Unicode_
နောက်ကျောကဓါး(ရင်တွင်းရှိုက်သံ)
အပိုင်း(13)
ထက််မြတ်လျှံလဲ သီဟကျော်အနားလျှောက်
သွားကာ ပုခုံးပေါ်လက်တင်လိုက်ပြီး။
"စိတ်လျော့ပါကလေးရယ်..."
သီဟကျော်လဲ ထက်မြတ်လျှံအားလှည့်ကြည့်
လိုက်ကာ
"ပြန်တော့"
"ကလေးကလဲ ကလေးစိတ်ပြေသွားအောင်
ကလေးနဲ့အတူတူအိပ်ပေးမယ်လေ"
"ဓါးကခင်ဗျားအတွက်ဖြစ်သွားလိမ့်မယ်"
"ကြောက်တောင်ကြောက်လာပြီ ကိုယ်တောင်ဓါးကိုင်ပြီးအဲ့လိုပြောရလောက်အောင်
သတ္တိမရှိဘူး"
"ထဘီဝတ်ထားမလား?"
"ကိုယ်တော်ရမဲ့ယောကျာ်းကိုအဲ့လိုမပြောရဘူးလေ ငရဲကြီးတက်တယ်နော်"
"လျှာရိုးမရှိတိုင်းလျှောက်ပြောမနေနဲ့
ဘာလဲသေချင်နေလို့လား?"
"ကလေးလက်နဲ့သတ်ရင်ကျေကျေနပ်နပ်ကြီး
အသေခံလိုက်မယ် ဘာလို့လဲဆိုတော့
ကလေးကိုအရမ်းချစ်လို့"
"အချစ်ဆိုတဲ့အရာကိုမယုံဘူး မယုံဘူးဆိုတာ
ထက်မယုံကြည်တော့တာ"
"မကောင်းတဲ့သူအတွက်ကြောင့်နဲ့အဲ့လို
မပြောပါနဲ့ ကောင်းတဲ့ကိုယ့်လိုလူမျိုးကနစ်နာ
တယ်လေ"
"ကိုယ်ဘက်ကိုရပ်တဲ့လိပ်ပဲ"
"ကလေးသာကိုယ့်ရင်ခွင်ထဲဝင်လာခဲ့
ကောင်းကင်ကလမင်းကြီးကိုတောင်ယူပေး
နိုင်တယ်"
သီဟကျော်လဲ အနည်းငယ်ပြုံးလိုက်မိတယ်။
ကျွန်တော်လဲပြုံးနေတဲ့ကလေးရဲ့အပြုံးကို
ငေးကြည့်နေမိတယ်။
"ဘာကြည့်တာလဲ?"
"ကလေးရဲ့အပြုံးကအရမ်းချိုလွန်းတယ်
ပြီးတော့ရင်ကိုလဲအေးမြစေတယ်"
ဝေယံလဲ သက်ပြင်းချလိုက်ကာ
"တော်သင့်ပြီလို့ထင်တယ်"
"မင်းရှိနေသေးတာကိုး..."
"အေးလေ ငါညအိပ်မှာ"
"ရတယ်မင်းပြန်တော့ ငါကလေးနဲ့သားလေး
ကိုစောင့်ရှောက်လိုက်မယ်"
"ဒါဆိုစိတ်ချမယ်နော်သားရီး"
ကျွန်တော်လဲဝေယံအားမျက်စိတစ်ဖက်မှိတ်ပြ
လိုက်ကာ ပထုတ်လိုက်သည်။
"ခင်ဗျားလဲပြန်တော့"
"ပြန်ဘူး ဒီညဒီမှာအိပ်မှာ"
"အူကြောင်ကြောင်လာလုပ်မနေနဲ့"
"ဗိုက်ဆာလိုက်တာကလေးရာ ဘာဟင်းချက်
ထားလဲ?"
"ဘာမှမချက်ထားဘူး"
"လိမ်တယ်လူလိမ်လေး ထမင်းတစ်နပ်လေး
ကျွေးတာကိုး မွဲသွားမှာကျနေတာပဲ..ဟွန့်..."
မျက်စောင်းထိုးကာနောက်ဖေးထဲဝင်သွားတဲ့
ကိုထက်မြတ်လျှံကြောင့်ထွက်နေတဲ့ဒေါသ
တောင်ဘယ်ပျောက်သွားမှန်းမသိပေ။
ရှိုင်းသူရလဲ အိမ်အရောက်မေအားကုတင်ပေါ်
သို့တွန်းလိုက်သည်။
"အားးနာလိုက်တာ မေကိုဘာလို့တွန်းထုတ်
တာလဲ?"
"ငါ့အရှေ့မှာငါ့သားကိုဒုက္ခပေးမယ်လို့်မင်း
ပါးစပ်မို့လို့ပြောထွက်တယ်"
"မင်းတဲ့လား?ဘာလဲ အဲ့ကောင်နဲ့
ကလေးကိုအခုထိသံယောဇဉ်မပြတ်နိုင်သေး
ဘူးပေါ့"
"မင်းကြောင့်လေ"
"မေကြောင့်ဟုက်လား?မေဘာလုပ်နေလို့လဲ?"
ရှိုင်းသူရလဲ ဘောင်းဘီအိတ်ကပ်ထဲက
ဆေးကဒ်အားမေကိုပြလိုက်သည်။
"ဒါဘာလဲမေ"
"အားဆေးလေ အားနည်းရင်
မေသောက်နေကျ"
"ငါငတုံးမဟုက်သလို ပညာမတက်တဲ့ကောင်
လဲမဟုက်ဘူး "
"သိရင်ဘာလို့မေးနေသေးတယ်"
"ဘာလို့ကိုယ်ဝန်တားဆေးသောက်တာလဲ?"
"နောက်ကလေးယူဖို့ မေအားမရှိဘူး"
"သားသမီးဆိုတာအိမ်ထောင်ရေးကိုခိုင်မြဲစေတဲ့သံယောဇဉ်ကြိုးတစ်ချောင်းပဲ မင်းနားလည်ရဲ့လား? "
"နားလည်ပါတယ် ဒါပေမဲ့မေဘက်ကိုလဲပြန်
ကြည့်ပါအုံး"
"မင်းကိုငါတစ်နေ့တခြားစိတ်ပျက်လာတာ
အမှန်ပဲ"
မေလဲ ကိုရှိုင်းစကားကြောင့်အံသြသွားကာ
မေးခွန်းပြန်မေးလိုက်သည်။
"ဘာလဲဟိုကောင်ကိုပြန်တွေ့လိုက်တော့
စကားတွေရော ပြုမူတဲ့ပုံစံတွေရောချက်
ချင်းပြောင်းသွားတယ်နော်"
"ငါမှားခဲ့တာ ငါတဏှာစိတ်တစ်ခုထဲကြောင့်"
"မေကတော့မမှားဘူး မေကိုရှိုင်းကိုချစ်တယ်
ကိုရှိုင်းကမေဘဝအတွက်ပဲ"
"ငါချစ်ရတဲ့သူ ငါရဲ့သွေးသားရင်းကို တဏှာစိတ်တစ်ခုထဲကြောင့်စွန့်လွှတ်ခဲ့တာ ငါမှားသွား
ပြီ ငါမှားသွားပြီ"
"မှားလဲပြင်လို့မရတော့ဘူးကိုရှိုင်း။
ကိုရှိုင်းကမေယောကျာ်းပဲ ဒါကအမှန်တရား
ဘယ်တော့မှမပြောင်းလဲတဲ့အမှန်တရား"
"ငါကအဲ့အမှန်တရားကိုပြောင်းလဲမယ်ဆိုရင်
ရော"
မေလဲ ထရပ်လိုက်ကာ
"ပြောင်းရဲရင်ပြောင်းကြည့်လိုက်လေ
မတွေးထားတဲ့အရာတွေဖြစ်လာလိမ့်မယ်"
"မင်းငါ့သားကိုထိလို့ကတော့ မင်းကိုငါကိုယ်
တိုင်သတ်မှာ"
"အခုမှဖခင်တစ်ယောက်ရဲ့မေတ္တာတွေ
မြင်လိုက်ရသလိုပဲနော်"
"ရွဲ့မနေနဲ့မေ"
"မေကိုရှိုင်းကိုလက်လွှတ်အဆုံးရှုံးခံမှာ
မဟုက်ဘူး မေလူသတ်ရင်သတ်ရပလေ့စေ
ကိုရှိုင်းကိုတော့သူများလက်ထဲအပါမခံနိုင်ဘူး"
ရှိုင်းသူရလဲဘာမှမပြောတော့ဘဲအပေါ်ထပ်
သို့တက်သွားတော့သည်။
မေကတော့ကုတင်ပေါ်ပြန်ထိုင်ချလိုက်ကာ
အပေါ်ထပ်တက်သွားတဲ့ကိုရှိုင်းကိုသာ
မျက်စိတစ်ဆုံးငေးကြည့်နေလျက်။
"ကိုရှိုင်းဟိုကောင်ကိုသံယောဇဉ်မကုန်သေး
ဘူး ဘယ်လိုလုပ်ရမလဲ?ကိုရှိုင်းကိုပြန်မပေး
နိုင်ဘူး...ငါဘာလုပ်သင့်လဲ??"
မေကတော့ ရှိုင်းသူရကိုဆုံးရှုံးရမယ်ဆိုတဲ့
အသိနဲ့တင် ကြောက်လန့်နေတော့သည်။
သီဟကျော်လဲ ကြမ်းပြင်၌ဖျာခင်းပေးကာ
ခေါင်းအုံးချပေးလိုက်သည်။
"ခင်ဗျာကကြမ်းပြင်မှာအိပ် "
"ကလေးကရော"
"ကုတင်ပေါ်မှာအိပ်မယ်လေ"
"ကြမ်းပြင်ပေါ်မှာကိုယ်မှမအိပ်ဘူးသာ"
"အပိုတွေမပြောနဲ့...အိပ်တော့"
"တစ်ခုမေးလို့ရမလားကလေး"
"မေးလေ"
"တကယ်လို့ရှိုင်းသူရက ဒုတိယအကြိမ်
ပြန်လာရင်ရော လက်ခံမှာလား?"
ကိုထက်မြတ်လျှံစကားကြောင့်သွားမပေါ်အောင်ပြုံးလိုက်မိတယ်။
"ကျွန်တော်နွားမထိန်းတက်ဘူး"
"ဒါဆို..."
"ခြံခုန်သွားတဲ့နွားကို ပြန်ခေါ်ပြီးဘာလုပ်ရမှာ
လဲမြက်ခေါ်ကျွေးရမှာလား?"
"ခြံခုန်နွားလို့ပြောတာနည်းနည်းရိုင်းသလား
လို့"
"အဲ့ထက်ရိုင်းတဲ့စကားလုံးရှိရင်ပြောလိုက်
ချင်သေးတယ် အရှက်မရှိကြတဲ့ဟာတွေလေ"
"နည်းနည်းလေးတောင်သံယောဇဉ်မရှိတော့
ဘူးလား?"
"မရှိဘူး အရမ်းချစ်ခဲ့တဲ့သူကကိုယ့်အပေါ်
သစ္စာဖောက်သွားခဲ့ရင် ငိုယိုနေမဲ့အစား
ရေစက်ချပြီးအမျှဝေလိုက်တာအကောင်း
ဆုံးပဲ ကုသိုဟ်တောင်ရသေး"
"အဲ့လိုလုပ်လို့ရလား?"
"ရတာပေါ့ ခြံခုန်နွားအားမြက်ကျွေးရန် စနှိုက်
ကြော်မအားလှူ လိုက့်ပါကြောင်း အမျှဝေလိုက်။တော်ပြီအိပ်တော့"
သီဟကျော်လဲ ကုတင်ပေါ်တက်ကာထိုင်
လိုက်သည်။ပြီးတော့ စားပွဲကမီးခလုတ်
လှမ်းပိတ်လိုက်သည်။
"အားးသရဲ...."
မီးပိတ်လိုက်တဲ့အချိန် ကုတင်ပေါ်ပြေးတက်
လာကာကျွန်တော်ကိုရင်ခွင်ထဲအတင်းဆွဲသွင်းလိုက်တဲ့ ကိုထက်မြတ်လျှံ။
"ဘာလုပ်တာလဲ?"
"သရဲကြောက်လို့.."
"ချက်ချင်းကြီး မီးပြန်ဖွင့်ပေးမယ်"
"ဟင့်အင်း ဒီတိုင်းလေးပဲကောင်းတယ်"
"ဘာ..."
"အမှောင်ကြောက်တယ်လို့ဆိုနေ...
ပြောရင်းနဲ့နှလုံးခုန်သံတောင်မြန်လာပြီ"
"ကြောက်နေတာလား? ပီတိဖြာနေတာလား?"
(ကျွန်တော်လဲ အခွင့်အရေးရတုန်းယူထား
ရမယ်မလား ဒီလိုအခွင့်အရေးမျိုးကရခဲတယ်
လေ)
"သိဘူး...ကြောက်တယ်"
"ကြောက်တဲ့သူက မကြောက်တဲ့သူကို
ဖက်ထားတယ်နော် လွဲနေသလိုပဲ"
ကျွန်တော်လဲ ထိုလူရင်ခွင်ထဲကလေထွက်
ကာ မော့ကြည့်လိုက်တော့ ထိုလူက
ငိုမဲ့မဲ့ပုံစံကြီးနဲ့နှုတ်ခမ်းကလဲထော်နေတော့
သာကြောင့် ပြုံးလိုက်မိတယ်။
"နှုတ်ခမ်းနဲ့လဲထိုးမိနေအုံးမယ် အဲ့လောက်
နှုတ်ခမ်းကြီးထော်မနေပါနဲ့"
"သားလေးတောင်တစ်ယောက်ထဲအိပ်တက်
တယ် ခင်ဗျားက ကလေးလား?"
"ကြောက်လို့်ပါဆိုနေ ဆူမယ်ဆိုတာကြီးပဲ
ငိုလိုက်မှာနော်"
ထက်မြတ်လျှံရဲ့စကားသံကပြောနေကျအသံ
နဲ့မတူဘဲ ချွဲချွဲပစ်ပစ်နဲ့ပြောနေသောအသံပင်။
"ကြက်သီးတောင်ထတယ် ဘယ်လိုအသံနဲ့
ပြောနေတာတုန်း"
"ဟွန့်..ဘယ်လိုအသံနဲ့ပြောနေလို့လဲလို့
လူကိုဆိုအကောင်းကိုမပြောဘူး ဟွန့်...
လူဆိုးလေး..အယ်ဟုက်ပါဘူး လူဆိုးကြီး"
"ခင်....ခင်ဗျာ...ပုန်းနေတာတော့မဟုက်ပါ
ဘူးနော်..."
"ဟွန့်...လူကိုများပုန်းနေတယ်တဲ့သက်သေ
ပြမယ်"
ကျွန်တော်လဲ ကလေးခါးအားဖက်လိုက်ကာ
ကိုယ်နဲ့နီးကပ်အောင်ထားလိုက်ပြီး ကလေးရဲ့
ပန်းနုရောင်သန်းနေသော နှုတ်ခမ်းအား
ငုံ့နမ်းလိုက်သည်။
ထိုလူရဲ့လျင်မြန်တဲ့လုပ်ရပ်ကြောင့်မျက်လုံး
ပြုးသွားရသည်။
ကျွန်တော်လဲ ကလေးရဲ့နှုတ်ခမ်းအား
အပေါ်အောက်တစ်လှည့်ဆီနမ်းနေရင်း
အားမရတဲ့အဆုံး ကလေးရဲ့နှုတ်ခမ်းထဲသို့
တိုးဝင်ကာ လျှာပြားလေးအား သကြားလုံး
လိုစုပ်ယူနမ်းရှိုက်နေတော့သည်။
ငါးမိနစ်အကြာ ကျွန်တော်နမ်းနေတာကိုရပ်ကာ လွှတ်ပေးလိုက်သည်။
"ဆော်ရီး ကိုနည်းနည်းလွန်သွားတယ်"
"နမ်းလို့ဝမှ ဆော်ရီးတဲ့လား?"
"ဒါနဲ့ ကလေးပါးကဘာလို့နီရဲနေတာလဲ?"
သူပြောမှ ယောင်ယောင်မှားမှားဖြင့်ကိုယ့်ပါး
ကိုကိုယ်ပြန်စမ်းနေမိတယ်။
"မ...မဟုက်ပါဘူး"
"စကားတွေတောင်ထစ်နေတယ် မဟုက်မှ
လွဲရော.."
"တော်တော့ ခင်ဗျားအောက်ဆင်းအိပ်တော့"
"ကလေးနဲ့ပဲအိပ်မယ်"
"မရဘူးအောက်ဆင်းအိပ်"
"ဘာမှမလုပ်ဘူးစိတ်ချ ဘေးနားမှာအိပ်ယုံပဲ
အိပ်မှာ"
"ခင်ဗျာကယုံရတာမဟုက်ဘူး"
"ကိုယ်ယောကျာ်းပါ ကိုယ့်စိတ်ကိုထိန်းနိုင်တယ်"
"ထိန်းနိုင်လို့ပဲနော် ထိန်းများမထိန်းနိုင်ဘူး
ဟိုအဆင့်ထိတောင်ရောက်သွားနိုင်တယ်"
"ရောက်ချင်နေတာခုဏထဲက ကိုယ့်စိတ်ကို
အမြန်ထိန်းနိုင်လို့ မဟုက်ရင် ဒီညမင်္ဂလာဦးညအကြိုတောင်ဖြစ်သွားနိုင်တယ်"
"တော်ပြီ အိပ်တော့မယ်"
သီဟကျော်လဲလှဲအိပ်လိုက်ကာ စောင်
ခြုံထားလိုက်သည်။
ကျွန်တော်လဲကလေးခြုံနေတဲ့စောင်ထဲ
ဝင်လိုက်ကာ ကလေးအားပြုံးပြလိုက်သည်။
"ကြောက်လို့ ဖက်ထားပေးပါလား?"
"ပြောနေတဲ့စကားတွေက ကိုယ့်ရဲ့ဗလနဲ့
မလိုက်သလိုပဲ"
"ဗလနဲ့လဲကြောက်တက်ပါတယ် ဗလရှိတိုင်း
မကြောက်ရဘူးလို့ဘယ်သူကပြောထားလို့လဲ?"
"ခင်ဗျားအဲ့လိုဖြစ်နေရင် ခင်ဗျားကိုဘယ်လို
လုပ်အားကိုးလို့ရမှာတုန်း.."
(သွားပြီ ငါ့ပါးစပ်ကယောင်ပြီးထွက်သွားပြီ)
"အားကိုးချင်တယ်ပေါ့..."
"မှားပြောတာ"
"မရဘူး ခုဏကစကားကအတည်ပဲ
ကိုယ့်ကိုအားကိုးလိုက်စမ်းပါ ကလေးဘဝ
မနစ်နာစေရဘူး"
"ပြောင်စပ်စပ်နဲ့"
"ကလေးနဲ့တွေ့မှပြောင်တက်လာတာပါ
ကိုကမလိမ်တက်ဘူးလေ ကိုယ်နဲ့သာညား
ရင် ထမင်းတစ်နေ့လေးငါးထပ်စားရမှာ"
"ငတ်နေတဲ့သူမဟုက်ဘူး"
"သိပါတယ်ကလေးရဲ့ အချိန်လဲမစောတော့
ဘူးအိပ်တော့လေ"
"အင်း...."
"ဘဝကလဲဆိုးပါတယ်"
"ဘာလို့"
"လက်မောင်းပေါ်မှာအိပ်မဲ့သူတောင်မရှိဘူး
ကိုယ့်ဘဝကိုယ်တောင်သနားလာသလိုပဲ"
"ဈေးဗန်းခင်းမနေနဲ့ ကိုထက်မြတ်လျှံ"
"ကိုယ့်လက်မောင်းပေါ်မှာအိပ်ရင်အရမ်းဝမ်း
သာမိမှာပဲ..ခုတော့..."
မျက်နှာညိုးသွားတဲ့ကိုထက်မြတ်လျှံကြောင့်
ပြုံးလိုက်ကာ ထိုလူလက်ကိုဖြန့်လိုက်ပြီး
လက်မောင်းပေါ်လှဲလိုက်သည်။
"ဝမ်းသာလိုက်တာ"
ကျွန်တော်လဲရှက်သာကြောင့်မျက်လုံးအစုံ
မှိတ်ထားလိုက်သည်။
"အိပ်တော့..."
ကျွန်တော်လဲ မျက်လုံးမှိတ်ထားကာရှက်နေတဲ့ကလေးအား ငေးကြည့်ကာမျက်နှာက
အလိုလိုပြုံးနေမိတယ်။
(ချစ်လိုက်တာကလေးရယ် ကိုယ့်ကိုလက်ခံ
လာပြီလို့ခံစားရတယ်။ စိတ်ချ ကိုယ့်ဘဝထဲ
လာရင် ကလေးမျက်နှာတစ်ချက်မညိုးအောင်
ထားမယ်)
ရှိုင်းသူရလဲ လှဲအိပ်ပေမဲ့အိပ်မရပေ။
"ငါလွမ်းတယ် အရင်ကပျော်ရွှင်ခဲ့တဲ့အချိန်တွေအရမ်းလွမ်းတယ် သားလေးကိုလဲအရမ်း
တွေ့ချင်တယ်"
ကျွန်တော်ရဲ့အမှားကြောင့်ကလေးနဲ့သား
လေးကိုလက်လွှတ်ခဲ့ရတယ်
တကယ်လို့ကလေးဆီပြန်သွားရင် ပြန်လက်ခံပါစေလို့ဆုတောင်းရမှာပဲ။
မိသားစုရဲ့တန်ဖိုးကိုအခုမှနားလည်လာခဲ့တယ်။
မေကတော့တခြားအခန်းတွင်မအိပ်ဘဲ
ကုတင်ထောင့်စွန်းတွင် ဒူးနှစ်ဖက်ထောင်
ထားကာ ဒူးပေါ်ခေါင်းလေးတင်လျက်
ငေးငိုင်နေကာ ထိုင်နေတော့သည်။
ကိုရှိုင်းကိုအဆုံးရှုံးမခံနိုင်တဲ့စိတ် သီဟကျော်
ကိုအနိုင်လိုချင်တဲ့စိတ်ကြောင့် တစ်ညလုံး
မအိပ်နိုင်ဘဲ ဟိုတွေးဒီတွေးလျှောက်တွေး
နေတော့သည်။
ဖောက်ပြန်တဲ့သူအတွက်မငိုပါနဲ့ ရဲရဲရင့်ရင့်
နဲ့ရှေ့ဆက်ပါ ကိုယ့်အတွက်ကောင်းတဲ့သူ
ပေါ်လာပါလိမ့်မယ်။
@@@@@@@@@@@@@@@@@
အားပေးမှုကိုအထူးကျေးဇူးတင်ပါသည်။
😘😘😘😘😘😘😘😘😘😘😘😘