MWFV Ch 77
Annual Gathering
Zawgyi Version
က်င္းရွီဥယ်ာဥ္၏ စာၾကည့္ခန္းအတြင္း၌။ ခ်င္က်င္းေကာ္ႏွင့္ ခ်င္ေရွာက္တို႔ မ်က္ႏွာခ်င္းဆိုင္ထိုင္ေနၾကသည္။ ဒီတစ္ေခါက္ ခ်င္က်င္းေကာ္က ခ်င္ေရွာက္ကို ဘာေၾကာင့္ေခၚရတယ္ဆိုတဲ့အေၾကာင္းျပခ်က္က သဘာဝက်စြာပဲ စုန္႔ယန္ခ်န္းေၾကာင့္ျဖစ္တယ္။ ခ်င္က်င္းေကာ္က ေနသိပ္မေကာင္းတဲ့ပုံေပါက္ေနၿပီး မ်က္တြင္းနည္းနည္းက်ေနတယ္။ သို႔ေပမဲ့ ပင္ပန္းဆင္းရဲရတဲ့အခ်ိန္ေတြက ေနာက္ဆုံးေတာ့ ၿပီးဆုံးသြားလိမ့္မယ္။ အနည္းဆုံးေတာ့ စုန႔္ယန္ခ်န္းရဲ႕ကိစၥေတြ အဆုံးသတ္သြားၿပီဆိုရင္ သူ႔သားအရင္းနဲ႔ မယားပါသားၾကားက ပဋိပကၡေၾကာင့္ သူထပ္ၿပီးစိတ္ဖိစီးေနစရာမလိုေတာ့ဘူးေပါ့။
သူတို႔ႏွစ္ေယာက္ ခဏေလာက္ တိတ္ဆိတ္ေနခဲ့ၾကတယ္။ ေနာက္ဆုံးေတာ့ ခ်င္က်င္းေကာ္က အရင္စေျပာလာတယ္။ "စုန႔္ယန္ခ်န္းရဲ႕ကိစၥက သူကိုယ္တိုင္လုပ္တာပဲ, ဒီေတာ့ သူမ်ားေတြကို သူအျပစ္တင္လို႔မရဘူး။ မင္းအမွားမလုပ္ထားဘူး"
"တစ္ခုပဲ," ခဏရပ္လိုက္ၿပီး ခ်င္က်င္းေကာ္က ဆက္ေျပာတယ္။ "ေနာက္ဆုံးက်ေတာ့ စုန႔္ယန္ခ်န္းက မင့္အန္တီခ်န္ရဲ႕သားပဲေလ။ စုန႔္ Group ကလည္း က်ီဟြား International နဲ႔အမ်ားႀကီးခ်ိတ္ဆက္ေနတာဆိုေတာ့။ က်ီဟြားရဲ႕ပိုင္ဆိုင္မႈေတြကိုသုံးၿပီး စုန႔္ Group ရဲ႕အေႂကြးေတြကိုဆပ္ဖို႔ ငါစီစဥ္ထားတယ္..."
ခ်င္က်င္းေကာ္ရဲ႕စကားေတြက ခ်င္ေရွာက္ရဲ႕မ်က္ႏွာကို မည္းေမွာင္သြားေစတယ္။ သူႏွာမႈတ္လိုက္တယ္။ "က်ီဟြား International က အစတည္းက ခင္ဗ်ားနဲ႔ အန္တီခ်န္ရဲ႕ကုမၸဏီပဲေလ။ အဲ့တာကို ဘယ္လိုသုံးမယ္ဆိုတာက ခင္ဗ်ားရဲ႕လြတ္လပ္ခြင့္ပဲ, ကြၽန္ေတာ္နဲ႔ဘာမွမဆိုင္ဘူး"
"မင္း ငါ့လိုအေဖတစ္ေယာက္ကို နာက်ည္းေနတယ္ဆိုတာငါသိတယ္, ဒါေပမဲ့ မင္း ငါ့ခံစားခ်က္ေတြကို နားလည္ေပးႏိုင္လိမ့္မယ္လို႔ ငါေမွ်ာ္လင့္ေနတုန္းပဲ" ခ်င္က်င္းေကာ္ သက္ျပင္းခ်လိုက္ျပန္တယ္။ "မင္းအန္တီခ်န္က ဒီအျဖစ္အပ်က္ေၾကာင့္ ေတာ္ေတာ္ေလးကိုတုန္လႈပ္သြားၿပီးေတာ့ သူ႔ခႏၶာကိုယ္မွာလည္း ႐ုပ္ပိုင္းဆိုင္ရာျပႆနာေတြ အမ်ားႀကီးရွိလာတယ္။ ဒီမွာ အေႂကြးေတြကိုေျဖရွင္းၿပီးသြားတဲ့အခါက်ရင္ ငါတို႔ေတြ A ႏိုင္ငံကိုေျပာင္းဖို႔စီစဥ္ထားတယ္"
ခ်န္႐ႊယ္ယန္က စုန႔္ယန္ခ်န္းရဲ႕အျဖစ္အပ်က္က သူ႔အျပစ္လုံးလုံးျဖစ္တယ္ဆိုတာကို နားလည္တယ္။ သို႔သည့္တိုင္ သူက သူမရဲ႕သားျဖစ္တယ္။ ကိုယ့္သားအရင္းေထာင္ထဲေရာက္ေနတာကိုျမင္ေနရတဲ့ ဘယ္မိခင္မဆို ဒီထိတ္လန႔္တုန္လႈပ္မႈကို နားလည္လက္ခံဖို႔ ဘယ္လြယ္ပါ့မလဲ။ သူတို႔ဇနီးေမာင္ႏွံမွာ ၿမိဳ႕ႀကီးျပႀကီးရဲ႕ ပ်ားပန္းခပ္ဆူညံရႈပ္ေထြးမႈေတြရဲ႕အေဝး A ႏိုင္ငံထဲမွာ ေျမကြက္တစ္ခုရွိတယ္။ ခ်င္က်င္းေကာ္က သူ႔ဇနီးကို အားျပန္ျပည့္ေစဖို႔အတြက္ ထိုေနရာသို႔ေခၚသြားရန္ ရည္႐ြယ္ထားခဲ့တာျဖစ္တယ္။
"စုန႔္ Group ရဲ႕အေႂကြးေတြကိုေျဖရွင္းၿပီးသြားရင္ က်ီဟြား International ရဲ႕အေျခခံအုတ္ျမစ္က အႀကီးအက်ယ္ ပ်က္စီးသြားလိမ့္မယ္။ မင္းဆႏၵရွိတယ္ဆိုရင္ အဲ့တာကိုကိုင္တြယ္ဖို႔ ငါမင္းကိုလက္လႊဲေပးမယ္။ ဒါေပမဲ့ မင္းမလုပ္ခ်င္ဘူးဆိုရင္ အဲ့တာကိုကိုင္တြယ္ဖို႔ ပေရာ္ဖက္ရွင္နယ္စီမံခန႔္ခြဲမႈအဖြဲ႕ကို ငါတို႔ရွာရလိမ့္မယ္"
ခ်င္က်င္းေကာ္ရဲ႕စကားေတြကိုနားေထာင္ၿပီးတဲ့ေနာက္ ခ်င္ေရွာက္ခမ်ာ အခ်ိန္အေတာ္ၾကာတဲ့အထိ စကားမေျပာခဲ့ဘူး။ ခ်င္က်င္းေကာ္ကေတာ့ သူ႔သားရဲ႕ေအးတိေအးစက္မ်က္ႏွာေအာက္က ခံစားခ်က္ေတြကိုေတာင္ မရိပ္မိခဲ့ေခ်။
ခ်င္က်င္းေကာ္ : "ေနာက္ၿပီး, ငါ့ရဲ႕ေနာက္ဆုံးေတာင္းဆိုခ်က္ကို ေက်းဇူးျပဳၿပီးနားေထာင္ေပးပါ"
ခ်င္ေရွာက္ : "ကြၽန္ေတာ္ငယ္ငယ္တုန္းက ဒီအိမ္မွာေနတဲ့အခ်ိန္ ခင္ဗ်ား ကြၽန္ေတာ့္ကို ေတာင္းဆိုမႈေတြ ဘယ္ႏွစ္ခါေတာင္မွ ေတာင္းလိုက္သလဲ? ေျပာသာေျပာလိုက္စမ္းပါ, ဒီတစ္ေခါက္ကေရာ ဘာတဲ့လဲ?"
"စုန႔္ယန္ခ်န္းက စုန႔္ယန္ခ်န္းသက္သက္ပဲ။ ဒါေပမဲ့ လင္ယုံနဲ႔ရွင္းယီတို႔ကေတာ့ အျပစ္ကင္းၾကတယ္ေလ။ သူ႔ျပစ္မႈေတြနဲ႔ပတ္သတ္ၿပီး သူတို႔ခမ်ာ ဘာမွမသိရွာပါဘူး။ မင္းမွာ စုန႔္ယန္ခ်န္းနဲ႔ ရန္ၿငိဳးရန္စေတြရွိတယ္ဆိုေပမဲ့ ဒီအေမနဲ႔သမီးကိုေတာ့ ဘာမွမလုပ္ဖို႔ ငါေမွ်ာ္လင့္ပါတယ္"
ဒီျဖစ္ရပ္အၿပီးမွာ ခ်င္က်င္းေကာ္နဲ႔ ခ်န္႐ႊယ္ယန္တို႔က မူလက စုန႔္ရွင္းယီနဲ႔ လင္ယုံကို သူတို႔နဲ႔အတူ ျပည္ပမွာေနထိုင္ဖို႔စီစဥ္ထားခဲ့တယ္။ ႏွေျမာစရာေကာင္းတာက စုန႔္ရွင္းယီက တ႐ုတ္ႏိုင္ငံမွ သူမရဲ႕႐ိုက္ကူးေရးအလုပ္ကိုစြန႔္လႊတ္ရန္ တြန႔္ဆုတ္ေနခဲ့ၿပီး လင္ယုံကလည္း သူမရဲ႕ ေမွ်ာ္လင့္ခ်က္အားလုံးကို စုန႔္ရွင္းယီရဲ႕သ႐ုပ္ေဆာင္အလုပ္အေပၚမွာ ပုံအပ္ထားပုံရတယ္ဆိုတာပါပဲ။ အဲဒါေၾကာင့္ သူတို႔စုံတြဲက ၎အႀကံကိုလက္ေလ်ာ့ရန္ကလြဲၿပီး ေ႐ြးခ်ယ္စရာမရွိေတာ့ေခ်။
ခ်င္က်င္းေကာ္က တခဏမွ် တုံ႔ဆိုင္းေနခဲ့တယ္။ သူ႔အေနနဲ႔ မူလက ခ်င္ေရွာက္အား အေမနဲ႔သမီးအေပၚ အကူအညီအနည္းငယ္ေပးေစခ်င္တာျဖစ္တယ္။ သို႔ေသာ္ ကေလးဘဝကတည္းက သူ(ခ်င္က်င္းေကာ္)အေႂကြးေတြ အမ်ားႀကီးတင္ေနတဲ့ ဒီသားကိုၾကည့္ရင္း ခ်င္က်င္းေကာ္ခမ်ာေတာင္းဆိုဖို႔ သူ႔ပါးစပ္ကိုေတာင္မဖြင့္ဟရဲခဲ့ေခ်။
ခ်င္ေရွာက္က ရယ္လိုက္တယ္။ ေထ့ေငါ့ခ်င္တဲ့အရိပ္အေယာင္တစ္ခု သူ႔မ်က္ဝန္းေတြထဲကေန ျဖတ္ေျပးသြားေတာ့တယ္။ "က်ဳပ္က လင္ယုံနဲ႔ စုန႔္ရွင္းယီကို တကယ္ႀကီး တိုက္ခိုက္ခ်င္တယ္ဆိုရင္ သူတို႔ေတြ ခုခ်ိန္ထိ ဘာအႏၲရာယ္မွမရွိဘဲ အသက္ရွင္ေနၾကဦးမယ္လို႔မ်ား ခင္ဗ်ားထင္ေနတာလား?"
Mr.ခ်င္ကိုယ္တိုင္ကိုက ကေလးရွိတဲ့သူတစ္ေယာက္ျဖစ္တာေၾကာင့္ အေမနဲ႔သမီးကို ပစ္မွတ္ထားရေလာက္တဲ့အထိ သူေအာက္တန္းက်မွာမဟုတ္ဘူး။
ခ်င္ေရွာက္ : "ခင္ဗ်ားတို႔ဘယ္အခ်ိန္ထြက္ဖို႔စီစဥ္ထားလဲ?"
ခ်င္က်င္းေကာ္ : "သိပ္မၾကာေတာ့ပါဘူး။ ဒီကကိစၥေတြက ၿပီးခါနီးေနၿပီေလ။ ငါတို႔ ဒီလကုန္ေလာက္ဆို သြားလို႔ရလိမ့္မယ္လို႔ထင္တယ္"
"သိၿပီ" ထိုစကားကိုေျပာၿပီးတာနဲ႔ Mr.ခ်င္က ထရပ္ၿပီး ထြက္သြားေတာ့တယ္။
-----
ေနာက္ဆုံးေတာ့ ခ်င္က်င္းေကာ္နဲ႔ ခ်န္႐ႊယ္ယန္တို႔ရဲ႕ A ႏိုင္ငံသို႔ထြက္ခြာမယ့္ေန႔သို႔ ေရာက္ရွိလာခဲ့တယ္။ ခ်င္ေရွာက္က လူႀကီးႏွစ္ေယာက္ကိုလိုက္ပါပို႔ေဆာင္ေပးရန္အတြက္ စုေပနဲ႔ စုေရွာင္ေပါင္တို႔ကိုပါ ေခၚလာခဲ့တယ္။
"Goodbye ပါေနာ္, ဘိုးဘိုးနဲ႔ ဘြားဘြား။ အႏၲရာယ္ကင္းတဲ့ခရီးစဥ္ေလးျဖစ္ပါေစေနာ္" စုေပနဲ႔ စုေရွာင္ေပါင္တို႔ ကိုယ္စီႏႈတ္ဆက္စကားေျပာၾကတယ္။ ခဏအၾကာ စုေပက ထပ္ေျပာလိုက္တယ္။ "ဘိုးဘိုးေရာ ဘြားဘြားေရာ ႏွစ္ေယာက္စလုံး ျပည္ပမွာ ကိုယ့္က်န္းမာေရးကိုယ္ ဂ႐ုစိုက္ရမယ္ေနာ္။ တစ္ခုခုျဖစ္ခဲ့ရင္ ေဖေဖ့ကိုဖုန္းဆက္ရမယ္ေနာ္။ ေနာက္ၿပီး ေက်ာင္းပိတ္ရက္မွာ အခ်ိန္ရလို႔ရွိရင္ သမီးတို႔ေတြ ဘိုးဘိုး၊ ဘြားဘြားတို႔ဆီလာလည္မယ္ေနာ္"
စုေပရဲ႕စကားေတြထဲမွာ ကလိမ္ကက်စ္က်မႈေလး အနည္းငယ္ပါေနတယ္။ အမႊာႏွစ္ေယာက္အေပၚ ခ်င္က်င္းေကာ္နဲ႔ ခ်န္႐ႊယ္ယန္တို႔ရဲ႕ခံစားခ်က္ေတြက စုန႔္ရွင္းယီေလာက္ နက္ရႈိင္းမႈမရွိဘူးဆိုေသာ္ျငား စုေပရဲ႕စိတ္ရင္းအမွန္အတိုင္းစိုးရိမ္ပူပန္မႈက သူတို႔ကို ေႏြးေထြးသြားေအာင္လုပ္ေပးေနဆဲျဖစ္တယ္။ အခ်ိန္အေတာ္ၾကာေပ်ာက္ဆုံးေနခဲ့တဲ့အၿပဳံးတစ္ပြင့္က ခ်င္က်င္းေကာ္နဲ႔ ခ်န္႐ႊယ္ယန္တို႔ရဲ႕မ်က္ႏွာေပၚမွာ ေပၚထြက္လာခဲ့ေတာ့တယ္။
"ေကာင္းပါၿပီကြယ္။ A ႏိုင္ငံက အဘိုးတို႔ၿခံက အႀကီးႀကီးပဲေလ။ မင္းတို႔ေတြလာကစားလို႔ရတာေပါ့" ခ်င္က်င္းေကာ္က အမႊာႏွစ္ေယာက္ကို ခ်စ္ခင္ၾကင္နာစြာ ၿပဳံးျပလိုက္တယ္။
ေဘးကေနၾကည့္ေနတဲ့ Mr.ခ်င္လည္း မ်က္ခုံးေတြပင့္မိသြားရတယ္--ကေလးေတြကို ဒီေခၚလာတဲ့ သူ႔ဆုံးျဖတ္ခ်က္က မွန္သြားသားပဲ။
ကနဦးတုန္းက သူ႔မွာ ခ်င္က်င္းေကာ္နဲ႔ ခ်န္႐ႊယ္ယန္တို႔ကို ဘာမွေျပာစရာမရွိတဲ့အတြက္ေၾကာင့္ စုေပနဲ႔ စုေရွာင္ေပါင္တို႔ကို သူေခၚလာခဲ့တာျဖစ္တယ္။ ေနာက္ၿပီး သူတို႔ေလးေတြက တကယ္ႀကီး ေလထုကိုေပါ့ပါးေစၿပီး အေနခက္မႈကိုေလ်ာ့ပါးသြားေအာင္ လုပ္ေပးခဲ့ၾကတယ္။
မထြက္ခြာမီ ခ်င္က်င္းေကာ္နဲ႔ သူ႔ဇနီးတို႔ ေနာက္ဆုံးအႀကိမ္အေနနဲ႔ ေနာက္ျပန္လွည့္ၾကည့္ေနၾကဆဲပဲျဖစ္တယ္။ အဆုံးမွာေတာ့ လင္ယုံနဲ႔ စုန႔္ရွင္းယီတို႔ သူတို႔ကို လုံးဝလာေရာက္မပို႔ေဆာင္ခဲ့ၾကေခ်။
---
ၿပီးသြားၿပီပဲ--လူႀကီးႏွစ္ေယာက္ထြက္ခြာသြားတာကိုၾကည့္ရင္း စုေပ သူမဘာသာ တိတ္တိတ္ေလး ေရ႐ြတ္လိုက္မိတယ္။ အခုခ်ိန္မွာ စုန႔္ယန္ခ်န္းနဲ႔ပတ္သတ္တဲ့ကိစၥဝိစၥေတြက ေနာက္ဆုံးေတာ့ ၿငိမ္သက္သြားခဲ့ၿပီ။ ဝတၳဳထဲမွာလို ဇာတ္လိုက္က Mr.ခ်င္ကိုဖ်က္ဆီးပစ္ႏိုင္မယ့္ အခြင့္အေရးတစ္ခုမွမရွိေတာ့တဲ့အျပင္ သူမနဲ႔ စုေရွာင္ေပါင္တို႔ကလည္း ဒီလိုအလြန္ေၾကကြဲဝမ္းနည္းရတဲ့အဆုံးသတ္မ်ိဳး ႀကဳံစရာအေၾကာင္းမရွိေတာ့ဘူး။
စုေပ ႐ုတ္တရက္ၿပဳံးလိုက္မိတယ္; သူမရဲ႕မ်က္ဝန္းေတြက ေတာက္ပေနေလတယ္။
"သြားၾကစို႔" Mr.ခ်င္က အမႊာႏွစ္ေယာက္ကိုေျပာလိုက္တယ္။
"ဟုတ္"
အျပန္လမ္းမွာ စုေပက Mr.ခ်င္ရဲ႕လက္ကိုကိုင္ထားခဲ့တယ္။ Mr.ခ်င္ရဲ႕ႏွလုံးသားထဲက ေလးလံမႈအနည္းငယ္ကို ခံစားမိတာေၾကာင့္ စုေပက သူမရဲ႕ကိုယ္ပိုင္နည္းလမ္းကိုသုံးၿပီး သူမရဲ႕ဖခင္ျဖစ္သူကို ႏွစ္သိမ့္ေပးလိုက္တယ္။ "ေဖေဖ ဝမ္းနည္းေနစရာမလိုဘူးေနာ္။ ေဖေဖ့မွာ သမီးနဲ႔ ေရွာင္ေပါင္ရွိပါေသးတယ္။ သမီးတို႔က ေဖေဖနဲ႔ အၿမဲတမ္းတူတူရွိေနေပးမွာေပါ့!"
နံေဘး၌ ပုံမွန္အားျဖင့္ အသံတိတ္ေနတတ္တဲ့စုေရွာင္ေပါင္ကပါ သေဘာတူတဲ့အေနနဲ႔ ေခါင္းညိတ္ျပလာတယ္။ "ဟုတ္တယ္။ အေဖ စိတ္ခ်လက္ခ်ေနလို႔ရတယ္။ အေဖအၿငိမ္းစားယူတဲ့အခါက်ရင္ ကြၽန္ေတာ္တို႔ အေဖ့ကို ေသခ်ာေပါက္ ဂ႐ုစိုက္ေပးမယ္"
စုေပ : ...အဲ့စုေရွာင္ေပါင္က တကယ့္ mood killer ေကာင္အစစ္ႀကီးပဲ!
Mr.ခ်င္ : ...သူ ႐ုတ္တရက္ႀကီး အဲ့ငနာေကာင္ေလးကို ထ႐ိုက္ပစ္ခ်င္လာျပန္ၿပီ။
ဇာတ္လိုက္မိသားစုဆီမွ အက်ပ္အတည္းက ေနာက္ဆုံးေတာ့ ေျပလည္သြားခဲ့ၿပီျဖစ္တယ္။ ေက်ာင္းျပန္တက္ၿပီးမၾကာခင္မွာပဲ စုေပႏွင့္ စုေရွာင္ေပါင္တို႔ ေဝ့မင္အလယ္တန္းေက်ာင္း၌ ၎တို႔၏ေနာက္ဆုံးစာေမးပြဲကို ပထမဆုံးအႀကိမ္ ႀကဳံေတြ႕ၾကရေတာ့မွာျဖစ္တယ္။
ၿပီးခဲ့တဲ့ႏွစ္ရက္က တစ္ေက်ာင္းလုံးမွာ လပတ္စာေမးပြဲတုန္းကထက္ပိုဆိုးတဲ့ အစမ္းစာေမးပြဲရဲ႕ ေလးလံတဲ့ေလထုေတြနဲ႔ ျပည့္ႏွက္ေနခဲ့တယ္။ သို႔ေသာ္ တုန႔္ဝိန္ခ်ီက ဒီတစ္ေခါက္မွာေတာ့ မႀကဳံစဖူး တည္ၿငိမ္ေနေလတယ္။ ယခုစာသင္ႏွစ္၌ ေက်ာင္းပါရမီရွင္အုပ္စုတစ္စု၏ 'အကူအညီ' ႏွင့္ အထင္ေသးမႈတို႔ေၾကာင့္ တုန႔္ဝိန္ခ်ီရဲ႕အဆင့္ေတြက မေမွ်ာ္လင့္ဘဲ ခုန္တက္လာခဲ့တယ္။ သူမအေနနဲ႔ ဂုဏ္ထူးေဆာင္စာရင္းဝင္ေအာင္ မလုပ္ႏိုင္ေသးေသာ္ျငား အရွက္ရစရာေနရာျဖစ္တဲ့ 'အျဖဴအမည္းစာရင္း' ကေန ခုန္ထြက္ၿပီး အလယ္တန္းအဆင့္သို႔တက္လွမ္းႏိုင္ခဲ့တယ္။
ေနာက္ဆုံးစာေမးပြဲနဲ႔ႀကဳံရခ်ိန္မွာ တုန႔္ဝိန္ခ်ီက လုံးဝကို အထိတ္တလန႔္ျဖစ္မေနတဲ့အျပင္ ေက်ာင္းပိတ္ရက္အတြင္း အပန္းေျဖခရီးထြက္ရန္ အစီအစဥ္ေတြဆြဲဖို႔အတြက္ စုေပကိုပါ အားရပါးရ ဆြဲေခၚလာခဲ့တယ္။
"စုေပ, B ၿမိဳ႕ရဲ႕ေဆာင္းက အရမ္းေအးတာ, ေနာက္ၿပီး ဒီမွာ ဘာမွေပ်ာ္စရာေကာင္းတာမရွိဘူး။ ၃၀ ရက္ေန႔ၿပီးရင္ ငါတို႔ေတြ H ၿမိဳ႕ ဒါမွမဟုတ္ U ႏိုင္ငံကိုပဲ တိုက္႐ိုက္သြားၾကမယ္ဆိုရင္ေရာ? ေက်ာင္းျပန္မဖြင့္မခ်င္း ငါတို႔ေတြ အပန္းေျဖအနားယူတာပဲျဖစ္ျဖစ္ ဒါမွမဟုတ္ အဲ့မွာေနတာပဲျဖစ္ျဖစ္လုပ္ၿပီး အခ်ိန္နည္းနည္းျဖဳန္းလို႔ရတယ္ေလ။ နင္ဘယ္လိုထင္လဲ?" တုန႔္ဝိန္ခ်ီက သူမရဲ႕အစီအစဥ္အေၾကာင္းကို စိတ္လႈပ္ရွားစြာ ေျပာလာတယ္။
စုေပ : "ငါကေတာ့မေကာင္းဘူးလို႔ထင္တယ္"
တုန႔္ဝိန္ခ်ီ : "ဘာလို႔လဲ? ေက်ာင္းပိတ္ရက္က်ရင္ ဘာမွလုပ္စရာမရွိဘူးေလ"
စုေပ : "အဲ့တာ နင္ေလ။ ငါ့မွာလုပ္စရာေတြမွအမ်ားႀကီးရယ္"
'Red Hacker Challenge' အတြက္ final battle ကို ႏွစ္ကူးအၿပီး တစ္ပတ္အၾကာမွာ စီစဥ္ထားတာျဖစ္တယ္။ စုေပရဲ႕အသင္းက ေကာင္းမြန္စြာ လုပ္ေဆာင္ႏိုင္ခဲ့ၿပီး semi-final မတိုင္ခင္ေတာက္ေလွ်ာက္ ပြဲအားလုံးကို အႏိုင္ရရွိခဲ့တယ္။ Semi-final သို႔ စုစုေပါင္းအသင္းေလးသင္းဝင္ေရာက္ခဲ့ၿပီး ပထမမွစတုတၳအထိ အဆင့္သတ္မွတ္ရန္အတြက္ ၎တို႔အေနနဲ႔ တစ္သင္းခ်င္းစီယွဥ္ၿပိဳင္ၾကရမွာျဖစ္တယ္။ တစ္ဦးခ်င္းယွဥ္ၿပိဳင္မႈတြင္လည္း စုေပက ရက္အနည္းငယ္အတြင္းမွာ စတင္ေတာ့မယ့္ grand final သို႔ေရာက္ရွိလာခဲ့ၿပီျဖစ္တယ္။
ထို႔ျပင္ စုေရွာင္ေပါင္နဲ႔ ရွဲ႕မင္႐ႊမ္းက ၎တို႔ကစားတဲ့အြန္လိုင္းဂိမ္းရဲ႕ ေဒသတြင္းၿပိဳင္ပြဲထဲကေန တုယီမင္နဲ႔ leechers တစ္သိုက္ကို ေအာင္ျမင္စြာဆြဲထုတ္ႏိုင္ခဲ့တယ္။ အဲဒါေၾကာင့္ 'မန္ေနဂ်ာ စုေပ' ကလည္း သူမရဲ႕အလုပ္သစ္ကို စတင္ရေတာ့မွာျဖစ္တယ္။
သို႔ေသာ္ ၎အရာအားလုံးက ႏွစ္ကူးအၿပီးမွာသာ စီစဥ္ထားခဲ့ၾကတာျဖစ္တယ္။ ဒီ့မတိုင္ခင္အခ်ိန္တုန္းကေတာ့ စုေပမွာ သီးသန႔္ဘာအစီအစဥ္မွမရွိတဲ့အျပင္ Mr.ခ်င္မွာ မည္သည့္အစီအစဥ္ရွိ မရွိဆိုတာကို သူမ မသိေသးတာေၾကာင့္ တုန႔္ဝိန္ခ်ီအား အလ်င္စလို ကတိမေပးရဲေသးတာျဖစ္တယ္။
---
Mr.ခ်င့္မွာ အမႊာႏွစ္ေယာက္အတြက္ အစီအစဥ္အခ်ိဳ႕ရွိတယ္။ သူက ယခုအခ်ိန္မွာ သူ႔႐ုံးခန္းထဲမွာျဖစ္ကာ ခ်န္တဲ့အား ၫႊန္ၾကားခ်က္ေတြေပးေနတယ္။ "ဟိုင္ဟြားနဲ႔ ယန္ရွီး Valley project ေတြအတြက္ စစ္ေဆးဖို႔က ႏွစ္သစ္ကူးအားလပ္ရက္မတိုင္ခင္ အၿပီးသတ္ထားသင့္တယ္။ ယြဲ႕ထ်န္း City project က ၂၃ ရက္ေန႔မတိုင္ခင္ စတင္သင့္တယ္။ ေနာက္ၿပီး ႏွစ္မကူးခင္မွာ ႐ုံးခြဲေတြနဲ႔ ကုမၸဏီခြဲေတြကို စစ္ေဆးဖို႔ စီစဥ္စရာရွိတာေတြ စီစဥ္ထားလိုက္ပါ"
"ဟုတ္ကဲ့ပါ, Mr.ခ်င္" ခ်န္တဲ့ေခါင္းညိတ္လိုက္တယ္။ "ဒါေပမဲ့," တခဏမွ်တုံ႔ဆိုင္းေနၿပီးတဲ့ေနာက္ သူမတတ္သာစြာနဲ႔ပဲ ေမးလိုက္မိတယ္။
"ဆရာ, ဒီ schedule က နည္းနည္းေတာ့က်ပ္ေနသလားလို႔?"
ေနာက္ဆုံးေတာ့ သခင္ႀကီးခ်င္တစ္ဦးတည္းသာ A ႏိုင္ငံသို႔ေျပာင္းေ႐ႊ႕သြားခဲ့တယ္။ Mr.ခ်င့္ဆီမွာ ႏွစ္သစ္ကိုက်င္းပခ်င္တဲ့စိတ္မရွိဘူးဆိုတာကို နားလည္ေပးလို႔ရတယ္။ သို႔ေပမဲ့ အဲဒါက ေရွာင္ေပနဲ႔ ေရွာင္ေပါင္တို႔ ဒီမွာရွိတဲ့အခ်ိန္ ပထမဆုံးေက်ာင္းပိတ္ရက္ရွည္လည္းျဖစ္တယ္။ Mr.ခ်င္က ကေလးေတြနဲ႔အေဖာ္လုပ္ေပးဖို႔ အခ်ိန္နည္းနည္းေလးေတာင္ ဖဲ့မေပးခ်င္တာလား?
"မလိုဘူး" Mr.ခ်င္က ခ်န္တဲ့ရဲ႕ဆိုလိုရင္းကို အရွင္းႀကီးျမင္လိုက္တယ္။ သူဆက္ေျပာလိုက္တယ္။ "သူတို႔ရဲ႕ေက်ာင္းပိတ္ရက္က်ရင္ ငါ့ေနာက္သက္သက္လိုက္ၿပီး ကုမၸဏီကိုေလ့လာရမွာ"
တ႐ုတ္ႏွစ္သစ္ကူးၿပီးရင္ အမႊာႏွစ္ေယာက္က အသက္ ၁၅ ႏွစ္ျပည့္သြားလိမ့္မယ္။ ဒါက သူတို႔အတြက္ ဒီကိုလာၿပီး ကုမၸဏီနဲ႔ အကြၽမ္းတဝင္ျဖစ္ေအာင္လုပ္ရမယ့္အခ်ိန္ပဲ။ ၾကည့္ရတာ ရွဲ႕မိသားစုရဲ႕ဟိုေကာင္စုတ္ေလးက ဂ်ဴနီယာအထက္တန္း(အလယ္တန္း)စတက္ကတည္းက မိသားစုစီးပြားေရးမွာ စၿပီးဝင္ပါေနတဲ့ပုံပဲ။ Mr.ခ်င္က သူ႔ကေလးေတြကို ေနာက္ေကာက္မက်ေစခ်င္ဘူး။
"ဒီႏွစ္ရဲ႕ႏွစ္ပတ္လည္ေတြ႕ဆုံပြဲအတြက္ ျပင္ဆင္တာေတြကေရာ ဘယ္လိုေနလဲ?" Mr.ခ်င္က ေမးလိုက္တယ္။
ခ်န္တဲ့ : "ေခ်ာေခ်ာေမြ႕ေမြ႕ပါပဲ, ဆရာ။ ကြၽန္ေတာ္တို႔ မႏွစ္ကအစီအစဥ္အတိုင္းပဲ ျပင္ဆင္ေနပါတယ္"
"ကြၽန္ေတာ္တို႔ မႏွစ္ကဖိတ္ၾကားလႊာစာရင္းထဲကို ေနာက္ထပ္ဧည့္သည္အနည္းငယ္ ထပ္ထည့္လိုက္ပါတယ္" ဥပမာအားျဖင့္ ယခုႏွစ္တြင္ ခ်င္ Group ၏စီးပြားေရးပါတနာျဖစ္လာတဲ့ လင္း Group ပင္။ ခ်န္တဲ့ ထပ္ေျပာလိုက္တယ္။ "ကြၽန္ေတာ္ ဧည့္သည္စာရင္းကို အၿပီးသတ္ေ႐ြးၿပီးသြားတဲ့အခါက်ရင္ ဆရာ့ဆီ အစီရင္ခံစာတင္ပါ့မယ္"
"ရက္စြဲကေရာ, ကြၽန္ေတာ္တို႔ အဲ့တာကို ဘယ္အခ်ိန္ေလာက္ထားလိုက္ရမလဲ?"
"၃ရက္ေန႔" ျပကၡဒိန္ကိုၾကည့္ရင္း Mr.ခ်င္ေျပာလိုက္တယ္။
"ဟုတ္ကဲ့ပါ, ဆရာ။ ကြၽန္ေတာ္ အခု စီစဥ္စရာရွိတာေတြစီစဥ္လိုက္ပါ့မယ္"
ၿပီးေနာက္ ခ်က္ခ်င္းဆိုသလို Mr.ခ်င္က ေနာက္ထပ္ၫႊန္ၾကားခ်က္တစ္ခုကို ထပ္ေျပာလာတယ္။ "ဒီႏွစ္ပြဲအခမ္းအနားအတြက္ စင္ျမင့္တစ္ခုပါထည့္လိုက္"
ခ်န္တဲ့ခမ်ာ အံ့အားသင့္သြားရေတာ့တယ္။ စင္ျမင့္တဲ့လား? Mr.ခ်င္က ပုံမွန္အားျဖင့္ ဒီလိုဟိတ္ဟန္ထုတ္တတ္တဲ့သူမ်ိဳးမဟုတ္ဘူး။ ဒါေပမဲ့ ဒီတစ္ေခါက္မွာ Mr.ခ်င္က စင္ျမင့္တစ္ခုထည့္ဖို႔ကို သီးသန႔္ၫႊန္ၾကားလာခဲ့တယ္။ ေရွာင္ေပနဲ႔ ေရွာင္ေပါင္တို႔ကလြဲၿပီး တစ္ျခားအေၾကာင္းရင္းေတြ ခ်န္တဲ့စဥ္းစားလို႔မရဘူး။
"ဆရာ, ေရွာင္ေပနဲ႔ ေရွာင္ေပါင္ကို ခ်င္ Group ရဲ႕ႏွစ္ပတ္လည္ေတြ႕ဆုံပြဲကို ေပးတက္ဖို႔ စီစဥ္ေနတာလား?"...ေနာက္ၿပီး သူတို႔ေလးေတြရဲ႕ identity ကို ဧည့္သည္ေတြဆီ တရားဝင္မိတ္ဆက္ေပးမလို႔လား?
"Mm"
"ဟုတ္ကဲ့ပါ, ဆရာ။ ကြၽန္ေတာ္ အဲ့တာကိုျပင္ဆင္ထားလိုက္ပါ့မယ္" ခ်န္တဲ့က ျပန္ေျဖတယ္။ စိတ္ထဲမွာ သူေတြးေနတာက : ေရွာင္ေပါင္နဲ႔ ေရွာင္ေပတို႔က ႏွစ္ပတ္လည္ေတြ႕ဆုံပြဲကို တက္ရေတာ့မယ္ဆိုေတာ့ ဒီႏွစ္အခမ္းအနားက အရမ္းကိုအေရးႀကီးသြားၿပီ။ သူအေကာင္းဆုံးျပင္ဆင္ေပးမွရမယ္။
---
ခ်န္တဲ့တစ္ေယာက္ Mr.ခ်င္ရဲ႕ရည္႐ြယ္ခ်က္ကို ဦးေလးဖုထံ သတင္းေပးလို႔အၿပီးမွာေတာ့ အိမ္ေတာ္ထိန္းအိုႀကီးက ထပ္တူစိတ္လႈပ္ရွားသြားခဲ့တယ္။ အေသးစားစီးပြားေရးလုပ္ငန္းေတြနဲ႔ ကုမၸဏီငယ္ေလးေတြကက်င္းပတဲ့ ႏွစ္စဥ္ေတြ႕ဆုံပြဲနဲ႔ ပြဲအခမ္းအနားေတြနဲ႔မတူဘဲ ခ်င္ Group ရဲ႕ႏွစ္ပတ္လည္ေတြ႕ဆုံပြဲက အလြန္တရာႀကီးက်ယ္ခမ္းနားၿပီး စီးပြားေရးအသိုင္းအဝိုင္းတစ္ခုလုံးအတြက္ အထူးပင္အေရးပါလွတယ္။
Mr.ခ်င္က ကေလးေတြကို တရားဝင္ထုတ္ျပေတာ့မယ္ဆိုေတာ့ သူတို႔အေနနဲ႔ ေသခ်ာေလး ျပင္ဆင္ေပးထားရမယ္။ ဦးေလးဖုက အလြန္ေပ်ာ္႐ႊင္ေနတယ္။ အဲ့ဒီေန႔မွာ သူတို႔ဝတ္မယ့္အဝတ္အစားေတြကို သူျပင္ဆင္ေပးထားသင့္တယ္။ ပြဲမွာ ကခုန္တာေတြလည္းပါမွာဆိုေတာ့။ ေရွာင္ေပနဲ႔ ေရွာင္ေပါင္တို႔ကို သင္ၾကားေပးဖို႔ အထူးစပယ္ရွယ္သင္ၾကားပို႔ခ်မႈတစ္ခုေလာက္ သူငွားရမ္းေပးသင့္လား?
13.8.2021
Friday
___________________________________
MWFV Ch 77
Annual Gathering
Unicode Version
ကျင်းရှီဥယျာဉ်၏ စာကြည့်ခန်းအတွင်း၌။ ချင်ကျင်းကော်နှင့် ချင်ရှောက်တို့ မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ ဒီတစ်ခေါက် ချင်ကျင်းကော်က ချင်ရှောက်ကို ဘာကြောင့်ခေါ်ရတယ်ဆိုတဲ့အကြောင်းပြချက်က သဘာဝကျစွာပဲ စုန့်ယန်ချန်းကြောင့်ဖြစ်တယ်။ ချင်ကျင်းကော်က နေသိပ်မကောင်းတဲ့ပုံပေါက်နေပြီး မျက်တွင်းနည်းနည်းကျနေတယ်။ သို့ပေမဲ့ ပင်ပန်းဆင်းရဲရတဲ့အချိန်တွေက နောက်ဆုံးတော့ ပြီးဆုံးသွားလိမ့်မယ်။ အနည်းဆုံးတော့ စုန့်ယန်ချန်းရဲ့ကိစ္စတွေ အဆုံးသတ်သွားပြီဆိုရင် သူ့သားအရင်းနဲ့ မယားပါသားကြားက ပဋိပက္ခကြောင့် သူထပ်ပြီးစိတ်ဖိစီးနေစရာမလိုတော့ဘူးပေါ့။
သူတို့နှစ်ယောက် ခဏလောက် တိတ်ဆိတ်နေခဲ့ကြတယ်။ နောက်ဆုံးတော့ ချင်ကျင်းကော်က အရင်စပြောလာတယ်။ "စုန့်ယန်ချန်းရဲ့ကိစ္စက သူကိုယ်တိုင်လုပ်တာပဲ, ဒီတော့ သူများတွေကို သူအပြစ်တင်လို့မရဘူး။ မင်းအမှားမလုပ်ထားဘူး"
"တစ်ခုပဲ," ခဏရပ်လိုက်ပြီး ချင်ကျင်းကော်က ဆက်ပြောတယ်။ "နောက်ဆုံးကျတော့ စုန့်ယန်ချန်းက မင့်အန်တီချန်ရဲ့သားပဲလေ။ စုန့် Group ကလည်း ကျီဟွား International နဲ့အများကြီးချိတ်ဆက်နေတာဆိုတော့။ ကျီဟွားရဲ့ပိုင်ဆိုင်မှုတွေကိုသုံးပြီး စုန့် Group ရဲ့အကြွေးတွေကိုဆပ်ဖို့ ငါစီစဉ်ထားတယ်..."
ချင်ကျင်းကော်ရဲ့စကားတွေက ချင်ရှောက်ရဲ့မျက်နှာကို မည်းမှောင်သွားစေတယ်။ သူနှာမှုတ်လိုက်တယ်။ "ကျီဟွား International က အစတည်းက ခင်ဗျားနဲ့ အန်တီချန်ရဲ့ကုမ္ပဏီပဲလေ။ အဲ့တာကို ဘယ်လိုသုံးမယ်ဆိုတာက ခင်ဗျားရဲ့လွတ်လပ်ခွင့်ပဲ, ကျွန်တော်နဲ့ဘာမှမဆိုင်ဘူး"
"မင်း ငါ့လိုအဖေတစ်ယောက်ကို နာကျည်းနေတယ်ဆိုတာငါသိတယ်, ဒါပေမဲ့ မင်း ငါ့ခံစားချက်တွေကို နားလည်ပေးနိုင်လိမ့်မယ်လို့ ငါမျှော်လင့်နေတုန်းပဲ" ချင်ကျင်းကော် သက်ပြင်းချလိုက်ပြန်တယ်။ "မင်းအန်တီချန်က ဒီအဖြစ်အပျက်ကြောင့် တော်တော်လေးကိုတုန်လှုပ်သွားပြီးတော့ သူ့ခန္ဓာကိုယ်မှာလည်း ရုပ်ပိုင်းဆိုင်ရာပြဿနာတွေ အများကြီးရှိလာတယ်။ ဒီမှာ အကြွေးတွေကိုဖြေရှင်းပြီးသွားတဲ့အခါကျရင် ငါတို့တွေ A နိုင်ငံကိုပြောင်းဖို့စီစဉ်ထားတယ်"
ချန်ရွှယ်ယန်က စုန့်ယန်ချန်းရဲ့အဖြစ်အပျက်က သူ့အပြစ်လုံးလုံးဖြစ်တယ်ဆိုတာကို နားလည်တယ်။ သို့သည့်တိုင် သူက သူမရဲ့သားဖြစ်တယ်။ ကိုယ့်သားအရင်းထောင်ထဲရောက်နေတာကိုမြင်နေရတဲ့ ဘယ်မိခင်မဆို ဒီထိတ်လန့်တုန်လှုပ်မှုကို နားလည်လက်ခံဖို့ ဘယ်လွယ်ပါ့မလဲ။ သူတို့ဇနီးမောင်နှံမှာ မြို့ကြီးပြကြီးရဲ့ ပျားပန်းခပ်ဆူညံရှုပ်ထွေးမှုတွေရဲ့အဝေး A နိုင်ငံထဲမှာ မြေကွက်တစ်ခုရှိတယ်။ ချင်ကျင်းကော်က သူ့ဇနီးကို အားပြန်ပြည့်စေဖို့အတွက် ထိုနေရာသို့ခေါ်သွားရန် ရည်ရွယ်ထားခဲ့တာဖြစ်တယ်။
"စုန့် Group ရဲ့အကြွေးတွေကိုဖြေရှင်းပြီးသွားရင် ကျီဟွား International ရဲ့အခြေခံအုတ်မြစ်က အကြီးအကျယ် ပျက်စီးသွားလိမ့်မယ်။ မင်းဆန္ဒရှိတယ်ဆိုရင် အဲ့တာကိုကိုင်တွယ်ဖို့ ငါမင်းကိုလက်လွှဲပေးမယ်။ ဒါပေမဲ့ မင်းမလုပ်ချင်ဘူးဆိုရင် အဲ့တာကိုကိုင်တွယ်ဖို့ ပရော်ဖက်ရှင်နယ်စီမံခန့်ခွဲမှုအဖွဲ့ကို ငါတို့ရှာရလိမ့်မယ်"
ချင်ကျင်းကော်ရဲ့စကားတွေကိုနားထောင်ပြီးတဲ့နောက် ချင်ရှောက်ခမျာ အချိန်အတော်ကြာတဲ့အထိ စကားမပြောခဲ့ဘူး။ ချင်ကျင်းကော်ကတော့ သူ့သားရဲ့အေးတိအေးစက်မျက်နှာအောက်က ခံစားချက်တွေကိုတောင် မရိပ်မိခဲ့ချေ။
ချင်ကျင်းကော် : "နောက်ပြီး, ငါ့ရဲ့နောက်ဆုံးတောင်းဆိုချက်ကို ကျေးဇူးပြုပြီးနားထောင်ပေးပါ"
ချင်ရှောက် : "ကျွန်တော်ငယ်ငယ်တုန်းက ဒီအိမ်မှာနေတဲ့အချိန် ခင်ဗျား ကျွန်တော့်ကို တောင်းဆိုမှုတွေ ဘယ်နှစ်ခါတောင်မှ တောင်းလိုက်သလဲ? ပြောသာပြောလိုက်စမ်းပါ, ဒီတစ်ခေါက်ကရော ဘာတဲ့လဲ?"
"စုန့်ယန်ချန်းက စုန့်ယန်ချန်းသက်သက်ပဲ။ ဒါပေမဲ့ လင်ယုံနဲ့ရှင်းယီတို့ကတော့ အပြစ်ကင်းကြတယ်လေ။ သူ့ပြစ်မှုတွေနဲ့ပတ်သတ်ပြီး သူတို့ခမျာ ဘာမှမသိရှာပါဘူး။ မင်းမှာ စုန့်ယန်ချန်းနဲ့ ရန်ငြိုးရန်စတွေရှိတယ်ဆိုပေမဲ့ ဒီအမေနဲ့သမီးကိုတော့ ဘာမှမလုပ်ဖို့ ငါမျှော်လင့်ပါတယ်"
ဒီဖြစ်ရပ်အပြီးမှာ ချင်ကျင်းကော်နဲ့ ချန်ရွှယ်ယန်တို့က မူလက စုန့်ရှင်းယီနဲ့ လင်ယုံကို သူတို့နဲ့အတူ ပြည်ပမှာနေထိုင်ဖို့စီစဉ်ထားခဲ့တယ်။ နှမြောစရာကောင်းတာက စုန့်ရှင်းယီက တရုတ်နိုင်ငံမှ သူမရဲ့ရိုက်ကူးရေးအလုပ်ကိုစွန့်လွှတ်ရန် တွန့်ဆုတ်နေခဲ့ပြီး လင်ယုံကလည်း သူမရဲ့ မျှော်လင့်ချက်အားလုံးကို စုန့်ရှင်းယီရဲ့သရုပ်ဆောင်အလုပ်အပေါ်မှာ ပုံအပ်ထားပုံရတယ်ဆိုတာပါပဲ။ အဲဒါကြောင့် သူတို့စုံတွဲက ၎င်းအကြံကိုလက်လျော့ရန်ကလွဲပြီး ရွေးချယ်စရာမရှိတော့ချေ။
ချင်ကျင်းကော်က တခဏမျှ တုံ့ဆိုင်းနေခဲ့တယ်။ သူ့အနေနဲ့ မူလက ချင်ရှောက်အား အမေနဲ့သမီးအပေါ် အကူအညီအနည်းငယ်ပေးစေချင်တာဖြစ်တယ်။ သို့သော် ကလေးဘဝကတည်းက သူ(ချင်ကျင်းကော်)အကြွေးတွေ အများကြီးတင်နေတဲ့ ဒီသားကိုကြည့်ရင်း ချင်ကျင်းကော်ခမျာတောင်းဆိုဖို့ သူ့ပါးစပ်ကိုတောင်မဖွင့်ဟရဲခဲ့ချေ။
ချင်ရှောက်က ရယ်လိုက်တယ်။ ထေ့ငေါ့ချင်တဲ့အရိပ်အယောင်တစ်ခု သူ့မျက်ဝန်းတွေထဲကနေ ဖြတ်ပြေးသွားတော့တယ်။ "ကျုပ်က လင်ယုံနဲ့ စုန့်ရှင်းယီကို တကယ်ကြီး တိုက်ခိုက်ချင်တယ်ဆိုရင် သူတို့တွေ ခုချိန်ထိ ဘာအန္တရာယ်မှမရှိဘဲ အသက်ရှင်နေကြဦးမယ်လို့များ ခင်ဗျားထင်နေတာလား?"
Mr.ချင်ကိုယ်တိုင်ကိုက ကလေးရှိတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အမေနဲ့သမီးကို ပစ်မှတ်ထားရလောက်တဲ့အထိ သူအောက်တန်းကျမှာမဟုတ်ဘူး။
ချင်ရှောက် : "ခင်ဗျားတို့ဘယ်အချိန်ထွက်ဖို့စီစဥ်ထားလဲ?"
ချင်ကျင်းကော် : "သိပ်မကြာတော့ပါဘူး။ ဒီကကိစ္စတွေက ပြီးခါနီးနေပြီလေ။ ငါတို့ ဒီလကုန်လောက်ဆို သွားလို့ရလိမ့်မယ်လို့ထင်တယ်"
"သိပြီ" ထိုစကားကိုပြောပြီးတာနဲ့ Mr.ချင်က ထရပ်ပြီး ထွက်သွားတော့တယ်။
-----
နောက်ဆုံးတော့ ချင်ကျင်းကော်နဲ့ ချန်ရွှယ်ယန်တို့ရဲ့ A နိုင်ငံသို့ထွက်ခွာမယ့်နေ့သို့ ရောက်ရှိလာခဲ့တယ်။ ချင်ရှောက်က လူကြီးနှစ်ယောက်ကိုလိုက်ပါပို့ဆောင်ပေးရန်အတွက် စုပေနဲ့ စုရှောင်ပေါင်တို့ကိုပါ ခေါ်လာခဲ့တယ်။
"Goodbye ပါနော်, ဘိုးဘိုးနဲ့ ဘွားဘွား။ အန္တရာယ်ကင်းတဲ့ခရီးစဥ်လေးဖြစ်ပါစေနော်" စုပေနဲ့ စုရှောင်ပေါင်တို့ ကိုယ်စီနှုတ်ဆက်စကားပြောကြတယ်။ ခဏအကြာ စုပေက ထပ်ပြောလိုက်တယ်။ "ဘိုးဘိုးရော ဘွားဘွားရော နှစ်ယောက်စလုံး ပြည်ပမှာ ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ရမယ်နော်။ တစ်ခုခုဖြစ်ခဲ့ရင် ဖေဖေ့ကိုဖုန်းဆက်ရမယ်နော်။ နောက်ပြီး ကျောင်းပိတ်ရက်မှာ အချိန်ရလို့ရှိရင် သမီးတို့တွေ ဘိုးဘိုး၊ ဘွားဘွားတို့ဆီလာလည်မယ်နော်"
စုပေရဲ့စကားတွေထဲမှာ ကလိမ်ကကျစ်ကျမှုလေး အနည်းငယ်ပါနေတယ်။ အမွှာနှစ်ယောက်အပေါ် ချင်ကျင်းကော်နဲ့ ချန်ရွှယ်ယန်တို့ရဲ့ခံစားချက်တွေက စုန့်ရှင်းယီလောက် နက်ရှိုင်းမှုမရှိဘူးဆိုသော်ငြား စုပေရဲ့စိတ်ရင်းအမှန်အတိုင်းစိုးရိမ်ပူပန်မှုက သူတို့ကို နွေးထွေးသွားအောင်လုပ်ပေးနေဆဲဖြစ်တယ်။ အချိန်အတော်ကြာပျောက်ဆုံးနေခဲ့တဲ့အပြုံးတစ်ပွင့်က ချင်ကျင်းကော်နဲ့ ချန်ရွှယ်ယန်တို့ရဲ့မျက်နှာပေါ်မှာ ပေါ်ထွက်လာခဲ့တော့တယ်။
"ကောင်းပါပြီကွယ်။ A နိုင်ငံက အဘိုးတို့ခြံက အကြီးကြီးပဲလေ။ မင်းတို့တွေလာကစားလို့ရတာပေါ့" ချင်ကျင်းကော်က အမွှာနှစ်ယောက်ကို ချစ်ခင်ကြင်နာစွာ ပြုံးပြလိုက်တယ်။
ဘေးကနေကြည့်နေတဲ့ Mr.ချင်လည်း မျက်ခုံးတွေပင့်မိသွားရတယ်--ကလေးတွေကို ဒီခေါ်လာတဲ့ သူ့ဆုံးဖြတ်ချက်က မှန်သွားသားပဲ။
ကနဦးတုန်းက သူ့မှာ ချင်ကျင်းကော်နဲ့ ချန်ရွှယ်ယန်တို့ကို ဘာမှပြောစရာမရှိတဲ့အတွက်ကြောင့် စုပေနဲ့ စုရှောင်ပေါင်တို့ကို သူခေါ်လာခဲ့တာဖြစ်တယ်။ နောက်ပြီး သူတို့လေးတွေက တကယ်ကြီး လေထုကိုပေါ့ပါးစေပြီး အနေခက်မှုကိုလျော့ပါးသွားအောင် လုပ်ပေးခဲ့ကြတယ်။
မထွက်ခွာမီ ချင်ကျင်းကော်နဲ့ သူ့ဇနီးတို့ နောက်ဆုံးအကြိမ်အနေနဲ့ နောက်ပြန်လှည့်ကြည့်နေကြဆဲပဲဖြစ်တယ်။ အဆုံးမှာတော့ လင်ယုံနဲ့ စုန့်ရှင်းယီတို့ သူတို့ကို လုံးဝလာရောက်မပို့ဆောင်ခဲ့ကြချေ။
---
ပြီးသွားပြီပဲ--လူကြီးနှစ်ယောက်ထွက်ခွာသွားတာကိုကြည့်ရင်း စုပေ သူမဘာသာ တိတ်တိတ်လေး ရေရွတ်လိုက်မိတယ်။ အခုချိန်မှာ စုန့်ယန်ချန်းနဲ့ပတ်သတ်တဲ့ကိစ္စဝိစ္စတွေက နောက်ဆုံးတော့ ငြိမ်သက်သွားခဲ့ပြီ။ ဝတ္ထုထဲမှာလို ဇာတ်လိုက်က Mr.ချင်ကိုဖျက်ဆီးပစ်နိုင်မယ့် အခွင့်အရေးတစ်ခုမှမရှိတော့တဲ့အပြင် သူမနဲ့ စုရှောင်ပေါင်တို့ကလည်း ဒီလိုအလွန်ကြေကွဲဝမ်းနည်းရတဲ့အဆုံးသတ်မျိုး ကြုံစရာအကြောင်းမရှိတော့ဘူး။
စုပေ ရုတ်တရက်ပြုံးလိုက်မိတယ်; သူမရဲ့မျက်ဝန်းတွေက တောက်ပနေလေတယ်။
"သွားကြစို့" Mr.ချင်က အမွှာနှစ်ယောက်ကိုပြောလိုက်တယ်။
"ဟုတ်"
အပြန်လမ်းမှာ စုပေက Mr.ချင်ရဲ့လက်ကိုကိုင်ထားခဲ့တယ်။ Mr.ချင်ရဲ့နှလုံးသားထဲက လေးလံမှုအနည်းငယ်ကို ခံစားမိတာကြောင့် စုပေက သူမရဲ့ကိုယ်ပိုင်နည်းလမ်းကိုသုံးပြီး သူမရဲ့ဖခင်ဖြစ်သူကို နှစ်သိမ့်ပေးလိုက်တယ်။ "ဖေဖေ ဝမ်းနည်းနေစရာမလိုဘူးနော်။ ဖေဖေ့မှာ သမီးနဲ့ ရှောင်ပေါင်ရှိပါသေးတယ်။ သမီးတို့က ဖေဖေနဲ့ အမြဲတမ်းတူတူရှိနေပေးမှာပေါ့!"
နံဘေး၌ ပုံမှန်အားဖြင့် အသံတိတ်နေတတ်တဲ့စုရှောင်ပေါင်ကပါ သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ပြလာတယ်။ "ဟုတ်တယ်။ အဖေ စိတ်ချလက်ချနေလို့ရတယ်။ အဖေအငြိမ်းစားယူတဲ့အခါကျရင် ကျွန်တော်တို့ အဖေ့ကို သေချာပေါက် ဂရုစိုက်ပေးမယ်"
စုပေ : ...အဲ့စုရှောင်ပေါင်က တကယ့် mood killer ကောင်အစစ်ကြီးပဲ!
Mr.ချင် : ...သူ ရုတ်တရက်ကြီး အဲ့ငနာကောင်လေးကို ထရိုက်ပစ်ချင်လာပြန်ပြီ။
ဇာတ်လိုက်မိသားစုဆီမှ အကျပ်အတည်းက နောက်ဆုံးတော့ ပြေလည်သွားခဲ့ပြီဖြစ်တယ်။ ကျောင်းပြန်တက်ပြီးမကြာခင်မှာပဲ စုပေနှင့် စုရှောင်ပေါင်တို့ ဝေ့မင်အလယ်တန်းကျောင်း၌ ၎င်းတို့၏နောက်ဆုံးစာမေးပွဲကို ပထမဆုံးအကြိမ် ကြုံတွေ့ကြရတော့မှာဖြစ်တယ်။
ပြီးခဲ့တဲ့နှစ်ရက်က တစ်ကျောင်းလုံးမှာ လပတ်စာမေးပွဲတုန်းကထက်ပိုဆိုးတဲ့ အစမ်းစာမေးပွဲရဲ့ လေးလံတဲ့လေထုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ သို့သော် တုန့်ဝိန်ချီက ဒီတစ်ခေါက်မှာတော့ မကြုံစဖူး တည်ငြိမ်နေလေတယ်။ ယခုစာသင်နှစ်၌ ကျောင်းပါရမီရှင်အုပ်စုတစ်စု၏ 'အကူအညီ' နှင့် အထင်သေးမှုတို့ကြောင့် တုန့်ဝိန်ချီရဲ့အဆင့်တွေက မမျှော်လင့်ဘဲ ခုန်တက်လာခဲ့တယ်။ သူမအနေနဲ့ ဂုဏ်ထူးဆောင်စာရင်းဝင်အောင် မလုပ်နိုင်သေးသော်ငြား အရှက်ရစရာနေရာဖြစ်တဲ့ 'အဖြူအမည်းစာရင်း' ကနေ ခုန်ထွက်ပြီး အလယ်တန်းအဆင့်သို့တက်လှမ်းနိုင်ခဲ့တယ်။
နောက်ဆုံးစာမေးပွဲနဲ့ကြုံရချိန်မှာ တုန့်ဝိန်ချီက လုံးဝကို အထိတ်တလန့်ဖြစ်မနေတဲ့အပြင် ကျောင်းပိတ်ရက်အတွင်း အပန်းဖြေခရီးထွက်ရန် အစီအစဉ်တွေဆွဲဖို့အတွက် စုပေကိုပါ အားရပါးရ ဆွဲခေါ်လာခဲ့တယ်။
"စုပေ, B မြို့ရဲ့ဆောင်းက အရမ်းအေးတာ, နောက်ပြီး ဒီမှာ ဘာမှပျော်စရာကောင်းတာမရှိဘူး။ ၃၀ ရက်နေ့ပြီးရင် ငါတို့တွေ H မြို့ ဒါမှမဟုတ် U နိုင်ငံကိုပဲ တိုက်ရိုက်သွားကြမယ်ဆိုရင်ရော? ကျောင်းပြန်မဖွင့်မချင်း ငါတို့တွေ အပန်းဖြေအနားယူတာပဲဖြစ်ဖြစ် ဒါမှမဟုတ် အဲ့မှာနေတာပဲဖြစ်ဖြစ်လုပ်ပြီး အချိန်နည်းနည်းဖြုန်းလို့ရတယ်လေ။ နင်ဘယ်လိုထင်လဲ?" တုန့်ဝိန်ချီက သူမရဲ့အစီအစဉ်အကြောင်းကို စိတ်လှုပ်ရှားစွာ ပြောလာတယ်။
စုပေ : "ငါကတော့မကောင်းဘူးလို့ထင်တယ်"
တုန့်ဝိန်ချီ : "ဘာလို့လဲ? ကျောင်းပိတ်ရက်ကျရင် ဘာမှလုပ်စရာမရှိဘူးလေ"
စုပေ : "အဲ့တာ နင်လေ။ ငါ့မှာလုပ်စရာတွေမှအများကြီးရယ်"
'Red Hacker Challenge' အတွက် final battle ကို နှစ်ကူးအပြီး တစ်ပတ်အကြာမှာ စီစဉ်ထားတာဖြစ်တယ်။ စုပေရဲ့အသင်းက ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး semi-final မတိုင်ခင်တောက်လျှောက် ပွဲအားလုံးကို အနိုင်ရရှိခဲ့တယ်။ Semi-final သို့ စုစုပေါင်းအသင်းလေးသင်းဝင်ရောက်ခဲ့ပြီး ပထမမှစတုတ္ထအထိ အဆင့်သတ်မှတ်ရန်အတွက် ၎င်းတို့အနေနဲ့ တစ်သင်းချင်းစီယှဉ်ပြိုင်ကြရမှာဖြစ်တယ်။ တစ်ဦးချင်းယှဉ်ပြိုင်မှုတွင်လည်း စုပေက ရက်အနည်းငယ်အတွင်းမှာ စတင်တော့မယ့် grand final သို့ရောက်ရှိလာခဲ့ပြီဖြစ်တယ်။
ထို့ပြင် စုရှောင်ပေါင်နဲ့ ရှဲ့မင်ရွှမ်းက ၎င်းတို့ကစားတဲ့အွန်လိုင်းဂိမ်းရဲ့ ဒေသတွင်းပြိုင်ပွဲထဲကနေ တုယီမင်နဲ့ leechers တစ်သိုက်ကို အောင်မြင်စွာဆွဲထုတ်နိုင်ခဲ့တယ်။ အဲဒါကြောင့် 'မန်နေဂျာ စုပေ' ကလည်း သူမရဲ့အလုပ်သစ်ကို စတင်ရတော့မှာဖြစ်တယ်။
သို့သော် ၎င်းအရာအားလုံးက နှစ်ကူးအပြီးမှာသာ စီစဉ်ထားခဲ့ကြတာဖြစ်တယ်။ ဒီ့မတိုင်ခင်အချိန်တုန်းကတော့ စုပေမှာ သီးသန့်ဘာအစီအစဉ်မှမရှိတဲ့အပြင် Mr.ချင်မှာ မည်သည့်အစီအစဉ်ရှိ မရှိဆိုတာကို သူမ မသိသေးတာကြောင့် တုန့်ဝိန်ချီအား အလျင်စလို ကတိမပေးရဲသေးတာဖြစ်တယ်။
---
Mr.ချင့်မှာ အမွှာနှစ်ယောက်အတွက် အစီအစဉ်အချို့ရှိတယ်။ သူက ယခုအချိန်မှာ သူ့ရုံးခန်းထဲမှာဖြစ်ကာ ချန်တဲ့အား ညွှန်ကြားချက်တွေပေးနေတယ်။ "ဟိုင်ဟွားနဲ့ ယန်ရှီး Valley project တွေအတွက် စစ်ဆေးဖို့က နှစ်သစ်ကူးအားလပ်ရက်မတိုင်ခင် အပြီးသတ်ထားသင့်တယ်။ ယွဲ့ထျန်း City project က ၂၃ ရက်နေ့မတိုင်ခင် စတင်သင့်တယ်။ နောက်ပြီး နှစ်မကူးခင်မှာ ရုံးခွဲတွေနဲ့ ကုမ္ပဏီခွဲတွေကို စစ်ဆေးဖို့ စီစဉ်စရာရှိတာတွေ စီစဉ်ထားလိုက်ပါ"
"ဟုတ်ကဲ့ပါ, Mr.ချင်" ချန်တဲ့ခေါင်းညိတ်လိုက်တယ်။ "ဒါပေမဲ့," တခဏမျှတုံ့ဆိုင်းနေပြီးတဲ့နောက် သူမတတ်သာစွာနဲ့ပဲ မေးလိုက်မိတယ်။
"ဆရာ, ဒီ schedule က နည်းနည်းတော့ကျပ်နေသလားလို့?"
နောက်ဆုံးတော့ သခင်ကြီးချင်တစ်ဦးတည်းသာ A နိုင်ငံသို့ပြောင်းရွှေ့သွားခဲ့တယ်။ Mr.ချင့်ဆီမှာ နှစ်သစ်ကိုကျင်းပချင်တဲ့စိတ်မရှိဘူးဆိုတာကို နားလည်ပေးလို့ရတယ်။ သို့ပေမဲ့ အဲဒါက ရှောင်ပေနဲ့ ရှောင်ပေါင်တို့ ဒီမှာရှိတဲ့အချိန် ပထမဆုံးကျောင်းပိတ်ရက်ရှည်လည်းဖြစ်တယ်။ Mr.ချင်က ကလေးတွေနဲ့အဖော်လုပ်ပေးဖို့ အချိန်နည်းနည်းလေးတောင် ဖဲ့မပေးချင်တာလား?
"မလိုဘူး" Mr.ချင်က ချန်တဲ့ရဲ့ဆိုလိုရင်းကို အရှင်းကြီးမြင်လိုက်တယ်။ သူဆက်ပြောလိုက်တယ်။ "သူတို့ရဲ့ကျောင်းပိတ်ရက်ကျရင် ငါ့နောက်သက်သက်လိုက်ပြီး ကုမ္ပဏီကိုလေ့လာရမှာ"
တရုတ်နှစ်သစ်ကူးပြီးရင် အမွှာနှစ်ယောက်က အသက် ၁၅ နှစ်ပြည့်သွားလိမ့်မယ်။ ဒါက သူတို့အတွက် ဒီကိုလာပြီး ကုမ္ပဏီနဲ့ အကျွမ်းတဝင်ဖြစ်အောင်လုပ်ရမယ့်အချိန်ပဲ။ ကြည့်ရတာ ရှဲ့မိသားစုရဲ့ဟိုကောင်စုတ်လေးက ဂျူနီယာအထက်တန်း(အလယ်တန်း)စတက်ကတည်းက မိသားစုစီးပွားရေးမှာ စပြီးဝင်ပါနေတဲ့ပုံပဲ။ Mr.ချင်က သူ့ကလေးတွေကို နောက်ကောက်မကျစေချင်ဘူး။
"ဒီနှစ်ရဲ့နှစ်ပတ်လည်တွေ့ဆုံပွဲအတွက် ပြင်ဆင်တာတွေကရော ဘယ်လိုနေလဲ?" Mr.ချင်က မေးလိုက်တယ်။
ချန်တဲ့ : "ချောချောမွေ့မွေ့ပါပဲ, ဆရာ။ ကျွန်တော်တို့ မနှစ်ကအစီအစဉ်အတိုင်းပဲ ပြင်ဆင်နေပါတယ်"
"ကျွန်တော်တို့ မနှစ်ကဖိတ်ကြားလွှာစာရင်းထဲကို နောက်ထပ်ဧည့်သည်အနည်းငယ် ထပ်ထည့်လိုက်ပါတယ်" ဥပမာအားဖြင့် ယခုနှစ်တွင် ချင် Group ၏စီးပွားရေးပါတနာဖြစ်လာတဲ့ လင်း Group ပင်။ ချန်တဲ့ ထပ်ပြောလိုက်တယ်။ "ကျွန်တော် ဧည့်သည်စာရင်းကို အပြီးသတ်ရွေးပြီးသွားတဲ့အခါကျရင် ဆရာ့ဆီ အစီရင်ခံစာတင်ပါ့မယ်"
"ရက်စွဲကရော, ကျွန်တော်တို့ အဲ့တာကို ဘယ်အချိန်လောက်ထားလိုက်ရမလဲ?"
"၃ရက်နေ့" ပြက္ခဒိန်ကိုကြည့်ရင်း Mr.ချင်ပြောလိုက်တယ်။
"ဟုတ်ကဲ့ပါ, ဆရာ။ ကျွန်တော် အခု စီစဉ်စရာရှိတာတွေစီစဥ်လိုက်ပါ့မယ်"
ပြီးနောက် ချက်ချင်းဆိုသလို Mr.ချင်က နောက်ထပ်ညွှန်ကြားချက်တစ်ခုကို ထပ်ပြောလာတယ်။ "ဒီနှစ်ပွဲအခမ်းအနားအတွက် စင်မြင့်တစ်ခုပါထည့်လိုက်"
ချန်တဲ့ခမျာ အံ့အားသင့်သွားရတော့တယ်။ စင်မြင့်တဲ့လား? Mr.ချင်က ပုံမှန်အားဖြင့် ဒီလိုဟိတ်ဟန်ထုတ်တတ်တဲ့သူမျိုးမဟုတ်ဘူး။ ဒါပေမဲ့ ဒီတစ်ခေါက်မှာ Mr.ချင်က စင်မြင့်တစ်ခုထည့်ဖို့ကို သီးသန့်ညွှန်ကြားလာခဲ့တယ်။ ရှောင်ပေနဲ့ ရှောင်ပေါင်တို့ကလွဲပြီး တစ်ခြားအကြောင်းရင်းတွေ ချန်တဲ့စဉ်းစားလို့မရဘူး။
"ဆရာ, ရှောင်ပေနဲ့ ရှောင်ပေါင်ကို ချင် Group ရဲ့နှစ်ပတ်လည်တွေ့ဆုံပွဲကို ပေးတက်ဖို့ စီစဉ်နေတာလား?"...နောက်ပြီး သူတို့လေးတွေရဲ့ identity ကို ဧည့်သည်တွေဆီ တရားဝင်မိတ်ဆက်ပေးမလို့လား?
"Mm"
"ဟုတ်ကဲ့ပါ, ဆရာ။ ကျွန်တော် အဲ့တာကိုပြင်ဆင်ထားလိုက်ပါ့မယ်" ချန်တဲ့က ပြန်ဖြေတယ်။ စိတ်ထဲမှာ သူတွေးနေတာက : ရှောင်ပေါင်နဲ့ ရှောင်ပေတို့က နှစ်ပတ်လည်တွေ့ဆုံပွဲကို တက်ရတော့မယ်ဆိုတော့ ဒီနှစ်အခမ်းအနားက အရမ်းကိုအရေးကြီးသွားပြီ။ သူအကောင်းဆုံးပြင်ဆင်ပေးမှရမယ်။
---
ချန်တဲ့တစ်ယောက် Mr.ချင်ရဲ့ရည်ရွယ်ချက်ကို ဦးလေးဖုထံ သတင်းပေးလို့အပြီးမှာတော့ အိမ်တော်ထိန်းအိုကြီးက ထပ်တူစိတ်လှုပ်ရှားသွားခဲ့တယ်။ အသေးစားစီးပွားရေးလုပ်ငန်းတွေနဲ့ ကုမ္ပဏီငယ်လေးတွေကကျင်းပတဲ့ နှစ်စဉ်တွေ့ဆုံပွဲနဲ့ ပွဲအခမ်းအနားတွေနဲ့မတူဘဲ ချင် Group ရဲ့နှစ်ပတ်လည်တွေ့ဆုံပွဲက အလွန်တရာကြီးကျယ်ခမ်းနားပြီး စီးပွားရေးအသိုင်းအဝိုင်းတစ်ခုလုံးအတွက် အထူးပင်အရေးပါလှတယ်။
Mr.ချင်က ကလေးတွေကို တရားဝင်ထုတ်ပြတော့မယ်ဆိုတော့ သူတို့အနေနဲ့ သေချာလေး ပြင်ဆင်ပေးထားရမယ်။ ဦးလေးဖုက အလွန်ပျော်ရွှင်နေတယ်။ အဲ့ဒီနေ့မှာ သူတို့ဝတ်မယ့်အဝတ်အစားတွေကို သူပြင်ဆင်ပေးထားသင့်တယ်။ ပွဲမှာ ကခုန်တာတွေလည်းပါမှာဆိုတော့။ ရှောင်ပေနဲ့ ရှောင်ပေါင်တို့ကို သင်ကြားပေးဖို့ အထူးစပယ်ရှယ်သင်ကြားပို့ချမှုတစ်ခုလောက် သူငှားရမ်းပေးသင့်လား?
13.8.2021
Friday
_____
Thanks 🌹