ငါတို့တစ်မိသားစုလုံးက ဗီလိန်...

By Kay_Wine

1.3M 203K 6.4K

Title - My Whole Family Are Villain (我们一家都是反派) Author - 咸鱼老人 Total Chapter - 100 Chapters + 2 extras Genre... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17.1
Chapter 17.2
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46.1
Chapter 46.2
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Extra - 1
Extra - 2

Chapter 76

10.7K 1.9K 87
By Kay_Wine

MWFV Ch 76

Having Dad is Enough

Zawgyi Version

"ေမေမ, ဒီကိုျမန္ျမန္လာ။ ဒီေနရာက တအားလွတာပဲ"

"မန႔္အာ, သတိထားဦးေနာ္"

"အဆင္ေျပပါတယ္။ ေမေမ, ဒီကိုလာပါဆို"

"ေဖေဖက သမီးတို႔နဲ႔လိုက္ဖို႔ အခ်ိန္ကမရွိဘူး, ဟြန႔္! ေနာက္တစ္ခါက်ရင္ ေဖေဖ့ကိုရေအာင္ေခၚၿပီး ဒီမွာလာျပန္ကစားၾကရ‌ေအာင္ေနာ္"

"ဟုတ္ပါၿပီ။ ေနာက္တစ္ခါက်ရင္ အေမတို႔ သမီးအေဖကိုပါ အတူတူေခၚလာၾကတာေပါ့"

...

အေမနဲ႔သမီးစကားေျပာဆိုမႈေတြက စုေပရဲ႕အာ႐ုံကို ဖမ္းစားသြားခဲ့တယ္။ အသံလာရာကိုၾကည့္လိုက္ေတာ့ စုေပ လီမန႔္အာကိုေတြ႕လိုက္ရတယ္။

ဒါဆို သူ႔ေဘးကအမ်ိဳးသမီးက လီမန႔္အာရဲ႕အေမ, စုမိန္မ်ားလား? စုေပရဲ႕မ်က္ဝန္းေတြက အံ့အားသင့္မႈ‌ေၾကာင့္ လက္ခနဲျဖစ္သြားရေတာ့တယ္။

"ေဖေဖ" စုေပ ခ်င္ေရွာက္ကိုေခၚၿပီး စုမိန္ထံၫႊန္ျပလိုက္တယ္။ "အဲ့ဒီသူက စု-- ဟုတ္လား အဲ, သမီးဆိုလိုခ်င္တာက, Mrs.စုမိန္လားဟင္?"

"အင္း" Mr.ခ်င္ ေခါင္းညိတ္လိုက္တယ္။ သူ႔မ်က္ႏွာထားက မည္းေမွာင္လို႔‌ေနတယ္။

Mr.ခ်င္ရဲ႕အတည္ျပဳခ်က္ကိုရၿပီးသြားတဲ့ေနာက္ စု‌ေပတစ္ေယာက္ စုမိန္ကို ေနာက္တစ္ေခါက္ ထပ္ၾကည့္လိုက္တယ္။ ဝတၳဳရဲ႕အေစာပိုင္းအခန္းမွာ ေဖာ္ျပခဲ့တဲ့အတိုင္း စုမိန္က အလြန္တရာ ေခ်ာေမာလွပသူျဖစ္တယ္။ ဆယ္ႏွစ္ေက်ာ္ေက်ာ္ ကုန္လြန္သြားၿပီးတဲ့‌ေနာက္မွာေတာင္ စုမိန္က လွေနဆဲပဲျဖစ္တယ္။

သို႔ေပမဲ့ သူမအ‌ေပၚ စုေပရဲ႕အျမင္က ဝတၳဳရဲ႕ေဖာ္ျပခ်က္နဲ႔ အေတာ္ေလး ကြဲျပား‌‌ေနခဲ့တယ္။ ဝတၳဳထဲကစုမိန္မွာ ရန္မူလိုတဲ့ အမ်ိဳးသမီးအရံဇာတ္ေကာင္တစ္ေယာက္မွာရွိသင့္တဲ့ သေဘာထားေသးသိမ္ၿပီး ရက္စက္ၾကမ္းၾကဳတ္တဲ့ ပင္ကိုလကၡဏာေတြရွိေနခဲ့တယ္။ သို႔ေသာ္ အခုခ်ိန္မွာေတာ့ စုမိန္က အိမ္ေထာင္ရွိ သာမန္အမ်ိဳးသမီးတစ္‌ေယာက္လို၊ မိခင္တစ္ေယာက္လိုပုံထက္ ဘာမွထူးျခားမေနတဲ့ပုံေပါက္ေနတယ္။

Mr.ခ်င္က မ်က္လႊာခ်ထားၿပီး သူ႔သမီးေလးက သူမရဲ႕ေခါင္းကို အနည္းငယ္ေစာင္းရင္း ခပ္လွမ္းလွမ္းက အမ်ိဳးသမီးထံ အေလးအနက္စိုက္ၾကည့္ေနတာကို ျမင္လိုက္ရတယ္။ သူမရဲ႕ေမြးမိခင္ကိုၾကည့္ေနတာပဲလို႔ ေတြးမိလိုက္ခ်ိန္မွာ မႏွစ္ၿမိဳ႕ဖြယ္ခံစားခ်က္တစ္ခုက Mr.ခ်င္ရဲ႕ႏွလုံးသားထဲမွာ ႐ုတ္တရက္ ျမင့္တက္လာခဲ့ေတာ့တယ္။

စုေပ မသိလိုက္တာက သူမ စုမိန္ကို စူးစမ္းေနခ်ိန္မွာ Mr.ခ်င္က ခက္ခဲတဲ့ဆုံးျဖတ္ခ်က္တစ္ခုကို တိတ္တဆိတ္ ခ်လိုက္တယ္ဆိုတာပါပဲ။

"ေရွာင္ေပ, သမီး သူနဲ႔ေတြ႕ခ်င္လား?" Mr.ခ်င္ ေမးလိုက္တယ္။ အမွန္အတိုင္း‌ေျပာရရင္ ခ်င္ေရွာက္အေနနဲ႔ ေရွာင္ေပနဲ႔ ေရွာင္ေပါင္ကို စုမိန္နဲ႔ ဘာအဆက္အသြယ္မ်ိဳးမွ မလုပ္ေစခ်င္ေသးဘူး။ သို႔ေပမဲ့ အဲ့ဒီအမ်ိဳးသမီးက သူတို႔ေလးေတြရဲ႕ေမြးမိခင္ျဖစ္တယ္။ ဒါက သူေျပာင္းလဲလို႔မရႏိုင္တဲ့ အမွန္တရားတစ္ခုပဲ။

Mr.ခ်င္ရဲ႕ႏွလုံးသားက စတင္မဟန္ေတာ့တဲ့အခ်ိန္မွာ စုေပက ေခါင္းကိုခါယမ္းလိုက္တယ္။

"ဟင့္အင္း," စုေပ ျပန္ေျဖလိုက္တယ္။ သူမရဲ႕ေလသံက ျပတ္သားၿပီး စစ္မွန္လွတယ္။ သူမကို သိခ်င္စိတ္ေတြျဖစ္ေပၚလာေစတာက စုမိန္က ဝတၳဳထဲက အေရးပါတဲ့ဇာတ္ေကာင္ေတြထဲက တစ္ေယာက္ျဖစ္တယ္ဆိုတဲ့အခ်က္ပဲ, အဲဒါေၾကာင့္ သူမ သူ႔ကို တစ္ခ်က္ေလာက္ၾကည့္ခ်င္႐ုံသက္သက္ပဲ, ဒီ‌ေလာက္ပါပဲ။ သူတို႔ရဲ႕ဘဝေတြထဲမွာ တစ္ခါမွေပၚမလာဖူးခဲ့တဲ့လူတစ္ေယာက္အ‌ေနနဲ႔ စုမိန္က သူစိမ္းတစ္ေယာက္နဲ႔ ထူးမျခားနားလွေခ်။

ဒါက သူမ Mr.ခ်င္နဲ႔ ပထမဆုံးစေတြ႕တဲ့အခ်ိန္တုန္းက စုေပရဲ႕ခံစားခ်က္ေတြနဲ႔ အတူတူပဲျဖစ္တယ္။ သို႔ေပမဲ့ ကြာျခားခ်က္တစ္ခုလည္းရွိတယ္။ အဲ့ဒီအခ်ိန္တုန္းက Mr.ခ်င္က ဒီတိုင္း Mr.ခ်င္သာျဖစ္ၿပီး စုေပက သူ႔ထံ တစ္ဟုန္ထိုးေျပးသြားကာ ဘာသိကၡာေစာင့္ထိန္းမႈမွမရွိဘဲ သူ႔အား 'ေဖေဖ' လို႔ေခၚလိုက္ေပမဲ့ စုမိန္မွာက ဘဝအသစ္နဲ႔ ကိုယ္ပိုင္မိသားစုတစ္ခု ရွိႏွင့္ေနခဲ့ၿပီျဖစ္တယ္။

သူမနဲ႔ စုေရွာင္ေပါင္လိုမဟုတ္ဘဲ, လီမန႔္အာအေၾကာင္း စုေပသိသေလာက္ဆို, လီမန႔္အာက ကေလးဘဝကတည္းက ၿပီးျပည့္စုံတဲ့မိသားစုတစ္ခုရွိခဲ့ၿပီး အၿမဲတ‌ေစ ေပ်ာ္႐ႊင္စြာေနထိုင္ခဲ့ရတယ္ဆိုတာ သိသာေနတယ္။ အဲဒါေၾကာင့္ တစ္ဖက္မွာ ေပ်ာ္႐ႊင္ဖြယ္ရာမိသားစုေလးတစ္ခု ရွိႏွင့္ေနၿပီးျဖစ္တာေၾကာင့္ ဒီအေျခအေနကို အေနခက္ေအာင္လုပ္မိမွာကိုသာစိုးတာေၾကာင့္ သူတို႔အတူတူရွိၾကဖို႔ မႀကိဳးစားေတာ့တာျဖစ္တယ္။

လူတိုင္းက မည္သည့္ၾကားဝင္‌ေႏွာင့္ယွက္မႈမ်ိဳးမွမရွိဘဲ ေကာင္းမြန္စြာေနထိုင္သင့္တယ္--ဒီလိုေတြးလိုက္ရင္းနဲ႔ပဲ စုေပက မသိလိုက္မသိဘာသာနဲ႔ သူမဘာသာ ေခါင္းေတြညိတ္လိုက္မိတယ္။

Mr.ခ်င္က စုေပဘာေတြေတြးေနမွန္းမသိေပမဲ့ သူ႔သမီးေလးရဲ႕အေျဖကိုၾကားလိုက္ရတဲ့အခါမွာေတာ့ သူ႔ရဲ႕တင္းမာေနတဲ့မ်က္ႏွာထားက အေတာ္ႀကီးကို ေပ်ာ့ေပ်ာင္းသြားခဲ့တယ္။

ခ်င္ေရွာက္ : "ေနာင္တမရဘူးလား?"

ခပ္လွမ္းလွမ္းက အေမနဲ႔သမီးအျပန္အလွန္ဆက္ဆံေရးပုံရိပ္တစ္ခုက လူေတြကို မနာလိုျဖစ္ေအာင္လုပ္ဖို႔ လြယ္ကူလွတယ္။

စုေပ : "မရပါဘူး!"

စုမိန္ရဲ႕မိသားစုအသစ္က အေတာ္ေလးေကာင္းမြန္ၿပီး သဟဇာတျဖစ္ပုံရတယ္ဆိုေပမဲ့ သူတို႔ရဲ႕ကိုယ္ပိုင္မိသားစုကလည္း မဆိုးဘူးေလ။ စုေပၿပဳံးလိုက္တယ္။ သူမ Mr.ခ်င္ရဲ႕လက္ေမာင္းကို တယုတယ ဆြဲယူလိုက္ၿပီး သူမရဲ႕ေခါင္းကိုေမာ့ကာ အေလးအနက္ ေျပာလိုက္တယ္။ "ေဖေဖရွိ႐ုံနဲ႔တင္လုံေလာက္ပါတယ္"

သူမအတြက္ ေရွာင္‌ေပါင္ေရာ ဒယ္ဒီခ်င္ပါ အိမ္မွာရွိ‌ေနၿပီျဖစ္တဲ့အျပင္ သူတို႔က သူမအေပၚ ေကာင္းေကာင္းဆက္ဆံၾကတယ္။ စုေပက အခုခ်ိန္မွာ အျပည့္အဝေပ်ာ္႐ႊင္ေနရၿပီျဖစ္တယ္။

ေကာင္မေလးရဲ႕အညိဳေရာင္မ်က္ဝန္းေတြက သူ႔အား စိတ္အားထက္သန္စြာ ၾကည့္ေနခဲ့တယ္။ ညေနခင္းေနဝင္ခ်ိန္ရဲ႕ ေနဝင္ဆည္းဆာအလင္းက အညစ္အေထးကင္းစင္ၿပီး တလက္လက္ေတာက္ပစြာ ႐ႊန္းစိုေနတဲ့ အဲ့ဒီမ်က္ဝန္းေတြထဲကို ေရာင္ျပန္ဟပ္လာခဲ့တယ္။

Mr.ခ်င္ၿပဳံးလိုက္မိတယ္။ သူ႔လက္ကိုေျမႇာက္ၿပီး စုေပရဲ႕ေခါင္းကိုပုတ္လိုက္တယ္။ "ျပန္ၾကစို႔‌ေလ။ ဒီမွာျခင္ေတြအမ်ားႀကီးပဲ။ သမီးအကိုက္ခံရလိမ့္မယ္" သူ႔ေလသံက အခ်စ္ေတြအျပည့္ႏွင့္ပင္။

"ဟုတ္"

အျပန္လမ္းမွာ စုေပက Mr.ခ်င္ရဲ႕လက္ကိုဆုပ္ကိုင္ထားဆဲပဲျဖစ္တယ္။ အတိအက်ေျပာရရင္ သူမက Mr.ခ်င္ရဲ႕လက္ေမာင္းကို ဖက္တြယ္ထားတာမ်ိဳးပင္။ သူ႔လက္‌ေမာင္းေပၚကအေလးခ်ိန္ကို ခံစားမိခ်ိန္မွာ ခ်င္ေရွာက္မွန္းဆလိုက္တာက ဒီကေလးမေလးက သူ႔ဘာသာသူ လမ္းမေလွ်ာက္ခ်င္တာ‌ေၾကာင့္ သူ႔ကိုတ႐ြတ္ဆြဲေခၚသြားေစခ်င္တာဟူ၍ပင္။ သို႔သည့္တိုင္ Mr.ခ်င္က ဒီအရာကို စိတ္ထဲမထားဘဲ ေပ်ာ္ေတာင္ေပ်ာ္ေနေသးတာျဖစ္တယ္။

---

အေဖနဲ႔သမီး ေနာက္ကိုျပန္လွည့္မၾကည့္ဘဲ ထြက္သြားၾကၿပီးတဲ့ေနာက္ ၎တို႔တည္ရွိေနမႈကို သတိထားမိတဲ့ စုမိန္က ထိုႏွစ္ဦးထြက္သြားတာကို ရႈပ္ေထြးတဲ့ခံစားခ်က္ေတြနဲ႔ ၾကည့္ေနမိတယ္။ ေက်ာင္းျပင္ပေလ့လာေရးခရီးက ခုႏွစ္တန္းႏွင့္ ရွစ္တန္းမွေက်ာင္းသားမ်ားအတြက္သာျဖစ္တာ‌ေၾကာင့္ ခ်င္မိသားစု၏ဖခင္ႏွင့္ ကေလးမ်ားအား သူမ အစကတည္းက သတိထားမိခဲ့တာျဖစ္တယ္။

စုမိန္ထင္မထားမိတာက သူတို႔ေလးေတြရဲ႕တည္ရွိမႈနဲ႔ပတ္သတ္ၿပီး ဆယ့္ေလးႏွစ္ၾကာ ေမ့ေဖ်ာက္ဖို႔ႀကိဳးစားၿပီးတဲ့ေနာက္ သူမ စြန႔္ပစ္ထားခဲ့တဲ့ ကေလးႏွစ္‌ေယာက္စလုံးက ထူးခြၽန္ေျပာင္ေျမာက္တဲ့ ဆယ္ေက်ာ္သက္ေတြအျဖစ္ ႀကီးျပင္းလာခဲ့ၾကတယ္ဆိုတာကိုပဲ။ Mr.ခ်င္က ဒီကေလးေတြအေပၚ အလြန္ေကာင္းမြန္စြာ ဂ႐ုစိုက္ခဲ့ၿပီး သူက ေသခ်ာေပါက္ ဖခင္ေကာင္းတစ္ေယာက္ပင္ျဖစ္တယ္။ အဲဒါက စုမိန္ မေပးစြမ္းႏိုင္တဲ့အရာတစ္ခုပဲ။ သူတို႔ေလးေတြကို သူမ ျပဳစုပ်ိဳးေထာင္ေပးႏိုင္ေသာ္ျငား မန႔္အာလိုမ်ိဳး သူတို႔ကို သူမ ဆက္ဆံေပးႏိုင္ေလာက္မွာမဟုတ္ဘူး။ အဆုံးသတ္က ၾကည့္ရတာ သူမနဲ႔ အဲ့ကေလးႏွစ္ေယာက္မွာ တကယ္ႀကီး ဘာကံၾကမၼာမွမရွိတဲ့ပုံပဲ။

စုမိန္က သက္ျပင္းအသာခ်ၿပီး ေနာက္ဆုံးမွာေတာ့ သူမႏွလုံးသားထဲက အၿပီးသတ္စြဲလမ္းမႈအႂကြင္းအက်န္ေတြကို လႊတ္ခ်လိုက္ေတာ့တယ္။

အဲ့ဒီညမွာ Mr.ခ်င္က တဲအျပင္ဘက္မွာရွိတဲ့ ပစၥည္းေတြကို သပ္သပ္ရပ္ရပ္ျဖစ္‌ေအာင္ သိမ္းဆည္းၿပီးတဲ့ေနာက္ တဲအတြင္းသို႔ဝင္လာခ်ိန္မွာ အမႊာႏွစ္ေယာက္က အိပ္စက္နားေနရမယ့္ေနရာမွာ ေအးေအးလူလူ လဲေလ်ာင္းေနတာကို သူျမင္လိုက္ရတယ္။ ႏွစ္ေယာက္သား အင္တာနက္စြဲေနတဲ့ဆယ္ေက်ာ္သက္မ်ားအတြက္ ၿပီးျပည့္စုံတဲ့ဥပမာတစ္ခုလိုမ်ိဳး မိုဘိုင္းဖုန္းကိုယ္စီနဲ႔ အတူတကြ တိုးေဝွ႔ပူးကပ္ေနၾကတယ္။ ဒါကိုျမင္လိုက္ရတဲ့အခါမွာေတာ့ Mr.ခ်င္က ေခါင္းကိုက္လာတာ‌ေၾကာင့္ မ်က္ေမွာင္အနည္းငယ္ၾကဳတ္လိုက္မိတယ္။

စုေရွာင္ေပါင္က တုယီမင္ရဲ႕ငတုံးမ်ားအဖြဲ႕နဲ႔ ဂိမ္းကစားေနတာျဖစ္တယ္။ တုယီမင္ရဲ႕စကားကိုသုံးရရင္ : သူတို႔ေတြက ကစားေနတာမဟုတ္ဘူး, ဒါေပမဲ့ ဂုဏ္က်က္သေရနဲ႔ ဘုန္းတန္ခိုးအာဏာအတြက္ တိုက္ပြဲဝင္ေနျခင္းပင္။

စုေရွာင္ေပါင္ရဲ႕ေဘးမွာ စုေပက ေန႔လည္တုန္းက သူမ ႐ိုက္ထားတဲ့ဓာတ္ပုံေတြကို ၾကည့္ေနတာျဖစ္တယ္။ အရင္ဆုံး သူမက သူတို႔ရဲ႕စခန္းခ်ရာေျမေနရာ ရႈခင္းဓာတ္ပုံကိုေ႐ြးခ်ယ္ၿပီး 'ေက်ာင္းေလ့လာေရးခရီးစဥ္‌ေလး။ အရမ္းေပ်ာ္တာပဲ~' ဆိုတဲ့မွတ္ခ်က္တစ္ခုနဲ႔အတူ [ေဖေဖ] တစ္ဦးတည္းသာျမင္ႏိုင္တဲ့ setting ကိုခ်ိန္ၿပီးတဲ့ေနာက္ သူမရဲ႕ WeChat Moments မွာတင္လိုက္တယ္။

ထို႔ေနာက္ Mr.ခ်င္က ဘာမွသတိမျပဳမိေသးခ်ိန္မွာပဲ စုေပက ေနာက္ထပ္ Moments post တစ္ခုကို တိတ္တိတ္‌ေလး လုပ္လိုက္ျပန္တယ္။ သူမ စုစုေပါင္းဓာတ္ပုံသုံးပုံတင္ထားခဲ့တယ္ : သူမရဲ႕ဆယ္လ္ဖီပုံတစ္ပုံ၊ စုေရွာင္ေပါင္ရဲ႕ ေအးတိ‌ေအးစက္မ်က္ႏွာပုံတစ္ပုံနဲ႔ သူမ ခိုး႐ိုက္ထားတဲ့ Mr.ခ်င္ရဲ႕ဓာတ္ပုံတစ္ပုံပင္။

ဓာတ္ပုံသုံးပုံစလုံးက တစ္ပုံခ်င္းစီမွာ မတူညီတဲ့ရႈေထာင့္တစ္ခုစီရွိတယ္ဆို‌ေသာ္ျငား သူတို႔အားလုံးက ဆင္တူတီရွပ္ေတြဝတ္ထားတယ္ဆိုတာကို‌ေတာ့ ရွင္းရွင္းလင္းလင္းႀကီးကို ျမင္ေနရတာျဖစ္တယ္။ စုေပက ဓာတ္ပုံသုံးပုံကို စိတ္ေက်နပ္စြာၾကည့္ၿပီး သူမဘာသာေခါင္းေတြညိတ္ကာ post မွာ ေနာက္ထပ္စာေၾကာင္းတစ္ေၾကာင္း ထပ္ထည့္လိုက္တယ္။ "ငါတို႔အိမ္က အေခ်ာေလးႏွစ္ေယာက္, ဟဲဟဲ" ၎ post ကိုေတာ့ [ေဖေဖ] မျမင္ရေအာင္ block လုပ္ၿပီးမွ စုေပက 'post' ခလုတ္ကိုႏွိပ္လိုက္တယ္။

[ေဖေဖ] တစ္ဦးတည္းသာျမင္ႏိုင္တဲ့ ပထမ post က Mr.ခ်င္ထံမွ ခ်ီးက်ဴးမႈတစ္ခုတည္းျဖင့္သာ တကယ့္ကို လူသူကင္းမဲ့ေနတယ္။ ဒုတိယ post ကမူ ပိုမိုသက္ဝင္လႈပ္ရွားမႈရွိလွတယ္။

[ရွဲ႕မင္႐ႊမ္း : အေဖနဲ႔သားသမီးရဲ႕တီရွပ္ေတြက သူတို႔မိသားစုရဲ႕ဝါစဥ္ကိုျပေနတာပဲ]

[က်ိဳးက်ားက်ား : ငါေသာက္ရမ္းမနာလိုတာပဲ!]

[ေခ်ာလိုက္တာ!]

[လ်ိဳ႕ခိုင္ : ဟားဟားဟားဟား, အန္ကယ္ခ်င္က ဒီလိုအဝတ္အစားေတြ တကယ္ႀကီး ဝတ္ထားတာပဲ]

[တုန႔္ဝိန္ခ်ီ : နင္အဲ့တီရွပ္ေတြဝယ္တုန္းက ငါတကယ္အထင္‌ေသးခဲ့မိတာ]

[စုေပမွ တုန႔္ဝိန္ခ်ီအား reply လုပ္ျခင္း : အခုေရာ?]

[တုန႔္ဝိန္ခ်ီ : ေခ်ာေမာခန္႔ညားၿပီး လွပတဲ့မ်က္ႏွာေလးရွိတာက တကယ္ႀကီး မတရားအသုံးဝင္တာပါလားေနာ္]

...

[vvvv : ေဘဘီQ ေလး, မင္းမ်က္ႏွာေပၚကဒဏ္ရာက သက္သာသြားၿပီလား?]

အစ္ကိုႀကီးရႈက စုေပထံ message တစ္ေစာင္ပို႔လာတယ္။

[vvvv] : မင္းဒဏ္ရာသက္သာသြားၿပီလားလို႔?

[စုေပ] : အင္း။

[vvvv] : တကယ္? မင္း beauty filter တို႔ ဓာတ္ပုံျပင္တဲ့ program တို႔ဘာတို႔ သုံးထားတာမဟုတ္ဘူးလား?

[စုေပ] : ေသခ်ာေပါက္ မသုံးထားပါဘူး! ႏိုး filter ႏိုး edit ပါေနာ္။ ငါ့မ်က္ႏွာအစစ္ႀကီးပါ။

[vvvv] : ဟားဟားဟား, ေကာင္းတာေပါ့။

ဒီတစ္ေခါက္မွာ ရႈရွီေဝလည္း တကယ္ႀကီး လိုက္ခ်င္ခဲ့တာျဖစ္တယ္။ သို႔ေပမဲ့ သူ႔ေက်ာင္းစာေမးပြဲရက္သတၱပတ္က မတရားေၾကာက္စရာေကာင္းလြန္းေနတာေၾကာင့္ပင္။

[vvvv] : ငါဝမ္းသာပါတယ္။ ဒါဆို ေနာက္လာမယ့္ကစားနည္းပုံစံကို အဖြင့္ပုံစံေျပာင္းၿပီးပြဲက်င္းပဖို႔ Mr.ခ်င္ကို မင္းအခုေတာင္းဆိုလို႔ရၿပီေပါ့, ဒါမွ လူတိုင္းက ေဘဘီ Q ေလးရဲ႕မ်က္ႏွာကိုျမင္သြားၿပီး ဖိုရမ္က အဲ့ေသာက္႐ူးေတြရဲ႕မ်က္ႏွာကို မင္းျဖတ္႐ိုက္လို႔ရမွာ။

ယခု 'Red Hacker Challenge' တြင္ပါဝင္ၾကသူမ်ားသာမက အသိုင္းအဝိုင္းတစ္ခုလုံးကပါ [Q] က႐ုပ္ဆိုးတယ္ဆိုတာကို လက္ခံထားၾကပုံရတယ္။ ၿပီးခဲ့တဲ့ႏွစ္ရက္က vvvv ရဲ႕သူငယ္ခ်င္းေဟာင္းတစ္ေယာက္က [Q] နဲ႔အတူတူကစားတဲ့အခ်ိန္မွာ သူ႔စိတ္အေျခအေနကို သက္ေရာက္မႈရွိ မရွိကို‌ေတာင္ ေမးလာရဲေသးတယ္။ ဒီျဖစ္ရပ္က ရႈရွီေဝရဲ႕ေဒါသေတြကို ဆူပြက္လာေစၿပီး အဖြင့္ပုံစံစတင္က်င္းပဖို႔ သူစိတ္ေလာႀကီးေနမိတယ္, ဒါမွသာ သူက ေဘဘီ Q ေလးနဲ႔ ပြဲထြက္လာၿပီး အဲ့ေသာက္႐ူးေတြရဲ႕မ်က္ႏွာကို ျဖတ္႐ိုက္ႏိုင္မွာျဖစ္တယ္။

[စုေပ] : ထားလိုက္ပါ။ ခဏေစာင့္ၾကတာ‌ေပါ့။

စုေပ အဖြင့္ပုံစံပြဲက်င္းပရာမွာ ကစားဖို႔တြန႔္ဆုတ္ေနရတဲ့ အႀကီးမားဆုံးအေၾကာင္းရင္းတစ္ခုက သူမရဲ႕ identity ကို လင္းေရွာက္ခ်ီထံ မေဖာ္ထုတ္ခ်င္ေသးတာေၾကာင့္ပဲျဖစ္တယ္။ အကယ္၍မ်ား လင္းေရွာက္ခ်ီက သူခက္ခက္ခဲခဲႀကိဳးစားရွာ‌ေဖြထားခဲ့ရတဲ့ နည္းပညာပိုင္းဆိုင္ရာအႀကံ‌ေပးက တကယ္တမ္းေတာ့ သူ႔စီးပြားေရးပါတနာရဲ႕သမီးမွန္းသိသြားခဲ့မယ္ဆိုရင္ ဘာေတြျဖစ္လာမလဲဆိုတာကို စုေပသိခ်င္ေနမိတယ္။ ခ်င္မိသားစုက သူ႔ကိုလွည့္စားဖို႔ႀကိဳးစားေနတယ္လို႔မ်ား သူထင္သြားလိမ့္မလား?

[vvvv] : မင္းဘာလို႔တြန႔္ဆုတ္ေနရတာလဲ?

[vvvv] : ငါ အခုေလးတင္ သူငယ္ခ်င္းတစ္ေယာက္ဆီက အခ်က္အလက္တစ္ခ်ိဳ႕ရထားတယ္။ ေနာက္လာမယ့္ပြဲမွာ ငါတို႔ေတြ [La] နဲ႔ေတြ႕ဖို႔မ်ားတယ္။ မင္းစိတ္ပိုင္းဆိုင္ရာျပင္ဆင္ထားမွရမယ္။

[La] က ဒုတိယအေက်ာ့ပြဲစဥ္အၿပီးမွာ ဒုတိယအဆင့္ခ်ိတ္ထားသူျဖစ္တယ္။ ဖိုင္နယ္ပြဲမတိုင္ခင္ သူတို႔က သူတို႔ရဲ႕အဖြဲ႕ကိုျပန္လည္ဖြဲ႕စည္းခဲ့ၿပီး ၎တို႔ရဲ႕စြမ္းေဆာင္ရည္ေတြကို ဒီ့ထက္ပိုၿပီး တိုးတက္ေအာင္ လုပ္ေဆာင္ခဲ့တယ္။ ၎တို႔တစ္ဦးခ်င္းစီ၏အင္အားက စုေပ သို႔မဟုတ္ vvvv ထက္ ေသခ်ာေပါက္ ပိုမေကာင္းဘူးဆို‌ေသာ္ျငားလည္း ၎တို႔၏စုစု‌ေပါင္းအင္အားကိုမူ ေလွ်ာ့တြက္၍မရေခ်။

[vvvv] : ဒါေပမဲ့ မေၾကာက္ပါနဲ႔။ မင္းမွာ ဒီအစ္ကိုႀကီးရွိပါေသးတယ္ကြ, ဟားဟား။

[စုေပ] : ငါမေၾကာက္ပါဘူး။

...

ရႈရွီေဝနဲ႔ ခဏေလာက္ စကားေျပာၿပီးသြားတဲ့ေနာက္ စုေပက [La] ရဲ႕လုပ္ေဆာင္ခ်က္ဗီဒီယိုေတြကို စစ္‌ေဆးၾကည့္ဖို႔အတြက္ အြန္လိုင္းတက္လိုက္တယ္။ တခဏမွ်ၾကာၿပီးေနာက္ သူမ ေနာက္ဆုံးေတာ့ browser ကိုပိတ္ၿပီး WeChat app ထဲသို႔ log in ဝင္ကာ မွတ္ခ်က္‌ေတြကို reply ျပန္လုပ္ေပးေနခဲ့တယ္။

[Mr.ခ်င္က မတရားေခ်ာတာပဲ!]

[စုေပ : ေသခ်ာတာေပါ့!]

[အဲ့တီရွပ္ေတြက အရမ္းရယ္ရတယ္ေနာ္]

[စုေပ : အဲ့တာ ငါဝယ္ထားတာ‌ေလ~ *ေက်နပ္*]

ျဖစ္ႏိုင္တာက သူမ ေတာင္ေပၚကိုတက္ရတာ ပင္ပန္းေနၿပီျဖစ္တာေၾကာင့္ စုေပရဲ႕မ်က္ခြံေတြက ျမန္ျမန္ဆန္ဆန္ႀကီးကို စတင္ေလးလံလာေတာ့တယ္။ သူမ စုေရွာင္ေပါင္ကိုမွီထားရင္း သက္ေတာင့္သက္သာ အေနအထားတစ္ခုရတဲ့အထိ နည္းနည္းေလာက္ ေ႐ႊ႕လိုက္ကာ ေနာက္ထပ္ reply အနည္းငယ္ကို ျပန္ေျဖေနလိုက္တယ္။ အခ်ိန္တိုအတြင္းမွာပဲ သူမ အိပ္ေပ်ာ္သြားခဲ့ၿပီျဖစ္တယ္။

---

ထိုစဥ္ Mr.ခ်င္က အလုပ္ကိစၥေတြကိုေျဖရွင္းၿပီးသြားတဲ့ေနာက္ သူ႔ဖုန္းကိုခ်လိုက္ၿပီး ထို႔ေနာက္ အထဲဝင္လိုက္ခ်ိန္မွာ အိပ္ေပ်ာ္ေနၾကၿပီျဖစ္တဲ့ သူ႔ကေလးႏွစ္ေယာက္ကို ေတြ႕လိုက္ရေတာ့တယ္။ တိုးေဝွ႔ပူးကပ္ေနၾကတဲ့အမႊာႏွစ္‌ေယာက္ကိုၾကည့္ရင္း Mr.ခ်င္က မ်က္ေမွာင္အနည္းငယ္ၾကဳတ္မိသြားတယ္။ ဒီမွာ အိပ္ယာခင္းအိတ္သုံးအိတ္ရွိေနတာပဲကို ဒါေပမဲ့ အဲ့ကေလးေတြက အတူတူ တိုးေဝွ႔ေနၾကတုန္းပဲ။

Mr.ခ်င္က စုေပကို ေနရာေ႐ႊ႕ေပးမလို႔လုပ္တုန္းမွာ။ စုေပရဲ႕လက္ထဲက‌ေန မိုဘိုင္းဖုန္းတစ္လုံးျပဳတ္က်လာၿပီး screen ကို အခုထိ မပိတ္ထားရေသး‌‌ေပ။ တိုက္တိုက္ဆိုင္ဆိုင္ပင္ Mr.ခ်င္တစ္ေယာက္ စုေပရဲ႕ WeChat Moments ကိုျမင္သြားခဲ့ေတာ့တယ္။

---

မေန႔ညတုန္းက အလုပ္လုပ္စရာမရွိေတာ့တဲ့ WeChat's features ေတြကို တစ္ခါမွအသုံးမျပဳဖူးတဲ့ Mr.ခ်င္က ပထမဆုံးအေနနဲ႔ Moments အလုပ္လုပ္ပုံနဲ႔ပတ္သတ္ၿပီး အင္တာနက္သုေတသနကို အေလးအနက္ လုပ္ေဆာင္ေနခဲ့တယ္။

ခ်င္ေရွာက္ : သူမ်ားေတြတင္ထားတဲ့ Moments post ကို ငါဘာလို႔မျမင္ရတာလဲ?

ဤအရာမ်ားက reply မ်ားပင္ :

[ဟားဟားဟား, congratulations ပါ, မင္း block ခံထားရတာေလ]

[အဲဒါက တစ္ဖက္လူက သူတို႔ရဲ႕ post ေတြကို မင္းကိုမျမင္ေစခ်င္တာကို သက္ေသျပေနတာပဲ။ သိပ္အမ်ားႀကီး ေမးမေနစမ္းပါနဲ႔။ စိတ္ဓာတ္ေတြပဲက်သြားလိမ့္မယ္]

[Post တစ္ခုတည္းလား?]

[ဒါဆို post တင္တဲ့သူက မင္း အဲ့တာကိုမျမင္ရေအာင္ block ထားတဲ့သူပဲျဖစ္ရမယ္]

...

[ဒါနဲ႔ စကားမစပ္, ငါ့ရည္းစားေဟာင္းလည္း ငါ့ကိုဆို အဲ့လိုပဲဆက္ဆံေနက်ပဲ။ တစ္ျခားသူေတြနဲ႔ ပေရာပရည္လုပ္ဖို႔ႀကိဳးစားတိုင္း သူမက ငါ့ကိုတစ္ဖက္သတ္ႀကီး block ပစ္လိုက္ေရာ။ မင္းေရာအဲ့လို....]

ခ်င္ေရွာက္ : အဲ့ဒါငါ့သမီးပါ။

[Nani?!]

[ဟားဟားဟား, အဲ့တာပုံမွန္ပါပဲ]

[အဲ့တာက အခုေခတ္ကေလးေတြရဲ႕ အေျခခံ survival skills ေတြထဲကတစ္ခုပဲ]

[ဟုတ္တယ္, ငါလည္းအဲ့လိုပဲလုပ္ခဲ့တာ။ အျပင္သြားတာပဲျဖစ္ျဖစ္ သူငယ္ခ်င္းေတြနဲ႔ ေလွ်ာက္သြားေလွ်ာက္စားတာပဲျဖစ္ျဖစ္ အဲ့လို post မ်ိဳးေတြဆိုရင္ ငါက အၿမဲတမ္း ငါ့မိဘေတြကို block လိုက္တာပဲ။ ဆန႔္က်င္ဘက္အေနနဲ႔ ငါစာႀကိဳးႀကိဳးစားစားေလ့လာေနတဲ့ status ဆိုရင္ေတာ့ ငါ့မိဘေတြကိုပဲျမင္ေအာင္လုပ္ထားလိုက္တာ‌ေလ, ဟားဟားဟား]

Mr.ခ်င္ : ......

သူ အေတာ္ေလး စိတ္မသက္မသာျဖစ္လာတာေၾကာင့္ ဖုန္းကို ခပ္တင္းတင္း ဆုပ္ထားလိုက္မိတယ္။ ဒီအခိုက္အတန႔္မွာ လႈပ္ရွားသံ‌ေသးေသးေလးတစ္ခု ထြက္ေပၚလာၿပီး သူ႔လက္ေမာင္းကို တစ္စုံတစ္ခုက ထိလာခဲ့တယ္။ ျဖစ္ပုံက စု‌ေပတစ္‌ေယာက္ အိပ္ေပ်ာ္ေနရင္း ဒီဖက္လွည့္လာၿပီး Mr.ခ်င္ရဲ႕လက္‌‌ေမာင္းကို ဖမ္းဆုပ္လိုက္တာျဖစ္တယ္။ လက္ေမာင္းကို ေခါင္းအုံးသဖြယ္ေပြ႕ဖက္ထားရင္း စုေပက မသိလိုက္မသိဘာသာနဲ႔ ၎ထံ အသာအယာတိုးဝင္လာခဲ့တယ္။

သူ႔သမီးေလးကိုၾကည့္ရင္း Mr.ခ်င္ရဲ႕မ‌ေက်မနပ္ျဖစ္ေနတဲ့မ်က္ႏွာက အေတာ္ေလး ႏူးညံ့သြားခဲ့ေတာ့တယ္။

...

ေလ့လာေရးခရီးထြက္ၿပီး သိပ္မၾကာခင္မွာပဲ စုန႔္ယန္ခ်န္းရဲ႕အမႈစစ္ေဆးမႈရလဒ္ကို အမိန႔္ခ်မွတ္လိုက္တယ္ : ေထာင္ဒဏ္တစ္သက္တစ္ကြၽန္းပင္။

ခ်င္က်င္းေကာ္က ခ်င္ေရွာက္အား က်င္းရွီဥယ်ာဥ္သို႔ ေနာက္တစ္ႀကိမ္ထပ္မံေခၚလိုက္ျပန္တယ္။

11.8.2021

Sunday

___________________________________



MWFV Ch 76

Having Dad is Enough

Unicode Version

"မေမေ, ဒီကိုမြန်မြန်လာ။ ဒီနေရာက တအားလှတာပဲ"

"မန့်အာ, သတိထားဦးနော်"

"အဆင်ပြေပါတယ်။ မေမေ, ဒီကိုလာပါဆို"

"ဖေဖေက သမီးတို့နဲ့လိုက်ဖို့ အချိန်ကမရှိဘူး, ဟွန့်! နောက်တစ်ခါကျရင် ဖေဖေ့ကိုရအောင်ခေါ်ပြီး ဒီမှာလာပြန်ကစားကြရ‌အောင်နော်"

"ဟုတ်ပါပြီ။ နောက်တစ်ခါကျရင် အမေတို့ သမီးအဖေကိုပါ အတူတူခေါ်လာကြတာပေါ့"

...

အမေနဲ့သမီးစကားပြောဆိုမှုတွေက စုပေရဲ့အာရုံကို ဖမ်းစားသွားခဲ့တယ်။ အသံလာရာကိုကြည့်လိုက်တော့ စုပေ လီမန့်အာကိုတွေ့လိုက်ရတယ်။

ဒါဆို သူ့ဘေးကအမျိုးသမီးက လီမန့်အာရဲ့အမေ, စုမိန်များလား? စုပေရဲ့မျက်ဝန်းတွေက အံ့အားသင့်မှု‌ကြောင့် လက်ခနဲဖြစ်သွားရတော့တယ်။

"ဖေဖေ" စုပေ ချင်ရှောက်ကိုခေါ်ပြီး စုမိန်ထံညွှန်ပြလိုက်တယ်။ "အဲ့ဒီသူက စု-- ဟုတ်လား အဲ, သမီးဆိုလိုချင်တာက, Mrs.စုမိန်လားဟင်?"

"အင်း" Mr.ချင် ခေါင်းညိတ်လိုက်တယ်။ သူ့မျက်နှာထားက မည်းမှောင်လို့‌နေတယ်။

Mr.ချင်ရဲ့အတည်ပြုချက်ကိုရပြီးသွားတဲ့နောက် စု‌ပေတစ်ယောက် စုမိန်ကို နောက်တစ်ခေါက် ထပ်ကြည့်လိုက်တယ်။ ဝတ္ထုရဲ့အစောပိုင်းအခန်းမှာ ဖော်ပြခဲ့တဲ့အတိုင်း စုမိန်က အလွန်တရာ ချောမောလှပသူဖြစ်တယ်။ ဆယ်နှစ်ကျော်ကျော် ကုန်လွန်သွားပြီးတဲ့‌နောက်မှာတောင် စုမိန်က လှနေဆဲပဲဖြစ်တယ်။

သို့ပေမဲ့ သူမအ‌ပေါ် စုပေရဲ့အမြင်က ဝတ္ထုရဲ့ဖော်ပြချက်နဲ့ အတော်လေး ကွဲပြား‌‌နေခဲ့တယ်။ ဝတ္ထုထဲကစုမိန်မှာ ရန်မူလိုတဲ့ အမျိုးသမီးအရံဇာတ်ကောင်တစ်ယောက်မှာရှိသင့်တဲ့ သဘောထားသေးသိမ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ ပင်ကိုလက္ခဏာတွေရှိနေခဲ့တယ်။ သို့သော် အခုချိန်မှာတော့ စုမိန်က အိမ်ထောင်ရှိ သာမန်အမျိုးသမီးတစ်‌ယောက်လို၊ မိခင်တစ်ယောက်လိုပုံထက် ဘာမှထူးခြားမနေတဲ့ပုံပေါက်နေတယ်။

Mr.ချင်က မျက်လွှာချထားပြီး သူ့သမီးလေးက သူမရဲ့ခေါင်းကို အနည်းငယ်စောင်းရင်း ခပ်လှမ်းလှမ်းက အမျိုးသမီးထံ အလေးအနက်စိုက်ကြည့်နေတာကို မြင်လိုက်ရတယ်။ သူမရဲ့မွေးမိခင်ကိုကြည့်နေတာပဲလို့ တွေးမိလိုက်ချိန်မှာ မနှစ်မြို့ဖွယ်ခံစားချက်တစ်ခုက Mr.ချင်ရဲ့နှလုံးသားထဲမှာ ရုတ်တရက် မြင့်တက်လာခဲ့တော့တယ်။

စုပေ မသိလိုက်တာက သူမ စုမိန်ကို စူးစမ်းနေချိန်မှာ Mr.ချင်က ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုကို တိတ်တဆိတ် ချလိုက်တယ်ဆိုတာပါပဲ။

"ရှောင်ပေ, သမီး သူနဲ့တွေ့ချင်လား?" Mr.ချင် မေးလိုက်တယ်။ အမှန်အတိုင်း‌ပြောရရင် ချင်ရှောက်အနေနဲ့ ရှောင်ပေနဲ့ ရှောင်ပေါင်ကို စုမိန်နဲ့ ဘာအဆက်အသွယ်မျိုးမှ မလုပ်စေချင်သေးဘူး။ သို့ပေမဲ့ အဲ့ဒီအမျိုးသမီးက သူတို့လေးတွေရဲ့မွေးမိခင်ဖြစ်တယ်။ ဒါက သူပြောင်းလဲလို့မရနိုင်တဲ့ အမှန်တရားတစ်ခုပဲ။

Mr.ချင်ရဲ့နှလုံးသားက စတင်မဟန်တော့တဲ့အချိန်မှာ စုပေက ခေါင်းကိုခါယမ်းလိုက်တယ်။

"ဟင့်အင်း," စုပေ ပြန်ဖြေလိုက်တယ်။ သူမရဲ့လေသံက ပြတ်သားပြီး စစ်မှန်လှတယ်။ သူမကို သိချင်စိတ်တွေဖြစ်ပေါ်လာစေတာက စုမိန်က ဝတ္ထုထဲက အရေးပါတဲ့ဇာတ်ကောင်တွေထဲက တစ်ယောက်ဖြစ်တယ်ဆိုတဲ့အချက်ပဲ, အဲဒါကြောင့် သူမ သူ့ကို တစ်ချက်လောက်ကြည့်ချင်ရုံသက်သက်ပဲ, ဒီ‌လောက်ပါပဲ။ သူတို့ရဲ့ဘဝတွေထဲမှာ တစ်ခါမှပေါ်မလာဖူးခဲ့တဲ့လူတစ်ယောက်အ‌နေနဲ့ စုမိန်က သူစိမ်းတစ်ယောက်နဲ့ ထူးမခြားနားလှချေ။

ဒါက သူမ Mr.ချင်နဲ့ ပထမဆုံးစတွေ့တဲ့အချိန်တုန်းက စုပေရဲ့ခံစားချက်တွေနဲ့ အတူတူပဲဖြစ်တယ်။ သို့ပေမဲ့ ကွာခြားချက်တစ်ခုလည်းရှိတယ်။ အဲ့ဒီအချိန်တုန်းက Mr.ချင်က ဒီတိုင်း Mr.ချင်သာဖြစ်ပြီး စုပေက သူ့ထံ တစ်ဟုန်ထိုးပြေးသွားကာ ဘာသိက္ခာစောင့်ထိန်းမှုမှမရှိဘဲ သူ့အား 'ဖေဖေ' လို့ခေါ်လိုက်ပေမဲ့ စုမိန်မှာက ဘဝအသစ်နဲ့ ကိုယ်ပိုင်မိသားစုတစ်ခု ရှိနှင့်နေခဲ့ပြီဖြစ်တယ်။

သူမနဲ့ စုရှောင်ပေါင်လိုမဟုတ်ဘဲ, လီမန့်အာအကြောင်း စုပေသိသလောက်ဆို, လီမန့်အာက ကလေးဘဝကတည်းက ပြီးပြည့်စုံတဲ့မိသားစုတစ်ခုရှိခဲ့ပြီး အမြဲတ‌စေ ပျော်ရွှင်စွာနေထိုင်ခဲ့ရတယ်ဆိုတာ သိသာနေတယ်။ အဲဒါကြောင့် တစ်ဖက်မှာ ပျော်ရွှင်ဖွယ်ရာမိသားစုလေးတစ်ခု ရှိနှင့်နေပြီးဖြစ်တာကြောင့် ဒီအခြေအနေကို အနေခက်အောင်လုပ်မိမှာကိုသာစိုးတာကြောင့် သူတို့အတူတူရှိကြဖို့ မကြိုးစားတော့တာဖြစ်တယ်။

လူတိုင်းက မည်သည့်ကြားဝင်‌နှောင့်ယှက်မှုမျိုးမှမရှိဘဲ ကောင်းမွန်စွာနေထိုင်သင့်တယ်--ဒီလိုတွေးလိုက်ရင်းနဲ့ပဲ စုပေက မသိလိုက်မသိဘာသာနဲ့ သူမဘာသာ ခေါင်းတွေညိတ်လိုက်မိတယ်။

Mr.ချင်က စုပေဘာတွေတွေးနေမှန်းမသိပေမဲ့ သူ့သမီးလေးရဲ့အဖြေကိုကြားလိုက်ရတဲ့အခါမှာတော့ သူ့ရဲ့တင်းမာနေတဲ့မျက်နှာထားက အတော်ကြီးကို ပျော့ပျောင်းသွားခဲ့တယ်။

ချင်ရှောက် : "နောင်တမရဘူးလား?"

ခပ်လှမ်းလှမ်းက အမေနဲ့သမီးအပြန်အလှန်ဆက်ဆံရေးပုံရိပ်တစ်ခုက လူတွေကို မနာလိုဖြစ်အောင်လုပ်ဖို့ လွယ်ကူလှတယ်။

စုပေ : "မရပါဘူး!"

စုမိန်ရဲ့မိသားစုအသစ်က အတော်လေးကောင်းမွန်ပြီး သဟဇာတဖြစ်ပုံရတယ်ဆိုပေမဲ့ သူတို့ရဲ့ကိုယ်ပိုင်မိသားစုကလည်း မဆိုးဘူးလေ။ စုပေပြုံးလိုက်တယ်။ သူမ Mr.ချင်ရဲ့လက်မောင်းကို တယုတယ ဆွဲယူလိုက်ပြီး သူမရဲ့ခေါင်းကိုမော့ကာ အလေးအနက် ပြောလိုက်တယ်။ "ဖေဖေရှိရုံနဲ့တင်လုံလောက်ပါတယ်"

သူမအတွက် ရှောင်‌ပေါင်ရော ဒယ်ဒီချင်ပါ အိမ်မှာရှိ‌နေပြီဖြစ်တဲ့အပြင် သူတို့က သူမအပေါ် ကောင်းကောင်းဆက်ဆံကြတယ်။ စုပေက အခုချိန်မှာ အပြည့်အဝပျော်ရွှင်နေရပြီဖြစ်တယ်။

ကောင်မလေးရဲ့အညိုရောင်မျက်ဝန်းတွေက သူ့အား စိတ်အားထက်သန်စွာ ကြည့်နေခဲ့တယ်။ ညနေခင်းနေဝင်ချိန်ရဲ့ နေဝင်ဆည်းဆာအလင်းက အညစ်အထေးကင်းစင်ပြီး တလက်လက်တောက်ပစွာ ရွှန်းစိုနေတဲ့ အဲ့ဒီမျက်ဝန်းတွေထဲကို ရောင်ပြန်ဟပ်လာခဲ့တယ်။

Mr.ချင်ပြုံးလိုက်မိတယ်။ သူ့လက်ကိုမြှောက်ပြီး စုပေရဲ့ခေါင်းကိုပုတ်လိုက်တယ်။ "ပြန်ကြစို့‌လေ။ ဒီမှာခြင်တွေအများကြီးပဲ။ သမီးအကိုက်ခံရလိမ့်မယ်" သူ့လေသံက အချစ်တွေအပြည့်နှင့်ပင်။

"ဟုတ်"

အပြန်လမ်းမှာ စုပေက Mr.ချင်ရဲ့လက်ကိုဆုပ်ကိုင်ထားဆဲပဲဖြစ်တယ်။ အတိအကျပြောရရင် သူမက Mr.ချင်ရဲ့လက်မောင်းကို ဖက်တွယ်ထားတာမျိုးပင်။ သူ့လက်‌မောင်းပေါ်ကအလေးချိန်ကို ခံစားမိချိန်မှာ ချင်ရှောက်မှန်းဆလိုက်တာက ဒီကလေးမလေးက သူ့ဘာသာသူ လမ်းမလျှောက်ချင်တာ‌ကြောင့် သူ့ကိုတရွတ်ဆွဲခေါ်သွားစေချင်တာဟူ၍ပင်။ သို့သည့်တိုင် Mr.ချင်က ဒီအရာကို စိတ်ထဲမထားဘဲ ပျော်တောင်ပျော်နေသေးတာဖြစ်တယ်။

---

အဖေနဲ့သမီး နောက်ကိုပြန်လှည့်မကြည့်ဘဲ ထွက်သွားကြပြီးတဲ့နောက် ၎င်းတို့တည်ရှိနေမှုကို သတိထားမိတဲ့ စုမိန်က ထိုနှစ်ဦးထွက်သွားတာကို ရှုပ်ထွေးတဲ့ခံစားချက်တွေနဲ့ ကြည့်နေမိတယ်။ ကျောင်းပြင်ပလေ့လာရေးခရီးက ခုနှစ်တန်းနှင့် ရှစ်တန်းမှကျောင်းသားများအတွက်သာဖြစ်တာ‌ကြောင့် ချင်မိသားစု၏ဖခင်နှင့် ကလေးများအား သူမ အစကတည်းက သတိထားမိခဲ့တာဖြစ်တယ်။

စုမိန်ထင်မထားမိတာက သူတို့လေးတွေရဲ့တည်ရှိမှုနဲ့ပတ်သတ်ပြီး ဆယ့်လေးနှစ်ကြာ မေ့ဖျောက်ဖို့ကြိုးစားပြီးတဲ့နောက် သူမ စွန့်ပစ်ထားခဲ့တဲ့ ကလေးနှစ်‌ယောက်စလုံးက ထူးချွန်ပြောင်မြောက်တဲ့ ဆယ်ကျော်သက်တွေအဖြစ် ကြီးပြင်းလာခဲ့ကြတယ်ဆိုတာကိုပဲ။ Mr.ချင်က ဒီကလေးတွေအပေါ် အလွန်ကောင်းမွန်စွာ ဂရုစိုက်ခဲ့ပြီး သူက သေချာပေါက် ဖခင်ကောင်းတစ်ယောက်ပင်ဖြစ်တယ်။ အဲဒါက စုမိန် မပေးစွမ်းနိုင်တဲ့အရာတစ်ခုပဲ။ သူတို့လေးတွေကို သူမ ပြုစုပျိုးထောင်ပေးနိုင်သော်ငြား မန့်အာလိုမျိုး သူတို့ကို သူမ ဆက်ဆံပေးနိုင်လောက်မှာမဟုတ်ဘူး။ အဆုံးသတ်က ကြည့်ရတာ သူမနဲ့ အဲ့ကလေးနှစ်ယောက်မှာ တကယ်ကြီး ဘာကံကြမ္မာမှမရှိတဲ့ပုံပဲ။

စုမိန်က သက်ပြင်းအသာချပြီး နောက်ဆုံးမှာတော့ သူမနှလုံးသားထဲက အပြီးသတ်စွဲလမ်းမှုအကြွင်းအကျန်တွေကို လွှတ်ချလိုက်တော့တယ်။

အဲ့ဒီညမှာ Mr.ချင်က တဲအပြင်ဘက်မှာရှိတဲ့ ပစ္စည်းတွေကို သပ်သပ်ရပ်ရပ်ဖြစ်‌အောင် သိမ်းဆည်းပြီးတဲ့နောက် တဲအတွင်းသို့ဝင်လာချိန်မှာ အမွှာနှစ်ယောက်က အိပ်စက်နားနေရမယ့်နေရာမှာ အေးအေးလူလူ လဲလျောင်းနေတာကို သူမြင်လိုက်ရတယ်။ နှစ်ယောက်သား အင်တာနက်စွဲနေတဲ့ဆယ်ကျော်သက်များအတွက် ပြီးပြည့်စုံတဲ့ဥပမာတစ်ခုလိုမျိုး မိုဘိုင်းဖုန်းကိုယ်စီနဲ့ အတူတကွ တိုးဝှေ့ပူးကပ်နေကြတယ်။ ဒါကိုမြင်လိုက်ရတဲ့အခါမှာတော့ Mr.ချင်က ခေါင်းကိုက်လာတာ‌ကြောင့် မျက်မှောင်အနည်းငယ်ကြုတ်လိုက်မိတယ်။

စုရှောင်ပေါင်က တုယီမင်ရဲ့ငတုံးများအဖွဲ့နဲ့ ဂိမ်းကစားနေတာဖြစ်တယ်။ တုယီမင်ရဲ့စကားကိုသုံးရရင် : သူတို့တွေက ကစားနေတာမဟုတ်ဘူး, ဒါပေမဲ့ ဂုဏ်ကျက်သရေနဲ့ ဘုန်းတန်ခိုးအာဏာအတွက် တိုက်ပွဲဝင်နေခြင်းပင်။

စုရှောင်ပေါင်ရဲ့ဘေးမှာ စုပေက နေ့လည်တုန်းက သူမ ရိုက်ထားတဲ့ဓာတ်ပုံတွေကို ကြည့်နေတာဖြစ်တယ်။ အရင်ဆုံး သူမက သူတို့ရဲ့စခန်းချရာမြေနေရာ ရှုခင်းဓာတ်ပုံကိုရွေးချယ်ပြီး 'ကျောင်းလေ့လာရေးခရီးစဥ်‌လေး။ အရမ်းပျော်တာပဲ~' ဆိုတဲ့မှတ်ချက်တစ်ခုနဲ့အတူ [ဖေဖေ] တစ်ဦးတည်းသာမြင်နိုင်တဲ့ setting ကိုချိန်ပြီးတဲ့နောက် သူမရဲ့ WeChat Moments မှာတင်လိုက်တယ်။

ထို့နောက် Mr.ချင်က ဘာမှသတိမပြုမိသေးချိန်မှာပဲ စုပေက နောက်ထပ် Moments post တစ်ခုကို တိတ်တိတ်‌လေး လုပ်လိုက်ပြန်တယ်။ သူမ စုစုပေါင်းဓာတ်ပုံသုံးပုံတင်ထားခဲ့တယ် : သူမရဲ့ဆယ်လ်ဖီပုံတစ်ပုံ၊ စုရှောင်ပေါင်ရဲ့ အေးတိ‌အေးစက်မျက်နှာပုံတစ်ပုံနဲ့ သူမ ခိုးရိုက်ထားတဲ့ Mr.ချင်ရဲ့ဓာတ်ပုံတစ်ပုံပင်။

ဓာတ်ပုံသုံးပုံစလုံးက တစ်ပုံချင်းစီမှာ မတူညီတဲ့ရှုထောင့်တစ်ခုစီရှိတယ်ဆို‌သော်ငြား သူတို့အားလုံးက ဆင်တူတီရှပ်တွေဝတ်ထားတယ်ဆိုတာကို‌တော့ ရှင်းရှင်းလင်းလင်းကြီးကို မြင်နေရတာဖြစ်တယ်။ စုပေက ဓာတ်ပုံသုံးပုံကို စိတ်ကျေနပ်စွာကြည့်ပြီး သူမဘာသာခေါင်းတွေညိတ်ကာ post မှာ နောက်ထပ်စာကြောင်းတစ်ကြောင်း ထပ်ထည့်လိုက်တယ်။ "ငါတို့အိမ်က အချောလေးနှစ်ယောက်, ဟဲဟဲ" ၎င်း post ကိုတော့ [ဖေဖေ] မမြင်ရအောင် block လုပ်ပြီးမှ စုပေက 'post' ခလုတ်ကိုနှိပ်လိုက်တယ်။

[ဖေဖေ] တစ်ဦးတည်းသာမြင်နိုင်တဲ့ ပထမ post က Mr.ချင်ထံမှ ချီးကျူးမှုတစ်ခုတည်းဖြင့်သာ တကယ့်ကို လူသူကင်းမဲ့နေတယ်။ ဒုတိယ post ကမူ ပိုမိုသက်ဝင်လှုပ်ရှားမှုရှိလှတယ်။

[ရှဲ့မင်ရွှမ်း : အဖေနဲ့သားသမီးရဲ့တီရှပ်တွေက သူတို့မိသားစုရဲ့ဝါစဥ်ကိုပြနေတာပဲ]

[ကျိုးကျားကျား : ငါသောက်ရမ်းမနာလိုတာပဲ!]

[ချောလိုက်တာ!]

[လျို့ခိုင် : ဟားဟားဟားဟား, အန်ကယ်ချင်က ဒီလိုအဝတ်အစားတွေ တကယ်ကြီး ဝတ်ထားတာပဲ]

[တုန့်ဝိန်ချီ : နင်အဲ့တီရှပ်တွေဝယ်တုန်းက ငါတကယ်အထင်‌သေးခဲ့မိတာ]

[စုပေမှ တုန့်ဝိန်ချီအား reply လုပ်ခြင်း : အခုရော?]

[တုန့်ဝိန်ချီ : ချောမောခန့်ညားပြီး လှပတဲ့မျက်နှာလေးရှိတာက တကယ်ကြီး မတရားအသုံးဝင်တာပါလားနော်]

...

[vvvv : ဘေဘီQ လေး, မင်းမျက်နှာပေါ်ကဒဏ်ရာက သက်သာသွားပြီလား?]

အစ်ကိုကြီးရှုက စုပေထံ message တစ်စောင်ပို့လာတယ်။

[vvvv] : မင်းဒဏ်ရာသက်သာသွားပြီလားလို့?

[စုပေ] : အင်း။

[vvvv] : တကယ်? မင်း beauty filter တို့ ဓာတ်ပုံပြင်တဲ့ program တို့ဘာတို့ သုံးထားတာမဟုတ်ဘူးလား?

[စုပေ] : သေချာပေါက် မသုံးထားပါဘူး! နိုး filter နိုး edit ပါနော်။ ငါ့မျက်နှာအစစ်ကြီးပါ။

[vvvv] : ဟားဟားဟား, ကောင်းတာပေါ့။

ဒီတစ်ခေါက်မှာ ရှုရှီဝေလည်း တကယ်ကြီး လိုက်ချင်ခဲ့တာဖြစ်တယ်။ သို့ပေမဲ့ သူ့ကျောင်းစာမေးပွဲရက်သတ္တပတ်က မတရားကြောက်စရာကောင်းလွန်းနေတာကြောင့်ပင်။

[vvvv] : ငါဝမ်းသာပါတယ်။ ဒါဆို နောက်လာမယ့်ကစားနည်းပုံစံကို အဖွင့်ပုံစံပြောင်းပြီးပွဲကျင်းပဖို့ Mr.ချင်ကို မင်းအခုတောင်းဆိုလို့ရပြီပေါ့, ဒါမှ လူတိုင်းက ဘေဘီ Q လေးရဲ့မျက်နှာကိုမြင်သွားပြီး ဖိုရမ်က အဲ့သောက်ရူးတွေရဲ့မျက်နှာကို မင်းဖြတ်ရိုက်လို့ရမှာ။

ယခု 'Red Hacker Challenge' တွင်ပါဝင်ကြသူများသာမက အသိုင်းအဝိုင်းတစ်ခုလုံးကပါ [Q] ကရုပ်ဆိုးတယ်ဆိုတာကို လက်ခံထားကြပုံရတယ်။ ပြီးခဲ့တဲ့နှစ်ရက်က vvvv ရဲ့သူငယ်ချင်းဟောင်းတစ်ယောက်က [Q] နဲ့အတူတူကစားတဲ့အချိန်မှာ သူ့စိတ်အခြေအနေကို သက်ရောက်မှုရှိ မရှိကို‌တောင် မေးလာရဲသေးတယ်။ ဒီဖြစ်ရပ်က ရှုရှီဝေရဲ့ဒေါသတွေကို ဆူပွက်လာစေပြီး အဖွင့်ပုံစံစတင်ကျင်းပဖို့ သူစိတ်လောကြီးနေမိတယ်, ဒါမှသာ သူက ဘေဘီ Q လေးနဲ့ ပွဲထွက်လာပြီး အဲ့သောက်ရူးတွေရဲ့မျက်နှာကို ဖြတ်ရိုက်နိုင်မှာဖြစ်တယ်။

[စုပေ] : ထားလိုက်ပါ။ ခဏစောင့်ကြတာ‌ပေါ့။

စုပေ အဖွင့်ပုံစံပွဲကျင်းပရာမှာ ကစားဖို့တွန့်ဆုတ်နေရတဲ့ အကြီးမားဆုံးအကြောင်းရင်းတစ်ခုက သူမရဲ့ identity ကို လင်းရှောက်ချီထံ မဖော်ထုတ်ချင်သေးတာကြောင့်ပဲဖြစ်တယ်။ အကယ်၍များ လင်းရှောက်ချီက သူခက်ခက်ခဲခဲကြိုးစားရှာ‌ဖွေထားခဲ့ရတဲ့ နည်းပညာပိုင်းဆိုင်ရာအကြံ‌ပေးက တကယ်တမ်းတော့ သူ့စီးပွားရေးပါတနာရဲ့သမီးမှန်းသိသွားခဲ့မယ်ဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာကို စုပေသိချင်နေမိတယ်။ ချင်မိသားစုက သူ့ကိုလှည့်စားဖို့ကြိုးစားနေတယ်လို့များ သူထင်သွားလိမ့်မလား?

[vvvv] : မင်းဘာလို့တွန့်ဆုတ်နေရတာလဲ?

[vvvv] : ငါ အခုလေးတင် သူငယ်ချင်းတစ်ယောက်ဆီက အချက်အလက်တစ်ချို့ရထားတယ်။ နောက်လာမယ့်ပွဲမှာ ငါတို့တွေ [La] နဲ့တွေ့ဖို့များတယ်။ မင်းစိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားမှရမယ်။

[La] က ဒုတိယအကျော့ပွဲစဥ်အပြီးမှာ ဒုတိယအဆင့်ချိတ်ထားသူဖြစ်တယ်။ ဖိုင်နယ်ပွဲမတိုင်ခင် သူတို့က သူတို့ရဲ့အဖွဲ့ကိုပြန်လည်ဖွဲ့စည်းခဲ့ပြီး ၎င်းတို့ရဲ့စွမ်းဆောင်ရည်တွေကို ဒီ့ထက်ပိုပြီး တိုးတက်အောင် လုပ်ဆောင်ခဲ့တယ်။ ၎င်းတို့တစ်ဦးချင်းစီ၏အင်အားက စုပေ သို့မဟုတ် vvvv ထက် သေချာပေါက် ပိုမကောင်းဘူးဆို‌သော်ငြားလည်း ၎င်းတို့၏စုစု‌ပေါင်းအင်အားကိုမူ လျှော့တွက်၍မရချေ။

[vvvv] : ဒါပေမဲ့ မကြောက်ပါနဲ့။ မင်းမှာ ဒီအစ်ကိုကြီးရှိပါသေးတယ်ကွ, ဟားဟား။

[စုပေ] : ငါမကြောက်ပါဘူး။

...

ရှုရှီဝေနဲ့ ခဏလောက် စကားပြောပြီးသွားတဲ့နောက် စုပေက [La] ရဲ့လုပ်ဆောင်ချက်ဗီဒီယိုတွေကို စစ်‌ဆေးကြည့်ဖို့အတွက် အွန်လိုင်းတက်လိုက်တယ်။ တခဏမျှကြာပြီးနောက် သူမ နောက်ဆုံးတော့ browser ကိုပိတ်ပြီး WeChat app ထဲသို့ log in ဝင်ကာ မှတ်ချက်‌တွေကို reply ပြန်လုပ်ပေးနေခဲ့တယ်။

[Mr.ချင်က မတရားချောတာပဲ!]

[စုပေ : သေချာတာပေါ့!]

[အဲ့တီရှပ်တွေက အရမ်းရယ်ရတယ်နော်]

[စုပေ : အဲ့တာ ငါဝယ်ထားတာ‌လေ~ *ကျေနပ်*]

ဖြစ်နိုင်တာက သူမ တောင်ပေါ်ကိုတက်ရတာ ပင်ပန်းနေပြီဖြစ်တာကြောင့် စုပေရဲ့မျက်ခွံတွေက မြန်မြန်ဆန်ဆန်ကြီးကို စတင်လေးလံလာတော့တယ်။ သူမ စုရှောင်ပေါင်ကိုမှီထားရင်း သက်တောင့်သက်သာ အနေအထားတစ်ခုရတဲ့အထိ နည်းနည်းလောက် ရွှေ့လိုက်ကာ နောက်ထပ် reply အနည်းငယ်ကို ပြန်ဖြေနေလိုက်တယ်။ အချိန်တိုအတွင်းမှာပဲ သူမ အိပ်ပျော်သွားခဲ့ပြီဖြစ်တယ်။

---

ထိုစဉ် Mr.ချင်က အလုပ်ကိစ္စတွေကိုဖြေရှင်းပြီးသွားတဲ့နောက် သူ့ဖုန်းကိုချလိုက်ပြီး ထို့နောက် အထဲဝင်လိုက်ချိန်မှာ အိပ်ပျော်နေကြပြီဖြစ်တဲ့ သူ့ကလေးနှစ်ယောက်ကို တွေ့လိုက်ရတော့တယ်။ တိုးဝှေ့ပူးကပ်နေကြတဲ့အမွှာနှစ်‌ယောက်ကိုကြည့်ရင်း Mr.ချင်က မျက်မှောင်အနည်းငယ်ကြုတ်မိသွားတယ်။ ဒီမှာ အိပ်ယာခင်းအိတ်သုံးအိတ်ရှိနေတာပဲကို ဒါပေမဲ့ အဲ့ကလေးတွေက အတူတူ တိုးဝှေ့နေကြတုန်းပဲ။

Mr.ချင်က စုပေကို နေရာရွှေ့ပေးမလို့လုပ်တုန်းမှာ။ စုပေရဲ့လက်ထဲက‌နေ မိုဘိုင်းဖုန်းတစ်လုံးပြုတ်ကျလာပြီး screen ကို အခုထိ မပိတ်ထားရသေး‌‌ပေ။ တိုက်တိုက်ဆိုင်ဆိုင်ပင် Mr.ချင်တစ်ယောက် စုပေရဲ့ WeChat Moments ကိုမြင်သွားခဲ့တော့တယ်။

---

မနေ့ညတုန်းက အလုပ်လုပ်စရာမရှိတော့တဲ့ WeChat's features တွေကို တစ်ခါမှအသုံးမပြုဖူးတဲ့ Mr.ချင်က ပထမဆုံးအနေနဲ့ Moments အလုပ်လုပ်ပုံနဲ့ပတ်သတ်ပြီး အင်တာနက်သုတေသနကို အလေးအနက် လုပ်ဆောင်နေခဲ့တယ်။

ချင်ရှောက် : သူများတွေတင်ထားတဲ့ Moments post ကို ငါဘာလို့မမြင်ရတာလဲ?

ဤအရာများက reply များပင် :

[ဟားဟားဟား, congratulations ပါ, မင်း block ခံထားရတာလေ]

[အဲဒါက တစ်ဖက်လူက သူတို့ရဲ့ post တွေကို မင်းကိုမမြင်စေချင်တာကို သက်သေပြနေတာပဲ။ သိပ်အများကြီး မေးမနေစမ်းပါနဲ့။ စိတ်ဓာတ်တွေပဲကျသွားလိမ့်မယ်]

[Post တစ်ခုတည်းလား?]

[ဒါဆို post တင်တဲ့သူက မင်း အဲ့တာကိုမမြင်ရအောင် block ထားတဲ့သူပဲဖြစ်ရမယ်]

...

[ဒါနဲ့ စကားမစပ်, ငါ့ရည်းစားဟောင်းလည်း ငါ့ကိုဆို အဲ့လိုပဲဆက်ဆံနေကျပဲ။ တစ်ခြားသူတွေနဲ့ ပရောပရည်လုပ်ဖို့ကြိုးစားတိုင်း သူမက ငါ့ကိုတစ်ဖက်သတ်ကြီး block ပစ်လိုက်ရော။ မင်းရောအဲ့လို....]

ချင်ရှောက် : အဲ့ဒါငါ့သမီးပါ။

[Nani?!]

[ဟားဟားဟား, အဲ့တာပုံမှန်ပါပဲ]

[အဲ့တာက အခုခေတ်ကလေးတွေရဲ့ အခြေခံ survival skills တွေထဲကတစ်ခုပဲ]

[ဟုတ်တယ်, ငါလည်းအဲ့လိုပဲလုပ်ခဲ့တာ။ အပြင်သွားတာပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ လျှောက်သွားလျှောက်စားတာပဲဖြစ်ဖြစ် အဲ့လို post မျိုးတွေဆိုရင် ငါက အမြဲတမ်း ငါ့မိဘတွေကို block လိုက်တာပဲ။ ဆန့်ကျင်ဘက်အနေနဲ့ ငါစာကြိုးကြိုးစားစားလေ့လာနေတဲ့ status ဆိုရင်တော့ ငါ့မိဘတွေကိုပဲမြင်အောင်လုပ်ထားလိုက်တာ‌လေ, ဟားဟားဟား]

Mr.ချင် : ......

သူ အတော်လေး စိတ်မသက်မသာဖြစ်လာတာကြောင့် ဖုန်းကို ခပ်တင်းတင်း ဆုပ်ထားလိုက်မိတယ်။ ဒီအခိုက်အတန့်မှာ လှုပ်ရှားသံ‌သေးသေးလေးတစ်ခု ထွက်ပေါ်လာပြီး သူ့လက်မောင်းကို တစ်စုံတစ်ခုက ထိလာခဲ့တယ်။ ဖြစ်ပုံက စု‌ပေတစ်‌ယောက် အိပ်ပျော်နေရင်း ဒီဖက်လှည့်လာပြီး Mr.ချင်ရဲ့လက်‌‌မောင်းကို ဖမ်းဆုပ်လိုက်တာဖြစ်တယ်။ လက်မောင်းကို ခေါင်းအုံးသဖွယ်ပွေ့ဖက်ထားရင်း စုပေက မသိလိုက်မသိဘာသာနဲ့ ၎င်းထံ အသာအယာတိုးဝင်လာခဲ့တယ်။

သူ့သမီးလေးကိုကြည့်ရင်း Mr.ချင်ရဲ့မ‌ကျေမနပ်ဖြစ်နေတဲ့မျက်နှာက အတော်လေး နူးညံ့သွားခဲ့တော့တယ်။

...

လေ့လာရေးခရီးထွက်ပြီး သိပ်မကြာခင်မှာပဲ စုန့်ယန်ချန်းရဲ့အမှုစစ်ဆေးမှုရလဒ်ကို အမိန့်ချမှတ်လိုက်တယ် : ထောင်ဒဏ်တစ်သက်တစ်ကျွန်းပင်။

ချင်ကျင်းကော်က ချင်ရှောက်အား ကျင်းရှီဥယျာဉ်သို့ နောက်တစ်ကြိမ်ထပ်မံခေါ်လိုက်ပြန်တယ်။

11.8.2021

Sunday

_____

Thanks 🌹



Continue Reading

You'll Also Like

47.8K 5K 184
Paid Groupဝင်ရန် m.me/swaefoxlove ရေးသူ စွဲ့ညို့
307K 11.2K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
4.7M 527K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
36.7K 5.1K 19
[Unicode + Zawgyi code] Name: ဗီလိန်ဖေဖေ၅ယောက်က ငါ့ကိုအလိုလိုက်ဖို့ ရန်ဖြစ်နေကြတယ် Summary >> Ye sang ရဲ့ အဖေငါးယောက်ဟာ ဒီကမ္ဘာမှာ မကောင်းမှုတွေကို လ...