ႏွာဘူးၾကင္ယာေတာ္ (နှာဘူးကြင်ယ...

Da seyeol69

99.1K 10.8K 1K

ႏွာဘူးတေယာက္ကိုခ်စ္မိတဲ့အခါ... Altro

story infomation
1
2
3
4
5
6
7
8
9
10
11
Note
12
13
14
15
16
17
18
19
pls read
20
21
အိမ္ေခါင္မိုးဖာၾကမယ္

22

2.1K 222 45
Da seyeol69

ဒီေန႔ဟာ မင္းႀကီးခ်န္းေယာလ္ရဲ႕သားေတာ္ေလးyuanရဲ႕ေမြးေန႔ပြဲက်င္းပမဲ့ေန႔မို႔ နန္းေတာ္ရင္ျပင္ထက္ အလွအပ အျပင္အဆင္အခ်ိဳ႕၊ စားေတာ္ပြဲအတြက္ မုန္႔ေတြျပင္ၾကဆင္ၾကနဲ႔အလုပ္ရႈပ္ေနတယ္။

ဆယ္ဟြန္းကိုမ်က္စိေဒါက္ေထာက္ထိန္းရတဲ့အထိန္းေတာ္ႀကီး ကလဲ ပြဲေတာ္မို႔ သိပ္ကိုအလုပ္ရႈပ္ေနတယ္၊
Yuanေလးက နန္းတြင္းက အမႈထမ္းေတြအကုန္ခ်စ္ၾကရတဲ့မင္းသားငယ္ေလးမို႔အမႈထမ္းေတြအကုန္လံုးက ေမြးေန႔ပြဲမွာတတ္အားသ၍ ကူညီေပးခ်င္ၾကတယ္၊
အဲ့ေတာ့ ဆယ္ဟြန္းအတြက္ ဂြင္ပဲေပါ့။

ဟိုေယာင္ေယာင္ဒီေယာင္ေယာင္နဲ႔ စားဖိုေဆာင္ သြားတယ္၊ မုန္႔ေတြေပါက္လြတ္ပဲစားႏႈိက္ျမည္းၿပီးလက္မေဆးပဲအထိန္းေတာ္ႀကီးဆင္ေပးထားတဲ့ဝတ္ရုံနဲ႔သုတ္တယ္၊
ေကာင္းေကာင္းကန္းကန္းရွိေနခဲ့တဲ့ဝတ္ရုံအျပာႏုေလးက ခုေတာ့ မုန္႔အမႈန္ေတြ ၊အစားအေသာက္အတြက္ ဆိုးေဆးေတြ၊ ယိုေတြနဲ႔ရုပ္ပ်က္ဆင္းပ်က္ပဲ၊

ေမြးေန႔ပြဲအတြက္ တျဖည္းျဖည္းေရာက္လာတဲ့ ပြဲလာပရိတ္သတ္ေတြထဲက ဥယ်ာဥ္ေတာ္အတြင္း တခ္ခ္ရယ္ေန၊အတင္းတုပ္ေနၾကတဲ့ပ်ိဳမဒီတသိုက္ကို ဖြန္ရွယ္ေၾကာင္တယ္၊

သာယာလွတဲ့ ကိုယ့္ဘဝေလး။ ငလူးေကာင္ႀကီးဝင္မလာခင္ေပါ့၊အဟစ္

" ၾကင္ယာေတာ္ ဟြန္း ၊ ၾကင္ယာေတာ္ဟြန္း "

အထိန္းေတာ္ႀကီးရဲ႕ေအာ္ေခၚသံၾကားမွ ဆယ္ဟြန္းက လွစ္ခနဲ ျခံဳထဲေျပးပုန္းတယ္၊
*ဒီေသာက္အဘိုးႀကီး လုပ္ျပန္ၿပီ၊
အိမ္ကအေဖနဲ႔အတူတူထားရမယ္*

အထိန္းေတာ္ႀကီးေခါင္းကုတ္ဖင္ကုတ္နဲ႔ ဟိုရွာဒီရွာလုပ္ရင္းထြက္သြားခါမွ ဆယ္ဟြန္းကပုန္းေနရာကထြက္လာတယ္။

" ၾကင္ယာေတာ္ဟြန္း မေတြ႕တာေတာင္ၾကာၿပီဗ်"

အနဲငယ္ခပ္လွမ္းလွမ္းေနရာမွဆယ္ဟြန္းကိုျမင္သြားပံုရတဲ့ဂ်ံဳအင္းနီးရဲ႕အသံစာစာေလးေၾကာင့္ ဆယ္ဟြန္းက ေျပးၿပီး ပါးစပ္အတင္းပိတ္ရတယ္၊
ေမႊလို႔မဝေသးတဲ့ဆယ္ဟြန္းက လိမ္လိမ္မာမာနဲ႔အထိန္းေတာ္ႀကီးေခၚရာေနာက္မလိုက္ခ်င္ေပါင္။

" ငါတို႔ ဂ်ံဳအင္းနီးေတာင္အေတာ္ထြားလာပါ့လား"

ေရာက္ခါစနဲ႔မတူ ပုခံုးေတြက်ယ္လာၿပီး အရပ္ပိုလို႔ျမင့္မားလာတဲ့ဂ်ံဳအင္ရဲ႕ ပုခံုးကိုဖက္လို႔တရင္းတႏွီးဆိုမိတယ္။
ဝက္ဝံေပါက္နဲ႔တူတဲ့ေကာင္ငယ္ေလးက ခုေတာ့ဝက္ဝံပ်ိဳေလးအသြင္ေပါက္လာၿပီ၊
မၾကာခင္ေတာ့ဝက္ဝံႀကီးျဖစ္ေတာ့မယ္။
အရပ္ကျဖငိ့ ဆယ္ဟြန္းနဲ႔မတိမ္းမယိမ္းလိုျဖစ္ေနၿပီ။

" မင္းနဲ႔ အိမ္ေရွ႕စံအေျခအေန"

ထိုသို႔ေမးေတာ့ဂ်ံဳအင္က ႏႈတ္ခမ္းဆူတယ္။

" အဲ့လူႀကီး မေကာင္းဘူး"

ငိုေတာ့မလို မ်က္ဝန္းေတြေၾကာင့္ဆယ္ဟြန္းက ခပ္တိုးတိုးဆဲေရးတယ္။
ခေလး ေတြငိုရင္ေခ်ာ့ရခက္ပါဘိနဲ႔

" အိမ္ေရွ႕စံကတအားၾကမ္းလို႔လား"

ထိုသို႔ဆိုျပန္ေတာ့လဲနားမလည္သလို ၾကည့္ျပန္ေရာ။

" ဘာၾကမ္းတာလဲ ၊အဲ့လူႀကီးအသားလား? မၾကမ္းပါဘူး ႏူးညံ့ေနတာပဲ "

ေသလိုက္ပါေတာ့
ေစာက္ခေလးသာသာကို သြားေမးမိတဲ့ ဆယ္ဟြန္းကမွားတာပါ၊

"ထားပါေတာ့ ထားပါေတာ့ "

ရုတ္တရက္ ဂ်ံဳအင့္ပုခံုးထက္သိုင္းဖက္ထားတဲ့ဆယ္ဟြန္းလက္ေတြက ခပ္ၾကမ္းၾကမ္းဖယ္ခ်ခံလိုက္ရတယ္။
ငံု႔ၾကည့္လိုက္ေတာ့ အိမ္ေရွ႕စံ ဘတ္ခ္ဟၽြန္း။

* ဟဲ ဟဲ အိမ္ေရွ႕စံက နဲနဲဆယ္ဟြန္းထက္စာ အရပ္နဲနဲနိမ့္ေတာ့ငံုၾကည့္ရတယ္*

" ဂ်ံဳအင္းနီး ကိုယ့္ဆီလာ"

ဆယ္ဟြန္းကိုလဲ မၾကည္ၾကည့္ နဲ႔ ၊ ဂ်ံဳအင့္ကိုလဲ သူ႔ဘက္ဆြဲေခၚတယ္။

အိုးးး ရွာလကာရည္အနံ႔ေတြရသလိုပဲ။

ဂ်ံဳအင္က အင့္ခနဲပါသြားေပမဲ့ အိမ္ေရွ႕စံထက္အရပ္ကရွည္ေနေလေတာ့ နဲနဲ  အင္းး...

" ဟဲ ဟဲ အိမ္ေရွ႕စံ ေနေကာင္းပါရဲ႕လား"

ေထာင့္မက်ိဳးတဲ့အျပင္၊ ဆယ္ဟြန္းရဲ႕ တိုင္းျပည္တရုိးသေဝထိုးေအာင္ေမႊတဲ့သတင္းကရွယ္ေမႊးေလေတာ့ အေၾကာင္းစံုသိထားတဲ့အိမ္ေရွ႕စံက ဆယ္ဟြန္းဆို သိပ္မၾကည္ခ်င္။
ထိုနည္းအတူ
သူ႔ရဲ႕ဝက္ဝံေပါက္ကေလးနဲ႔လဲ ေပါင္းေစခ်င္ပံုမရ။

ဆယ္ဟြန္းကလဲ နဂိုထဲက ေစာင္ေၾကာကခပ္တင္းတင္းေပမို႔
စပ္ျဖဲျဖဲနဲ႔ ႏွာေခါင္းႏႈိက္ျပလိုက္တယ္။

" ၾကင္ယာေတာ္ ေနေကာင္းပါရဲ႕လား"

ဘယ္ေလာက္ပဲ ေထာင့္မက်ိဳးလို႔ၾကည့္မရေပအုန္းေတာ့မိမိ အကိုေတာ္ရဲ႕အသည္းညႇာေလးေပမို႔ရုိေသသမႈကေတာ့ထားရသည္။

" ေကာင္းပါ့ရဲ႕၊ ဂ်ံဳအင္းနီး ကိုလဲ ပ်င္းရင္ ကၽြန္ေတာ္မ်ိဳးဆီ လႊတ္ပါလား၊ သူလဲ အပ်င္းေျပ ကၽြန္ေတာ္မ်ိဳးလဲ ေမႊဖို႔အေဖာ္ရေအာင္"

ေခြးေပါက္ေလးသဖြယ္ ဂ်ံဳအင္ကေတာ့ထိုးစကားေၾကာင့္ မ်က္လံုးေလးကတလက္လက္ႏွင့္(အျမႇီးေလးသာပါရင္ လႈပ္ယမ္းေနလို႔ခ်စ္ဖို႔ေကာင္းအုန္းမွာ)

အိမ္ေရွ႕စံကေတာ့ဘယ္ေျပာေကာင္းမလဲ
ဆယ္ဟြန္းကိုထရုိက္သတ္ခ်င္သလိုအၾကည့္နဲ႔မ်က္ႏွာႀကီးကပ်က္ေနတာပဲ။

" ဂ်ံဳအင္းနီးကိုယ္တို႔သြားရေအာင္ "

ခုပဲ ဆယ္ဟြန္းနဲ႔ဆက္ရကားေျပာရင္ ငေမႊထိုးအက်င့္ေတြဂ်ံဳအင္ဆီကူးသြားေတာ့မလို ပံုစံမ်ိဳးႏွင့္သူ၏ဝက္ဝံေပါက္ေလးကို ဆြဲေခၚလို႔သြားေခ်ၿပီ။

ဆယ္ဟြန္းကလဲ ဒါမ်ိဳးမွ အားႀကီးစခ်င္

" ဂ်ံဳအင္ အားရင္ကိုယ့္ဆီလာခဲ့ေနာ္ ၊စာအုပ္ဆန္းဆန္းေတြအမ်ားႀကီးပဲ ေပးဖတ္မယ္"

လွည့္ၾကည့္လွည့္ၾကည့္ပါသြားတဲ့ဂ်ံဳအင့္ကတကယ့္သနားစရာေလး၊
သူ႔ခမ်ာအေဖာ္ကမက္
သူ႔လူႀကီးကသဝန္တိုနဲ႔
ကၽြတ္ ကၽြတ္

.....
တေနကုန္ေမႊခဲ့သမၽွက ညေနပိုင္းေမြးေန႔ပြဲအစီအစဥ္စေတာ့ ဆယ္ဟြန္းက ငိုက္ခ်င္ေနၿပီ။

ကိုယ့္အတြက္ ခ်ထားေပးတဲ့ေနရာေလးမွာ ထိုင္လို႔ အေရွ႕က အလွပေဂးေတြကိုလဲမငမ္းႏိုင္ေတာ့ပဲ အိပ္ခ်င္ေနတယ္။

ပြဲလာပရိတ္သတ္ကေတာ့ ငလူးမင္းႀကီးေပါင္ေပၚထိုင္ေနတဲ့yuanေလးကိုတန္ဖိုးႀကီးလက္ေဆာင္ေတြဆက္ၾက  နဲ႔ ရႈပ္ခတ္ေနေရာပဲ။yuanေလးလက္ထဲမွာဆယ္ဟြန္းေစ်းထဲကဝယ္လာခဲ့တဲ့ေမြးေန႔လက္ေဆာင္ေစ်းေပါေပါပလုပ္တုတ္ကစားစရာေလးကလႈပ္တုပ္လႈပ္တုပ္နဲ႔။ငလူးေကာင္ေဘးမွာထိုင္ေနတဲ့ yuanေလးရဲ႕မိခင္မိဖုရားႀကီးကလဲ ျပံဳးေပ်ာ္ေနေရာပဲ၊
ဒီအမ်ိဳးသမီးကေတာ့ တကယ့္ကိုစိတ္ရင္းျပည့္ဝၿပီးအမႀကီးလိုသေဘာထားမိတာမို႔ဆယ္ဟြန္းေၾကာင္တဲ့အထဲသူမမပါေပ။

"မုန္႔ေတြဘယ္ေတာ့လာခ်ေပးမွာလဲ သိလား"

ေဘးကပ္ရပ္က ငလူးေကာင္ရဲ႕မယားတေယာက္ဆီ လက္တို႔ေမးေတာ့ အလွေလးက ေျဖခ်င္ပံုမရပဲ မ်က္ေစာင္းပိတ္ထိုးတယ္။

ဟင္ ...ဆယ္ဟြန္းလဲ ဘာမွမလုပ္မိပါဘူး။
ဒီအမ်ိဳးသမီးေလးက ဘာေတြျဖစ္။

ငလူးေကာင္ရဲ႕မယားေတြေတာ္ေတာ္မ်ားမ်ားဆယ္ဟြန္းအေပၚဒီလိုဆက္ဆံၾကတာခ်ည္းပဲ၊

တကယ္ေတာ့သူတို႔ကသာမသိပဲမုန္းေနတာ၊
ဆယ္ဟြန္းကသူတို႔အကုန္လံုးကိုေၾကာင္ေနတာ။

" ၾကင္ယာေတာ္ေလး"

အေနာက္ကေနအနားကပ္ကာေခၚတဲ့ အထိန္းေတာ္ႀကီးေၾကာင့္ဆယ္ဟြန္းက လွည့္ၾကည့္လိုက္တယ္။

" ဘာတုန္း၊ ျပန္လို႔ရလား အိပ္ခ်င္ေနၿပီ၊မုန္႔လဲမေကၽြးေသးဘူး၊ ဗိုက္လဲဆာတယ္"

" အရွင္မင္းႀကီးက သူ႔ေဘးလာထိုင္ဖို႔အမိန္႔ရွိပါတယ္"

"ဟာ  လုပ္ၿပီ၊ အဲ့ငလူးေကာင္ အဲ့တာေတြမႀကိဳက္တာ ကိုယ့္ဟာကို ေတာင္အိပ္ခ်င္ေနရတဲ့ ဒင္းက ေစာင္လုပ္ရႈပ္ၿပီ၊ အဲ့တာေတြေၾကာင့္အေၾကာကိုမတည့္တာ ေျပာရင္ကိုယ့္အလြန္ပဲျဖစ္အုန္းမယ္
ဒီလူ အဆဲကိုေတာင္းတာ"

ပြစိပြစိနဲ႔ပဲ လိုက္လာရတယ္၊
ေတာက္တေခါက္ေခါက္က်န္ခဲ့တဲ့ ဆယ္ဟြန္းေဘးက ကိုယ္လုပ္ေတာ္ကိုလဲ မ်က္စိတဖက္မွိတ္ျပလၽွာထုပ္ေျပာင္ျပခဲ့ဖို႔လဲမေမ့ဘူး။

********
" မယ္မယ္ဟြန္း "

ငလူးေကာင္ေပါင္ေပၚထိုင္ေနတဲ့yuanေလးက ဆယ္ဟြန္းကိုျမင္တနဲ႔ မယ္မယ္ဟြန္းဟုဆိုကာ မ်က္လံုးေတာက္ေတာက္ေလးေတြနဲ႔ရယ္ျပတယ္။
လခြမ္းပဲ
ေစာင္ခေလး
ုရုပ္ကသူ႔အေဖနဲ႔ခၽြတ္စြပ္တူေပမဲ့ဒီခေလးက ခ်စ္ေမႊးေတာ့အေတာ္ပါသား။

ဒီ ေစာင္ခေလးေလးကိုေရာ ငလူးေကာင္ကိုေရာ ဆယ္ဟြန္းကဘာေဆးမွမေကၽြးထားမိေပမဲ့ ႏွစ္ေယာက္လံုးက ဆယ္ဟြန္းကိုတအားခ်စ္၊သည္းသည္းလႈပ္ေနေတာ့တာပဲ။

ခက္တယ္၊
ဘဝမွာအားနည္းခ်က္က အဲ့တာေတြပဲ။
ကိုယ္က ေစာင္က်ိဳးနည္းေအာင္ အက်င့္မေကာင္းေပမဲ့
လူေတြကခ်စ္ေနၾကေတာ့ခက္သား။

ရုိက္သတ္ခ်င္စရာေပမဲ့ ခ်စ္ၾကည့္ေတာ့လဲ ခ်စ္စရာေလးဆိုတာ ဆယ္ဟြန္းကိုေျပာတာမ်ိဴး။

" ကိုယ္လုပ္ေတာ္ က်င္းကိုဘာေတြသြားေမးတာလဲ ၊ ကိုယ္ေတာ္ကလဲြသူမ်ားအသားမထိဖို႔ေျပာမထားဘူးလား"

စၿပီ ။
ေစာင္ရွာလကာရည္ေတြ၊
အဲ့တာေတြမႀကိဳက္တာ။

" မထိပါဘူး ဘယ္မွာထိလို႔လဲ"

ဆယ္ဟြန္းကလဲ ေျဗာင္လိမ္တာပဲ။

အမ်ားႀကီးရစ္ခ်င္ေနပံုေပမဲ့ သားေတာ္ေလးေမြးေန႔မို႔ၿငိမ္လိုက္ပံုပဲ ဘာမွ ဆက္မေျပာေတာ့ေပ။

********************
Tbc:အိမ္ေခါင္မိုးဖာဖို႔အတြက္လႈထားတဲ့ssေလးတပိုင္းစာlimitျပည့္တဲ့အတြက္ ေရးေပးလိုက္ပါတယ္ရွင္
ေနကမေကာင္းေသးေပမဲ့တတ္ႏိုင္တဲ့ဘက္က လုပ္ေပးခ်င္လို႔
မလႈရေသးရင္လဲ လႈၾကပါေနာ္
ၿပီးရင္ssလာျပၿပီးေရးေပးေစခ်င္တာေလး ေျပာပါ
ၾကယ္ေတြေႂကြတာထပ္မျမင္ရဖို႔ အိမ္ေခါင္မိုးဖာၾကရေအာင္🙆‍♂️

ဒီနေ့ဟာ မင်းကြီးချန်းယောလ်ရဲ့သားတော်လေးyuanရဲ့မွေးနေ့ပွဲကျင်းပမဲ့နေ့မို့ နန်းတော်ရင်ပြင်ထက် အလှအပ အပြင်အဆင်အချို့၊ စားတော်ပွဲအတွက် မုန့်တွေပြင်ကြဆင်ကြနဲ့အလုပ်ရှုပ်နေတယ်။

ဆယ်ဟွန်းကိုမျက်စိဒေါက်ထောက်ထိန်းရတဲ့အထိန်းတော်ကြီး ကလဲ ပွဲတော်မို့ သိပ်ကိုအလုပ်ရှုပ်နေတယ်၊
Yuanလေးက နန်းတွင်းက အမှုထမ်းတွေအကုန်ချစ်ကြရတဲ့မင်းသားငယ်လေးမို့အမှုထမ်းတွေအကုန်လုံးက မွေးနေ့ပွဲမှာတတ်အားသ၍ ကူညီပေးချင်ကြတယ်၊
အဲ့တော့ ဆယ်ဟွန်းအတွက် ဂွင်ပဲပေါ့။

ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ စားဖိုဆောင် သွားတယ်၊ မုန့်တွေပေါက်လွတ်ပဲစားနှိုက်မြည်းပြီးလက်မဆေးပဲအထိန်းတော်ကြီးဆင်ပေးထားတဲ့ဝတ်ရုံနဲ့သုတ်တယ်၊
ကောင်းကောင်းကန်းကန်းရှိနေခဲ့တဲ့ဝတ်ရုံအပြာနုလေးက ခုတော့ မုန့်အမှုန်တွေ ၊အစားအသောက်အတွက် ဆိုးဆေးတွေ၊ ယိုတွေနဲ့ရုပ်ပျက်ဆင်းပျက်ပဲ၊

မွေးနေ့ပွဲအတွက် တဖြည်းဖြည်းရောက်လာတဲ့ ပွဲလာပရိတ်သတ်တွေထဲက ဥယျာဉ်တော်အတွင်း တခ်ခ်ရယ်နေ၊အတင်းတုပ်နေကြတဲ့ပျိုမဒီတသိုက်ကို ဖွန်ရှယ်ကြောင်တယ်၊

သာယာလှတဲ့ ကိုယ့်ဘဝလေး။ ငလူးကောင်ကြီးဝင်မလာခင်ပေါ့၊အဟစ်

" ကြင်ယာတော် ဟွန်း ၊ ကြင်ယာတော်ဟွန်း "

အထိန်းတော်ကြီးရဲ့အော်ခေါ်သံကြားမှ ဆယ်ဟွန်းက လှစ်ခနဲ ခြုံထဲပြေးပုန်းတယ်၊
*ဒီသောက်အဘိုးကြီး လုပ်ပြန်ပြီ၊
အိမ်ကအဖေနဲ့အတူတူထားရမယ်*

အထိန်းတော်ကြီးခေါင်းကုတ်ဖင်ကုတ်နဲ့ ဟိုရှာဒီရှာလုပ်ရင်းထွက်သွားခါမှ ဆယ်ဟွန်းကပုန်းနေရာကထွက်လာတယ်။

" ကြင်ယာတော်ဟွန်း မတွေ့တာတောင်ကြာပြီဗျ"

အနဲငယ်ခပ်လှမ်းလှမ်းနေရာမှဆယ်ဟွန်းကိုမြင်သွားပုံရတဲ့ဂျုံအင်းနီးရဲ့အသံစာစာလေးကြောင့် ဆယ်ဟွန်းက ပြေးပြီး ပါးစပ်အတင်းပိတ်ရတယ်၊
မွှေလို့မဝသေးတဲ့ဆယ်ဟွန်းက လိမ်လိမ်မာမာနဲ့အထိန်းတော်ကြီးခေါ်ရာနောက်မလိုက်ချင်ပေါင်။

" ငါတို့ ဂျုံအင်းနီးတောင်အတော်ထွားလာပါ့လား"

ရောက်ခါစနဲ့မတူ ပုခုံးတွေကျယ်လာပြီး အရပ်ပိုလို့မြင့်မားလာတဲ့ဂျုံအင်ရဲ့ ပုခုံးကိုဖက်လို့တရင်းတနှီးဆိုမိတယ်။
ဝက်ဝံပေါက်နဲ့တူတဲ့ကောင်ငယ်လေးက ခုတော့ဝက်ဝံပျိုလေးအသွင်ပေါက်လာပြီ၊
မကြာခင်တော့ဝက်ဝံကြီးဖြစ်တော့မယ်။
အရပ်ကဖြငိ့ ဆယ်ဟွန်းနဲ့မတိမ်းမယိမ်းလိုဖြစ်နေပြီ။

" မင်းနဲ့ အိမ်ရှေ့စံအခြေအနေ"

ထိုသို့မေးတော့ဂျုံအင်က နှုတ်ခမ်းဆူတယ်။

" အဲ့လူကြီး မကောင်းဘူး"

ငိုတော့မလို မျက်ဝန်းတွေကြောင့်ဆယ်ဟွန်းက ခပ်တိုးတိုးဆဲရေးတယ်။
ခလေး တွေငိုရင်ချော့ရခက်ပါဘိနဲ့

" အိမ်ရှေ့စံကတအားကြမ်းလို့လား"

ထိုသို့ဆိုပြန်တော့လဲနားမလည်သလို ကြည့်ပြန်ရော။

" ဘာကြမ်းတာလဲ ၊အဲ့လူကြီးအသားလား? မကြမ်းပါဘူး နူးညံ့နေတာပဲ "

သေလိုက်ပါတော့
စောက်ခလေးသာသာကို သွားမေးမိတဲ့ ဆယ်ဟွန်းကမှားတာပါ၊

"ထားပါတော့ ထားပါတော့ "

ရုတ်တရက် ဂျုံအင့်ပုခုံးထက်သိုင်းဖက်ထားတဲ့ဆယ်ဟွန်းလက်တွေက ခပ်ကြမ်းကြမ်းဖယ်ချခံလိုက်ရတယ်။
ငုံ့ကြည့်လိုက်တော့ အိမ်ရှေ့စံ ဘတ်ခ်ဟျွန်း။

* ဟဲ ဟဲ အိမ်ရှေ့စံက နဲနဲဆယ်ဟွန်းထက်စာ အရပ်နဲနဲနိမ့်တော့ငုံကြည့်ရတယ်*

" ဂျုံအင်းနီး ကိုယ့်ဆီလာ"

ဆယ်ဟွန်းကိုလဲ မကြည်ကြည့် နဲ့ ၊ ဂျုံအင့်ကိုလဲ သူ့ဘက်ဆွဲခေါ်တယ်။

အိုးးး ရှာလကာရည်အနံ့တွေရသလိုပဲ။

ဂျုံအင်က အင့်ခနဲပါသွားပေမဲ့ အိမ်ရှေ့စံထက်အရပ်ကရှည်နေလေတော့ နဲနဲ  အင်းး...

" ဟဲ ဟဲ အိမ်ရှေ့စံ နေကောင်းပါရဲ့လား"

ထောင့်မကျိုးတဲ့အပြင်၊ ဆယ်ဟွန်းရဲ့ တိုင်းပြည်တရိုးသဝေထိုးအောင်မွှေတဲ့သတင်းကရှယ်မွှေးလေတော့ အကြောင်းစုံသိထားတဲ့အိမ်ရှေ့စံက ဆယ်ဟွန်းဆို သိပ်မကြည်ချင်။
ထိုနည်းအတူ
သူ့ရဲ့ဝက်ဝံပေါက်ကလေးနဲ့လဲ ပေါင်းစေချင်ပုံမရ။

ဆယ်ဟွန်းကလဲ နဂိုထဲက စောင်ကြောကခပ်တင်းတင်းပေမို့
စပ်ဖြဲဖြဲနဲ့ နှာခေါင်းနှိုက်ပြလိုက်တယ်။

" ကြင်ယာတော် နေကောင်းပါရဲ့လား"

ဘယ်လောက်ပဲ ထောင့်မကျိုးလို့ကြည့်မရပေအုန်းတော့မိမိ အကိုတော်ရဲ့အသည်းညှာလေးပေမို့ရိုသေသမှုကတော့ထားရသည်။

" ကောင်းပါ့ရဲ့၊ ဂျုံအင်းနီး ကိုလဲ ပျင်းရင် ကျွန်တော်မျိုးဆီ လွှတ်ပါလား၊ သူလဲ အပျင်းပြေ ကျွန်တော်မျိုးလဲ မွှေဖို့အဖော်ရအောင်"

ခွေးပေါက်လေးသဖွယ် ဂျုံအင်ကတော့ထိုးစကားကြောင့် မျက်လုံးလေးကတလက်လက်နှင့်(အမြှီးလေးသာပါရင် လှုပ်ယမ်းနေလို့ချစ်ဖို့ကောင်းအုန်းမှာ)

အိမ်ရှေ့စံကတော့ဘယ်ပြောကောင်းမလဲ
ဆယ်ဟွန်းကိုထရိုက်သတ်ချင်သလိုအကြည့်နဲ့မျက်နှာကြီးကပျက်နေတာပဲ။

" ဂျုံအင်းနီးကိုယ်တို့သွားရအောင် "

ခုပဲ ဆယ်ဟွန်းနဲ့ဆက်ရကားပြောရင် ငမွှေထိုးအကျင့်တွေဂျုံအင်ဆီကူးသွားတော့မလို ပုံစံမျိုးနှင့်သူ၏ဝက်ဝံပေါက်လေးကို ဆွဲခေါ်လို့သွားချေပြီ။

ဆယ်ဟွန်းကလဲ ဒါမျိုးမှ အားကြီးစချင်

" ဂျုံအင် အားရင်ကိုယ့်ဆီလာခဲ့နော် ၊စာအုပ်ဆန်းဆန်းတွေအများကြီးပဲ ပေးဖတ်မယ်"

လှည့်ကြည့်လှည့်ကြည့်ပါသွားတဲ့ဂျုံအင့်ကတကယ့်သနားစရာလေး၊
သူ့ခမျာအဖော်ကမက်
သူ့လူကြီးကသဝန်တိုနဲ့
ကျွတ် ကျွတ်

.....
တနေကုန်မွှေခဲ့သမျှက ညနေပိုင်းမွေးနေ့ပွဲအစီအစဉ်စတော့ ဆယ်ဟွန်းက ငိုက်ချင်နေပြီ။

ကိုယ့်အတွက် ချထားပေးတဲ့နေရာလေးမှာ ထိုင်လို့ အရှေ့က အလှပဂေးတွေကိုလဲမငမ်းနိုင်တော့ပဲ အိပ်ချင်နေတယ်။

ပွဲလာပရိတ်သတ်ကတော့ ငလူးမင်းကြီးပေါင်ပေါ်ထိုင်နေတဲ့yuanလေးကိုတန်ဖိုးကြီးလက်ဆောင်တွေဆက်ကြ  နဲ့ ရှုပ်ခတ်နေရောပဲ။yuanလေးလက်ထဲမှာဆယ်ဟွန်းဈေးထဲကဝယ်လာခဲ့တဲ့မွေးနေ့လက်ဆောင်ဈေးပေါပေါပလုပ်တုတ်ကစားစရာလေးကလှုပ်တုပ်လှုပ်တုပ်နဲ့။ငလူးကောင်ဘေးမှာထိုင်နေတဲ့ yuanလေးရဲ့မိခင်မိဖုရားကြီးကလဲ ပြုံးပျော်နေရောပဲ၊
ဒီအမျိုးသမီးကတော့ တကယ့်ကိုစိတ်ရင်းပြည့်ဝပြီးအမကြီးလိုသဘောထားမိတာမို့ဆယ်ဟွန်းကြောင်တဲ့အထဲသူမမပါပေ။

"မုန့်တွေဘယ်တော့လာချပေးမှာလဲ သိလား"

ဘေးကပ်ရပ်က ငလူးကောင်ရဲ့မယားတယောက်ဆီ လက်တို့မေးတော့ အလှလေးက ဖြေချင်ပုံမရပဲ မျက်စောင်းပိတ်ထိုးတယ်။

ဟင် ...ဆယ်ဟွန်းလဲ ဘာမှမလုပ်မိပါဘူး။
ဒီအမျိုးသမီးလေးက ဘာတွေဖြစ်။

ငလူးကောင်ရဲ့မယားတွေတော်တော်များများဆယ်ဟွန်းအပေါ်ဒီလိုဆက်ဆံကြတာချည်းပဲ၊

တကယ်တော့သူတို့ကသာမသိပဲမုန်းနေတာ၊
ဆယ်ဟွန်းကသူတို့အကုန်လုံးကိုကြောင်နေတာ။

" ကြင်ယာတော်လေး"

အနောက်ကနေအနားကပ်ကာခေါ်တဲ့ အထိန်းတော်ကြီးကြောင့်ဆယ်ဟွန်းက လှည့်ကြည့်လိုက်တယ်။

" ဘာတုန်း၊ ပြန်လို့ရလား အိပ်ချင်နေပြီ၊မုန့်လဲမကျွေးသေးဘူး၊ ဗိုက်လဲဆာတယ်"

" အရှင်မင်းကြီးက သူ့ဘေးလာထိုင်ဖို့အမိန့်ရှိပါတယ်"

"ဟာ  လုပ်ပြီ၊ အဲ့ငလူးကောင် အဲ့တာတွေမကြိုက်တာ ကိုယ့်ဟာကို တောင်အိပ်ချင်နေရတဲ့ ဒင်းက စောင်လုပ်ရှုပ်ပြီ၊ အဲ့တာတွေကြောင့်အကြောကိုမတည့်တာ ပြောရင်ကိုယ့်အလွန်ပဲဖြစ်အုန်းမယ်
ဒီလူ အဆဲကိုတောင်းတာ"

ပွစိပွစိနဲ့ပဲ လိုက်လာရတယ်၊
တောက်တခေါက်ခေါက်ကျန်ခဲ့တဲ့ ဆယ်ဟွန်းဘေးက ကိုယ်လုပ်တော်ကိုလဲ မျက်စိတဖက်မှိတ်ပြလျှာထုပ်ပြောင်ပြခဲ့ဖို့လဲမမေ့ဘူး။

********
" မယ်မယ်ဟွန်း "

ငလူးကောင်ပေါင်ပေါ်ထိုင်နေတဲ့yuanလေးက ဆယ်ဟွန်းကိုမြင်တနဲ့ မယ်မယ်ဟွန်းဟုဆိုကာ မျက်လုံးတောက်တောက်လေးတွေနဲ့ရယ်ပြတယ်။
လခွမ်းပဲ
စောင်ခလေး
ုရုပ်ကသူ့အဖေနဲ့ချွတ်စွပ်တူပေမဲ့ဒီခလေးက ချစ်မွှေးတော့အတော်ပါသား။

ဒီ စောင်ခလေးလေးကိုရော ငလူးကောင်ကိုရော ဆယ်ဟွန်းကဘာဆေးမှမကျွေးထားမိပေမဲ့ နှစ်ယောက်လုံးက ဆယ်ဟွန်းကိုတအားချစ်၊သည်းသည်းလှုပ်နေတော့တာပဲ။

ခက်တယ်၊
ဘဝမှာအားနည်းချက်က အဲ့တာတွေပဲ။
ကိုယ်က စောင်ကျိုးနည်းအောင် အကျင့်မကောင်းပေမဲ့
လူတွေကချစ်နေကြတော့ခက်သား။

ရိုက်သတ်ချင်စရာပေမဲ့ ချစ်ကြည့်တော့လဲ ချစ်စရာလေးဆိုတာ ဆယ်ဟွန်းကိုပြောတာမျိူး။

" ကိုယ်လုပ်တော် ကျင်းကိုဘာတွေသွားမေးတာလဲ ၊ ကိုယ်တော်ကလွဲသူများအသားမထိဖို့ပြောမထားဘူးလား"

စပြီ ။
စောင်ရှာလကာရည်တွေ၊
အဲ့တာတွေမကြိုက်တာ။

" မထိပါဘူး ဘယ်မှာထိလို့လဲ"

ဆယ်ဟွန်းကလဲ ဗြောင်လိမ်တာပဲ။

အများကြီးရစ်ချင်နေပုံပေမဲ့ သားတော်လေးမွေးနေ့မို့ငြိမ်လိုက်ပုံပဲ ဘာမှ ဆက်မပြောတော့ပေ။

********************
Tbc:အိမ်ခေါင်မိုးဖာဖို့အတွက်လှုထားတဲ့ssလေးတပိုင်းစာlimitပြည့်တဲ့အတွက် ရေးပေးလိုက်ပါတယ်ရှင်
နေကမကောင်းသေးပေမဲ့တတ်နိုင်တဲ့ဘက်က လုပ်ပေးချင်လို့
မလှုရသေးရင်လဲ လှုကြပါနော်
ပြီးရင်ssလာပြပြီးရေးပေးစေချင်တာလေး ပြောပါ
ြြြ⭐ေတွေကြွေတာထပ်မမြင်ရဖို့ အိမ်ခေါင်မိုးဖာကြရအောင်🙆‍♂️

Continua a leggere

Ti piacerà anche

3.2K 29 18
- 𝐀𝐧𝐨𝐭𝐡𝐞𝐫 𝐒𝐩𝐢𝐧 𝐎𝐟𝐟 𝐬𝐞𝐫𝐢𝐞𝐬 𝐟𝐫𝐨𝐦 𝐀𝐪𝐮𝐢𝐥𝐚 𝐕𝐞𝐫𝐬𝐞 - 𝐀𝐧𝐮𝐬𝐡𝐤𝐚 𝐒𝐫𝐢𝐯𝐚𝐬𝐭𝐚𝐯𝐚 & 𝐑𝐚𝐧𝐯𝐞𝐞𝐫 𝐒𝐢𝐧𝐡𝐚 - T...
16.1K 646 30
MAFIA STEP - SISTER OF BANGPINK
24.6K 1.1K 29
*𝒘𝒉𝒊𝒔𝒕𝒍𝒆* "𝑾𝒐𝒓𝒍𝒅 𝒘𝒉𝒆𝒓𝒆 𝒂𝒓𝒆 𝒚𝒐𝒖 ~" "𝑫𝒐𝒏𝒕 𝒌𝒆𝒆𝒑 𝒎𝒆 𝒘𝒂𝒊𝒕𝒊𝒏𝒈. 𝒚𝒐𝒖 𝒌𝒏𝒐𝒘 𝑰 𝒅𝒐𝒏'𝒕 𝒍𝒊𝒌𝒆 𝒊𝒕 " "𝑾𝑶𝑹...
6.3K 380 15
"he was her dark fairytale,and she was his twisted fantasy" 〜⁠(⁠꒪⁠꒳⁠꒪⁠)⁠〜 This is psychopathic Romance novel which is mix of office rom-com+marriage...