ငါတို့တစ်မိသားစုလုံးက ဗီလိန်...

By Kay_Wine

1.3M 202K 6.4K

Title - My Whole Family Are Villain (我们一家都是反派) Author - 咸鱼老人 Total Chapter - 100 Chapters + 2 extras Genre... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17.1
Chapter 17.2
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46.1
Chapter 46.2
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Extra - 1
Extra - 2

Chapter 80

10.9K 1.9K 71
By Kay_Wine


MWFV Ch 80

Dancing Together

Zawgyi Version

ခ်င္ Group ၏ႏွစ္ပတ္လည္ေတြ႕ဆုံပြဲသို႔တက္ေရာက္ရန္အတြက္ စုေပႏွင့္ စုေရွာင္ေပါင္တို႔၏ ပြဲတက္ဝတ္စုံ‌ေတြက အဆင္သင့္ျဖစ္ေနတဲ့အျပင္ ဒီဇိုင္နာအဖြဲ႕က ၎ဝတ္စုံေတြကို ေနာက္ဆုံးအႀကိမ္ fitting ခ်ရန္ က်င္းယြမ္သို႔ သယ္လာခဲ့ၾကတယ္။ Mr.ခ်င္အိမ္ျပန္‌ေရာက္ေရာက္ခ်င္းပဲ သူ႔သမီးေလးက စကပ္ရွည္တစ္ထည္နဲ႔ ေလွကားကေနေျပးဆင္းလာတာကို သူျမင္လိုက္ရတယ္။

"ျဖည္းျဖည္းဆင္း," Mr.ခ်င္သတိေပးလိုက္ရတယ္။ သူ႔စကားမဆုံးေသးခင္မွာပဲ စုေပက သူ႔ဆီေျပးလာၿပီးေနၿပီျဖစ္တယ္။ Mr.ခ်င့္ခမ်ာ သူ႔လက္ကိုေျမႇာက္ၿပီး ဟပ္ထိုးလဲေတာ့မတတ္ျဖစ္သြားတဲ့ စုေပကို ဆီးဖမ္းလိုက္ရ‌ေတာ့တယ္။

"ေဖေဖ့, ဘယ္လိုေနလဲ? သမီးဝတ္ထားတာၾကည့္ေကာင္းရဲ႕လား?" စုေပက ေခါင္းေမာ့ၿပီး ေတာက္ပတဲ့အၿပဳံးတစ္ပြင့္နဲ႔ Mr.ခ်င့္ကို ေမးလိုက္တယ္။

ဒါက စုေပဝတ္ဖူးခဲ့သမွ်ထဲက အလွဆုံးဝတ္စုံဆိုတာ ေသခ်ာတယ္။ ဒီဟာက အနီေရာင္က‌ေန အျဖဴေရာင္သို႔သြားထားတဲ့ tulle စကတ္တစ္ထည္ျဖစ္ၿပီး ပန္းပြင့္ေတြကို ဖန္စီေတြနဲ႔အလွဆင္ထားတာျဖစ္တယ္။ စုေပ စကတ္ကို၀တ္လိုက္တဲ့အခ်ိန္မွာ သူမက သက္ရွိနတ္သမီးေလးတစ္ပါးနဲ႔‌တူေနခဲ့တယ္။ ထို႔ျပင္ Mr.ခ်င္၏ေတာင္းဆိုမႈေၾကာင့္ ဒီဇိုင္နာက ၎စကတ္ကို အလြန္တရာ 'ေႏြးေထြး' ပုံေပါက္တဲ့အေပၚအက်ႌႏွင့္ တြဲဖက္ဝတ္ဆင္ေပးထားခဲ့တာျဖစ္တယ္။

"ၾကည့္ေကာင္းတယ္" Mr.ခ်င္ၿပဳံးၿပီး တုံ႔ဆိုင္းျခင္းမရွိဘဲ သူမကို အမႊမ္းတင္လိုက္တယ္။

ဒီျမင္ကြင္းကို ေဘးက‌ေနၾကည့္ေနတဲ့ ဦးေလးဖုလည္း တိတ္တဆိတ္ ၿပဳံးလိုက္မိတယ္ : Mr.ခ်င္အတြက္ကေတာ့ သူ႔သမီးေလးဘာပဲ၀တ္ဝတ္ၾကည့္ေကာင္းေနမွာပဲ။ သို႔ေပမဲ့ ေရွာင္ေပရဲ႕ဝတ္စုံက တကယ့္ကို သူမရဲ႕အသြင္အျပင္နဲ႔ အလြန္အမင္း လိုက္ဖက္ညီလွတယ္။ ဦးေလးဖု လက္မေထာင္လိုက္ၿပီး ဒီဇိုင္နာအဖြဲ႕အား ေဘာနပ္စ္ထပ္ေပးဖို႔ စီစဥ္လိုက္ေတာ့တယ္။

"စကားမစပ္, ေဖေဖ့, ဒီဇိုင္နာက ေနာက္ထပ္ဝတ္စုံတစ္စုံပါ ယူလာေသးတယ္" ေနာက္တစ္စုံကလည္း အလြန္ေကာင္းမြန္လွတယ္, သို႔ေပမဲ့ ၎၏စတိုင္လ္က အေတာ္ေလး ထသြားထလာဆန္ကာ ပြဲအခမ္းအနားအတြက္ မလိုက္ဖက္လွေခ်။

"အဲ့တာက သမီး final ပြဲက်ရင္ဝတ္ဖို႔ေလ" Mr.ခ်င္ျပန္ေျဖလိုက္တယ္။

ဒါကိုၾကားလိုက္ရေတာ့ စုေပရဲ႕မ်က္ႏွာက ပိုၿပီးေတာ့ေတာင္ ေတာက္ပလာခဲ့တယ္။ သူမ Mr.ခ်င္ကို ေပ်ာ္႐ႊင္ျမဴးတူးစြာ ေမာ့ၾကည့္လိုက္တယ္ : သူက အဲဒါအတြက္ ဝတ္စုံတစ္စုံျပင္ေပးထားလိမ့္မယ္လို႔ သူမ ေမွ်ာ္လင့္မထားခဲ့မိဘူး။

"ေက်းဇူးပါ, ေဖေဖ!"

"ေဖေဖ"

"Mm?"

"ပါတီမွာ အကပါလားဟင္?" စုေပ ေမးလိုက္တယ္။ ဦးေလးဖုတစ္ေယာက္ အကဆရာမတစ္ဦးငွားမယ္လို႔ သူမ နားစြန္နားဖ်ားၾကားထားပုံရတယ္။

Mr.ခ်င္ ေခါင္းညိတ္လိုက္တယ္။ "သမီး မကခ်င္ဘူးဆိုရင္ ကစရာမလိုဘူးေနာ္" သူ႔သမီးေလးက ႀကဳံရာေကာင္စုတ္တစ္ေကာင္နဲ႔ ကေနတဲ့ပုံကို စိတ္ကူးၾကည့္လိုက္႐ုံနဲ႔တင္ သူ႔ကိုေဒါသထြက္ေစဖို႔ လုံေလာက္ေနၿပီ။ ေသခ်ာတာေပါ့, သူ႔ေစာင့္ၾကည့္မႈေအာက္မွာ ဒီလိုကိစၥမ်ိဳး သူလုံးဝျဖစ္ခြင့္‌ေပးမွာမဟုတ္ဘူး။ သို႔ေပသိ ေရွာင္ေပက ကတာကိုမႀကိဳက္ဘူးဆိုရင္ အဲ့ဒါကိုဖ်က္သိမ္းလိုက္႐ုံေပါ့။ သူ႔ခ်င္မိသားစုရဲ႕ကေလးေတြက ဒီလိုေျပာမရဆိုမရကိစၥေတြမွာေတာ့ အဆင္ေျပၾကတယ္ေလ။

"သမီး ကခ်င္တာေပါ့!" ဘာလို႔မကရမွာလဲ? သူမက ပြဲအခမ္းအနားမွာကရဖို႔ ေမွ်ာ္လင့္ေနတဲ့ဟာကို။

"သမီး ေရွာင္ေပါင္နဲ႔ကမယ္ေလ" စုေပ ေျပာလိုက္တယ္။ အခု‌ေလးတင္ သူ႔ suit ကိုစမ္းဝတ္ၾကည့္ေနတဲ့ စုေရွာင္ေပါင္ရဲ႕အသြင္အျပင္ကို သူမ အမွတ္ရသြားခဲ့တယ္။ သူက တကယ္ႀကီးကို ၾကည့္ေကာင္းေနတာ‌ေလ။

Mr.ခ်င္ရဲ႕မ်က္ခုံးေတြ အနည္းငယ္ ပင့္တက္သြားတာကို သတိထားမိလိုက္ေတာ့ စုေပရဲ႕အသက္ဆက္ရွင္ေရးဗီဇေလး ဝင္ေရာက္လာခဲ့ၿပီး သူမ ကမန္းကတန္း ထပ္ေျပာလိုက္ရေတာ့တယ္။ "ၿပီးေတာ့ ေဖေဖနဲ႔ေရာေပါ့"

-----

စုေပနဲ႔ စုေရွာင္ေပါင္တို႔ ေနာက္ဆုံးေတာ့ သူတို႔ရဲ႕အကသင္ခန္းစာကို စတင္ခဲ့ၾကတယ္။ ယေန႔ Mr.ခ်င္အိမ္ျပန္ေရာက္ေရာက္ခ်င္း အိမ္ေရွ႕ေဟာခန္းမွာ စုေပ 'ကေနတာ' ကို သူျမင္လိုက္ရတယ္။ သူမက ပန္းေရာင္အေမႊးပြညဝတ္အက်ႌကို ဝတ္ဆင္ထားၿပီး ပန္းေရာင္အေမႊးပြအိမ္တြင္းစီးဖိနပ္တစ္ရံကိုစီးကာ လက္တစ္ဖက္က အာလူးေၾကာ္တစ္ထုပ္ကို ကိုင္ထားတာျဖစ္တယ္။ သူမရဲ႕စည္းခ်က္က အရမ္းကိုနေမာ္နမဲ့ဆန္လြန္းတာ‌ေၾကာင့္ အဲဒါက အကဆရာမသင္ေပးထားတဲ့ ေၾကာ့ရွင္းသိမ္ေမြ႕တဲ့ ballroom dance ကေနတဲ့ပုံနဲ႔မတူဘူး။

စည္းခ်က္မက်ဘူးဆိုေသာ္ျငား စုေပရဲ႕ေျခလွမ္းေတြက ေပါ့ပါး၊ ေပ်ာ့ေျပာင္းၿပီး မ်က္စိပသာဒျဖစ္ေစတယ္။

Mr.ခ်င္ရပ္လိုက္ၿပီး ခဏေလာက္ ေစာင့္ၾကည့္ေနမိတယ္။ သူမရဲ႕အကမွာ အလြန္အမင္းစိတ္မႏွစ္ထားတဲ့ စုေပကလည္း Mr.ခ်င္တစ္ေယာက္ မနီးမေဝးမွာရပ္ေနတာကို သတိထားမိသြားတယ္။ အူျမဴးေနတဲ့မ်က္ႏွာနဲ႔ Mr.ခ်င့္ဆီ‌ ေျမာက္ႂကြေျမာက္ႂကြလွမ္းလာတယ္။

သူ႔သမီးေလးဘာလိုခ်င္မွန္းသိသြားတဲ့အခါ ခ်င္ေရွာက္ စုေပရဲ႕လက္ကိုလွမ္းဆြဲလိုက္တယ္။ Mr.ခ်င့္အား သူမရဲ႕ပါတနာအျဖစ္နဲ႔ စုေပ ႏွစ္ႀကိမ္မွ်ပတ္ခ်ာလည္လွည့္လိုက္ၿပီး ေနာက္ဆုံး‌ေျခလွမ္းႏွစ္လွမ္းကို ၿပီးဆုံးေစလိုက္တယ္။

"သမီး ဘာလို႔ဒီမွာတစ္ေယာက္တည္းေလ့က်င့္ေနရတာလဲ? ဟိုေကာင္ေရာ ဘယ္မလဲ?" Mr.ခ်င္က သူ႔လက္ကိုခ်ၿပီး ေမးလိုက္တယ္။

စုေပ : "ေရွာင္ေပါင္က အေပၚထပ္မွာဂိမ္းေဆာ့ေနတယ္"

အခုအခ်ိန္မွာ စုေရွာင္ေပါင္၊ ရွဲ႕မင္႐ႊမ္းနဲ႔ သူတို႔အဖြဲ႕က တံခြန္စိုက္ၿပိဳင္ပြဲအတြက္ ေျခစစ္ပြဲကစားေနၾကတာျဖစ္တယ္။ ကနဦးတုန္းက စုေပက စုေရွာင္ေပါင္ရဲ႕ေဘးမွာထိုင္ၿပီး သူတို႔ၿပိဳင္တာကိုၾကည့္ေနရင္း အာလူးေၾကာ္ဝါး‌ေနတာျဖစ္တယ္။ သို႔ေပမဲ့ အဲဒါက စုေရွာင္ေပါင္ကို အေႏွာင့္အယွက္ျဖစ္ေစတယ္။ ေကာင္ေလးက စိတ္ပ်က္စြာေျပာလာတာက သူမရဲ႕တကြၽတ္ကြၽတ္ဝါးေနတဲ့ ဆူညံသံက သူ႔လုပ္ေဆာင္ခ်က္အေပၚ သက္ေရာက္မႈရွိလုနီးပါးျဖစ္လာတယ္ဟူ၍ပင္။ အင္တင္တင္ျဖစ္‌ေနေသာ္ျငား စုေပခမ်ာ ေ႐ြးစရာမရွိေတာ့ဘဲ ေအာက္ထပ္ကိုဆင္းလာၿပီး သူမ ဒီမနက္ကေလးတင္ သင္ယူထားခဲ့တဲ့ ကကြက္လႈပ္ရွားဟန္ေတြကို ေလ့က်င့္ေနရတာျဖစ္တယ္။

"သိပ္အမ်ားႀကီးမစားနဲ႔ေလ" ခ်င္ေရွာက္ စုေပရဲ႕လက္ထဲကအာလူးေၾကာ္ထုပ္ကို ျပည္သူပိုင္သိမ္းလိုက္ေတာ့တယ္။

စုေပ : "..." ေနာက္ထပ္ႏွစ္ခ်ပ္ေလာက္ေလးပဲကို...

Mr.ခ်င္ကိုၾကည့္ရင္း စု‌ေပ ႐ုတ္တရက္ အႀကံတစ္ခုရသြားတယ္။ သူမရဲ႕မ်က္ဝန္းေတြ ခ်က္ခ်င္းဆိုသလို ေတာက္ပသြားေတာ့တယ္။

ခ်င္ေရွာက္ : "သမီး အာလူးေၾကာ္‌ေတြထပ္စားလို႔မရေတာ့ဘူးေနာ္"

"အဲ့တာမဟုတ္ပါဘူး" စုေပ ေခါင္းကိုခါၿပီး ေမးလိုက္တယ္။ "ေဖေဖ အခုအလုပ္မ်ားေနလားဟင္?"

ခ်င္ေရွာက္ : "မမ်ားပါဘူး, ဘာလို႔လဲ?"

"ေဖေဖ့, သမီးတို႔ အတူတူကေနတဲ့ဗီဒီယိုတစ္ခုေလာက္႐ိုက္လို႔ရမလား?" ဒီအိုင္ဒီယာက ႐ုတ္တရက္ စိတ္ကူးထေပါက္လာတယ္ဆိုေသာ္ျငား စုေပ အဲဒါကို တကယ္လုပ္ၾကည့္ခ်င္တာျဖစ္တယ္။

ကမယ္? ဗီဒီယို?

Mr.ခ်င္ မ်က္ခုံးပင့္လိုက္မိတယ္။

အစက ခ်င္ေရွာက္ထင္လိုက္တာက စုေပတစ္ေယာက္ သူမ ballroom dance ေလ့က်င့္ေနတဲ့အခ်ိန္ကို ဗီဒီယို႐ိုက္ေပးေစခ်င္တာလို႔ပဲ။ အဲ့ဒီအစား သူမက သူမရဲ႕မိုဘိုင္းဖုန္းကိုထုတ္ၿပီး ဗီဒီယိုတစ္ခုကိုဖြင့္ျပလာခဲ့တယ္။ "ေဖေဖ, ၾကည့္ၾကည့္, ဒီတစ္ခုေလ။ အရမ္းလြယ္တယ္မလား"

သူမအတန္းေဖာ္ေတြရဲ႕ေထာက္ခံခ်က္ေက်းဇူးေၾကာင့္ စုေပ မၾကာေသးခင္ကမွ သူမရဲ႕မိုဘိုင္းဖုန္းထဲက ဗီဒီယိုအတိုေလးတစ္ခုကို စိတ္စြဲေနခဲ့တယ္။ အခု သူမ Mr.ခ်င့္ကိုျပလိုက္တဲ့ဟာက သူမ အႀကိဳက္ဆုံးဗီဒီယိုေတြထဲကတစ္ခုျဖစ္တယ္။ အဲဒါက အဝါေရာင္ဘဲဝတ္စုံႀကီးကို ဝတ္ထားတဲ့လူတစ္ေယာက္က ကင္မရာေရွ႕မွာက‌ေနတာျဖစ္တယ္။ ေပ်ာ္စရာေကာင္းၿပီး စည္းခ်က္ခ်တဲ့ေနာက္ခံေတးဂီတကို တြဲဖက္တီးခတ္ထားၿပီး ႐ိုးရွင္းတဲ့ ေခါင္းမွလက္လႈပ္ရွားမႈက ၎ဗီဒီယိုကို နည္းနည္းမိုက္တဲ့ပုံေပါက္ေစခဲ့တယ္။

ဒါက ဒီတိုင္း...

အဝါေရာင္ဘဲဝတ္စုံႀကီးကိုၾကည့္ၿပီး Mr.ခ်င္ရဲ႕မ်က္ဝန္းေတြထဲမွာ မႏွစ္ၿမိဳ႕မႈေတြ ျဖတ္ေျပးသြားရေတာ့တယ္ : ဒါႀကီးက ဘာႀကီးတုန္းဟ?

စုေပ : "ေဖေဖ ဘယ္လိုလဲ? မိုက္တယ္မလား?"

ခ်င္ေရွာက္ : "..." ပထမဆုံးအႀကိမ္အ‌ေနနဲ႔ မ်ိဳးဆက္ကြာဟမႈကို သူခံစားလိုက္ရၿပီ။

"ေဖေဖ, သမီးနဲ႔ဗီဒီယိုတစ္ခုေလးပဲ႐ိုက္ေပးပါေနာ္။ အရမ္းလြယ္ပါတယ္။ တစ္မိနစ္, အိုး မဟုတ္ဘူး, မိနစ္ဝက္ေလာက္ဆိုရင္ကို အိုေကပါတယ္ေနာ္" စုေပက Mr.ခ်င့္ကို စိတ္အားထက္သန္စြာၾကည့္ေနမိတယ္။ သူမရဲ႕မ်က္ႏွာထားက အႏူးအၫြတ္‌ေမတၱာရပ္ခံမႈအျပည့္ႏွင့္ပင္။

ခ်င္ေရွာက္ : သူ ဒီအားလပ္ရက္အတြင္း ကေလးေတြအတြက္ အခ်ိန္ဇယားေတြပိုစီစဥ္ထားေပးသင့္လား? အဲ့လိုမွမဟုတ္ရင္ သူတို႔က အိမ္မွာအရမ္းပ်င္းၿပီး ဒီေခတ္စားေနတယ္ဆိုတဲ့ဗီဒီယိုေတြေၾကာင့္ အဆိပ္ေတြတက္ေနၾကတာ။

"ဒါမွမဟုတ္ ေနာက္ဆုံးစာေမးပြဲအတြက္ သမီးရဲ႕ဆုကိုသုံးလို႔ရမလား?" စုေပ ေနာက္ဆုံးေတာ့ သူမရဲ႕ေနာက္ဆုံးအေပးအယူတစ္ခုနဲ႔ ၿခိမ္းေျခာက္လိုက္‌ေတာ့တယ္။ သူမ အံကိုႀကိတ္ၿပီး ထပ္ေျပာလိုက္တယ္။ "ႏွစ္ကူးလက္ေဆာင္ပါေပါင္းၿပီးေတာ့ေလ"

ခ်င္ေရွာက္ : "ဒီတစ္ခါပဲေနာ္"

စုေပ : "ဟုတ္! ခဏ‌ေလးေနာ္, သမီး ဖုန္းအရင္ဆင္လိုက္ဦးမယ္။ ေဖေဖ့ကုတ္အက်ႌ သမီးကိုေပး, သမီးသြားခ်ိတ္လိုက္မယ္, ဟဲဟဲ"

...

အဆုံးမွာေတာ့ Mr.ခ်င္က သူ႔သမီးေလးနဲ႔ ကင္မရာေရွ႕မွာ ကလိုက္ရေတာ့တယ္။ ဗီဒီယို႐ိုက္ၿပီးသြားတဲ့ေနာက္ စုေပ သူ႔မိုဘိုင္းဖုန္းကို ေက်နပ္အားရစြာ ဆုပ္ကိုင္ထားရင္း သူ႔အခန္းထဲျပန္ဝင္လာခဲ့တယ္။

---

အဲ့ဒီညမွာ စုေပက သူမရဲ႕ homepage ေပၚမွာ ၄၉ စကၠန႔္စာ ဗီဒီယိုအတိုေလးတစ္ခုကိုတင္ခဲ့တယ္။ ဗီဒီယိုထဲမွာ စုေပနဲ႔ Mr.ခ်င္က ေဘးခ်င္းယွဥ္ရပ္ေနၾကၿပီး သံစဥ္အလိုက္ စတင္က‌ေနၾကတယ္။ ဒီဟာက သူမ ေစာနက ျပလိုက္တဲ့ေခတ္စားေနတဲ့ဗီဒီယိုထဲကနဲ႔ တူညီတဲ့အကပဲျဖစ္‌ေပမဲ့ အနည္းငယ္ေျပာင္းလဲမႈအခ်ိဳ႕ ထည့္သြင္းထားတာျဖစ္တယ္။

အစပိုင္းမွာ Mr.ခ်င္ရဲ႕လႈပ္ရွားမႈေတြက စုေပထက္ စည္းခ်က္တစ္ဝက္စာေလာက္ ပိုေႏွးေနၿပီး အရွိန္ေလွ်ာ့ဖို႔ႀကိဳးစားေနသလိုျဖစ္‌ေနခဲ့တယ္။ ပိုၿပီးဂ႐ုတစိုက္ၾကည့္လိုက္မယ္ဆိုရင္ Mr.ခ်င္ရဲ႕မ်က္ႏွာေပၚမွာ ကူကယ္ရာမဲ့‌ေနတဲ့အရိပ္အေယာင္တစ္ခုကို ျမင္ႏိုင္မွာျဖစ္တယ္။

သို႔ေပသိ အံ့ဩဖို႔ေကာင္းတာက အဲ့ဒီဗီဒီယိုက ဘယ္လိုႀကီးမွန္းမသိေလာက္ေအာင္ ထူးဆန္းေနတဲ့ပုံေပါက္မေနတာပဲ။ Mr.ခ်င္က ေန႔အခ်ိန္အတြင္း အလြန္အေရးႀကီးတဲ့ ထိပ္သီးအစည္းအေဝးတစ္ခုတက္ေရာက္ရန္ ဝတ္ဆင္ထားတဲ့ သင့္ေတာ္တဲ့ business suit နဲ႔ျဖစ္တယ္။ အျခားတစ္ဖက္မွာ‌ေတာ့ စုေပက ခ်စ္စရာေကာင္းတဲ့အ‌ေမႊးပြညဝတ္အက်ႌႏွင့္အတူ ေခါင္းေပၚမွာ ေၾကာင္နား႐ြက္တြဲဖက္ပစၥည္းေတြကို ဝတ္ဆင္ထားခဲ့တယ္။ သူမပုံစံက အလြန္ေပါ့ပါးၿပီး ခ်စ္စရာေကာင္းလွတယ္။ သူတို႔ေတြကလည္း အလြန္တရာ ကြဲျပားျခားနားစြာ လႈပ္ရွား‌ေနခဲ့ၾကတယ္-- စုေပရဲ႕လႈပ္ရွားမႈေတြက သြက္လက္တက္ႂကြ‌ေနခ်ိန္မွာ Mr.ခ်င္က‌ေတာ့ အလြန္တရာ ဖိႏွိပ္ခ်ဳပ္ခ်ယ္ခံထားရၿပီး စိတ္ထိန္းထားရတဲ့ပုံေပါက္ေနခဲ့တယ္။

အသိသာႀကီးကို ဒီေနရာမွာ ႀကီးမားတဲ့ဆန႔္က်င္ဘက္တစ္ခုရွိေနတယ္ဆိုေပမဲ့ အဲဒါက ပြဲၾကည့္ပရိသတ္ကို ထူးဆန္းသလိုခံစားရတာမ်ိဳး ဒါမွမဟုတ္ ပ်င္းသြားတာမ်ိဳး လုံးလုံးမျဖစ္သြားေစဘူး။ ဆန႔္က်င္ဘက္အေနနဲ႔ ဗီဒီယိုက တအားစိတ္ဝင္စားစရာေကာင္းၿပီး ရယ္စရာေကာင္းေနခဲ့တယ္။

၎ဗီဒီယို အြန္လိုင္းေပၚတက္လာလာခ်င္းပဲ လူေတြအမ်ားႀကီးက comments section ကို ဖုံးလႊမ္းသြားၾကေတာ့တယ္ :

[OMG! ငါ ဘာ‌ေတြျမင္ေနရတာတုန္းဟ! ငါပ်င္းေနတာနဲ႔ အခုေလးတင္ ဖိုရမ္မွာဟိုၾကည့္ဒီၾကည့္လုပ္‌‌ေနမိတာ, ဒါေပမဲ့ တကယ္ႀကီး ဒီလိုအဖိုးတန္ရတနာတစ္ခုကို ေတြ႕လိုက္ရၿပီေပါ့!]

[ဒါ-ဒါက, တကယ္ ဥကၠဌခ်င္အစစ္ႀကီးလား? မ်က္ႏွာေျပာင္းတဲ့ပ႐ိုဂရမ္တစ္ခု မင္းသုံးထားတာမ်ားလား?]

[ဘုရား‌ေရ, ဒါဆို Mr.ခ်င္မွာလည္း ဒီလိုအျခမ္းရွိေသးတယ္ေပါ့။ ဒါႀကီးက သတင္းနဲ႔ ေကာလဟာလေတြနဲ႔ လုံးဝတစ္ျခားစီပဲ]

[Mr.ခ်င္က တအားေတာ္တာပဲ]

[မဟုတ္ဘူး, Mr.ခ်င္က Mr.ခ်င္ ျဖစ္ေနတုန္းပဲ။ သူ႔သမီးေလးကသာ special treatment ရထားတာေလ]

[Aaaaaaaah!!! စုေပရဲ႕အေဖက ေသာက္ရမ္းေခ်ာတယ္ဟာ!]

[ဒီဗီဒီယိုက အရမ္းခ်စ္စရာေကာင္းတယ္]

[မနာလိုစရာေကာင္းလိုက္တာ။ ငါလည္း ငါနဲ႔အတူကေပးမယ့္အေဖတစ္ေယာက္လိုခ်င္တယ္လို႔။ ေသခ်ာေပါက္, သူက ႐ုပ္ေခ်ာဖို႔လည္းလိုတာေပါ့!]

[ငါ့အေဖရဲ႕ဗိုက္ပူပူႀကီးကို ငါလုံးဝအထင္မ‌ေသးပါဘူး။ ဒါေပမဲ့ သူ႔ကို ငါနဲ႔ကခိုင္းလိုက္မယ္ဆိုရင္ သူငါ့ကို ဧဝရက္ေတာင္ေပၚအထိ ျပန္ကန္ထုတ္ပစ္လိုက္လိမ့္မယ္လို႔ ငါထင္တယ္]

[ဒီဗီဒီယိုကို ၂၄ ႀကိမ္ေျမာက္ၾကည့္ၿပီးသြားၿပီ, ရပ္လို႔လည္းမရ‌ဘူး။ ငါဘာလုပ္သင့္လဲ?]

...

ဒုတိယထပ္မွာ အခုေလးတင္ ၿပိဳင္ပြဲၿပိဳင္ၿပီးသြားတဲ့ စုေရွာင္ေပါင္ကလည္း ၎ဗီဒီယိုကိုၾကည့္ၿပီး စိတ္မေကာင္းျဖစ္သြားခဲ့တယ္ : စုေပက သူတို႔ကထားတဲ့ဗီဒီယိုကိုလည္း သိမ္းထားတာ အသိသာႀကီးပဲကို, ဒါဆို ဘာလို႔ သူက အဲ့လူႀကီးနဲ႔ဟာတစ္ခုတည္းကိုပဲ တင္ရတာလဲ?

မၾကာခင္မွာပဲ ဗီဒီယိုတစ္ခုကို စုေရွာင္ေပါင္ရဲ႕ homepage ေပၚမွာတင္လိုက္‌ေတာ့တယ္။ အဲဒါက လူႏွစ္ေယာက္ကေနတဲ့ ခပ္ဆင္ဆင္ဗီဒီယိုတစ္ခုပဲျဖစ္တယ္။ သို႔ေပသိ ဒီတစ္ေခါက္မွာေတာ့ ဇာတ္လိုက္ေတြက သူနဲ႔ စုေပပဲျဖစ္တယ္။

အဲ့ဒီဗီဒီယိုကို မေန႔တုန္းက အိမ္မွာ႐ိုက္ထားတာျဖစ္တယ္။ အမႊာႏွစ္ေယာက္က ဆင္တူအေမႊးပြညဝတ္အက်ႌေတြကို ဝတ္ဆင္ထားခဲ့ၾကတယ္--စုေရွာင္ေပါင္က နက္ျပာေရာင္ျဖစ္ၿပီး စုေပက ပန္းေရာင္ေဖ်ာ့ေဖ်ာ့ျဖစ္ကာ--ေၾကာင္လက္ဖဝါးလက္အိတ္တစ္စုံစီကို ဝတ္ဆင္ထားခဲ့ၾကတယ္။ Mr.ခ်င္ပါတဲ့ဗီဒီယိုလိုမ်ိဳး ရယ္စရာေကာင္းၿပီး ခ်စ္စရာေကာင္းတဲ့ပုံစံနဲ႔မတူဘဲ အတိုင္းသားကြာျခားေနကာ စုေပနဲ႔ စုေရွာင္ေပါင္တို႔က အလြန္ေကာင္းမြန္စြာ ပူးေပါင္းေဆာင္႐ြက္ခဲ့ၾကတဲ့အျပင္ သူတို႔ရဲ႕လႈပ္ရွားမႈေတြက တကယ့္ကို စည္းခ်က္က်လွတယ္။

Comment section ေနာက္တစ္ႀကိမ္ ေပါက္ကြဲထြက္လာျပန္တယ္ :

[ေမေမေရ, အား! ဒီေန႔က ဘာေန႔မို႔လို႔ အဖိုးတန္ရတနာႀကီးႏွစ္ခုက တစ္ခုၿပီးတစ္ခုထြက္လာရတာတုန္း]

[ဒီဗီဒီယိုကို ငါတကယ္ႀကိဳက္တယ္!]

[သခင္ေလးစုနဲ႔ စုေပရဲ႕လႈပ္ရွားမႈေတြက တအားစည္းခ်က္က်တာပဲ]

[ဟားဟား, ေျပာစရာမရွိ‌ေလာက္ေအာင္ပါပဲ။ ေနာက္ဆုံးက်ေတာ့ သူတို႔ကအမႊာေတြပဲေလ]

[သခင္ေလးစုက ေက်ာင္းမွာ ေသာက္ရမ္းမိုက္တဲ့အျပင္ မေမွ်ာ္လင့္ပဲ ဒီလိုခ်စ္စရာေကာင္းတဲ့အျခမ္းေလးလည္း ရွိေသးတယ္ေပါ့။ ခ်စ္စရာေလးပါကြာ]

[အဲ့လိုဆိုရင္ေတာင္မွ ငါကေတာ့ ေစာနက Mr.ခ်င္နဲ႔ဗီဒီယိုကို ပိုႀကိဳက္ေနတုန္းပဲ။ ခ်စ္စရာေကာင္းတဲ့ဒီဂရီေတာ့ နည္းနည္းကြာတာ‌ေပါ့ေလ]

[ေ႐ြးခ်ယ္တယ္ဆိုတာက မူလတန္းကေလးေတြအတြက္ပဲ။ ဂ်ဴနီယာအထက္တန္းေက်ာင္းသူတစ္‌ေယာက္အေနနဲ႔ ငါကေတာ့ ႏွစ္ခုလုံးယူမွာ!]

[Mr.ခ်င္က သခင္ေလးစုရယ္၊ စုေပရယ္နဲ႔ အတူတူကတာကိုျမင္ခ်င္တာ ငါတစ္ေယာက္တည္းလား?]

[ငါေရာပဲ]

[+1]

...

မၾကာခင္မွာပဲ တစ္စုံတစ္ေယာက္က ဗီဒီယိုေတြေပၚအေျခခံၿပီး chibi ပုံႏွစ္ပုံကိုဆြဲကာ ၎တို႔အား ဖိုရမ္ေပၚတင္လိုက္တယ္။ တစ္ပုံက စုေပနဲ႔ စုေရွာင္ေပါင္တို႔ ေၾကာင္လက္ဖဝါးေလးေတြနဲ႔ျဖစ္ၿပီး ေနာက္တစ္ပုံကေတာ့ Mr.ခ်င္နဲ႔ စုေပတို႔ ကေနတဲ့ပုံျဖစ္တယ္။

စုေပ ပုံတင္လိုက္တဲ့သူကို ေက်းဇူးတင္ခဲ့ၿပီး ပုံႏွစ္ပုံစလုံးကို သိမ္းထားလိုက္တယ္။ ခက္ခက္ခဲခဲစဥ္းစားၿပီးတဲ့ေနာက္ စုေပ ေနာက္ဆုံး‌မွာ စုေရွာင္ေပါင္နဲ႔ပုံကို screensaver အျဖစ္ထားလိုက္ၿပီး Mr.ခ်င္နဲ႔ပုံကို‌ေတာ့ wallpaper အျဖစ္ထားလိုက္တယ္။

ဗီဒီယိုေတြက မၾကာမီခင္မွာပဲ ေခတ္စားလာခဲ့တယ္။ ပိုပိုလွ်ံထြက္လာတဲ့ comment ေတြက ေအာက္ပါအတိုင္းျဖစ္တယ္ :

[စုေပရဲ႕ညဝတ္အက်ႌကို ငါအြန္လိုင္းမွာရွာလို႔မေတြ႕ဘူး။ ေတြ႕တဲ့သူရွိရင္ ေက်းဇူးျပဳၿပီး share ေပးၾကပါ]

[ငါလည္း ဆင္တူတာေတြကိုပဲေတြ႕တယ္]

[အားလုံးပဲ, ငါ စုေပရဲ႕ေၾကာင္လက္ဖဝါးကို အြန္လိုင္းမွာရွာေတြ႕သြားၿပီ]

[ေက်းဇူး, ဘ႐ို။ ငါ အခုပဲသြားဝယ္လိုက္ေတာ့မယ္]

[Bah, ေၾကာင္လက္ဖဝါးလက္အိတ္ေတြက အေရးႀကီးတယ္လို႔မ်ား နင္ထင္ေနသလား? ငါလိုခ်င္တာက ငါနဲ႔ကေပးမယ့္အစ္ကို‌ေခ်ာေခ်ာေလးတစ္ေယာက္ဟဲ့]

[အစ္ကိုေခ်ာေခ်ာေလးတဲ့လား? ငါ့မွာမရွိတာကလည္း အဲ့ဒီလွတယ္ဆိုတဲ့မ်က္ႏွာပဲ]

...

လူေတြက ဗီဒီယိုေတြကို သိမ္းထားလိုက္ၾကၿပီး အဲဒါေတြကို တစ္ျခားသူေတြဆီသို႔ ထပ္ဆင့္ေပးပို႔လိုက္ၾကတယ္။ မၾကာခင္မွာပဲ Mr.ခ်င္ကိုသိၾကတဲ့ CEO နဲ႔ ဥကၠဌအေတာ္မ်ားမ်ားကလည္း အဲဒါကိုျမင္သြားခဲ့ၾကတယ္။ သူတို႔အရမ္းကိုအံ့ၾသသြားရေတာ့တယ္ : Mr.ခ်င္က အဲ့ေလာက္ႀကီး ေၾကာက္စရာေကာင္းတဲ့ပုံလည္းမေပါက္ပါဘူး။

သို႔ေသာ္ သိပ္မၾကာခင္မွာပဲ Mr.ခ်င္က သူ႔ရဲ႕ပုံမွန္လုပ္ေဆာင္ခ်က္ေတြကိုသုံးၿပီး သူဟာ အရင္က Mr.ခ်င္အတိုင္း တစ္ထပ္တည္းျဖစ္‌ေနဆဲပဲဆိုတာကို အလ်င္အျမန္ သက္ေသျပလာခဲ့တယ္။

20.8.2021

Friday

___________________________________

MWFV Ch 80

Dancing Together

Unicode Version

ချင် Group ၏နှစ်ပတ်လည်တွေ့ဆုံပွဲသို့တက်ရောက်ရန်အတွက် စုပေနှင့် စုရှောင်ပေါင်တို့၏ ပွဲတက်ဝတ်စုံ‌တွေက အဆင်သင့်ဖြစ်နေတဲ့အပြင် ဒီဇိုင်နာအဖွဲ့က ၎င်းဝတ်စုံတွေကို နောက်ဆုံးအကြိမ် fitting ချရန် ကျင်းယွမ်သို့ သယ်လာခဲ့ကြတယ်။ Mr.ချင်အိမ်ပြန်‌ရောက်ရောက်ချင်းပဲ သူ့သမီးလေးက စကပ်ရှည်တစ်ထည်နဲ့ လှေကားကနေပြေးဆင်းလာတာကို သူမြင်လိုက်ရတယ်။

"ဖြည်းဖြည်းဆင်း," Mr.ချင်သတိပေးလိုက်ရတယ်။ သူ့စကားမဆုံးသေးခင်မှာပဲ စုပေက သူ့ဆီပြေးလာပြီးနေပြီဖြစ်တယ်။ Mr.ချင့်ခမျာ သူ့လက်ကိုမြှောက်ပြီး ဟပ်ထိုးလဲတော့မတတ်ဖြစ်သွားတဲ့ စုပေကို ဆီးဖမ်းလိုက်ရ‌တော့တယ်။

"ဖေဖေ့, ဘယ်လိုနေလဲ? သမီးဝတ်ထားတာကြည့်ကောင်းရဲ့လား?" စုပေက ခေါင်းမော့ပြီး တောက်ပတဲ့အပြုံးတစ်ပွင့်နဲ့ Mr.ချင့်ကို မေးလိုက်တယ်။

ဒါက စုပေဝတ်ဖူးခဲ့သမျှထဲက အလှဆုံးဝတ်စုံဆိုတာ သေချာတယ်။ ဒီဟာက အနီရောင်က‌နေ အဖြူရောင်သို့သွားထားတဲ့ tulle စကတ်တစ်ထည်ဖြစ်ပြီး ပန်းပွင့်တွေကို ဖန်စီတွေနဲ့အလှဆင်ထားတာဖြစ်တယ်။ စုပေ စကတ်ကို၀တ်လိုက်တဲ့အချိန်မှာ သူမက သက်ရှိနတ်သမီးလေးတစ်ပါးနဲ့‌တူနေခဲ့တယ်။ ထို့ပြင် Mr.ချင်၏တောင်းဆိုမှုကြောင့် ဒီဇိုင်နာက ၎င်းစကတ်ကို အလွန်တရာ 'နွေးထွေး' ပုံပေါက်တဲ့အပေါ်အင်္ကျီနှင့် တွဲဖက်ဝတ်ဆင်ပေးထားခဲ့တာဖြစ်တယ်။

"ကြည့်ကောင်းတယ်" Mr.ချင်ပြုံးပြီး တုံ့ဆိုင်းခြင်းမရှိဘဲ သူမကို အမွှမ်းတင်လိုက်တယ်။

ဒီမြင်ကွင်းကို ဘေးက‌နေကြည့်နေတဲ့ ဦးလေးဖုလည်း တိတ်တဆိတ် ပြုံးလိုက်မိတယ် : Mr.ချင်အတွက်ကတော့ သူ့သမီးလေးဘာပဲ၀တ်ဝတ်ကြည့်ကောင်းနေမှာပဲ။ သို့ပေမဲ့ ရှောင်ပေရဲ့ဝတ်စုံက တကယ့်ကို သူမရဲ့အသွင်အပြင်နဲ့ အလွန်အမင်း လိုက်ဖက်ညီလှတယ်။ ဦးလေးဖု လက်မထောင်လိုက်ပြီး ဒီဇိုင်နာအဖွဲ့အား ဘောနပ်စ်ထပ်ပေးဖို့ စီစဉ်လိုက်တော့တယ်။

"စကားမစပ်, ဖေဖေ့, ဒီဇိုင်နာက နောက်ထပ်ဝတ်စုံတစ်စုံပါ ယူလာသေးတယ်" နောက်တစ်စုံကလည်း အလွန်ကောင်းမွန်လှတယ်, သို့ပေမဲ့ ၎င်း၏စတိုင်လ်က အတော်လေး ထသွားထလာဆန်ကာ ပွဲအခမ်းအနားအတွက် မလိုက်ဖက်လှချေ။

"အဲ့တာက သမီး final ပွဲကျရင်ဝတ်ဖို့လေ" Mr.ချင်ပြန်ဖြေလိုက်တယ်။

ဒါကိုကြားလိုက်ရတော့ စုပေရဲ့မျက်နှာက ပိုပြီးတော့တောင် တောက်ပလာခဲ့တယ်။ သူမ Mr.ချင်ကို ပျော်ရွှင်မြူးတူးစွာ မော့ကြည့်လိုက်တယ် : သူက အဲဒါအတွက် ဝတ်စုံတစ်စုံပြင်ပေးထားလိမ့်မယ်လို့ သူမ မျှော်လင့်မထားခဲ့မိဘူး။

"ကျေးဇူးပါ, ဖေဖေ!"

"ဖေဖေ"

"Mm?"

"ပါတီမှာ အကပါလားဟင်?" စုပေ မေးလိုက်တယ်။ ဦးလေးဖုတစ်ယောက် အကဆရာမတစ်ဦးငှားမယ်လို့ သူမ နားစွန်နားဖျားကြားထားပုံရတယ်။

Mr.ချင် ခေါင်းညိတ်လိုက်တယ်။ "သမီး မကချင်ဘူးဆိုရင် ကစရာမလိုဘူးနော်" သူ့သမီးလေးက ကြုံရာကောင်စုတ်တစ်ကောင်နဲ့ ကနေတဲ့ပုံကို စိတ်ကူးကြည့်လိုက်ရုံနဲ့တင် သူ့ကိုဒေါသထွက်စေဖို့ လုံလောက်နေပြီ။ သေချာတာပေါ့, သူ့စောင့်ကြည့်မှုအောက်မှာ ဒီလိုကိစ္စမျိုး သူလုံးဝဖြစ်ခွင့်‌ပေးမှာမဟုတ်ဘူး။ သို့ပေသိ ရှောင်ပေက ကတာကိုမကြိုက်ဘူးဆိုရင် အဲ့ဒါကိုဖျက်သိမ်းလိုက်ရုံပေါ့။ သူ့ချင်မိသားစုရဲ့ကလေးတွေက ဒီလိုပြောမရဆိုမရကိစ္စတွေမှာတော့ အဆင်ပြေကြတယ်လေ။

"သမီး ကချင်တာပေါ့!" ဘာလို့မကရမှာလဲ? သူမက ပွဲအခမ်းအနားမှာကရဖို့ မျှော်လင့်နေတဲ့ဟာကို။

"သမီး ရှောင်ပေါင်နဲ့ကမယ်လေ" စုပေ ပြောလိုက်တယ်။ အခု‌လေးတင် သူ့ suit ကိုစမ်းဝတ်ကြည့်နေတဲ့ စုရှောင်ပေါင်ရဲ့အသွင်အပြင်ကို သူမ အမှတ်ရသွားခဲ့တယ်။ သူက တကယ်ကြီးကို ကြည့်ကောင်းနေတာ‌လေ။

Mr.ချင်ရဲ့မျက်ခုံးတွေ အနည်းငယ် ပင့်တက်သွားတာကို သတိထားမိလိုက်တော့ စုပေရဲ့အသက်ဆက်ရှင်ရေးဗီဇလေး ဝင်ရောက်လာခဲ့ပြီး သူမ ကမန်းကတန်း ထပ်ပြောလိုက်ရတော့တယ်။ "ပြီးတော့ ဖေဖေနဲ့ရောပေါ့"

-----

စုပေနဲ့ စုရှောင်ပေါင်တို့ နောက်ဆုံးတော့ သူတို့ရဲ့အကသင်ခန်းစာကို စတင်ခဲ့ကြတယ်။ ယနေ့ Mr.ချင်အိမ်ပြန်ရောက်ရောက်ချင်း အိမ်ရှေ့ဟောခန်းမှာ စုပေ 'ကနေတာ' ကို သူမြင်လိုက်ရတယ်။ သူမက ပန်းရောင်အမွှေးပွညဝတ်အင်္ကျီကို ဝတ်ဆင်ထားပြီး ပန်းရောင်အမွှေးပွအိမ်တွင်းစီးဖိနပ်တစ်ရံကိုစီးကာ လက်တစ်ဖက်က အာလူးကြော်တစ်ထုပ်ကို ကိုင်ထားတာဖြစ်တယ်။ သူမရဲ့စည်းချက်က အရမ်းကိုနမော်နမဲ့ဆန်လွန်းတာ‌ကြောင့် အဲဒါက အကဆရာမသင်ပေးထားတဲ့ ကြော့ရှင်းသိမ်မွေ့တဲ့ ballroom dance ကနေတဲ့ပုံနဲ့မတူဘူး။

စည်းချက်မကျဘူးဆိုသော်ငြား စုပေရဲ့ခြေလှမ်းတွေက ပေါ့ပါး၊ ပျော့ပြောင်းပြီး မျက်စိပသာဒဖြစ်စေတယ်။

Mr.ချင်ရပ်လိုက်ပြီး ခဏလောက် စောင့်ကြည့်နေမိတယ်။ သူမရဲ့အကမှာ အလွန်အမင်းစိတ်မနှစ်ထားတဲ့ စုပေကလည်း Mr.ချင်တစ်ယောက် မနီးမဝေးမှာရပ်နေတာကို သတိထားမိသွားတယ်။ အူမြူးနေတဲ့မျက်နှာနဲ့ Mr.ချင့်ဆီ‌ မြောက်ကြွမြောက်ကြွလှမ်းလာတယ်။

သူ့သမီးလေးဘာလိုချင်မှန်းသိသွားတဲ့အခါ ချင်ရှောက် စုပေရဲ့လက်ကိုလှမ်းဆွဲလိုက်တယ်။ Mr.ချင့်အား သူမရဲ့ပါတနာအဖြစ်နဲ့ စုပေ နှစ်ကြိမ်မျှပတ်ချာလည်လှည့်လိုက်ပြီး နောက်ဆုံး‌ခြေလှမ်းနှစ်လှမ်းကို ပြီးဆုံးစေလိုက်တယ်။

"သမီး ဘာလို့ဒီမှာတစ်ယောက်တည်းလေ့ကျင့်နေရတာလဲ? ဟိုကောင်ရော ဘယ်မလဲ?" Mr.ချင်က သူ့လက်ကိုချပြီး မေးလိုက်တယ်။

စုပေ : "ရှောင်ပေါင်က အပေါ်ထပ်မှာဂိမ်းဆော့နေတယ်"

အခုအချိန်မှာ စုရှောင်ပေါင်၊ ရှဲ့မင်ရွှမ်းနဲ့ သူတို့အဖွဲ့က တံခွန်စိုက်ပြိုင်ပွဲအတွက် ခြေစစ်ပွဲကစားနေကြတာဖြစ်တယ်။ ကနဦးတုန်းက စုပေက စုရှောင်ပေါင်ရဲ့ဘေးမှာထိုင်ပြီး သူတို့ပြိုင်တာကိုကြည့်နေရင်း အာလူးကြော်ဝါး‌နေတာဖြစ်တယ်။ သို့ပေမဲ့ အဲဒါက စုရှောင်ပေါင်ကို အနှောင့်အယှက်ဖြစ်စေတယ်။ ကောင်လေးက စိတ်ပျက်စွာပြောလာတာက သူမရဲ့တကျွတ်ကျွတ်ဝါးနေတဲ့ ဆူညံသံက သူ့လုပ်ဆောင်ချက်အပေါ် သက်ရောက်မှုရှိလုနီးပါးဖြစ်လာတယ်ဟူ၍ပင်။ အင်တင်တင်ဖြစ်‌နေသော်ငြား စုပေခမျာ ရွေးစရာမရှိတော့ဘဲ အောက်ထပ်ကိုဆင်းလာပြီး သူမ ဒီမနက်ကလေးတင် သင်ယူထားခဲ့တဲ့ ကကွက်လှုပ်ရှားဟန်တွေကို လေ့ကျင့်နေရတာဖြစ်တယ်။

"သိပ်အများကြီးမစားနဲ့လေ" ချင်ရှောက် စုပေရဲ့လက်ထဲကအာလူးကြော်ထုပ်ကို ပြည်သူပိုင်သိမ်းလိုက်တော့တယ်။

စုပေ : "..." နောက်ထပ်နှစ်ချပ်လောက်လေးပဲကို...

Mr.ချင်ကိုကြည့်ရင်း စု‌ပေ ရုတ်တရက် အကြံတစ်ခုရသွားတယ်။ သူမရဲ့မျက်ဝန်းတွေ ချက်ချင်းဆိုသလို တောက်ပသွားတော့တယ်။

ချင်ရှောက် : "သမီး အာလူးကြော်‌တွေထပ်စားလို့မရတော့ဘူးနော်"

"အဲ့တာမဟုတ်ပါဘူး" စုပေ ခေါင်းကိုခါပြီး မေးလိုက်တယ်။ "ဖေဖေ အခုအလုပ်များနေလားဟင်?"

ချင်ရှောက် : "မများပါဘူး, ဘာလို့လဲ?"

"ဖေဖေ့, သမီးတို့ အတူတူကနေတဲ့ဗီဒီယိုတစ်ခုလောက်ရိုက်လို့ရမလား?" ဒီအိုင်ဒီယာက ရုတ်တရက် စိတ်ကူးထပေါက်လာတယ်ဆိုသော်ငြား စုပေ အဲဒါကို တကယ်လုပ်ကြည့်ချင်တာဖြစ်တယ်။

ကမယ်? ဗီဒီယို?

Mr.ချင် မျက်ခုံးပင့်လိုက်မိတယ်။

အစက ချင်ရှောက်ထင်လိုက်တာက စုပေတစ်ယောက် သူမ ballroom dance လေ့ကျင့်နေတဲ့အချိန်ကို ဗီဒီယိုရိုက်ပေးစေချင်တာလို့ပဲ။ အဲ့ဒီအစား သူမက သူမရဲ့မိုဘိုင်းဖုန်းကိုထုတ်ပြီး ဗီဒီယိုတစ်ခုကိုဖွင့်ပြလာခဲ့တယ်။ "ဖေဖေ, ကြည့်ကြည့်, ဒီတစ်ခုလေ။ အရမ်းလွယ်တယ်မလား"

သူမအတန်းဖော်တွေရဲ့ထောက်ခံချက်ကျေးဇူးကြောင့် စုပေ မကြာသေးခင်ကမှ သူမရဲ့မိုဘိုင်းဖုန်းထဲက ဗီဒီယိုအတိုလေးတစ်ခုကို စိတ်စွဲနေခဲ့တယ်။ အခု သူမ Mr.ချင့်ကိုပြလိုက်တဲ့ဟာက သူမ အကြိုက်ဆုံးဗီဒီယိုတွေထဲကတစ်ခုဖြစ်တယ်။ အဲဒါက အဝါရောင်ဘဲဝတ်စုံကြီးကို ဝတ်ထားတဲ့လူတစ်ယောက်က ကင်မရာရှေ့မှာက‌နေတာဖြစ်တယ်။ ပျော်စရာကောင်းပြီး စည်းချက်ချတဲ့နောက်ခံတေးဂီတကို တွဲဖက်တီးခတ်ထားပြီး ရိုးရှင်းတဲ့ ခေါင်းမှလက်လှုပ်ရှားမှုက ၎င်းဗီဒီယိုကို နည်းနည်းမိုက်တဲ့ပုံပေါက်စေခဲ့တယ်။

ဒါက ဒီတိုင်း...

အဝါရောင်ဘဲဝတ်စုံကြီးကိုကြည့်ပြီး Mr.ချင်ရဲ့မျက်ဝန်းတွေထဲမှာ မနှစ်မြို့မှုတွေ ဖြတ်ပြေးသွားရတော့တယ် : ဒါကြီးက ဘာကြီးတုန်းဟ?

စုပေ : "ဖေဖေ ဘယ်လိုလဲ? မိုက်တယ်မလား?"

ချင်ရှောက် : "..." ပထမဆုံးအကြိမ်အ‌နေနဲ့ မျိုးဆက်ကွာဟမှုကို သူခံစားလိုက်ရပြီ။

"ဖေဖေ, သမီးနဲ့ဗီဒီယိုတစ်ခုလေးပဲရိုက်ပေးပါနော်။ အရမ်းလွယ်ပါတယ်။ တစ်မိနစ်, အိုး မဟုတ်ဘူး, မိနစ်ဝက်လောက်ဆိုရင်ကို အိုကေပါတယ်နော်" စုပေက Mr.ချင့်ကို စိတ်အားထက်သန်စွာကြည့်နေမိတယ်။ သူမရဲ့မျက်နှာထားက အနူးအညွတ်‌မေတ္တာရပ်ခံမှုအပြည့်နှင့်ပင်။

ချင်ရှောက် : သူ ဒီအားလပ်ရက်အတွင်း ကလေးတွေအတွက် အချိန်ဇယားတွေပိုစီစဉ်ထားပေးသင့်လား? အဲ့လိုမှမဟုတ်ရင် သူတို့က အိမ်မှာအရမ်းပျင်းပြီး ဒီခေတ်စားနေတယ်ဆိုတဲ့ဗီဒီယိုတွေကြောင့် အဆိပ်တွေတက်နေကြတာ။

"ဒါမှမဟုတ် နောက်ဆုံးစာမေးပွဲအတွက် သမီးရဲ့ဆုကိုသုံးလို့ရမလား?" စုပေ နောက်ဆုံးတော့ သူမရဲ့နောက်ဆုံးအပေးအယူတစ်ခုနဲ့ ခြိမ်းခြောက်လိုက်‌တော့တယ်။ သူမ အံကိုကြိတ်ပြီး ထပ်ပြောလိုက်တယ်။ "နှစ်ကူးလက်ဆောင်ပါပေါင်းပြီးတော့လေ"

ချင်ရှောက် : "ဒီတစ်ခါပဲနော်"

စုပေ : "ဟုတ်! ခဏ‌လေးနော်, သမီး ဖုန်းအရင်ဆင်လိုက်ဦးမယ်။ ဖေဖေ့ကုတ်အင်္ကျီ သမီးကိုပေး, သမီးသွားချိတ်လိုက်မယ်, ဟဲဟဲ"

...

အဆုံးမှာတော့ Mr.ချင်က သူ့သမီးလေးနဲ့ ကင်မရာရှေ့မှာ ကလိုက်ရတော့တယ်။ ဗီဒီယိုရိုက်ပြီးသွားတဲ့နောက် စုပေ သူ့မိုဘိုင်းဖုန်းကို ကျေနပ်အားရစွာ ဆုပ်ကိုင်ထားရင်း သူ့အခန်းထဲပြန်ဝင်လာခဲ့တယ်။

---

အဲ့ဒီညမှာ စုပေက သူမရဲ့ homepage ပေါ်မှာ ၄၉ စက္ကန့်စာ ဗီဒီယိုအတိုလေးတစ်ခုကိုတင်ခဲ့တယ်။ ဗီဒီယိုထဲမှာ စုပေနဲ့ Mr.ချင်က ဘေးချင်းယှဥ်ရပ်နေကြပြီး သံစဉ်အလိုက် စတင်က‌နေကြတယ်။ ဒီဟာက သူမ စောနက ပြလိုက်တဲ့ခေတ်စားနေတဲ့ဗီဒီယိုထဲကနဲ့ တူညီတဲ့အကပဲဖြစ်‌ပေမဲ့ အနည်းငယ်ပြောင်းလဲမှုအချို့ ထည့်သွင်းထားတာဖြစ်တယ်။

အစပိုင်းမှာ Mr.ချင်ရဲ့လှုပ်ရှားမှုတွေက စုပေထက် စည်းချက်တစ်ဝက်စာလောက် ပိုနှေးနေပြီး အရှိန်လျှော့ဖို့ကြိုးစားနေသလိုဖြစ်‌နေခဲ့တယ်။ ပိုပြီးဂရုတစိုက်ကြည့်လိုက်မယ်ဆိုရင် Mr.ချင်ရဲ့မျက်နှာပေါ်မှာ ကူကယ်ရာမဲ့‌နေတဲ့အရိပ်အယောင်တစ်ခုကို မြင်နိုင်မှာဖြစ်တယ်။

သို့ပေသိ အံ့ဩဖို့ကောင်းတာက အဲ့ဒီဗီဒီယိုက ဘယ်လိုကြီးမှန်းမသိလောက်အောင် ထူးဆန်းနေတဲ့ပုံပေါက်မနေတာပဲ။ Mr.ချင်က နေ့အချိန်အတွင်း အလွန်အရေးကြီးတဲ့ ထိပ်သီးအစည်းအဝေးတစ်ခုတက်ရောက်ရန် ဝတ်ဆင်ထားတဲ့ သင့်တော်တဲ့ business suit နဲ့ဖြစ်တယ်။ အခြားတစ်ဖက်မှာ‌တော့ စုပေက ချစ်စရာကောင်းတဲ့အ‌မွှေးပွညဝတ်အင်္ကျီနှင့်အတူ ခေါင်းပေါ်မှာ ကြောင်နားရွက်တွဲဖက်ပစ္စည်းတွေကို ဝတ်ဆင်ထားခဲ့တယ်။ သူမပုံစံက အလွန်ပေါ့ပါးပြီး ချစ်စရာကောင်းလှတယ်။ သူတို့တွေကလည်း အလွန်တရာ ကွဲပြားခြားနားစွာ လှုပ်ရှား‌နေခဲ့ကြတယ်-- စုပေရဲ့လှုပ်ရှားမှုတွေက သွက်လက်တက်ကြွ‌နေချိန်မှာ Mr.ချင်က‌တော့ အလွန်တရာ ဖိနှိပ်ချုပ်ချယ်ခံထားရပြီး စိတ်ထိန်းထားရတဲ့ပုံပေါက်နေခဲ့တယ်။

အသိသာကြီးကို ဒီနေရာမှာ ကြီးမားတဲ့ဆန့်ကျင်ဘက်တစ်ခုရှိနေတယ်ဆိုပေမဲ့ အဲဒါက ပွဲကြည့်ပရိသတ်ကို ထူးဆန်းသလိုခံစားရတာမျိုး ဒါမှမဟုတ် ပျင်းသွားတာမျိုး လုံးလုံးမဖြစ်သွားစေဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ဗီဒီယိုက တအားစိတ်ဝင်စားစရာကောင်းပြီး ရယ်စရာကောင်းနေခဲ့တယ်။

၎င်းဗီဒီယို အွန်လိုင်းပေါ်တက်လာလာချင်းပဲ လူတွေအများကြီးက comments section ကို ဖုံးလွှမ်းသွားကြတော့တယ် :

[OMG! ငါ ဘာ‌တွေမြင်နေရတာတုန်းဟ! ငါပျင်းနေတာနဲ့ အခုလေးတင် ဖိုရမ်မှာဟိုကြည့်ဒီကြည့်လုပ်‌‌နေမိတာ, ဒါပေမဲ့ တကယ်ကြီး ဒီလိုအဖိုးတန်ရတနာတစ်ခုကို တွေ့လိုက်ရပြီပေါ့!]

[ဒါ-ဒါက, တကယ် ဥက္ကဌချင်အစစ်ကြီးလား? မျက်နှာပြောင်းတဲ့ပရိုဂရမ်တစ်ခု မင်းသုံးထားတာများလား?]

[ဘုရား‌ရေ, ဒါဆို Mr.ချင်မှာလည်း ဒီလိုအခြမ်းရှိသေးတယ်ပေါ့။ ဒါကြီးက သတင်းနဲ့ ကောလဟာလတွေနဲ့ လုံးဝတစ်ခြားစီပဲ]

[Mr.ချင်က တအားတော်တာပဲ]

[မဟုတ်ဘူး, Mr.ချင်က Mr.ချင် ဖြစ်နေတုန်းပဲ။ သူ့သမီးလေးကသာ special treatment ရထားတာလေ]

[Aaaaaaaah!!! စုပေရဲ့အဖေက သောက်ရမ်းချောတယ်ဟာ!]

[ဒီဗီဒီယိုက အရမ်းချစ်စရာကောင်းတယ်]

[မနာလိုစရာကောင်းလိုက်တာ။ ငါလည်း ငါနဲ့အတူကပေးမယ့်အဖေတစ်ယောက်လိုချင်တယ်လို့။ သေချာပေါက်, သူက ရုပ်ချောဖို့လည်းလိုတာပေါ့!]

[ငါ့အဖေရဲ့ဗိုက်ပူပူကြီးကို ငါလုံးဝအထင်မ‌သေးပါဘူး။ ဒါပေမဲ့ သူ့ကို ငါနဲ့ကခိုင်းလိုက်မယ်ဆိုရင် သူငါ့ကို ဧဝရက်တောင်ပေါ်အထိ ပြန်ကန်ထုတ်ပစ်လိုက်လိမ့်မယ်လို့ ငါထင်တယ်]

[ဒီဗီဒီယိုကို ၂၄ ကြိမ်မြောက်ကြည့်ပြီးသွားပြီ, ရပ်လို့လည်းမရ‌ဘူး။ ငါဘာလုပ်သင့်လဲ?]

...

ဒုတိယထပ်မှာ အခုလေးတင် ပြိုင်ပွဲပြိုင်ပြီးသွားတဲ့ စုရှောင်ပေါင်ကလည်း ၎င်းဗီဒီယိုကိုကြည့်ပြီး စိတ်မကောင်းဖြစ်သွားခဲ့တယ် : စုပေက သူတို့ကထားတဲ့ဗီဒီယိုကိုလည်း သိမ်းထားတာ အသိသာကြီးပဲကို, ဒါဆို ဘာလို့ သူက အဲ့လူကြီးနဲ့ဟာတစ်ခုတည်းကိုပဲ တင်ရတာလဲ?

မကြာခင်မှာပဲ ဗီဒီယိုတစ်ခုကို စုရှောင်ပေါင်ရဲ့ homepage ပေါ်မှာတင်လိုက်‌တော့တယ်။ အဲဒါက လူနှစ်ယောက်ကနေတဲ့ ခပ်ဆင်ဆင်ဗီဒီယိုတစ်ခုပဲဖြစ်တယ်။ သို့ပေသိ ဒီတစ်ခေါက်မှာတော့ ဇာတ်လိုက်တွေက သူနဲ့ စုပေပဲဖြစ်တယ်။

အဲ့ဒီဗီဒီယိုကို မနေ့တုန်းက အိမ်မှာရိုက်ထားတာဖြစ်တယ်။ အမွှာနှစ်ယောက်က ဆင်တူအမွှေးပွညဝတ်အင်္ကျီတွေကို ဝတ်ဆင်ထားခဲ့ကြတယ်--စုရှောင်ပေါင်က နက်ပြာရောင်ဖြစ်ပြီး စုပေက ပန်းရောင်ဖျော့ဖျော့ဖြစ်ကာ--ကြောင်လက်ဖဝါးလက်အိတ်တစ်စုံစီကို ဝတ်ဆင်ထားခဲ့ကြတယ်။ Mr.ချင်ပါတဲ့ဗီဒီယိုလိုမျိုး ရယ်စရာကောင်းပြီး ချစ်စရာကောင်းတဲ့ပုံစံနဲ့မတူဘဲ အတိုင်းသားကွာခြားနေကာ စုပေနဲ့ စုရှောင်ပေါင်တို့က အလွန်ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့အပြင် သူတို့ရဲ့လှုပ်ရှားမှုတွေက တကယ့်ကို စည်းချက်ကျလှတယ်။

Comment section နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာပြန်တယ် :

[မေမေရေ, အား! ဒီနေ့က ဘာနေ့မို့လို့ အဖိုးတန်ရတနာကြီးနှစ်ခုက တစ်ခုပြီးတစ်ခုထွက်လာရတာတုန်း]

[ဒီဗီဒီယိုကို ငါတကယ်ကြိုက်တယ်!]

[သခင်လေးစုနဲ့ စုပေရဲ့လှုပ်ရှားမှုတွေက တအားစည်းချက်ကျတာပဲ]

[ဟားဟား, ပြောစရာမရှိ‌လောက်အောင်ပါပဲ။ နောက်ဆုံးကျတော့ သူတို့ကအမွှာတွေပဲလေ]

[သခင်လေးစုက ကျောင်းမှာ သောက်ရမ်းမိုက်တဲ့အပြင် မမျှော်လင့်ပဲ ဒီလိုချစ်စရာကောင်းတဲ့အခြမ်းလေးလည်း ရှိသေးတယ်ပေါ့။ ချစ်စရာလေးပါကွာ]

[အဲ့လိုဆိုရင်တောင်မှ ငါကတော့ စောနက Mr.ချင်နဲ့ဗီဒီယိုကို ပိုကြိုက်နေတုန်းပဲ။ ချစ်စရာကောင်းတဲ့ဒီဂရီတော့ နည်းနည်းကွာတာ‌ပေါ့လေ]

[ရွေးချယ်တယ်ဆိုတာက မူလတန်းကလေးတွေအတွက်ပဲ။ ဂျူနီယာအထက်တန်းကျောင်းသူတစ်‌ယောက်အနေနဲ့ ငါကတော့ နှစ်ခုလုံးယူမှာ!]

[Mr.ချင်က သခင်လေးစုရယ်၊ စုပေရယ်နဲ့ အတူတူကတာကိုမြင်ချင်တာ ငါတစ်ယောက်တည်းလား?]

[ငါရောပဲ]

[+1]

...

မကြာခင်မှာပဲ တစ်စုံတစ်ယောက်က ဗီဒီယိုတွေပေါ်အခြေခံပြီး chibi ပုံနှစ်ပုံကိုဆွဲကာ ၎င်းတို့အား ဖိုရမ်ပေါ်တင်လိုက်တယ်။ တစ်ပုံက စုပေနဲ့ စုရှောင်ပေါင်တို့ ကြောင်လက်ဖဝါးလေးတွေနဲ့ဖြစ်ပြီး နောက်တစ်ပုံကတော့ Mr.ချင်နဲ့ စုပေတို့ ကနေတဲ့ပုံဖြစ်တယ်။

စုပေ ပုံတင်လိုက်တဲ့သူကို ကျေးဇူးတင်ခဲ့ပြီး ပုံနှစ်ပုံစလုံးကို သိမ်းထားလိုက်တယ်။ ခက်ခက်ခဲခဲစဉ်းစားပြီးတဲ့နောက် စုပေ နောက်ဆုံး‌မှာ စုရှောင်ပေါင်နဲ့ပုံကို screensaver အဖြစ်ထားလိုက်ပြီး Mr.ချင်နဲ့ပုံကို‌တော့ wallpaper အဖြစ်ထားလိုက်တယ်။

ဗီဒီယိုတွေက မကြာမီခင်မှာပဲ ခေတ်စားလာခဲ့တယ်။ ပိုပိုလျှံထွက်လာတဲ့ comment တွေက အောက်ပါအတိုင်းဖြစ်တယ် :

[စုပေရဲ့ညဝတ်အင်္ကျီကို ငါအွန်လိုင်းမှာရှာလို့မတွေ့ဘူး။ တွေ့တဲ့သူရှိရင် ကျေးဇူးပြုပြီး share ပေးကြပါ]

[ငါလည်း ဆင်တူတာတွေကိုပဲတွေ့တယ်]

[အားလုံးပဲ, ငါ စုပေရဲ့ကြောင်လက်ဖဝါးကို အွန်လိုင်းမှာရှာတွေ့သွားပြီ]

[ကျေးဇူး, ဘရို။ ငါ အခုပဲသွားဝယ်လိုက်တော့မယ်]

[Bah, ကြောင်လက်ဖဝါးလက်အိတ်တွေက အရေးကြီးတယ်လို့များ နင်ထင်နေသလား? ငါလိုချင်တာက ငါနဲ့ကပေးမယ့်အစ်ကို‌ချောချောလေးတစ်ယောက်ဟဲ့]

[အစ်ကိုချောချောလေးတဲ့လား? ငါ့မှာမရှိတာကလည်း အဲ့ဒီလှတယ်ဆိုတဲ့မျက်နှာပဲ]

...

လူတွေက ဗီဒီယိုတွေကို သိမ်းထားလိုက်ကြပြီး အဲဒါတွေကို တစ်ခြားသူတွေဆီသို့ ထပ်ဆင့်ပေးပို့လိုက်ကြတယ်။ မကြာခင်မှာပဲ Mr.ချင်ကိုသိကြတဲ့ CEO နဲ့ ဥက္ကဌအတော်များများကလည်း အဲဒါကိုမြင်သွားခဲ့ကြတယ်။ သူတို့အရမ်းကိုအံ့သြသွားရတော့တယ် : Mr.ချင်က အဲ့လောက်ကြီး ကြောက်စရာကောင်းတဲ့ပုံလည်းမပေါက်ပါဘူး။

သို့သော် သိပ်မကြာခင်မှာပဲ Mr.ချင်က သူ့ရဲ့ပုံမှန်လုပ်ဆောင်ချက်တွေကိုသုံးပြီး သူဟာ အရင်က Mr.ချင်အတိုင်း တစ်ထပ်တည်းဖြစ်‌နေဆဲပဲဆိုတာကို အလျင်အမြန် သက်သေပြလာခဲ့တယ်။

20.8.2021

Friday

_____

Thanks 🌹



Continue Reading

You'll Also Like

18.9K 1.4K 51
Manhua Adaptation of The Man from Hell novel
934 69 3
" ရန္အာ ... မင္းရဲ့ က်င့္ႀကံမႈက ဘာအတြက္လဲ " " ဆရာ့ကို ကာကြယ္ဖို႔ပါ " ထိုစကားေၾကာင့္ ခနတိတ္ဆိတ္သြားၿပီး ခပ္ဖြဖြ ရယ္လာျခင္းေၾကာင့္ သူမစကားအား အေလးအနက္...
2.9M 265K 42
ခ်စ္ျခင္းေမတၱာ အေၾကာင္း လာေဆြးေႏြးတဲ့အခါ.... ယံုၾကည္မႈေတြလိုအပ္ေၾကာင္း ကိုယ္ျပန္သင္ေပးပါရေစ.... ချစ်ခြင်းမေတ္တာ အကြောင်း လာဆွေးနွေးတဲ့အခါ.... ယုံကြည်...
696K 72.6K 99
Description လျောင်ချင်းချင်းနိုးလာတဲ့အခါနှစ်သက်ခြင်းမခံရတဲ့ဇနီးငယ်လေးအဖြစ်ကူးပြောင်းသွားတယ်။ အင်ပါယာနန်းတော်ထဲဝင်ပြီးနောက် မနှစ်သက်ခံရတဲ့လျန်ရိတစ်ယော...