Unicode_
နောက်ကျောကဓါး(ရင်တွင်းရှိုက်သံ)
အပိုင်း(2)
စကားအသုံးအနှုန်းများရိုင်းသွားခဲ့ရင်ချစ်သော
မျက်စိဖြင့်ကြည့်ပေးကြပါရန်။
သီဟကျော်တစ်ယောက် မာမီအိမ်သို့လာခဲ့
သည်။အိမ်ထဲအရောက် မာမီကဧည့်ခန်းထဲ
တွင်ထိုင်နေကာ တရားစာအုပ်ဖတ်နေတော့သည်။
"မာမီ"
"သားမာမီဆီလာတယ်"
"ဟုက်တယ်မာမီ"
"ဘာကိစ္စရှိလို့လဲသားရဲ့"
ကျွန်တော်လဲ မာမီရင်ခွင်ထဲတိုးဝင်ကာ ခံစား
ရသမျှဝမ်းနည်းမှုများကို မျက်ရည်အဖြစ်ဖန်တီး
ပီးငိုချလိုက်သည်။
"သားရယ် ဘာလို့ငိုနေတာတုန်း"
"မာမီသမက်နောက်မိန်းမနဲ့ဖောက်ပြန်နေတယ်"
"သေချာလို့လားသားရယ်"
"သေချာတယ်မာမီရဲ့ သားမျက်လုံးနဲ့မြင်ခဲ့ရတာ"
"ဒီကောင်ဘာအချိုးချိုးတာလဲ မာမီရှင်းမယ်"
"မလုပ်နဲ့မာမီ"
"ဘာလဲငိုနေလို့ပြီးမဲ့ကိစ္စမဟုက်ဘူး သားမရှင်း
ရင်သူတို့ဖောက်ပြန်နေအုံးမှာပဲ"
"သားသိပါတယ်"
"သားငိုနေလို့အဖြေရှာလို့ရတဲ့ကိစ္စမဟုက်
ပြီးတော့သားငိုနေတာသူတို့်မြင်ရင်ဟားတိုက်ပီးရီနေမှာသားရဲ့"
"သားဝမ်းနည်းလို့ငိုတယ်ဒါပေမဲ့ မောင့်အရှေ့
မှာဘယ်တော့မှမငိုဘူး "
"သားဘာလုပ်မယ်စဉ်းစားထားလဲ?"
"သားမသိသလိုလွှတ်ထားမှာ "
"မြေးလေးကိုဘယ်လိုလုပ်ကြမလဲ"
"စိတ်မပူပါနဲ့မာမီ သားတစ်ယောက်လုံးရှိနေပါ
သေးတယ်။သားသူတို့်နှစ်ယောက်ကိုစောင့်
ကြည့်လို့မှ အခြေအနေမဟန်ရင် ထိပ်တိုက်
ရှင်းမှာ"
"သားတစ်ခုမှတ်ထား ပျော့ညံ့တဲ့သူကအရာရာရှုံးနိမ့်ရအမြဲပဲ"
"စိတ်ချ မာမီသားခံနိုင်ရည်ရှိပီးသား သားတရားသောနည်းနဲ့ဖြေရှင်းလို့်မှ မရရင် နှစ်ယောက်လုံးကိုအရှက်ခွဲပစ်မှာ"
"မှန်တယ်သား မာမီကမြှောက်ပေးတာမဟုက်ပေမဲ့ သားခံယူချက်ကိုမာမီသဘောတူတယ်"
"ဖောက်ပြန်တယ်ဆိုတာ ကိုယ့်လူဘက်က
စည်းမလုံလို့ဖြစ်တာမှန်တယ် အမုန်းဆုံးက
သားရဲ့နောက်ကျောကိုဓါးနဲ့ထိုးသာပဲ"
"သားလိုအပ်တာရှိရင်မာမီပြော"
"ဟုက်ပြောပါ့မယ် ညနေကျရင်မောင်ဟိုကောင်မအိမ်မသွားအောင်လုပ်ရအုံးမယ်"
"မှတ်ထားသားကသူနဲ့တရားဝင်လက်ထပ်
ထားတာ သားသီးမခံနိုင်တဲ့အဆုံး တရားစွဲ
လို့ရတယ်"
"သားကြိုတင်ပြင်ဆင်ပီးသားပါ ဖောက်ပြန်ရင်
ထောင်ကျမယ်ဆိုတာသူတို့လဲသိပြီးသားပဲ
ဆက်မိုက်ရဲရင်မိုက်ကျပေါ့ ပြီးမှလက်ထိပ်
စားနေရမှာသေချာတယ် "
"သားတို့အိမ်ထောင်ရေးကြောင့် အပြစ်မရှိတဲ့
မာမီမြေးလေး စိတ်ဒုက္ခရောက်မှာမလို
ချင်ဘူး"
"သားလေးကငါးနှစ်ပဲရှိသေးတယ်လေ"
"ငါးနှစ်ဆိုပေမဲ့ အသိဉာဏ်ဖွင့်ဖြိုးနေပီလေ
ကလေးတွေစိတ်ဒဏ်ရာရင် ကုလို့မရဘူးသားရဲ့"
"သားမှတ်ထားပါ့မယ် မာမီ"
"ထမင်းစားပြီးမှပြန်ပါလား?"
"မစားတော့ဘူးမာမီ သားပြန်မှရမှာ"
"အေးအေး..နောက်ရက်ကျရင်မြေးလေးကို
မာမီဆီလွှတ်လိုက်ပါအုံး မာမီအရမ်းလွမ်းနေလို့"
"ဟုက်ကဲ့မာမီ"
သီဟကျော်လဲ ညနေလဲရောက်ရောသား
လေးအားမူကြိုကကြိုပီး မာမီအိမ်သို့ပို့ခဲ့လိုက်သည်။ပြီးတော့ အိမ်သို့ပြန်လာခဲ့ကာ
အကျီ ၤအပါးကိုချွတ်ပီးအကျီ ၤအထူဝတ်လိုက်သည်။
ရှိုင်းသူရလဲ ရုံးစောစောဆင်းကာ မေအိမ်သို့
လာခဲ့သည်။
မေလဲ ကိုရှိုင်းကိုမြင်တာနဲ့ချက်ချင်းပြေးဖက်
လိုက်သည်။
"မျှော်နေတာ ကိုရှိုင်းရဲ့"
"မေမိဘတွေမရှိဘူးနဲ့တူတယ်"
"ဟုက်တယ် သူငယ်ချင်းအိမ်မှာအိပ်ကျမယ်လို့ပြောတယ်"
"အော်"
"ဒီညမေနဲ့တူတူအိပ်ရမယ်နော်"
"မရဘူးလေမေရဲ့ ကိုရှိုင်းကအိမ်ပြန်ရမှာ
ပြီးတာ့ကလေးကလဲရှိသေး"
"မေကိုချစ်ရင် သီဟနဲ့ကွာရှင်းလိုက်ပါလား"
"မဖြစ်သေးဘူးလေမေရဲ့"
"ဘာလို့်လဲ"
"သားလေးကရှိသေးတယ် ပြီးတော့သားလေး
အမြင်မှာကိုရှိုင်းကို လူမိုက်အဖေလို့မမြင်စေ
ချင်ဘူး"
"ဒါဆိုမေတို့ကဒီအတိုင်းပဲခိုးတွေ့ရမှာပေါ့"
"အင်းပေါ့မေရဲ့"
"မေလေ သူငယ်ချင်းယောကျာ်းကိုစနှိုက်
ကြော်ထားတာဘာလို့လဲသိလား?"
"သိဘူးလေမေရဲ့"
"ကိုရှိုင်းကိုအရမ်းချစ်လို့ပေါ့"
"ကိုရှိုင်းလဲ မေကို....."
"ဆက်ပြောလေ ကိုရှိုင်း"
"ကိုရှိုင်းဗိုက်ဆာတယ်"
"မေ ကိုရှိုင်းအတွက်ချက်ထားတယ် တကယ်လို့ မေတို့အကြောင်း သီဟသိသွားရင်
ကွာရှင်းလိုက်ပါ ပြီးရင်မေနဲ့ကိုရှိုင်းနဲ့လက်ထပ်
ကြမယ်"
"အင်း"
"မေကစကားကိုလွယ်လွယ်ပြောတာမဟုက်ဘူး လူတွေအမြင်မှာ မေကိုမိန်းမပျက်ထင်
ချင်ထင်လိမ့်မယ် ဒါတွေမေဂရုမစိုက်ဘူး
မေချစ်တာကိုရှိုင်းကို"
"သိပါတယ်မေရဲ့"
"မေရဲ့အပျိုဘဝကိုပေးတာ မေတကယ်ချစ်လို့
လူပျိုတွေအများကြီးထဲမှာမှ အိမ်ထောင်သည်
ဖြစ်တဲ့ ကိုရှိုင်းကိုရွေးခဲ့တာ မြတ်မြတ်နိုးနိုးနဲ့
ချစ်လို့"
"စကားကိုနောက်မှပြောရအောင် ကိုရှိုင်းဗိုက်
ဆာနေပီ"
"ဟုက်သားပဲ စားကြတာပေါ့"
ည(9)နာရီခန့်တွင်
သီဟကျော်လဲ ဧည့်ခန်းထဲတွင် ဟိုလျှောက်ဒီ
လျှောက်ရင်းစဉ်းစားနေမိတယ်။
"ဘာလုပ်နေတာလဲသီဟ"
အသံကြောင့်တံခါးဝကြည့်လိုက်တော့ဝေယံ
ဖြစ်နေသည်။
"မင်းဘာလာလုပ်တာလဲ?"
"မင်းကိုစိတ်ပူလို့ပေါ့ကွ နေရောကောင်းရဲ့လား ခေါင်းရောမူးနေလား စိတ်ညစ်စရာတွေသိပ်မတွေးနဲ့ အာရုံကြောထိခိုက်မယ်"
"မင်းကဆရာဝန်လို့မပြောရဘူး ငါဘာမှမဖြစ်
ဘူး စိတ်ပူမနေနဲ့"
"မင်းအရမ်းဝမ်းနည်းနေမယ်ဆိုတာငါသိ်တယ်
တစ်ခုခုဖြစ်နေမှာဆိုးလို့"
"ငါဝမ်းနည်းတယ်ဆိုတာမှန်တယ်ဒါပေမဲ့
မောင့်လုပ်ရပ်ကိုတွေးတိုင်း ရင်နာလို့မဆုံးဘူး"
"အိမ်ထောင်ရေးတစ်ခုကဘယ်လောက်ပဲ
တည်ဆောက်ဆောက် နောက်လူဝင်လာရင်
မပျော်ရွှင်ရတော့သာအမှန်ပဲ"
"ငါနဲ့မောင်အရမ်းပျော်ခဲ့ကြတာပေါ့ ရည်းစား
ဘဝပြန်သွားလို့ရရင်ပြန်သွားလိုက်ချင်တယ်"
"မင်းတို့ဘယ်လောက်ချစ်ခဲ့ကြလဲငါသိပါတယ်"
"မေဘယ်လောက်မြူ ဆွယ်မြူ ဆွယ်မောင်ငါ့ကိုချစ်ရင် ပါသွားမှာမဟုက်ဘူး ခုကမောင်ကို
ကတော်တော်လေးဖြစ်နေတာ"
"မင်းလူကပိုဆိုးတော့ သူများကိုဘယ်လို
ပြောရမှန်းမသိ"
"ခြံခုန်တဲ့နွားနဲ့ စနှိုက်ကြော်မနဲ့ ပြောရင်းသတ်
ချင်စိတ်တောင်ပေါက်တယ်"
"မင်းသူတို့နှစ်ယောက်ကိုသာ လက်ပူးလက်ချက်မိရင် တရားဆွဲလို့ရတယ်"
"တရားမဆွဲသေးဘူး သူတို့ကိုစောင့်ကြည့်အုံးမှာ ငါကငြိမ်နေမဲ့သူမဟုက်ဘူး မင်းငါ့
အကြောင်းသိပါတယ်"
"သိပါတယ် မင်းဘယ်လောက်ရဲရင့်ပြတ်သားလဲဆိုတာ"
"ငါနောက်ကျောကိုဓါးနဲ့ထိုးတဲ့ဟာတွေငါကလဲသူတို့နောက်ကျောကိုဓါးနဲ့ပြန်ထိုးပြမယ်"
"မင်းလိုချင်တဲ့အချိန်တိုင်းငါ့ဆီဖုန်းဆက်ခေါ်
လိုက် ငါကူညီမယ်"
"အေးလိုအပ်ရင်ခေါ်လိုက်မယ်။ငါသူတို့နှစ်
ယောက်ကို နှစ်ပတ်အထိစောင့်ကြည့်မယ်"
"နှစ်ပတ်ကမများဘူးလား"
"နှစ်ပတ်နေပီးရင် မေရဲ့အမေမွေးနေ့ရှိတယ်လေ"
"ဘာဆိုင်လို့လဲ "
"ငါကအကုန်လုံးအကွက်ချစီစဉ်ပြီးသား
တစ်ခုမအောင်မြင်ရင်တစ်ခုတော့အောင်မြင်
မှာပဲ "
"အေးပါ...မင်းဘာမှမဖြစ်ရင်ပြီးရင် ငါလဲပင်
ပန်းနေလို့ အိမ်ပြန်တော့မယ်"
"အေး...သေချာပြန်အုံး"
"အေးပါ"
ရှိုင်းသူရနဲ့မေတို့အခန်းထဲဝင်လာခဲ့ကြသည်။
မေက ရှိုင်းသူရလည်ပင်းကိုသိုင်းဖက်လိုက်ကာ
"ကိုရှိုင်းလူနဲ့ ကျွန်မနဲ့ဘယ်သူကပိုကောင်းလဲ?"
"ပြောစရာလိုသေးလို့လားမေရဲ့"
မေကအရင် ကိုရှိုင်းရဲ့နှုတ်ခမ်းကိုအရမ်းမရ
စုပ်ယူနမ်းရှိုက်လိုက်သည်။
ရှိုင်းသူရလဲ အလိုက်တသင့်ပြန်နမ်းရင်အနမ်း
တွေဟာကြမ်းတမ်းလာတော့သည်။
ရှိုင်းသူရလဲ နမ်းနေတာကိုရပ်ကာ မေအား
ကုတင်ပေါ်တွန်းလိုက်သည်။
ပြီးတော့ သူမအပေါ်ကလေခွလိုက်၍ သူမ၏
ဘော်လီအကျီ ၤအားချွတ်လိုက်သည်။ပြီးတော့
သူမ၏လည်တိုင်အား နှုတ်ခမ်းဖျားလေးဖြင့်
ထိပေးကာ ဖီးတက်အောင်လုပ်ပေးနေတော့သည်။ လက်တစ်ဖက်က ဘောင်းဘီချွတ်နေရင်း ဖုန်းမြည်သံကြောင့် ရပ်တန့်သွားတော့သည်။
တီ....တီ....
"ကိုရှိုင်းမရပ်နဲ့ ဆက်သွားရအောင်"
"ဖုန်းလာနေတယ် ကလေးဆီကလားမသိ"
ရှိုင်းသူရလဲ ဖုန်းကိုဘောင်းဘီအိတ်ကပ်ထဲက
ထုတ်ကာကိုင်လိုက်သည်၊
"📱ဟဲလို"
"📱ကလေးနေလို့မကောင်းလို့ပြန်လာခဲ့ပါလားမောင်"
"📱အခုချက်ချင်းပြန်လာမယ်"
ရှ်ိုင်းသူရလဲ ဖုန်းအချအပီး ဘောင်းဘီပြန်ဝတ်ကာ မေဘက်လှည့်လိုက်သည်။
"ဆော်ရီးမေ ကိုရှိုင်းပြန်မှဖြစ်မယ်"
"ဘာလဲသီဟ နေထိုင်မကောင်းလို့သွားပြုစု
ရမှာမလား?"
"အင်း...ဟုက်တယ်"
"မေကမသွားနဲ့ဆိုရင်ရော"
"ကလေးမဆန်စမ်းပါနဲ့မေရာ ကိုရှိုင်းသွားမှ
ဖြစ်မယ်"
မေလဲထွက်သွားတဲ့ ရှိုင်းသူရရဲ့ကျောပြင်ကို
ကြည့်ရင်းမျက်ရည်တွေဝဲတက်လာတော့သည်။
"သီဟနဲ့ယှဉ်ရင်ကျွန်မကဒုတိယလူမှန်းသိပါတယ် သိသိကြီးနဲ့ရှေ့ဆက်တိုးခဲ့ရတာ
ကိုရှိုင်းကိုမေအဆုံးရှုံးမခံနိုင်ဘူး ကိုရှိုင်းကို
မေအရမ်းချစ်တယ်"
"သီဟကျော်ထက်သာအောင် မေထားနိုင်တယ် အခြေအနေတစ်ခုကြောင့်ဆိုတာမေ
နားလည်ပါတယ် သူနဲ့ကိုရှိုင်းနဲ့သာကွာရှင်းတဲ့
နေ့ရောက်ခဲ့ရင် မေဘဝအတွက်အပျော်ဆုံးနေ့တစ်နေ့ဖြစ်လာမှာပါ"
ရှိုင်းသူရလဲ အိမ်ထဲအရောက် ဧည့်ခန်းထဲတွင်
ထိုင်နေတဲ့ ကလေးအနားပြေးကာ ရင်ခွင်ထဲ
ထည့်ပီး ဖက်ထားလိုက်သည်။
"ကလေးရယ်..မောင်အရမ်းစိတ်ပူသွားတာပဲ
အခုရောဘယ်လိုနေသေးလဲ?"
ကျွန်တော်လဲမောင့်ရင်ခွင်ထဲကလေ ပြုံး
လိုက်မိတယ်။
(စိတ်ပူတယ်တဲ့လား?သိပ်ကိုအပြောကောင်း
တယ်)
"နည်းနည်းသက်သာပါတယ်မောင်ရဲ့"
"ဒါနဲ့သားလေးရော"
"မာမီကသူ့မြေးကိုလွမ်းလို့တဲ့ခဏပို့ထားတယ်"
"အော်...မောင်ရင်ခွင်ထဲမှာနေရင် ကလေးသက်သာသွားလိမ့်မယ်"
သီဟကျော်လဲ ရှိုင်းသူရရင်ခွင်ထဲကလေ
ပြုံးလိုက်မိတယ်။
(အရင်ကမောင့်ရင်ခွင်ကနွေးထွေးတယ်အခုက ပူလောင်တယ် တစ်ခြားသူဝင်ပီးသား
ရင်ခွင်ကိုဝင်ရတာ ပိုပီးပူလောင်တယ်)
"ကလေး"
"ပြောလေ"
"ကလေးပင်ပန်းနေပီမလား အိပ်ကြရအောင်လေ"
"အင်း"
သီဟကျော်လဲ မောင်ရင်ခွင်ထဲကလေထွက်
လိုက်ကာ ထရပ်လိုက််သည်။
ကျွန်တော်လဲ မောင်ကိုပြုံးပြမလို့ပြင်လိုက်ပေမဲ့ မောင့်အကျီ ၤအဖြူ မှာပေနေတဲ့ နှုတ်ခမ်းနီ
အရာကြောင့် မပြုံးနိုင်တော့ပေ။
"မောင်"
"ပြောလေကလေးရဲ့"
"မောင့်အကျီ ၤအဖြူကနှုတ်ခမ်းနီအရာက
ဘယ်လိုဖြစ်တာလဲ?"
ကလေးပြောမှ ကျွန်တော့်အကျီ ၤပြန်ကြည့်လိုက်မိတယ်။ကျွန်တော်လဲ ပါးစပ်ထဲရှိရာလိမ်
ပြောလိုက်သည်။
"အော်...မောင်အလုပ်သွားတုန်းကလမ်းမှာလေ ကောင်မလေးတစ်ယောက်ချော်လဲတာ
ပြေးထိန်းပေးရင်း သူ့နှုတ်ခမ်းနီအရာ အကျီ ၤ
မှာလာပေသွားတာထင်တယ်"
(မောင်လိမ်တယ် ဆင်ခြေပေးတာသိပ်တော်ပါတယ်။ မောင်ကိုတစ်နေ့တခြားမုန်းလာမိတာအမှန်ပဲ)
ကျွန်တော်လဲ မောင့်နှလုံးသားတည့်တည့်အားလက်ညိုးထိုးလိုက်ကာ
"မောင့်နှလုံးသားက ဘယ်သူ့အတွက်လဲ?"
"ဘယ်သူအတွက်ကမှာလဲ ကလေးအတွက်ပဲပေါ့"
"သေချာလားမောင်"
"သေချာတာပေါ့ကလေးရဲ့"
"မောင့်စကားမောင်မှတ်ထားပါ"
"ကလေးစကားတွေက ဒီနေ့ထူးဆန်းနေသလိုပဲ "
"နောက်နေ့တွေ ဒီထက်ပိုပီးထူးဆန်းအုံးမှာ"
"အော်"
"တချို့ကအသိဉာဏ်ရှိရက်သားနဲ့ဖောက်ပြန်
ကြတယ်နော် ကလေးအံသြလို့မဆုံးဘူးသိလား?"
"ဘယ်သူတုန်းကလေးရဲ့"
"ဖောက်ပြန်တဲ့သူတွေကိုပြောတာလေမောင်ရဲ့"
"အော်"
"ဖောက်ပြန်တဲ့သူတွေကသက်ရှိမို့လို့လူလို့
သာခေါင်းစဉ်တပ်ကျသာ။တကယ်တမ်းတော့
နွားတွေလောက်ဦးဉောဏ်မရှိကြဘူးမောင်ရဲ့"
သီဟကျော်ရဲ့မျက်နှာထိမျက်နှာထားနဲ့ပြောဆို
ပုံက ရှိုင်းသူရကိုဒဲ့မှန်သွားသာအသေအချာပဲ။
ရှိုင်းသူရလဲစကားလမ်းကြောင်းလွှဲလိုက်တော့သည်။
"လာပါကလေးရဲ့ အိပ်ရအောင်"
"အင်း"
မေလဲ အိပ်မပျော်တာကြောင့် ကုတင်ပေါ်က
ထကာ ခြံထဲဆင်းလာခဲ့သည်။
မေလဲ ခြံထဲအရောက် ကောင်းကင်ကလမင်း
ကိုမေ့ကြည့်လိုက်တော့ လမင်းကိုမြင်ရမဲ့
အစား ကိုရှိုင်းမျက်နှာကိုသာမြင်နေရတော့သည်။
"မေလေ ကိုရှိုင်းကိုလွမ်းလိုက်တာ ဖြစ်နိုင်ရင်
ကိုရှိုင်းကိုအိပ်ခေါ်ပီးအိပ်ခိုင်းချင်တာ"
မေလဲ ကိုရှိုင်းနဲ့တွေ့ခဲ့တဲ့နေ့ကိုပြန်တွေးလိုက်သည်။
သီဟကျော် (26)နှစ်ပြည့်မွေးနေ့ညဘက်တွင်
သီဟကျော်လဲ သားလေးကိုအဝတ်အစား
လဲပေးနေတုန်း အခန်းထဲဝင်လာတဲ့မောင်။
"ကလေးရေ ဘာလုပ်"
"သားလေးကိုအဝတ်အစားလဲပေးနေတာ"
"ကလေးမွေးနေ့လေ ကလေးကအားလုံးထဲမှာထင်ပေါ်နေဖို့အရေးကြီးတယ်"
"ကလေးသိပါတယ် မောင်ကအဝတ်အစား
လဲပြီးသွားပြီပဲ မြန်လိုက်တာ"
"ဟဲ...ဟဲ...."
ကျွန်တော်လဲ မောင့်အနားသွားကာ
မောင့်ရင်ခွင်ထဲတိုးဝင်လိုက်သည်။
"မောင်"
"ဗျာ"
"မောင်ကခန့်ချောကြီးဆိုတော့ သူများတွေ
မျက်စိကျနေမှာမလိုလားဘူး"
"စိတ်ချပါကလေးရဲ့ မောင့်ဘဝမှာကလေးနဲ့
သားလေးပဲရှိတယ် ယုံပေးနော်"
"ယုံပါတယ်မောင်ရဲ့ ကလေးပြီးရင်သားလေးနဲ့လာခဲ့မယ် မောင့်သူငယ်ချင်းတွေကိုဧည့်ခံ
ထားလိုက်"
"အင်းပါကလေးရဲ့ ပြီးရင်ထွက်လာခဲ့ မောင်
စောင့်နေမယ်"
"ဟုက်ကဲ့ မောင်"
ရှိုင်းသူရလဲ အောက်ထပ်ဆင်းကာ သူငယ်
ချင်းတွေအား ဧည့်ခံစကားပြောနေတော့သည်။
"သားရီးမင်းရဲ့ယောကျာ်းနဲ့သားလေးရော
မတွေ့ပါလား?"
"အဝတ်အစားလဲနေတယ်ကွ"
"မင်းသားအသက်က"
"သုံးနှစ်ရှိပီလေ"
"အေး မင်းတို့်မြန်ချက် ငါကတော့လူပျိုကြီး
ဖြစ်နေတုန်းပဲ"
"မင်းဘာသာအပျော်ရှာနေတာလေ ဘယ်လိုလုပ်အိမ်ထောင်ကျတော့မှာတုန်း"
"နင်ကလဲဟယ် လူပျိုကြီးကိုဒဲ့သွားပြောတော့
ဟိုကရှက်နေပီပေါ့ဟ"
"နင်လဲအပျိုကြီးပဲ ငါ့သူငယ်ချင်းကိုယူလိုက်လေ"
"မယူပါဘူးအေ ကိုယ့်ဘာသာအေးဆေး
နေပါရစေ"
မေလဲ နိုင်ငံခြားကပြန်လာတာသိပ်မကြာသေးပေ။ သူငယ်ချင်းအရင်းကြီး သီဟကျော်
မွေးနေ့မို့ ရောက်လာခဲ့သည်။
မေလဲ အိမ်ထဲဝင်ဝင်ချင်းဟိုကြည့်ဒီကြည့်
လုပ်နေရင်း အဖြူ ရောင်အကျီ ၤဝတ်ထားတဲ့ အကိုကြီးဆီအကြည့်ရောက်သွားတော့သည်။
(ပြုံးနေတာလေးက ခန့်လိုက်တာအကိုရယ်
မေအရမ်းကြွေသွားပီ မေနှလုံးသားလေးကို
ခုန်နိုင်အောင်လုပ်နိုင်တဲ့အကို့ကို မေအရမ်း
ချီးကျုးမိတယ်)
ရှိုင်းသူရလဲ သူငယ်ချင်းတွေနဲ့ရီမောကာ
ပြောဆိုနေရင်း အကြည့်က တံခါးဝဆီရောက်
သွားသည်။
"သားရီးတို့ခဏ "
"အေး"
ရှိုင်းသူရလဲ မေအနားသွားလိုက်ကာ
"ညီမ ဘယ်သူ ့ကိုရှာနေတာလဲမသိ"
မေလဲ ဘာမှပြန်မပြောဘဲ ငေးနေမိတယ်။
"ညီမ အကိုပြောတာကြားလား?"
မေလဲ သတိပြန်ဝင်လာကာ
"အကိုကခန့်ချောကြီးနော်"
"ညီမကတော့မြှောက်ပီ"
"တကယ်ပြောတာအကိုရဲ့"
"အင်းပါ.."
"အကိုမှာရည်းစားရှိလား?"
ရှိုင်းသူရလဲ ပြောမလို့ရှိသေးအနားသို့
ရောက်လာတဲ့ သီဟကျော်။
"မေပါလား?"
"အေး နင့်မွေးနေ့မို့လို့လာခဲ့တာ"
"မောင်သားလေးကိုချီထားပါအုံး"
"အင်း"
ရှိုင်းသူရလဲ သားလေးကိုချီကာအနားက
ထွက်သွားတော့သည်။
"နင်ကလဲ ပျောက်သွားလိုက်တာအခုမှပဲ
ပြန်တွေ့ရတော့တယ်"
"ဒါနဲ့ ခုဏကလူက"
"အော် သူကငါ့ယောကျာ်းလေ ပြီးတော့
ကလေးက ငါမွေးထားတာ"
မေလဲ ဘာကြောင့်မှန်းမသိ ဝမ်းနည်းသွားတာ
အမှန်ပင်။
"ကလေးကိုနင်မွေးတာဟုက်လား"
"ဟုက်တယ်လေ ငါကသားအိမ်မရှိတော့
သားအိမ်ထည့်ပီးမွေးလိုက်တာ"
"အော် နင့်ယောကျာ်းနာမည်က"
"ရှိုင်းသူရ"
မေလဲ နာမည်ကိုစိတ်ထဲကရေရွတ်နေမိတယ်။
(ရှိုင်းသူရတဲ့လား ငါကြွေသွားတဲ့အကိုကြီးက
သီဟကျော်ယောကျာ်းတဲ့ ငါဘယ်လိုလုပ်ရမလဲ)
ရှိုင်းသူရလဲ သီဟကျော်အနားပြန်လာကာ
ခြေထောက်တစ်ဖက်အား ကြမ်းပြင်ပေါ်ချလိုက်ကာ ဒူးထောက်တဲ့ပုံစံထားလိုက်သည်။
"ကလေးက မောင့်ဘဝမောင့်အနာဂတ်
မောင့်ရဲ့တစ်ဦးတည်းသောချစ်ရသူပါ။
ကလေးနဲ့အိုမင်းတဲ့အထိမောင်နေချင်တယ်"
"ထပါမောင်ရယ် သူငယ်ချင်းတွေကြည့်နေတယ်"
ရှိုင်းသူရလဲ ထလိုက်ကာ ကလေးအားဖက်
ထားလိုက်သည်။
"အရမ်းချစ်တယ်ကလေး"
"ကလေးလဲမောင့်ကိုအရမ်းချစ်တယ်"
မေလဲ ထိုမြင်ကွင်းကိုမြင်တော့ဘာလို့မှန်းမသိဒေါသထွက်မိတာအမှန်ပင်။
(ပထမဦးဆုံးမြင်ဖူးတဲ့သူကိုပိုင်ဆိုင်ချင်မိတယ် အိမ်ထောင်သည်ဖြစ်တဲ့သူကိုပိုင်ဆိုင်ချင်မိတာငါမမှားဘူးလို့တော့ထင်တယ် ဘာလို့
လဲဆိုတော့ ငါအကို့ကိုချစ်မိသွားပီ။)
သီဟကျော်လဲမွေးနေ့ကိတ်အပီး ကိတ်မုန့်
အားသူငယ်ချင်းတွေကိုလိုက်ပီးခွံ့ကျွေးလိုက်သည်။သူငယ်ချင်းတွေကလဲ တစ်ယောက်
တမျိုးဆုတောင်းပေးကြသည်။
သီဟကျော်လဲ နောက်ဆုံးမေအလှည့်အရောက် ခွံ့ကျွေးလိုက်သည်။
"ငါ့ကိုမွေးနေ့ဆုတောင်းပေးအုံးလေမေရဲ့"
"နင်တို့အိမ်ထောင်ရေးတည်တံ့နိုင်ပါစေလို့ဆုတောင်းပေးလိုက့်ပါတယ်"
မေရဲ့ဆုတောင်းစကားကြောင့် သီဟကျော်
မျက်နှာပျက်သွားရတာအမှန်ပင်။
မေရဲ့အကြည့်က ရှိုင်းသူရဆီကတစ်ဖွား
မှမခွာပေ။
(သူငယ်ချင်းရဲ့ယောကျာ်းကိုလုရမှာတော့
စိတ်မကောင်းဖြစ်မိတယ် ငါ့ကိုခွင့်လွှတ်ပါ
သီဟကျော် ငါနင့်ယောကျာ်းကိုအရမ်းချစ်မိ
သွားလို့ပါ။သူများအိမ်ထောင်သည်ရေးကို
ဖြိုကွဲရင် ငရဲကျမယ်ဆိုတာ သိသိကြီးနဲ့ငါ
ဝင်တိုးမှာ သူ့ကိုပိုင်ဆိုင်ရဖို့ ငရဲကျလဲတန်နေပါပီ)
သူငယ်ချင်းယောကျာ်းမှန်းသိသိကြီးနဲ့ရှေ့
ဆက်တိုးဖို့လုပ်တဲ့လုပ်ရပ်က အရမ်းကိုရှက်စရာကောင်းပါတယ်။
ငြိမ့်ငြိမ့်လေးနဲ့ဇာတ်လမ်းထဲစီးမျောလိုက်ပါ။
ဇာတ်ကောင်သုံးယောက်ကိုအပီပြင်ဆုံး
ပုံဖော်ထားပါတယ်။
@@@@@@@@@@@@@@@@@
အားပေးမှုကိုအထူးကျေးဇူးတင်ပါသည်။
😘😘😘😘😘😘😘😘😘😘😘😘😘