ZAWGYI
သူကအခ်ိန္အေတာ္ၾကာ ႐ုန္းကန္ကာ စိတ္ပိုင္းဆိုင္ရာအၾကံေပးစာအုပ္ေတြ႐ွာေဖြ ေလ့လာခဲ့ေပမယ့္လည္း ေနာက္ဆုံးေတာ့ နည္းလမ္းမ႐ွိ လက္ေလွ်ာ့ခဲ့ရတယ္။ ဒီအေၾကာင္းေတြက သူ႕မိဘေတြလည္းမသိတဲ့ လွ်ိဳ႕ဝွက္ခ်က္တစ္ခုျဖစ္ၿပီး သူ၏သူငယ္ခ်င္းေကာင္း ေက်ာင္းလီ ပင္မသိခဲ့ဘူး။
တစ္ေန႔မွာ သူက gay တစ္ေယာက္ဆိုတာသိသြားခဲ့ရင္ သူနဲ႔ႏွစ္ေပါင္းမ်ားစြာေပါင္းလာတဲ့သူငယ္ခ်င္းေကာင္း က အေဝးကိုထြက္သြားမွာကို စိုးရိမ္ေၾကာက္လန္႔ေနတယ္။
သူကပတ္ဝန္းက်င္ရဲ႕ အတင္းအဖ်င္းေတြကို ရင္ဆိုင္ရန္သတၱိမ႐ွိဘူး။
ဒါေပမယ့္ဒီအသက္အ႐ြယ္မွာအခ်စ္နဲ႔႐ုပ္ပိုင္းဆိုင္ရာထိေတြ႕မႈကိုတမ္းတဖို႔ကျဖစ္မွမျဖစ္ႏိုင္တာဘဲ၊ "ငါတစ္ခါေလာက္ၾကဳံဖူးရင္ေတာ့ေကာင္းတာေပါ့ !"
လို႔ေတြးၿပီး သူကနာမည္ႀကီးတဲ့ ေဂးဘားသို႔သြားခဲ့တယ္။
သို႔ေပမယ့္ အထဲသို႔ဝင္ၿပီးေနာက္ သူမွားသြားတယ္ဆိုတာသိသြားတယ္။ သီခ်င္းသံကက်ယ္ေလာင္၊ မီးေတြကလည္း မွိန္ေနၿပီး ႐ႈပ္႐ွက္ခတ္ေနတဲ့ လူအုပ္ႀကီး တို႔အျပင္ေစ်းႀကီးၿပီးေသာက္လို႔မေကာင္းတဲ့ wine ေတြကလည္းသူႏွင့္မရင္းႏွီးပါ။
သူနဲ႔ စကားေျပာဖို႔ သင့္ေတာ္တဲ့ တစ္ေယာက္ကို႐ွာခ်င္တယ္။ ဒါေပမယ့္ သူနဲ႔သင့္ေတာ္မယ္ထင္တာတစ္ေယာက္မွမေတြ႕ခဲ့ဘူး။ ဒါ့ေၾကာင့္သူက ဝိုင္ေသာက္ၿပီးၿပီးခ်င္းျပန္ထြက္လာခဲ့တယ္။
အဲ့ဒီမွ ျပန္လာၿပီးတဲ့ေနာက္မွာ သူအေတာ့္ကိုမွစိတ္ပ်က္သြားတယ္။ သူ႕မွာအလုပ္အကိုင္လည္း႐ွိတယ္။စာအုပ္ေတြလည္း ဖတ္လို႔ရတယ္။ ဒါေပမယ့္ သူနဲ႔ ေအးတူပူမွ် အတူ႐ွိေနမယ့္တစ္ေယာက္ေလာက္လိုခ်င္တာေတာ့အမွန္ပဲ။
ေကာင္းမြန္တဲ့ခ်စ္သူတစ္ေယာက္ ရဖို႔ဘယ္ေလာက္ေတာင္ႀကီးက်ယ္လိုက္သလဲ? သူကေပါင္းသင္းဆက္ဆံေရးမွာ ေကာင္းမြန္တဲ့သူတစ္ေယာက္မဟုတ္ခဲ့ပါဘူး၊ ဒါမွမဟုတ္ ဆက္သြယ္ေျပာဆိုရာမွာ ေလးစားဖို႔ေကာင္းတဲ့သူတစ္ေယာက္လို လုံေလာက္တဲ့အဆင့္မွာမ႐ွိလို႔မ်ားလား။
သူဟာ Nan High တြင္တစ္လေက်ာ္စာသင္ၾကားခဲ့ၿပီးျဖစ္ေသာ္လည္း သူ႕အတန္း႐ွိေက်ာင္းသားေတြကိုေတာင္မမွတ္မိေပ။ အတန္းေခါင္းေဆာင္၊ လက္ေထာက္အတန္းေခါင္းေဆာင္နဲ႔ အျခားဆိုးသြမ္းတဲ့ေက်ာင္းသားေတြ မွလြဲ၍ အျခားေက်ာင္းသားေတြရဲ႕မ်က္ႏွာေတြကိုအားလုံးသူမမွတ္မိေသးဘူး။
ေက်ာင္းသားေတြကလည္းဒီအခ်က္ကို သုံးၿပီးသူ႕ကိုေလွာင္ေျပာင္ၾကတယ္။ ယေန႔အဂၤလိပ္စာအတန္း၌သူဟာ ပုံႏွင့္ဗြီဒီယိုအခ်က္အလက္မ်ားျပင္ဆင္သတ္မွတ္ရန္စာသင္ခန္းသို႔ေစာေစာစီးစီးေရာက္လာခဲ့တယ္၊ ဒါေပမယ့္အတန္းခ်ိန္နီးလာတဲ့အခါ ေက်ာင္းသားတစ္ေယာက္ကစာအုပ္ကိုကိုင္ၿပီးစာသင္ခန္းအျပင္ကိုအျမန္ေျပးထြက္သြားတယ္။
တစ္စုံတစ္ေယာက္က သူ႕ရဲ႕သင္ၾကားမႈအေပၚ သူတို႔ရဲ႕မေက်နပ္မႈေတြကိုတိုက္႐ိုက္ေဖာ္ျပလိမ့္မယ္လို႔မေတြးမိတာေၾကာင့္ သူအရမ္းအံ့ၾသသြားတယ္၊ ဒါေပမယ့္တျခားသူေတြကလုံးဝဂ႐ုမစိုက္ဘဲ၊ အတန္းေခါင္းေဆာင္ က်ိဳးဝမ္ရန္ေတာင္မွ အဲ့တစ္ေယာက္ကိုမတားခဲ့ဘူး။
ပိုဆိုးတာကသူကတက္ၿပီးထြက္သြားတဲ့ေကာင္ေလးရဲ႕နာမည္ကိုေတာင္မသိဘဲနဲ႔သူ႕ေနာက္ကစိတ္လႈပ္႐ွားစြာနဲ႔ပဲ
” အဲ့ဒီေက်ာင္းသား !အဲ့ဒီေက်ာင္းသား!”လို႔ပဲေခၚႏိုင္တယ္။
အဲ့လိုအေျခေနမွာ အျခားေက်ာင္းသားႏွစ္ဦးလည္းထ ထြက္သြားတယ္၊ ထို႔ေနာက္အျခားတစ္ေယာက္လည္းထြက္သြားတယ္။ ဒီလိုအေျခအေနမ်ိဳးက အလြန္အမင္းအဆင္မေျပျဖစ္ေစၿပီး သူ၏ေျခလက္ေတြကိုမည္သည့္ေနရာတြင္ထားရမွန္းပင္သူမသိခဲ့ပါ။ စင္ျမင့္ေအာက္၌တိုးတိုးရယ္သူတခ်ိဳ႕လည္း႐ွိေနတယ္။ သူ႕ကိုယ္သူတည္ၿငိမ္ေစရန္သာတြန္းအားေပးခဲ့ၿပီးေနာက္ roll-call ေခၚဖို႔ျပင္လိုက္တယ္။ ဒီထက္ပိုဆိုးတာကဘာျဖစ္မွန္းသူဘယ္လိုသိႏိုင္မလဲ၊ ႏွစ္ႀကိမ္ေျမာက္ေခၚၿပီးတာေတာင္မွအတန္းပ်က္တဲ့သူတစ္ေယာက္ေတာင္မ႐ွိခဲ့ဘူးတဲ့။
ေက်ာင္းသားေတြကသူ႕ကို လွည့္ကြက္ေတြနဲ႔ စေနာက္ေနတာကိုမသိဘဲ အိပ္မက္မက္ေနတာဟုသာသံသယ ဝင္ေနတယ္။ သူဟာစင္ျမင့္ေပၚမွာ မိနစ္အနည္းငယ္ခန္႔ မ်က္ႏွာကနီရဲေနၿပီး ေတာင့္ေတာင့္ႀကီးရပ္ေနမိတယ္။
တစ္တန္းလုံးက ရယ္လွ်က္ေျပာၾကတယ္။
"ဆရာ၊ ဒီလူေတြကကြၽန္ေတာ္တို႔အတန္းထဲကမဟုတ္ဘူး"
က်ိဳးဝမ္ရန္ ေတာင္မွ ရယ္ၿပီး
" ဆရာအူးယမ္! သူတို႔ကjuniorေတြ၊ ၾကည့္ဖို႔ေရာေနတယ္ အတန္းကစေနၿပီ၊ သူတို႔အတန္းျပန္တက္ရေတာ့မယ္" လို႔ေျပာတယ္။
သူ၏လုပ္ေဖာ္ကိုင္ဖက္ေတြက သူ႕ကို ေက်ာင္းသားမ်ားႏွင့္ပိုမိုေပါင္းသင္းဆက္ဆံသင့္တယ္၊ ေကာင္းမြန္တဲ့ဆက္ဆံေရးတည္ေဆာက္သင့္ေၾကာင္းေတြေျပာၾကတယ္။ဒါေပမယ့္သူကဘယ္လိုလုပ္ရမလဲမွမသိတာ! အတန္းထဲမွာေက်ာင္းသားေတြစာေမးပြဲေျဖတဲ့အခါေတာင္သူက "လင္က်င္း" လို႔ေခၚလိုက္ရင္ ေက်ာင္းသား A ကေတာ့ရပ္ေနလိမ့္မယ္။ ေက်ာင္းသား A ကိုေခၚလိုက္တဲ့အခါေက်ာင္းသား B ကရပ္ေနလိမ့္မယ္။ အမွတ္စဥ္အစားထိုးသလိုဒီလွည့္ကြက္ဟာခိုးခ်ေနတဲ့ေက်ာင္းသားမ်ားကိုဖုံးထားေပးတယ္။
အတန္းထဲမွာ႐ွိသူတိုင္းဟာလိမၼာပါးနပ္တယ္၊ သူတို႔ကဆရာ့ကိုမထီမဲ့ျမင္ျပဳတာမဟုတ္ဘူး၊ ဒါေပမယ့္သတိလက္လြတ္မႈတစ္ခုေၾကာင့္႐ွက္စရာေထာင္ေခ်ာက္ထဲကိုက်သြားသလိုပဲ။
ေၾကာက္စရာေတြပတ္ခ်ာလည္ေနတဲ့အခ်ိန္မွာ ဆရာတစ္ေယာက္ရဲ႕ဂုဏ္သိကၡာဆုံး႐ႈံးေတာ့မလိုျဖစ္ေနတယ္။ ဒါ့ေၾကာင့္ ေက်ာင္းသားေတြနဲ႔ေပါင္းသင္းဖို႔မဝံ့ရဲဘူး။
ေက်ာင္းသားေတြထဲမွာသူယုံၾကည္ရဆုံးကေတာ့က်ိဳးဝမ္ရန္ နဲ႔ ေ႐ွာင္႐ႊမ္း တို႔သာျဖစ္တယ္။
ေ႐ွာင္႐ႊမ္း အေၾကာင္းစဥ္းစားမိေသာအခါ မေန႔ကေန႔လည္စာစားေနစဥ္ျမင္ကြင္းကိုသူစဥ္းစားမိၿပီးသက္ျပင္းမခ်ပဲမေနႏိုင္ဘူး။ သူဟာေက်ာင္းသားေတြကို ခ်စ္သူတစ္ေယာက္အျဖစ္စဥ္းစားရန္ပေရာ္ဖက္႐ွင္နယ္က်င့္ဝတ္ကိုမလြန္ဆန္ခဲ့ပါ။ အတန္းထဲမွာ႐ုပ္ေခ်ာတဲ့ေယာက်္ားေတြအမ်ားႀကီး႐ွိခဲ့ရင္ေတာင္သူကမေကာင္းတဲ့အၾကံအစည္ေတြမ႐ွိခဲ့ဖူးဘူး။ ဒါေပမယ့္အျခားေယာက်္ားေလးတစ္ေယာက္ကဒီလိုမျပတ္မသားလုပ္ရပ္တစ္ခုကိုလုပ္ဖို႔အတြက္စိတ္အေႏွာင့္အယွက္ျဖစ္ရန္လဲမလိုေပ။ သူတို႔ကသူ႕ရဲ႕ပုံမွန္မဟုတ္တဲ့အျပဳအမူကိုသတိမျပဳမိဘဲသူ႕ကိုသံသယမ႐ွိဘူးလို႔ေမွ်ာ္လင့္ရတာပါပဲ။
ေ႐ွာင္႐ႊမ္း ကိုသူ႕အိမ္လိပ္စာေျပာၿပီးၿပီဟုေတြးေနတုန္းမွာပဲ တံခါးေခါက္သံၾကားလိုက္ရတယ္။ က်ဴ႐ွင္တက္မယ့္သူေတြလို႔ထင္တာေပါ့…… အူးယမ္ ကသူ႕လက္ကိုျမန္ျမန္ေျခာက္ေစၿပီး
"လာၿပီ… လာၿပီ " ဟုေျဖလိုက္တယ္။ ဒါေပမယ့္သူတံခါးဖြင့္လိုက္တာနဲ႔ခ်က္ခ်င္းပဲသူလန္႔သြားတယ္။ တံခါးအျပင္ဘက္တြင္ ဂ်င္းေဘာင္းဘီႏွင့္ေပါ့ေပါ့ပါးပါး ထသြားထလာ အဝတ္ဝတ္ထားကာ ေက်ာပိုးအိတ္တစ္လုံးႏွင့္အရပ္႐ွည္႐ွည္လူတစ္ေယာက္ကသူ႕အားၾကည့္ရင္းျပဳံးေနတယ္။
ဒါကေ႐ွာင္႐ႊမ္းကိုေက်ာင္းအျပင္မွာေတြ႕ဖူးတာပထမဆုံးပဲ၊ အမ်ားအားျဖင့္ေ႐ွာင္႐ႊမ္း ကယူနီေဖာင္းဝတ္ထားကာအလြန္အရပ္႐ွည္ၿပီးေခ်ာေမာေနတာျဖစ္တယ္။
ဘယ္ေလာက္ပဲေခ်ာေမာေနပေစကေလးတစ္ေယာက္ခ်စ္စရာေကာင္းတာလို႔ခံစားေနရဆဲျဖစ္တယ္။ ခုလိုေပါ့ေပါ့ပါးပါးအဝတ္ေတြေျပာင္း၀ တ္ၿပီးေနာက္သူ႐ုတ္တရက္အ႐ြယ္ေရာက္လာတယ္ဆိုတာကိုဘယ္သူသိလဲ၊ သူ႕ပခုံးေတြေတာင္ပိုက်ယ္လာသလိုေတာင္ခံစားရတယ္။
"hello!ဆရာ အေႏွာင့္အယွက္ေပးမိရင္ေတာင္းပန္ပါတယ္ ကြၽန္ေတာ္လာလို႔ရလား?"
(T/N-ေရာက္ပဲေရာက္ေနၿပီကို)
မရင္းႏွီးေသာအသြင္အျပင္သို႔ေျပာင္းလိုက္ေသာအခါ ေ႐ွာင္႐ႊမ္း ရဲ႕အျပဳံးဟာတစ္ေယာက္ေယာက္ကိုလုံး၀သက္ေတာင့္သက္သာျဖစ္ေစတယ္။
"အာ ရပါတယ္ ဝင္ထိုင္ပါ "
ဧည့္ခန္းသည္သူ႐ွင္းလင္းထားေသာေၾကာင့္အလြန္သန္႔႐ွင္းေနၿပီးေျခဗလာျဖင့္ေလွ်ာက္ႏိုင္တယ္။ သို႔ေသာ္ သူက ေ႐ွာင္႐ႊမ္း အတြက္အိမ္စီးဖိနပ္တစ္စုံကိုခ်ေပးတယ္။
UNICODE
သူကအချိန်အတော်ကြာ ရုန်းကန်ကာ စိတ်ပိုင်းဆိုင်ရာအကြံပေးစာအုပ်တွေရှာဖွေ လေ့လာခဲ့ပေမယ့်လည်း နောက်ဆုံးတော့ နည်းလမ်းမရှိ လက်လျှော့ခဲ့ရတယ်။ ဒီအကြောင်းတွေက သူ့မိဘတွေလည်းမသိတဲ့ လျှို့ဝှက်ချက်တစ်ခုဖြစ်ပြီး သူ၏သူငယ်ချင်းကောင်း ကျောင်းလီ ပင်မသိခဲ့ဘူး။
တစ်နေ့မှာ သူက gay တစ်ယောက်ဆိုတာသိသွားခဲ့ရင် သူနဲ့နှစ်ပေါင်းများစွာပေါင်းလာတဲ့သူငယ်ချင်းကောင်း က အဝေးကိုထွက်သွားမှာကို စိုးရိမ်ကြောက်လန့်နေတယ်။
သူကပတ်ဝန်းကျင်ရဲ့ အတင်းအဖျင်းတွေကို ရင်ဆိုင်ရန်သတ္တိမရှိဘူး။
ဒါပေမယ့်ဒီအသက်အရွယ်မှာအချစ်နဲ့ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုကိုတမ်းတဖို့ကဖြစ်မှမဖြစ်နိုင်တာဘဲ၊ "ငါတစ်ခါလောက်ကြုံဖူးရင်တော့ကောင်းတာပေါ့ !"
လို့တွေးပြီး သူကနာမည်ကြီးတဲ့ ဂေးဘားသို့သွားခဲ့တယ်။
သို့ပေမယ့် အထဲသို့ဝင်ပြီးနောက် သူမှားသွားတယ်ဆိုတာသိသွားတယ်။ သီချင်းသံကကျယ်လောင်၊ မီးတွေကလည်း မှိန်နေပြီး ရှုပ်ရှက်ခတ်နေတဲ့ လူအုပ်ကြီး တို့အပြင်ဈေးကြီးပြီးသောက်လို့မကောင်းတဲ့ wine တွေကလည်းသူနှင့်မရင်းနှီးပါ။
သူနဲ့ စကားပြောဖို့ သင့်တော်တဲ့ တစ်ယောက်ကိုရှာချင်တယ်။ ဒါပေမယ့် သူနဲ့သင့်တော်မယ်ထင်တာတစ်ယောက်မှမတွေ့ခဲ့ဘူး။ ဒါ့ကြောင့်သူက ဝိုင်သောက်ပြီးပြီးချင်းပြန်ထွက်လာခဲ့တယ်။
အဲ့ဒီမှ ပြန်လာပြီးတဲ့နောက်မှာ သူအတော့်ကိုမှစိတ်ပျက်သွားတယ်။ သူ့မှာအလုပ်အကိုင်လည်းရှိတယ်။စာအုပ်တွေလည်း ဖတ်လို့ရတယ်။ ဒါပေမယ့် သူနဲ့ အေးတူပူမျှ အတူရှိနေမယ့်တစ်ယောက်လောက်လိုချင်တာတော့အမှန်ပဲ။
ကောင်းမွန်တဲ့ချစ်သူတစ်ယောက် ရဖို့ဘယ်လောက်တောင်ကြီးကျယ်လိုက်သလဲ? သူကပေါင်းသင်းဆက်ဆံရေးမှာ ကောင်းမွန်တဲ့သူတစ်ယောက်မဟုတ်ခဲ့ပါဘူး၊ ဒါမှမဟုတ် ဆက်သွယ်ပြောဆိုရာမှာ လေးစားဖို့ကောင်းတဲ့သူတစ်ယောက်လို လုံလောက်တဲ့အဆင့်မှာမရှိလို့များလား။
သူဟာ Nan High တွင်တစ်လကျော်စာသင်ကြားခဲ့ပြီးဖြစ်သော်လည်း သူ့အတန်းရှိကျောင်းသားတွေကိုတောင်မမှတ်မိပေ။ အတန်းခေါင်းဆောင်၊ လက်ထောက်အတန်းခေါင်းဆောင်နဲ့ အခြားဆိုးသွမ်းတဲ့ကျောင်းသားတွေ မှလွဲ၍ အခြားကျောင်းသားတွေရဲ့မျက်နှာတွေကိုအားလုံးသူမမှတ်မိသေးဘူး။
ကျောင်းသားတွေကလည်းဒီအချက်ကို သုံးပြီးသူ့ကိုလှောင်ပြောင်ကြတယ်။ ယနေ့အင်္ဂလိပ်စာအတန်း၌သူဟာ ပုံနှင့်ဗွီဒီယိုအချက်အလက်များပြင်ဆင်သတ်မှတ်ရန်စာသင်ခန်းသို့စောစောစီးစီးရောက်လာခဲ့တယ်၊ ဒါပေမယ့်အတန်းချိန်နီးလာတဲ့အခါ ကျောင်းသားတစ်ယောက်ကစာအုပ်ကိုကိုင်ပြီးစာသင်ခန်းအပြင်ကိုအမြန်ပြေးထွက်သွားတယ်။
တစ်စုံတစ်ယောက်က သူ့ရဲ့သင်ကြားမှုအပေါ် သူတို့ရဲ့မကျေနပ်မှုတွေကိုတိုက်ရိုက်ဖော်ပြလိမ့်မယ်လို့မတွေးမိတာကြောင့် သူအရမ်းအံ့သြသွားတယ်၊ ဒါပေမယ့်တခြားသူတွေကလုံးဝဂရုမစိုက်ဘဲ၊ အတန်းခေါင်းဆောင် ကျိုးဝမ်ရန်တောင်မှ အဲ့တစ်ယောက်ကိုမတားခဲ့ဘူး။
ပိုဆိုးတာကသူကတက်ပြီးထွက်သွားတဲ့ကောင်လေးရဲ့နာမည်ကိုတောင်မသိဘဲနဲ့သူ့နောက်ကစိတ်လှုပ်ရှားစွာနဲ့ပဲ
” အဲ့ဒီကျောင်းသား !အဲ့ဒီကျောင်းသား!”လို့ပဲခေါ်နိုင်တယ်။
အဲ့လိုအခြေနေမှာ အခြားကျောင်းသားနှစ်ဦးလည်းထ ထွက်သွားတယ်၊ ထို့နောက်အခြားတစ်ယောက်လည်းထွက်သွားတယ်။ ဒီလိုအခြေအနေမျိုးက အလွန်အမင်းအဆင်မပြေဖြစ်စေပြီး သူ၏ခြေလက်တွေကိုမည်သည့်နေရာတွင်ထားရမှန်းပင်သူမသိခဲ့ပါ။ စင်မြင့်အောက်၌တိုးတိုးရယ်သူတချို့လည်းရှိနေတယ်။ သူ့ကိုယ်သူတည်ငြိမ်စေရန်သာတွန်းအားပေးခဲ့ပြီးနောက် roll-call ခေါ်ဖို့ပြင်လိုက်တယ်။ ဒီထက်ပိုဆိုးတာကဘာဖြစ်မှန်းသူဘယ်လိုသိနိုင်မလဲ၊ နှစ်ကြိမ်မြောက်ခေါ်ပြီးတာတောင်မှအတန်းပျက်တဲ့သူတစ်ယောက်တောင်မရှိခဲ့ဘူးတဲ့။
ကျောင်းသားတွေကသူ့ကို လှည့်ကွက်တွေနဲ့ စနောက်နေတာကိုမသိဘဲ အိပ်မက်မက်နေတာဟုသာသံသယ ဝင်နေတယ်။ သူဟာစင်မြင့်ပေါ်မှာ မိနစ်အနည်းငယ်ခန့် မျက်နှာကနီရဲနေပြီး တောင့်တောင့်ကြီးရပ်နေမိတယ်။
တစ်တန်းလုံးက ရယ်လျှက်ပြောကြတယ်။
"ဆရာ၊ ဒီလူတွေကကျွန်တော်တို့အတန်းထဲကမဟုတ်ဘူး"
ကျိုးဝမ်ရန် တောင်မှ ရယ်ပြီး
" ဆရာအူးယမ်! သူတို့ကjuniorတွေ၊ ကြည့်ဖို့ရောနေတယ် အတန်းကစနေပြီ၊ သူတို့အတန်းပြန်တက်ရတော့မယ်" လို့ပြောတယ်။
သူ၏လုပ်ဖော်ကိုင်ဖက်တွေက သူ့ကို ကျောင်းသားများနှင့်ပိုမိုပေါင်းသင်းဆက်ဆံသင့်တယ်၊ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်သင့်ကြောင်းတွေပြောကြတယ်။ဒါပေမယ့်သူကဘယ်လိုလုပ်ရမလဲမှမသိတာ! အတန်းထဲမှာကျောင်းသားတွေစာမေးပွဲဖြေတဲ့အခါတောင်သူက "လင်ကျင်း" လို့ခေါ်လိုက်ရင် ကျောင်းသား A ကတော့ရပ်နေလိမ့်မယ်။ ကျောင်းသား A ကိုခေါ်လိုက်တဲ့အခါကျောင်းသား B ကရပ်နေလိမ့်မယ်။ အမှတ်စဉ်အစားထိုးသလိုဒီလှည့်ကွက်ဟာခိုးချနေတဲ့ကျောင်းသားများကိုဖုံးထားပေးတယ်။
အတန်းထဲမှာရှိသူတိုင်းဟာလိမ္မာပါးနပ်တယ်၊ သူတို့ကဆရာ့ကိုမထီမဲ့မြင်ပြုတာမဟုတ်ဘူး၊ ဒါပေမယ့်သတိလက်လွတ်မှုတစ်ခုကြောင့်ရှက်စရာထောင်ချောက်ထဲကိုကျသွားသလိုပဲ။
ကြောက်စရာတွေပတ်ချာလည်နေတဲ့အချိန်မှာ ဆရာတစ်ယောက်ရဲ့ဂုဏ်သိက္ခာဆုံးရှုံးတော့မလိုဖြစ်နေတယ်။ ဒါ့ကြောင့် ကျောင်းသားတွေနဲ့ပေါင်းသင်းဖို့မဝံ့ရဲဘူး။
ကျောင်းသားတွေထဲမှာသူယုံကြည်ရဆုံးကတော့ကျိုးဝမ်ရန် နဲ့ ရှောင်ရွှမ်း တို့သာဖြစ်တယ်။
ရှောင်ရွှမ်း အကြောင်းစဉ်းစားမိသောအခါ မနေ့ကနေ့လည်စာစားနေစဉ်မြင်ကွင်းကိုသူစဉ်းစားမိပြီးသက်ပြင်းမချပဲမနေနိုင်ဘူး။ သူဟာကျောင်းသားတွေကို ချစ်သူတစ်ယောက်အဖြစ်စဉ်းစားရန်ပရော်ဖက်ရှင်နယ်ကျင့်ဝတ်ကိုမလွန်ဆန်ခဲ့ပါ။ အတန်းထဲမှာရုပ်ချောတဲ့ယောက်ျားတွေအများကြီးရှိခဲ့ရင်တောင်သူကမကောင်းတဲ့အကြံအစည်တွေမရှိခဲ့ဖူးဘူး။ ဒါပေမယ့်အခြားယောက်ျားလေးတစ်ယောက်ကဒီလိုမပြတ်မသားလုပ်ရပ်တစ်ခုကိုလုပ်ဖို့အတွက်စိတ်အနှောင့်အယှက်ဖြစ်ရန်လဲမလိုပေ။ သူတို့ကသူ့ရဲ့ပုံမှန်မဟုတ်တဲ့အပြုအမူကိုသတိမပြုမိဘဲသူ့ကိုသံသယမရှိဘူးလို့မျှော်လင့်ရတာပါပဲ။
ရှောင်ရွှမ်း ကိုသူ့အိမ်လိပ်စာပြောပြီးပြီဟုတွေးနေတုန်းမှာပဲ တံခါးခေါက်သံကြားလိုက်ရတယ်။ ကျူရှင်တက်မယ့်သူတွေလို့ထင်တာပေါ့…… အူးယမ် ကသူ့လက်ကိုမြန်မြန်ခြောက်စေပြီး
"လာပြီ… လာပြီ " ဟုဖြေလိုက်တယ်။ ဒါပေမယ့်သူတံခါးဖွင့်လိုက်တာနဲ့ချက်ချင်းပဲသူလန့်သွားတယ်။ တံခါးအပြင်ဘက်တွင် ဂျင်းဘောင်းဘီနှင့်ပေါ့ပေါ့ပါးပါး ထသွားထလာ အဝတ်ဝတ်ထားကာ ကျောပိုးအိတ်တစ်လုံးနှင့်အရပ်ရှည်ရှည်လူတစ်ယောက်ကသူ့အားကြည့်ရင်းပြုံးနေတယ်။
ဒါကရှောင်ရွှမ်းကိုကျောင်းအပြင်မှာတွေ့ဖူးတာပထမဆုံးပဲ၊ အများအားဖြင့်ရှောင်ရွှမ်း ကယူနီဖောင်းဝတ်ထားကာအလွန်အရပ်ရှည်ပြီးချောမောနေတာဖြစ်တယ်။
ဘယ်လောက်ပဲချောမောနေပစေကလေးတစ်ယောက်ချစ်စရာကောင်းတာလို့ခံစားနေရဆဲဖြစ်တယ်။ ခုလိုပေါ့ပေါ့ပါးပါးအဝတ်တွေပြောင်း၀ တ်ပြီးနောက်သူရုတ်တရက်အရွယ်ရောက်လာတယ်ဆိုတာကိုဘယ်သူသိလဲ၊ သူ့ပခုံးတွေတောင်ပိုကျယ်လာသလိုတောင်ခံစားရတယ်။
"hello!ဆရာ အနှောင့်အယှက်ပေးမိရင်တောင်းပန်ပါတယ် ကျွန်တော်လာလို့ရလား?"
(T/N-ရောက်ပဲရောက်နေပြီကို)
မရင်းနှီးသောအသွင်အပြင်သို့ပြောင်းလိုက်သောအခါ ရှောင်ရွှမ်း ရဲ့အပြုံးဟာတစ်ယောက်ယောက်ကိုလုံးဝသက်တောင့်သက်သာဖြစ်စေတယ်။
"အာ ရပါတယ် ဝင်ထိုင်ပါ "
ဧည့်ခန်းသည်သူရှင်းလင်းထားသောကြောင့်အလွန်သန့်ရှင်းနေပြီးခြေဗလာဖြင့်လျှောက်နိုင်တယ်။ သို့သော် သူက ရှောင်ရွှမ်း အတွက်အိမ်စီးဖိနပ်တစ်စုံကိုချပေးတယ်။