Going Against The Wind (Myanm...

By Eri1485EXOL

294K 37.7K 1.6K

This is just a translation. Original work is 逆风而行 by Author 蓝淋. So, I own neither the content nor the cover. ... More

Summary
Chapter -1 (Part 2)
Chapter-2 (Part 1)
Chapter-2 (Part 2)
Chapter-3 (Part 1)
Chapter-3 (Part 2)
Chapter-4 (Part 1)
Chapter -4 (Part 2)
Chapter-5 (Part 1)
Chapter-5 (Part 2)
Chapter - 6 (Part 1)
Chapter - 6 (Part 2)
Chapter - 7 (Part 1)
Chapter -7 (Part 2)
Chapter - 8 (Part 1)
Chapter - 8 (Part 2)
Chapter - 9 (Part 1)
Chapter - 9 (Part 2)
Chapter - 9 (Part 3)
Chapter - 9 (Part 4)
Chapter - 10 (Part 1)
Chapter - 10 (Part 2)
Chapter - 10 (Part 3)
Chapter - 10 (Part 4)
Chapter-11 ( Part 1)
Chapter-11 (Part 2)
Chapter-11 ( Part 3)
Chapter-11 (Part 4)
Chapter-12 (Part 1)
Chapter-12 (Part 2)
Chapter-12 (Part 3)
Chapter-13 (Part 1)
Chapter-13 (Part 2)
Chapter-13 (Part 3)
Chapter -13 (Part 4)
Chapter -14 (Part 1)
Chapter -14 (Part 2)
Chapter-14 (Part 3)
Volume 2 Summary
Chapter -15 (Part 1)
Chapter -15 (Part 2)
Chapter -15 (Part 3)
Chapter - 16 (Part 1)
Chapter - 16 (Part 2)
Chapter -16 (Part 3)
Chapter - 17 (Part 1)
Chapter - 17 (Part 2)
Chapter - 17 (Part 3)
Chapter - 18 (Part 1)
Chapter - 18 (Part 2)
Chapter - 18 (Part 3)
Chapter -18 (Part 4)
Chapter - 19 (Part 1)
Chapter - 19 (Part 2)
Chapter - 19 (Part 3)
Chpater - 19 (Part 4)
Chapter - 20 (Part 1)
Chapter - 20 (Part 2)
Chapter - 20 (Part 3)
Chapter - 20 (Part 4)
Chapter - 21 (Part 1)
Chapter - 21 (Part 2)
Chapter - 21 (Part 3)
Chapter - 21 (Part 4)
Chapter - 22 (Part 1)
Chapter - 22 (Part 2)
Chapter - 22 (Part 3)
Chapter - 22 (Part 4)
Chapter - 22 (Part 5)
Chapter - 23 (Part 1)
Chapter - 23 (Part 2)
Chapter - 23 (Part 3)
Chapter - 23 (Part 4) Final
Extra - 1 (Part 1)
Extra - 1 (Part 2)
Extra - 2 (Part 1)
Extra - 2 (Part 2)
Extra - 2 (Part 3)
Afterwords
Just Announcement!
Survivorship Bias

Chapter-1 (Part 1)

12K 921 0
By Eri1485EXOL

ZAWGYI

ေန႔လည္စာစားခ်ိန္ Nan High ေက်ာင္းရဲ႕ ကန္တင္းမွာ စားစရာဗန္းမ်ားကိုသယ္ကာ အေ႐ွ႕အေနာက္ဟိုဟိုဒီဒီသြားလာေနၾကတဲ့ ေက်ာင္းသူေက်ာင္းသားေတြ နဲ႔ျပည့္ႏွက္ေနတယ္။ ေရွာင္ရႊမ္း ျပဳတင္းေပါက္ေဘးနားကထိုင္ခုံမွာထိုင္ကာ ေန႔လည္စာကိုသင့္တင့္ေလ်ာက္ပတ္စြာစားရင္း နာမည္ႀကီးတဲ့Nan High ေက်ာင္းဝတ္စုံကို ဝတ္ထားတယ္။ထိုဝတ္စုံဟာ သူ႕ခႏၶာကိုယ္ေပၚမွာ မယုံႏိုင္ေလာက္ေအာင္ ၾကည့္ေကာင္းလြန္းေနတယ္။ ဒါေၾကာင့္လည္းေက်ာင္းpromotion လက္ကမ္းစာေစာင္ေတြ မွာ သူ႔ပံုေတြကိုသံုးျခင္းျဖစ္တယ္။ သူဟာ အၿမဲတမ္း ေက်ာင္းရဲ႕ ေမာ္ဒယ္ေက်ာင္းသားတစ္ေယာက္ပဲ။

ေရွာင္ရႊမ္း ကအရပ္႐ွည္ၿပီး ပိန္သြယ္တယ္။သူ႕ရဲ႕႐ုပ္ရည္က ေခ်ာေမာၿပီး ဆံပင္ေတြကလည္းနက္ေမွာင္ႏူးညံ့ေပ်ာ့ေပ်ာင္းကာ မ်က္လုံးဝိုင္းဝိုင္း မ်က္စံနက္နက္ႏွင့္ျဖစ္တယ္။ သူ႕မ်က္ႏွာမွာအမူအရာမဲ့ေနတယ္ဆိုရင္ေတာင္မွ သူျပဳံးေနတယ္ထင္ရတယ္။

အခုေတာင္ သူ႕ပန္ကန္ျပားထဲမွာ႐ွိတဲ့ ဂဏန္းလိပ္ေတြကို သတိမဲ့စြာ စားေနတာေတာင္မွ ၾကည့္ေကာင္းေနတုန္း။

"ေရွာင္ရႊမ္း, မင္းေတာ္ေတာ့္ကိုလြန္တာေနာ္!ဘာလဲ?မေန႔ကအဲ့အိပ္မက္ကိုထပ္မက္ျပန္ၿပီလား?"

ေရွာင္ရႊမ္း သူ႕ပါးစပ္ထဲက်န္ေသးတဲ့ဂဏန္းလိပ္ကိုၿမိဳခ်လိုက္ၿပီး သူငယ္ငယ္ထဲကေပါင္းလာတဲ့သူငယ္ခ်င္းေကာင္ရဲ႕မ်က္ႏွာကို ၾကည့္ၿပီး ပုံမွန္အတိုင္းျပဳံးျပလိုက္တယ္။ သူ႕စကားေတြက ဘာကိစၥမွမ႐ွိသလိုမ်ိဳး

" အမွန္ပဲ, အိပ္ဖို႔ ေတာ္ေတာ္ေလးခက္တယ္။ငါအဲ့တာကိုခနခနမက္ေနတာေတာင္ ခုခ်ိန္ထိအိပ္မက္ထဲမွာ ပင္ပန္းေနတုန္း "

" ဒါေၾကာင့္စိတ္ပူတာ , မင္းကိစၥက အဲ့ဒီစိတ္ပ်က္စရာအိပ္မက္မက္ၿပီးရင္ ပင္ပန္းေနရတာပဲ ။ဆရာ အူးယမ္ မွာမင္းလို ဆိုးသြမ္းတဲ့ေက်ာင္းသားတစ္ေယာက္႐ွိတာမလြယ္တဲ့ကိစၥပဲ...... "

" ေဟး ,မင္း မွာဒီလိုထူးခြၽန္တဲ့ေက်ာင္းသားအေၾကာင္းေျပာခြင့္မ႐ွိဘူးကြ "

"မင္းရဲ႕အိပ္မက္က ဒီလိုတစ္မ်ိဳးထဲပဲ ေန႔တိုင္းမက္ေနတာေနာ္ ကဲပါထားလိုက္ေတာ့, ညက်မင္း အျပင္သြားဦးမလား? "

"မသြားဘူး "ေ႐ွာင္းရႊမ္းက ခ်န္ဇီ ရဲ႕ စကားကိုဂ႐ုမစိုက္စြာ သက္ျပင္းခ်ရင္းေျပာလိုက္တယ္။ "ငါ့အေဖရဲ႕သူငယ္ခ်င္းတစ္ေယာက္ျပန္လာတာ ငါသူတို႔နဲ႔ ညစာသြားစားရမွာ"

" မင္းစကားနားေထာင္တဲ့ ကေလးပုံစံဖမ္းေနတာရပ္လိုက္စမ္းပါ "

ေ႐ွာင္းရႊမ္းက သက္ျပင္းထပ္ခ်ၿပီး

" ငါ ကစာရိတၳေကာင္းေျဖာင့္မတ္တဲ့ေက်ာင္းသားပါကြာ" (ေနာက္ေျပာင္)

" ပ်င္းစရာႀကီး!" ခ်န္ဇီက စပ်စ္သီးေဖ်ာ္ရည္ကိုေသာက္ရင္းေျပာလိုက္တယ္။ " မင္း သူတို႔နဲ႔သာလိုက္သြားလိုက္ေတာ့ , ငါတို႔ကေတာ့သြားေပ်ာ္ၾကမယ္ မင္းကိုမေစာင့္ေတာ့ဘူး , ၿပီးရင္ မင္းအၿမဲတမ္း ငါတို႔ကို ျငင္းရတဲ့ သတင္းထူးေလးေတြလည္း ေျပာစမ္းပါဦး "

" ဘာလဲ? ဂစ္တာတီးတဲ့ေကာင္ေလးနဲ႔ေနာက္ဆုံးေတာ့ျပတ္သြားၿပီလား?"

" Fuck , သူ႕အေၾကာင္းငါ့ကိုမေျပာစမ္းပါနဲ႔"

ခ်န္ဇီက ႏွာမႈတ္ရင္း ," သူကယင္ေကာင္လိုပဲ ငါသူ႕ကိုေတာင္မဖယ္ထုတ္ႏိုင္ဘူး။ အာ ငါေျပာရဦးမယ္ မေန႔ညက 'Narcissism ' မွာ ငါ႐ွိတုန္းက ဆရာအူးယမ္ကို ျမင္လိုက္သလိုပဲ "

" ဟုတ္လို႔လား ?" ေ႐ွာင္ရႊမ္းက မ်က္ခုံးပင့္လိုက္ရင္း စိတ္ဝင္တစားနဲ႔ေမးလိုက္တယ္။

သူ႕အသက္ အ႐ြယ္အရသူဟာ ေတာ္ေတာ္ေလးအရပ္႐ွည္တယ္ သူျပဳံးလိုက္တဲ့အခါ ခ်ိဳၿမိန္တဲ့ပါးခ်ိဳင့္ေလးေတာင္႐ွိတယ္။

"ငါလည္းေနာက္ကေနပဲျမင္လိုက္တာ သူနဲ႔အေတာ္တူတာ, ဒီလို ဘားမ်ိဳးမွာေပၚလာတယ္ဆိုတာ ဘယ္လိုလူမ်ိဳးလဲဆိုတာမွန္းလို႔ရေနတာပဲ၊သူ႕ၾကည့္ရတာ တစ္ေယာက္ေယာက္နဲ႔စကားေျပာခ်င္ပုံပဲ၊ ဒါေပမယ့္ သူ တစ္ေယာက္ထဲထိုင္ၿပီး ခနေနေတာ့ျပန္သြားတယ္, ၾကည့္ရတာအေတြ႕အၾကဳံမ႐ွိပုံပဲ"

ခ်န္ဇီက တံေတာင္ကိုေျမႇာက္လိုက္ၿပီးသူ႕ကို႐ိုက္ကာ " အသိုင္းအဝိုင္း*ထဲကအသက္ႀကီးၿပီးဖ်တ္လတ္တဲ့ သူတစ္ေယာက္နဲ႔ ကစားရတာမင္းမႀကိဳက္ဘူးလား ?"

(ဒီမွာခ်တ္ဇီေျပာလိုက္တဲ့* အသိုင္းအဝိုင္း ဆိုတာ လိင္တူဆက္ဆံသူမ်ားရဲ႕လူမႈအသိုင္းဝိုင္းကိုေျပာထားတာပါ)

ေ႐ွာင္းရႊမ္္းက ခ်က္ခ်င္းပင္ျငင္းလိုက္ၿပီး" ကစားတယ္လို႔ေျပာရတာသိပ္အဆင္မေျပဘူး "

" ဟန္ေဆာင္မေနစမ္းပါနဲ႔ ကြာ မကစားလို႔မင္းကဘာလုပ္မွာလဲ? "

"အဲ့လိုမ်ိဳးမေျပာနဲ႔ , အျခားသူေတြလဲဒီလိုမ်ိဳး စိတ္နဲ႔ကိုယ္ ေတာင့္တၾကတာပဲ ငါကအရမ္းေကာင္းတဲ့စ႐ိုက္နဲ႔သင္ယူတာမွာ ထူးျခားတဲ့အေတြးေခၚေတြနဲ႔ ထိပ္တန္းေက်ာင္းသားတစ္ေယာက္ ,အဲ့ေတာ့ အျပင္ပန္းသ႑ာန္ကိုဂ႐ုမစိုက္နဲ႔"

"မွန္တယ္ ; ငါသိတယ္ အတြင္းစိတ္ကိုပဲဂ႐ုစိုက္ရမယ္, ဟုတ္လား? မင္းအဲ့တာကိုေ႐ွးလူႀကီးေတြအတြက္ပဲသိမ္းထားလိုက္စမ္းပါ " ခ်န္ဇီဟာ မခံႏိုင္ေတာ့ပဲ စကားလမ္းေၾကာင္းလြဲဖို႔ျပင္တယ္။

"ဒါဆို ... "

"Shh"

ေရွာင္းရႊမ္း သည္႐ုတ္တရက္မလႈပ္မယွက္အမူအရာတစ္ခုကိုျပဳလိုက္ၿပီးေနာက္သူသည္ခ်စ္စဖြယ္ႏွင့္ခ်စ္စရာေကာင္းၿပီး ေတာက္ပေသာအျပဳံးတစ္ခုကိုအလ်င္အျမန္ျပင္လိုက္တယ္။ အူးယမ္ ႐ွီး၀မ္ ကေန႔လည္စာဗန္းကိုသယ္လာကာ သူ႕လက္ေမာင္းၾကား၌စာအုပ္တစ္အုပ္ကိုညႇပ္ထားၿပီးထိုင္ခုံအလြတ္တစ္ခုကို႐ွာေနတယ္။ ေက်ာင္းကန္တင္း၌စားေသာအစားအစာမ်ားသည္အခမဲ့ျဖစ္ၿပီးဘူေဖးပုံစံျဖစ္‌ေလတယ္္။ သူကNan High တြင္တစ္လၾကာစာသင္ၾကားခဲ့ၿပီး ဒီကန္တင္း႐ွိဟင္းလ်ာမ်ားကိုတစ္လၾကာစားခဲ့ၿပီျဖစ္တယ္။

"Hello ဆရာ အူးယမ္ "

"Hello"

အူးယမ္ ကအရပ္ရွည္ရွည္ ပိန္ပိန္ပါးပါးႏွင့္ၾကည့္ေကာင္း တဲ့သူတစ္ေယာက္ျဖစ္တယ္။ ႐ုပ္ရည္ေခ်ာေမာ ေပမယ့္အ၀တ္အစား ကိုေတာ့ဂ႐ုမစိုက္။ အနက္ေရာင္ေဘာင္ခတ္ထားေသာမ်က္မွန္ေဟာင္း၊ ႐ွပ္အက်ႌႏွင့္ေဘာင္းဘီ, အၿမဲ႐ိုး႐ွင္းဆုံးႏွင့္ပံဳမွန္သာ၀တ္ဆင္ေလ့႐ွိတယ္။ သူကအသက္သုံးဆယ္နီးပါး႐ွိ‌ေနေပမဲ့ အလုပ္အေတြ႕အၾကဳံအမ်ားႀကီးမ႐ွိတာေၾကာင့္
သူ႕မွာပိုက္ဆံလည္းအမ်ားႀကီးမ႐ွိ။ သူအင္တာဗ်ဴးလာ‌ေျဖတုန္းက အတြင္း‌ေရးမႈးကေျပာတယ္ အ၀တ္အစားကိုေသခ်ာသပ္သပ္ရပ္ရပ္၀တ္ဖို႔။ ဒါ့ေၾကာင့္သူက သူ႕အက်ႌအေဟာင္းေတြအစားအသစ္‌ေတြ‌ေျပာင္းလဲ၀တ္တာ‌ေတာင္မွပုံစံကေျပာင္းလဲမလာပါဘူး။

UNICODE

နေ့လည်စာစားချိန် Nan High ကျောင်းရဲ့ ကန်တင်းမှာ စားစရာဗန်းများကိုသယ်ကာ အရှေ့အနောက်ဟိုဟိုဒီဒီသွားလာနေကြတဲ့ ကျောင်းသူကျောင်းသားတွေ နဲ့ပြည့်နှက်နေတယ်။ ရှောင်ရွှမ်း ပြုတင်းပေါက်ဘေးနားကထိုင်ခုံမှာထိုင်ကာ နေ့လည်စာကိုသင့်တင့်လျောက်ပတ်စွာစားရင်း နာမည်ကြီးတဲ့Nan High ကျောင်းဝတ်စုံကို ဝတ်ထားတယ်။ထိုဝတ်စုံဟာ သူ့ခန္ဓာကိုယ်ပေါ်မှာ မယုံနိုင်လောက်အောင် ကြည့်ကောင်းလွန်းနေတယ်။ ဒါကြောင့်လည်းကျောင်းpromotion လက်ကမ်းစာစောင်တွေ မှာ သူ့ပုံတွေကိုသုံးခြင်းဖြစ်တယ်။ သူဟာ အမြဲတမ်း ကျောင်းရဲ့ မော်ဒယ်ကျောင်းသားတစ်ယောက်ပဲ။

ရှောင်ရွှမ်း ကအရပ်ရှည်ပြီး ပိန်သွယ်တယ်။သူ့ရဲ့ရုပ်ရည်က ချောမောပြီး ဆံပင်တွေကလည်းနက်မှောင်နူးညံ့ပျော့ပျောင်းကာ မျက်လုံးဝိုင်းဝိုင်း မျက်စံနက်နက်နှင့်ဖြစ်တယ်။ သူ့မျက်နှာမှာအမူအရာမဲ့နေတယ်ဆိုရင်တောင်မှ သူပြုံးနေတယ်ထင်ရတယ်။

အခုတောင် သူ့ပန်ကန်ပြားထဲမှာရှိတဲ့ ဂဏန်းလိပ်တွေကို သတိမဲ့စွာ စားနေတာတောင်မှ ကြည့်ကောင်းနေတုန်း။

"ရှောင်ရွှမ်း, မင်းတော်တော့်ကိုလွန်တာနော်!ဘာလဲ?မနေ့ကအဲ့အိပ်မက်ကိုထပ်မက်ပြန်ပြီလား?"

ရှောင်ရွှမ်း သူ့ပါးစပ်ထဲကျန်သေးတဲ့ဂဏန်းလိပ်ကိုမြိုချလိုက်ပြီး သူငယ်ငယ်ထဲကပေါင်းလာတဲ့သူငယ်ချင်းကောင်ရဲ့မျက်နှာကို ကြည့်ပြီး ပုံမှန်အတိုင်းပြုံးပြလိုက်တယ်။ သူ့စကားတွေက ဘာကိစ္စမှမရှိသလိုမျိုး

" အမှန်ပဲ, အိပ်ဖို့ တော်တော်လေးခက်တယ်။ငါအဲ့တာကိုခနခနမက်နေတာတောင် ခုချိန်ထိအိပ်မက်ထဲမှာ ပင်ပန်းနေတုန်း "

" ဒါကြောင့်စိတ်ပူတာ , မင်းကိစ္စက အဲ့ဒီစိတ်ပျက်စရာအိပ်မက်မက်ပြီးရင် ပင်ပန်းနေရတာပဲ ။ဆရာ အူးယမ် မှာမင်းလို ဆိုးသွမ်းတဲ့ကျောင်းသားတစ်ယောက်ရှိတာမလွယ်တဲ့ကိစ္စပဲ...... "

" ဟေး ,မင်း မှာဒီလိုထူးချွန်တဲ့ကျောင်းသားအကြောင်းပြောခွင့်မရှိဘူးကွ "

"မင်းရဲ့အိပ်မက်က ဒီလိုတစ်မျိုးထဲပဲ နေ့တိုင်းမက်နေတာနော် ကဲပါထားလိုက်တော့, ညကျမင်း အပြင်သွားဦးမလား? "

"မသွားဘူး "ရှောင်းရွှမ်းက ချန်ဇီ ရဲ့ စကားကိုဂရုမစိုက်စွာ သက်ပြင်းချရင်းပြောလိုက်တယ်။ "ငါ့အဖေရဲ့သူငယ်ချင်းတစ်ယောက်ပြန်လာတာ ငါသူတို့နဲ့ ညစာသွားစားရမှာ"

" မင်းစကားနားထောင်တဲ့ ကလေးပုံစံဖမ်းနေတာရပ်လိုက်စမ်းပါ "

ရှောင်းရွှမ်းက သက်ပြင်းထပ်ချပြီး

" ငါ ကစာရိတ္ထကောင်းဖြောင့်မတ်တဲ့ကျောင်းသားပါကွာ" (နောက်ပြောင်)

" ပျင်းစရာကြီး!" ချန်ဇီက စပျစ်သီးဖျော်ရည်ကိုသောက်ရင်းပြောလိုက်တယ်။ " မင်း သူတို့နဲ့သာလိုက်သွားလိုက်တော့ , ငါတို့ကတော့သွားပျော်ကြမယ် မင်းကိုမစောင့်တော့ဘူး , ပြီးရင် မင်းအမြဲတမ်း ငါတို့ကို ငြင်းရတဲ့ သတင်းထူးလေးတွေလည်း ပြောစမ်းပါဦး "

" ဘာလဲ? ဂစ်တာတီးတဲ့ကောင်လေးနဲ့နောက်ဆုံးတော့ပြတ်သွားပြီလား?"

" Fuck , သူ့အကြောင်းငါ့ကိုမပြောစမ်းပါနဲ့"

ချန်ဇီက နှာမှုတ်ရင်း ," သူကယင်ကောင်လိုပဲ ငါသူ့ကိုတောင်မဖယ်ထုတ်နိုင်ဘူး။ အာ ငါပြောရဦးမယ် မနေ့ညက 'Narcissism ' မှာ ငါရှိတုန်းက ဆရာအူးယမ်ကို မြင်လိုက်သလိုပဲ "

" ဟုတ်လို့လား ?" ရှောင်ရွှမ်းက မျက်ခုံးပင့်လိုက်ရင်း စိတ်ဝင်တစားနဲ့မေးလိုက်တယ်။

သူ့အသက် အရွယ်အရသူဟာ တော်တော်လေးအရပ်ရှည်တယ် သူပြုံးလိုက်တဲ့အခါ ချိုမြိန်တဲ့ပါးချိုင့်လေးတောင်ရှိတယ်။

"ငါလည်းနောက်ကနေပဲမြင်လိုက်တာ သူနဲ့အတော်တူတာ, ဒီလို ဘားမျိုးမှာပေါ်လာတယ်ဆိုတာ ဘယ်လိုလူမျိုးလဲဆိုတာမှန်းလို့ရနေတာပဲ၊သူ့ကြည့်ရတာ တစ်ယောက်ယောက်နဲ့စကားပြောချင်ပုံပဲ၊ ဒါပေမယ့် သူ တစ်ယောက်ထဲထိုင်ပြီး ခနနေတော့ပြန်သွားတယ်, ကြည့်ရတာအတွေ့အကြုံမရှိပုံပဲ"

ချန်ဇီက တံတောင်ကိုမြှောက်လိုက်ပြီးသူ့ကိုရိုက်ကာ " အသိုင်းအဝိုင်း*ထဲကအသက်ကြီးပြီးဖျတ်လတ်တဲ့ သူတစ်ယောက်နဲ့ ကစားရတာမင်းမကြိုက်ဘူးလား ?"

(ဒီမှာချတ်ဇီပြောလိုက်တဲ့* အသိုင်းအဝိုင်း ဆိုတာ လိင်တူဆက်ဆံသူများရဲ့လူမှုအသိုင်းဝိုင်းကိုပြောထားတာပါ)

ရှောင်းရွှမ်းက ချက်ချင်းပင်ငြင်းလိုက်ပြီး" ကစားတယ်လို့ပြောရတာသိပ်အဆင်မပြေဘူး "

" ဟန်ဆောင်မနေစမ်းပါနဲ့ ကွာ မကစားလို့မင်းကဘာလုပ်မှာလဲ? "

"အဲ့လိုမျိုးမပြောနဲ့ , အခြားသူတွေလဲဒီလိုမျိုး စိတ်နဲ့ကိုယ် တောင့်တကြတာပဲ ငါကအရမ်းကောင်းတဲ့စရိုက်နဲ့သင်ယူတာမှာ ထူးခြားတဲ့အတွေးခေါ်တွေနဲ့ ထိပ်တန်းကျောင်းသားတစ်ယောက် ,အဲ့တော့ အပြင်ပန်းသဏ္ဍာန်ကိုဂရုမစိုက်နဲ့"

"မှန်တယ် ; ငါသိတယ် အတွင်းစိတ်ကိုပဲဂရုစိုက်ရမယ်, ဟုတ်လား? မင်းအဲ့တာကိုရှေးလူကြီးတွေအတွက်ပဲသိမ်းထားလိုက်စမ်းပါ " ချန်ဇီဟာ မခံနိုင်တော့ပဲ စကားလမ်းကြောင်းလွဲဖို့ပြင်တယ်။

"ဒါဆို ... "

"Shh"

ရှောင်းရွှမ်း သည်ရုတ်တရက်မလှုပ်မယှက်အမူအရာတစ်ခုကိုပြုလိုက်ပြီးနောက်သူသည်ချစ်စဖွယ်နှင့်ချစ်စရာကောင်းပြီး တောက်ပသောအပြုံးတစ်ခုကိုအလျင်အမြန်ပြင်လိုက်တယ်။ အူးယမ် ရှီးဝမ် ကနေ့လည်စာဗန်းကိုသယ်လာကာ သူ့လက်မောင်းကြား၌စာအုပ်တစ်အုပ်ကိုညှပ်ထားပြီးထိုင်ခုံအလွတ်တစ်ခုကိုရှာနေတယ်။ ကျောင်းကန်တင်း၌စားသောအစားအစာများသည်အခမဲ့ဖြစ်ပြီးဘူဖေးပုံစံဖြစ်‌လေတယ်။ သူကNan High တွင်တစ်လကြာစာသင်ကြားခဲ့ပြီး ဒီကန်တင်းရှိဟင်းလျာများကိုတစ်လကြာစားခဲ့ပြီဖြစ်တယ်။

"Hello ဆရာ အူးယမ် "

"Hello"

အူးယမ် ကအရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့်ကြည့်ကောင်း တဲ့သူတစ်ယောက်ဖြစ်တယ်။ ရုပ်ရည်ချောမော ပေမယ့်အဝတ်အစား ကိုတော့ဂရုမစိုက်။ အနက်ရောင်ဘောင်ခတ်ထားသောမျက်မှန်ဟောင်း၊ ရှပ်အင်္ကျီနှင့်ဘောင်းဘီ, အမြဲရိုးရှင်းဆုံးနှင့်ပုံမှန်သာဝတ်ဆင်လေ့ရှိတယ်။ သူကအသက်သုံးဆယ်နီးပါးရှိ‌နေပေမဲ့ အလုပ်အတွေ့အကြုံအများကြီးမရှိတာကြောင့်
သူ့မှာပိုက်ဆံလည်းအများကြီးမရှိ။ သူအင်တာဗျူးလာ‌ဖြေတုန်းက အတွင်း‌ရေးမှုးကပြောတယ် အဝတ်အစားကိုသေချာသပ်သပ်ရပ်ရပ်ဝတ်ဖို့။ ဒါ့ကြောင့်သူက သူ့အင်္ကျီအဟောင်းတွေအစားအသစ်‌တွေ‌ပြောင်းလဲဝတ်တာ‌တောင်မှပုံစံကပြောင်းလဲမလာပါဘူး။

Continue Reading

You'll Also Like

963K 182K 124
◆ Title - My Underachieving Seatmate Doesn't Need Any Comforting ◆ Author - Long Qi《龙柒》 ◆ Total Chapters - 122 ◆ Genre - Comedy , Modern , Fluffy , S...
361K 42.1K 199
Title : SAYE Author : WU ZHE, YUAN DIAN GEZI MANHUA, ZUOER CONG DONG Gener : Shounen Ai/ Drama/ Psychological/ Romance/ School life/ Slice of Life St...
337K 27.9K 21
Original Title - Quickly wear the face of the devil (快穿之打脸狂魔) Author - ©® Fengliu Shudai Original translation - ©® keztranslations က်ိဴးယြင္​႐ွန္​႔ဆိ...