PSYCHO FRIEND (Season-2)

By May555myat55mon

17.1K 1.7K 284

🐺Unicode🐍 အိပ်မက်လေလား...တကယ်လေလား... #Monster Start Date: 23.6.2021 End Date: ... 🐺Zawgyi🐍 အိပ္မက္ေလလား... More

Attention!!!
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 15
Part 16
Part 17
Part 18
Part 19

Part 14

494 80 11
By May555myat55mon

🐺Unicode🐍

"မင်းပြောတဲ့ အချက်အလက်တွေရော၊ သုံးနှစ်လုံး စကားပြောဆွေးနွေးကြည့်တာရော ပေါင်းရင် လက္ခဏာတွေက Paranoia Personality Disorder (သံသယလွန်ကဲစိတ်ဝေဒနာ) ရောဂါလို့ပဲ အတည်ပြုရလိမ့်မယ်။"

ညဘက် ခုနှစ်နာရီထိုးပြီးစအချိန် အိမ်ရဲ့ ဝရံတာမှာထွက်ပြီး တစ်စုံတစ်ယောက်နဲ့ ဖုန်းပြောနေတဲ့ ယွီချန်ကော။ မျက်နှာထက်မှာတော့ စိတ်ရှုပ်ထွေးမှုတို့က အပြည့်။ ဇနီးဖြစ်သူရွှမ်လုက ကော်ဖီခွက်ထည့်ထားတဲ့ ဗန်းလေးကိုင်ပြီး အိပ်ခန်းထဲဝင်လာတဲ့အထိ ယွီချန်ကောက ဖုန်းထဲကတစ်ဖက်လူရဲ့အသံကိုသာ အာရုံစိုက်နေတာမို့ ရွှမ်လုလည်း ဗန်းလေးကို စားပွဲပုလေးပေါ်အသာတင်ပြီး ယွီချန်ရှိရာ ဝရံတာဆီ ထွက်လာခဲ့လိုက်တယ်။

"ဒါပေါ့။ သူကိုယ်တိုင် ဘာရောဂါဖြစ်နေတယ်ဆိုတာ သူမသိဘူး။ အရမ်းကြီးတော့ စိတ်ပူစရာမရှိပါဘူး။ တစ်ခါတစ်လေ သူလုပ်ခဲ့တဲ့အရာတွေကို အိပ်မက်နဲ့ ရောရောပြီး မေ့သွားတတ်တာကလွဲရင် အားလုံးအဆင်ပြေပါတယ်။ ဒါကလည်း ရောဂါပြင်းထန်လာတတ်တဲ့အချိန် ဖြစ်တာဆိုတော့။"

ရွှမ်လုက ဝရံတာကိုမီရင်း ယွီချန်ကို အသံတိတ်မော့ကြည့်လာတဲ့နောက် ယွီချန်ကောက ဇနီးဖြစ်သူကို အသိအမှတ်ပြုဟန် ခေါင်းညိတ်ပြီး ပြုံးပြတယ်။

"အင်း။ ကုသနည်းကတော့ အခုလို စကားပြောဆွေးနွေးရုံကလွဲ မရှိဘူး။ အမြစ်ဖြတ်ကုလို့ရတဲ့ရောဂါလည်းမဟုတ်လို့ တစ်သက်လုံး စကားပြောဆွေးနွေးကုထုံးနဲ့ပဲ သွားရမှာ။ တကယ်လို့ မဆွေးနွေးနိုင်ခဲ့ရင်လည်း ပတ်ဝန်းကျင်က သူ့ကို ဂရုစိုက်ပေးမှရမှာ။"

တစ်ဖက်လူထံက ပြန်ပြောတဲ့စကားတွေကို နားစိုက်ထောင်ပြီးတဲ့နောက် ယွီချန်က သက်ပြင်းအသာချတယ်။

"စိတ်မပူပါနဲ့။ သူ့ကိုသေချာဂရုစိုက်ပြီး အတတ်နိုင်ဆုံးတော့ ကုပေးနေတယ်။ ဒါပေမယ့် ငါနားမလည်တာက မင်းကဘာကြောင့် သူ့ကိုမသိစေချင်ရတာလဲ။ ဒီရောဂါက တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်းပြောပြီး ကုသရင် ပိုအဆင်ပြေနိုင်တာ။ မင်းအခုလိုလုပ်တော့ သူမင်းကို သံသယပိုဝင်ပြီး နောက်ပိုင်း မင်းကို ဘယ်လိုမှယုံတော့မှာမဟုတ်ဘူး။"

တစ်ဖက်လူရဲ့ ပြန်ဖြေသံအဆုံးမှာ ယွီချန်လည်း ဝရံတာလက်ရမ်းကိုသာ ဆုပ်ကိုင်ထားပြီး သက်ပြင်းတို့အထပ်ထပ်ချမိတော့တယ်။

"အင်းပါ။ မင်းအဆင်ပြေတယ်ဆိုလည်း ပြီးတာပါပဲ။ မင်းလည်းကျန်းမာရေးဂရုစိုက်ဦး။ အသံနားထောင်ရတာ အားမရှိဘူး။ ရိပေါ်ကိုတော့ အရမ်းကြီးစိတ်မပူနဲ့။ သူကမင်းထက်စာရင် အများကြီးကျန်းမာသေးတယ်။"

ယွီချန်ကောစကားအဆုံး တစ်ဖက်လူထံက ရယ်သံခပ်လွင်လွင်လေးထွက်လာတယ်။ ယွီချန်လည်း အသာလိုက်ပြုံးမိတယ်။

"တစ်နေ့နေ့တော့ မင်းစေတနာတွေ သူနားလည်လာလောက်မှာပါ။"

တစ်ဖက်လူဖုန်းချသွားတဲ့အချိန် ယွီချန်တစ်ယောက် လေပူတို့သာ မှုတ်ထုတ်မိတယ်။ ရွှမ်လုကတော့ ယွီချန်ရဲ့လက်တစ်ဖက်ကိုအသာဆုပ်ကိုင်ရင်း အားပေးတဲ့အနေနဲ့ ခေါင်းလေးညိတ်ပြလာတယ်။ ယွီချန်လည်း ရွှမ်လုရဲ့လက်ပေါ် ပြန်အုပ်ကိုင်လိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြလိုက်တယ်။ ထို့နောက်မှာ ရွှမ်လုကို ရင်ခွင်ထဲထည့်လို့ ညည်းညူသလို စကားဆိုမိတယ်။

"တစ်ဖက်သတ်အချစ်တွေက ပူလောင်လွန်းတယ် ချစ်ရယ်။"

ရွှမ်လုကတော့ ယွီချန်ရဲ့ရင်ခွင်ထဲ ခေါင်းတိုးဝင်ရင်း စကားပြန်ဆိုမိတယ်။

"သူ့ဘက်က မေတ္တာစစ်မှန်ရင် ရိပေါ်လည်း တစ်နေ့တော့ နားလည်လက်ခံသွားမှာပါ။"

"မျှော်လင့်ရတာပါပဲလေ။"

ယွီချန်လည်း စိတ်ထဲကနေ တောင်းဆုပြုမိပါရဲ့။ ချစ်သောသူများ ဆုံစည်းရပါစေလို့။

-------------------------------------

"မင်းသားလီယွမ်ပြန်ဖော်နေတဲ့အမှုကတော့ ထူးနေပြီမင်းသားရေ။"

ရိုက်ကူးရေးအားလုံးအပြီး အိမ်ပြန်ဖို့ရာအတွက် ကားနောက်ခန်းထဲ မျက်လုံးမှိတ်အနားယူနေချိန် မန်နေဂျာထံကထွက်လာတဲ့စကားသံကြောင့် ကားရှေ့ခန်း ဒရိုက်ဘာဘေးနားထိုင်စီးနေတဲ့မန်နေဂျာကို လှမ်းကြည့်လိုက်မိတယ်။ မန်နေဂျာကလည်း ရိပေါ်လှမ်းကြည့်လာတာကိုမြင်တာနဲ့ စကားတန်းဆက်တယ်။

"မင်းသားလီယွမ်က သူအမှုပြန်ဖွင့်နေတဲ့ သူငယ်ချင်းဖြစ်သူ ချန်မင်းဆိုလား။ သူ့ရဲ့ Car Black Box ကို ရဲလက်အပ်လိုက်တယ်တဲ့။ ကြားတာတော့ Black Box ထဲမှာ ချန်မင်းယာဉ်တိုက်မှုမဖြစ်ခင်က သူ့ကားရှေ့တည့်တည့်မှာ လာပိတ်ရပ်နေတဲ့လူတစ်ယောက် တွေ့လိုက်တယ်တဲ့။ ရုတ်တရပ်ကြီးဖြစ်နေတာရော၊ ရုပ်ဖျက်ထားတာရောပေါင်းပြီး ဘယ်သူမှန်းတော့ ခွဲမရဘူးပြောတယ်။ ရဲတွေကလည်း အခု အသည်းအသန်ကိုလိုက်စုံစမ်းနေတယ်တဲ့။"

"လူတစ်ယောက် လာပိတ်ရပ်တယ်?"

ရိပေါ်က မယုံနိုင်သလိုပြန်မေးတော့ မန်နေဂျာက ခေါင်းတဆတ်ဆတ်ညိတ်ရင်း ပြန်ဖြေတယ်။

"ဟုတ်တယ်မင်းသား။ ကားရှေ့တည့်တည့်ကို လာပိတ်ရပ်တာတဲ့။ အဲဒါ ချန်မင်းက တိုက်မိမှာစိုးလို့ ရှောင်လိုက်တာ လမ်းဘေးက သစ်ပင်နဲ့ဝင်တိုက်မိပြီး ပွဲချင်းပြီးဆုံးသွားတာပဲတဲ့။ အဲဒါ အခု ရဲတွေ ပြန်စစ်နေကြတယ်။ ပွဲချင်းပြီးဆုံးသွားတာက သွေးရိုးသားရိုးဆုံးတာရော ဟုတ်ရဲ့လားဆိုပြီး။ ဒါပေမယ့်လည်း သနားတော့လည်း သနားစရာပဲ မင်းသား။ အခုအမှုက မဖွင့်တာလည်း ကြားထဲမှာ သုံးနှစ်လောက်ရှိနေပြီ။ အခုမှပြန်ဖွင့်တော့လည်း အချက်အလက်တွေက မလုံမလောက်နဲ့ဆိုတော့ ရဲဘက်က အမှုပြန်ပိတ်ဖို့ လုပ်နေကြတယ်။ ဒီလကုန်လို့မှ တရားခံမမိရင် အမှုကို အပြီးအပိုင်ပိတ်လိုက်တော့မှာတဲ့။"

ကြားရတဲ့သတင်းကြောင့် ရိပေါ်လည်း စီနီယာချန်မင်းအတွက် စိတ်မကောင်းမိ။ သူငယ်ချင်းအတွက် အမှုအသည်းအသန်ပြန်လိုက်ပေးနေတဲ့ စီနီယာလီယွမ်ကိုလည်း လေးစားမိတယ်။ စီနီယာလီယွမ်လို သူငယ်ချင်းမျိုးပိုင်ဆိုင်ထားတဲ့ စီနီယာချန်မင်းကိုလည်း အားကျမိပါရဲ့။ အရာအားလုံး အဆင်ပြေသွားပါစေလို့သာ ရိပေါ်စိတ်ထဲ တောင်းဆုပြုမိတယ်။

-------------------------------------

ရဲစခန်းထဲက ရုံးခန်းငယ်လေးထဲ စုံထောက်ဟောက်ရွှမ်းမှာ Car Black Box ထဲက လူပုံရိပ်ကို ခဏခဏပြန်ကြည့်နေမိတယ်။ အမှုဖွင့်တိုင်ကြားသူ လီယွမ်ပေးပို့လာတဲ့ သတင်းအရ ချန်မင်းနောက်ဆုံးရှိနေခဲ့တဲ့ ဘားက CCTV တွေအကုန်ပြန်စစ်ပြီး ဖြစ်နိုင်ချေရှိတဲ့ သံသယတရားခံတွေကို ရွေးထုတ်ဖို့ကြိုးစားကြည့်ပေမယ့် တစ်ယောက်မှ မတွေ့ရဘူး။ ဗွီဒီရိုဖိုင်ထဲက မျက်နှာကို အုပ်ပြီးရုပ်ဖျက်ထားတဲ့သူရဲ့ အဝတ်အစားနဲ့ကိုက်ပြီး ဘားမှာရှိတဲ့သူတွေကို တိုက်စစ်ကြည့်မိတော့ သံသယတရားခံက ငါးဦးလောက် ထွက်လာတယ်။ ငါးဦးလုံးကို သေချာစစ်ဆေးကြည့်ပြီးတဲ့နောက် လေးယောက်မှာ အဝတ်အစားကိုက်ညီမှု သိပ်မရှိတာရယ်၊ သေဆုံးသူချန်မင်းနဲ့ ဘယ်လိုမှဆက်စပ်လို့မရအောင် ပတ်သတ်မှုမရှိတာမို့ သံသယတရားခံက တစ်ယောက်သာကျန်တယ်။ သံသယတရားခံကို အကျယ်ချဲ့ကြည့်ရင်း ဟောက်ရွှမ်း စိတ်ရှုပ်ရှုပ်နဲ့ ခေါင်းကိုသာ လက်နဲ့ထိုးဖွမိတော့တယ်။ သံသယတရားခံက သူ သံသယရှိရုံလောက်နဲ့ မထီမဲ့မြင် သွားထိလို့ရမယ့်သူမျိုးမဟုတ်ဘူး။ ကာယကံရှင်က လက်မခံမှာစိုးလို့တော့မဟုတ်။ ကာယကံရှင်ကိုယ်တိုင်က နာမည်ကြီး မင်းသားတစ်ယောက် ဖြစ်နေတာမို့။ သူက အခြားသူမဟုတ်ဘူး။ တရုတ်နိုင်ငံရဲ့ နာမည်ကြီးမော်ဒယ်သရုပ်ဆောင်မင်းသား ဝမ် ရိ ပေါ်။

-------------------------------------

"မင်းသားလီယွမ် ဒီနေ့ အမှားတွေချည်းလုပ်နေပါလား။ ဘယ်လိုဖြစ်တာလဲ။"

ရိပေါ်နဲ့ တွဲသရုပ်ဆောင်ချိန် လီယွမ်မှာ ရိပေါ်ကိုကြည့်ရင်း ပြောရမယ့်စကားတွေ ရှေ့နောက်တလွဲတွေချည်းပြောနေတာမို့ ခဏခဏပြန်ရိုက်နေရတယ်။ ဒါရိုက်တာကြီးမှာလည်း မနက်ကတည်းက စိတ်နဲ့လူနဲ့မကပ်တဲ့ လီယွမ်ကြောင့် စိတ်မရှည်တော့ဘူးထင်ပါရဲ့။ လီယွမ်မှာတော့ သက်ပြင်းကိုသာ အကြိမ်ကြိမ်ချရင်း ဒါရိုက်တာထံကို တောင်းပန်စကားတို့သာ ခဏခဏဆိုတယ်။ ရိပေါ်မှာတော့ စီနီယာလီယွမ် စိတ်ရှုပ်နေမှန်းသိတာမို့ နှုတ်ဆိတ်ပြီးသာ နေပေးမိတယ်။

"မင်းသားလီယွမ်လည်း သူငယ်ချင်းအမှုကြောင့် စိတ်ရှုပ်နေတယ်ထင်တယ်။ ခဏနားရင်နားပေါ့။ စိတ်အဆင်ပြေသွားမှပဲ ဆက်ရိုက်ကြတာပေါ့။"

"ကျေးဇူးတင်ပါတယ် ဒါရိုက်တာကြီး။"

"ကဲ ရိုက်ကွင်းခဏနားမယ်ဟေ့။"

ဒါရိုက်တာကြီးစကားအဆုံး လီယွမ်က ခုံတစ်ခုံမှာဝင်ထိုင်ရင်း မျက်နှာကို လက်တစ်ဖက်နဲ့အုပ်ထားပြီး အသာငြိမ်နေတာမို့ ရိပေါ်လည်း ဘေးနားကခုံမှာသာ အသံတိတ်ဝင်ထိုင်လိုက်တယ်။ ရိပေါ်နဲ့တွဲရိုက်တဲ့ အဓိကဇာတ်လိုက်မင်းသမီးက ရိပေါ်တို့နဲ့ခပ်လှမ်းလှမ်းမှာထိုင်ရင်း ဖုန်းသုံးနေတယ်။

အချိန်ခဏကြာပြီးတဲ့နောက် ရိပေါ်လည်း ငြိမ်နေလို့ မကောင်းတာမို့ စီနီယာလီယွမ်ကိုသာ စီနီယာချန်မင်းအကြောင်း နှစ်သိမ့်မှုပေးတဲ့အနေနဲ့ အစဖော်ပြောမိပါရဲ့။

"စီနီယာလီယွမ်လည်း စီနီယာချန်မင်းအမှုနဲ့ပတ်သတ်ပြီး တော်တော်လေးကို စိတ်ပင်ပန်းနေမှာပဲ။ အခု ရဲတွေဘက်က သံသယတရားခံ ရှာတွေ့ထားပြီလို့ကြားထားတယ်ဆိုတော့ တရားခံကို မကြာခင် ဖမ်းမိလောက်မှာပါ။"

ရိပေါ်စကားအဆုံး လီယွမ်က မျက်လုံးမှိတ်ထားလျက်နဲ့ပဲ မျက်နှာပေါ်အုပ်ထားတဲ့လက်ကိုဖယ်တယ်။ ထို့နောက်မှာ ခုံမှာမီထိုင်နေရာက ထလာပြီး ခနဲ့တဲ့တဲ့ရယ်လို့ ရိပေါ်ကို လှမ်းကြည့်လာတယ်။

"သိပ်ကိုဟန်ဆောင်ကောင်းလွန်းတယ်ရိပေါ်။ မသိချင်ယောင်ဆောင်တာနဲ့ပဲ တရားခံက လွတ်သွားမယ်ထင်နေတာလား။"

လီယွမ်ပြောလာတဲ့စကားတွေကို နားမလည်နိုင်စွာနဲ့ ရိပေါ် မေးခွန်းပြန်ထုတ်မိတယ်။

"စီနီယာလီယွမ် ဘာကိုဆိုလိုချင်တာလဲ။"

ရိပေါ်စကားထဲ ဘာက ရယ်စရာကောင်းနေလဲ ရိပေါ်မသိပေမယ့် စီနီယာလီယွမ်ကတော့ တစ်ဖက်ကိုလှည့်လို့ ခပ်ဟဟရယ်တယ်။

"ဒါပေါ့။ ဒါပေါ့။ အိပ်ချင်ယောင်ဆောင်နေတဲ့သူကို နှိုးရခက်တယ်တဲ့။ မသိချင်ယောင်ဆောင်နေတဲ့သူကို သိပါတယ်သွားပြောလို့ ဘာထူးမှာတဲ့လဲ။ မင်းအရမ်းသရုပ်ဆောင်ကောင်းလွန်းပါတယ်ရိပေါ်။"

ရိပေါ်မှာတော့ လီယွမ်ပြောသမျှ ဘာကိုမှနားမလည်နိုင်စွာနဲ့ပဲ လီယွမ်ကို ကြောင်ကြည့်နေမိတယ်။ လီယွမ်ကလည်း ရိပေါ်ကို နာကျည်းစွာနဲ့ ပြန်ကြည့်နေခဲ့တယ်။

"တရားခံက ဘယ်လိုပြေးပြေး ပြေးမလွတ်ပါဘူး။ ငါက ရအောင်ဖော်မှာ။"

ရိပေါ်ဘာစကားမှ ပြန်မပြောနိုင်သေးခင်မှာပဲ လီယွမ်က ထိုင်နေရာကနေ ထသွားတာမို့ ရိပေါ်မှာသာ လီယွမ့်စကားတွေကို ပြန်စဉ်းစားရင်း သက်ပြင်းတို့အကြိမ်ကြိမ်ချမိတော့တယ်။

-------------------------------------

ရိုက်ကွင်းတစ်ခုကနေ တစ်ခုအကူးအပြောင်းမှာ ကားပေါ်မှေးရင်း လိုက်လာရာက မန်နေဂျာရဲ့ ရောက်ပြီဆိုတဲ့စကားနဲ့အတူ အားပါးတရသမ်းဝေလို့ အားပြန်ပြည့်အောင်လုပ်ရင်း ရိုက်ကွင်းထဲ ဝင်လာခဲ့တယ်။ ညနေဘက် တက်ရောက်ရမယ့်ပွဲအစီစဉ်တွေ ဘာမှမရှိတာမို့ အချိန်ဇယားကို ပြန်ညှိပြီး ညဘက်အထိရိုက်ကူးဖို့ရာ အချိန်ဇယားဆွဲလိုက်ရတယ်။

တစ်ပတ်အတောအတွင်း သရုပ်ဆောင်တွေရဲ့ ကြိုးပမ်းမှုနဲ့ ရိုက်ကူးရေးတော်တော်များများပြီးသွားတာမို့ ဒါရိုက်တာကြီးကတော့ အကျေနပ်ကြီးကျေနပ်နေတယ်။ ယနေ့အဖို့မှာလည်း လင်းမန်က ရှန်းစန့်ကို ဖွင့်ပြောရမယ့်ဇာတ်ဝင်ခန်းကိုရိုက်ရမှာမို့ ရိပေါ်နဲ့ရှောင်ကျန့်လည်း လိုအပ်တဲ့အပြင်အဆင်တွေအားလုံး ပြင်ဆင်နေမိတယ်။

ဇာတ်ဝင်ခန်းအတွက် အဝတ်အစားလဲပြီးသွားပြီဖြစ်တဲ့ ရှောင်ကျန့်ကိုကြည့်ပြီး ရိပေါ်မှာ အားမလိုအားမရဖြစ်လာရတယ်။ သွေးအားနည်းရောဂါခံစားနေရတဲ့ ရှန်းစန့်ရဲ့ ဇာတ်ကောင်စရိုက်ပေါ်လွင်ဖို့ရာအတွက် မညှာမတာ ဝိတ်လျှော့ချပစ်လိုက်တဲ့ရှောင်ကျန့်မှာ လေတိုက်ရင်တောင်လဲကျတော့မယ့်အတိုင်း ပိန်ပါးပါးနဲ့ ယိုင်နဲ့နဲ့လေး။ မိတ်ကပ်ဆရာက မိတ်ကပ်သေချာလိမ်းပေးပြီးတဲ့နောက် ဖြူဖတ်ဖြူလျော်ဟန်ဖြစ်နေတဲ့ ရှောင်ကျန့်ရဲ့ နှုတ်ခမ်းပါးတစ်စုံက ရိပေါ်စိတ်ကို မကျေမနပ်ဖြစ်စေရတယ်။ အနည်းငယ် အညိုရောင်ဘက်သမ်းနေတဲ့ မျက်ကွင်းညိုညိုကိုတွေ့ပြီးတဲ့နောက်မှာ ရိပေါ်လည်း အကြည့်သာ လွှဲမိတယ်။ အခုလို တကယ့်ရောဂါသည်ပုံစံပေါက်နေတဲ့ရှောင်ကျန့်ကိုမြင်နေရတာ ရိပေါ် တကယ်ကို စိတ်မချမ်းသာဘူး။ မျက်နှာထက်က မိတ်ကပ်တွေလိမ်းထားတယ်ဆိုတာ သိနေသည့်တိုင်အောင်ပေါ့။

မှန်ထဲကနေ အားမလိုအားမရနဲ့ လှမ်းလှမ်းကြည့်နေတဲ့ရိပေါ်ကိုကြည့်ရင်း ရှောင်ကျန့်ကရယ်တယ်။

"လင်းမန်ရာ ဒါ မိတ်ကပ်တွေပါကွ။ တကယ်မဟုတ်ပါဘူး။ ဘာလို့ ဆူပုတ်ပုတ်ကြီး ကြည့်နေတာလဲ။"

ရှောင်ကျန့်စကားအဆုံး မိတ်ကပ်ဆရာအပါအဝင် အခန်းထဲရှိသမျှ လူတွေက ဝိုင်းရယ်လာကြတယ်။ ရိပေါ်လည်း မှန်ထဲဝေ့ကြည့်မိတော့ သူတို့နှစ်ယောက်နောက်မှာက camera man တစ်ယောက်။ ရှောင်ကျန့်ဘာကြောင့် အခုလို အနှောင့်အသွားမလွတ်တဲ့စကားပြောလိုက်ရတယ်ဆိုတာ ရိပေါ် ချက်ချင်းပဲ ရိပ်မိလိုက်တယ်။ ဇာတ်ကားနာမည်ကြီးသွားပြီးတဲ့နောက်ပိုင်း fan service အနေနဲ့ ရိုက်ကွင်းနောက်ကွယ်မှ ဖြစ်ရပ်မှန်များ ဆိုပြီး ထုတ်ပေးလာခဲ့ရင် ပရိတ်သတ်တွေ ကျေနပ်မှု ရရအောင်လို့။

ရိပေါ်လည်း သက်ပြင်းအသာချပြီး တုံ့ပြန်စကားဆိုမိတယ်။

"မင်းကြည့်ရတာ လေတိုက်ရင် လဲတော့မယ့်ပုံနဲ့။ ရိုက်ကူးရေးပြီးသွားရင် ရှန်းစန့်ကို ဝအောင်ကျွေးရလိမ့်မယ်။ မဟုတ်ရင် လင်းမန်က သူ့ချစ်ချစ်လေးကို ဂရုမစိုက်ဘူးလားဆိုပြီး ပြောနေကြလိမ့်မယ်။"

လင်းမန်လို့ ခေါ်လိုက်တဲ့ ရှောင်ကျန့်ကြောင့် ရိပေါ်ဘက်က တမင်တကာကိုပဲ ရှန်းစန့်လို့ ပြန်ခေါ်ပြီး အနှောင့်အသွားမလွတ်ရုံတင်မက ပေါ်တင်ပြောချလိုက်တဲ့အခါမှာ ရှောင်ကျန့်က မယုံနိုင်သလိုလှည့်ကြည့်ရင်းက ရယ်လာတယ်။ အခန်းထဲရှိသမျှလူတွေအားလုံးကလည်း သူတို့နှစ်ယာက်ကို သဘောတကျနဲ့ လှမ်းလှမ်းကြည့်နေကြတော့တယ်။

-------------------------------------

ရိုက်ကူးရေးစတင်ချိန်။ ပေါင်မုန့်ဆိုင်လေးအတွင်း အပြင်ဘက်ကိုငေးမောရင်း ထိုင်နေတဲ့ ရှန်းစန့်။ ကိုယ့်စိတ်ကို အတိအကျသိလိုက်ရတဲ့လင်းမန်က ရှန်းစန့်ရှိရာ ပေါင်မုန့်ဆိုင်ကို အပြေးလာပြီး ဖွင့်ပြောရမယ့်အခန်း။ လမ်းမှာပြေးလာတဲ့အချိန်ကနေစလို့ ပေါင်မုန့်ဆိုင်ရောက်ပြီး ရှန်းစန့်လို့ ခေါ်လိုက်တဲ့အချိန်အထိ ရိပေါ်စိတ်ထဲမှာ ရိုက်ကူးရေးလုပ်နေတယ်ဆိုတဲ့စိတ်ပဲ ရှိနေခဲ့တယ်။

သို့ပေမယ့် ရှန်းစန့်လို့ လှမ်းခေါ်အပြီး ရုတ်တရပ်လှည့်ကြည့်လာတဲ့ ရှောင်ကျန့်ရဲ့ အံ့ဩရိပ်သမ်းနေတဲ့ မျက်ဝန်းအစုံ။

"ရှန်းစန့်။ ငါ ငါ မင်းကို ပြောစရာရှိတယ်။"

"ပြောလေလင်းမန်။ ဘာပြောမလို့လဲ။"

"ငါ ငါ...။ ရှန်းစန့် ငါလေ ငါ..."

ရှိသမျှသော dialogue တွေအားလုံး ပြောဖို့ကြိုးစားလိုက်ပေမယ့် ဆက်ပြောမယ့်စကားလုံးတို့အားလုံး လည်ပင်းမှာတင် တစ်ဆို့လို့ ရှေ့ဆက်မထွက်နိုင်တော့လောက်အောင် အသက်ရှူတို့ကြပ်လာရတယ်။ ရှောင်ကျန့်ရဲ့မျက်ဝန်းတွေကိုကြည့်မိတော့ တစ်ချိန်တစ်ခါက သူ့ရဲ့ရှုံးနိမ့်ခန်းကြီးကို ပြန်မြင်နေရသလိုပဲ။ မဟုတ်ဘူး။ ပြန်ကိုမြင်နေရတာ။

"ငါ ငါ မင်းကို ငါ..."

စကားလုံးတို့ဟာ ဘယ်လိုမှ ရှေ့ဆက်လို့ မရတော့လောက်အောင် ရင်ဘတ်တစ်ခုလုံးတင်းကြပ်ပြီး ချွေးစေးတို့ပါ ပျံလာရတယ်။ တက္ကသိုလ်ကျောင်းဝန်းအတွင်း သစ်ပင်အောက်မှာ ရှောင်ကျန့်ကို ပထမဆုံးဖွင့်ပြောမိခဲ့စဉ်က ရှောင်ကျန့်သူ့ကိုကြည့်နေခဲ့တဲ့ အေးစက်စက်မျက်ဝန်းတွေ၊ သူအရမ်းမြတ်နိုးရတဲ့ နှုတ်ခမ်းပါးစီက ထွက်ပေါ်လာတဲ့ ဓားသွားတစ်ချောင်းလိုထက်လွန်းလှတဲ့ အေးစက်စက်စကားလုံးတွေ။ သူ့နှလုံးသားကို အစိမ်းလိုက်ခွဲနေသလိုပါပဲ။

'မင်း မင်ရီဆိုတဲ့မိန်းကလေးကို တကယ်ချစ်တာလား။'

'အင်း။ တကယ်ချစ်တာ။ သူက ငါ့အတွက်တော့ အချစ်ဦးပဲ။ ပြီးတော့ အချစ်ရဆုံးသူ။'

နားထဲပြန်ကြားယောင်လာမိတဲ့ စကားလုံးတွေက ရိပေါ်ရဲ့ မီးတဟုန်းဟုန်းတောက်လောင်နေတဲ့ရင်ထဲကို လောင်စာထပ်ဖြည့်ပေးနေသလိုပဲ။ ပူလောင်လွန်းတယ်။

"ရှန်းစန့် ငါမင်းကိုလေ..."

'ရိပေါ်! တော်လောက်ပြီ။ မင်းဘာမှဆက်မပြောနဲ့တော့။'

'မင်းဘက်က အဲ့လိုဆိုမှတော့ မင်းနဲ့ငါသူငယ်ချင်းမဖြစ်နိုင်တော့ဘူး။ နှုတ်ဆက်တယ်။'

"မဟုတ်ဘူး။ ရှန်းစန့်။ ငါ ငါ မင်းကို ငါ..."

"ရိပေါ် ရိပေါ်!!။ သတိထားဦး။"

ပခုံးထက် ဆွဲလှုပ်ခြင်းခံလိုက်ရတော့မှ သတိပြန်ဝင်လာတဲ့သူ။ ယောင်ယမ်းပြီးအောင့်ထားမိတဲ့အသက်ကို ခက်ခက်ခဲခဲပြန်ရှူထုတ်ပြီး သူ့ပခုံးကိုထိန်းကိုင်ထားတဲ့ ဒါရိုက်တာကြီးကိုသာ မော့ကြည့်မိတယ်။ ရှောင်ကျန့်ကတော့ နေရာမှာတင် မတ်တပ်ရပ်လျက်သား ရိပေါ်ကို လှမ်းကြည့်နေခဲ့တယ်။

"ရိပေါ် ဘယ်လိုဖြစ်တာလဲ။ ချွေးတွေလည်း တအားထွက်နေပြီ။"

ရိပေါ် ဒါရိုက်တာကြီးရဲ့စကားကို ဘာဆိုဘာမှ ပြန်မဖြေနိုင်ခဲ့ဘူး။ စိတ်ထဲမှာလည်း သူ့ကိုယ်သူ အံ့ဩမိရတယ်။ သူ ရှောင်ကျန့်ကို တကယ်မဟုတ်ပဲ ရိုက်ကူးရေးအတွင်း ချစ်ခွင့်ပန်ဖို့ကိုတောင် အခုလောက်ထိ ဖြစ်ပျက်နေခဲ့မိတာ။ ရှောင်ကျန့်က တကယ်ပဲ သူ့စိတ်ကို အခုထိတိုင် အဆုံးစွန်ထိ လွှမ်းမိုးနိုင်တုန်းပဲတဲ့လား။

"ဒါရိုက်တာကြီး။ ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် ခဏ ခဏလေးပဲ နားပါရစေ။ ခဏလေးပါပဲ။"

"အာ ရပါတယ်။ ရပါတယ်။ မင်းသားလည်း အလုပ်တွေဆက်နေတာနဲ့ ပင်ပန်းနေမှာပေါ့။ ခဏနားလိုက်ပါ။"

ဒါရိုက်တာကြီးစကားအဆုံး ရိပေါ်လည်း နားနေခန်းကိုသာ ဦးတည်ထွက်လာခဲ့လိုက်တယ်။ ကျန့်နေခဲ့မယ့် ရှောင်ကျန့်ကိုလည်း သူ လှည့်မကြည့်ဖြစ်ခဲ့ဘူး။ အခုအချိန်မှာ ရိပေါ်အနေနဲ့ ရှောင်ကျန့်ကို အမှန်တကယ် မတွေ့ချင်သေးတာမို့။

သို့ပေမယ့် ကံတရားက ရိပေါ်ကို မျက်နှာသာမပေးခဲ့ဘူး။ သူ့နောက်ကနေ လိုက်မလာလောက်ဘူးထင်ထားတဲ့ ရှောင်ကျန့်က စိုက်စိုက်မြိုက်မြိုက်ကို ရိပေါ်ရှိရာ နားနေခန်းထဲ ဝင်ချလာတယ်။

"ရိပေါ် မင်းအဆင်ပြေရဲ့လား။"

ရိပေါ်လည်း အားတင်းပြီး ရှောင်ကျန့်ထံလှည့်လို့ ခေါင်းညိတ်ပြလိုက်တယ်။ ရှောင်ကျန့်ကလည်း ခေါင်းတဆတ်ဆတ်ညိတ်ရင်း ရိပေါ်ရှေ့ဝင်ထိုင်တယ်။ အခန်းထဲမှာတော့ သူတို့နှစ်ယောက်တည်းပဲ။

"စိတ်အေးအေးထားပါ ရိပေါ်။ အခက်အခဲရှိရင် ငါ့ကိုပြော။ အခုအချိန်မှာ မင်းနဲ့ငါက သူငယ်ချင်းတင်မကဘူး။ လုပ်ဖော်ကိုင်ဖက်ပါ ဖြစ်နေပြီ။ ငါ့ကိုမတိုင်ပင်ရင် မင်းဘယ်သူ့ကို သွားတိုင်ပင်မှာလဲ။"

"ကျေးဇူးပဲရှောင်ကျန့်။ ငါဘာမှမဖြစ်ပါဘူး။"

"အင်းအင်း။ မင်းအဆင်ပြေတယ်ဆိုလည်း ပြီးတာပါပဲ။"

"အင်း။"

သူတို့နှစ်ဦးကြား အတွေးကိုယ်စီနဲ့ တစ်ယောက်နဲ့တစ်ယောက် အကြည့်လွှဲလို့ ငြိမ်သက်သွားကြတာက အချိန်တစ်ခု ကြာတဲ့အထိ။ ရှောင်ကျန့်စိတ်ထဲ ဘာတွေတွေးနေလဲ ရိပေါ်မသိရပေမယ့် ရိပေါ်စိတ်ထဲမှာကတော့ ရှောင်ကျန့်နဲ့ ပတ်သတ်သမျှအရာအားလုံး တွေးတောနေမိတယ်။

ရှောင်ကျန့်ကို စွန့်လွှတ်ပစ်ဖို့ တွေးပြီးမှတော့ ယွဲ့မင်ရီဆိုတဲ့ ရှောင်ကျန့်ချစ်ရသူနဲ့ပတ်သတ်ပြီး သူ စိတ်အနှောင့်အယှက်ဖြစ်စရာအကြောင်း မရှိသင့်တော့ဘူးမလား။ ရိပေါ်လည်း အသက်ကို ဖြည်းဖြည်းချင်းရှူထုတ်လို့ အားတင်းကာပြုံးလိုက်ပြီး ရှောင်ကျန့်ဘက်ကိုလှည့်လို့ ပြောမိတယ်။

"မင်းလည်း မင်းချစ်သူနဲ့ အဆင်ပြေတယ်မဟုတ်လား။ မင်းက မင်းချစ်သူကို တောတော်ချစ်တယ်နော်။"

ရိပေါ်စကားအဆုံးမှာ ရှောင်ကျန့်က နားမလည်သလို လှည့်ကြည့်လာတယ်။

"ငါ့ချစ်သူ? ဘယ်သူလဲ။"

ရိပေါ် မျက်ခုံးပင့်ရပါတယ်။ စိတ်ထဲကနေလည်း တစ်ဆက်တည်းတွေးလိုက်မိတယ်။ စီနီယာလီယွမ်လိုများ တိတ်တိတ်ပုန်းတွဲဖို့ စဉ်းစားနေသလားဆိုပြီး။

"မင်းအမြဲတမ်းဖုန်းဆက်ပြောနေတဲ့ ရီလေးဆိုတဲ့တစ်ယောက်လေ။ မင်းနဲ့ နိုင်ငံခြားအတူတူသွားတာလည်း သူပဲမဟုတ်လား။ ယွဲ့မင်ရီဆိုတာ။"

ရိပေါ်စကားထဲ ဘာရယ်စရာပါသွားရပြန်ပြီလဲ မသိပေမယ့် ရှောင်ကျန့်ကတော့ တစ်ဖက်ကိုလှည့်လို့ ရယ်တော့တယ်။

"မဟုတ်သေးပါဘူး။ မင်းမှားနေပြီ။ ဘာကိုကြည့်ပြီးတော့များ ဆုံးဖြတ်လိုက်တာလဲ ရိပေါ်ရာ။ ရည်းစားမထားဖူးတာ သိသာလိုက်တာ။ ခရီးအတူတူထွက်ပြီး ဖုန်းပြောတာနဲ့ပဲ ငါ့ချစ်သူ ဖြစ်သွားရောတဲ့လား။ ဟားဟားဟား။"

"ဒါဆို ယွဲ့မင်ရီက မင်းချစ်သူမဟုတ်ဘူးလား။"

"ဘယ်ကသာ။ ရီလေးက ငါ့ချစ်သူမဟုတ်ပါဘူး။ သူက ငါ့ရဲ့ညီမလေး။"

ရိပေါ် ပြောစရာစကားတို့ပါ ပျောက်ဆုံးသွားရတယ်။ ကြားရတဲ့ စကားကြောင့် ပျော်ရမှာလား၊ ဝမ်းနည်းရမှာလားလေ။

#Monster











🐺Zawgyi🐍

"မင္းေျပာတဲ့ အခ်က္အလက္ေတြေရာ၊ သုံးႏွစ္လုံး စကားေျပာေဆြးေႏြးၾကည့္တာေရာ ေပါင္းရင္ လကၡဏာေတြက Paranoia Personality Disorder (သံသယလြန္ကဲစိတ္ေဝဒနာ) ေရာဂါလို႔ပဲ အတည္ျပဳရလိမ့္မယ္။"

ညဘက္ ခုႏွစ္နာရီထိုးၿပီးစအခ်ိန္ အိမ္ရဲ႕ ဝရံတာမွာထြက္ၿပီး တစ္စုံတစ္ေယာက္နဲ႔ ဖုန္းေျပာေနတဲ့ ယြီခ်န္ေကာ။ မ်က္ႏွာထက္မွာေတာ့ စိတ္ရႈပ္ေထြးမႈတို႔က အျပည့္။ ဇနီးျဖစ္သူ႐ႊမ္လုက ေကာ္ဖီခြက္ထည့္ထားတဲ့ ဗန္းေလးကိုင္ၿပီး အိပ္ခန္းထဲဝင္လာတဲ့အထိ ယြီခ်န္ေကာက ဖုန္းထဲကတစ္ဖက္လူရဲ႕အသံကိုသာ အာ႐ုံစိုက္ေနတာမို႔ ႐ႊမ္လုလည္း ဗန္းေလးကို စားပြဲပုေလးေပၚအသာတင္ၿပီး ယြီခ်န္ရွိရာ ဝရံတာဆီ ထြက္လာခဲ့လိုက္တယ္။

"ဒါေပါ့။ သူကိုယ္တိုင္ ဘာေရာဂါျဖစ္ေနတယ္ဆိုတာ သူမသိဘူး။ အရမ္းႀကီးေတာ့ စိတ္ပူစရာမရွိပါဘူး။ တစ္ခါတစ္ေလ သူလုပ္ခဲ့တဲ့အရာေတြကို အိပ္မက္နဲ႔ ေရာေရာၿပီး ေမ့သြားတတ္တာကလြဲရင္ အားလုံးအဆင္ေျပပါတယ္။ ဒါကလည္း ေရာဂါျပင္းထန္လာတတ္တဲ့အခ်ိန္ ျဖစ္တာဆိုေတာ့။"

႐ႊမ္လုက ဝရံတာကိုမီရင္း ယြီခ်န္ကို အသံတိတ္ေမာ့ၾကည့္လာတဲ့ေနာက္ ယြီခ်န္ေကာက ဇနီးျဖစ္သူကို အသိအမွတ္ျပဳဟန္ ေခါင္းညိတ္ၿပီး ၿပဳံးျပတယ္။

"အင္း။ ကုသနည္းကေတာ့ အခုလို စကားေျပာေဆြးေႏြး႐ုံကလြဲ မရွိဘူး။ အျမစ္ျဖတ္ကုလို႔ရတဲ့ေရာဂါလည္းမဟုတ္လို႔ တစ္သက္လုံး စကားေျပာေဆြးေႏြးကုထုံးနဲ႔ပဲ သြားရမွာ။ တကယ္လို႔ မေဆြးေႏြးႏိုင္ခဲ့ရင္လည္း ပတ္ဝန္းက်င္က သူ႔ကို ဂ႐ုစိုက္ေပးမွရမွာ။"

တစ္ဖက္လူထံက ျပန္ေျပာတဲ့စကားေတြကို နားစိုက္ေထာင္ၿပီးတဲ့ေနာက္ ယြီခ်န္က သက္ျပင္းအသာခ်တယ္။

"စိတ္မပူပါနဲ႔။ သူ႔ကိုေသခ်ာဂ႐ုစိုက္ၿပီး အတတ္ႏိုင္ဆုံးေတာ့ ကုေပးေနတယ္။ ဒါေပမယ့္ ငါနားမလည္တာက မင္းကဘာေၾကာင့္ သူ႔ကိုမသိေစခ်င္ရတာလဲ။ ဒီေရာဂါက တစ္ေယာက္နဲ႔တစ္ေယာက္ ပြင့္ပြင့္လင္းလင္းေျပာၿပီး ကုသရင္ ပိုအဆင္ေျပႏိုင္တာ။ မင္းအခုလိုလုပ္ေတာ့ သူမင္းကို သံသယပိုဝင္ၿပီး ေနာက္ပိုင္း မင္းကို ဘယ္လိုမွယုံေတာ့မွာမဟုတ္ဘူး။"

တစ္ဖက္လူရဲ႕ ျပန္ေျဖသံအဆုံးမွာ ယြီခ်န္လည္း ဝရံတာလက္ရမ္းကိုသာ ဆုပ္ကိုင္ထားၿပီး သက္ျပင္းတို႔အထပ္ထပ္ခ်မိေတာ့တယ္။

"အင္းပါ။ မင္းအဆင္ေျပတယ္ဆိုလည္း ၿပီးတာပါပဲ။ မင္းလည္းက်န္းမာေရးဂ႐ုစိုက္ဦး။ အသံနားေထာင္ရတာ အားမရွိဘူး။ ရိေပၚကိုေတာ့ အရမ္းႀကီးစိတ္မပူနဲ႔။ သူကမင္းထက္စာရင္ အမ်ားႀကီးက်န္းမာေသးတယ္။"

ယြီခ်န္ေကာစကားအဆုံး တစ္ဖက္လူထံက ရယ္သံခပ္လြင္လြင္ေလးထြက္လာတယ္။ ယြီခ်န္လည္း အသာလိုက္ၿပဳံးမိတယ္။

"တစ္ေန႔ေန႔ေတာ့ မင္းေစတနာေတြ သူနားလည္လာေလာက္မွာပါ။"

တစ္ဖက္လူဖုန္းခ်သြားတဲ့အခ်ိန္ ယြီခ်န္တစ္ေယာက္ ေလပူတို႔သာ မႈတ္ထုတ္မိတယ္။ ႐ႊမ္လုကေတာ့ ယြီခ်န္ရဲ႕လက္တစ္ဖက္ကိုအသာဆုပ္ကိုင္ရင္း အားေပးတဲ့အေနနဲ႔ ေခါင္းေလးညိတ္ျပလာတယ္။ ယြီခ်န္လည္း ႐ႊမ္လုရဲ႕လက္ေပၚ ျပန္အုပ္ကိုင္လိုက္ၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ၿပဳံးျပလိုက္တယ္။ ထို႔ေနာက္မွာ ႐ႊမ္လုကို ရင္ခြင္ထဲထည့္လို႔ ညည္းညဴသလို စကားဆိုမိတယ္။

"တစ္ဖက္သတ္အခ်စ္ေတြက ပူေလာင္လြန္းတယ္ ခ်စ္ရယ္။"

႐ႊမ္လုကေတာ့ ယြီခ်န္ရဲ႕ရင္ခြင္ထဲ ေခါင္းတိုးဝင္ရင္း စကားျပန္ဆိုမိတယ္။

"သူ႔ဘက္က ေမတၱာစစ္မွန္ရင္ ရိေပၚလည္း တစ္ေန႔ေတာ့ နားလည္လက္ခံသြားမွာပါ။"

"ေမွ်ာ္လင့္ရတာပါပဲေလ။"

ယြီခ်န္လည္း စိတ္ထဲကေန ေတာင္းဆုျပဳမိပါရဲ႕။ ခ်စ္ေသာသူမ်ား ဆုံစည္းရပါေစလို႔။

-------------------------------------

"မင္းသားလီယြမ္ျပန္ေဖာ္ေနတဲ့အမႈကေတာ့ ထူးေနၿပီမင္းသားေရ။"

႐ိုက္ကူးေရးအားလုံးအၿပီး အိမ္ျပန္ဖို႔ရာအတြက္ ကားေနာက္ခန္းထဲ မ်က္လုံးမွိတ္အနားယူေနခ်ိန္ မန္ေနဂ်ာထံကထြက္လာတဲ့စကားသံေၾကာင့္ ကားေရွ႕ခန္း ဒ႐ိုက္ဘာေဘးနားထိုင္စီးေနတဲ့မန္ေနဂ်ာကို လွမ္းၾကည့္လိုက္မိတယ္။ မန္ေနဂ်ာကလည္း ရိေပၚလွမ္းၾကည့္လာတာကိုျမင္တာနဲ႔ စကားတန္းဆက္တယ္။

"မင္းသားလီယြမ္က သူအမႈျပန္ဖြင့္ေနတဲ့ သူငယ္ခ်င္းျဖစ္သူ ခ်န္မင္းဆိုလား။ သူ႔ရဲ႕ Car Black Box ကို ရဲလက္အပ္လိုက္တယ္တဲ့။ ၾကားတာေတာ့ Black Box ထဲမွာ ခ်န္မင္းယာဥ္တိုက္မႈမျဖစ္ခင္က သူ႔ကားေရွ႕တည့္တည့္မွာ လာပိတ္ရပ္ေနတဲ့လူတစ္ေယာက္ ေတြ႕လိုက္တယ္တဲ့။ ႐ုတ္တရပ္ႀကီးျဖစ္ေနတာေရာ၊ ႐ုပ္ဖ်က္ထားတာေရာေပါင္းၿပီး ဘယ္သူမွန္းေတာ့ ခြဲမရဘူးေျပာတယ္။ ရဲေတြကလည္း အခု အသည္းအသန္ကိုလိုက္စုံစမ္းေနတယ္တဲ့။"

"လူတစ္ေယာက္ လာပိတ္ရပ္တယ္?"

ရိေပၚက မယုံႏိုင္သလိုျပန္ေမးေတာ့ မန္ေနဂ်ာက ေခါင္းတဆတ္ဆတ္ညိတ္ရင္း ျပန္ေျဖတယ္။

"ဟုတ္တယ္မင္းသား။ ကားေရွ႕တည့္တည့္ကို လာပိတ္ရပ္တာတဲ့။ အဲဒါ ခ်န္မင္းက တိုက္မိမွာစိုးလို႔ ေရွာင္လိုက္တာ လမ္းေဘးက သစ္ပင္နဲ႔ဝင္တိုက္မိၿပီး ပြဲခ်င္းၿပီးဆုံးသြားတာပဲတဲ့။ အဲဒါ အခု ရဲေတြ ျပန္စစ္ေနၾကတယ္။ ပြဲခ်င္းၿပီးဆုံးသြားတာက ေသြး႐ိုးသား႐ိုးဆုံးတာေရာ ဟုတ္ရဲ႕လားဆိုၿပီး။ ဒါေပမယ့္လည္း သနားေတာ့လည္း သနားစရာပဲ မင္းသား။ အခုအမႈက မဖြင့္တာလည္း ၾကားထဲမွာ သုံးႏွစ္ေလာက္ရွိေနၿပီ။ အခုမွျပန္ဖြင့္ေတာ့လည္း အခ်က္အလက္ေတြက မလုံမေလာက္နဲ႔ဆိုေတာ့ ရဲဘက္က အမႈျပန္ပိတ္ဖို႔ လုပ္ေနၾကတယ္။ ဒီလကုန္လို႔မွ တရားခံမမိရင္ အမႈကို အၿပီးအပိုင္ပိတ္လိုက္ေတာ့မွာတဲ့။"

ၾကားရတဲ့သတင္းေၾကာင့္ ရိေပၚလည္း စီနီယာခ်န္မင္းအတြက္ စိတ္မေကာင္းမိ။ သူငယ္ခ်င္းအတြက္ အမႈအသည္းအသန္ျပန္လိုက္ေပးေနတဲ့ စီနီယာလီယြမ္ကိုလည္း ေလးစားမိတယ္။ စီနီယာလီယြမ္လို သူငယ္ခ်င္းမ်ိဳးပိုင္ဆိုင္ထားတဲ့ စီနီယာခ်န္မင္းကိုလည္း အားက်မိပါရဲ႕။ အရာအားလုံး အဆင္ေျပသြားပါေစလို႔သာ ရိေပၚစိတ္ထဲ ေတာင္းဆုျပဳမိတယ္။

-------------------------------------

ရဲစခန္းထဲက ႐ုံးခန္းငယ္ေလးထဲ စုံေထာက္ေဟာက္႐ႊမ္းမွာ Car Black Box ထဲက လူပုံရိပ္ကို ခဏခဏျပန္ၾကည့္ေနမိတယ္။ အမႈဖြင့္တိုင္ၾကားသူ လီယြမ္ေပးပို႔လာတဲ့ သတင္းအရ ခ်န္မင္းေနာက္ဆုံးရွိေနခဲ့တဲ့ ဘားက CCTV ေတြအကုန္ျပန္စစ္ၿပီး ျဖစ္ႏိုင္ေခ်ရွိတဲ့ သံသယတရားခံေတြကို ေ႐ြးထုတ္ဖို႔ႀကိဳးစားၾကည့္ေပမယ့္ တစ္ေယာက္မွ မေတြ႕ရဘူး။ ဗြီဒီ႐ိုဖိုင္ထဲက မ်က္ႏွာကို အုပ္ၿပီး႐ုပ္ဖ်က္ထားတဲ့သူရဲ႕ အဝတ္အစားနဲ႔ကိုက္ၿပီး ဘားမွာရွိတဲ့သူေတြကို တိုက္စစ္ၾကည့္မိေတာ့ သံသယတရားခံက ငါးဦးေလာက္ ထြက္လာတယ္။ ငါးဦးလုံးကို ေသခ်ာစစ္ေဆးၾကည့္ၿပီးတဲ့ေနာက္ ေလးေယာက္မွာ အဝတ္အစားကိုက္ညီမႈ သိပ္မရွိတာရယ္၊ ေသဆုံးသူခ်န္မင္းနဲ႔ ဘယ္လိုမွဆက္စပ္လို႔မရေအာင္ ပတ္သတ္မႈမရွိတာမို႔ သံသယတရားခံက တစ္ေယာက္သာက်န္တယ္။ သံသယတရားခံကို အက်ယ္ခ်ဲ႕ၾကည့္ရင္း ေဟာက္႐ႊမ္း စိတ္ရႈပ္ရႈပ္နဲ႔ ေခါင္းကိုသာ လက္နဲ႔ထိုးဖြမိေတာ့တယ္။ သံသယတရားခံက သူ သံသယရွိ႐ုံေလာက္နဲ႔ မထီမဲ့ျမင္ သြားထိလို႔ရမယ့္သူမ်ိဳးမဟုတ္ဘူး။ ကာယကံရွင္က လက္မခံမွာစိုးလို႔ေတာ့မဟုတ္။ ကာယကံရွင္ကိုယ္တိုင္က နာမည္ႀကီး မင္းသားတစ္ေယာက္ ျဖစ္ေနတာမို႔။ သူက အျခားသူမဟုတ္ဘူး။ တ႐ုတ္ႏိုင္ငံရဲ႕ နာမည္ႀကီးေမာ္ဒယ္သ႐ုပ္ေဆာင္မင္းသား ဝမ္ ရိ ေပၚ။

-------------------------------------

"မင္းသားလီယြမ္ ဒီေန႔ အမွားေတြခ်ည္းလုပ္ေနပါလား။ ဘယ္လိုျဖစ္တာလဲ။"

ရိေပၚနဲ႔ တြဲသ႐ုပ္ေဆာင္ခ်ိန္ လီယြမ္မွာ ရိေပၚကိုၾကည့္ရင္း ေျပာရမယ့္စကားေတြ ေရွ႕ေနာက္တလြဲေတြခ်ည္းေျပာေနတာမို႔ ခဏခဏျပန္႐ိုက္ေနရတယ္။ ဒါ႐ိုက္တာႀကီးမွာလည္း မနက္ကတည္းက စိတ္နဲ႔လူနဲ႔မကပ္တဲ့ လီယြမ္ေၾကာင့္ စိတ္မရွည္ေတာ့ဘူးထင္ပါရဲ႕။ လီယြမ္မွာေတာ့ သက္ျပင္းကိုသာ အႀကိမ္ႀကိမ္ခ်ရင္း ဒါ႐ိုက္တာထံကို ေတာင္းပန္စကားတို႔သာ ခဏခဏဆိုတယ္။ ရိေပၚမွာေတာ့ စီနီယာလီယြမ္ စိတ္ရႈပ္ေနမွန္းသိတာမို႔ ႏႈတ္ဆိတ္ၿပီးသာ ေနေပးမိတယ္။

"မင္းသားလီယြမ္လည္း သူငယ္ခ်င္းအမႈေၾကာင့္ စိတ္ရႈပ္ေနတယ္ထင္တယ္။ ခဏနားရင္နားေပါ့။ စိတ္အဆင္ေျပသြားမွပဲ ဆက္႐ိုက္ၾကတာေပါ့။"

"ေက်းဇူးတင္ပါတယ္ ဒါ႐ိုက္တာႀကီး။"

"ကဲ ႐ိုက္ကြင္းခဏနားမယ္ေဟ့။"

ဒါ႐ိုက္တာႀကီးစကားအဆုံး လီယြမ္က ခုံတစ္ခုံမွာဝင္ထိုင္ရင္း မ်က္ႏွာကို လက္တစ္ဖက္နဲ႔အုပ္ထားၿပီး အသာၿငိမ္ေနတာမို႔ ရိေပၚလည္း ေဘးနားကခုံမွာသာ အသံတိတ္ဝင္ထိုင္လိုက္တယ္။ ရိေပၚနဲ႔တြဲ႐ိုက္တဲ့ အဓိကဇာတ္လိုက္မင္းသမီးက ရိေပၚတို႔နဲ႔ခပ္လွမ္းလွမ္းမွာထိုင္ရင္း ဖုန္းသုံးေနတယ္။

အခ်ိန္ခဏၾကာၿပီးတဲ့ေနာက္ ရိေပၚလည္း ၿငိမ္ေနလို႔ မေကာင္းတာမို႔ စီနီယာလီယြမ္ကိုသာ စီနီယာခ်န္မင္းအေၾကာင္း ႏွစ္သိမ့္မႈေပးတဲ့အေနနဲ႔ အစေဖာ္ေျပာမိပါရဲ႕။

"စီနီယာလီယြမ္လည္း စီနီယာခ်န္မင္းအမႈနဲ႔ပတ္သတ္ၿပီး ေတာ္ေတာ္ေလးကို စိတ္ပင္ပန္းေနမွာပဲ။ အခု ရဲေတြဘက္က သံသယတရားခံ ရွာေတြ႕ထားၿပီလို႔ၾကားထားတယ္ဆိုေတာ့ တရားခံကို မၾကာခင္ ဖမ္းမိေလာက္မွာပါ။"

ရိေပၚစကားအဆုံး လီယြမ္က မ်က္လုံးမွိတ္ထားလ်က္နဲ႔ပဲ မ်က္ႏွာေပၚအုပ္ထားတဲ့လက္ကိုဖယ္တယ္။ ထို႔ေနာက္မွာ ခုံမွာမီထိုင္ေနရာက ထလာၿပီး ခနဲ႔တဲ့တဲ့ရယ္လို႔ ရိေပၚကို လွမ္းၾကည့္လာတယ္။

"သိပ္ကိုဟန္ေဆာင္ေကာင္းလြန္းတယ္ရိေပၚ။ မသိခ်င္ေယာင္ေဆာင္တာနဲ႔ပဲ တရားခံက လြတ္သြားမယ္ထင္ေနတာလား။"

လီယြမ္ေျပာလာတဲ့စကားေတြကို နားမလည္ႏိုင္စြာနဲ႔ ရိေပၚ ေမးခြန္းျပန္ထုတ္မိတယ္။

"စီနီယာလီယြမ္ ဘာကိုဆိုလိုခ်င္တာလဲ။"

ရိေပၚစကားထဲ ဘာက ရယ္စရာေကာင္းေနလဲ ရိေပၚမသိေပမယ့္ စီနီယာလီယြမ္ကေတာ့ တစ္ဖက္ကိုလွည့္လို႔ ခပ္ဟဟရယ္တယ္။

"ဒါေပါ့။ ဒါေပါ့။ အိပ္ခ်င္ေယာင္ေဆာင္ေနတဲ့သူကို ႏႈိးရခက္တယ္တဲ့။ မသိခ်င္ေယာင္ေဆာင္ေနတဲ့သူကို သိပါတယ္သြားေျပာလို႔ ဘာထူးမွာတဲ့လဲ။ မင္းအရမ္းသ႐ုပ္ေဆာင္ေကာင္းလြန္းပါတယ္ရိေပၚ။"

ရိေပၚမွာေတာ့ လီယြမ္ေျပာသမွ် ဘာကိုမွနားမလည္ႏိုင္စြာနဲ႔ပဲ လီယြမ္ကို ေၾကာင္ၾကည့္ေနမိတယ္။ လီယြမ္ကလည္း ရိေပၚကို နာက်ည္းစြာနဲ႔ ျပန္ၾကည့္ေနခဲ့တယ္။

"တရားခံက ဘယ္လိုေျပးေျပး ေျပးမလြတ္ပါဘူး။ ငါက ရေအာင္ေဖာ္မွာ။"

ရိေပၚဘာစကားမွ ျပန္မေျပာႏိုင္ေသးခင္မွာပဲ လီယြမ္က ထိုင္ေနရာကေန ထသြားတာမို႔ ရိေပၚမွာသာ လီယြမ့္စကားေတြကို ျပန္စဥ္းစားရင္း သက္ျပင္းတို႔အႀကိမ္ႀကိမ္ခ်မိေတာ့တယ္။

-------------------------------------

႐ိုက္ကြင္းတစ္ခုကေန တစ္ခုအကူးအေျပာင္းမွာ ကားေပၚေမွးရင္း လိုက္လာရာက မန္ေနဂ်ာရဲ႕ ေရာက္ၿပီဆိုတဲ့စကားနဲ႔အတူ အားပါးတရသမ္းေဝလို႔ အားျပန္ျပည့္ေအာင္လုပ္ရင္း ႐ိုက္ကြင္းထဲ ဝင္လာခဲ့တယ္။ ညေနဘက္ တက္ေရာက္ရမယ့္ပြဲအစီစဥ္ေတြ ဘာမွမရွိတာမို႔ အခ်ိန္ဇယားကို ျပန္ညႇိၿပီး ညဘက္အထိ႐ိုက္ကူးဖို႔ရာ အခ်ိန္ဇယားဆြဲလိုက္ရတယ္။

တစ္ပတ္အေတာအတြင္း သ႐ုပ္ေဆာင္ေတြရဲ႕ ႀကိဳးပမ္းမႈနဲ႔ ႐ိုက္ကူးေရးေတာ္ေတာ္မ်ားမ်ားၿပီးသြားတာမို႔ ဒါ႐ိုက္တာႀကီးကေတာ့ အေက်နပ္ႀကီးေက်နပ္ေနတယ္။ ယေန႔အဖို႔မွာလည္း လင္းမန္က ရွန္းစန႔္ကို ဖြင့္ေျပာရမယ့္ဇာတ္ဝင္ခန္းကို႐ိုက္ရမွာမို႔ ရိေပၚနဲ႔ေရွာင္က်န႔္လည္း လိုအပ္တဲ့အျပင္အဆင္ေတြအားလုံး ျပင္ဆင္ေနမိတယ္။

ဇာတ္ဝင္ခန္းအတြက္ အဝတ္အစားလဲၿပီးသြားၿပီျဖစ္တဲ့ ေရွာင္က်န႔္ကိုၾကည့္ၿပီး ရိေပၚမွာ အားမလိုအားမရျဖစ္လာရတယ္။ ေသြးအားနည္းေရာဂါခံစားေနရတဲ့ ရွန္းစန႔္ရဲ႕ ဇာတ္ေကာင္စ႐ိုက္ေပၚလြင္ဖို႔ရာအတြက္ မညႇာမတာ ဝိတ္ေလွ်ာ့ခ်ပစ္လိုက္တဲ့ေရွာင္က်န႔္မွာ ေလတိုက္ရင္ေတာင္လဲက်ေတာ့မယ့္အတိုင္း ပိန္ပါးပါးနဲ႔ ယိုင္နဲ႔နဲ႔ေလး။ မိတ္ကပ္ဆရာက မိတ္ကပ္ေသခ်ာလိမ္းေပးၿပီးတဲ့ေနာက္ ျဖဴဖတ္ျဖဴေလ်ာ္ဟန္ျဖစ္ေနတဲ့ ေရွာင္က်န႔္ရဲ႕ ႏႈတ္ခမ္းပါးတစ္စုံက ရိေပၚစိတ္ကို မေက်မနပ္ျဖစ္ေစရတယ္။ အနည္းငယ္ အညိဳေရာင္ဘက္သမ္းေနတဲ့ မ်က္ကြင္းညိဳညိဳကိုေတြ႕ၿပီးတဲ့ေနာက္မွာ ရိေပၚလည္း အၾကည့္သာ လႊဲမိတယ္။ အခုလို တကယ့္ေရာဂါသည္ပုံစံေပါက္ေနတဲ့ေရွာင္က်န႔္ကိုျမင္ေနရတာ ရိေပၚ တကယ္ကို စိတ္မခ်မ္းသာဘူး။ မ်က္ႏွာထက္က မိတ္ကပ္ေတြလိမ္းထားတယ္ဆိုတာ သိေနသည့္တိုင္ေအာင္ေပါ့။

မွန္ထဲကေန အားမလိုအားမရနဲ႔ လွမ္းလွမ္းၾကည့္ေနတဲ့ရိေပၚကိုၾကည့္ရင္း ေရွာင္က်န႔္ကရယ္တယ္။

"လင္းမန္ရာ ဒါ မိတ္ကပ္ေတြပါကြ။ တကယ္မဟုတ္ပါဘူး။ ဘာလို႔ ဆူပုတ္ပုတ္ႀကီး ၾကည့္ေနတာလဲ။"

ေရွာင္က်န႔္စကားအဆုံး မိတ္ကပ္ဆရာအပါအဝင္ အခန္းထဲရွိသမွ် လူေတြက ဝိုင္းရယ္လာၾကတယ္။ ရိေပၚလည္း မွန္ထဲေဝ့ၾကည့္မိေတာ့ သူတို႔ႏွစ္ေယာက္ေနာက္မွာက camera man တစ္ေယာက္။ ေရွာင္က်န႔္ဘာေၾကာင့္ အခုလို အေႏွာင့္အသြားမလြတ္တဲ့စကားေျပာလိုက္ရတယ္ဆိုတာ ရိေပၚ ခ်က္ခ်င္းပဲ ရိပ္မိလိုက္တယ္။ ဇာတ္ကားနာမည္ႀကီးသြားၿပီးတဲ့ေနာက္ပိုင္း fan service အေနနဲ႔ ႐ိုက္ကြင္းေနာက္ကြယ္မွ ျဖစ္ရပ္မွန္မ်ား ဆိုၿပီး ထုတ္ေပးလာခဲ့ရင္ ပရိတ္သတ္ေတြ ေက်နပ္မႈ ရရေအာင္လို႔။

ရိေပၚလည္း သက္ျပင္းအသာခ်ၿပီး တုံ႔ျပန္စကားဆိုမိတယ္။

"မင္းၾကည့္ရတာ ေလတိုက္ရင္ လဲေတာ့မယ့္ပုံနဲ႔။ ႐ိုက္ကူးေရးၿပီးသြားရင္ ရွန္းစန႔္ကို ဝေအာင္ေကြၽးရလိမ့္မယ္။ မဟုတ္ရင္ လင္းမန္က သူ႔ခ်စ္ခ်စ္ေလးကို ဂ႐ုမစိုက္ဘူးလားဆိုၿပီး ေျပာေနၾကလိမ့္မယ္။"

လင္းမန္လို႔ ေခၚလိုက္တဲ့ ေရွာင္က်န႔္ေၾကာင့္ ရိေပၚဘက္က တမင္တကာကိုပဲ ရွန္းစန႔္လို႔ ျပန္ေခၚၿပီး အေႏွာင့္အသြားမလြတ္႐ုံတင္မက ေပၚတင္ေျပာခ်လိုက္တဲ့အခါမွာ ေရွာင္က်န႔္က မယုံႏိုင္သလိုလွည့္ၾကည့္ရင္းက ရယ္လာတယ္။ အခန္းထဲရွိသမွ်လူေတြအားလုံးကလည္း သူတို႔ႏွစ္ယာက္ကို သေဘာတက်နဲ႔ လွမ္းလွမ္းၾကည့္ေနၾကေတာ့တယ္။

-------------------------------------

႐ိုက္ကူးေရးစတင္ခ်ိန္။ ေပါင္မုန႔္ဆိုင္ေလးအတြင္း အျပင္ဘက္ကိုေငးေမာရင္း ထိုင္ေနတဲ့ ရွန္းစန႔္။ ကိုယ့္စိတ္ကို အတိအက်သိလိုက္ရတဲ့လင္းမန္က ရွန္းစန႔္ရွိရာ ေပါင္မုန႔္ဆိုင္ကို အေျပးလာၿပီး ဖြင့္ေျပာရမယ့္အခန္း။ လမ္းမွာေျပးလာတဲ့အခ်ိန္ကေနစလို႔ ေပါင္မုန႔္ဆိုင္ေရာက္ၿပီး ရွန္းစန႔္လို႔ ေခၚလိုက္တဲ့အခ်ိန္အထိ ရိေပၚစိတ္ထဲမွာ ႐ိုက္ကူးေရးလုပ္ေနတယ္ဆိုတဲ့စိတ္ပဲ ရွိေနခဲ့တယ္။

သို႔ေပမယ့္ ရွန္းစန႔္လို႔ လွမ္းေခၚအၿပီး ႐ုတ္တရပ္လွည့္ၾကည့္လာတဲ့ ေရွာင္က်န႔္ရဲ႕ အံ့ဩရိပ္သမ္းေနတဲ့ မ်က္ဝန္းအစုံ။

"ရွန္းစန႔္။ ငါ ငါ မင္းကို ေျပာစရာရွိတယ္။"

"ေျပာေလလင္းမန္။ ဘာေျပာမလို႔လဲ။"

"ငါ ငါ...။ ရွန္းစန႔္ ငါေလ ငါ..."

ရွိသမွ်ေသာ dialogue ေတြအားလုံး ေျပာဖို႔ႀကိဳးစားလိုက္ေပမယ့္ ဆက္ေျပာမယ့္စကားလုံးတို႔အားလုံး လည္ပင္းမွာတင္ တစ္ဆို႔လို႔ ေရွ႕ဆက္မထြက္ႏိုင္ေတာ့ေလာက္ေအာင္ အသက္ရွဴတို႔ၾကပ္လာရတယ္။ ေရွာင္က်န႔္ရဲ႕မ်က္ဝန္းေတြကိုၾကည့္မိေတာ့ တစ္ခ်ိန္တစ္ခါက သူ႔ရဲ႕ရႈံးနိမ့္ခန္းႀကီးကို ျပန္ျမင္ေနရသလိုပဲ။ မဟုတ္ဘူး။ ျပန္ကိုျမင္ေနရတာ။

"ငါ ငါ မင္းကို ငါ..."

စကားလုံးတို႔ဟာ ဘယ္လိုမွ ေရွ႕ဆက္လို႔ မရေတာ့ေလာက္ေအာင္ ရင္ဘတ္တစ္ခုလုံးတင္းၾကပ္ၿပီး ေခြၽးေစးတို႔ပါ ပ်ံလာရတယ္။ တကၠသိုလ္ေက်ာင္းဝန္းအတြင္း သစ္ပင္ေအာက္မွာ ေရွာင္က်န႔္ကို ပထမဆုံးဖြင့္ေျပာမိခဲ့စဥ္က ေရွာင္က်န႔္သူ႔ကိုၾကည့္ေနခဲ့တဲ့ ေအးစက္စက္မ်က္ဝန္းေတြ၊ သူအရမ္းျမတ္ႏိုးရတဲ့ ႏႈတ္ခမ္းပါးစီက ထြက္ေပၚလာတဲ့ ဓားသြားတစ္ေခ်ာင္းလိုထက္လြန္းလွတဲ့ ေအးစက္စက္စကားလုံးေတြ။ သူ႔ႏွလုံးသားကို အစိမ္းလိုက္ခြဲေနသလိုပါပဲ။

'မင္း မင္ရီဆိုတဲ့မိန္းကေလးကို တကယ္ခ်စ္တာလား။'

'အင္း။ တကယ္ခ်စ္တာ။ သူက ငါ့အတြက္ေတာ့ အခ်စ္ဦးပဲ။ ၿပီးေတာ့ အခ်စ္ရဆုံးသူ။'

နားထဲျပန္ၾကားေယာင္လာမိတဲ့ စကားလုံးေတြက ရိေပၚရဲ႕ မီးတဟုန္းဟုန္းေတာက္ေလာင္ေနတဲ့ရင္ထဲကို ေလာင္စာထပ္ျဖည့္ေပးေနသလိုပဲ။ ပူေလာင္လြန္းတယ္။

"ရွန္းစန႔္ ငါမင္းကိုေလ..."

'ရိေပၚ! ေတာ္ေလာက္ၿပီ။ မင္းဘာမွဆက္မေျပာနဲ႔ေတာ့။'

'မင္းဘက္က အဲ့လိုဆိုမွေတာ့ မင္းနဲ႔ငါသူငယ္ခ်င္းမျဖစ္ႏိုင္ေတာ့ဘူး။ ႏႈတ္ဆက္တယ္။'

"မဟုတ္ဘူး။ ရွန္းစန႔္။ ငါ ငါ မင္းကို ငါ..."

"ရိေပၚ ရိေပၚ!!။ သတိထားဦး။"

ပခုံးထက္ ဆြဲလႈပ္ျခင္းခံလိုက္ရေတာ့မွ သတိျပန္ဝင္လာတဲ့သူ။ ေယာင္ယမ္းၿပီးေအာင့္ထားမိတဲ့အသက္ကို ခက္ခက္ခဲခဲျပန္ရွဴထုတ္ၿပီး သူ႔ပခုံးကိုထိန္းကိုင္ထားတဲ့ ဒါ႐ိုက္တာႀကီးကိုသာ ေမာ့ၾကည့္မိတယ္။ ေရွာင္က်န႔္ကေတာ့ ေနရာမွာတင္ မတ္တပ္ရပ္လ်က္သား ရိေပၚကို လွမ္းၾကည့္ေနခဲ့တယ္။

"ရိေပၚ ဘယ္လိုျဖစ္တာလဲ။ ေခြၽးေတြလည္း တအားထြက္ေနၿပီ။"

ရိေပၚ ဒါ႐ိုက္တာႀကီးရဲ႕စကားကို ဘာဆိုဘာမွ ျပန္မေျဖႏိုင္ခဲ့ဘူး။ စိတ္ထဲမွာလည္း သူ႔ကိုယ္သူ အံ့ဩမိရတယ္။ သူ ေရွာင္က်န႔္ကို တကယ္မဟုတ္ပဲ ႐ိုက္ကူးေရးအတြင္း ခ်စ္ခြင့္ပန္ဖို႔ကိုေတာင္ အခုေလာက္ထိ ျဖစ္ပ်က္ေနခဲ့မိတာ။ ေရွာင္က်န႔္က တကယ္ပဲ သူ႔စိတ္ကို အခုထိတိုင္ အဆုံးစြန္ထိ လႊမ္းမိုးႏိုင္တုန္းပဲတဲ့လား။

"ဒါ႐ိုက္တာႀကီး။ ကြၽန္ေတာ္ ေတာင္းပန္ပါတယ္။ ကြၽန္ေတာ္ ခဏ ခဏေလးပဲ နားပါရေစ။ ခဏေလးပါပဲ။"

"အာ ရပါတယ္။ ရပါတယ္။ မင္းသားလည္း အလုပ္ေတြဆက္ေနတာနဲ႔ ပင္ပန္းေနမွာေပါ့။ ခဏနားလိုက္ပါ။"

ဒါ႐ိုက္တာႀကီးစကားအဆုံး ရိေပၚလည္း နားေနခန္းကိုသာ ဦးတည္ထြက္လာခဲ့လိုက္တယ္။ က်န႔္ေနခဲ့မယ့္ ေရွာင္က်န႔္ကိုလည္း သူ လွည့္မၾကည့္ျဖစ္ခဲ့ဘူး။ အခုအခ်ိန္မွာ ရိေပၚအေနနဲ႔ ေရွာင္က်န႔္ကို အမွန္တကယ္ မေတြ႕ခ်င္ေသးတာမို႔။

သို႔ေပမယ့္ ကံတရားက ရိေပၚကို မ်က္ႏွာသာမေပးခဲ့ဘူး။ သူ႔ေနာက္ကေန လိုက္မလာေလာက္ဘူးထင္ထားတဲ့ ေရွာင္က်န႔္က စိုက္စိုက္ၿမိဳက္ၿမိဳက္ကို ရိေပၚရွိရာ နားေနခန္းထဲ ဝင္ခ်လာတယ္။

"ရိေပၚ မင္းအဆင္ေျပရဲ႕လား။"

ရိေပၚလည္း အားတင္းၿပီး ေရွာင္က်န႔္ထံလွည့္လို႔ ေခါင္းညိတ္ျပလိုက္တယ္။ ေရွာင္က်န႔္ကလည္း ေခါင္းတဆတ္ဆတ္ညိတ္ရင္း ရိေပၚေရွ႕ဝင္ထိုင္တယ္။ အခန္းထဲမွာေတာ့ သူတို႔ႏွစ္ေယာက္တည္းပဲ။

"စိတ္ေအးေအးထားပါ ရိေပၚ။ အခက္အခဲရွိရင္ ငါ့ကိုေျပာ။ အခုအခ်ိန္မွာ မင္းနဲ႔ငါက သူငယ္ခ်င္းတင္မကဘူး။ လုပ္ေဖာ္ကိုင္ဖက္ပါ ျဖစ္ေနၿပီ။ ငါ့ကိုမတိုင္ပင္ရင္ မင္းဘယ္သူ႔ကို သြားတိုင္ပင္မွာလဲ။"

"ေက်းဇူးပဲေရွာင္က်န႔္။ ငါဘာမွမျဖစ္ပါဘူး။"

"အင္းအင္း။ မင္းအဆင္ေျပတယ္ဆိုလည္း ၿပီးတာပါပဲ။"

"အင္း။"

သူတို႔ႏွစ္ဦးၾကား အေတြးကိုယ္စီနဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ အၾကည့္လႊဲလို႔ ၿငိမ္သက္သြားၾကတာက အခ်ိန္တစ္ခု ၾကာတဲ့အထိ။ ေရွာင္က်န႔္စိတ္ထဲ ဘာေတြေတြးေနလဲ ရိေပၚမသိရေပမယ့္ ရိေပၚစိတ္ထဲမွာကေတာ့ ေရွာင္က်န႔္နဲ႔ ပတ္သတ္သမွ်အရာအားလုံး ေတြးေတာေနမိတယ္။

ေရွာင္က်န႔္ကို စြန႔္လႊတ္ပစ္ဖို႔ ေတြးၿပီးမွေတာ့ ယြဲ႕မင္ရီဆိုတဲ့ ေရွာင္က်န႔္ခ်စ္ရသူနဲ႔ပတ္သတ္ၿပီး သူ စိတ္အေႏွာင့္အယွက္ျဖစ္စရာအေၾကာင္း မရွိသင့္ေတာ့ဘူးမလား။ ရိေပၚလည္း အသက္ကို ျဖည္းျဖည္းခ်င္းရွဴထုတ္လို႔ အားတင္းကာၿပဳံးလိုက္ၿပီး ေရွာင္က်န႔္ဘက္ကိုလွည့္လို႔ ေျပာမိတယ္။

"မင္းလည္း မင္းခ်စ္သူနဲ႔ အဆင္ေျပတယ္မဟုတ္လား။ မင္းက မင္းခ်စ္သူကို ေတာေတာ္ခ်စ္တယ္ေနာ္။"

ရိေပၚစကားအဆုံးမွာ ေရွာင္က်န႔္က နားမလည္သလို လွည့္ၾကည့္လာတယ္။

"ငါ့ခ်စ္သူ? ဘယ္သူလဲ။"

ရိေပၚ မ်က္ခုံးပင့္ရပါတယ္။ စိတ္ထဲကေနလည္း တစ္ဆက္တည္းေတြးလိုက္မိတယ္။ စီနီယာလီယြမ္လိုမ်ား တိတ္တိတ္ပုန္းတြဲဖို႔ စဥ္းစားေနသလားဆိုၿပီး။

"မင္းအၿမဲတမ္းဖုန္းဆက္ေျပာေနတဲ့ ရီေလးဆိုတဲ့တစ္ေယာက္ေလ။ မင္းနဲ႔ ႏိုင္ငံျခားအတူတူသြားတာလည္း သူပဲမဟုတ္လား။ ယြဲ႕မင္ရီဆိုတာ။"

ရိေပၚစကားထဲ ဘာရယ္စရာပါသြားရျပန္ၿပီလဲ မသိေပမယ့္ ေရွာင္က်န႔္ကေတာ့ တစ္ဖက္ကိုလွည့္လို႔ ရယ္ေတာ့တယ္။

"မဟုတ္ေသးပါဘူး။ မင္းမွားေနၿပီ။ ဘာကိုၾကည့္ၿပီးေတာ့မ်ား ဆုံးျဖတ္လိုက္တာလဲ ရိေပၚရာ။ ရည္းစားမထားဖူးတာ သိသာလိုက္တာ။ ခရီးအတူတူထြက္ၿပီး ဖုန္းေျပာတာနဲ႔ပဲ ငါ့ခ်စ္သူ ျဖစ္သြားေရာတဲ့လား။ ဟားဟားဟား။"

"ဒါဆို ယြဲ႕မင္ရီက မင္းခ်စ္သူမဟုတ္ဘူးလား။"

"ဘယ္ကသာ။ ရီေလးက ငါ့ခ်စ္သူမဟုတ္ပါဘူး။ သူက ငါ့ရဲ႕ညီမေလး။"

ရိေပၚ ေျပာစရာစကားတို႔ပါ ေပ်ာက္ဆုံးသြားရတယ္။ ၾကားရတဲ့ စကားေၾကာင့္ ေပ်ာ္ရမွာလား၊ ဝမ္းနည္းရမွာလားေလ။

#Monster










Continue Reading

You'll Also Like

276K 43.4K 122
Our S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story
258K 22.4K 64
ဒီဇာတ္​လမ္​း​ေလး ဘယ္​ကစလဲလို႔​ေျပာရင္​ ရာဇဝင္​​ေတြ သမိုင္​း​ေၾကာင္​း​ေတြကစတယ္​​ေျပာရမွာ​ေပါ့ ဒီဇာတ်​လမ်း​လေး ဘယ်​ကစလဲလို့​ပြောရင်​ ရာဇဝင်​​တွေ သမိုင်...
32.7K 6.5K 57
"Do you think betrayal never gonna pay back?" Come on let's go and seek it! One line ⬇️ It's a crime thriller love story. All based on 2 best frien...
44.8K 6.9K 39
Taekook Yoonmin Namjin Hoseok-?????????