Unicode_
နောက်ကျောကဓါး(ရင်တွင်းရှိုက်သံ)
အပိုင်း(12)
သီဟကျော် မေအားပြုံးပြအပြီးရုံးခန်းထဲက
ထွက်လာခဲ့သည်။
ရှိုင်းသူရလဲသီဟကျော်အနောက်ကလိုက်
သွားမလို့ရှိသေး လက်ကိုလှမ်းဆွဲလိုက်တဲ့
မေ။
"ဟိုကောင်ဆီလိုက်သွားမလို့်လား ကိုရှိုင်း"
"မဟုက်ပါဘူး ကိုရှိုင်းသန့်စင်ခန်းသွားမလို့ပါ"
"ဒါဆိုလဲသွားလေ"
မေလဲ ထွက်သွားတဲ့ကိုရှိုင်းကျောပြင်အား
ငေးကြည့်နေမိတယ်။
"ဘာလို့ငါတစ်ခုခုဆုံးရှုံးရလိမ့်မယ်လို့ခံစားမိနေပါလိမ့်?သီဟကျော်ပြန်ပေါ်လာတာ ငါ့
အတွက်ကောင်းတဲ့အရာမဟုက်ဘူး။
ဒီကောင်ငါ့ဘဝကိုဖျက်စီးဖို့ပြန်ပေါ်လာတာနေမယ်"
သီဟကျော်လဲ ကုမ္ပဏီထဲကထွက်လာခဲ့သည်။အနောက်ကလေပြေးလိုက်လာတဲ့
ရှိုင်းသူရ ၊သီဟကျော်အရှေ့ကပိတ်ရပ်လိုက်သည်။
"ဘာလုပ်တာလဲ ကိုရှိုင်းသူရ"
"မင်းနဲ့စကားပြောချင်လို့ပါ"
"ဘာလဲ CEOရာထူးဖြုတ်ချခံလိုက်ရလို့
မကျေနပ်ဖြစ်နေတာလား?"
"မဟုက်ပါဘူး"
"ဒါဆို..."
"ငါမင်းကိုသတိရတယ်"
"ဟားး..ဟားး..ဟာသတွေလာပြောနေတာပဲ"
"တကယ်ပြောတာ သားလေးရောနေကောင်း
ရဲ့လား?"
"သားလေး!တဲ့လား အင်းပေါ့လေ.."
"အရင်ကအတိုင်းပဲနော် အခုထိထက်မြက်
နေတုန်းပဲ "
"ဟုက်တယ်"
"မင်းကို ထက်မြတ်လျှံကအရင်ကအတိုင်းပဲ
လိုက်နေတုန်းလား?"
"ဟုက်တယ် သူကသစ္စာရှိတယ် ခင်ဗျားလို
ခြံခုန်နွားမဟုက်ဘူး"
"ကြိုက်သလိုပြောပါ ကိုယ်ခံပါ့မယ်။ဒါနဲ့သားလေး
နဲ့တွေ့ချင်တယ်"
"သားလေးနဲ့ကျွန်တော့်ဘဝမှာ ရှိုင်းသူရဆိုတဲ့
နာမည်သေသွားခဲ့ပြီ "
ရှိုင်းသူရအကျီ ၤကြယ်သီးကိုဖြုတ်လိုက်ကာ
ရင်ဘတ်က တက်တူးကိုလက်ညိုးထိုးပြ
လိုက်သည်။
"ကျွန်တော့်နာမည်ပဲ"
"ဟုက်တယ် သေရာပါတက်တူးထိုးထားတာ
မင်းကိုမြတ်နိုးလို့"
"ကျုပ်ကိုစကားလုံးလှလှလေးတွေနဲ့လာမချုပ်နဲ့
ကိုရှိုင်းသူရ။တစ်ခုမှတ်ထား ကျုပ်ကတောဘုရင်ခြငေ်္သ့တစ်ယောက်ပဲ ခင်ဗျားကိုဝါးမြိုဖို့
ကျုပ်ပြန်လာခဲ့တာ"
"အမှားရှိရင်အမှန်ဆိုတာရှိတယ်"
"အမှန်?"
"ဟုက်တယ် မင်းကိုချစ်တာအမှန်တရားပဲ"
"ခင်ဗျားကိုရင်ထဲအသဲထဲကမုန်းတာ ကျုပ်ရဲ့
အမှန်တရားတစ်ခုပဲ"
"ကိုယ်နားလည်ပါတယ်"
"ပြန်လိုက်ပါအုံးမယ် ကိုရှိုင်းသူရ "
သီဟကျော်လဲ လှည့်ထွက်လာခဲ့သည်။
ရှိုင်းသူရလဲ သီဟကျော်အနောက်လိုက်မလို့ပဲ
ရှိသေး အနောက်ကအသံကြောင့်ခြေလှမ်း
ရပ်တန့်သွားသည်။
"သိပ်ကိုအရသာရှိတဲ့မြင်ကွင်းပဲ"
"ထက်မြတ်လျှံ"
"မင်းမို့လို့အရှက်မရှိ ချစ်တယ်လို့ပြောရဲသေးတယ်"
"မင်းရောအရှက်မရှိခိုးနားထောင်နေတာမလား?"
"သီဟကျော်ကအရင်ထဲကငါ့အတွက်ဖြစ်ခဲ့ရမှာ မင်းလိုကောင်မျိုးနဲ့မတန်ဘူး"
"ငါတို့နှစ်ယောက်ပြိုင်လိုက်ခဲ့ကြတယ်
နောက်ဆုံးငါပဲရခဲ့တာလေ"
"ဒီတစ်ခါမရတော့ဘူးရှိုင်းသူရ။ကံကြမ္မာက
ဒုတိယအကြိမ်ငါ့ကိုမျက်နှာသာပေးခဲ့ပြီ
သီဟကျော်က ထက်မြတ်လျှံဆိုတဲ့ငါ့အတွက်
ပဲ"
ရှိုင်းသူရလက်ကိုကျစ်ကျစ်ပါအောင်စုပ်ထား
လိုက်သည်။
"ဝါး...ဒေါသတွေထွက်နေပါလား?စိတ်လျော့
မင်းလွှတ်ပစ်လိုက်တဲ့ပန်းပွင့်လေးတစ်ပွင့်ကို
ငါကကောက်ယူပြီးပြုစုပျိုးထောင်ပေးမလို့လေ"
"မင်းကသူဌေးဖြစ်ပြီဆိုတော့..."
"မှတ်ထားရှိုင်းသူရ ကိုယ်ပစ်ပြီးသားအရာ
တစ်ခုကို ပြန်ယူချင်လို့်မရဘူး လွှတ်မပစ်ခင်
ထဲကမင်းစဉ်းစားကြည့်တယ်"
"တကယ်လို့ငါပြန်ယူချင်တယ်ဆိုရင်ရော"
"ရမှာပါ သီဟကျော်ကိုမဟုက်ဘူး နောင်တ
တွေ"
"ရှိုင်းသီဟလေးက ငါ့သားပါ ငါ့သွေးသား
အရင်း"
"အရင်ကလေ အခုကဘာမှမဆိုင်တော့ဘူး"
"သွေးသားတော်စပ်မှုကိုပြောင်းလဲလို့မရဘူး
နားလည်လား?"
"နားလည်ပါတယ် ဒါပေမဲ့မင်းမှအဖေမပီသခဲ့တာ မဟုက်ဘူးလား?"
ထက်မြတ်လျှံစကားကြောင့် ရှိုင်းသူရမျက်နှာ
ပျက်သွားတော့သည်။
နံရံအကွယ်ကနေ ခိုးနားထောင်နေတဲ့မေ။
"ဒါဆို ကိုရှိုင်းကဟိုကောင်ကိုချစ်နေတုန်းပဲပေါ့။မဖြစ်ဘူး ဟိုကောင်ပြန်လာတာငါကိုလက်
စားချေဖို့ ကိုရှိုင်းကိုတော့ပြန်မပေးနိုင်ဘူး။
ငါဒုက္ခတွေကြားကတည်ဆောက်ထားတဲ့
အချစ်အိမ်လေးပြိုကွဲလို့မဖြစ်ဘူး "
သီဟကျော်လဲအိမ်အရောက် သားလေးနဲ့
ဝေယံ TVကြည့်နေတာကြောင့်ပြုံးလိုက်သည်။
"တူရီးနှစ်ယောက်ရုပ်ရှင်ကြည့်လို့ပါလား?"
"မင်းသားလေ ကာတွန်းကားကြည့်မယ်
ဆိုတာနဲ့"
"ဦးဦးကလဲ သားကြည့်ချင်လို့ကိုး"
"သားအိမ်စာတွေလုပ်ပြီးပြီလား?"
"ပြီးပြီ ပါပါး "
"သားလေးကတော်လိုက်တာ"
"ပါပါးသားပဲလေ"
"ဟုက်ပါ့..."
"အိမ်ထဲဝင်လို့ရမလား?"
အသံကြောင့်တံခါးဝလှမ်းကြည့်လိုက်တော့
ကိုထက်မြတ်လျှံဖြစ်နေသည်။
"ခင်ဗျားဘာလာလုပ်တာလဲ?"
"သားလေးနဲ့တွေ့ချင်လို့လေ ပြီးတော့အရုပ်
တွေလဲဝယ်လာခဲ့တယ် "
ရှိုင်းသီဟလေးက ထိုဦးလေးကိုတခါမှမမြင်
ဘူးတာကြောင့်မေးလိုက်သည်။
"ပါပါး အဲ့ဦးလေးကဘယ်သူလဲဟင်"
"ပါပါးရဲ့သူငယ်ချင်းလေ"
"ကလေးကိုမဟုက်တာတွေမပြောပါနဲ့
ဦးဦးက သားလေးရဲ့ ဒယ်ဒီအသစ်လေ"
"ဒယ်ဒီအသစ်"
"ကိုထက်မြတ်လျှံ သားလေးကိုဘာတွေ
လျှောက်ပြောနေတာလဲ? "
"အမှန်ပြောတာပါတာပဲလေ အခုထဲကပြော
ထားတော့ပိုမကောင်းဘူးလား?"
"ထက်မြတ်လျှံ"
ထက်မြတ်လျှံလဲ ကလေးအနားမှာထိုင်လိုက်
ကာ
"ဦးဦးကချောလား?"
"ချောတယ်"
"လိမ္မာလိုက်တာသားလေးက"
"ဦးဦးကိုတခါမှမြင်ဖူးဘူး"
"ဦးဦးကပြန်ရောက်တာမကြာသေးဘူး
သားလေးရဲ့ "
"ဟု..."
"သားလေးအတွက်ဦးဦးအရုပ်တွေဝယ်လာ
တယ် ကြိုက်ရဲ့လား?"
"ကလေးသဘာဝအရုပ်ကြိုက်ကြတယ်လေ
သားလေးကို အရုပ်တွေနဲ့မြှားနေတာမလား
ကိုထက်မြတ်လျှံ"
"ကိုယ်ဝန်ခံပါတယ် ကလေးအဖေကိုလို
ချင်ရင် ကလေးကိုမြှားရမယ်လေ"
မေလဲ ဧည့်ခန်းထဲက ကိုရှိုင်းကိုထိုင်စောင့်
နေတော့သည်။သိပ်မကြာပါဘူး အိမ်ထဲဝင်
လာတဲ့ကိုရှိုင်း။
"ကိုရှိုင်းနေကောင်းရဲ့လား?"
"ကောင်းပါတယ် ဘာဖြစ်လို့လဲမေ"
"အချစ်ဦးကိုပြန်တွေ့ရတော့ ပျော်နေမှာပဲနော်"
"ဘာပြောချင်တာလဲမေ "
"ဟိုကောင်ကိုကြည့်တဲ့အကြည့်ထဲမှာ
လွမ်းဆွေးမှုတွေပါနေသလိုပဲ"
"မေထင်လို့ပါ"
"ထင်ကိုထင်တာ မေကိုရှိုင်းကိုအဆုံးရှုံးမခံ
နိုင်ဘူး ကိုရှိုင်းကမေအတွက်ပဲ"
"ကိုရှိုင်းနားချင်နေပြီ"
"နားလေ မေကတော့ ဟိုကောင်နဲ့စာရင်း
သွားရှင်းအုံးမယ် "
"ဘာလို့ပြသာနာရှာချင်နေရတာလဲ လွှတ်ထားလိုက်ပါ"
"မရဘူး ဒီကောင်ကိုရှေ့ဆက်မတိုးအောင်
ကြိုပြီးတားထားရမယ်"
မေလဲ ခြံထဲသို့ထွက်လာကာ ကားပေါ်တက်
လိုက်ပြီး သီဟကျော်အိမ်သို့်မောင်းထွက်လာခဲ့သည်။
ရှိုင်းသူရလဲ ခေါင်းကိုလက်ဖြင့်ဖိထားလိုက်ကာ သက်ပြင်းချလိုက်သည်။
"ဟူး....ခေါင်းကိုက်ရတဲ့ကြားထဲ မဖြစ်သေး
ပါဘူး ငါလိုက်သွားအုံးမှ"
ရှိုင်းသူရလဲခြံထဲသို့ထွက်လာကာ ကားပေါ်
တက်ပြီး မေကားနောက်သို့အမှီလိုက်တော့သည်။
ဝေယံလဲ ကလေးနဲ့တည့်နေတဲ့ထက်မြတ်လျှံ
ကိုကြည့်ပြီးပြုံးနေမိတယ်။
(ငါ့သူငယ်ချင်းအတွက် ထက်မြတ်လျှံက
အသင့်တော်ဆုံးပဲ။ငါပျော်တယ် ငါ့သူငယ်ချင်း
ဘဝအသစ်ရတော့မှာမို့)
"သားလေးက ပါပါးနဲ့တူလို့ထင်တယ် ချစ်စရာ
လေး"
"ဟီးဟီး..ပါပါးနဲ့သားနဲ့ဘယ်သူပိုချစ်ဖို့ကောင်း
လဲဟင်"
"ဦးဦးအမှန်အတိုင်းပြောရမလား?"
"ဟုက်"
ထက်မြတ်လျှံလဲ ဘေးနားကသီဟကျော်ကို
စိုက်ကြည့်ကာ
"ပါပါးကပိုချစ်ဖို့ကောင်းတယ် "
"ဦးဦးအသစ်ကိုမခေါ်တော့ဘူး"
"ခေါ်ပါသားရဲ့ ဦးဦးကသားလေးကိုအားကိုး
ရမှာ"
"နောက်ခါသားအတွက် ကိတ်မုန့်ဝယ်လာခဲ့"
"သားလေးသဘောအတိုင်းပါပဲဗျာ"
"ပါပါး ဦးဦးအသစ်ကသဘောကောင်းတယ်"
"သားထင်လို့ပါ"
"သီဟကျော်!"
"သားအခန်းထဲသွားတော့"
"ဟုက်ကဲ့ပါပါး"
ရှိုင်းသီဟလေးအပေါ်ထပ်သူ့အခန်းရှိရာသို့
ပြေးတက်သွားတော့သည်။
"အိမ်ရှင်ကမကြိုဆိုပဲ လာလည်တယ်
အရှက်တရားလေးဘာလေးရှိစမ်းပါ"
"နင်နဲ့ရှင်းစရာရှိတယ်"
"ပြောကြည့်လေ"
"နင်ပြန်လာရတဲ့အကြောင်းအရင်းက
ကိုရှိုင်းကိုပြန်လိုချင်လို့မလား?"
"ဟာသပဲ ဘာလဲနင့်ပစ္စည်းဆုံးရှုံးရမှာ
ကြောက်နေပြီလား?"
"နင်နဲ့မသက်ဆိုင်တော့တဲ့သူကိုပြန်လို
ချင်နေတာ နင်လဲအရှက်တရားရှိစမ်းပါ"
"လောကမှာယောကျာ်းမရှားဘူး နင်စိတ်မချ
ရင်အိမ်ထဲမှာသော့ခတ်ထားလေ"
"အောက်တန်းစားကောင်"
"သူများကိုမပြောခင်ကိုယ့်ကိုကိုပြန်ပြောကြည့်
ငါကရောဘယ်အတန်းစားထဲကလဲလို့။
အေးပေါ့လေ နင်မသိတော့ငါပြောပြရမှာပေါ့
နင့်အဆင့်က မိန်းမပျက်အဆင့်သာသာပဲ"
"တော်တော့မေ ပြန်ရအောင်"
"ခင်ဗျားကောင်မကိုခေါ်သွားတော့ အာရုံလာ
နောက်နေတယ်"
"ဒီမှာသီဟကျော် မေဆိုတဲ့မိန်းမက ဘယ်သူ
မှကြောက်တဲ့သူမဟုက်ဘူး နင်နားလည်ထား"
"နားလည်ပါတယ် ဒါကြောင့်လင်ခိုးမလို့်
ဂုဏ်သတင်းကြီးနေတာလေ ဟုက်ဘူးလား?"
"နင်ဘာပြောပြောငါကဘာမှမဖြစ်ဘူး
ပတ်ဝန်းကျင်ဆိုတာကိုဂရုကိုမစိုက်တာ"
"အေးပေါ့လေ နင်ကလူမှမဟုက်တာပတ်ဝန်း
ကျင်ကိုဘယ်ဂရုစိုက်မှာတုန်း။နင်တို့က
လူတော့လူပဲ ဒါပေမဲ့မြက်စားတဲ့လူ"
မေဒေါသတွေအလိပ်လိုက်ထွက်လာတော့သည်။
"ငါ့ကိုဒေါသထွက်အောင်လာမလုပ်နဲ့ နင့်
ရဲ့အချစ်ဆုံးသားလေးဒုက္ခမရောက်သွား
ချင်ရင်ပေါ့"
မေစကားကြောင့် ဝေယံဒေါသထွက်သွားကာ
ထိုင်ရာမှထမလို့ပဲရှိသေး ထက်မြတ်လျှံက
ဝေယံလက်ကိုလှမ်းဆွဲလိုက်သည်။
"ငြိမ်ငြိမ်နေဝေယံ သီဟကျော်ပြောလိမ့်မယ်"
ဝေယံလဲစိတ်လျော့လိုက်ကာ ပြန်ထိုင်နေလိုက်သည်။
သီဟကျော်လဲမေစကားကြောင့်လက်သီးကို
ကျစ်ကျစ်ပါအောင်စုပ်ထားလိုက်သည်။
"နင်ဘာပြောလိုက်တယ်"
"မကြားလိုက်ဘူးထင်တယ်သေချာနားထောင်
ငါ့ကိုဒေါသထွက်အောင်လုပ်ရင် နင့်ရဲ့သား
လေးဒုက္ခရောက်လိမ့်မယ်"
သီဟကျော်လဲ နံရံအနားလျှောက်သွားလိုက်ကာ နံရံမှာချိတ်ဆွဲထားတဲ့ဓါးအရှည်ကို
ယူလိုက်သည်။ပြီးတော့ မေအနားပြန်လျှောက်လာကာ
"နင်ဘာလုပ်မလို့်လဲ?"
သီဟကျော် ဓါးအဖုံးကိုဟန်ပါပါဖြင့်ဆွဲချွတ်
လိုက်ကာ မေပုခုံးပေါ်ဓါးတင်လိုက်သည်။
"နင်..."
မေစကားစထွက်မလာတော့ ပုခုံးပေါ်ဓါးအတင်ခံထားရတာကြောင့်ကြောက်နေတော့သည်။
ထက်မြတ်လျှံနဲ့ဝေယံကတော့ သီဟကျော်
လုပ်ရပ်ကိုအံသြနေမိကာငေးကြည့်နေမိတယ်။
သီဟကျော်တစ်ယောက်သွားမပေါ်အောင်
ခပ်ပါးပါးပြုံးလိုက်ကာ
"ငါ့သားအတွက်ငါလူသတ်ဖို့ဝန်မလေးဘူး
ရှင်းတယ်နော်။နင်တို့လိုတိရစာၦန်တွေကို
ပိုတောင်သတ်ချင်သေး"
"ဓါးဖယ်..."
"ဖယ်လိုက်ပါကွာ ကိုယ်တောင်းပန်ပါတယ်"
"နဂါးမှန်းသိအောင်အမောက်လာထောင်ပြ
မနေနဲ့။ဓါးကအခုပုခုံးပေါ်မှာ နောက်ကျရင်
လည်ပင်းပေါ်ရောက်သွားလိမ့်မယ်"
"နင်ထောင်ကျချင်ရင်သတ်လိုက်လေ"
"ငါ့လက်နဲ့သတ်ရမှာမတန်လို့။ငါ့ကိုဒေါသ
ထွက်အောင်လာမလုပ်နဲ့ နင်တို့ကိုသတ်ပြီး
ကြိုးစင်တက်ဖို့ဝန်မလေးဘူး"
"ငါ့လိုအားနွဲ့တဲ့မိန်းမကိုသတ်မလို့ဟုက်လား?"
"ငါ့သားကိုထိရဲထိကြည့်လိုက် နင်တို့ရဲ့
သေနေတဲ့အလောင်းပုံ သတင်းစာထဲပါလာ
စေရမယ်"
သီဟကျော်လဲ မေပုခုံးပေါ်တင်ထားတဲ့ဓါး
အရှည်ကဖယ်လိုက်ကာ စားပွဲပေါ်တင်လိုက်
သည်။ပြီးတော့ မေနဲ့ရှိုင်းသူရကိုတစ်ယောက်
တစ်လှည့်စီလက်ညိုးထိုးကာ
"နောက်တစ်ခါငါ့အိမ်လာကြည့် နှစ်လောင်း
ပြိုင်လူသတ်မှုဖြစ်သွားလိမ့်မယ် မှတ်ထားနော် နှစိလောင်းပြိုင်လူသတ်မှု"
သီဟကျော်ရဲ့ပြတ်သားတဲ့စကားကြောင့်
မေနဲ့ရှိုင်းသူရဘာမှပြန်မပြောနိုင်ပေ။
"ပြန်ကြလေ ငါ့ဓါးသွေးမစွန်းသေးဘူးနော်
နင်တို့နှစ်ယောက်ခေါင်းကတော့အေးဆေး
ပြတ်တယ်"
ရှိုင်းသူရ မေအားအိမ်ထဲကလေဆွဲခေါ်
သွားတော့သည်။
ဝေယံလဲသက်ပြင်းချလိုက်ကာ
"ဘယ်လိုလုပ်မလဲသီဟကျော် "
"ဘာကိုလဲဝေယံ"
"သားလေးကိုသူတို့တစ်ခုခုလုပ်ရင်..."
"ငါ့ဘဝမှာငါ့သားကအရာရာပဲ ငါ့သားကို
ထိရဲထိကြည့် သူတို့နှစ်ယောက်ကိုငါ့
လက်နဲ့အသေသတ်ပြမယ်"
သီဟကျော်ရဲ့အကြောက်အရွံမရှိအေးဆေး
တည်ငြိမ်စွာပြောလိုက်တဲ့စကားတွေကြောင့်
ထက်မြတ်လျှံကျောချမ်းနေမိတယ်။
@@@@@@@@@@@@@@@@@
အားပေးမှုကိုအထူးကျေးဇူးတင်ပါသည်။
😘😘😘😘😘😘😘😘😘😘😘😘