Unicode_
Zawkyi code_
နောက်ကျောကဓါး(ရင်တွင်းရှိုက်သံ)
အပိုင်း(9)
မေတို့်မာမီအလောင်းကိုအိမ်သို့ပြန်သယ်လာ
ခဲ့သည်။ရပ်ကွက်ကလဲ မကောင်းတက်လို့
ဝိုင်းဝန်းကူညီပေးကြသည်။
မေကတော့ မာမီဓာတ်ပုံကိုငေးကြည့်ကာ
မျက်ရည်များကျနေတော့သည်။
"မာမီသမီးကိုထားခဲ့တယ်နော်..သမီးနဲ့အသက်ကြီးတဲ့အထိနေသွားမယ်ဆို"
ဘေးနားကလူတချို့က ဝင်လာတဲ့သူကြောင့်
တီးတိုးပြောဆိုနေကြသည်။
"ဟဲ့ဟိုကောင်လေးမလား"
"ဟုက်ပါ့ ဟိုကောင်မကိုအရှက်ခွဲတဲ့ကောင်လေး"
"ဒီကိုဘာလာလုပ်တာလဲမသိဘူးနော်"
"ဒီကောင်မ ငိုနေတာလာကြည့်တာနေမှာပေါ့"
မေလဲ ဘေးနားကအသံတွေကြောင့်အနောက်လှည့်ကြည့်လိုက်သည်။
ပန်းစည်းကိုကိုင်ကာရပ်နေတဲ့သီဟကျော်။
မေလဲဒေါသထွက်သွားကာ ထရပ်လိုက်ပြီး
သီဟကျော်လက်ထဲကပန်းစည်းကိုယူကာ
လွှတ်ပစ်လိုက်သည်။
"အောက်တန်းစားကောင် နင့်ကြောင့်ငါရင်သွေးပျက်ကြရတာ ပြီးတော့ငါ့အမေသေတာလဲ
နင့်ကြောင့်...ဘာလဲ အခုမှသနားနေတာလား? "
"သနားတယ် နင့်ကိုမဟုက်ဘူးနင့်အမေကို"
"ဘာ!"
"ဟုက်တယ် နင့်လိုသမီးဆိုးကိုရထားတဲ့
အန်တီကိုအရမ်းသနားတယ် အခုတော့အန်တီဝဋ်ကျွတ်သွားတာပေါ့"
"နင့်ကြောင့်..."
"အရာအားလုံးနင့်ကြောင့်ပဲမေ နင်သာငါ့ဘဝ
ထဲငါ့မိသားစုဘဝထဲဝင်မလာခဲ့ရင် နင့်အမေလဲအခုလိုသေရမှာမဟုက်ဘူး နင်တဏှာရူး
လို့ဖြစ်တဲ့ကိစ္စ ငါနဲ့ဘာမှမဆိုင်ဘူး"
"မင်းဘာလာရှုတ်တာလဲ သီဟကျော်"
"ဒီကောင်အရှက်မရှိဘူး အိမ်ကိုလာရဲသေးတယ်"
"အရှက်မရှိတာငါမဟုက်ဘူး နင်"
"နင်ငါ့လိုဝဋ်မလည်ပါစေနဲ့ သီဟကျော်"
"ဟာသတွေသိပ်ပြောတယ်နော် အသိဉာဏ်
ရောရှိသေးရဲ့လား ဒါမှမဟုက် ကိုယ်ဝန်ပျက်
ကျလို့ရူးသွားတာလားဟင်"
"ငါကိုယ်ဝန်ပျက်ကြတဲ့သတင်းကြားတော့
တော်တော်ပျော်နေမှာပေါ့လေ"
"ပျော်တာပေါ့ နင့်လိုမိန်းမပျက်ကိုယ်ထဲ
ဘယ်ကလေးကဝင်စားချင်မှာလဲ?"
ရှိုင်းသူရလဲဒေါသထွက်သွားကာသီဟကျော်
အားလက်ညိုးထိုးလိုက်ပြီး။
"မင်းငါတို့ကိုသိက္ခာလာချနေတာလားဟမ့်"
"သိက္ခာဟုက်လား? လူရာမဝင်တဲ့သူကသိက္ခာစကားလာပြောလို့ပါလား? "
"မင်းစကားမလွန်လာနဲ့"
"နာသွားတယ်ထင်တယ် ခုတော့မိန်းမထဘီ
နားခိုစားနေတဲ့ ခွေးကလေးဖြစ်နေပြီ
သနားလိုက်တာမောင်ရယ်"
"ဟဲ့အကောင် မောင်လို့ခေါ်ရအောင်နင်နဲ့
ဘာဆိုင်တော့လို့လဲပြောစမ်း"
"မဆိုင်ပါဘူး တချိန်ကတော့ဆိုင်ခဲ့တာပေါ့။
နင့်လိုအပျက်မ ဝင်မလာခင်အထိလေ"
"ငါ့ကိုလာပြီးစော်ကားနေတာလားဟမ့်!"
"ဒေါသလေးလျော့ တရားလဲနာအုံး အော်
ငါမေ့သွားလို့ နင်ကတဏှာကြီးနေတာဆိုတော့ တရားအကြောင်းလဲနားလည်မှာမဟုက်ပါဘူးလေ"
တချို့ကဝိုင်းပြီးဟားတိုက်နေကြသည်။
"ကောင်မ ပြောခံရတာနည်းသေး"
"ဟုက်ပါ့ဟယ် တော်သေးတာပေါ့ဟိုကောင်
လေးက ငိုယိုမနေဘဲပြန်ခုခံနေလို့"
"ဟုင်ပါ့"
သီဟကျော်လဲတစ်ချက်ပြုံးလိုက်ကာ
"ကုတင်ပေါ်ကကိစ္စကိုဘဝကြီးထင်မနေနဲ့မေ
ရဲ့။နင့်ရဲ့ဦးနှောက်ထဲမှာတဏှာစိတ်တွေပဲ
နေရာယူထားသလားဟင် ငါမသိလို့မေးတာနော်"
သီဟကျော်ရဲ့ခနဲတဲ့စကားတွေကြောင့်
မေပြန်ပြောဖို့အားအင်မရှိတော့ပေ။
"မောနေပြီထင်တယ် ရေလေးတိုက်လိုက်
ကြပါအုံး"
"သီဟကျော် မင်းပြန်တော့"
"ပြန်မှာပဲ ဒါနဲ့နှစ်ယောက်သားအသိတရား
မရသေးဘူးနော်"
"မင်းသာလိုက်ပြီးမနှောက်ယှက်ရင်ပေါ့"
"သူများဘဝကိုမုန်တိုင်းလိုဝင်မွှေပြီးမှ
ကြောက်မနေနဲ့လေ ကိုယ့်အလှည့်ကျရင်
မုန်တိုင်းထက်ဆိုးတဲ့ဆိုင်ဂလုန်းမုန်တိုင်းဝင်
မွှေလိမ့်မယ် သတိထားအုံး"
"မင်းသာသတိထားနေပါ"
"မောင်အခုခွေးဖြစ်နေသာဆိုတော့ ဘဝကို
အသစ်ကပြန်စလိုက်အုံးနော် မောင်အောင်မြင်တဲ့နေ့ကို ကလေးမျှော်နေမယ်"
"ဟဲ့အကောင်ငါ့အိမ်ထဲကထွက်သွား!"
"သွားမယ် သတိတရားနဲ့နေနော်သူငယ်ချင်း
လေး ကုတင်ပေါ်ကကိစ္စပဲတွေးမနေနဲ့အုံး
ငယ်ငယ်ရွယ်ရွယ်နဲ့သွေးဆုံးနေအုံးမယ်"
သီဟကျော်လဲပြောလဲအပြီးအချိုသာဆုံးပြုံး
ပြကာအိမ်ထဲကထွက်လာခဲ့တော့သည်။
မေကတော့ဒေါသဖြစ်သာကျန်ခဲ့တော့သည်။
^^^^^^
နောက်နေ့မနက်(5)နာရီခန့် ရှင်ပြုပွဲအတွက်ပြင်ဆင်နေကြသည်။မာမီနဲ့အိမ်နီးနားချင်းကမိန်းကလေးတချို့က မိတ်ကပ်ဆရာအကူအညီနဲ့အလှဆုံးပြင်ဆင်နေကြတော့သည်။
"သားလေးရှင်ပြုရတော့မယ်"
"သားပျော်တယ်ပါပါး"
"ပါပါးလဲပျော်တယ်"
ဝေယံလဲ ရှိုင်းသီဟလေးအားပွေ့ချီလိုက်သည်။
"သားသားရှင်ပြု ပီးရင်လူကောင်ဒီထက်ထွား
လာမှာ"
"တကယ်လား?"
"တကယ်ပေါ့သားသားရဲ့ ဦးဦးကညာစရာ
လားမယုံရင်သားသားပါပါးကိုမေးကြည့်"
"ဦးဦးပြောတာဟုက်လား ပါပါး"
"ဟုက်တယ်သားရဲ့"
"ဟီးဟီး...သားကပါပါးလိုဦးဦးလိုလူကောင်
ကြီးချင်တာ"
"ဟုင်ပါပြီ ဦးဦးတို့လိုလူကောင်ကြီးဖြစ်လာမှာ"
"ဟီးဟီး..."
(7)နာရီခန့် အားလုံးကပြင်ဆင်ပြီးသွားကြ
သည်။နောက်တစ်နာရီဆိုရင် ရှင်လောင်းလှည့်တော့မှာပေါ့။
မေကတော့ မာမီဓာတ်ပုံရှေ့ထိုင်ကာဝမ်းနည်း
ပူဆွေးနေတော့သည်။
သီဟကျော်လဲ သားလေးကိုကြည့်ရင်းပီတိ
ဖြစ်နေတော့သည်။
ဝေယံလဲ အိမ်ထဲဝင်လာကာ သီဟကျော်နား
ကပ်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။
"ခြံအပြင်မှာရှိုင်းသူရရောက်နေတယ်"
"ဒီလူပြသာနာလာရှာတာပဲ။သားလေးအပြင်
ထွက်မလာစေနဲ့ဝေယံ"
"အေးပါ"
သီဟကျော်လဲခြံထဲသို့်ထွက်လာခဲ့ကြသည်။
"ခင်ဗျားဘာလာလုပ်တာလဲ?"
"ငါ့သားရှင်ပြုမှာလေ ငါလာရမှာပေါ့"
"ငါ့သားတဲ့လား? မပြောခင်စဉ်းစားသင့်တယ်
ခင်ဗျာပါးစပ်နဲ့တန်ရဲ့လားလို့်"
"ငါကဖခင်တစ်ယောက်..."
"တော်စမ်းပါ ဖခင်စိတ်အပြည့်ရှိတဲ့သူက
သားမျက်နှာကြောင့်ခြံခုန်မှာမဟုက်ဘူး
အခုဟာက ဖခင်စိတ်မရှိလို့ခြံခုန်သွားသာလေ ပြီးတော့ကျုပ်သားဘဝမှာ ကျုပ်ကသာ
အဖေပဲ ခင်ဗျာကကျုပ်တို့ဘဝမှာသေလူဖြစ်
သွားပြီ"
"မင်းကြောင့် ငါ့ရဲ့ယောကျာ်းသိက္ခာကျခဲ့ရတာ
လေ အဲ့တာကျမင်းဘာပြောမလဲ? "
"ယောကျာ်းသိက္ခာဟုက်လား?ယောကျာ်း
တစ်ယောက်ရဲ့သိက္ခာက ထိုယောကျာ်းရဲ့
အကျင့်သီလနဲ့သိက္ခာတရားပေါ်မူတည်တယ်။ခင်ဗျားမှာအဲ့လိုရှိလို့လားဟင် မရှိရင်လာ
မပြောနဲ့ "
"ခနဲတဲ့စကားတွေလာမပြောနဲ့"
"ရေပေါ်စီချစ်ပြတဲ့သူ သာတဲ့သူဘက်ကနေတဲ့သူ တဏှာရမ္မက်နောက်ကလိုက်တဲ့သူ
အဲ့လိုလူမျိုးက ရွံဖို့အကောင်းဆုံးပဲ"
"ယောကျာ်းတစ်ယောက်ကိုလမ်းဘေး
ရောက်အောင်လုပ်တာကျတော့ရော
တရားတယ်ထင်လို့လား?"
"ခင်ဗျားကျုပ်နဲ့ညားမှ ပုဇွန်ထုပ်စားရတဲ့ဘဝပါ
ကျုပ်နဲ့မညားခင်တုန်းက ငပိရည်တောင်
လက်မှန်ရဲ့လားပြောပါအုံး"
သီဟကျော်စကားက ရှိုင်းသူရကိုတိုက်ရိုက်
သွားထိစေသည်။ရှိုင်းသူရငြိမ်နေရတဲ့အဖြစ်ပင်။
"လမ်းဘေးအဆင့်ကလေ နတ်ဘုံနတ်နန်းလို
နေရအောင်ကျုပ်လုပ်ပေးခဲ့တာပါ။လမ်းဘေးအဆင့်ကလာတဲ့သူဆိုတော့လဲ လမ်းဘေး
ဘဝပြန်သွားချင်တာမဆန်းပါဘူး ဘယ်လိုလဲ
တော်တော်မှအရသာရှိရဲ့လား?"
"သိပ်ကိုစကားကြွယ်နေပါလား?"
"အမှန်တွေပြောတာ ဒါနဲ့မိန်းမထဘီနားခိုစား
နေရတာ တော်တော်မှခံတွင်းတွေ့ရဲ့လား
ကိုရှိုင်းသူရ"
"မင်းဘာစကားပြောတာလဲ?"
"အမှန်တွေပြောနေတာလေ ခင်ဗျားကျုပ်ခြံထဲကထွက်သွားမလား? ဒါမှမဟုက်ရဲခေါ်ပြီး
ဖမ်းခိုင်းလိုက်ရမလား?"
"မင်း....."
"မှတ်ထားလိုက် တစ်နေ့ကျုပ်ခြေဖဝါးကို
ဖက်ပြီးမှားခဲ့တဲ့အပြစ်တွေအတွက်တောင်းပန်
အောင်လုပ်ပြမယ် အခုတော့ခြံထဲကလေ
ထွက်သွားပေးပါ"
ရှိုင်းသူရလဲနောက်ဆုံးလက်လျော့ကာ
ပြန်သွားရတော့သည်။
သီဟကျော်လဲသားလေးရဲ့ရှင်ပြုပွဲအား
ဖခင်တစ်ယောက်အနေနဲ့ပြုလုပ်ပေးရတဲ့
အတွက် အတိုင်းမသိဝမ်းသာပီတိဖြစ်နေမိတော့သည်။
တစ်ဘက်မှာကရှင်ပြုပွဲအတွက်ဝမ်းသာပီတိ
ုဖြစ်နေရသလို တစ်ဖက်မှာကအသုဘဖြစ်တဲ့
အတွက်ဝမ်းနည်းပူနွေးနေတော့သည်။
မတူညီတဲ့အခြေအနေနှစ်ခုကိုယှဉ်ပြထားခြင်းပင်။
(3)နှစ်ခန့်ကြာသော်........
သီဟကျော်လဲနောက်ပိုင်း ရှိုင်းသူရနဲ့မေတို့နဲ့
ထပ်မဆုံတော့ပေ။သားလေးကျောင်းတက်ဖို့
ကိစ္စနဲ့ မာမီကသားလေးရှင်ပြုပွဲအပြီး
လေးငါးရက်လဲကျသော အောက်ပိုင်းလေဖြတ်သွားတယ်လေ။မာမီကိုပြုစုလိုက်
သားလေးရဲ့ဝေယျာဝစ္စလုပ်ပေးလိုက်နဲ့
အချိန်တွေသာကုန်လာတော့သည်။
မာမီကိုပြုစုခဲ့သာ သုံးနှစ်တောင်ရှိပြီမာမီလဲ
ဆုံးပြီ။ကောင်းရာမွန်ရာဘဝကိုရောက်မယ်လို့
တော့ထင်ပါတယ်။
တစ်ဖက်တွင်...
မေနဲ့ရှိုင်းသူရနဲ့က လူတွေကဲ့ရဲ့တဲ့ဒဏ်တွေကို
ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားလာခဲ့သည်။
သုံးနှစ်အတွင်းကြိုးစားမှုကအရာရောက်ခဲ့တယ်ပြောရမလား?
မြန်မာနိုင်ငံရဲ့Top(1)စာရင်းဝင်ဖြစ်တဲ့လျှမ်း
လျှမ်းတောက်အောင်မြင်နေသော
Lucky7 ကုမ္ပဏီကြီးရဲ့ CEOရာထူးကို
ရှိုင်းသူရရထားခြင်းပင်။
မေနဲ့ဦးထွဋ်ခေါင်လဲ ရှယ်ယာဝင်ထားသေးတယ်။စိုပြေနေတာပေါ့သူတို့ဘဝက ဒါပေမဲ့
သားသမီးမထွန်းကားတော့ပေ။
ရှိုင်းသူရလဲကုမ္ပဏီထဲသို့ဝင်လိုက်သည်နှင့်
ဝန်ထမ်းများကလုပ်လက်စအလုပ်တွေကိုရပ်ကာ ထရပ်ပြီး ခေါင်းညွတ်ကာနှုတ်ဆက်
ကြသည်။
"မင်္ဂလာပါ CEO"
"မင်္ဂလာပါ"
ရှိုင်းသူရလဲရုံးခန်းသို့ဝင်လာခဲ့သည်။မန်နေဂျာကအနောက်ကလေ အခန်းထဲလိုက်ဝင်တော့သည်။
"CEOကိုပြောစရာရှိပါတယ်"
"ပြောပါ"
"မနက်ဖြန်နိုင်ငံခြားကလေသူဌေးမြန်မာ
ပြည်ကိုအပြီးပြန်လာတော့မယ်တဲ့"
"ငါလုပ်ခဲ့တဲ့သုံးနှစ်အတွင်းသူဌေးကိုလဲမတွေ့
ဘူး နာမည်လဲမကြားဘူးသေးဘူး"
"ကျွန်တော်တို့လဲအတူတူပါပဲ CEO "
"ဒါဆိုသူဌေးရုံးခန်းကိုသန့်သန့်ရှင်းရှင်းလုပ်
ထားလေ "
"ဟုက်ကဲ့ CEO"
"ကိုရှိုင်းမေလာပြီ"
ရုံးခန်းထဲဝင်လာတဲ့မေကြောင့်မန်နေဂျာ
အခန်းထဲကထွက်သွားတော့သည်။
"မေ မနက်စာစားပြီးပြီးလား?"
"ပြီးပြီကိုရှိုင်းရဲ့"
"ကိုရှိုင်းအလုပ်တွေရှိသေးတယ် ပြီးတော့
မနက်ဖြန်သူဌေးလာမယ်တဲ့"
"တကယ် သူဌေးဆိုတော့ဖားထားရမယ်
ဒါမှမေနဲ့ဒယ်ဒီအတွက်နေရာတစ်နေရာရမှာ"
"မေကတော့လေ"
သီဟကျော်လဲ သားလေးအားကျုရှင်ပို့အပြီး
အိမ်သို့ပြန်လာခဲ့သည်။အိမ်အရောက်
ဧည့်ခန်းထဲတွင်ထိုင်ကာ အမောပြေနေလိုက်သည်။
"အော်ဘာလိုလိုနဲ့မာမီတောင်ဆုံးသွားပြီ
သားလေးလဲ ရှစ်နှစ်တောင်ရှိပြီ "
"သီဟ"
အသံကြားထဲကသိလိုက်ပြီဝေယံဆိုတာ။
(ဝေယံက သားလေးရှင်ပြုပွဲမှာကျွန်တော့်ကို
ဖွင့်ပြောတယ် သူချစ်တယ်ဆိုတဲ့အကြောင်း
သားလေးကိုလဲစောင့်ရှောက်ချင်တယ်ဆိုတဲ့
အကြောင်း ဒါပေမဲ့ လက်မခံခဲ့ပေ။ဘာလို့လဲ
ဆိုတော့သူငယ်ချင်းတစ်ယောက်ထက်ပိုလို့မရသာကြောင့်ပင်။)
"ဝေယံပါလား?"
"သားလေးရော"
"ကျုရှင်သွားတယ်လေ"
"အော် ငါလဲသားလေးစားဖို့ကိတ်မုန့်လာပို့တာ"
"သားကိုအရမ်းအလိုလိုက်လွန်းနေတယ်"
"ငါကလူပျိုကြီးလေ ငါ့မှာခင်တွယ်စရာဆိုလို့
မင်းနဲ့သားလေးပဲရှိသာလေ"
"အေးပါလူပျိုကြီးရဲ့"
"ငါကြားတယ် lucky7 ကုမ္ပဏီရဲ့CEOရာထူး
ရှိုင်းသူရရထားတယ်ဆို"
"အောင်မြင်နေတယ်လေသူက"
"ဟုက်တယ်သီဟ"
"ခဏတာအောင်မြင်မှုပဲဝေယံ သူတို့ရဲ့
ဝဋ်ကြွေးကမကုန်သေးဘူး သူတို့ပေးဆပ်ရအုံးမယ်"
"မေက သားသမီးမထွန်းကားတော့ဘူး"
"သူများမိသားစုကိုဖျက်စီးတဲ့သူကို ဘုရားက
ဆုလာဘ်အနေနဲ့သားသမီးပေးမှာမဟုက်ဘူးလေ"
"မှန်တယ်။မေကကိုရှိုင်းကိုသူ့မျက်စိရှေ့က
အပျောက်ကိုမခံဘူး"
"ဘယ်အပျောက်ခံမလဲ? သူကသူများလင်လု
ထားတာလေ သူပြန်အလုခံရမှာတော့
ကြောက်သား"
"မင်းဒီတိုင်းပဲငြိမ်နေတော့မှာလား?"
"ငါစောင့်ကြည့်အုံးမယ်"
"မင်းကိုနောက်ထပ်ပြောစရာရှိသေးတယ်"
"ဘာများလဲကွ"
"ဟို...ဟိုလေ..."
"ပြောပါကွ စကားကိုပလ္လင်ခံနေသေးတယ်"
"သူပြန်လာမယ်လို့်သတင်းကြားတယ်"
"ဘယ်သူ!"
"မင်းမေ့သွားပြီလား?"
"သိဘူးကွာ ထားလိုက်တော့ ငါကိတ်မုန့်
ရေခဲသေတ္တာထဲသွားထည့်ထားလိုက်အုံးမယ်"
သီဟကျော်လဲကိတ်မုန့်ဗူးကိုယူကာနောက်ဖေးဘက်သို့ခြေလှမ်းသုံးလေးလမ်းလှမ်းယုံပဲ
ရှိသေး အသံကြောင့်လှမ်းနေတဲ့ခြေလှမ်း
ရပ်တန့်သွားတော့သည်။
"ကလေး! "
ဝေယံလဲအသံကြောင့်တံခါးဝလှမ်းကြည့်လိုက်သည်။မြင်လိုက်ရတဲ့သူကြောင့်မျက်လုံး
ပြုးသွားတော့သည်။
သီဟကျော်စိတ်ထဲအနည်းငယ်ဝေတွေသွား
တော့သည်။
(ကလေးဆိုတဲ့နာမ်စားကို ရှိုင်းသူရနဲ့မေ့ထား
ခဲ့ပြီဖြစ်သောသူတစ်ယောက်ကပဲခေါ်လေ့ရှိ
တယ်။အခုအသံကရှိုင်းသူရအသံမဟုက်မှန်း
သိလိုက်သည်။)
သီဟကျော်လဲခြေလှမ်းကိုရှေ့ကိုဖြည်းဖြည်း
ချင်းလှည့်ကာ ခေါင်းမော့ကြည့်လိုက်သည်။
"ကိုယ်ပြန်လာပြီ"
လက်ထဲကကိတ်မုန့်ဗူးလွတ်ကျသွားကာ
နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်သွား
တော့သည်။ပြီးတော့ပါးစပ်မှလဲ နာမည်တစ်
ခုအားတစ်လုံးချင်းပြောလိုက်သည်။
"ကို...ထက်...မြတ်...လျှံ"
အပိုင်း(10)မျှော်။
@@@@@@@@@@@@@@@@@
အားပေးမှုကိုအထူးကျေးဇူးတင်ပါသည်။
😘😘😘😘😘😘😘😘😘😘😘😘