Witnessing To The MaNaw Land_...
By DiDi_0410
6.2K 460 188
မနောတိုင်များအား သက်သေတည်ပါတယ်... ချစ်ရသူအနား ခစားခွင့်ပြုပေးပါ... မေနာတိုင္မ်ားအား သက္ေသတည္ပါတယ္... ခ်စ္ရသူအ... More
Intro ( Uni )
အပိုင်း - ၁ ( Uni + Zaw )
Intro ( Zaw )
အပိုင်း - ၂ ( uni )
အပိုင်း - ၂ ( Zaw )
အပိုင်း -၃ ( Uni )
အပိုင်း -၃ ( Zaw )
အပိုင်း - ၄ ( uni )
အပိုင်း - ၄ ( Zaw )
အပိုင်း - ၅ ( uni )
အပိုင်း - ၅ ( Zaw )
အပိုင်း - ၆ ( uni )
အပိုင်း - ၆ ( Zaw )
အပိုင်း - ၇ ( uni )
အပိုင်း - ၇ ( Zaw )
အပိုင်း - ၈ ( uni )
အပိုင်း - ၈ ( Zaw )
အပိုင်း - ၉ ( uni )
အပိုင်း - ၉ ( Zawgyi )
Please Read ‼️
အပိုင်း ၁၀ ( uni )
အပိုင်း - ၁၀ ( Zawgyi )
အပိုင်း - ၁၁ ( Zaw )
အပိုင်း - ၁၂ ( Uni )
အပိုင်း - ၁၂ ( Zaw )
အပိုင်း - ၁၃ ( Uni )
အပိုင်း - ၁၃ ( Zaw )
အပိုင်း - ၁၄ ( Uni + Zaw )
အပိုင်း - ၁၅ ( Uni + Zaw )
အပိုင်း - ၁၆ ( Uni + Zaw )
အပိုင်း - ၁၇ ( Uni + Zaw )
အပိုင်း - ၁၈ ( Uni + Zaw )
‼️ D Day ‼️
အပိုင်း - ၁၉ ( Uni + Zaw )
အပိုင်း - ၂၀ ( Uni + Zaw )
အပိုင်း - ၂၁ ( Uni + Zaw )
အပိုင်း - ၂၂ ( Uni + Zaw )
Happy Birthday to Me \(๑╹◡╹๑)ノ♬
အပိုင်း - ၂၃ ( Uni + Zaw )
အပိုင်း - ၂၄ ( Uni + Zaw )
အပိုင်း - ၂၅ ( Uni + Zaw )
Happy Thadingyut Everyone🎉✨
အပိုင်း - ၂၆« ဇာတ်သိမ်းပိုင်း »( Uni + Zaw )
ကျေးဇူးတင်လွှာ { ေက်းဇူးတင္လႊာ }
Extra for Christmas {{ Wedding Ceremony }}
Please
အပိုင်း - ၁၁ ( Uni )
112 16 13
By DiDi_0410
( ရွှေမဉ္ဇူဘုရားပုံအား media တွင်ဝင်ကြည့်နိုင်ပါသည် )
ရေပြင်ကျယ်ကို ဖြတ်ကာတရစပ်ခုတ်မောင်းနေတဲ့ စက်လှေငယ်လေးဟာ အင်ဂျင်သံကလွဲပြီး တိတ်ဆိတ်နေခဲ့သည် ။
အေးမြသောရေပြင်မှ ရေစက်ကလေးများက မျက်နှာထပ် လာရောက်ကျယ်စားကြသော်လဲ တုန်ရင်နေသော နှလုံးသားကို အေးမြစေရန် မတတ်စွမ်းနိုင်ခဲ့ပါလေ ။
စက်လှေငယ်ဟာ ရေပြင်‌ကျယ်ပေါ်မှာ ‌အမြန်နှုန်းအချို့နှင့် ခုတ်မောင်းနေရင်း လျင်မြန်သောအရှိန်ကို တဖြေးဖြေး‌ေလျှာ့ကျလာလေသည် ။
စက်လှေငယ်ဟာ တဖြေးဖြေးချင်း လှေကားထစ်နားကပ်ကာ ရပ်နားပေးလိုက်ချိန်တွင် လှေငယ်ပေါ်မှ ချောမောခန့်ညားသော လူ ၅ ဦးဆင်းလာသည်ကို အနားမှ ဧည့်သည်များ တွေ့မြင်လိုက်ကြရသည် ။
ဧက သူ့နံဘေးမှ ချစ်ရသူအား စောင်းငဲ့ကြည့်လိုက်မိသည် ။ ဒီကောင်ငယ်လေးဟာ မကြာခင်သူ့အပိုင်ဖြစ်တော့မှာမို့ ပိုရင်တုန်ရသည် ။ ရင်ခုန်သည်လား ရင်တုန်သည်လားကိုတောင် ဧက ခွဲခြားနိုင်စွမ်း မရှိတော့ပါပေ ။ ကောင်လေးအား စောင်းငဲ့ကြည့်နေရင်း......
- Flashback -
" ကိုယ်မင်းကို ချစ်နေပြီ ဟူ....
မင်းယောကျာ်းတယောက်ဖြစ်နေလဲ
ကိုယ်ဂရုမစိုက်ဘူး....
ကိုယ်ချစ်တာ ရဂွန်းဟူဝေ ဆိုတဲ့ ဟူ့ကို.... "
ခေတ္တခဏကြောင်အသွားသော်လဲ အမှန်တကယ်ကို တခဏလေးသာ... ။ ဧကအားမော့ကြည့်နေသော မျက်ဝန်းငယ်တို့က ‌နံဘေးမှ စိမ်းလဲ့သောကန်ရေပြင်ထံ အကြည့်လွှဲသွားခဲ့သည် ။
ပြန်လှည့်ကြည့်လာသော မျက်ဝန်းတို့က စိမ်းကားသောအငွေ့အသက်များမပါသည်ကိုပင် ကျေးဇူးတင်ရမယောင် ၊ တုန်လှုပ်နေသော ရင်တွင်းစိုင်သည် စကားလေးတခွန်းကိုကအရ အာရုံစူးစိုက်မှုက အလွန်ပြင်းပြနေလေသည် ။
သမုဒ္ဒရာအတွင်းမှ ချောက်နက်တခုလို နက်မှောင်တောက်ပသော မျက်ဆံလေးများက ဆုံးဖြတ်ချက်ချပြတ်သားသော ပုံရိပ်ကိုပုံဖော်ပေးလေသည် ။
" ဧက သိလား ... ရွှေမဉ္ဇူဘုရားဟာ
တနှစ်ကိုတခါပဲ နတ်လမ်းပေါ်တယ်...
နောက် ၂ လကြာ နတ်လမ်းထက်မှာ
ကျွန်တော့်ရဲ့အဖြေကို လာစောင့်ပေးပါ "
စိတ်လှုပ်ရှားစရာ‌ေကာင်းသော ဖွင့်ပြောခြင်းသည် ဆုံးဖြတ်ချက်ခိုင်မာသော စကားများအကြား အလျင်အမြန်ပင် ပြီးပြတ်သွားခဲ့သည် ။
" ကျွန်တော်က သာမာန်မြို့သေးသေးလေးက ကောင်လေးတယောက်ပါ... ဒါပေမယ့် ကျွန်တော့်မှာ မာန နဲ့ သိက္ခာတရားရှိသေးတယ် ဧက... ။
ကျွန်တော်က စားဝတ်နေရေးအတွက် လူတိုင်းနဲ့ အလိုက်အထိုက်ပြောဆိုဆက်ဆံနေတဲ့သူတယောက်.... ဒီလိုကြီး ယောကျာ်းတယောက်နဲ့ ချက်ချင်းလက်တွဲဖို့ဆိုတာ ကျွန်တော့်အတွက် မလွယ်ကူဘူး ။
ကျွန်တော်က သာမာန်နုံနုံအအ တောသားတယောက်လို့ပဲ အလွယ်မတွေးလိုက်ပါနဲ့။"
"မဟုတ်ဘူး ဟူ.... ဟူ့ကို ကိုယ်ဘယ်တုန်းကမှ အလွယ်မတွေးခဲ့ဘူး... မင်းမှာ မာန်မာနနဲ့သိက္ခာရှိတာကိုကိုယ်သိတယ်....။ မင်းကပညာကို အရမ်းတန်ဖိုးထားလွန်းတာလဲ ကိုယ်သိတယ်...။ ကိုယ်ကမင်းကို ဒီတိုင်း.....ဒီတိုင်းပဲချစ်နေချင်ရုံလေးပါ ။"
" အဲ့တာဆို ပြီးပြီပေါ့...။ လှေဆိပ်သွားကြမယ် ။ ကျွန်‌တော်ပြောခဲ့သလို နောက်နှစ်လကြာတဲ့အခါ နတ်လမ်းထက်မှာ တွေ့ကြမယ် "
ထို့နောက် ကျောပြင်ငယ်သည် ဧကရှေ့မှကျောခိုင်းကာ လှည့်ထွက်သွားခဲ့သည် ။ ချစ်ရသူသည် တကယ်ပင် မာနကြီးသူပင် ။
- Flashback end -
ဧကတို့ ဘုရားရင်ပြင်တော်အပေါ်ပတ်ပြီးနောက် စောင်းတန်းထဲတွင် ဝင်နားကြရင်း ဘုရားရှိခိုးကြသည် ။ သို့သော် လူငယ်များသာဖြစ်ကြသည်မို့ ဘုရားရှိခိုးသည်ဆိုရုံပင် ပေါက်ဆိန်ပေါက်သလို ဦးချကာ ပြန်ထိုင်နေကြသည် ။
" ကျွန်တော်အခု ရွှေမဉ္ဇူဘုရားအကြောင်းပြောပြမယ်ဗျ..."
ရဂွန်းရဲ့စကားကို အကုန်လုံးကခေါင်းငြိမ့်ကာ အာရုံစိုက်နားထောင်ပေးနေကြသည် ။
"ရွှေမဉ္ဇူဘုရားဟာ အင်းတော်ကြီးအိုင် အနောက်ဘက်ကမ်းခြေကနေ ပေ ၁၅၀ဝ အကွာ၊ လင်းလုံသဲသောင်စွယ်ပေါ်တွင် ကိန်းဝပ်တော်မူလျက် ရှိတယ်..။
ဘုရားသမိုင်းကတော့ အင်းတော်ကြီး ဘုရားသမိုင်းသုတေသီများ အဆိုအရ ဂေါတမမြတ်စွာဘုရားဟာ နာဠာဂီရိတောင် (ဆင်ခေါင်းတောင်)ပေါ်၌ ရပ်တန့်တော်မူပြီး "ဤ​ရော၌ နောင်သော်အခါ အင်းကြီး ဖြစ်တည်မည်၊ ငါဘုရားရှင်၏ ဓာတ်တော် မွေတော်များ ကိန်းဝပ်သော ဘုရားစေတီများ ပေါ်ထွန်းမည်"ဟု မိန့်ကြားတော် မူခဲ့တယ်တဲ့ ...။
၁၁ ရာစု‌ေလာက်မှာတော့ အင်းတော်ကြီးနယ် တောင်သုံးလုံး၌ သီတင်းသုံးတော်မူလျှက်ရှိတဲ့ တောရဆရာတော် ဦးညီဆူဟာ သီလ၊ သမာဓိ၊ မေတ္တာ၊ ကမ္မဌာန်းဂုဏ်တို့နှင့် ပြည့်စုံသော ဒကာများနှင့်အတူ အဓိဌာန်ပြုထားတဲ့ ကျောက်တုံးသုံးလုံးကို လှေပေါ်တင်ဆောင်ပြီး ဖာနန်းမုံဒေသမှ ထွက်ခွာခဲ့တယ် ။
ပြီးတော့ အခု ရွှေမဉ္ဇူဘုရား ကိန်းဝပ်ရာသဲသောင်သို့ ရောက်ရှိတော်မူတယ် ။ ဆရာတော်ဟာ သဲသောင်ပြင်ထိပ်မှာ တောင်ဝှေးကို အဓိဌာန်ပြု စိုက်ထူလိုက်ပြီး၊ တင်ဆောင်လာတဲ့ ကျောက်တုံးသုံးလုံးဖြင့် ညှပ်ထားခဲ့တယ်။
အဲ့နေရာမှာ ဘုရားတည်ဖို့ ဆရာတော် ဦးညီဆူ၏ ညွှန်ကြားချက်အရ ဆရာတော် ဦးသောဘိတက ၁၂၃၀ ပြည့်နှစ်မှာ ပန္နက်ရိုက်တော်မူခဲ့တယ် ။
၁၂၃၁-ခုနှစ်၊ ကဆုန်လဆန်း (၁၃) ရက်(၁၈၆၉ ခုနှစ် ဧပြီလ ၄ ရက်)နေ့မှာ ရန်ကုန်မြို့ ရွှေတိဂုံဘုရားက ပင့်ဆောင်လာခဲ့တဲ့ မြတ်စွာဘုရားရဲ့ သရီရဓာတ်တော်ငါးဆူတို့ကို ရွှေသေတ္တာမှာ ထည့်ပြီး ရတနာရွှေစင်နဲ့ ပြုလုပ်ထားတဲ့ လှေပေါ်မှာတင်ပြီး ဌာပနာခဲ့တယ်။
နယုန်လဆန်း (၆)ရက်နေ့မှာတော့ ထီးတော်တင်လှူခဲ့တယ်။ စစတည်စ ဉာဏ်တော်က ၁၅ ပေကျော်ရှိတယ် ။ ယင်းသို့ ဌာပနာသည့် ရွှေသံတင်း၊ ရွှေသေတ္တာကို အစွဲပြု၍ မဉ္ဇူသာ လို့ခေါ်ရာကနေ ပါဠိသက် "ရွှေမဉ္ဇူ" ဆိုပြီးဖြစ်လာတာပဲ ။
ရွှေမဉ္ဇူဘုရားကို အဆက်ဆက် ပြုပြင်ထိန်းသိမ်း မွမ်းမံခဲ့ကြတဲ့အတွက်ကြောင့် အခုတော့ ဉာဏ်တော် ပေ(၅၀)၊ ဖိနပ်တော်(၃၉)ပေ(၁၀)လက်မအထိ တည်ရှိနေတော်မူတဲ့ စေတီတော်ကိုသပ္ပါယ်စွည ဖူးမြော်လို့‌ရနေပြီ....။ စေတီတော်ရဲ့ ပစ္စယာ အဆင့်ဆင့်မှာ မုခ်ငယ်များ တည်ဆောက်ပြီး ကျောက်ဆင်းတုတော်များ စံပယ်တော်မူလျှက်ရှိတယ် ။  အရန်စေတီငယ်ပေါင်း ၁၅၂ ဆူကိုလည်း တည်ထားတယ်။"
" ရွှေမဉ္ဇူဘုရားရဲ့ထူးခြားချက်က အင်းတော်ကြီးဘုရား မြောက်ဘက် ဘုရားပေါ်တက်ဖို့ အဆင့်မှာ "အမျိုးသမီးများ မတက်ရ" စာတန်း စိုက်ထူထားတယ် ။ သတိပေးဆိုင်းဘုတ်ကို မတွေ့ဘဲ အထက်ကို အမျိုးသမီးများ တက်မိရင် ရာသီဥတု ဘယ်လောက်ပဲသာယာပြီးကြည်လင်နေပါစေ မိုးမှောင်ကျလာပြီး၊ လေပြင်း တိုက်ခတ်လာတတ်တယ်ဗျ...။
အကြောင်းအရင်းကတော့ ဓာတ်တော် မွေတော်များ ဌပနာရာမှာ မူလအစက‌ေတာ့ ဖိနပ်တော်ပလ္လင် အထက်မှာ ဖြစ်ပေမယ့်လဲ နောင် စေတီတော်၏ ဖိနပ်တော်ကို အကြိမ်ကြိမ် ပြန်မြှင့်ခဲ့တာကြောင့် ဓာတ်တော်၊ မွေတော်‌ေတွဟာ စေတီတော် ပလ္လင်အောက်၌ တည်နေကြရပြီး၊ လောင်းလှေပေါ်၌ ရွှေသေတ္တာ၊ ရွှေကြုပ်ဖလားတို့နဲ့ တည်ပြီး ဌာပနာထားတဲ့ ဓာတ်တော်များက မိုးကာလ ရေမြင့်တက်လာချိန်မှာ အထက်ကို ရောက်ရှိလာတယ်လို့ ယူဆထားကြတယ်။
နောက်တချက်ကတော့ လူတိုင်းသိကြတဲ့ နတ်လမ်းပေါ်တာပဲ ။တပေါင်းလဆန်း ဘုရားပွဲတော် ကျင်းပချိန်နီးကပ်လာတာနဲ့ ဘုရားစေတီအရောက် လူလျှောက်သွားနိုင်ဖို့ သဲလမ်းမကြီးနှစ်လမ်း ပေါ်လာတတ်တယ် ပြီးတော့ ဘုရားပွဲတော်ပြီးတဲ့အခါ သဲလမ်းတွေက ရေထဲပြန်မြုပ်သွားကြတယ် ။ ပွဲတော်ပြီးရင်လည်း လေတွေတိုက်ပြီး ပွဲတော်ကျင်းပရာက ကျန်ခဲ့တဲ့အမှိုက်တွေပ လေထဲပါသွားတတ်တယ်ဗျ...။ "
ရဂွန်းရှင်းပြသွားသော သမိုင်းကြောင်းမှ အံသြဖွယ်ကောင်းလှသော ရွှေမဉ္ဇူဘုရားအကြောင်းအား သေချာသိခွင့်ရခဲ့ကြသည် ။
သူတို့ခဏထိုင်ကာ နားပြီးနောက် စက်လှေဖြင့် ကမ်းကိုပြန်ဆင်းခဲ့ကြသည် ။ စက်လှေခသည် အသွားအပြန်မှ ၂၀၀၀ သာကျသင့်သည် ။
ကမ်းစပ်ရောက်ချိန်တွင် ဓာတ်ဖမ်းနေသော ထွေးအားခဏစောင့်ပေးပြီး ကားပေါ်တက်ကာ အပြန်ခရီးစခဲ့ကြသည် ။
ထို့နောက် အပြန်လမ်းတွင်ရှိသော ဟိုဖာရွာ၏ကမ်းစပ်ကလေးဖြစ်သည့် ဟိုဖာကမ်းခြေကို ဝင်လည်ကြမည်ဖြစ်သည် ။ နွေရာသီဖြစ်၍ သဲသောင်ပြင်နှင့် ကမ်းစပ်မှ ရေပြာတို့က ကျီစားနေကြဟန် တိုးဝှေ့နေကြသည် ။ သို့သော် နေ့လည်ခေါ်ကြီးဖြစ်သည်မို့ ရေမကစားခဲ့ရပါချေ ။ ထွေးကတော့ ရေမဆော့ရသည်ကို မကျေနပ်သယောင် ။
နေ့လည်စာကို ဟိုဖာရွာထဲမှာရှိသော ဆိုင်ငယ်လေးမှာပင်ဝင်စားခဲ့ကြသည် ။
ကချင်ရိုးရာဟင်းများဖြစ်ကြသော ကချင်စကောထမင်းနှင့် ကချင်ငါးပေါင်းကိုမှာလိုက်ကာ စားသောက်ကြသည် ။
ကချင်စကောထမင်းသည် ငပိ၏အစပ်နှင့် အတို့အမြုပ်တို့၏ ပေါင်းစပ်မှုကြောင့် အလွန်စားကောင်းလှသည် ။
ကချင်ငါးပေါင်းကိုတော့ ကချင်ပြည်နယ်ထွက်ဟင်းခတ်မှုန့် ၊ ခရမ်းချဉ်သီး ၊ ဆန်မှုန့်နှင့် ငါးကိုငှက်ပျောထွက်ထဲထည့်ကာ ပေါင်းထားသဖြင့် ကျန်းမာရေးနှင့်ညီသည့်အပြင် စားကောင်းလှပေသည် ။
ငါးယောက်သား အဝစားသောက်ပြီးနောက်တွင်တော့ မိုးကောင်းမြို့ကို ခရီးဆက်ရန်ပြန်ခဲ့ကြသည် ။ အချိန်မရှိတော့၍ မိုးကောင်းမြို့၏ အဓိကနေရာများကိုလည်ပြီးသည်နှင့် ဧကတို့စံအိမ်ကိုပြန်ကြပေမည် ။
မနက်ဖြန်မှသာ နှင်းများဖြင့်ဖုံးလွှမ်းသော မြန်မာနိုင်ငံ၏တခုတည်းသောနေရာဖြစ်သည့် ပူတာအို ခေါ် ပူတောင်း ကိုလည်ပတ်ကြမည်ဖြစ်သည် ။
ယနေ့တွင်လည်း နေ့ချင်းပြန်ဖြစ်၍ အင်းတော်ကြီးအိုင် အနီးရှိ ရွှေတောင်နှင့် မုဆိုးမ ဒေါ်မုံ တည်သော ငွေမဉ္ဇူဘုရားကိုလဲ မဖူးခဲ့ရသလို  ပလ္လင်တောင်မှ နေထွက်ချိန်အားကြည့်ရန်အချိန်လဲ မရခဲ့ပါ..။ ဧက ကတော့ ရဂွန်းအဖြေပေးတဲ့အခါကျ တောင်တက်ပြီး တိမ်ပင်လယ်တူတူကြည့်ကြမည်ဟုသာ တွေးထားလိုက်တော့သည် ။
အနာဂတ်ဆိုတာက မ‌ဖြစ်သေးပေမယ့်လဲ ကောင်းတာကိုကြိုတွေးရင် စိတ်ချမ်းသာ‌ပါတယ် ။ ဒါသည် ဧက၏မူပိုင်ထုံး ။
ဟိုဖာကမ်းခြေကလေ ပုံရှာတာရှာလို့ကိုမရလို့ရယ် မထမထမထမထည့်ပေးတော့ပါဘူးမထည့်ပေးတော့ပါဘူး
#ရွှေမဉ္ဇူဘုရားသမိုင်းကို မူလရေးသားသူအား crd ပေးပါသည် ။
* မနောမြေအားသက်သေတည်လျက် *
အယိမ်းရဲ့ဦးဟန်တို့ အိမ်ရောက်တာနဲ့ ပျော်ပြီး တင်ပေးလိုက်တာ (≧▽≦)
#vote and comment ><
~~TBC
Continue Reading
You'll Also Like
704K 91.2K 59
Black-eyed Susan ဆိုတဲ့ ပန်းရဲ့ အဓိပ္ပါယ်​ကို သိလား စုံ​ထောက်​ကြီး... Black-eyed Susan ပန်းဟာ တရားမျှတမှုကို ကိုယ်​စားပြုတယ်​တဲ့.. သူ့ကို Flower of...
1.6M 202K 162
2.9M 191K 103
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
104K 10.6K 66
လူသားတစ်ဦးနှင့်.... မျိုးမတူသော သွေးနှောတစ်ဦးတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်ချင်စိတ်နဲ့ ရေးပါတယ်။ ယုတ္တိမရှိနိုင်ပါဘူး။ လုံးဝမဖြစ်နိုင်တဲ့အကြောင...