ငါတို့တစ်မိသားစုလုံးက ဗီလိန်...

By Kay_Wine

1.3M 202K 6.4K

Title - My Whole Family Are Villain (我们一家都是反派) Author - 咸鱼老人 Total Chapter - 100 Chapters + 2 extras Genre... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17.1
Chapter 17.2
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46.1
Chapter 46.2
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Extra - 1
Extra - 2

Chapter 78

10.9K 1.9K 31
By Kay_Wine

MWFV Ch 78

Going To The Company

Zawgyi Version

သူတို႔ရဲ႕ေနာက္ဆုံးစာေမးပြဲၿပီးဆုံးသြားတဲ့ေနာက္ စုေပနဲ႔ စုေရွာင္ေပါင္က လုံးဝကို ေက်ာင္းပိတ္ရက္ mode ဝင္သြားခဲ့ၾကတယ္။ မနက္ကိုးနာရီခြဲေနၿပီျဖစ္ေပမဲ့ စုေပက အိပ္ယာေပၚမွာ လူးလိမ့္ေနဆဲပဲ။ ေစာင္ထဲမွာႏွပ္ေနရင္း သူ႔အၾကည့္ေတြက ဖုန္း screen ေပၚမွာ အာ႐ုံစူးစိုက္စြာ ကပ္ၿငိေနကာ သူမရဲ႕လက္ေခ်ာင္းေတြက ႐ိုးစင္းတဲ့ 'အင္တာနက္စြဲလမ္းေနေသာ‌‌မိန္းက‌ေလး' တစ္ေယာက္လိုမ်ိဳး ခပ္သြက္သြက္ေလး တို႔ထိေနေလတယ္။

သို႔ေသာ္ စုေပက လင္းေရွာက္ခ်ီနဲ႔ တကယ္ႀကီးကို အလုပ္အေၾကာင္းေျပာေနတာျဖစ္တယ္။ 'NST Project' က ေနာက္ဆုံးစမ္းသပ္မႈအဆင့္ကို ေရာက္ရွိလာၿပီျဖစ္တယ္။ အံ့ဩေနစရာမလိုေလာက္ေအာင္ပဲ ၎က မၾကာခင္မွာ စမ္းသပ္ကာလကိုေက်ာ္လြန္ၿပီး တရားဝင္ဝန္ေဆာင္မႈေတြကို စတင္ႏိုင္ေတာ့မွာျဖစ္တယ္။ ဒီ့အရင္က နည္းပညာဆိုင္ရာျပႆနာမ်ားစြာကို စမ္းသပ္ရန္နဲ႔ အၿပီးသတ္လုပ္ေဆာင္ရန္လိုေနေသးတာျဖစ္တယ္။

လင္းေရွာက္ခ်ီက စုေပအား schedule ကိုအလ်င္မလိုေၾကာင္း အႀကိမ္ႀကိမ္အခါခါေျပာခဲ့ေသာ္ျငား စုေပက‌ေတာ့ ခ်င္ Group က 'NST Project' မွာ ရွယ္ယာ ၅၁% ပိုင္ဆိုင္တယ္လို႔ ေတြးမိလိုက္တဲ့အခ်ိန္တိုင္း ဟုန္းခနဲေတာက္လာတဲ့ လႈံ႕‌ေဆာ္မႈေၾကာင့္ သူမ အားအင္ေတြျပည့္ဝလာေတာ့တယ္။ ေငြကိုတတ္ႏိုင္သမွ် ျမန္ျမန္ရွာႏိုင္ရန္အတြက္ ဒီ၀န္ေဆာင္မႈကို ေစာေစာစီးစီးစတင္ဖို႔ သူမ ေစာင့္မေနႏိုင္ေတာ့ဘူး။

ၿပီးခဲ့တဲ့ရက္အနည္းငယ္ကတည္းက တရားဝင္ေက်ာင္းပိတ္ရက္စတင္ခဲ့ၿပီး ေက်ာင္းသို႔သြားစရာမလိုေတာ့ေပ။ အဲဒါေၾကာင့္ ၿပီးခဲ့တဲ့ရက္အနည္းငယ္အတြင္း စုေပက သူမရဲ႕ေန႔အခ်ိန္အမ်ားစုကို အျခား NST နည္းပညာအဖြဲ႕၀င္ေတြနဲ႔ အေဝးကေန အလုပ္လုပ္ရင္းကုန္ဆုံးခဲ့တယ္။

[Q] : နည္းပညာအဖြဲ႕က ပို႔လိုက္တဲ့ trial data analysis ကို ငါဖတ္ၿပီးသြားၿပီ။ အားလုံးေကာင္းတယ္။

[လင္းေရွာက္ခ်ီ] : ငါအခု သတင္းစာရွင္းလင္းပြဲနဲ႔ လက္မွတ္ထိုးပြဲက်င္းပဖို႔ အခ်ိန္ေ႐ြးလိုက္လို႔ရမလား?

[Q] : အင္း။

[လင္းေရွာက္ခ်ီ] : မင္းပင္ပန္းသြားရၿပီ။

စုေပက ခ်စ္စရာေကာင္းတဲ့ [ပင္လယ္ဖ်ံေလးကသူ႔မ်က္လုံးကိုကာထားတဲ့] အီမိုဂ်ီေလးတစ္ခုနဲ႔အတူ "မင္းစကားေတြက ငါ့ကိုရွက္သြားေစတယ္" ဆိုၿပီး reply ျပန္လိုက္တယ္။

ေနာက္ဆုံးက်ေတာ့ သူမက စီမံကိန္းအတြက္ နည္းပညာပိုင္းဆိုင္ရာ အႀကံဥာဏ္အခ်ိဳ႕နဲ႔ ႀကီးၾကပ္ကြပ္ကဲမႈတို႔ကိုသာ ပံ့ပိုးေပးခဲ့တာပင္။ အကယ္၍မ်ား အလုပ္က တကယ္ႀကီး ခက္ခဲေနရင္ Mr.ခ်င္က သူ႔ကို 'အလုပ္ထုတ္ပစ္' တာၾကာေပါ့။

ထိုစဥ္ လင္းေရွာက္ခ်ီက ထူးဆန္းတဲ့အီမိုဂ်ီတစ္ခုကို လက္ခံရရွိၿပီးေနာက္ အူျမဴးေနခဲ့တယ္။

စုေပက [Goodbye ေဘာ့စ္] ဆိုတဲ့ အီမိုဂ်ီကိုပို႔ေတာ့မယ့္အခ်ိန္မွာ လင္းေရွာက္ခ်ီက ေနာက္ထပ္ message တစ္ေစာင္ပို႔လာတယ္။

[လင္းေရွာက္ခ်ီ] : မင္း ခုတေလာအလုပ္မမ်ားေတာ့ဘူးလား?

အရင္တုန္းကေတာ့ [Q] က ညဖက္ေတြမွာ လင္းေရွာက္ခ်ီနဲ႔အတူ အေဝးက‌ေန chat meeting လုပ္ၿပီး NST ရဲ႕အလုပ္ေတြကို ကိုင္တြယ္ေလ့ရွိတယ္။ သို႔ေပမဲ့ လင္းေရွာက္ခ်ီ အခုတေလာ သူ႔ဝန္ထမ္းေတြဆီကၾကားတာက [Q] က ေန႔ဖက္ေတြမွာပါ အား‌ေနတယ္ဆိုတာပဲ။

[Q] : မဟုတ္ေပါင္။ ငါ အေတာ္ပ်င္းေနတာေလ *ဂုဏ္ယူ*

အဲဒါက ေနာက္ဆုံးေတာ့ ေဆာင္းရာသီအားလပ္ရက္ေၾကာင့္ပင္။

အျခားတစ္ဖက္မွာ‌ေတာ့ လင္းေရွာက္ခ်ီက ေတြးေနမိတယ္ : [Q] က ေန႔ဖက္ေတြမွာအလုပ္မမ်ားေတာ့ဘူးဆိုေတာ့ ဒါက သူ႔အရင္အလုပ္ကေန ထြက္လိုက္လို႔မ်ားလား?

ဒီမွန္းဆခ်က္က သူ႔ကို တိတ္တိတ္‌ေလး ေပ်ာ္႐ႊင္သြားေစခဲ့တယ္။

[လင္းေရွာက္ခ်ီ] : ဘာလို႔လဲ? မင္း အခုဒီမွာ full time လုပ္ဖို႔အသင့္ျဖစ္ေနလို႔လား?

[Q] : ႏိုး, ႏိုးပါ။ ေဘာ့စ္ရယ္, မင္းအထင္လြဲေနၿပီ။

သူမရဲ႕အေျခအေနက သူမကို ပုံမွန္အခ်ိန္ျပည့္ဝန္ထမ္းတစ္ေယာက္ျဖစ္ခြင့္မေပးဘူး။ ဒါ့အျပင္ သူမက အခုမွ ငယ္ငယ္ေလးပဲရွိေသးတာ။ အခ်ိန္ျပည့္အလုပ္လုပ္ၿပီး ဘာလုပ္ရမွာလဲ? Mr.ခ်င္ရဲ႕ id ကဒ္ကိုယူၿပီး လူမႈဖူလုံေရးအာမခံငါးခုနဲ႔ အိမ္ရာရန္ပုံေငြတစ္ခုေလွ်ာက္ရမွာလား?

[လင္းေရွာက္ခ်ီ] : ငါတို႔ကုမၸဏီက ေတာ္ေတာ္ေကာင္းတဲ့လစာနဲ႔ ခံစားခြင့္ေတြေပးတာပါ။ မင္း ငါတို႔ဆီ တရားဝင္ join ခ်င္တယ္ဆိုရင္ ငါ့ကိုလြတ္လြတ္လပ္လပ္ေျပာလို႔ရတယ္‌ေနာ္။

[Q] : ေကာင္းၿပီ။

တစ္၊ ႏွစ္၊ သုံး...ရွစ္ႏွစ္ေလာက္ၾကာၿပီးမွပဲ ျဖစ္ႏိုင္လိမ့္မယ္?

[လင္းေရွာက္ခ်ီ] : လင္း Group က ဥေရာပမွာ ျပည္ပ project တစ္ခ်ိဳ႕ရွိတယ္။ ငါ အရင္အပတ္က F ႏိုင္ငံကို business trip တစ္ခုသြားလိုက္ရေသးတယ္။

လင္းေရွာက္ခ်ီက သူရဲ႕လတ္တေလာခရီးစဥ္ေတြအေၾကာင္း ေျပာလာတာကိုၾကည့္ရင္း စုေပ နည္းနည္းေတာ့ အံ့ၾသသြားမိတယ္ : လင္းေရွာက္ခ်ီက ႐ုတ္တရက္ႀကီး သူဘယ္နား‌ေနတယ္ဆိုတဲ့အေၾကာင္း သူ႔ကို(စုေပ) ဘာလို႔လာေျပာျပေနရတာလဲ?

သို႔ေပသိ စုေပက မၾကာခင္မွာပဲ စိတ္ေအးသြားရေတာ့တယ္။ သူက သူမနဲ႔ ေပါ့ေပါ့ပါးပါး စကားစျမည္ေျပာခ်င္တာမ်ိဳးပဲျဖစ္လိမ့္မယ္။ အလုပ္ကိစၥအေၾကာင္း ေဆြးေႏြးတာအျပင္ ႏွစ္‌ေယာက္သား ရံဖန္ရံခါ ေပါ့ေပါ့ပါးပါး စကားေတြဘာေတြလည္း ေျပာေလ့ရွိတယ္။

[လင္းေရွာက္ခ်ီ] : မင္းအတြက္ အမွတ္တရလက္ေဆာင္တစ္ခု ငါဝယ္လာခဲ့တယ္။

စုေပ : !

သူမရဲ႕‌ေဘာ့စ္က အရမ္းအံ့ၾသဖို႔ေကာင္းတာပဲ။ သူက ႏိုင္ငံျခားကို အလုပ္ကိစၥခရီးသြားၿပီးေတာ့ သူ႔ဝန္ထမ္းေတြအတြက္ အမွတ္တရလက္ေဆာင္သယ္လာဖို႔လည္း မေမ့ခဲ့ဘူးေပါ့!

စုေပက လင္းေရွာက္ခ်ီထံ [ေက်းဇူးပါ ေဘာ့စ္] ဆိုတဲ့ အီမိုဂ်ီတစ္ခုပို႔လိုက္တယ္။

[Q] : အဲ့တာက မေလးဘူးဆိုရင္ တစ္ေနရာရာမွာသာ ထားခဲ့လိုက္ပါ, ငါ အဲ့တာကိုသြားယူလိုက္မယ္။

[Q] : ဒါမွမဟုတ္ စာတိုက္ကေနပို႔မလား, လိပ္စာက...

[Q] : အင္း, လိပ္စာကို ငါေနာက္မွပဲေပးေတာ့မယ္ေနာ္။

လင္းေရွာက္ခ်ီ သူ႔လက္ထဲကလက္ေဆာင္ကို တိတ္တိတ္ေလး တစ္ခ်က္ၾကည့္လိုက္မိတယ္--ဒီဟာက တကယ္ေတာ့ ေလးမွမေလးဘဲ။ ဒီတိုင္း စာတိုက္‌ကေနပဲ သူပို႔ေပးလိုက္ရမလား? စာတိုက္အာမခံမွာ လုံေလာက္တဲ့သတင္းယူမႈ ျမင့္ျမင့္မားမားရွိပါ့မလား?

"မေလာပါနဲ႔။ လင္း Group ရဲ႕ႏွစ္ပတ္လည္‌ေတြ႕ဆုံပြဲက်ရင္..."

ခ်င္ Group ရဲ႕ႀကီးက်ယ္ခမ္းနားတဲ့ ႏွစ္ကုန္ပါတီပြဲနဲ႔စာရင္ လင္း Group ရဲ႕ႏွစ္ပတ္လည္‌ေတြ႕ဆုံပြဲက ပိုမို႐ိုးရွင္းလွတယ္။ ကုမၸဏီမွလူမ်ားသာ တက္ေရာက္ႏိုင္တာျဖစ္တယ္။ လင္းေရွာက္ခ်ီက ၎ႏွစ္ပတ္လည္‌ေတြ႕ဆုံပြဲကိုတက္ေရာက္ရန္ Q အားဖိတ္ၾကားေတာ့မယ္လုပ္တုန္း, ႐ိုက္ေနတဲ့ message ေတာင္မပို႔ရေသးခင္မွာပဲ တစ္ဖက္မွ message အသစ္တစ္ေစာင္ ေရာက္လာခဲ့တယ္ : ငါလုပ္စရာရွိေသးလို႔ ညေနက်မွ ထပ္ေျပာၾကတာေပါ့။

---

ဦးေလးဖုက စုေပနဲ႔ စုေရွာင္ေပါင္ကိုေခၚရန္ ဒုတိယထပ္သို႔တက္လာခဲ့တယ္။ "ေရွာင္ေပ, ေရွာင္ေပါင္, မနက္စာစားခ်ိန္ေရာက္ၿပီ"

"ဟုတ္ကဲ့ပါ, ဦးေလးဖု။ သမီးခ်က္ခ်င္းဆင္းလာခဲ့ပါ့မယ္" စုေပက နာရီကို တစ္ခ်က္ၾကည့္လိုက္တယ္။ တကယ္ႀကီး ေတာ္ေတာ့္ကိုေနာက္က်ေနၿပီပဲ။

သပ္သပ္ရပ္ရပ္ျဖစ္ေအာင္လုပ္ၿပီးသြားတဲ့ေနာက္ စုေပ ေအာက္ထပ္သို႔ဆင္းလာခဲ့တယ္။ Mr.ခ်င္တစ္‌‌ေယာက္ ထမင္းစားပြဲမွာထိုင္ၿပီး နံနက္ခင္းလက္ဖက္ရည္ေသာက္ေနတာကို သူမ ျမင္လိုက္ရခ်ိန္မွာ စုေပရဲ႕မ်က္ဝန္းေတြက အံ့ၾသမႈေတြနဲ႔ ျပည့္ႏွက္သြား‌ခဲ့တယ္။

"အယ္, ေဖေဖ ခုထိမသြားေသးဘူးလား?"

"Mm" Mr.ခ်င္ ေခါင္းညိတ္လိုက္တယ္။ "မနက္စာစားေလ"

"ဟုတ္" စုေပ ထမင္းစားပြဲဆီေလွ်ာက္လာၿပီး Mr.ခ်င္ရဲ႕ဘယ္ဘက္ျခမ္းမွာ ထိုင္လိုက္တယ္။ သူမက အသားညႇပ္ေပါင္မုန႔္ႏွစ္ခုကို ကြၽမ္းက်င္စြာလုပ္ၿပီး စုေရွာင္ေပါင္ရဲ႕ပန္းကန္ျပားေပၚတင္လိုက္တယ္, ထို႔ေနာက္ သူ႔အေဖဘက္လွည့္လာၿပီး ေမးလိုက္တယ္။ "ေဖေဖ, ဒီေန႔ကုမၸဏီသြားစရာမလိုဘူးလား?"

စုေရွာင္ေပါင္တစ္‌ေယာက္ မေန႔ညတုန္းက တုယီမင္နဲ႔ တစ္ျခားသူေတြနဲ႔အတူ ညလုံးေပါက္ အြန္လိုင္းေပၚမွာရွိေနခဲ့တာေၾကာင့္ သူ႔ခမ်ာအိပ္ခ်င္မူးတူးျဖစ္ေနဆဲပဲ။ သို႔ေသာ္ စုေပရဲ႕စကားေတြကို သူၾကားလိုက္ရခ်ိန္မွာ ေကာင္ေလးကပါ ေခါင္းလွည့္ၿပီး Mr.ခ်င္ကို တိတ္တဆိတ္ၾကည့္လာတယ္။

သူ႔ကေလးေတြရဲ႕မ်က္ႏွာေပၚက ေမွ်ာ္လင့္ခ်က္ေတြကိုၾကည့္ရင္း Mr.ခ်င္ တိတ္တိတ္ေလး ၿပဳံးလိုက္မိတယ္။

"ဒါၿပီးရင္သြားမွာ"

စုေပ : အိုး...

စုေရွာင္ေပါင္ : ဟမ့္!

ဒီတစ္ႀကိမ္မွာေတာ့ သူတို႔ရဲ႕မ်က္ႏွာေပၚမွာ စိတ္ပ်က္သြားတဲ့အရိပ္အေယာင္တစ္ခု ရွိလာခဲ့တယ္။ Mr.ခ်င္ရဲ႕ႏႈတ္ခမ္းေထာင့္ေလးေတြ အနည္းငယ္ ေကာ့တက္သြားရတယ္။ သူထပ္ေျပာလိုက္တယ္။ "မင္းတို႔ႏွစ္ေယာက္ေရာပဲ"

စုေပ : "အယ္?"

"မနက္စာစားၿပီးသြားရင္ အဝတ္အစားသြားလဲၾက။ ကုမၸဏီကို အတူတူလိုက္ရမယ္" Mr.ခ်င္က ဒီအစီအစဥ္ကို အေစာႀကီးတည္းက ျပင္ဆင္ထားခဲ့တာျဖစ္တယ္။

ဦးေလးဖုက ေဘးမွာရပ္ေနတာျဖစ္တယ္။ Mr.ခ်င္က ကေလးေတြကို တမင္သက္သက္ စေနတာကိုၾကည့္ရင္း သူနည္းနည္းေလာက္ မရယ္ဘဲမေနႏိုင္ေတာ့ဘူး။ မေန႔တုန္းက Mr.ခ်င္က ေရွာင္ေပါင္နဲ႔ ေရွာင္ေပတို႔ကို ကုမၸဏီေခၚသြားမယ္လို႔ သူ႔ကိုေျပာျပထားခဲ့တယ္, အဲဒါေၾကာင့္ သူတို႔ရဲ႕ေန႔လည္စာကို ျပင္ဆင္ေပးစရာမလိုေတာ့ေခ်။

တကယ္ေတာ့ Mr.ခ်င္က မနက္အေစာႀကီးတည္းက အျပင္ထြက္သင့္တာျဖစ္တယ္။ သို႔ေသာ္ ကေလးေတြရဲ႕ ေက်ာင္းပိတ္ရက္ေတြစတင္‌‌ေနၿပီဆိုတာကို ဒီတိုင္းသတိရသြားတာနဲ႔ သူတို႔ေလးေတြကို နည္းနည္းၾကာၾကာေလး အိပ္ခြင့္ေပးလိုက္တယ္။ ေနျမင့္လာၿပီးေနာက္မွသာ Mr.ခ်င္က ဦးေလးဖုအား အေပၚတက္ၿပီး စုေပနဲ႔ စုေရွာင္ေပါင္တို႔ကိုေခၚခိုင္းလိုက္တယ္။

ဒီတစ္ေခါက္, စုေပနဲ႔ စုေရွာင္ေပါင္က အလုပ္လုပ္တဲ့ရက္နဲ႔ အလုပ္ခ်ိန္အတြင္း ခ်င္ Group ၏႐ုံးခ်ဳပ္သို႔ ေရာက္ရွိလာခဲ့ၾကတယ္။ သူတို႔ေတြက Mr.ခ်င္ေနာက္ကလိုက္လာၾကၿပီး ပင္မဝင္ေပါက္ကေနဝင္လာခဲ့ၾကတယ္။ အခ်ိန္တိုအတြင္းမွာပဲ ႐ုံးရွိလူတိုင္းက ၎တို႔ေရာက္ရွိလာမႈကို သိသြားခဲ့ၾကတယ္။

အမ်ိဳးမ်ိဳးေသာ chat groups ေတြ ႐ုတ္တရက္ ေပါက္ကြဲထြက္လာေတာ့တယ္။

[နားေထာင္ၾက! နားေထာင္ၾက! ငါတို႔ ခ်င္ Group ရဲ႕မင္းသမီးေလးနဲ႔ အိမ္ေရွ႕မင္းသားေလးက ဒီကိုေရာက္ေနၿပီတဲ့!]

[Wow, ေနာက္ဆုံးေတာ့ ဥကၠဌရဲ႕ကေလးႏွစ္ေယာက္ကို ငါတို႔ေတြ႕ရေတာ့မွာေပါ့]

[ငါတို႔ရဲ႕ရွယ္ယာရွင္ေလးႏွစ္ဦးက ေက်ာင္းပိတ္ရက္မို႔လို႔ျဖစ္မယ္, အဲ့တာေၾကာင့္ ဥကၠဌက သူတို႔ကို ဒီေခၚလာတာျဖစ္မွာေပါ့]

[သူတို႔က ေသြးရင္းအမႊာေတြဆို, အဲ့တာဟုတ္လား? ငါ အတြင္းေရးမႉးက်ိဳးဆီကၾကားတာေတာ့ သူတို႔က အရမ္းေခ်ာ၊ အရမ္းလွဆိုပဲ]

[ဘုရားေပးတဲ့လက္‌ေဆာင္ေပါ့ဟာ။ ကုန္ကုန္ေျပာရရင္ ငါတို႔ဥကၠဌက အရမ္းေခ်ာဆိုေတာ့။ သူ႔မင္းသမီးေလးနဲ႔ မင္းသားေလးကလည္း ခ်စ္ဖို႔ေကာင္းေနမွာေပါ့]

[အခုေလးတင္ ငါ အစည္းအေဝးခန္းျပင္ဆင္ဖို႔ အေပၚဆုံးထပ္ကိုသြားလိုက္တာ။ ငါ သူတို႔ကိုျမင္လိုက္ရတယ္! တကယ့္ကို ၾကည့္ေကာင္းတဲ့ကေလးေတြပါပဲ။ ကံမေကာင္းစြာနဲ႔ ငါ ဓာတ္ပုံတစ္ပုံမွမ႐ိုက္လိုက္ရဘူး]

[ကံဆိုးလိုက္တာ။ ငါကေတြ႕ခ်င္တဲ့ဟာကို]

...

အေပၚဆုံးထပ္၊ ဥကၠဌ၏႐ုံးခန္း။

Mr.ခ်င္တစ္ေယာက္ သူ႔႐ုံးခန္းသို႔ေရာက္ေရာက္ခ်င္းမွာပဲ စာ႐ြက္စာတမ္းအထပ္လိုက္ႀကီးကို စတင္ကိုင္တြယ္ရေတာ့တယ္။ ဝန္ထမ္းေတြၾကားက အတင္းစကားရဲ႕ hot topic တစ္ခုျဖစ္လာတဲ့ 'မင္းသမီးေလး' နဲ႔ 'အိမ္ေရွ႕မင္းသားေလး' တို႔ကမူ သူတို႔ရဲ႕ဖခင္အနားမွာထိုင္ရင္း ပ်င္းေနခဲ့ၾကတယ္။

စုေပက Mr.ခ်င္ရဲ႕စားပြဲကိုေငးၾကည့္ေနရင္း တျဖည္းျဖည္း ပိုမိုပ်င္းရိလာခဲ့တယ္။ ထို႔ေနာက္ သူမ စားပြဲႀကီးေပၚကပစၥည္းေတြနဲ႔ စတင္ကစားေတာ့တယ္။ သူမ ပစၥည္းတစ္ခုကိုယူလိုက္ၿပီး ထို႔ေနာက္ အျခားတစ္ခုကိုခ်လိုက္တယ္။ သူမ ပစၥည္းတစ္ခုကိုေ႐ႊ႕လိုက္ၿပီး‌ ထို႔ေနာက္ အျခားတစ္ခုကိုျပန္စီလိုက္ျပန္တယ္။

Mr.ခ်င္က ေနာက္ဆုံးေတာ့ စာ႐ြက္စာတမ္းေတြအားလုံးကို ကိုင္တြယ္ၿပီးစီးသြားတဲ့ေနာက္ သူေမာ့ၾကည့္လိုက္ခ်ိန္မွာ သူ႔စားပြဲအျပင္အဆင္ေျပာင္းသြားတာကို ျမင္လိုက္ရတယ္။ စားပြဲေပၚကစာအုပ္ေတြကို အပုံမ်ားစြာခြဲထုတ္ထားၿပီး တစ္ပုံခ်င္းစီကို အရွည္ဆုံးကေန အတိုဆုံးအထိ ေသသပ္စြာ စီစဥ္ထားခဲ့တယ္။ တစ္ျခားေသာပစၥည္း‌ေတြျဖစ္တဲ့ မိုဘိုင္းဖုန္း၊ လက္ေတာ့ပ္နဲ႔ ေဖာင္တိန္ေတြကိုလည္း စနစ္တက် စီရီထားခဲ့တယ္။ ထို႔ျပင္ အဲ့ဒီေနရာမွာ အရင္ကမရွိခဲ့ဖူးတဲ့ အပင္အေသးေလးေတြပါတဲ့အိုးအခ်ိဳ႕ကို ယခုအခါ စားပြဲေပၚမွာ သပ္သပ္ရပ္ရပ္ စီစဥ္ထားခဲ့တယ္။

ထို႔ျပင္ Mr.ခ်င္ဖတ္ၿပီးသြားလို႔ ခ်ထားခဲ့တဲ့ စာ႐ြက္စာတမ္းေတြကိုလည္း ခြဲထုတ္ထားခဲ့တယ္။ ၎စာ႐ြက္ေတြကို သုံးပုံ,ပုံကာ သပ္သပ္ရပ္ရပ္ စီထားခဲ့တယ္ : project review, daily reports ႏွင့္ အျခားေသာစာ႐ြက္စာတမ္းမ်ား ဟူ၍ပင္။

သူ႔လက္ထဲက ေနာက္ဆုံးစာ႐ြက္စာတမ္းကို သင့္ေတာ္တဲ့အပုံထဲသို႔ ထည့္လိုက္ၿပီး Mr.ခ်င္က စုေပကို ၾကည့္လိုက္တယ္။ "ပ်င္းေနၿပီလား?"

စုေပ : "အယ္, အဆင္ေျပပါတယ္"

Mr.ခ်င္က သူ႔ေဖာင္တိန္ကိုခ်ၿပီး ၿပဳံးလိုက္တယ္။

"သြားၾကစို႔။ အေဖနဲ႔အစည္းအေဝးကိုလိုက္ခဲ့"

ခ်င္ေရွာက္က စုေပနဲ႔ စုေရွာင္ေပါင္ကို ဥကၠဌ႐ုံးေဘးရွိ အစည္းအေဝးခန္းငယ္ဆီသို႔ ေခၚေဆာင္သြားခဲ့တယ္။ ဤအစည္းအေဝးတြင္ သက္ဆိုင္ရာအႀကီးတန္းအမႈေဆာင္မ်ား၊ ဌာနဆိုင္ရာအႀကီးအကဲမ်ားႏွင့္ အထူးစီမံကိန္းအဖြဲ႕တို႔သာ ပါဝင္‌ေနတာျဖစ္တယ္။ ၎အစည္းအ‌ေဝး၏အဓိကအစီအစဥ္မွာ ခ်င္ Group မွ လက္ရွိေဆာင္႐ြက္ေနတဲ့ 'Conceptual Integrated Complex' ၏စီမံကိန္းတိုးတက္မႈအစီရင္ခံျခင္းျဖစ္တယ္။

"ေလာေလာဆယ္မွာ လုပ္ငန္းအားလုံးကို အဆင္ေျပေခ်ာေမြ႕စြာနဲ႔ ေဆာင္႐ြက္ၿပီးစီးပါၿပီ။ လက္ရွိတုံ႔ျပန္မႈေဒတာေတြအရဆိုရင္..."

အစည္းအေဝးအတြင္း လူတိုင္းက အစီရင္ခံတင္ျပမႈအေပၚမွာ အေလးအနက္ အာ႐ုံစိုက္ခဲ့ၾကတယ္။ သို႔ေပသိ မၾကာမၾကာဆိုသလို ၎တို႔ခမ်ာ မတတ္သာစြာနဲ႔ဘဲ စုေပနဲ႔ စုေရွာင္ေပါင္တို႔ကို တိတ္တိတ္ေလး ခိုးၾကည့္ေနမိၾကတယ္။ အထူးသျဖင့္ အမ်ိဳးသမီးအမႈေဆာင္အရာရွိမ်ားပင္, အဲ့ဒီအန္တီႀကီးေတြက အမႊာႏွစ္ေယာက္ကိုၾကည့္လိုက္ခ်ိန္မွာ သူတို႔၏အၿပဳံးေတြကို ထိန္းခ်ဳပ္လို႔မရႏိုင္‌ေလာက္ေအာင္ပင္။

--ဆိုေတာ့ သူတို႔ေလးေတြက ဥကၠဌရဲ႕ကေလးႏွစ္ေယာက္ေပါ့။ 'မင္းသမီးေလး' ကေခ်ာေမာလွပၿပီး ခ်စ္စရာေကာင္းလွတယ္, ေနာက္ၿပီး 'အိမ္ေရွ႕မင္းသားေလး' က‌လည္း ထပ္တူ ေခ်ာေမာခန႔္ညားကာ ဥကၠဌခ်င္ရဲ႕ကိုယ္ပြားအေသးစားေလး သက္ဝင္လႈပ္ရွား‌ေနသလိုပါပဲ။ ဒါ့အျပင္ ကေလးႏွစ္ေယာက္ရဲ႕႐ုပ္ရည္နဲ႔ စ႐ိုက္ေတြက သူတို႔အေဖနဲ႔ အလြန္ကိုဆင္တူလွတယ္။

"ေနာက္ထပ္တင္ျပစရာတစ္ခုရွိပါတယ္" ပုံမွန္အစီရင္ခံတင္ျပမႈၿပီးဆုံးၿပီးေနာက္ စီမံကိန္းဌာန၏ဌာနမႉးက မတ္တပ္ရပ္ၿပီး ေျပာလာတယ္။ "ဟုန္တု Group က ကြၽန္ေတာ္တို႔ရဲ႕ လူထုထံႀကိဳတင္မိတ္ဆက္ျခင္း(pre-launch publicity)နဲ႔ ပါတနာေတြဆီက အခ်က္အလက္တစ္ခ်ိဳ႕ စုေဆာင္းၿပီးေတာ့ မၾကာေသးခင္ကမွ 'New Concept Mall' လို႔ေခၚတဲ့ စီမံကိန္းတစ္ခုကို မိတ္ဆက္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ရထားတဲ့သတင္းေတြအရဆိုရင္ သူတို႔ရဲ႕စီမံကိန္းက ကြၽန္ေတာ္တို႔ 'Conceptual Integrated Complex' နဲ႔ အေျခခံအားျဖင့္ ဆင္တူေနပါတယ္။ သူတို႔က ကြၽန္ေတာ္တို႔နဲ႔တစ္ခ်ိန္တည္းမွာ ဒီစီမံကိန္းကိုစတင္ေဆာင္႐ြက္ဖို႔ရည္႐ြယ္တာျဖစ္တဲ့အျပင္ စီမံကိန္းႏွစ္ခုရဲ႕တူညီမႈကိုအသုံးခ်ၿပီး အခမဲ့လူသိမ်ားေအာင္လုပ္‌ၿပီးေတာ့ ေစ်းကြက္မွာေနရာရေအာင္လုပ္ေနတာပါ"

"ဥကၠဌ, ကြၽန္ေတာ္တို႔ဘာလုပ္သင့္ပါလဲ......"

ခ်င္ေရွာက္ : "မူလအစီအစဥ္အတိုင္းဆက္သြားပါ"

"ဟုတ္ကဲ့ပါ, ဆရာ"

---

အစည္းအေဝးၿပီးဆုံးသြားၿပီး‌ေနာက္ အျခားသူမ်ားအားလုံးထြက္သြားၾကခ်ိန္မွာ Mr.ခ်င္က သူ႔ေဘးမွာထိုင္‌ေနတဲ့ အေလးအနက္ျဖစ္ေနပုံရတဲ့ေကာင္ေလးကို တစ္ခ်က္ၾကည့္ၿပီး ေမးလိုက္တယ္။ "မင္းမွာဘာအိုင္ဒီယာရွိလဲ?"

စုေရွာင္ေပါင္ : "ဘာကိုလဲ?"

ခ်င္ေရွာက္ : "ေနာက္ဆုံးေမးခြန္းကိုေလ"

"အေဖ မူလစီစဥ္ထားတဲ့အတိုင္းသာလုပ္ပါ" စုေရွာင္ေပါင္က တည္ၿငိမ္စြာေျပာလိုက္တယ္။ "Copycat တစ္ေကာင္လုပ္လို႔ ဘာဂယက္ထသြားမွာမို႔လို႔လဲ? ကြၽန္ေတာ္တို႔က ပုံမွန္အတိုင္းဆက္သြားဖို႔ပဲလိုတာ ၿပီးမွ 'ထုတ္ကုန္အစစ္' ဆိုတာ ဘယ္လိုပုံစံမ်ိဳးလဲဆိုတာကို သူတို႔ကိုျပလိုက္ေပါ့..."

အေတာ္ေလး စိတ္ဝင္စားဖို႔ေတာ့ေကာင္းသား။

စုေရွာင္ေပါင္ရဲ႕အေျဖကိုၾကားလိုက္ရတဲ့အခါ Mr.ခ်င္ရဲ႕မ်က္ဝန္းေတြက အံ့အားသင့္မႈနဲ႔ ေထာက္ခံမႈေတြ ျဖတ္ေျပးသြားေတာ့တယ္။ "မင္းအိုင္ဒီယာက မမွားပါဘူး" ခဏရပ္ၿပီးေနာက္ သူထပ္‌ေျပာလိုက္တယ္။ "ဒါေပမဲ့ မင္းတစ္ခုေတာ့သိထားသင့္တယ္။ မင္းရဲ႕အင္အားက မင္းၿပိဳင္ဘက္ေလာက္မေကာင္းဘူးဆိုရင္ ဒီလိုထိပ္တိုက္ရင္ဆိုင္မႈမ်ိဳးက အရင္းအႏွီးအမ်ားႀကီးကို ဆုံးရႈံးေစႏိုင္တဲ့အျပင္ အဆုံးမွာ တစ္ဖက္လူကိုေတာင္ အက်ိဳးရွိသြားေစႏိုင္တယ္"

"ဒါေပမဲ့ အေဖ့မွာ အဲ့လိုအစြမ္းရွိတယ္ေလ" စုေရွာင္ေပါင္က Mr.ခ်င္ကိုၾကည့္ၿပီး ျပတ္သားတဲ့ေလသံနဲ႔ ေျပာခ်လိုက္တယ္။

Mr.ခ်င္ ႏွစ္ႀကိမ္မွ် ခပ္ဟဟရယ္လိုက္မိတယ္။ "ေရွာင္ေပရဲ႕အျမင္ကေရာ?" ဒီတစ္ခါေတာ့ သူ စုေပကို ေမးလိုက္တယ္။ သူ႔သမီးေလးနဲ႔စကားေျပာတဲ့အခ်ိန္မွာ ခ်င္ေရွာက္ရဲ႕ေလသံက မသိလိုက္မသိဘာသာနဲ႔ အေတာ္ေလး ႏူးညံ့သြားခဲ့တယ္။

"သမီးလည္း ေရွာင္ေပါင္ေျပာတာကိုေထာက္ခံတယ္" စုေပတစ္ေယာက္ သူမရဲ႕ႏႈတ္ခမ္းေတြ ေကာ့တက္သြားရင္းနဲ႔ပဲ ျပန္ေျဖလိုက္တယ္။ ခဏအၾကာမွာ သူမ ဆက္ေျပာလိုက္တယ္။ "တကယ္လို႔ ၿပိဳင္ဘက္ကုမၸဏီက အားေကာင္းေနတယ္ဆိုရင္ေတာင္ ကိစၥမရွိပါဘူး။ သူတို႔က ခ်င္ Group ရဲ႕ပုံၾကမ္းကို ခိုးခဲ့တယ္ဆိုတာ အသိသာႀကီးပဲေလ။ သူတို႔က ပင္မအိုင္ဒီယာအစစ္နဲ႔ အေသးစိတ္အစီအစဥ္ကိုမသိတဲ့အတြက္ သူတို႔လုပ္တဲ့စီမံကိန္းက အဆင့္နိမ့္ေကာ္ပီသာသာပဲျဖစ္ေနမွာ‌ေပါ့, မဟုတ္ဘူးလား?"

Mr.ခ်င္ရဲ႕မ်က္ႏွာေပၚကအၿပဳံးက နည္းနည္း‌ေလး ပိုက်ယ္လာခဲ့တယ္။ "ဆက္ပါဦး"

စုေပ : "သမီးတို႔ စီမံကိန္းကို တစ္ၿပိဳင္တည္း ေၾကညာလိုက္တာပို‌ေကာင္းမယ္လို႔ထင္တယ္။ အေပၚယံၾကည့္ရင္ သူတို႔က သမီးတို႔ဆီကေန လူသိမ်ားမႈကို ခိုးယူေနတယ္ေပါ့။ ဒါေပမဲ့ တကယ္တမ္း အက်ိဳးအျမတ္ရလိုက္တာက သမီးတို႔ပဲေလ။ အာ႐ုံစိုက္မႈပိုမ်ားလာေလေလ အရည္အေသြးျမင့္တာနဲ႔ အရည္အေသြးနိမ့္တာရဲ႕ဆန႔္က်င္ဖက္ကို တစ္ျခားသူေတြပိုျမင္သြားေလေလေပါ့"

Mr.ခ်င္ : သူ႔ကေလးႏွစ္ေယာက္စလုံးက သူ႔ကိုအံ့အားသင့္သြားေအာင္ ျပန္လုပ္ေပးခဲ့ၾကတာပဲ။

---

ေန႔လည္စာစားၿပီးေနာက္ ခ်န္တဲ့ဝင္လာတဲ့အခ်ိန္မွာ Mr.ခ်င္တစ္ေယာက္ မူလက စုေပနဲ႔ စုေရွာင္ေပါင္ကို သူ႔နားေနခန္းထဲမွာ တစ္ေရးတစ္‌‌ေမာအိပ္ဖို႔ ဖိအားေပးေနတုန္းျဖစ္တယ္။

ခ်န္တဲ့ : "ေရွာင္ေပ, ေရွာင္ေပါင္, မင္းတို႔ေန႔လည္စာစားလို႔ဝၾကရဲ႕လား?"

စုေပနဲ႔ စုေရွာင္ေပါင္တို႔ "ဦးေလးခ်န္" ဆိုၿပီးႏႈတ္ဆက္ကာ ေခါင္းညိတ္ျပလိုက္ၾကတယ္။

"ဆရာ" ခ်န္တဲ့က ခ်င္ေရွာက္ဘက္လွည့္လာၿပီး "ဥကၠဌေလးလင္းနဲ႔ သူ႔အဖြဲ႕ေရာက္လာပါၿပီ"

ယေန႔ ေန႔လည္ခင္းမွာ ခ်င္ Group ႏွင့္ Lin Group အၾကား ၎တို႔၏ NST စီမံကိန္း ပူးေပါင္းေဆာင္႐ြက္မႈႏွင့္ပတ္သက္ၿပီး အေရးႀကီးအစည္းအေဝးတစ္ခုရွိတာျဖစ္တယ္။ ယခင္က ခ်န္တဲ့တစ္ေယာက္ network security လုပ္ငန္းအေၾကာင္း နကန္းလုံးလုံးျဖစ္ခဲ့ရတယ္။ သို႔ေသာ္ NST မွ ျပသလာတဲ့ရလဒ္‌က သူေမွ်ာ္မွန္းထားတာထက္ အမ်ားႀကီး ေက်ာ္လြန္ေနခဲ့တယ္။

Mr.ခ်င္ ေခါင္းညိတ္လိုက္တယ္။ သူ႔ေဘးမွာရပ္ေနတဲ့ စုေပကို သူတစ္ခ်က္ၾကည့္လိုက္တယ္။ ေကာင္မေလးက ေတာက္ပတဲ့မ်က္ဝန္းေတြနဲ႔ သူ႔ကိုၾကည့္ေနတယ္။ Mr.ခ်င္ သက္ျပင္းအသာခ်ၿပီး ေနာက္ဆုံးေတာ့ အေလွ်ာ့ေပးဖို႔ ဆုံးျဖတ္လိုက္တယ္။

သူမက ဒီအစည္းအေဝးကိုဝင္ပါဖို႔ အရမ္းစိတ္အားထက္သန္ေနတာျဖစ္တဲ့အတြက္ သူမကို သူတစ္ေရးတစ္ေမာအိပ္ခိုင္းရင္ေတာင္ သူ႔(စုေပ)မ်က္လုံးေတြကို ပိတ္လို႔ရမွာမဟုတ္ဘူး။ ဘာပဲျဖစ္ျဖစ္ စုေပက NST project ရဲ႕ မရွိမျဖစ္အဖြဲ႕ဝင္တစ္ဦးလည္းျဖစ္တာေၾကာင့္ သူမကို အစည္းအေဝးတက္ေရာက္ခြင့္ျပဳမွသာ သင့္ေတာ္မွာျဖစ္တယ္။

15.8.2021

Sunday

___________________________________


MWFV Ch 78

Going To The Company

Unicode Version

သူတို့ရဲ့နောက်ဆုံးစာမေးပွဲပြီးဆုံးသွားတဲ့နောက် စုပေနဲ့ စုရှောင်ပေါင်က လုံးဝကို ကျောင်းပိတ်ရက် mode ဝင်သွားခဲ့ကြတယ်။ မနက်ကိုးနာရီခွဲနေပြီဖြစ်ပေမဲ့ စုပေက အိပ်ယာပေါ်မှာ လူးလိမ့်နေဆဲပဲ။ စောင်ထဲမှာနှပ်နေရင်း သူ့အကြည့်တွေက ဖုန်း screen ပေါ်မှာ အာရုံစူးစိုက်စွာ ကပ်ငြိနေကာ သူမရဲ့လက်ချောင်းတွေက ရိုးစင်းတဲ့ 'အင်တာနက်စွဲလမ်းနေသော‌‌မိန်းက‌လေး' တစ်ယောက်လိုမျိုး ခပ်သွက်သွက်လေး တို့ထိနေလေတယ်။

သို့သော် စုပေက လင်းရှောက်ချီနဲ့ တကယ်ကြီးကို အလုပ်အကြောင်းပြောနေတာဖြစ်တယ်။ 'NST Project' က နောက်ဆုံးစမ်းသပ်မှုအဆင့်ကို ရောက်ရှိလာပြီဖြစ်တယ်။ အံ့ဩနေစရာမလိုလောက်အောင်ပဲ ၎င်းက မကြာခင်မှာ စမ်းသပ်ကာလကိုကျော်လွန်ပြီး တရားဝင်ဝန်ဆောင်မှုတွေကို စတင်နိုင်တော့မှာဖြစ်တယ်။ ဒီ့အရင်က နည်းပညာဆိုင်ရာပြဿနာများစွာကို စမ်းသပ်ရန်နဲ့ အပြီးသတ်လုပ်ဆောင်ရန်လိုနေသေးတာဖြစ်တယ်။

လင်းရှောက်ချီက စုပေအား schedule ကိုအလျင်မလိုကြောင်း အကြိမ်ကြိမ်အခါခါပြောခဲ့သော်ငြား စုပေက‌တော့ ချင် Group က 'NST Project' မှာ ရှယ်ယာ ၅၁% ပိုင်ဆိုင်တယ်လို့ တွေးမိလိုက်တဲ့အချိန်တိုင်း ဟုန်းခနဲတောက်လာတဲ့ လှုံ့‌ဆော်မှုကြောင့် သူမ အားအင်တွေပြည့်ဝလာတော့တယ်။ ငွေကိုတတ်နိုင်သမျှ မြန်မြန်ရှာနိုင်ရန်အတွက် ဒီ၀န်ဆောင်မှုကို စောစောစီးစီးစတင်ဖို့ သူမ စောင့်မနေနိုင်တော့ဘူး။

ပြီးခဲ့တဲ့ရက်အနည်းငယ်ကတည်းက တရားဝင်ကျောင်းပိတ်ရက်စတင်ခဲ့ပြီး ကျောင်းသို့သွားစရာမလိုတော့ပေ။ အဲဒါကြောင့် ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း စုပေက သူမရဲ့နေ့အချိန်အများစုကို အခြား NST နည်းပညာအဖွဲ့၀င်တွေနဲ့ အဝေးကနေ အလုပ်လုပ်ရင်းကုန်ဆုံးခဲ့တယ်။

[Q] : နည်းပညာအဖွဲ့က ပို့လိုက်တဲ့ trial data analysis ကို ငါဖတ်ပြီးသွားပြီ။ အားလုံးကောင်းတယ်။

[လင်းရှောက်ချီ] : ငါအခု သတင်းစာရှင်းလင်းပွဲနဲ့ လက်မှတ်ထိုးပွဲကျင်းပဖို့ အချိန်ရွေးလိုက်လို့ရမလား?

[Q] : အင်း။

[လင်းရှောက်ချီ] : မင်းပင်ပန်းသွားရပြီ။

စုပေက ချစ်စရာကောင်းတဲ့ [ပင်လယ်ဖျံလေးကသူ့မျက်လုံးကိုကာထားတဲ့] အီမိုဂျီလေးတစ်ခုနဲ့အတူ "မင်းစကားတွေက ငါ့ကိုရှက်သွားစေတယ်" ဆိုပြီး reply ပြန်လိုက်တယ်။

နောက်ဆုံးကျတော့ သူမက စီမံကိန်းအတွက် နည်းပညာပိုင်းဆိုင်ရာ အကြံဥာဏ်အချို့နဲ့ ကြီးကြပ်ကွပ်ကဲမှုတို့ကိုသာ ပံ့ပိုးပေးခဲ့တာပင်။ အကယ်၍များ အလုပ်က တကယ်ကြီး ခက်ခဲနေရင် Mr.ချင်က သူ့ကို 'အလုပ်ထုတ်ပစ်' တာကြာပေါ့။

ထိုစဉ် လင်းရှောက်ချီက ထူးဆန်းတဲ့အီမိုဂျီတစ်ခုကို လက်ခံရရှိပြီးနောက် အူမြူးနေခဲ့တယ်။

စုပေက [Goodbye ဘော့စ်] ဆိုတဲ့ အီမိုဂျီကိုပို့တော့မယ့်အချိန်မှာ လင်းရှောက်ချီက နောက်ထပ် message တစ်စောင်ပို့လာတယ်။

[လင်းရှောက်ချီ] : မင်း ခုတလောအလုပ်မများတော့ဘူးလား?

အရင်တုန်းကတော့ [Q] က ညဖက်တွေမှာ လင်းရှောက်ချီနဲ့အတူ အဝေးက‌နေ chat meeting လုပ်ပြီး NST ရဲ့အလုပ်တွေကို ကိုင်တွယ်လေ့ရှိတယ်။ သို့ပေမဲ့ လင်းရှောက်ချီ အခုတလော သူ့ဝန်ထမ်းတွေဆီကကြားတာက [Q] က နေ့ဖက်တွေမှာပါ အား‌နေတယ်ဆိုတာပဲ။

[Q] : မဟုတ်ပေါင်။ ငါ အတော်ပျင်းနေတာလေ *ဂုဏ်ယူ*

အဲဒါက နောက်ဆုံးတော့ ဆောင်းရာသီအားလပ်ရက်ကြောင့်ပင်။

အခြားတစ်ဖက်မှာ‌တော့ လင်းရှောက်ချီက တွေးနေမိတယ် : [Q] က နေ့ဖက်တွေမှာအလုပ်မများတော့ဘူးဆိုတော့ ဒါက သူ့အရင်အလုပ်ကနေ ထွက်လိုက်လို့များလား?

ဒီမှန်းဆချက်က သူ့ကို တိတ်တိတ်‌လေး ပျော်ရွှင်သွားစေခဲ့တယ်။

[လင်းရှောက်ချီ] : ဘာလို့လဲ? မင်း အခုဒီမှာ full time လုပ်ဖို့အသင့်ဖြစ်နေလို့လား?

[Q] : နိုး, နိုးပါ။ ဘော့စ်ရယ်, မင်းအထင်လွဲနေပြီ။

သူမရဲ့အခြေအနေက သူမကို ပုံမှန်အချိန်ပြည့်ဝန်ထမ်းတစ်ယောက်ဖြစ်ခွင့်မပေးဘူး။ ဒါ့အပြင် သူမက အခုမှ ငယ်ငယ်လေးပဲရှိသေးတာ။ အချိန်ပြည့်အလုပ်လုပ်ပြီး ဘာလုပ်ရမှာလဲ? Mr.ချင်ရဲ့ id ကဒ်ကိုယူပြီး လူမှုဖူလုံရေးအာမခံငါးခုနဲ့ အိမ်ရာရန်ပုံငွေတစ်ခုလျှောက်ရမှာလား?

[လင်းရှောက်ချီ] : ငါတို့ကုမ္ပဏီက တော်တော်ကောင်းတဲ့လစာနဲ့ ခံစားခွင့်တွေပေးတာပါ။ မင်း ငါတို့ဆီ တရားဝင် join ချင်တယ်ဆိုရင် ငါ့ကိုလွတ်လွတ်လပ်လပ်ပြောလို့ရတယ်‌နော်။

[Q] : ကောင်းပြီ။

တစ်၊ နှစ်၊ သုံး...ရှစ်နှစ်လောက်ကြာပြီးမှပဲ ဖြစ်နိုင်လိမ့်မယ်?

[လင်းရှောက်ချီ] : လင်း Group က ဥရောပမှာ ပြည်ပ project တစ်ချို့ရှိတယ်။ ငါ အရင်အပတ်က F နိုင်ငံကို business trip တစ်ခုသွားလိုက်ရသေးတယ်။

လင်းရှောက်ချီက သူရဲ့လတ်တလောခရီးစဥ်တွေအကြောင်း ပြောလာတာကိုကြည့်ရင်း စုပေ နည်းနည်းတော့ အံ့သြသွားမိတယ် : လင်းရှောက်ချီက ရုတ်တရက်ကြီး သူဘယ်နား‌နေတယ်ဆိုတဲ့အကြောင်း သူ့ကို(စုပေ) ဘာလို့လာပြောပြနေရတာလဲ?

သို့ပေသိ စုပေက မကြာခင်မှာပဲ စိတ်အေးသွားရတော့တယ်။ သူက သူမနဲ့ ပေါ့ပေါ့ပါးပါး စကားစမြည်ပြောချင်တာမျိုးပဲဖြစ်လိမ့်မယ်။ အလုပ်ကိစ္စအကြောင်း ဆွေးနွေးတာအပြင် နှစ်‌ယောက်သား ရံဖန်ရံခါ ပေါ့ပေါ့ပါးပါး စကားတွေဘာတွေလည်း ပြောလေ့ရှိတယ်။

[လင်းရှောက်ချီ] : မင်းအတွက် အမှတ်တရလက်ဆောင်တစ်ခု ငါဝယ်လာခဲ့တယ်။

စုပေ : !

သူမရဲ့‌ဘော့စ်က အရမ်းအံ့သြဖို့ကောင်းတာပဲ။ သူက နိုင်ငံခြားကို အလုပ်ကိစ္စခရီးသွားပြီးတော့ သူ့ဝန်ထမ်းတွေအတွက် အမှတ်တရလက်ဆောင်သယ်လာဖို့လည်း မမေ့ခဲ့ဘူးပေါ့!

စုပေက လင်းရှောက်ချီထံ [ကျေးဇူးပါ ဘော့စ်] ဆိုတဲ့ အီမိုဂျီတစ်ခုပို့လိုက်တယ်။

[Q] : အဲ့တာက မလေးဘူးဆိုရင် တစ်နေရာရာမှာသာ ထားခဲ့လိုက်ပါ, ငါ အဲ့တာကိုသွားယူလိုက်မယ်။

[Q] : ဒါမှမဟုတ် စာတိုက်ကနေပို့မလား, လိပ်စာက...

[Q] : အင်း, လိပ်စာကို ငါနောက်မှပဲပေးတော့မယ်နော်။

လင်းရှောက်ချီ သူ့လက်ထဲကလက်ဆောင်ကို တိတ်တိတ်လေး တစ်ချက်ကြည့်လိုက်မိတယ်--ဒီဟာက တကယ်တော့ လေးမှမလေးဘဲ။ ဒီတိုင်း စာတိုက်‌ကနေပဲ သူပို့ပေးလိုက်ရမလား? စာတိုက်အာမခံမှာ လုံလောက်တဲ့သတင်းယူမှု မြင့်မြင့်မားမားရှိပါ့မလား?

"မလောပါနဲ့။ လင်း Group ရဲ့နှစ်ပတ်လည်‌တွေ့ဆုံပွဲကျရင်..."

ချင် Group ရဲ့ကြီးကျယ်ခမ်းနားတဲ့ နှစ်ကုန်ပါတီပွဲနဲ့စာရင် လင်း Group ရဲ့နှစ်ပတ်လည်‌တွေ့ဆုံပွဲက ပိုမိုရိုးရှင်းလှတယ်။ ကုမ္ပဏီမှလူများသာ တက်ရောက်နိုင်တာဖြစ်တယ်။ လင်းရှောက်ချီက ၎င်းနှစ်ပတ်လည်‌တွေ့ဆုံပွဲကိုတက်ရောက်ရန် Q အားဖိတ်ကြားတော့မယ်လုပ်တုန်း, ရိုက်နေတဲ့ message တောင်မပို့ရသေးခင်မှာပဲ တစ်ဖက်မှ message အသစ်တစ်စောင် ရောက်လာခဲ့တယ် : ငါလုပ်စရာရှိသေးလို့ ညနေကျမှ ထပ်ပြောကြတာပေါ့။

---

ဦးလေးဖုက စုပေနဲ့ စုရှောင်ပေါင်ကိုခေါ်ရန် ဒုတိယထပ်သို့တက်လာခဲ့တယ်။ "ရှောင်ပေ, ရှောင်ပေါင်, မနက်စာစားချိန်ရောက်ပြီ"

"ဟုတ်ကဲ့ပါ, ဦးလေးဖု။ သမီးချက်ချင်းဆင်းလာခဲ့ပါ့မယ်" စုပေက နာရီကို တစ်ချက်ကြည့်လိုက်တယ်။ တကယ်ကြီး တော်တော့်ကိုနောက်ကျနေပြီပဲ။

သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ပြီးသွားတဲ့နောက် စုပေ အောက်ထပ်သို့ဆင်းလာခဲ့တယ်။ Mr.ချင်တစ်‌‌ယောက် ထမင်းစားပွဲမှာထိုင်ပြီး နံနက်ခင်းလက်ဖက်ရည်သောက်နေတာကို သူမ မြင်လိုက်ရချိန်မှာ စုပေရဲ့မျက်ဝန်းတွေက အံ့သြမှုတွေနဲ့ ပြည့်နှက်သွား‌ခဲ့တယ်။

"အယ်, ဖေဖေ ခုထိမသွားသေးဘူးလား?"

"Mm" Mr.ချင် ခေါင်းညိတ်လိုက်တယ်။ "မနက်စာစားလေ"

"ဟုတ်" စုပေ ထမင်းစားပွဲဆီလျှောက်လာပြီး Mr.ချင်ရဲ့ဘယ်ဘက်ခြမ်းမှာ ထိုင်လိုက်တယ်။ သူမက အသားညှပ်ပေါင်မုန့်နှစ်ခုကို ကျွမ်းကျင်စွာလုပ်ပြီး စုရှောင်ပေါင်ရဲ့ပန်းကန်ပြားပေါ်တင်လိုက်တယ်, ထို့နောက် သူ့အဖေဘက်လှည့်လာပြီး မေးလိုက်တယ်။ "ဖေဖေ, ဒီနေ့ကုမ္ပဏီသွားစရာမလိုဘူးလား?"

စုရှောင်ပေါင်တစ်‌ယောက် မနေ့ညတုန်းက တုယီမင်နဲ့ တစ်ခြားသူတွေနဲ့အတူ ညလုံးပေါက် အွန်လိုင်းပေါ်မှာရှိနေခဲ့တာကြောင့် သူ့ခမျာအိပ်ချင်မူးတူးဖြစ်နေဆဲပဲ။ သို့သော် စုပေရဲ့စကားတွေကို သူကြားလိုက်ရချိန်မှာ ကောင်လေးကပါ ခေါင်းလှည့်ပြီး Mr.ချင်ကို တိတ်တဆိတ်ကြည့်လာတယ်။

သူ့ကလေးတွေရဲ့မျက်နှာပေါ်က မျှော်လင့်ချက်တွေကိုကြည့်ရင်း Mr.ချင် တိတ်တိတ်လေး ပြုံးလိုက်မိတယ်။

"ဒါပြီးရင်သွားမှာ"

စုပေ : အိုး...

စုရှောင်ပေါင် : ဟမ့်!

ဒီတစ်ကြိမ်မှာတော့ သူတို့ရဲ့မျက်နှာပေါ်မှာ စိတ်ပျက်သွားတဲ့အရိပ်အယောင်တစ်ခု ရှိလာခဲ့တယ်။ Mr.ချင်ရဲ့နှုတ်ခမ်းထောင့်လေးတွေ အနည်းငယ် ကော့တက်သွားရတယ်။ သူထပ်ပြောလိုက်တယ်။ "မင်းတို့နှစ်ယောက်ရောပဲ"

စုပေ : "အယ်?"

"မနက်စာစားပြီးသွားရင် အဝတ်အစားသွားလဲကြ။ ကုမ္ပဏီကို အတူတူလိုက်ရမယ်" Mr.ချင်က ဒီအစီအစဉ်ကို အစောကြီးတည်းက ပြင်ဆင်ထားခဲ့တာဖြစ်တယ်။

ဦးလေးဖုက ဘေးမှာရပ်နေတာဖြစ်တယ်။ Mr.ချင်က ကလေးတွေကို တမင်သက်သက် စနေတာကိုကြည့်ရင်း သူနည်းနည်းလောက် မရယ်ဘဲမနေနိုင်တော့ဘူး။ မနေ့တုန်းက Mr.ချင်က ရှောင်ပေါင်နဲ့ ရှောင်ပေတို့ကို ကုမ္ပဏီခေါ်သွားမယ်လို့ သူ့ကိုပြောပြထားခဲ့တယ်, အဲဒါကြောင့် သူတို့ရဲ့နေ့လည်စာကို ပြင်ဆင်ပေးစရာမလိုတော့ချေ။

တကယ်တော့ Mr.ချင်က မနက်အစောကြီးတည်းက အပြင်ထွက်သင့်တာဖြစ်တယ်။ သို့သော် ကလေးတွေရဲ့ ကျောင်းပိတ်ရက်တွေစတင်‌‌နေပြီဆိုတာကို ဒီတိုင်းသတိရသွားတာနဲ့ သူတို့လေးတွေကို နည်းနည်းကြာကြာလေး အိပ်ခွင့်ပေးလိုက်တယ်။ နေမြင့်လာပြီးနောက်မှသာ Mr.ချင်က ဦးလေးဖုအား အပေါ်တက်ပြီး စုပေနဲ့ စုရှောင်ပေါင်တို့ကိုခေါ်ခိုင်းလိုက်တယ်။

ဒီတစ်ခေါက်, စုပေနဲ့ စုရှောင်ပေါင်က အလုပ်လုပ်တဲ့ရက်နဲ့ အလုပ်ချိန်အတွင်း ချင် Group ၏ရုံးချုပ်သို့ ရောက်ရှိလာခဲ့ကြတယ်။ သူတို့တွေက Mr.ချင်နောက်ကလိုက်လာကြပြီး ပင်မဝင်ပေါက်ကနေဝင်လာခဲ့ကြတယ်။ အချိန်တိုအတွင်းမှာပဲ ရုံးရှိလူတိုင်းက ၎င်းတို့ရောက်ရှိလာမှုကို သိသွားခဲ့ကြတယ်။

အမျိုးမျိုးသော chat groups တွေ ရုတ်တရက် ပေါက်ကွဲထွက်လာတော့တယ်။

[နားထောင်ကြ! နားထောင်ကြ! ငါတို့ ချင် Group ရဲ့မင်းသမီးလေးနဲ့ အိမ်ရှေ့မင်းသားလေးက ဒီကိုရောက်နေပြီတဲ့!]

[Wow, နောက်ဆုံးတော့ ဥက္ကဌရဲ့ကလေးနှစ်ယောက်ကို ငါတို့တွေ့ရတော့မှာပေါ့]

[ငါတို့ရဲ့ရှယ်ယာရှင်လေးနှစ်ဦးက ကျောင်းပိတ်ရက်မို့လို့ဖြစ်မယ်, အဲ့တာကြောင့် ဥက္ကဌက သူတို့ကို ဒီခေါ်လာတာဖြစ်မှာပေါ့]

[သူတို့က သွေးရင်းအမွှာတွေဆို, အဲ့တာဟုတ်လား? ငါ အတွင်းရေးမှူးကျိုးဆီကကြားတာတော့ သူတို့က အရမ်းချော၊ အရမ်းလှဆိုပဲ]

[ဘုရားပေးတဲ့လက်‌ဆောင်ပေါ့ဟာ။ ကုန်ကုန်ပြောရရင် ငါတို့ဥက္ကဌက အရမ်းချောဆိုတော့။ သူ့မင်းသမီးလေးနဲ့ မင်းသားလေးကလည်း ချစ်ဖို့ကောင်းနေမှာပေါ့]

[အခုလေးတင် ငါ အစည်းအဝေးခန်းပြင်ဆင်ဖို့ အပေါ်ဆုံးထပ်ကိုသွားလိုက်တာ။ ငါ သူတို့ကိုမြင်လိုက်ရတယ်! တကယ့်ကို ကြည့်ကောင်းတဲ့ကလေးတွေပါပဲ။ ကံမကောင်းစွာနဲ့ ငါ ဓာတ်ပုံတစ်ပုံမှမရိုက်လိုက်ရဘူး]

[ကံဆိုးလိုက်တာ။ ငါကတွေ့ချင်တဲ့ဟာကို]

...

အပေါ်ဆုံးထပ်၊ ဥက္ကဌ၏ရုံးခန်း။

Mr.ချင်တစ်ယောက် သူ့ရုံးခန်းသို့ရောက်ရောက်ချင်းမှာပဲ စာရွက်စာတမ်းအထပ်လိုက်ကြီးကို စတင်ကိုင်တွယ်ရတော့တယ်။ ဝန်ထမ်းတွေကြားက အတင်းစကားရဲ့ hot topic တစ်ခုဖြစ်လာတဲ့ 'မင်းသမီးလေး' နဲ့ 'အိမ်ရှေ့မင်းသားလေး' တို့ကမူ သူတို့ရဲ့ဖခင်အနားမှာထိုင်ရင်း ပျင်းနေခဲ့ကြတယ်။

စုပေက Mr.ချင်ရဲ့စားပွဲကိုငေးကြည့်နေရင်း တဖြည်းဖြည်း ပိုမိုပျင်းရိလာခဲ့တယ်။ ထို့နောက် သူမ စားပွဲကြီးပေါ်ကပစ္စည်းတွေနဲ့ စတင်ကစားတော့တယ်။ သူမ ပစ္စည်းတစ်ခုကိုယူလိုက်ပြီး ထို့နောက် အခြားတစ်ခုကိုချလိုက်တယ်။ သူမ ပစ္စည်းတစ်ခုကိုရွှေ့လိုက်ပြီး‌ ထို့နောက် အခြားတစ်ခုကိုပြန်စီလိုက်ပြန်တယ်။

Mr.ချင်က နောက်ဆုံးတော့ စာရွက်စာတမ်းတွေအားလုံးကို ကိုင်တွယ်ပြီးစီးသွားတဲ့နောက် သူမော့ကြည့်လိုက်ချိန်မှာ သူ့စားပွဲအပြင်အဆင်ပြောင်းသွားတာကို မြင်လိုက်ရတယ်။ စားပွဲပေါ်ကစာအုပ်တွေကို အပုံများစွာခွဲထုတ်ထားပြီး တစ်ပုံချင်းစီကို အရှည်ဆုံးကနေ အတိုဆုံးအထိ သေသပ်စွာ စီစဉ်ထားခဲ့တယ်။ တစ်ခြားသောပစ္စည်း‌တွေဖြစ်တဲ့ မိုဘိုင်းဖုန်း၊ လက်တော့ပ်နဲ့ ဖောင်တိန်တွေကိုလည်း စနစ်တကျ စီရီထားခဲ့တယ်။ ထို့ပြင် အဲ့ဒီနေရာမှာ အရင်ကမရှိခဲ့ဖူးတဲ့ အပင်အသေးလေးတွေပါတဲ့အိုးအချို့ကို ယခုအခါ စားပွဲပေါ်မှာ သပ်သပ်ရပ်ရပ် စီစဥ်ထားခဲ့တယ်။

ထို့ပြင် Mr.ချင်ဖတ်ပြီးသွားလို့ ချထားခဲ့တဲ့ စာရွက်စာတမ်းတွေကိုလည်း ခွဲထုတ်ထားခဲ့တယ်။ ၎င်းစာရွက်တွေကို သုံးပုံ,ပုံကာ သပ်သပ်ရပ်ရပ် စီထားခဲ့တယ် : project review, daily reports နှင့် အခြားသောစာရွက်စာတမ်းများ ဟူ၍ပင်။

သူ့လက်ထဲက နောက်ဆုံးစာရွက်စာတမ်းကို သင့်တော်တဲ့အပုံထဲသို့ ထည့်လိုက်ပြီး Mr.ချင်က စုပေကို ကြည့်လိုက်တယ်။ "ပျင်းနေပြီလား?"

စုပေ : "အယ်, အဆင်ပြေပါတယ်"

Mr.ချင်က သူ့ဖောင်တိန်ကိုချပြီး ပြုံးလိုက်တယ်။

"သွားကြစို့။ အဖေနဲ့အစည်းအဝေးကိုလိုက်ခဲ့"

ချင်ရှောက်က စုပေနဲ့ စုရှောင်ပေါင်ကို ဥက္ကဌရုံးဘေးရှိ အစည်းအဝေးခန်းငယ်ဆီသို့ ခေါ်ဆောင်သွားခဲ့တယ်။ ဤအစည်းအဝေးတွင် သက်ဆိုင်ရာအကြီးတန်းအမှုဆောင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အထူးစီမံကိန်းအဖွဲ့တို့သာ ပါဝင်‌နေတာဖြစ်တယ်။ ၎င်းအစည်းအ‌ဝေး၏အဓိကအစီအစဉ်မှာ ချင် Group မှ လက်ရှိဆောင်ရွက်နေတဲ့ 'Conceptual Integrated Complex' ၏စီမံကိန်းတိုးတက်မှုအစီရင်ခံခြင်းဖြစ်တယ်။

"လောလောဆယ်မှာ လုပ်ငန်းအားလုံးကို အဆင်ပြေချောမွေ့စွာနဲ့ ဆောင်ရွက်ပြီးစီးပါပြီ။ လက်ရှိတုံ့ပြန်မှုဒေတာတွေအရဆိုရင်..."

အစည်းအဝေးအတွင်း လူတိုင်းက အစီရင်ခံတင်ပြမှုအပေါ်မှာ အလေးအနက် အာရုံစိုက်ခဲ့ကြတယ်။ သို့ပေသိ မကြာမကြာဆိုသလို ၎င်းတို့ခမျာ မတတ်သာစွာနဲ့ဘဲ စုပေနဲ့ စုရှောင်ပေါင်တို့ကို တိတ်တိတ်လေး ခိုးကြည့်နေမိကြတယ်။ အထူးသဖြင့် အမျိုးသမီးအမှုဆောင်အရာရှိများပင်, အဲ့ဒီအန်တီကြီးတွေက အမွှာနှစ်ယောက်ကိုကြည့်လိုက်ချိန်မှာ သူတို့၏အပြုံးတွေကို ထိန်းချုပ်လို့မရနိုင်‌လောက်အောင်ပင်။

--ဆိုတော့ သူတို့လေးတွေက ဥက္ကဌရဲ့ကလေးနှစ်ယောက်ပေါ့။ 'မင်းသမီးလေး' ကချောမောလှပပြီး ချစ်စရာကောင်းလှတယ်, နောက်ပြီး 'အိမ်ရှေ့မင်းသားလေး' က‌လည်း ထပ်တူ ချောမောခန့်ညားကာ ဥက္ကဌချင်ရဲ့ကိုယ်ပွားအသေးစားလေး သက်ဝင်လှုပ်ရှား‌နေသလိုပါပဲ။ ဒါ့အပြင် ကလေးနှစ်ယောက်ရဲ့ရုပ်ရည်နဲ့ စရိုက်တွေက သူတို့အဖေနဲ့ အလွန်ကိုဆင်တူလှတယ်။

"နောက်ထပ်တင်ပြစရာတစ်ခုရှိပါတယ်" ပုံမှန်အစီရင်ခံတင်ပြမှုပြီးဆုံးပြီးနောက် စီမံကိန်းဌာန၏ဌာနမှူးက မတ်တပ်ရပ်ပြီး ပြောလာတယ်။ "ဟုန်တု Group က ကျွန်တော်တို့ရဲ့ လူထုထံကြိုတင်မိတ်ဆက်ခြင်း(pre-launch publicity)နဲ့ ပါတနာတွေဆီက အချက်အလက်တစ်ချို့ စုဆောင်းပြီးတော့ မကြာသေးခင်ကမှ 'New Concept Mall' လို့ခေါ်တဲ့ စီမံကိန်းတစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ ကျွန်တော်တို့ရထားတဲ့သတင်းတွေအရဆိုရင် သူတို့ရဲ့စီမံကိန်းက ကျွန်တော်တို့ 'Conceptual Integrated Complex' နဲ့ အခြေခံအားဖြင့် ဆင်တူနေပါတယ်။ သူတို့က ကျွန်တော်တို့နဲ့တစ်ချိန်တည်းမှာ ဒီစီမံကိန်းကိုစတင်ဆောင်ရွက်ဖို့ရည်ရွယ်တာဖြစ်တဲ့အပြင် စီမံကိန်းနှစ်ခုရဲ့တူညီမှုကိုအသုံးချပြီး အခမဲ့လူသိများအောင်လုပ်‌ပြီးတော့ စျေးကွက်မှာနေရာရအောင်လုပ်နေတာပါ"

"ဥက္ကဌ, ကျွန်တော်တို့ဘာလုပ်သင့်ပါလဲ......"

ချင်ရှောက် : "မူလအစီအစဉ်အတိုင်းဆက်သွားပါ"

"ဟုတ်ကဲ့ပါ, ဆရာ"

---

အစည်းအဝေးပြီးဆုံးသွားပြီး‌နောက် အခြားသူများအားလုံးထွက်သွားကြချိန်မှာ Mr.ချင်က သူ့ဘေးမှာထိုင်‌နေတဲ့ အလေးအနက်ဖြစ်နေပုံရတဲ့ကောင်လေးကို တစ်ချက်ကြည့်ပြီး မေးလိုက်တယ်။ "မင်းမှာဘာအိုင်ဒီယာရှိလဲ?"

စုရှောင်ပေါင် : "ဘာကိုလဲ?"

ချင်ရှောက် : "နောက်ဆုံးမေးခွန်းကိုလေ"

"အဖေ မူလစီစဉ်ထားတဲ့အတိုင်းသာလုပ်ပါ" စုရှောင်ပေါင်က တည်ငြိမ်စွာပြောလိုက်တယ်။ "Copycat တစ်ကောင်လုပ်လို့ ဘာဂယက်ထသွားမှာမို့လို့လဲ? ကျွန်တော်တို့က ပုံမှန်အတိုင်းဆက်သွားဖို့ပဲလိုတာ ပြီးမှ 'ထုတ်ကုန်အစစ်' ဆိုတာ ဘယ်လိုပုံစံမျိုးလဲဆိုတာကို သူတို့ကိုပြလိုက်ပေါ့..."

အတော်လေး စိတ်ဝင်စားဖို့တော့ကောင်းသား။

စုရှောင်ပေါင်ရဲ့အဖြေကိုကြားလိုက်ရတဲ့အခါ Mr.ချင်ရဲ့မျက်ဝန်းတွေက အံ့အားသင့်မှုနဲ့ ထောက်ခံမှုတွေ ဖြတ်ပြေးသွားတော့တယ်။ "မင်းအိုင်ဒီယာက မမှားပါဘူး" ခဏရပ်ပြီးနောက် သူထပ်‌ပြောလိုက်တယ်။ "ဒါပေမဲ့ မင်းတစ်ခုတော့သိထားသင့်တယ်။ မင်းရဲ့အင်အားက မင်းပြိုင်ဘက်လောက်မကောင်းဘူးဆိုရင် ဒီလိုထိပ်တိုက်ရင်ဆိုင်မှုမျိုးက အရင်းအနှီးအများကြီးကို ဆုံးရှုံးစေနိုင်တဲ့အပြင် အဆုံးမှာ တစ်ဖက်လူကိုတောင် အကျိုးရှိသွားစေနိုင်တယ်"

"ဒါပေမဲ့ အဖေ့မှာ အဲ့လိုအစွမ်းရှိတယ်လေ" စုရှောင်ပေါင်က Mr.ချင်ကိုကြည့်ပြီး ပြတ်သားတဲ့လေသံနဲ့ ပြောချလိုက်တယ်။

Mr.ချင် နှစ်ကြိမ်မျှ ခပ်ဟဟရယ်လိုက်မိတယ်။ "ရှောင်ပေရဲ့အမြင်ကရော?" ဒီတစ်ခါတော့ သူ စုပေကို မေးလိုက်တယ်။ သူ့သမီးလေးနဲ့စကားပြောတဲ့အချိန်မှာ ချင်ရှောက်ရဲ့လေသံက မသိလိုက်မသိဘာသာနဲ့ အတော်လေး နူးညံ့သွားခဲ့တယ်။

"သမီးလည်း ရှောင်ပေါင်ပြောတာကိုထောက်ခံတယ်" စုပေတစ်ယောက် သူမရဲ့နှုတ်ခမ်းတွေ ကော့တက်သွားရင်းနဲ့ပဲ ပြန်ဖြေလိုက်တယ်။ ခဏအကြာမှာ သူမ ဆက်ပြောလိုက်တယ်။ "တကယ်လို့ ပြိုင်ဘက်ကုမ္ပဏီက အားကောင်းနေတယ်ဆိုရင်တောင် ကိစ္စမရှိပါဘူး။ သူတို့က ချင် Group ရဲ့ပုံကြမ်းကို ခိုးခဲ့တယ်ဆိုတာ အသိသာကြီးပဲလေ။ သူတို့က ပင်မအိုင်ဒီယာအစစ်နဲ့ အသေးစိတ်အစီအစဉ်ကိုမသိတဲ့အတွက် သူတို့လုပ်တဲ့စီမံကိန်းက အဆင့်နိမ့်ကော်ပီသာသာပဲဖြစ်နေမှာ‌ပေါ့, မဟုတ်ဘူးလား?"

Mr.ချင်ရဲ့မျက်နှာပေါ်ကအပြုံးက နည်းနည်း‌လေး ပိုကျယ်လာခဲ့တယ်။ "ဆက်ပါဦး"

စုပေ : "သမီးတို့ စီမံကိန်းကို တစ်ပြိုင်တည်း ကြေညာလိုက်တာပို‌ကောင်းမယ်လို့ထင်တယ်။ အပေါ်ယံကြည့်ရင် သူတို့က သမီးတို့ဆီကနေ လူသိများမှုကို ခိုးယူနေတယ်ပေါ့။ ဒါပေမဲ့ တကယ်တမ်း အကျိုးအမြတ်ရလိုက်တာက သမီးတို့ပဲလေ။ အာရုံစိုက်မှုပိုများလာလေလေ အရည်အသွေးမြင့်တာနဲ့ အရည်အသွေးနိမ့်တာရဲ့ဆန့်ကျင်ဖက်ကို တစ်ခြားသူတွေပိုမြင်သွားလေလေပေါ့"

Mr.ချင် : သူ့ကလေးနှစ်ယောက်စလုံးက သူ့ကိုအံ့အားသင့်သွားအောင် ပြန်လုပ်ပေးခဲ့ကြတာပဲ။

---

နေ့လည်စာစားပြီးနောက် ချန်တဲ့ဝင်လာတဲ့အချိန်မှာ Mr.ချင်တစ်ယောက် မူလက စုပေနဲ့ စုရှောင်ပေါင်ကို သူ့နားနေခန်းထဲမှာ တစ်ရေးတစ်‌‌မောအိပ်ဖို့ ဖိအားပေးနေတုန်းဖြစ်တယ်။

ချန်တဲ့ : "ရှောင်ပေ, ရှောင်ပေါင်, မင်းတို့နေ့လည်စာစားလို့ဝကြရဲ့လား?"

စုပေနဲ့ စုရှောင်ပေါင်တို့ "ဦးလေးချန်" ဆိုပြီးနှုတ်ဆက်ကာ ခေါင်းညိတ်ပြလိုက်ကြတယ်။

"ဆရာ" ချန်တဲ့က ချင်ရှောက်ဘက်လှည့်လာပြီး "ဥက္ကဌလေးလင်းနဲ့ သူ့အဖွဲ့ရောက်လာပါပြီ"

ယနေ့ နေ့လည်ခင်းမှာ ချင် Group နှင့် Lin Group အကြား ၎င်းတို့၏ NST စီမံကိန်း ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်ပြီး အရေးကြီးအစည်းအဝေးတစ်ခုရှိတာဖြစ်တယ်။ ယခင်က ချန်တဲ့တစ်ယောက် network security လုပ်ငန်းအကြောင်း နကန်းလုံးလုံးဖြစ်ခဲ့ရတယ်။ သို့သော် NST မှ ပြသလာတဲ့ရလဒ်‌က သူမျှော်မှန်းထားတာထက် အများကြီး ကျော်လွန်နေခဲ့တယ်။

Mr.ချင် ခေါင်းညိတ်လိုက်တယ်။ သူ့ဘေးမှာရပ်နေတဲ့ စုပေကို သူတစ်ချက်ကြည့်လိုက်တယ်။ ကောင်မလေးက တောက်ပတဲ့မျက်ဝန်းတွေနဲ့ သူ့ကိုကြည့်နေတယ်။ Mr.ချင် သက်ပြင်းအသာချပြီး နောက်ဆုံးတော့ အလျှော့ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

သူမက ဒီအစည်းအဝေးကိုဝင်ပါဖို့ အရမ်းစိတ်အားထက်သန်နေတာဖြစ်တဲ့အတွက် သူမကို သူတစ်ရေးတစ်မောအိပ်ခိုင်းရင်တောင် သူ့(စုပေ)မျက်လုံးတွေကို ပိတ်လို့ရမှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် စုပေက NST project ရဲ့ မရှိမဖြစ်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တာကြောင့် သူမကို အစည်းအဝေးတက်ရောက်ခွင့်ပြုမှသာ သင့်တော်မှာဖြစ်တယ်။

15.8.2021

Sunday

_____

Thanks 🌹



Continue Reading

You'll Also Like

287K 10.3K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
871K 108K 181
Story is available in both unicode and zawgi.This is not my own creation. I'm just having fun translation. I give full credit to original author and...
365K 14.2K 42
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...