ဒေါက်ဒေါက်!!
"သွင်လေးရေ.....အောက်မှာ သမီးခြူးရောက်နေတယ်"
"ဟုတ်...ဟုတ်....သားဆင်းလားခဲ့မယ်...ဒေါ်မြ.."
"အေအေ...."
ဒေါ်မြလဲ အသွင့်ကိုခေါ်ပြီးအောပ်ထပ်ရှိဧည့်ခန်းကိုပြန်ဆင်းလာခဲ့လိုက်သည်။
"ခြူး...သမီးလေး...ခဏစောင့်နော်..သွင်လေးကိုခေါ်ပြီးပြီ...ဆင်းလာခဲ့မယ်တဲ့...ဒီနေ့သွင်လေးကြိုက်တဲ့ရခိုင်မုန့်တီချက်ထားတယ်လေ..စားသွားလိုက်အုံးနော်မပြန်ခင်...."
"ဟုတ်ကဲ့...ဒေါ်မြလက်ရာကို မစားရဘဲမပြန်နိုင်ပါဘူးနော်...ဟီး"
"သိပါတယ်ရှင် သိပါတယ်....အဲ့ဆို...ဒေါ်မြလုပ်စရာရှိတာသွားလုပ်လိုက်အုံးမယ်.."
"ဟုတ်..ဟုတ်"
အသွင်ဧည့်ခန်းကိုဆင်းလာတော့ခြူးကိုတွေ့လိုက်၍လှေကားကနေဘဲခြူးဆီလှမ်းပြောလိုက်သည်။
"မမခြူးကကျွန်တော်မျိုးဆီလာတယ်ဆိုတော့....ထီသွားထိုးရတော့မယ်"
"အမလေး...ဖြစ်ပျက်နေလိုက်...နင်လဲသိတဲ့အတိုင်းဘဲ....ကိုဇေတို့ကဘွဲ့ယူကြတော့မှာလေ နောက်အပတ်ဆိုရင်..."
"ဘာမှမဆိုင်ဘူး...အဲ့လိုပြောကြေးဆိုရင်...အရင်ကရော..."
"ရှည်လိုက်တာ...အခုလာပြီးမဟုတ်ဘူးလား...ဟယ်...လက်ကဘာဖြစ်တာလဲ.."
ခြူး အသွင်စကားနိုင်လုရင်းကနေ အသွင်လက်ကဒဏ်ရာကိုတွေ့၍မေးလိုက်သည်။
"ဘာမဖြစ်ဘူး...စက်ဘီးမှောင်လို့...ပွန်းသွားတာလောက်ဘဲ..."
"မကြီးမငယ်နဲ့...သူငယ်နားထပြန်တာလေ..."
"ငါမဟုတ်ဘူး..နင်းတဲ့သူက.."
"ဟမ်း....ဘာသူကြီးလဲ...အဲ့ဆို.."
"ကိုနှောင်းနင်းတာ.....အကွေ့နားကသစ်ပင်ကိုမမြင်ဘဲဘူးသူက ရှောင်နေရင်းမှောက်တာ...ရှင်းပြီလား..."
"နှစ်ယောက်ပေါင်း..လောင်းကျော်နေကြပါလားဟယ်"
"လောင်းကျော်ကျော် မကျော်ကျော်လာရင်းကိစ္စက.."
"ရင့်သီးလိုက်တာဟယ်...ကိစ္စရှိမှလာရမှာလား.."
"ပြောမယ့်သာပြောပါ...လာရင်းကို.."
"ပြောမှာပါ..."
"ပြော..."
"နင့်နဲ့ကိုနှောင်းနဲ့ကဘာလဲ..."
ခြူးလဲမေးပြီးတာနဲ့အသွင်မျက်နှာရိပ်မျက်နှာကဲကို အကဲခက်နေ၏။
ခြူးအမေးကိုကြားတဲ့အသွင်ကလဲ...မဆီမဆိုင်မျက်နှာတွေနားတွေရဲလို့။
"ဘာကိုလဲ...နင်ကလဲ"
"ကိုနှောင်းကနင့်ကိုကြိုက်နေတယ်ထင်တာဘဲ...ငါကတော့.."
"ကြိုက်စရာလား...သူကကျားကျားယားယားနဲ့ကို"
"နင်ကရော.."
ဘာတွေလာမေးနေတာလဲ...ခြူးတစ်ယောက်နဲ့တော့ခက်တော့တာဘဲ။
အသွင်လဲ ဘယ်လိုဖြေရမလဲမသိ မေးတာမဖြေဘဲမူကာရှက်ကာဖြင့်။
"ဟဲ့....မေးနေတယ်လေ..."
"အမလေး.."
အသွင်ပြန်မဖြေတော့ ခြူးက အသွင်မျက်နှာရှေ့လက်ခုပ်တီး၍လှန့်လိုက်လေသည်။
"အံမယ်....နင်လဲမရိုးတော့ဘူးဘဲ...အမ်း...အမ်း..ရှက်နေတာ..."
"ငါ...ငါကဘာဖြစ်နေလို့လဲ"
အသွင်တစ်ယောက် မျက်လုံးတွေ ဟိုဝှေ့ဒီဝှေ့နဲ့ မျက်လုံးဟိုဘက်ဒီဘက် ကစားနေ၏။
"မလိမ်ပါနဲ့မလိမ်တတ်ဘဲနဲ့အသွင်ရာ..."
"မလိမ်ပါဘူး..."
"ဟုတ်လို့လား..."
အသွင့်အဖြစ်မှာ ရှေ့နေ ရှေ့ မုသားထွက်ဆိုနေသောအပစ်သားကဲ့သို့ပင်။
"ဟုတ်ပါတယ်ဆိုနေမှ..."
"သေချာလို့လား...မလိမ်တတ်ရင်မလိမ်နဲ့အသွင်.."
"အိမ်လာတာ...ဒါပြောဖို့လား..ခြူး.."
"ဘာမှ..စကားလမ်းကြောင်းမလွှဲနဲ့အသွင်...ဘေးကလူတောင်မြင်တယ်...နင်တို့နှစ်ယောက်ထဲကတစ်ယောက်တော့ မရိုးသားဘူး..."
"ဘယ်လိုဖြစ်လို့...အဲ့တာတွေပြောနေတာလဲ...ဟုတ်တယ်ကွာ..ကိုနှောင်းကိုငါကြိုက်နေတာ..."
အသွင်လဲ စိတ်ထဲအတင်းမြိုသိမ့်ထားရတာကြာပြီဆိုတော့ရင်ဖွင့်ချင်တာလဲတစ်ကြောင်း..ခြူးလဲလာမေးနေတော့ အမှန်အတိုင်းသာပြောလိုက်သည်။အဲ့လိုပြောလို့ ခြူးကရွံသွားမှာ စိတ်ပျက်သွားမှာလဲစိုးရိမ်ရပြန်သည်။
"ထင်ပါတယ်..."
"နင်ဘာမှမဖြစ်ဘူးလား..ခြူး..ငါကအဲ့လိုဆိုတာကို..."
"မဖြစ်ပါဘူး...ဘာလို့ဖြစ်ရမှာလဲ..ပြီးတော့LGBTကိုငါလဲလက်ခံနိုင်တယ်လေ.."
ခြူးစကားအဆုံး အသွင်မှာဝမ်းနည်းဝမ်းသာဖြသ်သွားရသည်။
"အဲ့ဆို..နင်ငါ့ကိုနားလည်ပေးတယ်ပေါ့...ဟုတ်လားခြူး..."
"ဒါပေါ့..ငါရဲ့သူငယ်ချင်းကဘာဘဲဖြစ်နေဖြစ်နေ..ငါကနင့်ဘက်မှာအတူရှိပေးမယ်.."
"ကျေးဇူးတင်ပါတယ်..ခြူးရာ.."
ခြူး...နင်ကလေ..ငါရဲ့သူငယ်ချင်းကောင်းပီသပါပေတယ်....။
"ရတယ်..နင်နဲ့ငါနဲ့ကြားအဲတာတွေမလိုဘူး...ဘယ်ကဘယ်လို..ကြိုက်သွားတာတုန်း.."
"အဲ့တာကလေ...ဟို...အဲ့တာ.."
အသွင်တစ်ယောက်တကယ့်ပြောရမယ်ဆိုတော့ ဘယ်ကစပြောရမှန်းပင်မသိတော့ချေ။
လက်ကလဲ ဂုတ်ကိုရှက်ရမ်းရမ်းပြီးပွတ်နေသည်။
"အခုမှလာရှက်မနေနဲ့....နင်ပြောမှငါအကြံပေးလို့ရမှာပေါ့ဟယ်....နင်ကလဲ"
"ဘယ်ချိန်ကတည်းကတော့...သတိမထားမိဘူးဟ..ငါသိတဲ့အချိန်က...ကိုနှောင်းကိုချစ်မိနေပြီ.."
"အဲ့တော့..နင်ဘာဆက်လုပ်မှာလဲ.."
"ဒီတိုင်းဘဲနေရမှာပေါ့...ဘာမလုပ်လို့မှမရတာ...ငါအဲ့လိုမှန်း..ကိုနှောင်းသိရင်လဲ..ငါကိုစိတ်ပျက်သွားလောက်မှာ..."
"အေးနော်..ကိုနှောင်းနေရာမိန်းကလေးတစ်ယောက်ဆိုရင်လဲတစ်မျိုး..."
"အင်.."
အသွင်မှာ ငူးငူးငိုင်ငိုင်ဖြင့်သာ။
"အသွင်...ငါစိတ်ထင်လေ..ကိုနှောင်းလဲ..နင်ကိုစိတ်ဝင်စားနေပြီထင်တယ်...တခါတခါဆိုအရင်ကကိုနှောသ်းနဲ့မတူဘူး.."
"ဘယ်လိုကြီးလဲ...ရှင်းရှင်းလေပြောပါခြူးရယ်..ညစ်နေရတဲ့ထဲ"
"ဒီလိုလေဟာ...အရင်ကဆိုသူကနင်နဲ့စကားပြောတာမဟုတ်ဘူး..မေးထူးခေါ်ပြောလောက်ဘဲလေ..အခုနောက်ပိုင်း..နင်နဲ့ကအတွဲညီလာတယ်..ပြီးတော့..နင့်ကိုဆိုအရမိးဂရုစိုက်သလိုဘဲ..နင်လက်မီးဟပ်တုန်းကဆိုရင်..ဘေးကငါတို့တောင်ကြောင်သွားတယ်..သူ့မှာ..ကပြာကရာနဲ့"
ခြူးပြောတော့ အသွင့်မှာအနည်းငယ်စဉ်းစားတွေဝေစရာဖြစ်သွားသည်။ထို့နောက် မျက်နှာကမှိုင်နေရာမှ အနည်းငယ် လင်းလက်လာသည်။
"တကယ်လား..ခြူး ... ဖြစ်နိုင်လို့လား..."
"ဖြစ်နိုင်တယ်..ဒီကြားထဲအကဲခက်ကြည့်လေ..ကိုနှောင်းကို.."
"အေး..ဟုတ်တယ်..နင်ပြောသလိုလုပ်ကြည့်ရမယ်.."
"အင်...အခုတော့ဗိုက်ဆာနေပြီး...ဒေါ်မြရခိုင်မုန့်တီကငါနှာခေါင်းကို လာမြှူနေတယ်.."
"လာ...အဲ့ဆိုသွားစားမယ်.."
ထို့နောက်အသွင်နဲ့ခြူး ထမင်းစားခန်းရှိဒေါ်မြဆီကိုလာခဲ့ကြသည်။
"ဒေါ်မြရေ..."
"ဒေါ်မြရေ.."
"ကဲ...ကလေးတွေ...အဆင့်သင့်ဖြစ်ပြီး..စယးတော့မလား.."
"စားတော့မယ်ဒေါ်မြ...အသွင်တို့ကိုထည့်ပေးနော်.."
"အေးအေးထည့်ပေးမယ်.."
"လေးလေးနဲ့ရခိုင်မုန့်တီ ကံမပါတော့ဘူး..."
အသွင်ကဒေါ်မြထည့်ပေးနေစဉ်ပြောလိုက်သည်။
"ဘာလို့လဲ..လေးလေးက.."
"ခရီးထွက်သွားတယ်လေ..မနေ့ကဘဲချက်ချင်းကြီး.."
"အော်..."
"ရော့...ရပြီ...ဖြည်းဖြည်းစားကြပူမယ်နော်.."
"ဟုတ်...အင်း....ကောင်းလိုက်တာကွာ...ဒေါ်မြအတော်ဆုံးဘဲ..."
အသွင်တစ်ယောက် ဒေါ်မြရခိုင်မုန့်တီလာချပေးတော့ မြည်းလိုက်တဲ့အနေနဲ့တသ်ဇွန်းစားလိုက်ရာ ဒေါ်မြလက်ရာကောင်းကြောင်းကို ကပ်ချွဲနှပ်ချွဲပြောနေ၏။
*************************************************
(AN-ကျန်းမာရေးဂရုစိုက်ကြပါနော်🙆♀️ တိုသွားမယ်ထင်ပါတယ်🌝😁
အချစ်များစွာဖြင့် မယ်ရင်ဒါ🤍)
~~~~~~~~~~~~~~~~~~~~~~~~~
ေဒါက္ေဒါက္!!
"သြင္ေလးေရ.....ေအာက္မွာ သမီးျခဴးေရာက္ေနတယ္"
"ဟုတ္...ဟုတ္....သားဆင္းလားခဲ့မယ္...ေဒၚျမ.."
"ေအေအ...."
ေဒၚျမလဲ အသြင့္ကိုေခၚၿပီးေအာပ္ထပ္ရွိဧည့္ခန္းကိုျပန္ဆင္းလာခဲ့လိုက္သည္။
"ျခဴး...သမီးေလး...ခဏေစာင့္ေနာ္..သြင္ေလးကိုေခၚၿပီးၿပီ...ဆင္းလာခဲ့မယ္တဲ့...ဒီေန႔သြင္ေလးႀကိဳက္တဲ့ရခိုင္မုန႔္တီခ်က္ထားတယ္ေလ..စားသြားလိုက္အုံးေနာ္မျပန္ခင္...."
"ဟုတ္ကဲ့...ေဒၚျမလက္ရာကို မစားရဘဲမျပန္နိုင္ပါဘူးေနာ္...ဟီး"
"သိပါတယ္ရွင္ သိပါတယ္....အဲ့ဆို...ေဒၚျမလုပ္စရာရွိတာသြားလုပ္လိုက္အုံးမယ္.."
"ဟုတ္..ဟုတ္"
အသြင္ဧည့္ခန္းကိုဆင္းလာေတာ့ျခဴးကိုေတြ႕လိုက္၍ေလွကားကေနဘဲျခဴးဆီလွမ္းေျပာလိုက္သည္။
"မမျခဴးကကၽြန္ေတာ္မ်ိဳးဆီလာတယ္ဆိုေတာ့....ထီသြားထိုးရေတာ့မယ္"
"အမေလး...ျဖစ္ပ်က္ေနလိုက္...နင္လဲသိတဲ့အတိုင္းဘဲ....ကိုေဇတို႔ကဘြဲ႕ယူၾကေတာ့မွာေလ ေနာက္အပတ္ဆိုရင္..."
"ဘာမွမဆိုင္ဘူး...အဲ့လိုေျပာေၾကးဆိုရင္...အရင္ကေရာ..."
"ရွည္လိုက္တာ...အခုလာၿပီးမဟုတ္ဘူးလား...ဟယ္...လက္ကဘာျဖစ္တာလဲ.."
ျခဴး အသြင္စကားနိုင္လုရင္းကေန အသြင္လက္ကဒဏ္ရာကိုေတြ႕၍ေမးလိုက္သည္။
"ဘာမျဖစ္ဘူး...စက္ဘီးေမွာင္လို႔...ပြန္းသြားတာေလာက္ဘဲ..."
"မႀကီးမငယ္နဲ႔...သူငယ္နားထျပန္တာေလ..."
"ငါမဟုတ္ဘူး..နင္းတဲ့သူက.."
"ဟမ္း....ဘာသူႀကီးလဲ...အဲ့ဆို.."
"ကိုေႏွာင္းနင္းတာ.....အေကြ႕နားကသစ္ပင္ကိုမျမင္ဘဲဘူးသူက ေရွာင္ေနရင္းေမွာက္တာ...ရွင္းၿပီလား..."
"ႏွစ္ေယာက္ေပါင္း..ေလာင္းေက်ာ္ေနၾကပါလားဟယ္"
"ေလာင္းေက်ာ္ေက်ာ္ မေက်ာ္ေက်ာ္လာရင္းကိစၥက.."
"ရင့္သီးလိုက္တာဟယ္...ကိစၥရွိမွလာရမွာလား.."
"ေျပာမယ့္သာေျပာပါ...လာရင္းကို.."
"ေျပာမွာပါ..."
"ေျပာ..."
"နင့္နဲ႔ကိုေႏွာင္းနဲ႔ကဘာလဲ..."
ျခဴးလဲေမးၿပီးတာနဲ႔အသြင္မ်က္ႏွာရိပ္မ်က္ႏွာကဲကို အကဲခက္ေန၏။
ျခဴးအေမးကိုၾကားတဲ့အသြင္ကလဲ...မဆီမဆိုင္မ်က္ႏွာေတြနားေတြရဲလို႔။
"ဘာကိုလဲ...နင္ကလဲ"
"ကိုေႏွာင္းကနင့္ကိုႀကိဳက္ေနတယ္ထင္တာဘဲ...ငါကေတာ့.."
"ႀကိဳက္စရာလား...သူကက်ားက်ားယားယားနဲ႔ကို"
"နင္ကေရာ.."
ဘာေတြလာေမးေနတာလဲ...ျခဴးတစ္ေယာက္နဲ႔ေတာ့ခက္ေတာ့တာဘဲ။
အသြင္လဲ ဘယ္လိုေျဖရမလဲမသိ ေမးတာမေျဖဘဲမူကာရွက္ကာျဖင့္။
"ဟဲ့....ေမးေနတယ္ေလ..."
"အမေလး.."
အသြင္ျပန္မေျဖေတာ့ ျခဴးက အသြင္မ်က္ႏွာေရွ႕လက္ခုပ္တီး၍လွန႔္လိုက္ေလသည္။
"အံမယ္....နင္လဲမရိုးေတာ့ဘူးဘဲ...အမ္း...အမ္း..ရွက္ေနတာ..."
"ငါ...ငါကဘာျဖစ္ေနလို႔လဲ"
အသြင္တစ္ေယာက္ မ်က္လုံးေတြ ဟိုေဝွ႕ဒီေဝွ႕နဲ႔ မ်က္လုံးဟိုဘက္ဒီဘက္ ကစားေန၏။
"မလိမ္ပါနဲ႔မလိမ္တတ္ဘဲနဲ႔အသြင္ရာ..."
"မလိမ္ပါဘူး..."
"ဟုတ္လို႔လား..."
အသြင့္အျဖစ္မွာ ေရွ႕ေန ေရွ႕ မုသားထြက္ဆိုေနေသာအပစ္သားကဲ့သို႔ပင္။
"ဟုတ္ပါတယ္ဆိုေနမွ..."
"ေသခ်ာလို႔လား...မလိမ္တတ္ရင္မလိမ္နဲ႔အသြင္.."
"အိမ္လာတာ...ဒါေျပာဖို႔လား..ျခဴး.."
"ဘာမွ..စကားလမ္းေၾကာင္းမလႊဲနဲ႔အသြင္...ေဘးကလူေတာင္ျမင္တယ္...နင္တို႔ႏွစ္ေယာက္ထဲကတစ္ေယာက္ေတာ့ မရိုးသားဘူး..."
"ဘယ္လိုျဖစ္လို႔...အဲ့တာေတြေျပာေနတာလဲ...ဟုတ္တယ္ကြာ..ကိုေႏွာင္းကိုငါႀကိဳက္ေနတာ..."
အသြင္လဲ စိတ္ထဲအတင္းၿမိဳသိမ့္ထားရတာၾကာၿပီဆိုေတာ့ရင္ဖြင့္ခ်င္တာလဲတစ္ေၾကာင္း..ျခဴးလဲလာေမးေနေတာ့ အမွန္အတိုင္းသာေျပာလိုက္သည္။အဲ့လိုေျပာလို႔ ျခဴးကရြံသြားမွာ စိတ္ပ်က္သြားမွာလဲစိုးရိမ္ရျပန္သည္။
"ထင္ပါတယ္..."
"နင္ဘာမွမျဖစ္ဘူးလား..ျခဴး..ငါကအဲ့လိုဆိုတာကို..."
"မျဖစ္ပါဘူး...ဘာလို႔ျဖစ္ရမွာလဲ..ၿပီးေတာ့LGBTကိုငါလဲလက္ခံနိုင္တယ္ေလ.."
ျခဴးစကားအဆုံး အသြင္မွာဝမ္းနည္းဝမ္းသာျဖသ္သြားရသည္။
"အဲ့ဆို..နင္ငါ့ကိုနားလည္ေပးတယ္ေပါ့...ဟုတ္လားျခဴး..."
"ဒါေပါ့..ငါရဲ့သူငယ္ခ်င္းကဘာဘဲျဖစ္ေနျဖစ္ေန..ငါကနင့္ဘက္မွာအတူရွိေပးမယ္.."
"ေက်းဇူးတင္ပါတယ္..ျခဴးရာ.."
ျခဴး...နင္ကေလ..ငါရဲ့သူငယ္ခ်င္းေကာင္းပီသပါေပတယ္....။
"ရတယ္..နင္နဲ႔ငါနဲ႔ၾကားအဲတာေတြမလိုဘူး...ဘယ္ကဘယ္လို..ႀကိဳက္သြားတာတုန္း.."
"အဲ့တာကေလ...ဟို...အဲ့တာ.."
အသြင္တစ္ေယာက္တကယ့္ေျပာရမယ္ဆိုေတာ့ ဘယ္ကစေျပာရမွန္းပင္မသိေတာ့ေခ်။
လက္ကလဲ ဂုတ္ကိုရွက္ရမ္းရမ္းၿပီးပြတ္ေနသည္။
"အခုမွလာရွက္မေနနဲ႔....နင္ေျပာမွငါအႀကံေပးလို႔ရမွာေပါ့ဟယ္....နင္ကလဲ"
"ဘယ္ခ်ိန္ကတည္းကေတာ့...သတိမထားမိဘူးဟ..ငါသိတဲ့အခ်ိန္က...ကိုေႏွာင္းကိုခ်စ္မိေနၿပီ.."
"အဲ့ေတာ့..နင္ဘာဆက္လုပ္မွာလဲ.."
"ဒီတိုင္းဘဲေနရမွာေပါ့...ဘာမလုပ္လို႔မွမရတာ...ငါအဲ့လိုမွန္း..ကိုေႏွာင္းသိရင္လဲ..ငါကိုစိတ်န္ပ်က္သြားေလာက္မွာ..."
"ေအးေနာ္..ကိုေႏွာင္းေနရာမိန္းကေလးတစ္ေယာက္ဆိုရင္လဲတစ္မ်ိဳး..."
"အင္.."
အသြင္မွာ ငူးငူးငိုင္ငိုင္ျဖင့္သာ။
"အသြင္...ငါစိတ္ထင္ေလ..ကိုေႏွာင္းလဲ..နင္ကိုစိတ္ဝင္စားေနၿပီထင္တယ္...တခါတခါဆိုအရင္ကကိုေႏွာသ္းနဲ႔မတူဘူး.."
"ဘယ္လိုႀကီးလဲ...ရွင္းရွင္းေလေျပာပါျခဴးရယ္..ညစ္ေနရတဲ့ထဲ"
"ဒီလိုေလဟာ...အရင္ကဆိုသူကနင္နဲ႔စကားေျပာတာမဟုတ္ဘူး..ေမးထူးေခၚေျပာေလာက္ဘဲေလ..အခုေနာက္ပိုင္း..နင္နဲ႔ကအတြဲညီလာတယ္..ၿပီးေတာ့..နင့္ကိုဆိုအရမိးဂ႐ုစိုက္သလိုဘဲ..နင္လက္မီးဟပ္တုန္းကဆိုရင္..ေဘးကငါတို႔ေတာင္ေၾကာင္သြားတယ္..သူမွာ..ကျပာကရာနဲ႔"
ျခဴးေျပာေတာ့ အသြင့္မွာအနည္းငယ္စဥ္းစားေတြေဝစရာျဖစ္သြားသည္။ထို႔ေနာက္ မ်က္ႏွာကမွိုင္ေနရာမွ အနည္းငယ္ လင္းလက္လာသည္။
"တကယ္လား..ျခဴး ... ျဖစ္နိုင္လို႔လား..."
"ျဖစ္နိုင္တယ္..ဒီၾကားထဲအကဲခက္ၾကည့္ေလ..ကိုေႏွာင္းကို.."
"ေအး..ဟုတ္တယ္..နင္ေျပာသလိုလုပ္ၾကည့္ရမယ္.."
"အင္...အခုေတာ့ဗိုက္ဆာေနၿပီး...ေဒၚျမရခိုင္မုန႔္တီကငါႏွာေခါင္းကို လာျမႇဴေနတယ္.."
"လာ...အဲ့ဆိုသြားစားမယ္.."
ထို႔ေနာက္အသြင္နဲ႔ျခဴး ထမင္းစားခန္းရွိေဒၚျမဆီကိုလာခဲ့ၾကသည္။
"ေဒၚျမေရ..."
"ေဒၚျမေရ.."
"ကဲ...ကေလးေတြ...အဆင့္သင့္ျဖစ္ၿပီး..စယးေတာ့မလား.."
"စားေတာ့မယ္ေဒၚျမ...အသြင္တို႔ကိုထည့္ေပးေနာ္.."
"ေအးေအးထည့္ေပးမယ္.."
"ေလးေလးနဲ႔ရခိုင္မုန႔္တီ ကံမပါေတာ့ဘူး..."
အသြင္ကေဒၚျမထည့္ေပးေနစဥ္ေျပာလိုက္သည္။
"ဘာလို႔လဲ..ေလးေလးက.."
"ခရီးထြက္သြားတယ္ေလ..မေန႔ကဘဲခ်က္ခ်င္းႀကီး.."
"ေအာ္..."
"ေရာ့...ရၿပီ...ျဖည္းျဖည္းစားၾကပူမယ္ေနာ္.."
"ဟုတ္...အင္း....ေကာင္းလိုက္တာကြာ...ေဒၚျမအေတာ္ဆုံးဘဲ..."
အသြင္တစ္ေယာက္ ေဒၚျမရခိုင္မုန႔္တီလာခ်ေပးေတာ့ ျမည္းလိုက္တဲ့အေနနဲ႔တသ္ဇြန္းစားလိုက္ရာ ေဒၚျမလက္ရာေကာင္းေၾကာင္းကို ကပ္ခၽြဲႏွပ္ခၽြဲေျပာေန၏။
*************************************************
(AN-က်န္းမာေရးဂ႐ုစိုက္ၾကပါေနာ္🙆♀️ တိုသြားမယ္ထင္ပါတယ္🌝😁
အခ်စါမ်ားစြာျဖင့္ မယ္ရင္ဒါ🤍)
~~~~~~~~~~~~~~~~~~~~~~~~~