတ်လှုပ်ရှားနေရမှာလဲ?"

သူ့ဘေးက စုပေလည်း သဘောတူလက်ခံတဲ့အ‌နေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။

Mr.ချင် ခပ်ဖျော့ဖျော့လေး ရယ်လိုက်မိတယ်။ စုရှောင်ပေါင်ရဲ့ခေါင်းကိုပွတ်ပေးဖို့ သူ့လက်ကိုမြှောက်လိုက်တယ်။

စုရှောင်ပေါင် : "ကျွန်တော့်ဆံပင်ကိုလာမဖွနဲ့!!"

ချင်ရှောက် : "သွားကြစို့"

---

Mr.ချင်က အမွှာနှစ်ယောက်ကို ပွဲကျင်းပတဲ့ဧရိယာသို့ ခေါ်ဆောင်သွားခဲ့တယ်။ သူတို့ရဲ့အသွင်အပြင်က ဧည့်သည်တွေကြားမှာ ရုတ်ချည်းဆိုသလို ဂယက်ထသွားစေခဲ့တယ်။

"အဲ့က‌လေးတွေက Mr.ချင်ရဲ့ကလေးနှစ်ယောက်မလား? သူတို့တွေက အတော်လေး တော်ကြတယ်လို့ ကျွန်တော်ကြားမိသလားလို့လေ?"

"အရမ်းကိုတော်တာပေါ့။ ပြီးခဲ့တဲ့အပတ်က ကျွန်တော်တို့အဖွဲ့က ချင် Group နဲ့ စီမံကိန်းညှိနှိုင်းမှုတစ်ခု လုပ်ခဲ့တယ်လေ, အဲ့မှာ Mr.ချင်က သူ့ကလေးနှစ်ယောက်ကို အစည်းအဝေးတက်ခိုင်းလိုက်ပြီးတော့..." Mr.ချင်ရဲ့ကလေးနှစ်‌ယောက်အကြောင်းပြောနေရင်းနဲ့ ယောက်ဟွား Group ရဲ့ဥက္ကဌဖြစ်သူက လေးစားမှု‌ကြောင့် သက်ပြင်းချမိရုံသာတတ်နိုင်တော့တယ်။ ကလေးတွေက သူတို့ရဲ့အသက်အရွယ်ထက်ကျော်လွန်တဲ့ ဆင်ခြင်တုံတရားရှိကြပြီး တည်ငြိမ်အေးဆေးကာ အမြော်အမြင်ရှိကြတယ်။ သေချာပေါက် ကျားဖေဖေက ခွေးကလေးလေးတွေကို မွေးလိမ့်မည်မဟုတ်ချေ။

"လာမယ့်နှစ်အနည်းငယ်အတွင်း အဲ့ကလေးတွေက အသိုင်းအဝိုင်းတစ်ခုလုံးကို သေချာပေါက် လွှမ်းမိုးချုပ်ကိုင်သွားနိုင်လိမ့်မယ်"

"ဥက္ကဌချင်မှာကလေးရှိတယ်ဆိုတာကို ကျွန်တော် အရင်ကဘာလို့မကြားမိခဲ့တာလဲ?"

"သူတို့တွေကို တအားကာကွယ်ပေးထားလို့ပဲဖြစ်‌လောက်တယ်"

သေချာတာပေါ့, တစ်ခြားအကြောင်းပြချက်တွေရှိနေသေးတယ်လေ။

"ဘယ်လိုပဲဖြစ်ဖြစ် ဒီကလေးနှစ်ယောက်ရဲ့ identity ဖြစ်တဲ့ အမွေဆက်ခံသူဆိုတာက အတည်ဖြစ်သွားပုံရတယ်"

အဲဒါတွေက အမျိုးသားဧည့်သည်တော်တွေအကြား စကားစမြည်‌ပြောဆိုမှုများပင်ဖြစ်တယ်။ တက်ရောက်လာကြတဲ့ အမျိုးသမီးများအကြားမှာတော့ ၎င်းတို့၏ပြောဆိုမှုတွေက ဤကဲ့သို့သော အကြောင်းအရာများ ပိုမိုများပြားလှတယ်။ "ချင်အိမ်ရဲ့သမီးလေးက အရမ်းလှတာပဲ", "ချင်ယွိက Mr.ချင်နဲ့တကယ်တူတယ်", "ကျွန်မကြားတာတော့ သူတို့ကအမွှာတွေတဲ့။ ဘယ်လောက်အားကျစရာ‌ကောင်းလိုက်လဲ"...

---

Mr.ချင်က စင်မြင့်ပေါ်တက်လာပြီး သူ့မိန့်ခွန်းကို စတင်ပြောဆိုခဲ့တယ်။ သူ့ရဲ့အဖွင့်စာသားက "ချင် Group က နောက်ထပ်တစ်နှစ်တာကို ဖြတ်သန်းခဲ့ပြီးပါပြီ" ဟူ၍ပင်။

ဤစာသားက ရိုးရှင်းပြီး တည့်တိုးဆန်တဲ့အပြင် အတော်လေးနှိမ့်ချထားတဲ့ဟန်ပေါက်တယ်။ သို့သော် Mr.ချင်၏ တည်ငြိမ်ပြီး လေးနက်တဲ့လေသံက စက်မှုလုပ်ငန်းအတွင်းရှိ ချင် Group ၏လက်ရှိအခြေအနေနှင့် ပေါင်းစပ်လိုက်ချိန်မှာတော့ လူတွေက Mr.ချင့်စကားလုံး‌တွေထဲကနေ ဂုဏ်ယူဝံ့ကြွားမှုအရိပ်အယောင်တစ်ခုကို အလွယ်တကူ သိမြင်နိုင်ခဲ့ကြတယ်--အကြီးစားလုပ်ငန်းစုကြီးတစ်ခုဖြစ်‌နေပြီဖြစ်တဲ့ ချင် Group က မိုးဒဏ်၊ လေဒဏ်တွေကြားက‌နေ ထိခိုက်ပျက်စီးမှုမရှိဘဲ နောက်ထပ်တစ်နှစ်ကို ကျော်လွန်ဖြတ်သန်းလာခဲ့တဲ့အပြင် ဒီ့ထက်ပိုမြင့်တဲ့အဆင့်တစ်ခုကိုတောင် တက်လှမ်းနိုင်ခဲ့ပြီပဲ။ Mr.ချင့်မှာ ဂုဏ်ယူဝံ့ကြွားခွင့်ရှိတာပေါ့။

လက်ခုပ်သြဘာသံများ ရပ်တန့်သွားပြီးနောက် Mr.ချင်က သူ့မိန့်ခွန်းကိုဆက်ပြောတယ်။ Mr.ချင်ရဲ့မိန့်ခွန်းက သူ့လိုပဲ၊ တိုတိုနဲ့လိုရင်း‌ကိုရောက်ကာ မည်သည့်တန်ဆာဆင်မှုမျိုးမှ မပါဝင်ခဲ့ချေ။

"ဒီနှစ်မှာ အပြောင်းအလဲတစ်ချို့ဖြစ်ပျက်ခဲ့ပါတယ်..." သူစကားပြောနေစဉ်မှာပဲ ချင်ရှောက်က စုပေနှင့် စုရှောင်ပေါင်ဆီ လှမ်းကြည့်လိုက်တယ်။ အကြီးမားဆုံးအပြောင်းအလဲက သေချာပေါက် သူ့အား ဖခင်တစ်ယောက် ရုတ်ချည်း ဖြစ်သွားစေခဲ့တဲ့ ဒီကလေးမလေးနဲ့ ငနာကောင်လေးတို့ ပေါ်ထွက်လာခြင်းကြောင့်ပင်ဖြစ်တယ်။

အပြုံးရိပ်တစ်ခု Mr.ချင်ရဲ့မျက်ဝန်း‌တွေထဲကနေ ဖြတ်ပြေးသွားခဲ့တယ်။ "ဒါပေမဲ့ အားလုံးက ကောင်းတဲ့အပြောင်းအလဲတွေပါပဲ"

---

အဖွင့်မိန့်ခွန်းပြောကြားပြီးတဲ့နောက် ကပွဲအချိန်အခါ ရောက်ရှိလာခဲ့ပြီဖြစ်တယ်။ တိုက်ရိုက်တီးခတ်မှု စတင်လာချိန်မှာ ခန်းမအလယ်ရှိလူတွေက နောက်ပြန်ဆုတ်သွားကြပြီး ကခုန်ရန်အတွက် နေရာဖယ်ပေးခဲ့ကြတယ်။

သူ့ဖေဖေပြောလာမှာကိုစောင့်မနေတော့ဘဲ စုပေက အရှေ့သို့ခုန်လွှားထွက်လာနှင့်ကာ Mr.ချင်အား အကဆရာမသင်ပေးထားတဲ့အတိုင်း ဖိတ်ခေါ်တဲ့ကိုယ်ဟန်အမူအရာတစ်ခု ပြုလုပ်လိုက်တော့တယ်။ သူမရဲ့ကိုယ်နေဟန်ထားက စံနှုန်း အတိအကျမဟုတ်ပေမဲ့လည်း ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ရဲ့ ရွှတ်နောက်နောက်ဟန်ပန်နဲ့ ချစ်စရာကောင်းတဲ့ခံစားချက်တို့ရှိနေခဲ့တယ်။

ဘေးမှာမတ်တပ်ရပ်‌နေတဲ့ စုရှောင်ပေါင်က အနည်းငယ် စူပုပ်နေတဲ့မျက်နှာနဲ့ ၎င်းတို့ထံစိုက်ကြည့်‌နေလေတယ်။ သူ့စိတ်ထဲမှာ နည်းနည်းတော့ချဉ်သွားသလိုပဲ--ပထမဆုံးက သူပဲဖြစ်သင့်တာမဟုတ်ဘူးလား? ဒါပေမဲ့ ရှောင်ပေက အရင်ဆုံး ကဖို့အတွက် အဲ့လူကြီးကို တကယ်ကြီး သွားခေါ်လိုက်တယ်ပေါ့။ ထားလိုက်ပါ။ ဒီနေ့ သူ အဲ့လူကြီးကို သက်သက် မျက်နှာသာပေးလိုက်ပြီးတော့ ရေပန်းစားမှုကို ခိုးမနေတော့ပါဘူးလေ။

စုရှောင်ပေါင် ဘေးဖယ်ပေးလိုက်ချိန်မှာ Mr.ချင်က စုပေရဲ့လက်ကိုလှမ်းကိုင်လိုက်တယ်။ သံစဉ်အလိုက် Mr.ချင်က သူ့သမီးလေးအား သင့်တော်တဲ့အုပ်ထိန်းသူတစ်ယောက်လို ဦးဆောင်ပေးခဲ့တယ်။ သူဘာတစ်ခွန်းမှမပြောဘူးဆိုသော်ငြား အနည်းငယ် ကော့တက်နေတဲ့နှုတ်ခမ်းတွေကနေ Mr.ချင်တစ်ယောက် စိတ်အခြေအနေ အရမ်းကောင်းနေတယ်ဆိုတာကို မြင်ရဖို့မခက်ခဲလှချေ။

သူ့ရဲ့မင်းသမီးလေးကို ငုံ့ကြည့်လိုက်ချိန်မှာ‌တော့ Mr.ချင်ရဲ့မျက်ဝန်းတွေက ယခင်ကထက် ပိုမိုနူးညံ့ပျော့ပျောင်းသွားရတော့တယ်။ သူ သတိမထားလိုက်မိတဲ့အချိန်မှာပဲ သူ့ကလေးမလေးက ကြီးပြင်းလာခဲ့ပြီ။ သူတို့ရဲ့ပထမဆုံးတွေ့ဆုံမှုတုန်းက ကလေးနှစ်ယောက်က အားနည်းပြီး ပိန်လှီနေတဲ့ လေလွင့်ကြောင်လေးတွေလိုဖြစ်‌နေခဲ့တယ်ဆိုတာကို အမှတ်ရသွားမိတယ်။ အခုချိန်နဲ့စာရင် စုပေက လှပပြီး ကျန်းမာတဲ့ကောင်မလေးတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့ပြီဖြစ်တာကြောင့် Mr.ချင်က ပီတိအဟုန်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရတော့တယ်။

Mr.ချင် စုပေနဲ့ကနေတဲ့အချိန်မှာ ချင် Group ရဲ့အမျိုးသမီး၀န်ထမ်းတွေက အာရုံစိုက်ကာ စောင့်ကြည့်နေကြတဲ့အပြင် ၎င်းတို့ရဲ့အနီရောင်နှလုံးသားလေးတွေကလည်း ပေါက်ထွက်လုမတတ်ဖြစ်နေခဲ့ကြတယ်။

"ဘုရားရေ, ဥက္ကဌက တကယ်တမ်းကျတော့ တအားကိုနူးညံ့သိမ်မွေ့နေတာပါလား"

"ဒါက ငါတို့ရဲ့တကယ့်ဥက္ကဌအစစ်လား? နူးညံ့လိုက်တာဟယ်! အိုး မဟုတ်တော့ဘူး, ငါမေ့လဲတော့မယ်ထင်တယ်"

အမြဲလိုလို အလွန်တရာ တည်ကြည်လေးနက်ပြီး မရယ်မပြုံးနေတတ်တဲ့ Mr.ချင်က ဒီအခိုက်အတန့်မှာတော့ အရမ်းကိုထူးခြားနေ‌ခဲ့တယ်။ သူ့ပုံစံက လူအများ ပျော်ရွှင်ဝမ်းမြောက်စွာ ဟစ်ကြွေးရလောက်အောင် အလွန်တရာ နူးညံ့သိမ်‌မွေ့ပြီး ချောမောခန့်ညားနေလေတယ်။

"ငါ ကုမ္ပဏီမှာ ဥက္ကဌနဲ့ တစ်ခါတစ်လေ တွေ့တဲ့အချိန်တွေဆို များသောအားဖြင့် ငါ့မှာမော့တောင်မကြည့်ရဲခဲ့ဘူး။ ငါတို့ဥက္ကဌက တကယ်ကြီး မတရားချောတယ်ဆိုတာကို ငါတွေ့ရတာ ဒါပထမဆုံးအကြိမ်ပဲ"

"ငါ တကယ် ဥက္ကဌနဲ့ကချင်လိုက်တာဟာ။ ဥက္ကဌကသာ ငါ့ကို အဲ့လိုလေးကြည့်လိုက်မယ်ဆိုရင်..."

"စိတ်ကူး‌တွေယဉ်မနေစမ်းပါနဲ့။ ဥက္ကဌရဲ့နူးညံ့သိမ်မွေ့မှုတွေက သူ့မင်းသမီးလေးအတွက် သီးသန့်ဆိုတာ အသိသာကြီးပဲလေ"

"မနာလိုစရာကောင်းလိုက်တာ‌နော်..."

"ဥက္ကဌ သူ့သမီးကိုဆက်ဆံတဲ့ပုံက သူ့ဇနီးဖြစ်တဲ့ လျှို့ဝှက်ဆန်းကြယ် Mrs.ချင်အပေါ်ဆက်ဆံတာထက် ပိုပြီးတော့တောင်သာမယ်လို့ ငါလောင်းရဲတယ်"

"ငါလက်ခံတယ်..."

"အဲ့တာဆို ဇနီးဖြစ်ရတာ ဘာကောင်းလို့လဲ။ သမီးဖြစ်ရတာမှ အပျော်ဆုံးဖြစ်မှာပေါ့"

တေးဂီတသံအဆုံးမှာ Mr.ချင်က စုပေအား နောက်ဆုံးခြေလှမ်းကိုအပြီးသတ်ရန်အတွက် ဖြည်းဖြည်းမှန်မှန်လေး ဦးဆောင်ပေးခဲ့တယ်။ ပြီးနောက် သူ စုပေရဲ့လက်ကိုလွှတ်ပြီး ပြောလိုက်တယ်။ "ဟိုနားဒီနားသွားပြီးတော့ ပျော်ပျော်နေနော်"

"ဟုတ်"

ဒုတိယမြောက် တေးဂီတသံစတင်လာခဲ့တယ်။ စုပေ သူမတို့အိမ်ရဲ့ 'စူပုပ်ပုပ်ပေါင်' ဆီ အလျင်အမြန် လျှောက်လာပြီး သူ့အား အက,ကရန် ဖိတ်ခေါ်လိုက်တယ်။ ခမ်းနားကြီးကျယ်ပြီး ခံ့ညားလှတဲ့အဖွင့်ဂီတသံနဲ့စာရင် ဒီဒုတိယတစ်ခုက ပိုမိုတက်ကြွကာ ပေါ့ပေါ့ပါးပါးရှိလှတယ်။ အမွှာနှစ်ယောက်က သမားရိုးကျဆန်တဲ့ အနောက်တိုင်းစုံတွဲအက ကနေကြတာဖြစ်သော်ငြား သူတို့ရဲ့ခြေလှမ်းတွေက သက်တောင့်သက်သာရှိပြီး သွက်လက်နေခဲ့ကြတယ်။ တစ်ခြားကနေကြတဲ့သူတွေအားလုံးထဲမှာ ကလေးနှစ်ယောက်ရဲ့နူးညံ့သိမ်မွေ့ပြီး ငယ်ရွယ်နုပျိုတဲ့အသွင်အပြင်က အားကောင်း‌သော်ငြား လှပတဲ့ဆန့်ကျင်ဘက်သဘောကို ပေးစွမ်း‌နေခဲ့တယ်။

နံဘေးမှ အမျိုးသမီးအချို့မှာမူ သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ကြတော့ဘဲ စုပေနဲ့ စုရှောင်ပေါင်ရဲ့ ဓာတ်ပုံတွေကိုရိုက်ရန် ၎င်းတို့ရဲ့မိုဘိုင်းဖုန်းတွေကို ထုတ်လာခဲ့ကြတယ်။

"စုရှောင်ပေါင်, နင် ငယ်ငယ်လေးနဲ့ရည်းစားမထားရဘူးနော်" စုပေ ရုတ်တရက်ဆိုသလို စုရှောင်ပေါင်အား 'ပြင်းထန်တဲ့' သတိပေးချက်တစ်ခု ထုတ်ပြန်လိုက်တယ်။

ကောင်လေးက အံ့အားသင့်သွားတော့တယ် : ဒီစကားက ဘယ်ကထွက်လာပြန်တာလဲ?

"ငါကြိုက်တဲ့သူတောင်မရှိတဲ့ဟာကို။ ငါက ဘယ်လိုလုပ် ငယ်ငယ်‌လေးနဲ့ရည်းစားထားလို့ရမှာလဲ?" စုရှောင်ပေါင် ညည်းတွားလိုက်တယ်။ "နင်က အဲ့တာကို ရုတ်တရက်ကြီး ဘာလို့မေးတာလဲ?"

စုပေ : "ဘာလို့လည်းဆိုတော့ ငါတို့အိမ်က ရှောင်ပေါင်လေးက တအားချောနေတာမဟုတ်လား? ငါက ရုတ်တရက်ကြီး စိုးရိမ်လာ‌ရတာပေါ့။ ဒီလိုအရည်အသွေးကောင်းတဲ့ ဝက်ပေါက်လေးတစ်ကောင်ကို ဂေါ်ဖီထုပ်တစ်ထုပ်က ရုတ်တရက်ကြီး အလစ်သုတ်သွားရင် ဘယ်လိုလုပ်မလဲ? ငါ အရမ်းဝမ်းနည်းနေရမှာ‌ပေါ့လို့"

[T/N : ဝက်တစ်ကောင်က ဂေါ်ဖီထုပ်တစ်ထုပ်ကိုခိုးခြင်းဆိုတာက သူတို့ရဲ့သမီးတစ်ယောက် အိမ်ထောင်ပြုသွားတဲ့အချိန်မှာ မိဘတွေရဲ့ခံစားချက်ကိုဖော်ပြတဲ့ ဒေသိယစကားတစ်ခုဖြစ်ပါတယ်။ အဲဒါက မင်း နှစ်ပေါင်းများစွာ တယုတယ ထိန်းသိမ်းစောင့်ရှောက်ထားခဲ့တဲ့ အရမ်းကိုကောင်းတဲ့ဂေါ်ဖီထုပ်တစ်ထုပ်(သမီး)ကို ဝက်တစ်ကောင်(သားမက်)က အလစ်သုတ်သွားသလိုမျိုးပါပဲ]

စုရှောင်ပေါင် : "..."

"အဲ့တာဆို နင်လည်း ငယ်ငယ်လေးနဲ့မချစ်မိ‌စေနဲ့ပေါ့" သူ့အိမ်ကဂေါ်ဖီထုပ်ကို ဝက်တစ်ကောင်က အလစ်သုတ်သွားတာမျိုး သူလည်း မမြင်ချင်ပေါင်။

---

Mr.ချင် ဧည့်သည်တွေကို လိုက်လံနှုတ်ဆက်နေစဉ်မှာ ပင်ပန်းနေကြတဲ့ စုပေနဲ့ စုရှောင်ပေါင်က နားနေရန် ဘေးဘက်သို့လျှောက်လာခဲ့ကြတယ်။

စုရှောင်ပေါင်က ဖျော်ရည်နှစ်ခွက်ယူလာပြီး စုပေကို မေးလိုက်တယ်။ "နင် ဘယ်ဟာသောက်ချင်လဲ?"

စုပေ : "ဘယ်ဟာကပိုအရသာရှိလဲ?"

စုရှောင်ပေါင် : သူ ဘယ်လိုလုပ်သိပါ့မလဲ။

စုရှောင်ပေါင်က နှစ်ခွက်စလုံးကိုကောက်ကိုင်ပြီး တစ်ငုံစီသောက်လိုက်တယ်။ ထို့နောက် သူ စုပေထံ အနီရောင်ဖျော်ရည်ကို လှမ်းပေးလိုက်တယ်။ "ဒီတစ်ခွက်က ပိုချိုတယ်"

အမွှာနှစ်ယောက် ဘေးမှာ နား‌နေတာကိုကြည့်ရင်း ချန်တဲ့က စားပွဲထိုးတစ်ယောက်ကို အထူးကောင်းမွန်တဲ့ တစ်လုပ်စာစားစရာ (finger foods) ပန်းကန်ပြားများစွာကို ယူလာခိုင်းလိုက်တယ်။ ချန်တဲ့ရဲ့မျက်လုံးထဲမှာတော့ ဒီကလေးနှစ်ယောက်က သူ့ဂျူနီယာလေးတွေနဲ့ မခြားလှချေ။ အကြီးတစ်ယောက်အနေနဲ့ ကလေးတွေ ဝဝလင်လင် မစားရမှာကို သူအမြဲစိုးရိမ်နေခဲ့တယ်။

"မင်းတို့ တစ်ခြားဟာတွေရော စားချင်ကြ‌သေးလား? ဦးလေးချန်က လူတွေကို မင်းတို့အတွက်ပြင်ဆင်ပေးဖို့ ပြောလိုက်မယ်လေ"

စုပေ : "ကျေးဇူးတင်ပါတယ်, ဦးလေးချန်, ဒါတွေနဲ့တင် လုံလောက်နေပါပြီ" တော်ပါပြီလို့, စုရှောင်ပေါင်နဲ့သူ့ကို ဝက်ပေါက်လေးတွေ အစာကျွေးသလိုကျွေးနေတာကို သူမ တကယ်ကြီး လန့်နေလို့ပါနော်...

"ဦးလေးချန်, ဒါဘာလဲဟင်?" စုပေ ချန်တဲ့ရဲ့လက်ထဲက ဘူးကြီးနှစ်ဘူးကို သတိထားမိသွားတယ်။

ချန်တဲ့ : "အာ, ဒါလား။ ဒါက ဦးလေးချန် မင်းတို့နှစ်ယောက်အတွက် ပြင်ဆင်ပေးထားတဲ့ နှစ်ကူးလက်ဆောင်တွေလေ"

စုရှောင်ပေါင် : "နှစ်ကူးဖို့ ရက်နည်းနည်းလိုသေးတယ်မလား?"

စုပေ : "ဟုတ်သားပဲ, ဦးလေးချန်ရယ်။ ဦးလေးက ဘာလို့နှစ်ကူးတဲ့‌နေ့အထိမစောင့်ဘဲ သမီးတို့ကိုပေးရတာလဲ?"

"လက်ဆောင်ဆိုတာက နောက်ကျမှပေးတာထက်စာရင် စောစောပေးတာပိုကောင်းတယ်တဲ့။ ဦးလေးက နှစ်ကူးတဲ့အထိစောင့်ပါပြီတဲ့ မင်းတို့ကို ဦးလေး တကယ်ရောတွေ့နိုင်ပါ့မလားဆိုတာ ဘယ်သူသိမှာတဲ့လဲ?" ချန်တဲ့က အပြုံးတစ်ပွင့်နဲ့ပြန်ဖြေတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်က Mr.ချင်က သူ့ကို လူသုံးယောက်စာအတွက် လေယာဉ်လက်မှတ်ကြိုတင်မှာခိုင်းထားတယ်‌။ ဒီဇင်ဘာ ၃၁ရက်နေ့ပြီးရင် Mr.ချင်က အမွှာနှစ်‌ယောက်ကို ပြည်ပကို ကစားဖို့ခေါ်သွားတော့မှာလေ။

ချန်တဲ့ အစတုန်းကတော့ အမွှာနှစ်ယောက်အတွက် စာအိတ်နီအကြီးကြီးတစ်လုံး ပေးချင်တာဖြစ်တယ်။ သို့ပေမဲ့ သူ့သူဌေးရဲ့မိသားစုက တစ်ခါမှငွေပြတ်တယ်ဆိုတာမရှိဘူး။ ထုတ်ပြောနေစရာမလို‌တာက ကလေးတွေဆီမှာ Mr.ချင်ရဲ့အပို‌ဆောင်းကဒ်ရှိ‌နေသေးတဲ့အပြင် NST တစ်ခုတည်းမှာပဲ အလုပ်လုပ်ထားတဲ့ စုပေရဲ့လစာက ဥက္ကဌရဲ့လက်ထောက်တစ်ယောက်ဖြစ်တဲ့ သူ့လစာကိုတောင် အမီလိုက်နိုင်တော့လုနီးပါးဖြစ်နေပြီ။ အဲဒါကြောင့် နည်းနည်းပါးပါး စဉ်းစားတွေးတောပြီးတဲ့နောက် ချန်တဲ့တစ်ယောက် နောက်ဆုံးတော့ စာအိတ်နီအစား အသုံးဝင်တဲ့လက်ဆောင်တစ်ခုပြင်ဆင်ပေးရန် ဆုံးဖြတ်လိုက်တော့တယ်။

"ကျေးဇူးတင်ပါတယ်, ဦးလေးချန်" အမွှာနှစ်ယောက်က ချန်တဲ့ကို တညီတညွတ်တည်း ကျေးဇူးတင်စကားပြောခဲ့ကြတယ်။

"ဘာမှမဟုတ်တဲ့ဟာကိုကွယ်။ ဒီလက်ဆောင်က နည်းနည်းတော့လေးတယ်နော်။ အခုကိုင်ထားတာ မင်းတို့အတွက် အဆင်မပြေလောက်ဘူး။ ဦးလေး ချင်ကျို့ကို ဒါတွေကားထဲအရင်သွားပြန်ထားခိုင်းလိုက်မယ်‌။ ပွဲပြီးသွားတဲ့အခါကျမှ မင်းတို့ အဲ့တာကိုဖွင့်ကြည့်ကြပေါ့"

ချန်တဲ့ပြောလို့ပြီးသွားချိန်မှာ လင်းရှောက်ချီတစ်ယောက် သူတို့ဆီလျှောက်လာတာကို သူမြင်လိုက်ရတယ်။ အခုတစ်လော လင်း Group နဲ့ ချင် Group အကြား ဆက်ဆံရေးက အရမ်းကိုကောင်းနေတယ်။ သူတို့ပူးပေါင်းဆောင်ရွက်တဲ့ စီမံကိန်းတွေရဲ့ကျေးဇူးကြောင့် ချင် Group က ၀င်ငွေမြောက်များစွာရရှိခဲ့တဲ့အပြင် လင်း Group ကလည်း ချင် Group ရဲ့ဂုဏ်သတင်းက‌နေ အကျိုးဖြစ်ထွန်းခဲ့တယ်။ သိသာနေတာကတော့ Mr.ချင်က ဒီဥက္ကဌ‌လေးလင်းအ‌ပေါ် အတော်လေး အသိအမှတ်ပြုထားတာဖြစ်တဲ့အတွက်ကြောင့် ချန်တဲ့ကလည်း သူ့ကို အလွန်တရာ ယဉ်ကျေးပျူငှာစွာ ဆက်ဆံပေးရမှာဖြစ်တယ်။

"ဥက္ကဌလေးလင်း"

"Mr.ချန်"

"ဒီရက်တွေမှာ သခင်ကြီးလင်းရော ကျန်းမာရေးကောင်းရဲ့လားဗျ?"

"ဟုတ်ကဲ့, အဘိုးကတော့ ကျန်းမာရေးအရမ်းကောင်းပေါ့ဗျာ။ မေးမြန်းပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ဗျ"

ချန်တဲ့နဲ့ ပျော်စရာအနည်းငယ်ဖလှယ်ပြီးတဲ့နောက် လင်းရှောက်ချီရဲ့မျက်လုံးတွေက ချန်တဲ့လက်ထဲက လက်ဆောင်နှစ်ခုကို ကြည့်နေမိတယ်။

"တောင်းပန်ပါတယ်ကွာ, မင်းတို့အတွက် လက်ဆောင်ပြင်လာဖို့ ကိုကြီးမေ့သွားတယ်" လင်းရှောက်ချီ စုပေနဲ့ စုရှောင်ပေါင်တို့ထံ ပြောလိုက်တယ်။

"ကိုကြီးလင်းက အရမ်းအားနာလွန်းနေပါပြီ။ ကိုကြီး ညီမလေးတို့အတွက် ဘာမှပြင်ဆင်ပေးစရာမလိုပါဘူး။ ဒီဟာက ဦးလေးချန်ဆီက နှစ်ကူးလက်ဆောင်ပါ" စုပေ ရှင်းပြလိုက်တယ်။

လင်းရှောက်ချီ : "ဒါဆို ကိုကြီးလည်း မင်းတို့နှစ်‌ယောက်အတွက် နှစ်ကူးလက်ဆောင်တွေကို နောက်ပြီးကျရင် ပြင်ပေးမယ်နော်"

"မဟုတ်တာ, ကိုကြီး တကယ် အဲ့လောက်ကြီးအားနာ‌နေစရာမလိုပါဘူး" စုပေ ခေါင်းခါလိုက်တယ်။ သူမ တိုးတိုးလေး ရေရွတ်လိုက်မိတယ်။ "လူကြီးတွေက လူငယ်တွေကို လက်ဆောင်ပေးရတာ တကယ်ကြိုက်ကြတာပဲ"

ပြောကြကြေးဆိုရင် လင်းရှောက်ချီကို သူတို့နဲ့သက်တူရွယ်တူလို့ပဲ သတ်မှတ်သင့်တာလေ။ စုပေ စိတ်ထဲမှာကျိတ်ပြီး ညည်းတွားလိုက်တယ် : ဘော့စ်ရယ်, ဘော့စ် ငါ့ကိုပေးမယ်ဆိုတဲ့လက်ဆောင်ကိုသာ အရင်ပေးလိုက်စမ်းပါ။

စုပေ ခေါင်းမော့ပြီး လင်းရှောက်ချီကို ပြုံးပြလိုက်တယ်။ "ကိုကြီးလင်း, ကိုကြီး ညီမလေးတို့ကို လက်ဆောင်ပေးချင်တယ်ဆိုရင် ညီမလေးတို့မွေးနေ့ကိုစောင့်လိုက်ပါဦး"

လင်းရှောက်ချီရဲ့နှုတ်ခမ်းတွေ အနည်းငယ် ကော့တက်သွားရတော့တယ်။ "ကောင်းပြီလေ။ မင်းတို့မွေးနေ့က ဘယ်တော့လဲ?"

"သိပ်မကြာတော့ပါဘူး။ ဖေဖော်ဝါရီထဲမှာလေ"

"ဖေဖော်ဝါရီ ၂၇ လား?" စုပေရဲ့အဖြေကိုကြားလိုက်ရတဲ့အခါမှာတော့ ရက်စွဲတစ်ခုက လင်းရှောက်ချီရဲ့အတွေးထဲကို ဝင်ရောက်လာခဲ့တယ်။

ဒီတစ်ခါတော့ အံ့သြသွားရသူက စုပေရဲ့အလှည့်ပဲဖြစ်တယ်--Mr.ချင်က သူမနဲ့ စုရှောင်ပေါင်ရဲ့ အချက်အလက်တွေကို သိပ်အများကြီး မဖွင့်ချခဲ့ဘူး။ အဲဒါကို လင်းရှောက်ချီက ဘာလို့ သူတို့ရဲ့မွေးနေ့ကို ဒီလောက်တိတိကျကျကြီး ပြောနိုင်ရတာလဲ?

လင်းရှောက်ချီက အမွှာတွေရဲ့မွေးနေ့ကို လုံးဝမသိဘူး။ သို့သော် စုပေရဲ့စကားတွေက သူ့ကို ရုတ်တရက် ရက်စွဲတစ်ခုကို သတိရသွားစေခဲ့တယ် : Mr.ချင်စီစဥ်တဲ့ 'Dream Park' ဖွင့်ပွဲနေ့ပင်။

ကနဦးက Mr.ချင် ဒီစီမံကိန်းမှာရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်တုန်းက သူ လင်းရှောက်ချီကို နောက်နှစ်ဖေဖော်ဝါရီမတိုင်ခင်မှာ ပန်းခြံဆောက်လုပ်ရေးကိုအပြီးသတ်ပေးဖို့ တောင်းဆိုလာခဲ့တယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်က သူတို့တွေ ဖွင့်ပွဲရက်ကို ဆွေးနွေးကြတဲ့အချိန်မှာ Mr.ချင်က ချက်ချင်းဆိုသလို ရက်စွဲတစ်ခုကို ထုတ်ပြောလိုက်တယ် : ဖေဖော်ဝါရီ ၂၇။

အခုချိန်မှာ လင်းရှောက်ချီတစ်ယောက် နောက်ဆုံးတော့ နားလည်သွားခဲ့ပြီဖြစ်တယ်--Mr.ချင်က သူ့ကလေးနှစ်ယောက်ကို မွေးနေ့လက်ဆောင်အဖြစ် 'Dream Park' ကိုပေးဖို့ရည်ရွယ်ထားတယ်ဆိုတာ အသိသာကြီးပင်ဖြစ်တယ်။ Mr.ချင် ဘာ့ကြောင့် ဒီစီမံကိန်းမှာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းပြချက်က ဒီကလေးတွေကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။

23.8.2021

Monday

_____

Thanks 🌹


Continue Reading

You'll Also Like

63.4K 5.8K 11
Timetravel 😁 Uni and Zawgyi(owncreation)
2.4M 154K 98
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
126K 17.2K 43
က်န္းခ်င္းေပ - arc.4.
937 69 3
" ရန္အာ ... မင္းရဲ့ က်င့္ႀကံမႈက ဘာအတြက္လဲ " " ဆရာ့ကို ကာကြယ္ဖို႔ပါ " ထိုစကားေၾကာင့္ ခနတိတ္ဆိတ္သြားၿပီး ခပ္ဖြဖြ ရယ္လာျခင္းေၾကာင့္ သူမစကားအား အေလးအနက္...