PSYCHO FRIEND (Season-2)

By May555myat55mon

17.8K 1.8K 290

🐺Unicode🐍 အိပ်မက်လေလား...တကယ်လေလား... #Monster Start Date: 23.6.2021 End Date: ... 🐺Zawgyi🐍 အိပ္မက္ေလလား... More

Attention!!!
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 19

Part 18

555 75 28
By May555myat55mon

🐺Unicode🐍

ယွဲ့မင်ရီရဲ့ ဈာပနပွဲကြောင့် ရှောင်ကျန့်မှာ ရိုက်ကွင်းမလာနိုင်တာမို့ ရိုက်ကူးရေးကို နောက်ထပ်နှစ်ရက် ထပ်ရွှေ့လိုက်ရတယ်။ ရိပေါ်မှာလည်း အလုပ်ရှုပ်နေတာမို့ ရှောင်ကျန့်ထံလည်း မသွားနိုင်။ ဒီနှစ်ရက်အတွင်း ရိပေါ်ရဲ့စိတ်အစုံဟာလည်း ဈာပနပွဲနေ့က တွေ့ခဲ့ရတဲ့ ရှောင်ကျန့်ရဲ့ပုံစံကိုပဲ ထပ်တလဲလဲတွေးတောနေမိတယ်။

'ငါ ရီလေးကို ဒီတစ်ခါလည်း ထပ်သတ်မိပြန်ပြီ။'

ရှောင်ကျန့်ပြောခဲ့တဲ့စကားတွေသာ နားထဲ အထပ်ထပ်ကြားယောင်ရင်း ပြန်စဉ်းစားမိတာက ထိုနေ့ညက အကြောင်းကို။ ရိပေါ် တစ်ခါဆို တစ်ခါမှ မမြင်ခဲ့ဖူးတဲ့ ပုံစံနဲ့ ရှောင်ကျန့်ဟာ ရိပေါ်ရှေ့မှာ ရှိုက်ကြီးတငင်ကို ငိုကြွေးခဲ့တယ်။ ရိပေါ်ရဲ့ရင်ဘတ်က အင်္ကျီစကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း ရိပေါ်ရဲ့ပခုံးပေါ် နဖူးအပ်ရင်း တင်းထားတဲ့စိတ်တို့ အလုံးစုံလွှတ်ချလိုက်သလိုမျိုး၊ ရိပေါ်ထံ အားကိုးရာတစ်ခု ရှာတွေ့သွားသလိုမျိုး ရှိုက်ကြီးတငင်ကို ငိုကြွေးခဲ့တယ်။ ရိပေါ်ဘက်က ရင်ခွင်ထဲရောက်လုနီးပါးဖြစ်နေတဲ့ ရှောင်ကျန့်ကို ပြန်လည်မဖက်တွယ်နိုင်ခဲ့တာက ရှောင်ကျန့်ထံက ထွက်လာတဲ့ ထူးထူးဆန်းဆန်းစကားတွေကြောင့်။

'ငါ့မှာ မင်းတစ်ယောက်ပဲ ရှိတော့တယ် ရိပေါ်။'

'ငါကြိုးစားပါသေးတယ်။ ငါတကယ် မတတ်နိုင်တော့လို့ပါ။'

'ငါ့ကို ခွင့်လွှတ်ပါ။ တောင်းပန်ပါတယ်။'

'မင်းတစ်ယောက်ပဲ ငါ့ကိုကယ်နိုင်တော့မှာ။'

သက်ပြင်းတို့သာ အထပ်ထပ်ချရင်း အဓိပ္ပါယ်ဖော်မရတဲ့စကားတွေကိုသာ မရမကအဓိပ္ပါယ်ဖော်ဖို့ကြိုးစားရင်း ခေါင်းခြောက်လာတာမို့ 'ဟား' လို့သာ ဝမ်းတွင်းသံကြီးနဲ့ အော်မိတယ်။ မန်နေဂျာကတော့ ဘာဖြစ်တာလဲဆိုတဲ့သဘောနဲ့ လှည့်ကြည့်လာပေမယ့် ရိပေါ် ပြန်မဖြေဖြစ်ခဲ့ဘူး။

အခုအချိန်မှာ ရိပေါ်သိချင်တာတစ်ခုပဲရှိတယ်။ ရှောင်ကျန့်က သူ့ကို ဘယ်လိုသဘောထားတာလဲဆိုတာ။ သူငယ်ချင်းပဲလား ဒါမှမဟုတ် အားကိုးရာလေလား။

သို့ပေမယ့် ရိပေါ်စိတ်ထဲက အတိအကျကိုကောက်ချက်ချလိုက်တာတစ်ခုတော့ ရှိတယ်။ ရှောင်ကျန့်ဟာ အတိတ်ကို သူ့နည်းတူ သတိရနေခဲ့တဲ့အကြောင်း သွယ်ဝိုက်သောနည်းအားဖြင့် ဝန်ခံခဲ့လေပြီ။

-------------------------------------

နှစ်ရက်အပြီး ရှောင်ကျန့်ပြန်ရောက်လာတဲ့နောက် ရိပေါ်လည်း ရှောင်ကျန့်ကို နှစ်သိမ့်ပေးဖို့ရာ ကြိုးစားမိတယ်။ နားနေခန်းထဲ ထိုင်နေတဲ့ ရှောင်ကျန့်နား သွားသွားချင်း ကြားလိုက်ရတဲ့စကားက ရိပေါ်ရဲ့အတွေးတို့ကို ရှုပ်ယှက်ခတ်သွားအောင် ပြုလုပ်ဖို့ရာ စွမ်းဆောင်နိုင်ခဲ့တယ်။

"ရိပေါ် ဈာပနပွဲနေ့က မင်းကို မတွေ့လိုက်ဘူးနော်။ အစောကြီးပြန်သွားတာလား။"

ရိပေါ် ဘာစကားမှပြန်မပြောနိုင်ဘဲ ကြောင်ကြည့်နေမိလို့ထင်။ ရှောင်ကျန့်က နေရာကနေထလာရင်း ရိပေါ်ပခုံးကို လှုပ်ကိုင်လို့ ထပ်မေးလာတယ်။

"ရိပေါ် မင်းဘာဖြစ်နေတာလဲ။ အဆင်ပြေရဲ့လား။ ရီလေးရဲ့ ဈာပနပွဲနေ့က မင်းလာသွားတယ်လို့ ကျန်းချန်တို့ပြောတယ်။ ငါမင်းကို မတွေ့လိုက်ရဘူး။ မင်းအစောကြီး ပြန်သွားတာလား။"

ရိပေါ် ရှောင်ကျန့်ရဲ့ အဓိပ္ပါယ်ဖော်ရခက်တဲ့ မျက်ဝန်းအစုံကိုသာ စူးစိုက်ကြည့်မိတယ်။ ထုံးစံအတိုင်းပါပဲ။ ရှောင်ကျန့်ရဲ့ မျက်ဝန်းအစုံက ရိပေါ်အတွက် အခုထိတိုင် အဓိပ္ပါယ်ဖော်ရ ခက်ခဲနေရတုန်းပဲ။ ရှောင်ကျန့်ကတော့ အနည်းငယ်ပင်ပန်းနေပုံပေါ်တဲ့ မျက်ဝန်းနဲ့ ပကတိဖြူစင်စွာပဲ ရိပေါ်ကို ညှိုးနွမ်းစွာကြည့်ရင်း ပခုံးကို ထပ်မံကိုင်ဆွဲလှုပ်ပြန်တယ်။

"ရိပေါ် မင်းဘာဖြစ်နေတာလဲ။"

"ငါ အဲ့နေ့က လာခဲ့တယ်။ မင်းကိုလည်း တွေ့ခဲ့တယ်။ အခန်းထဲမှာ မင်းပဲငါ့ကို...။ မင်း ငါ့ရှေ့မှာ ငိုနေခဲ့တာလေ။ မင်း ငါ့ကို စကားတွေအများကြီးလည်း ပြောခဲ့တယ်လေ။ မင်း မင်း ငါ့ရှေ့မှာတင် ငိုနေခဲ့တာလေ။"

ရှောင်ကျန့်က သက်ပြင်းကို လေးပင်စွာချတယ်။ ထို့နောက်မှာ ရိပေါ်ကို ကရုဏာသက်သလိုကြည့်ရင်း လေသံအေးအေးနဲ့ ပြောလာတယ်။

"ရိပေါ်။ ငါ တစ်ချိန်လုံး ရီလေးရဲ့အလောင်းဖုံးနားမှာထိုင်နေခဲ့တာ။ ပြီးတော့ ဧည့်သည်တွေကို ဧည့်ခံနေခဲ့တာ။ ငါမင်းနဲ့ မတွေ့ခဲ့ဘူး။ ငါ ဘာစကားမှလည်း မပြောခဲ့ပါဘူး။ ကျန်းချန်တို့နဲ့တောင် ပြောဖြစ်သေးတယ်။ မင်း အစောကြီးပြန်သွားတာလား မသိဘူး ဆိုပြီး။"

'မဖြစ်နိုင်တာ။' ဆိုတဲ့စကားလုံးကိုသာ ရေရွတ်ရင်း ရိပေါ်ခေါင်းရမ်းလို့ နောက်ကိုတစ်လှမ်းချင်းဆုတ်မိတယ်။ ရှောင်ကျန့်ကတော့ ရိပေါ်ကို စိုးရိမ်ပူပန်တဲ့မျက်ဝန်းတွေနဲ့ ကြည့်နေခဲ့တယ်။

"ရိပေါ်။ မင်း အိပ်မက်နဲ့လက်တွေ့ ရောနေပြန်ပြီလား။"

ရိပေါ် ဘာဆိုဘာမှပြန်ပြောခြင်းမရှိဘဲ နားနေခန်းထဲကသာ ပြေးထွက်လာမိတော့တယ်။ ရိုက်ကွင်းက လူတွေ သူ့ကိုဘယ်လိုမြင်လဲ သူဂရုမစိုက်တော့ဘူး။ သူသိတာ သူစိတ်တွေအရမ်းရှုပ်နေပြီ။ ဘာဆိုဘာမှကို ဝေခွဲမရနိုင်လောက်အောင် စိတ်တွေရှုပ်နေရပြီ။

တစ်ကြိမ်တစ်ခါတည်းဆို ရိပေါ် လက်ခံနိုင်ပါသေးရဲ့။ အခုတော့ လွဲလာခဲ့တာ သုံးခါတောင်။ ပထမတစ်ခါ ရှောင်ကျန့်ရဲ့အိမ်မှာ ပန်းချီခန်းနဲ့ ခေါက်ဓားရှိတယ်အထင်နဲ့ သွားရှာခဲ့ပေမယ့် တက်တက်စင်အောင် လွဲခဲ့ရတယ်။ ဒုတိယတစ်ခါ ရှောင်ကျန့်ဖုန်းထဲ သူ့ပုံကို တွေ့ခဲ့ရတယ်လို့ ထင်ခဲ့ပေမယ့်၊ ရှောင်ကျန့်ကသူ့ကို ရွံရှာမုန်းတီးတဲ့အကြည့်တွေနဲ့ စူးစိုက်ကြည့်သွားတယ်လို့ ထင်ခဲ့ပေမယ့် တကယ်တမ်းက သူ့ရဲ့ပုံနေရာမှာ spongbob ပုံဖြစ်နေပြီး ရှောင်ကျန့်ကလည်း သူ့ကို ကျေးဇူးတင်စကား ပြောနေခဲ့တာတဲ့လား။ အခု တတိယတစ်ခါ။

ရိပေါ် ကားထဲသာ ဝင်ထိုင်ရင်း မှန်တွေကို အလုံပိတ်လို့ အသက်ကိုခပ်ပြင်းပြင်းရှူရှိုက်မိတယ်။ ရှောင်ကျန့်က အတိတ်ကို မမှတ်မိချင်ယောင်ဆောင်နေခဲ့တာလို့ ရိပေါ် ထင်မှတ်ထားခဲ့ပေမယ့် တကယ်တမ်း အတိတ်ကို အိပ်မက်မှန်းမသိ၊ လက်တွေ့မှန်းမသိ ရောထွေးနေခဲ့တာက သူကိုယ်တိုင်ဖြစ်နေခဲ့တာတဲ့လား။ ဘယ်ဟာကအမှန်၊ ဘယ်ဟာကအမှား ဝေခွဲမရတော့တဲ့အခါမှာ သုံးနှစ်လုံးလုံး အားကိုးရာဖြစ်ခဲ့တဲ့ ယွီချန်ကောဆီသာ ဖုန်းလှမ်းဆက်မိတယ်။

"ကော။ ကျွန်တော်တကယ်ရူးနေပြီလား။ ကျွန်တော် တကယ်ရူးနေပြီလားကော။ ပြောပါဦး။"

"ရိပေါ်။ ဘာဖြစ်တာလဲ။ စိတ်အေးအေးထားပြီး ကောကိုပြော။ ဘာဖြစ်လို့လဲ ရိပေါ်။"

"ကော။ ကျွန်တော်ဘယ်လိုလုပ်ရမလဲ။ ကျွန်တော် အမှန်လို့ထင်ထားခဲ့တာတွေက အကုန်လုံးလွဲနေတယ်။ ကျွန်တော်ကိုယ်တိုင် တကယ်ကြုံခဲ့ရတယ်လို့ထင်ထားခဲ့တာတွေက တကယ်မဟုတ်ဘူးတဲ့ကော။ ကျွန်တော်ဘာဖြစ်နေတာလဲကော။ ကျွန်တော်ရူးနေတာလားဟင်။ ကော။ ပြောပါဦး။"

"စိတ်အေးအေးထားပါရိပေါ်။ ဘာတွေဖြစ်လို့လဲ ကောကိုပြောပါ။"

"ကျွန်တော်ဘယ်လိုလုပ်ရမလဲကော။ ကျွန်တော် ဘယ်လိုလုပ်ရတော့မလဲ။"

"ရိပေါ်။"

လေသံအေးအေးနဲ့ ပြန်ခေါ်လာတဲ့ ယွီချန်ကောကိုလည်း ရိပေါ် ပြန်ပြီးအသံမပေးနိုင်တော့။ ထိုအစား အားငယ်နေတဲ့ညီငယ်တစ်ယောက် အစ်ကိုရှေ့ရောက်သွားသလို အားကိုးတကြီးနဲ့သာ ငိုကြွေးမိလေရဲ့။

"ယွီချန်ကော။ ကျွန်တော်တကယ်ပဲ ဘာဖြစ်နေတာလဲ။ ကျွန်တော်တကယ်ပဲ ပင်ပန်းလွန်းလို့ အိပ်မက်နဲ့လက်တွေ့ ရောသွားတာလားကော။ ဟုတ်လားကော။ ဒါမှမဟုတ် ကျွန်တော် ကျွန်တော်က..."

"ရိပေါ်။"

ရိပေါ် ထပ်မံတိတ်ဆိတ်မိပြန်တယ်။ မျက်လုံးထဲ ပြန်မြင်ယောင်လာတာက ယွီချန်ကောရဲ့ စားပွဲပေါ်မှာ တွေ့ခဲ့ရတဲ့ဖိုင်နဲ့ ပြန်ကြားယောင်လာမိတာက ယွီချန်ကောပြောတဲ့စကားတွေ။

'Paranoia Personality Disorder, သံသယလွန်ကဲသော စိတ်ဝေဒနာလို့ ခေါ်တယ်။ ထင်ယောင်ထင်မှားဖြစ်တဲ့ စိတ်ဝေဒနာလို့လည်း ခေါ်တယ်။'

'ဒီရောဂါအနည်ထိုင်လာရင် နောက်တစ်ဆင့်အနေနဲ့ ထင်ယောင်ထင်မှားတွေ ဖြစ်လာမယ်။ သူတို့ရဲ့အတွေး၊ သူတို့ရဲ့ခံစားချက်တွေကို အမှန်တွေလို့ ထင်လာမယ်။'

'ရောဂါက အမျိုးသားတွေမှာ အဖြစ်များတယ်။ ဖြစ်ရတဲ့အကြောင်းအရင်းအတိအကျကိုတော့ ဘယ်သူမှ မသိကြသေးဘူး။ ဖြစ်နိုင်ချေရှိတာတွေကတော့ ငယ်ဘဝ စိတ်ဒဏ်ရာ ပါလာတဲ့သူတွေပဲ။'

"Paranoia Personality Disorder"

ရိပေါ်နှုတ်က တိုးတိုးလေးရေရွတ်လိုက်တယ်ဆိုပေမယ့် ယွီချန်ကောကတော့ ရိပေါ်ရဲ့စိတ်ထဲကမေးခွန်းကို အဖြေပေးနေတဲ့အလား နှုတ်ဆိတ်သွားတယ်။

"ယွီချန်ကော။ အရင်တစ်ခါက ကျွန်တော်တွေ့တဲ့ ဖိုင်က ကျွန်တော့ဖိုင်လား။"

"ရိပေါ်။"

"ကျွန်တော်က သံသယလွန်ကဲစိတ်ဝေဒနာဖြစ်နေတာတဲ့လား။ ဟုတ်လားကော။"

"ရိပေါ်။"

ရိပေါ်လည်း ကားစတီယာတိုင်ကိုသာ ထုနှက်လို့ အသံတိတ်ငိုကြွေးမိပါရဲ့။ ရှောင်ကျန့်ဟာ အတိတ်ကိုအမှတ်မရတာမဟုတ်သလို၊ မသိချင်ယောင်ဆောင်နေတာလည်းမဟုတ်ခဲ့ဘူး။ အတိတ်ဆိုတာကြီးကလည်း ရှိကိုရှိမနေခဲ့ဘူး။ အားလုံးက သူ့ခေါင်းထဲမှာ ဖြစ်ပျက်နေခဲ့တာချည်း။ နောက်ဆုံးမှာတော့ ရိပေါ်ကိုယ်တိုင် Paranoia Personality Disorder ရောဂါ ခံစားနေရတယ်လို့ပဲ လက်ခံလိုက်ရတော့တယ်။ ဖြစ်ပျက်ခဲ့သမျှ အခြေအနေအားလုံးက သူ ဒီရောဂါဖြစ်နေတယ်ဆိုတာကိုပဲ ရည်ညွှန်းနေကြတာမို့။

-------------------------------------

စိတ်ဆရာဝန် ချောင်းယွီချန်ရဲ့ ဆေးခန်းအတွင်း တစ်ကိုယ်လုံးနီးပါး အမဲရောင်ဝတ်ဆင်ထားပြီး ရုပ်ပါဖျက်ထားတဲ့သူတစ်ယောက်။ သူ့ရှေ့မှာထိုင်နေတာက စိတ်ဆရာဝန် ချောင်းယွီချန်။ ဆေးခန်းငယ်အတွင်း တိတ်ဆိတ်မှုတို့ကသာ ကြီးစိုးလို့ နှစ်ဦးသား အတွေးကိုယ်စီနဲ့ ငြိမ်သက်နေကြတယ်။

ရှေ့စားပွဲပေါ်တင်ထားတဲ့ ကော်ဖီပူပူတို့ အငွေ့တို့ကွယ်ပျောက်လို့ အေးစက်သွားကာမှ ယွီချန်က ကော်ဖီခွက်ကိုယူသောက်ရင်း စကားစတယ်။

"သူ သိသွားပြီ။"

မျက်နှာထက် mask အမဲတပ်ပြီး ဦးထုပ်ပါဆောင်းထားတဲ့ အမည်မသိလူက သက်ပြင်းအသာချတယ်။ မဘ်သည့်စကားမှတော့ ပြန်ပြောလာခြင်းမရှိဘူး။

"ကြည့်ရတာ သူ့ရောဂါသူ လက်ခံလိုက်နိုင်တဲ့ပုံပဲ။ ရောဂါနဲ့ပတ်သတ်ပြီး ဘာမှ အထွန့်မတက်လာဘူး။"

အမည်မသိလူက ထပ်ပြီးသက်ပြင်းချတယ်။ တဒင်္ဂမျှအကြာမှ ထိုလူက စကားစလာတယ်။

"သူ့ရောဂါက Paranoia Personality Disorder လို့ ဘာကြောင့် အတပ်ပြောနိုင်ရတာလဲ။"

"သူနဲ့စကားပြောကြည့်တဲ့ ဒီအတောအတွင်း လက္ခဏာအားလုံးက ဒီရောဂါကိုပဲ ညွှန်ပြနေကြတာ။ အတိအကျပြောရမယ်ဆိုရင် ပထမအချက်အနေနဲ့ သူက သူ့သူငယ်ချင်းတွေကို မယုံကြည်ခဲ့ဘူး။ သူ့သူငယ်ချင်းတွေက သူ့ကိုရူးနေတယ်လို့ သတ်မှတ်ထားတာမို့ ကိုယ့်ဆီရောက်လာရတာလို့ သူပြောခဲ့တယ်။ နောက်ပြီး သူ ပင်လယ်ကမ်းခြေဘက်ကို ခရီးထွက်သွားတဲ့နေ့က သူ့သူငယ်ချင်းနှစ်ယောက်က စိတ်ပူပြီးနောက်ကနေ လိုက်သွားခဲ့ပေမယ့် သူ့စိတ်ထဲမှာတော့ သူ့ကိုရူးနေတယ်လို့ သတ်မှတ်ထားတာမို့ နောက်ကနေလိုက်လာတာလို့ တထစ်ချယုံကြည်နေခဲ့တာ။ တစ်ဖက်လှည့်နဲ့ပြောရရင် သူ့သူငယ်ချင်းတွေကို သံသယဝင်နေခဲ့တာပေါ့။"

"အဲဒါနဲ့ပဲ သံသယလွန်ကဲစိတ်ဝေဒနာဖြစ်သွားရောလား။"

ယွီချန်ကောက ခေါင်းရမ်းပြရင်း သက်ပြင်းအသာချတယ်။

"နောက်ထပ်အချက်တွေရှိသေးတယ်။ သူ ကောကို အလုံးစုံ မယုံကြည်ခဲ့သလို သူ့အကြောင်းတွေကိုလည်း လျို့ဝှက်ထားခဲ့တယ်။ သံသယလွန်ကဲစိတ်ဝေဒနာရဲ့ လက္ခဏာတွေပေါ့။

နောက်ပြီး ရိပေါ်က တစ်ကိုယ်တည်းနေတာများတယ်။ အပေါင်းအသင်းမရှိဘူး။ သူ့မှာရှိတဲ့ သူ့သူငယ်ချင်းတွေကိုလည်း သူအလုံးစုံခင်တွယ်နေတာမျိုး မရှိဘူး။ ရုတ်တရပ်ကြည့်လိုက်ရင် ရိပေါ်က အနေအေးလို့ တစ်ကိုယ်တည်းနေတတ်တာလို့ ထင်ရပေမယ့် တကယ်တမ်းက ဘယ်သူ့ကိုမှ မယုံကြည်ရဲလို့ တစ်ကိုယ်တည်းနေတာ ဖြစ်နေတယ်။

နောက်ပြီး မင်းပြောတဲ့အချက်အလက်တွေ။ အားလုံးကို ဆက်စပ်ကြည့်လိုက်ရင် သံသယလွန်ကဲစိတ်ဝေဒနာဖြစ်နေတယ်ဆိုတာ ထင်ရှားတယ်။"

ယွီချန်စကားအဆုံး တစ်ဖက်လူက ခေါင်းတဆတ်ဆတ်ညိတ်တယ်။

"သူ့ရောဂါသူ လက်ခံသွားတယ်ဆိုတော့လည်း အဆင်ပြေသွားတာပေါ့။ ဒီအတောအတွင်း သူ့ကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ် ချောင်းကော။"

"ရပါတယ်။ မင်းလည်း ကျန်းမာရေး ဂရုစိုက်ဦး။ အသံနားထောင်ရတာ သိပ်မကောင်းဘူး။"

"နည်းနည်းစိတ်ပင်ပန်းသွားလို့ပါ။ ကျွန်တော် အဆင်ပြေပါတယ်။"

"အင်း။ မင်းအဆင်ပြေရင် ပြီးတာပါပဲ။ ဒါနဲ့ မင်း ရိပေါ်ကို သူ့ရောဂါနဲ့ပတ်သတ်ပြီး အားလုံးသိတယ်ဆိုတာ ဘယ်တော့ဖွင့်ပြောမှာလဲ။"

တစ်ဖက်လူက ယွီချန်ကို စိုက်ကြည့်နေရင်းက မျက်လွှာအသာချသွားတယ်။ ထို့နောက်မှာ အဝေးတစ်နေရာကို ငေးကြည့်ရင်း အသက်ကိုခပ်ဖြည်းဖြည်းချင်းရှူထုတ်လို့ လေသံအေးအေးနဲ့ ပြောလာတော့တယ်။

"တစ်နေ့နေ့ပေါ့ ချောင်းကော။ တစ်နေ့နေ့ပေါ့။"

#Monster

-----------------------------------------------------------------------

I'm so sorry for my late🙏🙏🙏.

ဒါနဲ့ ဖတ်ရတာ အဆင်ပြေကြရဲ့လား။ လည်ကုန်ကြပြီဆိုလို့ 😄။ အရမ်းကြီး မစဉ်းစားကြနဲ့နော်။ ဘာမှမြှုပ်ကွက် သိပ်မထည့်ထားဘူး။ သာမန်အဖြစ်အပျက်လေးကို ရှုထောင့်ပြောင်းပြီး ရေးလိုက်ရုံပဲမို့ အရမ်းကြီး မစဉ်းစားကြနဲ့နော်။ မဟုတ်ရင် သာသာ့လို့ စဉ်းစားရင်း စဉ်းစားရင်း ဂေါက်သွားလိမ့်မယ် 😆😆😆။

Love you all my readers.😘😘😘


🐺Zawgyi🐍

ယြဲ႕မင္ရီရဲ႕ ဈာပနပြဲေၾကာင့္ ေရွာင္က်န႔္မွာ ႐ိုက္ကြင္းမလာႏိုင္တာမို႔ ႐ိုက္ကူးေရးကို ေနာက္ထပ္ႏွစ္ရက္ ထပ္ေ႐ႊ႕လိုက္ရတယ္။ ရိေပၚမွာလည္း အလုပ္ရႈပ္ေနတာမို႔ ေရွာင္က်န႔္ထံလည္း မသြားႏိုင္။ ဒီႏွစ္ရက္အတြင္း ရိေပၚရဲ႕စိတ္အစုံဟာလည္း ဈာပနပြဲေန႔က ေတြ႕ခဲ့ရတဲ့ ေရွာင္က်န႔္ရဲ႕ပုံစံကိုပဲ ထပ္တလဲလဲေတြးေတာေနမိတယ္။

'ငါ ရီေလးကို ဒီတစ္ခါလည္း ထပ္သတ္မိျပန္ၿပီ။'

ေရွာင္က်န႔္ေျပာခဲ့တဲ့စကားေတြသာ နားထဲ အထပ္ထပ္ၾကားေယာင္ရင္း ျပန္စဥ္းစားမိတာက ထိုေန႔ညက အေၾကာင္းကို။ ရိေပၚ တစ္ခါဆို တစ္ခါမွ မျမင္ခဲ့ဖူးတဲ့ ပုံစံနဲ႔ ေရွာင္က်န႔္ဟာ ရိေပၚေရွ႕မွာ ရႈိက္ႀကီးတငင္ကို ငိုေႂကြးခဲ့တယ္။ ရိေပၚရဲ႕ရင္ဘတ္က အက်ႌစကို ခပ္တင္းတင္းဆုပ္ကိုင္ရင္း ရိေပၚရဲ႕ပခုံးေပၚ နဖူးအပ္ရင္း တင္းထားတဲ့စိတ္တို႔ အလုံးစုံလႊတ္ခ်လိုက္သလိုမ်ိဳး၊ ရိေပၚထံ အားကိုးရာတစ္ခု ရွာေတြ႕သြားသလိုမ်ိဳး ရႈိက္ႀကီးတငင္ကို ငိုေႂကြးခဲ့တယ္။ ရိေပၚဘက္က ရင္ခြင္ထဲေရာက္လုနီးပါးျဖစ္ေနတဲ့ ေရွာင္က်န႔္ကို ျပန္လည္မဖက္တြယ္ႏိုင္ခဲ့တာက ေရွာင္က်န႔္ထံက ထြက္လာတဲ့ ထူးထူးဆန္းဆန္းစကားေတြေၾကာင့္။

'ငါ့မွာ မင္းတစ္ေယာက္ပဲ ရွိေတာ့တယ္ ရိေပၚ။'

'ငါႀကိဳးစားပါေသးတယ္။ ငါတကယ္ မတတ္ႏိုင္ေတာ့လို႔ပါ။'

'ငါ့ကို ခြင့္လႊတ္ပါ။ ေတာင္းပန္ပါတယ္။'

'မင္းတစ္ေယာက္ပဲ ငါ့ကိုကယ္ႏိုင္ေတာ့မွာ။'

သက္ျပင္းတို႔သာ အထပ္ထပ္ခ်ရင္း အဓိပၸါယ္ေဖာ္မရတဲ့စကားေတြကိုသာ မရမကအဓိပၸါယ္ေဖာ္ဖို႔ႀကိဳးစားရင္း ေခါင္းေျခာက္လာတာမို႔ 'ဟား' လို႔သာ ဝမ္းတြင္းသံႀကီးနဲ႔ ေအာ္မိတယ္။ မန္ေနဂ်ာကေတာ့ ဘာျဖစ္တာလဲဆိုတဲ့သေဘာနဲ႔ လွည့္ၾကည့္လာေပမယ့္ ရိေပၚ ျပန္မေျဖျဖစ္ခဲ့ဘူး။

အခုအခ်ိန္မွာ ရိေပၚသိခ်င္တာတစ္ခုပဲရွိတယ္။ ေရွာင္က်န႔္က သူ႔ကို ဘယ္လိုသေဘာထားတာလဲဆိုတာ။ သူငယ္ခ်င္းပဲလား ဒါမွမဟုတ္ အားကိုးရာေလလား။

သို႔ေပမယ့္ ရိေပၚစိတ္ထဲက အတိအက်ကိုေကာက္ခ်က္ခ်လိုက္တာတစ္ခုေတာ့ ရွိတယ္။ ေရွာင္က်န႔္ဟာ အတိတ္ကို သူ႔နည္းတူ သတိရေနခဲ့တဲ့အေၾကာင္း သြယ္ဝိုက္ေသာနည္းအားျဖင့္ ဝန္ခံခဲ့ေလၿပီ။

-------------------------------------

ႏွစ္ရက္အၿပီး ေရွာင္က်န႔္ျပန္ေရာက္လာတဲ့ေနာက္ ရိေပၚလည္း ေရွာင္က်န႔္ကို ႏွစ္သိမ့္ေပးဖို႔ရာ ႀကိဳးစားမိတယ္။ နားေနခန္းထဲ ထိုင္ေနတဲ့ ေရွာင္က်န႔္နား သြားသြားခ်င္း ၾကားလိုက္ရတဲ့စကားက ရိေပၚရဲ႕အေတြးတို႔ကို ရႈပ္ယွက္ခတ္သြားေအာင္ ျပဳလုပ္ဖို႔ရာ စြမ္းေဆာင္ႏိုင္ခဲ့တယ္။

"ရိေပၚ ဈာပနပြဲေန႔က မင္းကို မေတြ႕လိုက္ဘူးေနာ္။ အေစာႀကီးျပန္သြားတာလား။"

ရိေပၚ ဘာစကားမွျပန္မေျပာႏိုင္ဘဲ ေၾကာင္ၾကည့္ေနမိလို႔ထင္။ ေရွာင္က်န႔္က ေနရာကေနထလာရင္း ရိေပၚပခုံးကို လႈပ္ကိုင္လို႔ ထပ္ေမးလာတယ္။

"ရိေပၚ မင္းဘာျဖစ္ေနတာလဲ။ အဆင္ေျပရဲ႕လား။ ရီေလးရဲ႕ ဈာပနပြဲေန႔က မင္းလာသြားတယ္လို႔ က်န္းခ်န္တို႔ေျပာတယ္။ ငါမင္းကို မေတြ႕လိုက္ရဘူး။ မင္းအေစာႀကီး ျပန္သြားတာလား။"

ရိေပၚ ေရွာင္က်န႔္ရဲ႕ အဓိပၸါယ္ေဖာ္ရခက္တဲ့ မ်က္ဝန္းအစုံကိုသာ စူးစိုက္ၾကည့္မိတယ္။ ထုံးစံအတိုင္းပါပဲ။ ေရွာင္က်န႔္ရဲ႕ မ်က္ဝန္းအစုံက ရိေပၚအတြက္ အခုထိတိုင္ အဓိပၸါယ္ေဖာ္ရ ခက္ခဲေနရတုန္းပဲ။ ေရွာင္က်န႔္ကေတာ့ အနည္းငယ္ပင္ပန္းေနပုံေပၚတဲ့ မ်က္ဝန္းနဲ႔ ပကတိျဖဴစင္စြာပဲ ရိေပၚကို ညႇိဳးႏြမ္းစြာၾကည့္ရင္း ပခုံးကို ထပ္မံကိုင္ဆြဲလႈပ္ျပန္တယ္။

"ရိေပၚ မင္းဘာျဖစ္ေနတာလဲ။"

"ငါ အဲ့ေန႔က လာခဲ့တယ္။ မင္းကိုလည္း ေတြ႕ခဲ့တယ္။ အခန္းထဲမွာ မင္းပဲငါ့ကို...။ မင္း ငါ့ေရွ႕မွာ ငိုေနခဲ့တာေလ။ မင္း ငါ့ကို စကားေတြအမ်ားႀကီးလည္း ေျပာခဲ့တယ္ေလ။ မင္း မင္း ငါ့ေရွ႕မွာတင္ ငိုေနခဲ့တာေလ။"

ေရွာင္က်န႔္က သက္ျပင္းကို ေလးပင္စြာခ်တယ္။ ထို႔ေနာက္မွာ ရိေပၚကို က႐ုဏာသက္သလိုၾကည့္ရင္း ေလသံေအးေအးနဲ႔ ေျပာလာတယ္။

"ရိေပၚ။ ငါ တစ္ခ်ိန္လုံး ရီေလးရဲ႕အေလာင္းဖုံးနားမွာထိုင္ေနခဲ့တာ။ ၿပီးေတာ့ ဧည့္သည္ေတြကို ဧည့္ခံေနခဲ့တာ။ ငါမင္းနဲ႔ မေတြ႕ခဲ့ဘူး။ ငါ ဘာစကားမွလည္း မေျပာခဲ့ပါဘူး။ က်န္းခ်န္တို႔နဲ႔ေတာင္ ေျပာျဖစ္ေသးတယ္။ မင္း အေစာႀကီးျပန္သြားတာလား မသိဘူး ဆိုၿပီး။"

'မျဖစ္ႏိုင္တာ။' ဆိုတဲ့စကားလုံးကိုသာ ေရ႐ြတ္ရင္း ရိေပၚေခါင္းရမ္းလို႔ ေနာက္ကိုတစ္လွမ္းခ်င္းဆုတ္မိတယ္။ ေရွာင္က်န႔္ကေတာ့ ရိေပၚကို စိုးရိမ္ပူပန္တဲ့မ်က္ဝန္းေတြနဲ႔ ၾကည့္ေနခဲ့တယ္။

"ရိေပၚ။ မင္း အိပ္မက္နဲ႔လက္ေတြ႕ ေရာေနျပန္ၿပီလား။"

ရိေပၚ ဘာဆိုဘာမွျပန္ေျပာျခင္းမရွိဘဲ နားေနခန္းထဲကသာ ေျပးထြက္လာမိေတာ့တယ္။ ႐ိုက္ကြင္းက လူေတြ သူ႔ကိုဘယ္လိုျမင္လဲ သူဂ႐ုမစိုက္ေတာ့ဘူး။ သူသိတာ သူစိတ္ေတြအရမ္းရႈပ္ေနၿပီ။ ဘာဆိုဘာမွကို ေဝခြဲမရႏိုင္ေလာက္ေအာင္ စိတ္ေတြရႈပ္ေနရၿပီ။

တစ္ႀကိမ္တစ္ခါတည္းဆို ရိေပၚ လက္ခံႏိုင္ပါေသးရဲ႕။ အခုေတာ့ လြဲလာခဲ့တာ သုံးခါေတာင္။ ပထမတစ္ခါ ေရွာင္က်န႔္ရဲ႕အိမ္မွာ ပန္းခ်ီခန္းနဲ႔ ေခါက္ဓားရွိတယ္အထင္နဲ႔ သြားရွာခဲ့ေပမယ့္ တက္တက္စင္ေအာင္ လြဲခဲ့ရတယ္။ ဒုတိယတစ္ခါ ေရွာင္က်န႔္ဖုန္းထဲ သူ႔ပုံကို ေတြ႕ခဲ့ရတယ္လို႔ ထင္ခဲ့ေပမယ့္၊ ေရွာင္က်န႔္ကသူ႔ကို ႐ြံရွာမုန္းတီးတဲ့အၾကည့္ေတြနဲ႔ စူးစိုက္ၾကည့္သြားတယ္လို႔ ထင္ခဲ့ေပမယ့္ တကယ္တမ္းက သူ႔ရဲ႕ပုံေနရာမွာ spongbob ပုံျဖစ္ေနၿပီး ေရွာင္က်န႔္ကလည္း သူ႔ကို ေက်းဇူးတင္စကား ေျပာေနခဲ့တာတဲ့လား။ အခု တတိယတစ္ခါ။

ရိေပၚ ကားထဲသာ ဝင္ထိုင္ရင္း မွန္ေတြကို အလုံပိတ္လို႔ အသက္ကိုခပ္ျပင္းျပင္းရွဴရႈိက္မိတယ္။ ေရွာင္က်န႔္က အတိတ္ကို မမွတ္မိခ်င္ေယာင္ေဆာင္ေနခဲ့တာလို႔ ရိေပၚ ထင္မွတ္ထားခဲ့ေပမယ့္ တကယ္တမ္း အတိတ္ကို အိပ္မက္မွန္းမသိ၊ လက္ေတြ႕မွန္းမသိ ေရာေထြးေနခဲ့တာက သူကိုယ္တိုင္ျဖစ္ေနခဲ့တာတဲ့လား။ ဘယ္ဟာကအမွန္၊ ဘယ္ဟာကအမွား ေဝခြဲမရေတာ့တဲ့အခါမွာ သုံးႏွစ္လုံးလုံး အားကိုးရာျဖစ္ခဲ့တဲ့ ယြီခ်န္ေကာဆီသာ ဖုန္းလွမ္းဆက္မိတယ္။

"ေကာ။ ကြၽန္ေတာ္တကယ္႐ူးေနၿပီလား။ ကြၽန္ေတာ္ တကယ္႐ူးေနၿပီလားေကာ။ ေျပာပါဦး။"

"ရိေပၚ။ ဘာျဖစ္တာလဲ။ စိတ္ေအးေအးထားၿပီး ေကာကိုေျပာ။ ဘာျဖစ္လို႔လဲ ရိေပၚ။"

"ေကာ။ ကြၽန္ေတာ္ဘယ္လိုလုပ္ရမလဲ။ ကြၽန္ေတာ္ အမွန္လို႔ထင္ထားခဲ့တာေတြက အကုန္လုံးလြဲေနတယ္။ ကြၽန္ေတာ္ကိုယ္တိုင္ တကယ္ႀကဳံခဲ့ရတယ္လို႔ထင္ထားခဲ့တာေတြက တကယ္မဟုတ္ဘူးတဲ့ေကာ။ ကြၽန္ေတာ္ဘာျဖစ္ေနတာလဲေကာ။ ကြၽန္ေတာ္႐ူးေနတာလားဟင္။ ေကာ။ ေျပာပါဦး။"

"စိတ္ေအးေအးထားပါရိေပၚ။ ဘာေတြျဖစ္လို႔လဲ ေကာကိုေျပာပါ။"

"ကြၽန္ေတာ္ဘယ္လိုလုပ္ရမလဲေကာ။ ကြၽန္ေတာ္ ဘယ္လိုလုပ္ရေတာ့မလဲ။"

"ရိေပၚ။"

ေလသံေအးေအးနဲ႔ ျပန္ေခၚလာတဲ့ ယြီခ်န္ေကာကိုလည္း ရိေပၚ ျပန္ၿပီးအသံမေပးႏိုင္ေတာ့။ ထိုအစား အားငယ္ေနတဲ့ညီငယ္တစ္ေယာက္ အစ္ကိုေရွ႕ေရာက္သြားသလို အားကိုးတႀကီးနဲ႔သာ ငိုေႂကြးမိေလရဲ႕။

"ယြီခ်န္ေကာ။ ကြၽန္ေတာ္တကယ္ပဲ ဘာျဖစ္ေနတာလဲ။ ကြၽန္ေတာ္တကယ္ပဲ ပင္ပန္းလြန္းလို႔ အိပ္မက္နဲ႔လက္ေတြ႕ ေရာသြားတာလားေကာ။ ဟုတ္လားေကာ။ ဒါမွမဟုတ္ ကြၽန္ေတာ္ ကြၽန္ေတာ္က..."

"ရိေပၚ။"

ရိေပၚ ထပ္မံတိတ္ဆိတ္မိျပန္တယ္။ မ်က္လုံးထဲ ျပန္ျမင္ေယာင္လာတာက ယြီခ်န္ေကာရဲ႕ စားပြဲေပၚမွာ ေတြ႕ခဲ့ရတဲ့ဖိုင္နဲ႔ ျပန္ၾကားေယာင္လာမိတာက ယြီခ်န္ေကာေျပာတဲ့စကားေတြ။

'Paranoia Personality Disorder, သံသယလြန္ကဲေသာ စိတ္ေဝဒနာလို႔ ေခၚတယ္။ ထင္ေယာင္ထင္မွားျဖစ္တဲ့ စိတ္ေဝဒနာလို႔လည္း ေခၚတယ္။'

'ဒီေရာဂါအနည္ထိုင္လာရင္ ေနာက္တစ္ဆင့္အေနနဲ႔ ထင္ေယာင္ထင္မွားေတြ ျဖစ္လာမယ္။ သူတို႔ရဲ႕အေတြး၊ သူတို႔ရဲ႕ခံစားခ်က္ေတြကို အမွန္ေတြလို႔ ထင္လာမယ္။'

'ေရာဂါက အမ်ိဳးသားေတြမွာ အျဖစ္မ်ားတယ္။ ျဖစ္ရတဲ့အေၾကာင္းအရင္းအတိအက်ကိုေတာ့ ဘယ္သူမွ မသိၾကေသးဘူး။ ျဖစ္ႏိုင္ေခ်ရွိတာေတြကေတာ့ ငယ္ဘဝ စိတ္ဒဏ္ရာ ပါလာတဲ့သူေတြပဲ။'

"Paranoia Personality Disorder"

ရိေပၚႏႈတ္က တိုးတိုးေလးေရ႐ြတ္လိုက္တယ္ဆိုေပမယ့္ ယြီခ်န္ေကာကေတာ့ ရိေပၚရဲ႕စိတ္ထဲကေမးခြန္းကို အေျဖေပးေနတဲ့အလား ႏႈတ္ဆိတ္သြားတယ္။

"ယြီခ်န္ေကာ။ အရင္တစ္ခါက ကြၽန္ေတာ္ေတြ႕တဲ့ ဖိုင္က ကြၽန္ေတာ့ဖိုင္လား။"

"ရိေပၚ။"

"ကြၽန္ေတာ္က သံသယလြန္ကဲစိတ္ေဝဒနာျဖစ္ေနတာတဲ့လား။ ဟုတ္လားေကာ။"

"ရိေပၚ။"

ရိေပၚလည္း ကားစတီယာတိုင္ကိုသာ ထုႏွက္လို႔ အသံတိတ္ငိုေႂကြးမိပါရဲ႕။ ေရွာင္က်န႔္ဟာ အတိတ္ကိုအမွတ္မရတာမဟုတ္သလို၊ မသိခ်င္ေယာင္ေဆာင္ေနတာလည္းမဟုတ္ခဲ့ဘူး။ အတိတ္ဆိုတာႀကီးကလည္း ရွိကိုရွိမေနခဲ့ဘူး။ အားလုံးက သူ႔ေခါင္းထဲမွာ ျဖစ္ပ်က္ေနခဲ့တာခ်ည္း။ ေနာက္ဆုံးမွာေတာ့ ရိေပၚကိုယ္တိုင္ Paranoia Personality Disorder ေရာဂါ ခံစားေနရတယ္လို႔ပဲ လက္ခံလိုက္ရေတာ့တယ္။ ျဖစ္ပ်က္ခဲ့သမွ် အေျခအေနအားလုံးက သူ ဒီေရာဂါျဖစ္ေနတယ္ဆိုတာကိုပဲ ရည္ၫႊန္းေနၾကတာမို႔။

-------------------------------------

စိတ္ဆရာဝန္ ေခ်ာင္းယြီခ်န္ရဲ႕ ေဆးခန္းအတြင္း တစ္ကိုယ္လုံးနီးပါး အမဲေရာင္ဝတ္ဆင္ထားၿပီး ႐ုပ္ပါဖ်က္ထားတဲ့သူတစ္ေယာက္။ သူ႔ေရွ႕မွာထိုင္ေနတာက စိတ္ဆရာဝန္ ေခ်ာင္းယြီခ်န္။ ေဆးခန္းငယ္အတြင္း တိတ္ဆိတ္မႈတို႔ကသာ ႀကီးစိုးလို႔ ႏွစ္ဦးသား အေတြးကိုယ္စီနဲ႔ ၿငိမ္သက္ေနၾကတယ္။

ေရွ႕စားပြဲေပၚတင္ထားတဲ့ ေကာ္ဖီပူပူတို႔ အေငြ႕တို႔ကြယ္ေပ်ာက္လို႔ ေအးစက္သြားကာမွ ယြီခ်န္က ေကာ္ဖီခြက္ကိုယူေသာက္ရင္း စကားစတယ္။

"သူ သိသြားၿပီ။"

မ်က္ႏွာထက္ mask အမဲတပ္ၿပီး ဦးထုပ္ပါေဆာင္းထားတဲ့ အမည္မသိလူက သက္ျပင္းအသာခ်တယ္။ မဘ္သည့္စကားမွေတာ့ ျပန္ေျပာလာျခင္းမရွိဘူး။

"ၾကည့္ရတာ သူ႔ေရာဂါသူ လက္ခံလိုက္ႏိုင္တဲ့ပုံပဲ။ ေရာဂါနဲ႔ပတ္သတ္ၿပီး ဘာမွ အထြန႔္မတက္လာဘူး။"

အမည္မသိလူက ထပ္ၿပီးသက္ျပင္းခ်တယ္။ တဒဂၤမွ်အၾကာမွ ထိုလူက စကားစလာတယ္။

"သူ႔ေရာဂါက Paranoia Personality Disorder လို႔ ဘာေၾကာင့္ အတပ္ေျပာႏိုင္ရတာလဲ။"

"သူနဲ႔စကားေျပာၾကည့္တဲ့ ဒီအေတာအတြင္း လကၡဏာအားလုံးက ဒီေရာဂါကိုပဲ ၫႊန္ျပေနၾကတာ။ အတိအက်ေျပာရမယ္ဆိုရင္ ပထမအခ်က္အေနနဲ႔ သူက သူ႔သူငယ္ခ်င္းေတြကို မယုံၾကည္ခဲ့ဘူး။ သူ႔သူငယ္ခ်င္းေတြက သူ႔ကို႐ူးေနတယ္လို႔ သတ္မွတ္ထားတာမို႔ ကိုယ့္ဆီေရာက္လာရတာလို႔ သူေျပာခဲ့တယ္။ ေနာက္ၿပီး သူ ပင္လယ္ကမ္းေျခဘက္ကို ခရီးထြက္သြားတဲ့ေန႔က သူ႔သူငယ္ခ်င္းႏွစ္ေယာက္က စိတ္ပူၿပီးေနာက္ကေန လိုက္သြားခဲ့ေပမယ့္ သူ႔စိတ္ထဲမွာေတာ့ သူ႔ကို႐ူးေနတယ္လို႔ သတ္မွတ္ထားတာမို႔ ေနာက္ကေနလိုက္လာတာလို႔ တထစ္ခ်ယုံၾကည္ေနခဲ့တာ။ တစ္ဖက္လွည့္နဲ႔ေျပာရရင္ သူ႔သူငယ္ခ်င္းေတြကို သံသယဝင္ေနခဲ့တာေပါ့။"

"အဲဒါနဲ႔ပဲ သံသယလြန္ကဲစိတ္ေဝဒနာျဖစ္သြားေရာလား။"

ယြီခ်န္ေကာက ေခါင္းရမ္းျပရင္း သက္ျပင္းအသာခ်တယ္။

"ေနာက္ထပ္အခ်က္ေတြရွိေသးတယ္။ သူ ေကာကို အလုံးစုံ မယုံၾကည္ခဲ့သလို သူ႔အေၾကာင္းေတြကိုလည္း လ်ိဳ႕ဝွက္ထားခဲ့တယ္။ သံသယလြန္ကဲစိတ္ေဝဒနာရဲ႕ လကၡဏာေတြေပါ့။

ေနာက္ၿပီး ရိေပၚက တစ္ကိုယ္တည္းေနတာမ်ားတယ္။ အေပါင္းအသင္းမရွိဘူး။ သူ႔မွာရွိတဲ့ သူ႔သူငယ္ခ်င္းေတြကိုလည္း သူအလုံးစုံခင္တြယ္ေနတာမ်ိဳး မရွိဘူး။ ႐ုတ္တရပ္ၾကည့္လိုက္ရင္ ရိေပၚက အေနေအးလို႔ တစ္ကိုယ္တည္းေနတတ္တာလို႔ ထင္ရေပမယ့္ တကယ္တမ္းက ဘယ္သူ႔ကိုမွ မယုံၾကည္ရဲလို႔ တစ္ကိုယ္တည္းေနတာ ျဖစ္ေနတယ္။

ေနာက္ၿပီး မင္းေျပာတဲ့အခ်က္အလက္ေတြ။ အားလုံးကို ဆက္စပ္ၾကည့္လိုက္ရင္ သံသယလြန္ကဲစိတ္ေဝဒနာျဖစ္ေနတယ္ဆိုတာ ထင္ရွားတယ္။"

ယြီခ်န္စကားအဆုံး တစ္ဖက္လူက ေခါင္းတဆတ္ဆတ္ညိတ္တယ္။

"သူ႔ေရာဂါသူ လက္ခံသြားတယ္ဆိုေတာ့လည္း အဆင္ေျပသြားတာေပါ့။ ဒီအေတာအတြင္း သူ႔ကို ဂ႐ုစိုက္ေပးလို႔ ေက်းဇူးတင္ပါတယ္ ေခ်ာင္းေကာ။"

"ရပါတယ္။ မင္းလည္း က်န္းမာေရး ဂ႐ုစိုက္ဦး။ အသံနားေထာင္ရတာ သိပ္မေကာင္းဘူး။"

"နည္းနည္းစိတ္ပင္ပန္းသြားလို႔ပါ။ ကြၽန္ေတာ္ အဆင္ေျပပါတယ္။"

"အင္း။ မင္းအဆင္ေျပရင္ ၿပီးတာပါပဲ။ ဒါနဲ႔ မင္း ရိေပၚကို သူ႔ေရာဂါနဲ႔ပတ္သတ္ၿပီး အားလုံးသိတယ္ဆိုတာ ဘယ္ေတာ့ဖြင့္ေျပာမွာလဲ။"

တစ္ဖက္လူက ယြီခ်န္ကို စိုက္ၾကည့္ေနရင္းက မ်က္လႊာအသာခ်သြားတယ္။ ထို႔ေနာက္မွာ အေဝးတစ္ေနရာကို ေငးၾကည့္ရင္း အသက္ကိုခပ္ျဖည္းျဖည္းခ်င္းရွဴထုတ္လို႔ ေလသံေအးေအးနဲ႔ ေျပာလာေတာ့တယ္။

"တစ္ေန႔ေန႔ေပါ့ ေခ်ာင္းေကာ။ တစ္ေန႔ေန႔ေပါ့။"

#Monster

-----------------------------------------------------------------------

I'm so sorry for my late🙏🙏🙏.

ဒါနဲ႔ ဖတ္ရတာ အဆင္ေျပၾကရဲ႕လား။ လည္ကုန္ၾကၿပီဆိုလို႔ 😄။ အရမ္းႀကီး မစဥ္းစားၾကနဲ႔ေနာ္။ ဘာမွျမႇဳပ္ကြက္ သိပ္မထည့္ထားဘူး။ သာမန္အျဖစ္အပ်က္ေလးကို ရႈေထာင့္ေျပာင္းၿပီး ေရးလိုက္႐ုံပဲမို႔ အရမ္းႀကီး မစဥ္းစားၾကနဲ႔ေနာ္။ မဟုတ္ရင္ သာသာ့လို႔ စဥ္းစားရင္း စဥ္းစားရင္း ေဂါက္သြားလိမ့္မယ္ 😆😆😆။

Love you all my readers.😘😘😘

Continue Reading

You'll Also Like

289K 44.4K 122
Our S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story
215K 18.1K 43
အ​ေမွာင္​ထုသာ စိုးမိုးထားတဲ့ အျခားတစ္​ဖက္​မွာ .. ​ကြၽန္​​ေတာ္​က အလင္​း​ေရာင္​​ျဖာလင္​း​ေပးရမယ္​့ လမင္​း.. က်ိန္​စာလား လက္​​ေဆာင္​လား ?? ကြၽန္​​ေတာ္​...
158K 11.6K 33
က်ိန္စာဆိုးမ်ားႏွင့္ျပည့္ႏွက္ေနေသာ ေၾကာက္မက္ဖြယ္ဝိညာဥ္ဆိုးမ်ားျဖင့္ ဆာေလာင္မြတ္သိပ္ေနေသာ "ျမနန္းစံေတာ္" အတိတ္ဘဝရန္ၿငိဳးေတြႏွင့္.. အမုန္းတရားေတြျပည့္...
41.1K 7K 42
"කවුරු හරි මගෙන් ඇහෙව්වොත් මන් ඔයාගේ කව්ද කියලා මන් දෙන්න ඕන උත්තරය මොකක්ද ජන්ග්කුක් " "කියන්න ඩෝල් ඔයා තමයි ජන්ග්කුක් ගේ හැමදේයක්ම කියලා "