"ရော့..."
စက်ဘီးမှောက်တဲ့နေ့က နှောင်းကျန်ခဲ့တဲ့အင်္ကျီကို အသွင်ပြန်ပေးနေခြင်း။
"ဟာ...ကိုခန့်မှူးသွင်....ကျေးဇူးအရမ်းအရမ်းကိုတင်ပါတယ်ခင်ဗျာ..."
နှောင်းတစ်ယောက်မျက်နှာက ပြုံးစိစိဖြင့်။ဘာကိုအလိုကျ၍ပြုံးစိစိဖြစ်နေနေတာလဲဆိုတာ သူကိုယ်တိုင်သာသိပေလိမ့်မည်။
"တော်ရုံပြောလဲ...နားလည်တယ်ယောက်ဖ..အိုဗာတင်တွေဖျော်မနေနဲ့..."
"လေးစားသမှုနဲ့ပါ...."
"ဖြစ်ရမယ်..."
"ကိုယ်ဘွဲ့ယူမယ့်နေ့လာမယ်မလား...သနှာလေး"
"အင်း......"
အသွင်တသ်ယောက် မေးစိကိုလက်ညှိုနဲ့ပွတ်နေပြီး စဉ်းစားဟန်လုပ်နေ၏။
ထို့နောက်အသွင်က
"လာမယ်လေ...ယောက်ဖတစ်ယောက်ထဲဘွဲ့ယူမှာမှမဟုတ်တာ...ကိုဇေတို့မသျှင်တို့လဲဘွဲ့ယူမှာဘဲဟာကို..လာရမှာပေါ့"
အသွင်ကဖြေတော့ နှောင်းမျက်နှာငြှိုးသွားလေသည်။ရင်ထဲကအမည်မသိတဲ့ခံစားချက်လေးကပိုင်ရှင်တောင်သတိထားမိပါရဲ့လား။
ထိုနောက်အသွင်က
"ယောက်ဖတောင်ကျောင်းပြီသွားပြီကွာ...တစ်ဝိုင်းမကျွေးချင်ဘူးလား.."
".........."
နှောင်းတစ်ယောက် ဘာမျှပြန်မပြော အဝေးကပန်းပင်တွေသာငေးကြည့်နေသည်။ပန်းကလေးတွေကတော့ သူကိုကျည်စားနေသယောင်။
"ယောက်ဖလို့...ပြောနေတာနားထောင်နေလား"
"ဟမ်..အမ်..ဘာပြောတာလဲ...ကိုယ်အတွေးလွန်နေလို့..."
"တစ်ဝိုင်းကျွေးမယ်မလားလို့...မေးနေတာ..."
"အင်...ကျွေးမယ်လေ.."
နှောင်းရဲ့အသံက တက်ကြွမနေတော့။အဝေးကပန်းပင်ကိုသာကြည့်မြဲ။ပန်းကလေးတွေကတော့ လေညှင်းလေတွေအလိုကျ ဘယ်ညာယိမ်းနွဲ့လို့။အသွင်ကလဲနှောင်းရဲ့အဖြစ်ကိုသတိထားမိရာ
"ကိုနှောင်း....ကိုနှောင်း...ကိုနှောင်းလို့.."
"ဟမ်...အော်...ပြောလေ"
"ကိုနှောင်း..ဘာဖြစ်နေတာလဲ..."
"ဘာမှမဖြစ်ပါဘူး...ဒီတိုင်းဘဲလေ.."
"ကိုနှောင်း..တစ်ခုခုဖြစ်နေတယ်မလား..သေချာပါတယ်..ကိုနှောင်းဘာဖြစ်နေတာလဲ..."
"ဘာမှမဖြစ်ပါဘူးကွာ..."
"ဘာဖြစ်လိုလဲဟင်...အသွင်ပြောတဲ့ထဲအမှားပါသွားလို့လား..."
"မပါပါဘူး....ဘာမှမဖြစ်ဘူး"
"အဲ့ဆို...မျက်နှာက..ဘာဖြစ်နေတာလဲ..သူဘဲမျောက်မှိုင် မှိုင်နေပြီနေနေပြီးတော့"
"ဝမ်းနည်းနေတာ..."
နှောင်းလဲအသွင်နဲ့မျက်နှာချင်ဆိုင်ပြန်ထိုင်လိုက်ပြီး မျက်လုံးချင်းဆုံပြီးပြန်ပြောလိုက်သည်။
"ဘာကို...အသဲကွဲနေတာလား...ကိုနှောင်းမှာရည်းစားရှိတာလဲမကြားမိပါဘူး.."
"အသဲကွဲမှဝမ်းနည်းရမှာလား...ဟင်.."
"ဟမ်...ဘာတွေပြောနေတာလဲ..နားမလည်ဘူး.."
"ဟို...ကိုယ်တစ်ယောက်ထဲဘွဲ့ယူမယ်ဆိုရင်လဲလာမှာလား.."
"ဟင်...လာမှာဘဲလေ..ဘာဖြစ်လို့လဲ"
အသွင်လဲအနည်းငယ်တော့ကြောင်သွား ခဏနေမှပြန်ဖြေလိုက်သည်။
"ဘာမဖြစ်ဘူး...ရေခဲမုန့်သွားစားမယ်လာ.."
နှောင်းလဲ သိချင်တာကိုသိလိုက်ရတော့ စိတ်ကပေါ့သွားသည်။အသွင်ဆက်မေးမှာမို့ စကားလမ်းကြောင်းသာလွှဲလိုက်က်သည်။
"အမ်...အင်.."
နှစ်ယောက်သား ရေခဲ့မုန့်ဆိုင်ဆီကိုသွားလိုက်သည်။
"အမ...ရေခဲ့မုန့်သုံးခွက်...chocolateနှစ်ခွက်နဲ့lemonတစ်ခွက်.."
"ခဏစောင့်ပေးပါနော်.."
နှစ်ယောက်သား ဆိုင်ကအမခေါင်းသာငြိမ့်ပြလိုက်သည်။ခဏကြာတော့
"ရပြီးရှင့်..."
"ဘယ်လောက်လဲဗျ.."
"3000ပါရှင့်.."
ထို့နောက် နှစ်ယောက်သားအရင်ကထိုင်ခုံဆီသာပြန်လာလိုက်သည်။နှစ်ယောက်သားစားနေရင်း
"ယောက်ဖက...အသွင့်ရဲ့အကြိုက်ကို...
သိနေတာဘဲ..."
"သိတာပေါ့...chocolateနဲ့ lemonကိုရေခဲမုန့်ဝယ်စားတိုင်းတွဲစားနေတာ..ဘယ်က..သနှာလေးလဲ..."
"ကိုနှောင်းနှောင်းရှေ့က...ကိုလူချောလေးပါဗျ...ဟဲဟဲ"
"ချောသလောက်သနှာလဲကြီးတယ်မလား.."
"ဒီမှာယောက်ဖ...လူသားမို့သနှာနဲ့မကင်းနိုင်ပါ"
မျက်နှာကအတည်ပေါက်နှင့်ရွတ်နောက်နောက်ပုံစံမျိုး။
"ကျွန်တော်မျိုးဘဲမှားပါတယ်...ကိုယ်တော်အခုတော့စားစား..အရည်ပျော်တော့မယ်.."
"ဟားဟား.."
"အသွင်...."
"အင်...ပြောစေမောင်မင်း..."
"ဘာမှမဟုတ်တော့ပါဘူး...."
"သိချင်အောင်..လုပ်ပြီးမှမပြောလို့ရမလား.."
"အဟက်...ဘာမှမဟုတ်တော့ဘူး.."
အသွင်အဖြစ်ကို နှောင်းကတော့သဘောကျပြီးရယ်နေသည်။
"မဟုတ်လဲပြောလေ..သိချင်လာပြီ.."
"အဲ့ဆို...အသွင်စာမေးပွဲပြီးတဲ့နေ့မှပြောတော့မယ်.."
"အခုပြောလဲမရဘူးလား..."
"ပြောမယ့်စကားကမေ့သွားလို့..."
"ဟမ်...အော်အင်အင်..ဂွတ်နေရော..မေ့ရတယ်လို့.."
"ဟားဟား...အဲ့လိုကလူတိုင်းနီးပါးဖြစ်တတ်တာဘဲလေ..ပြောတော့မယ်ဆိုမေ့မေ့သွားတာမျိုး.."
"အင်..အသွင်လဲဖြစ်ဖူးတယ်..."
"အင်...ဒီကပြန်မှပြန်စဉ်းစားလိုက်မယ်..သတိရရင်noteထဲရေးထားလိုက်မယ်..စာမေးပွဲပြီးမှပြောမယ်.."
"တော်ပြီ..သိချင်စိတ်ကိုတိုးလာအောင်မလုပ်နဲ့..."
သိချင်လာပြီးဆိုမှမသိလိုက်တော့ စိတ်ကကလိကလိနဲ့။
"ဟားဟား...."
"ကိုနှောင်း...ကံဆိုတာအလုပ်လား..."
"ဟမ်..."
"ကံဆိုတာအလုပ်လားလို့..."
"ဘာလို့မေးတာလဲ..."
"မေးသာတာဖြေပါယောက်ဖရာ..."
"မသိဘူးလေ..တချို့ကပြောတယ်ကံကအလုပ်တဲ့..ဆရာမတွေဆူရင်သုံးတဲ့လက်သုံးစကားပေါ့..."
"မှားတယ်.."
မှားတယ်ဆိုသောအသွင်စကားကြောင့်နှောင်းအနည်းငယ်တော့စိတ်ဝင်စားသွားသည်။
"ဆိုစမ်းပါအုံး...ဆရာသမားရယ်.."
"ကျောင်းတွေမှာဆိုရင်..ဆရာမတွေအမြဲပြောတယ်လေ..နင်တို့အမှတ်မကောင်းတာကံကိုမပုံချနဲ့..နင်တို့ကြိုးစားရင် အမှတ်ကများမှာဘဲကြိုးစားမှုနဲ့ဘဲဆိုင်တယ်တို့...အဲ့ကြောင့်ကံဆိုတာအလုပ်ဘဲ...ဘာညာဘာညာပေါ့.."
အသွင်ပြောတာကိုစိတ်ဝင်စားမှုအပြည့်ဖြင့်နားထောင်နေသောနှောင်း။အားရပါးရရှင်းပြနေသောအသွင်။ဒီနှစ်ယောက်တော့သူတို့အချင်းချင်းတော့ဟုတ်နေတာဘဲ။
"အင်...အဲ့တာနဲ့ဘာဆိုင်လို့လဲ..."
"ဆုံးအောင်နားထောင်ပါအုံး.....အဲ့လိုသာပြောကြေးဆိုရင်...ကိုနှောင်းလဲပြန်မေးလိုက်လေ..အဲ့ဆရာမကို.."
"ဘာမေးရမှာ..."
"ဆရာမရောလကုန်ရင်လစာနည်းနည်းဘဲရမယ်ဆိုရင်...ကံကြောင့်လား ဆရာမလုပ်လို့လားလို့..."
အသွင်စကားဆုံးတော့နှောင်းဆီကရယ်သံထွက်လာသည်။
"အဟက်...အကောင်းမှတ်လို့နားထောင်နေတာ..ဟား..ဟား.."
"အယ်...ဘာလို့ရယ်တာလဲ...အသွင်ပြောတာမဟုတ်လို့လား..."
"မင်းပြောတာလဲ...သူဟာနဲ့သူသဘာဝကျတာပါဘဲ..."
"အင်းလေ...အားလုံးကိုတသက်မှတ်ထဲပြောလို့မရဘူး...သူနေရာနဲ့သူပေါ့..."
"နေပါအုံး...ဘယ်လိုလုပ်အဲ့ဘက်စိတ်ကူးရောက်သွားတာလဲ..."
"မသိဘူးလေ...စားနေရင်..အဲ့တာတွေးမိလို့.."
"အေးပါကွာ... အတွေးအခေါ်ပညာရှင်လုပ်စားလို့ရပြီ..ဒီလောက်ဆို.."
"လုပ်ပါဘူး..."
"ဟား..ဟား...."
******************************************
"သွင်လေး..."
စာကြည့်ခန်းထဲမှာ စာအုပ်ဖတ်နေတဲ့ တူဖြစ်သူကို ဦးမင်းခန့်ခေါ်ခြင်းဖြစ်၏။လေးလေးရဲ့ခေါ်သံကြားတော့ အသွင်ဖတ်လက်စစာအုပ်ကလေးကိုမှောက်ပြီး လေးလေးရှိတဲ့ဆိုဖာဆီကိုသွားလိုက်သည်။
"ဗျာ..လေးလေး..ဘာဖြစ်လို့လဲ..."
"သားနှောင်းတို့ဘွဲ့တောင်ယူတော့မယ်နော်..အချိန်တွေကုန်တာမြန်လိုက်တာ.."
"ဟုတ်တယ်..လေးလေး...အဲ့နေ့ကျရင်လိုက်ခဲ့မလားလေးလေး..."
"ဘွဲ့ယူမှာကဘယ်နေ့ကျလဲသွင်လေး... လေးလေးအလုပ်ကသားသိတဲ့အတိုင်းခပ်များများ...သွင်လေးကိုတောင်..အချိန်မပေးနိုင်ဘူး...အဲ့တွက် လေးလေးတောင်းပန်ပါတယ်နော်..သား.."
"ဘာမှမဖြစ်ပါဘူးလေးလေးရဲ့.....လေးလေးကဖေဖေရဲ့လုပ်ငန်းတွေရော..ဦးစီးနေရတာဘဲလေ...အသွင်နားလည်ပါတယ်..."
"ကျေးဇူးပါသားရယ်...သားဘွဲ့ရပြီးနောက်ပိုင်းလုပ်ငန်းအားလုံးကို..သားကိုဘဲဦးစီးခိုင်ရတော့မယ်..."
"အဲ့ခါကျရင်...လေးလေးလဲအေးဆေးနားတော့..အသွင်ဘဲလေးလေးကိုစောင့်ရှောက်မယ်.."
အသွင်ဆီကဒီစကားကြားတော့...ပီတိတွေဖြစ်သွားရသည်။အသွင်လဲ လေးလေးပင်ပန်းတာက်ုမကြည့်ရက်တော့။ကျောင်းမြန်မြန်ပြီး၍ဘွဲ့တာ မြန်မြန်ရချင်တော့သည်။
"ကောင်းပါပြီကွာ...သွင်လေးရော..ချစ်သူရနေပြီးလား...."
လေးလေးမေးတော့..အသွင်စိတ်က နှောင်းဆီကိုရောက်သွားသည်။လေးလေးကမေးနေတော့လဲ..နည်းနည်းတော့ကသိကအောင့်ဖြစ်သား။
"လေးလေးကလဲ...မထားသေးပါဘူး...ချစ်မိနေတဲ့သူတော့ရှိသလားလို့..ဟဲဟဲ.."
"ဘယ်လို..ဘယ်လို..ချစ်မိနေတဲ့သူ.."
အသွင်စကားကြားတော့ ဦးမင်းခန့်မှာအံဩသွားရသည်။ဒီလို စာမှစာ အပေါင်းအသင်းမှအပေါင်းအသင်းမက်တဲ့သူက ချစ်မိနေတဲ့သူရှိတော့လဲ ဦးမင်းခန့်အံ့ဩနေသည်မှာမဆန်းကြယ်။
"ဟုတ်တယ်လေးလေး...လေးလေးကိုလဲမလိမ်ချင်ဘူး.."
"ဘယ်သူလဲသား..."
"အဲ့တာတော့ပြောသေးဘူး..ဟဲဟဲ...သေချာပြီးဆိုမှလေးလေးကိုအသိပေးပါ့မယ်..."
အသွင်လဲ သူကယောကျာ်းတစ်ယောက်ကိုချစ်မိနေကြောင်းကို လေးလေးကိုပြောရမှာလဲ မဝန့်ရဲနေ။လေးလေး သူကိုတမျိုးတမည်ထင်မြင်သွားမှာလဲစိုးရိမ်သည်။
"ကောင်းပါပြီ...ငါ့တူကချစ်နေမိတဲ့သူဆိုတော့..စိတ်တော့ဝင်စားသားကွာ... ဟားဟား.."
"ဟဲဟဲ.."
အသွင်မှာလဲ ရှက်ကိုးရှက်ကန် မယားဘဲသူဘာသာနေနေသော ဂုတ်ကိုလဲပွတ်လို့နေသည်။ဂုတ်ကလေးကတော့ပြောနေတော့နမှာဘဲ..မင်းရှက်ရန်း ရန်းတာငါကိုလာမရန်းနဲ့လို့...။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(AN-ကျန်းမာရေးဂရုစိုက်ကြပါ🙆♀️အစစအရာရာဂရုစိုက်ကြပါ🙆♀️supriseလာတိုက်တာကြိုက်ကြလား🌝မျှော်နေမယ့်သူတစ်ယောက်လောက်တော့ရှိမယ်လို့ထင်ပါတယ်🙊ကိုယ်ရှုပ်နေတာနည်းနည်းတော့ရှင်းသွားပါပြီ ကြာသွားရင်မေ့နေမှာဆိုးလို့😩
အချစ်များစွာဖြင့် မယ်ရင်ဒါ🙆♀️🤍)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ေရာ့..."
"လေးစားသမှုနဲ့ပါ...."
"ဖြစ်ရမယ်..."
"အင်း......"
ထို့နောက်အသွင်က
ထိုနောက်အသွင်က
".........."
"အင်...ကျွေးမယ်လေ.."
"ဟမ်...အော်...ပြောလေ"
"ဘာမှမဖြစ်ပါဘူးကွာ..."
"ဝမ်းနည်းနေတာ..."
"အမ်...အင်.."
"ခဏစောင့်ပေးပါနော်.."
"ရပြီးရှင့်..."
"ဘယ်လောက်လဲဗျ.."
"3000ပါရှင့်.."
သိနေတာဘဲ..."
"ဟားဟား.."
"အသွင်...."
"အင်...ပြောစေမောင်မင်း..."
"ဘာမှမဟုတ်တော့ပါဘူး...."
"အခုပြောလဲမရဘူးလား..."
"ဟားဟား...."
"ဟမ်..."
"ကံဆိုတာအလုပ်လားလို့..."
"ဘာလို့မေးတာလဲ..."
"မှားတယ်.."
"ဘာမေးရမှာ..."
"လုပ်ပါဘူး..."
"ဟား..ဟား...."
******************************************
"သွင်လေး..."
"ဘယ်သူလဲသား..."
"ဟဲဟဲ.."
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~