Witnessing To The MaNaw Land_...
By DiDi_0410
6.7K 477 188
မနောတိုင်များအား သက်သေတည်ပါတယ်... ချစ်ရသူအနား ခစားခွင့်ပြုပေးပါ... မေနာတိုင္မ်ားအား သက္ေသတည္ပါတယ္... ခ်စ္ရသူအ... More
Intro ( Uni )
အပိုင်း - ၁ ( Uni + Zaw )
Intro ( Zaw )
အပိုင်း - ၂ ( uni )
အပိုင်း - ၂ ( Zaw )
အပိုင်း -၃ ( Uni )
အပိုင်း -၃ ( Zaw )
အပိုင်း - ၄ ( uni )
အပိုင်း - ၄ ( Zaw )
အပိုင်း - ၅ ( uni )
အပိုင်း - ၅ ( Zaw )
အပိုင်း - ၆ ( uni )
အပိုင်း - ၆ ( Zaw )
အပိုင်း - ၇ ( uni )
အပိုင်း - ၇ ( Zaw )
အပိုင်း - ၈ ( uni )
အပိုင်း - ၈ ( Zaw )
အပိုင်း - ၉ ( uni )
အပိုင်း - ၉ ( Zawgyi )
Please Read ‼️
အပိုင်း ၁၀ ( uni )
အပိုင်း - ၁၀ ( Zawgyi )
အပိုင်း - ၁၁ ( Uni )
အပိုင်း - ၁၁ ( Zaw )
အပိုင်း - ၁၂ ( Uni )
အပိုင်း - ၁၂ ( Zaw )
အပိုင်း - ၁၃ ( Zaw )
အပိုင်း - ၁၄ ( Uni + Zaw )
အပိုင်း - ၁၅ ( Uni + Zaw )
အပိုင်း - ၁၆ ( Uni + Zaw )
အပိုင်း - ၁၇ ( Uni + Zaw )
အပိုင်း - ၁၈ ( Uni + Zaw )
‼️ D Day ‼️
အပိုင်း - ၁၉ ( Uni + Zaw )
အပိုင်း - ၂၀ ( Uni + Zaw )
အပိုင်း - ၂၁ ( Uni + Zaw )
အပိုင်း - ၂၂ ( Uni + Zaw )
Happy Birthday to Me \(๑╹◡╹๑)ノ♬
အပိုင်း - ၂၃ ( Uni + Zaw )
အပိုင်း - ၂၄ ( Uni + Zaw )
အပိုင်း - ၂၅ ( Uni + Zaw )
Happy Thadingyut Everyone🎉✨
အပိုင်း - ၂၆« ဇာတ်သိမ်းပိုင်း »( Uni + Zaw )
ကျေးဇူးတင်လွှာ { ေက်းဇူးတင္လႊာ }
Extra for Christmas {{ Wedding Ceremony }}
Please
အပိုင်း - ၁၃ ( Uni )
137 15 4
By DiDi_0410
ဧကတို့ စံအိမ်ပြန်ရောက်ချိန်တွင် မိုးချုပ်နေပြီဖြစ်သလို အကုန်လုံးလဲ ခရီးပန်းနေကြလေပြီ ။ စံအိမ်ရောက်သည်နှင့် ကိုယ်စီအခန်းဝင်ကာ ရေမိုးချိုးပြီးကာမှ ညစာစားကြရန် ဆင်းလာကြသည် ။ ယနေ့ညစာအတွက် ကချင်အမဲသားထောင်းနှင့် ဟင်းနုနွယ်ရွက်ကြော် ၊ ချဉ်ပေါင်ဟင်းချိုနှင့် ဆေးကြက်ဥပြုတ်တို့ကို ပြုလုပ်ထားသည် ။
ကချင်အမဲသားထောင်းကိုပြုလုပ်ရန် ပထမဦးစွာ အမဲခြောက်ကို အသားနွာပြီး ကြက်သွန်ဖြူ ၊ ဂျင်း ၊ ရှမ်းနံနံ ၊ ပဲပုတ် ၊ ဖက်ဖယ်ရွက် ၊ ငရုတ်သီးစိမ်းနှင့် ပင်စိမ်းတို့ကို ရောနှောကာ ထောင်းရသည် ။ ကျေညက်စွာထောင်းအပြီးတွင်တော့ ပန်းကန်ထဲထည့်ကာ သံပုရာသီးလေးညှစ်လိုက်ရုံဖြင့် ချဉ်ချဉ်စပ်စပ်နှင့် နှုတ်မြိန်လှသော ကချင်အမဲသားထောင်းကို လွယ်ကူစွာပြုလုပ်နိုင်သည် ။
ဆေးကြက်ဥပြုတ်ကတော့ ထမင်းမစားချင်ပါက ညဘက်အဆာပြေစေရန် ပြုလုပ်ပေးထားခြင်းပင် ။ ဆေးကြက်ဥပြုတ်အား ကချင်ပြည်နယ်မှထွက်သော ဆေးဘက်ဝင်သော သစ်ဥသစ်ဖုများဖြင့်ပြုလုပ်ထားသဖြင့် ဆေးဖက်ဝင်သလို အရသာလဲပြည့်စုံလှသည် ။
ဧကတို့ကညစာစားကြပေမယ့် ထွေးကတော့ မစားဘဲ ဆေးကြက်ဥပေါင်းနှင့်သာ ပြီးဆုံးလိုက်သည် ။
•••••••••••••••••••••••••••••
ထမင်းစားသောက်ပြီးချိန်တွင်တော့ ဦးစိုင်းနှင့်နှောင်းဝေက ဥယျာဉ်ထဲကို ဆင်းသွားကြသည် ။ ထွေးသည်လဲ နားတော့မယ် ဟုဆိုကာ အခန်းထဲဝင်သွားတော့သည် ။ ထမင်းဝိုင်းတွင်ကျန်နေခဲ့သည်မှာ ရဂွန်းနှင့်ဧကနှစ်ယောက်သာ ....။
ဟူ့ကိုစကားပြောချင်ပေမယ့် ဘယ်ကစရမယ်မှန်း ဧကမသိ ။ ဖွင့်ပြောခဲ့ခြင်းကြောင့် သူနဲ့ကိုယ်ကြားမှာစည်းတခုခုခြားနေသလိုပင် ။
ဟူ သည်လဲ ထိုင်ရာကမထ...။ အကယ်၍ သင်သာ ယခုအချိန်တွင် ဤအခန်းထဲဝင်လိုက်မ်ိပါက ကြက်သီးထဖွယ်ကောင်းလှသည့် တိတ်ဆိတ်ခြင်းနှင့်အေးစက်မှုကို မလွှဲမသွေခံစားရပေမည် ။
နာရီလက်တံတွေလည်နေသလို နှောင်းဝေနှင့်ဦးစိုင်းသည်ပင် အခန်းထဲပြန်ဝင်သွားကြလေပြီ ။ ဧကတို့နှစ်ယောက်မှ ထိုပုံစံအတိုင်း ထိုင်ဆဲ....။ နောက် 10 မိနစ်အကြာ....ဆက်ထိုင်ဆဲ ။ 15 မိနစ်အကြာ...ဆက်ပြီးကိုထိုင်နေဆဲ ။ နောက်ဆုံးတွင်တော့ နေရခက်မှုကို ဧက ကသာဖြိုခွင်းလိုက်တော့သည် ။
" ဟူ... ကိုယ်ရေကူးကန်သွားလိုက်ဦးမယ် "
" ဒီမှာရေကူးကန်ရှိတာလား ခြံထဲမှာမတွေ့မိပါဘူးရော....။ "
ဘာမှမသိသည့်ကလေးလေးတယောက်သဖွယ် မေးမြန်းလာသည့် ဟူ သည် တောက်ပနေသောမျက်ဝန်းများကြောင့် သူဘာလုပ်ချင်နေသည်ကို ထင်ရှားစွာဖော်ပြနေလေသည် ။
" အွန်း.... ရှိတယ် ဟူ ရဲ့ ။ ခြံထဲမှာမဟုတ်ဘူး ခေါင်မိုးထပ်မှာ လိုက်ကြည့်ချင်လား...။"
"  တကယ် လိုက်ကြည့်လို့ရလား....။"
ဧကခေါင်းငြိမ့်ပြသည်နှင့် ပြုံးပျော်နေသောမျက်နှာလေးနှင့်အတူ ထရပ်ကာ ဧကနားကိုရောက်လာလေသည် ။ အခွင့်အရေးဆိုတာ ယူတတ်ရင် အကုန်ယူရတယ် ဆိုတဲ့ ဆောင်ပုဒ်အရ အနားရောက်လာသော ဟူ့ရဲ့လက်သွယ်သွယ်တွေကို ဆွဲကိုင်လိုက်ကာ လှေကားပေါ်ပြေးတက်လိုက်သည် ။
ဧက၏ စံအိမ်သည် အိမ်ကြီးသပ်သပ်တင် ၆၀'×၈၀' အကျယ်ရှိသည် ။ ခြံပါပါက ၁ ဧကအထိကျယ်ဝန်းသည် ။ သုံးထပ်ဖြစ်၍ အပေါ်ဆုံးအထပ်မှာတော့ ဒါဘာသဏ္ဍာန် ဟင်းလင်းဖွင့်ကာ ရေတံခန်အသေးစားလေး  ၊ ရေကူးကန်နှင့်ပန်းခြံအသေးစားလေးကိုပြုလုပ်ထားသည် ။ ဒုတိယထပ်တွင်တော့ အိပ်ခန်း ၃ ခန်းနှင့်စာကြည့်ခန်းသာရှိသည် ။
ဧကရဲ့အိပ်ခန်းမှာအကျယ်ဆုံးဖြစ်ကာ ပေ ၂၀ ပတ်လည်ရှိသည် ။ ‌ထွေးရဲ့အိပ်ခန်းနှင့် ဧည့်အိပ်ခန်းက ၁၅ ပေစီကျယ်ဝန်းသည် ။ စာကြည့်ခန်းကတော့ ၁၀ ပေပတ်လည်သာ ထားရှိသည် ။
အောက်ထပ်တွင်သော ကျယ်ဝန်းလှသောဧည့်ခန်းနှင့် မီးဖိုချောင် ၊ ထမင်းစားခန်းတို့ ရှိသည် ။ ဧကတို့၏ ဖေဖေနှင့်မေမေတို့သည် မြစ်ကြီးနားကို လာရောက်ခြင်းသိပ်မရှိကြပေ ။ လာသည့်အခါတွင်လဲ နေ့ချင်းပြန်သဘောမျိုး လေယာဉ်ဖြင့်သာလာသောကြောင့် စံအိမ်ကိုစဆောက်ကတည်းက အိပ်ခန်းကို သုံးခန်းသာထည့်ခဲ့ခြင်းဖြစ်သည် ။
ရေကူးကန်နားရောက်သည်နှင့် ရဂွန်းသည် ဧက၏ဘေးမှပြေးထွက်သွားတော့သည် ။ နူးညံ့လှသောလက်တစ်စုံသည် သူ့လက်အတွင်းမှကွယ်ပျောက်သွားခြင်းကို ဧကကျင့်သားမရပေ ။ ထို့ကြောင့်အလျင်အမြန်သာပြေးလိုက်မိတော့သည် ။
•••••••••••••••••••••
ရေကူးကန်အတွင်းမှရေစက်များက ဘောင်ဘင်ခတ်လျက် ရေမှန်ုရေမွှားတို့သည် ဘေးကြမ်းပြင်အထိ လွင့်စင်ကုန်ကြသည် ။ ရေကူးကန်အတွင်းရှိအရိပ်တခုမှာတော့ မှန်မှန်သာကူးခတ်လျက် ကိုယ်ခန္ဓာအားအလုပ်ပေးနေလေသည် ။
ရဂွန်းကန်ဘောင်ပေါ်မှာထိုင်ရင်း ရေကူးနေသော ဧကကို ကြည့်နေမိသည် ။ ဧကသည်အမှန်တကယ်ပင် ယောကျာ်းပီသသောသူတယောက်ပင် ။ လှပသော V Shape ‌ကိုယ်ထည်ကောက်ကြောင်း ၊ တောင့်တင်းလှသည့် ကြွက်သားစိုင်များ ၊ ရေစိုနေသဖြင့် sexy ကျလွန်းနေသော ဆံပင်များ ၊ အခြားအရာများကြားတွင် ထူးဆန်းလှပါသော အစိမ်းရောင်မျက်ဝန်းများသည် လူတိုင်းကိုညို့ယူဖမ်းစားနိုင်လောက်ပေသည် ။
ထိုကဲ့သို့သောလူက မိမိအား propose လုပ်ထားသည်ကိုတွေးမိတော့ ရင်တွေပါတုန်ဘာသလိုပင် ။ မကွယ်မဝှက်တမ်းဝန်ခံရလျှင် ရဂွန်းရင်ခုန်မိပါသည် ။ သို့သော်သူတို့သည် ယောကျာ်းနှစ်ဦးဖြစ်နေခဲ့သည် ။ ထောက်ထားရမည့် အရာများနှင့်ပတ်ဝန်းကျင်၏ဖိအားများကလဲ ရှိသေးသည် ။ ထို့ကြောင့် ဧကအားပြန်ဆန်းစစ်စေခြင်း... ရဂွန်းသည် ပျော့်ညံ့နေခြင်း ၊ အနာဂတ်အားတွေးပူနေခြင်းတော့ မဟုတ်ခဲ့ပါ ။ ပင်ပန်းကြမ်းတမ်းတဲ့ခရီးတခုကို လျှောက်ရန်ပြင်ပြီဆိုပါက ကိုယ်တိုင်အရင်ပြင်ဆင်ရပေလိမ့်မည် ။ ထို့သို့ပြင်ဆင်ရန် အချိန်လိုအပ်သည်ကို သိသောကြောင့် အချိန်တခုသတ်မှတ်လိုက်ခြင်းသာ....။
ဧက ရေကူးခြင်းကိုခနနားကာ ဟူ့အားကြည့်မိတော့ အတွေးထဲနှစ်မျောနေသည့် သူသည် လှပလွန်းလှသည် ။ ဧကဒီမှာရှိနေမည့် အချိန်တိုအတွင်း ရဂွန်း၏ရင်ထဲဝင်နိုင်အောင်ကြိုးစားရမည်ဟုတွေးလိုက်မိသည် ။
ထို့နောက် ရဂွန်းအားအခန်းပြန်ပို့ကာ နောက်တနေ့ခရီးစဉ်အတွက် မျက်လုံးများကိုမှိတ်လိုက်တော့သည် ။
* မနောမြေအား သက်သေတည်လျက် *
အပြင်ရောက်နေတာဆိုတော့ ခါတိုင်းရေးနေကျထပ် မဆိုစလောက်လေးတိုသွားတယ် (*´ω`*)
#Vote and comments ><
~~TBC
Continue Reading
You'll Also Like
2.1M 241K 187
1.3M 150K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
2.1M 202K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...
115K 9.4K 19
ချစ်ရသူကိုကိုယ့်ကောင်လေးလို့ မြတ်မြတ်နိုးနိုးခေါ်တက်တဲ့ လမိုက်လွှမ်းည တစ်ဖက်သတ်ချစ်နေတဲ့ အကိုကြီးကို ငအူစာရင်းသွင်းပြီးအောင်သွယ်တော်လုပ်ပေးတဲ့ အိမ်ဝ...