PSYCHO FRIEND (Season-2)

By May555myat55mon

17.1K 1.7K 284

🐺Unicode🐍 အိပ်မက်လေလား...တကယ်လေလား... #Monster Start Date: 23.6.2021 End Date: ... 🐺Zawgyi🐍 အိပ္မက္ေလလား... More

Attention!!!
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 14
Part 15
Part 16
Part 17
Part 18
Part 19

Part 13

519 78 8
By May555myat55mon

🐺Unicode🐍

ကုမ္ပဏီ ရုံးပိတ်ရက်လည်း ဖြစ်တဲ့အပြင် မနက်ခင်းပိုင်းတစ်ပိုင်းလုံး ရိုက်ကွင်းမရှိ၊ အချိန်အားလပ်နေတာမို့ ရိပေါ်လည်း သူသွားနေကျ စိတ်ဆရာဝန် ယွီချန်ကောဆီ ထွက်လာမိတယ်။ 'ဆရာက အပြင်ခဏလေးထွက်သွားလို့ အထဲမှာ စောင့်နေပေးပါနော်။' ဆိုတဲ့ ဧည့်ကြိုကောင်တာက ဝန်ထမ်းစကားကြောင့် ရိပေါ်လည်း ခေါင်းအသာညိတ်ပြလိုက်ပြီး အခန်းရှိရာ ထွက်လာခဲ့တယ်။ mask တပ်ပြီး ဦးထုပ်ပါဆောင်းကာ ရုပ်ဖျက်ထားတာမို့ ဧည့်ကြိုဝန်ထမ်းမလေးကတော့ ရိပေါ်မှန်းသိမှာမဟုတ်။

အခန်းထဲရောက်ရောက်ခြင်း စားပွဲပေါ်မှာမြင်လိုက်ရတာက သိမ်းဆည်းထားခြင်းမရှိတဲ့ ဖိုင်တွဲတစ်ခု။

'ကြည့်ရတာ ယွီချန်ကော သိမ်းဖို့မေ့သွားတယ် ထင်ပါရဲ့။'

အတွေးနဲ့အတူ ခုံပေါ်မှာသာဝင်ထိုင်ရင်း မျက်စိရှေ့ရောက်နေတဲ့ဖိုင်ရဲ့မျက်နှာဖုံးပေါ်ကစာကိုသာ မရည်ရွယ်ဘဲ ဖတ်ကြည့်မိတယ်။

"Paranoia Personality Disorder" (သံသယလွန်ကဲသောစိတ်ဝေဒနာ)

ရောဂါဖြစ်သူကို သိချင်စိတ်နဲ့ ရိပေါ် သူ့ကိုယ်သူ သတိမထားလိုက်မိခင် ဖိုင်တွဲထဲက လူနာ နာမည်ကိုလှပ်ကြည့်ဖို့ရာ လက်လှမ်းလိုက်မိချိန်မှာပဲ ရုတ်တရပ်ဆွဲယူခံလိုက်ရတဲ့ ဖိုင်တွဲနဲ့အတူ ရိပေါ်ထံကို စူးစိုက်ကြည့်လာတဲ့ ယွီချန်ကော။ ရိပေါ်လည်း ကြောင်အပြီး ဘာမှပြန်မပြောနိုင်ဘဲ ယွီချန်ကိုသာ ပြန်မော့ကြည့်နေမိတယ်။

ခဏအကြာမှ ယွီချန်က မျက်နှာအသာလွှဲရင်း တံတွေးတစ်ချက်မျှမြိုချလိုက်ပြီး အလွန်ထိတ်လန့်သွားဟန်နဲ့ ပြုံးပြလာတယ်။

"Sorry ရိပေါ်။ ဆရာဝန်တစ်ယောက်အနေနဲ့ လူနာရဲ့ ကိုယ်ရေးကိုယ်တာမှတ်တမ်းကို လျို့ဝှက်ထားရမယ်လေ။"

ထိုအခါမှ ရိပေါ်လည်း သတိပြန်ဝင်လာပြီး အားတုံ့အားနာနဲ့ ပြန်တုံ့ပြန်မိတယ်။

"အာ မဟုတ်တာ ယွီချန်ကော။ ကျွန်တော်ကိုက စပ်စုမိသွားတာပါ။ စိတ်မရှိပါနဲ့ ယွီချန်ကော။"

"အင်း။"

ယွီချန်က ခေါင်းအသာညိတ်ပြရင်း ဖိုင်တွဲကို စားပွဲအောက်ထည့်လို့ ရိပေါ်နဲ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်တယ်။ သိပ်မကြာ အခန်းထဲ ဧည့်ကြိုဝန်ထမ်းဝင်လာပြီး ကော်ဖီခွက်နှစ်ခွက် လာချပေးတယ်။ ဝန်ထမ်းပြန်ထွက်သွားကာမှ ရိပေါ်လည်း ထုံးစံအတိုင်း mask နဲ့ ဦးထုပ်ကို ချွတ်မိတယ်။

"အာ တစ်မျိုးတော့ မထင်ပါနဲ့ ယွီချန်ကော။ လူနာအကြောင်း စပ်စုတာတော့ မဟုတ်ပါဘူး။ စောနက ကျွန်တော် ခေါင်းစဉ်တွေ့လိုက်ရလို့လေ Paranoia Personality Disorder ဆိုတာ။ အဲဒါ ဘာရောဂါလဲကော။"

"ရိပေါ် ဘာလို့မေးတာလဲ။"

"ဒီတိုင်း ဗဟုသုတအနေနဲ့ သိချင်လို့ပါ ကော။"

"အထဲက လူနာ နာမည်ကို မင်းမြင်လိုက်သေးလား။"

"မမြင်လိုက်ပါဘူး ကော။"

ရိပေါ်စကားအဆုံး ယွီချန်ကောလည်း အခုမှစိတ်သက်သာရာရသွားဟန် သက်ပြင်းအသာချတယ်။ ဖိုင်တွဲထဲက ရောဂါခံစားနေရသူ အမည်နေရာမှာ ဝမ်ရိပေါ်ဆိုတဲ့ နာမည်က နေရာယူထားကြောင်းကိုတော့ ယွီချန်က ရိပေါ်မသိစေဖို့ မျှော်လင့်မိတယ်။

"တစ်မျိုးမထင်လိုက်ပါနဲ့ ရိပေါ်။ ကောတို့ ဆရာဝန်တွေအနေနဲ့က စောင့်ထိန်းရမယ့် ဝတ္တရားတွေရှိလို့ပါ။ ကောဘက်က သတိလက်လွတ်ဖြစ်ပြီး ဖိုင်တွေမသိမ်းမိတာလည်း မှားသွားတယ်။ ဒါတွေထားပါ။ အခုရိပေါ် ရောဂါအကြောင်း သိချင်တယ်မဟုတ်လား။"

"ဟုတ် ကော။"

"Paranoia Personality Disorder, သံသယလွန်ကဲသော စိတ်ဝေဒနာလို့ ခေါ်တယ်။ ထင်ယောင်ထင်မှားဖြစ်တဲ့ စိတ်ဝေဒနာလို့လည်း ခေါ်တယ်။ ပြောရမယ်ဆိုရင် လူတစ်ဖက်သားကို သံသယစိတ်တွေများပြီး လွယ်လွယ်နဲ့ မယုံကြည်နိုင်ကြတာပေါ့။

ရောဂါသည်က တစ်ဖက်သား ကိုယ့်အပေါ် ဘယ်လောက်ပဲ ကောင်းကောင်းမွန်မွန် ဆက်ဆံ ဆက်ဆံ၊ သူတို့ကို အသုံးချဖို့ သူတို့ကို ဒုက္ခပေးဖို့ ကောင်းကောင်းမွန်မွန်ဆက်ဆံနေတာလို့ပဲ သံသယတွေဝင်နေလိမ့်မယ်။ တစ်ဖက်သားကို ယုံကြည်ဖို့ ခက်ခဲတတ်ကြတယ်။ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို အသုံးချသွားမှာကြောက်တဲ့စိတ်နဲ့ လျို့ဝှက်ထားတတ်ကြတယ်။ အညှိုးလည်း ကြီးကြသလို ဒေါသလည်း ကြီးကြတယ်။ ဘယ်သူ့ကိုမှ မယုံကြည်တာမို့ တစ်ကိုယ်တည်းနေကြတာ များတယ်။ အဓိကက သူတို့ကိုယ်သူတို့ ရောဂါဖြစ်နေမှန်းတောင် သတိမထားမိကြဘူး။

ဘာကြောင့်ဆို ဒီရောဂါက သူတို့ရဲ့ စိတ်အတွင်းမှာပဲ ဖြစ်ပျက်နေပြီး သူတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုတော့ ထိခိုက်နိုင်မှာ မဟုတ်လို့ဘဲ။ အထီးတော့ ကျန်တာပေါ့။

ကြာလာတာနဲ့အမျှ ဒီရောဂါအနည်ထိုင်လာရင် နောက်တစ်ဆင့်အနေနဲ့ ထင်ယောင်ထင်မှားတွေ ဖြစ်လာမယ်။ သူတို့ရဲ့အတွေး၊ သူတို့ရဲ့ခံစားချက်တွေကို အမှန်တွေလို့ ထင်လာမယ်။ ဘေးလူတွေ ဘယ်လောက်ပြောပြော နားမဝင်တော့ဘူး။ သူတို့ရဲ့ ခံစားချက်တွေကသာ အမှန်၊ သူတို့ရဲ့ အတွေးတွေကသာ အမှန်၊ ဘေးလူတွေအားလုံးက အမှားလို့ သံသယဝင်ပြီး ဘယ်သူ့ကိုမှ မယုံကြည်ကြတော့တာပေါ့။"

ယွီချန်ကောရဲ့ ရှင်းပြမှုအဆုံး ရိပေါ်က သဘောပေါက်သွားဟန် 'ဪ' ဆိုတဲ့ပုံစံနဲ့ ခေါင်းတဆတ်ဆတ်ညိတ်တယ်။

"ရောဂါက ဖြစ်တဲ့သူကိုယ်တိုင် မသိဘူးဆိုတော့ ဆရာဝန်ကရော ဘယ်လိုသိနိုင်မှာလဲ။ ပြီးတော့ ဘယ်လိုလူတွေမှာ အဖြစ်များလဲ ကော။"

"ရောဂါကို သိအောင် စမ်းသပ်တဲ့နည်းတွေ ရှိပါတယ်။ ဓာတ်ခွဲစမ်းသပ်နည်းနဲ့တော့ စမ်းသပ်လို့ မရဘူးပေါ့။ စိတ်ရောဂါဆရာဝန်တွေအနေနဲ့ လူနာကို စိတ်ပိုင်းဆိုင်ရာ မေးမြန်းစမ်းသပ်မှုတွေလုပ်ပြီး ရောဂါကို အတည်ပြုလို့ရတယ်။ ရောဂါက အမျိုးသားတွေမှာ အဖြစ်များတယ်။ ဖြစ်ရတဲ့အကြောင်းအရင်းအတိအကျကိုတော့ ဘယ်သူမှ မသိကြသေးဘူး။ ဖြစ်နိုင်ချေရှိတာတွေကတော့ ငယ်ဘဝ စိတ်ဒဏ်ရာ ပါလာတဲ့သူတွေပဲ။ Schizophrenia, စိတ်ကစဉ့်ကလျားရောဂါသည်တွေနဲ့ ဆွေမျိုးတော်စပ်တဲ့သူတွေမှာလည်း တွေ့ရတတ်တယ်။"

ယွီချန်ကောစကားအဆုံး ရိပေါ်က ခေါင်းတဆတ်ဆတ်ညိတ်တယ်။ ယွီချန်လည်း အသာပြုံးလိုက်ပြီး ရှေ့မှာချထားတဲ့ ကော်ဖီခွက်ကို ယူသောက်တယ်။ ထို့နောက်မှာ သက်ပြင်းအသာချလိုက်ပြီး ရိပေါ်ကို ပြုံးကြည့်နေရင်းက မေးခွန်းမေးလိုက်တယ်။

"ရိပေါ် ဒီနေ့ တစ်ပတ်လုံးလုံး ခံစားခဲ့ရတာတွေ ကောကို ပြောမလား။ ဒီနေ့ရော ကိုယ့်ကိုယ်ကို အမှတ်ဘယ်လောက်ပေးချင်လဲ။"

ထိုအခါမှ ရိပေါ်လည်း စဉ်းစားခန်းဝင်နေရာက သတိပြန်ဝင်လာပြီး သူ့အကြောင်းသူဆွေးနွေးဖို့ရာ လုံးလုံးလျားလျားစိတ်ဝင်စားလာတော့တယ်။

"ခုနှစ်မှတ်လောက်တော့ ပေးချင်တယ်ကော။"

"တိုးတက်လာသားပဲ ရိပေါ်။"

ရိပေါ် ပြုံးလိုက်မိပါရဲ့။ အလုံးစုံ အမှတ်ပြည့်မပေးနိုင်သေးရင်တောင် သူပျော်နေရတာပဲ မဟုတ်လား။

(A/N: အရင်တစ်ပိုင်းတုန်းက သာသာဖော်ပြခဲ့တဲ့ Dissociation Identity Disorder ရောဂါလေးက အမြစ်ပြတ်ပျောက်ကင်းအောင် ကုသနိုင်တဲ့နည်း မရှိသေးပါဘူး။ ကြာလာတာနဲ့အမျှ ရောဂါမပေါ်လာရင် တဖြည်းဖြည်းပျောက်သွားတာမျိုးပါ။ တစ်သက်လုံး မပျောက်တာလည်း ဖြစ်နိုင်ပါတယ်။ စိတ်ပညာကုထုံးတွေက တစ်ခါတစ်လေမှ အလုပ်ဖြစ်ပါတယ်။

အခုဖော်ပြတဲ့ Paranoia Personality Disorder ရဲ့ အကောင်းဆုံးကုသနည်းကတော့ စိတ်ကုထုံး (ပြောဆိုဆွေးနွေးခြင်းပုံစံ) ပါ။ ရောဂါပြင်းထန်လာရင်တော့ ဆေးဝါးနဲ့ ကုရပါတယ်။ ရောဂါအမြစ်ဖြတ်ကုသနိုင်တဲ့နည်းတော့ မရှိသေးပါဘူး။

ဗဟုသုတအနေနဲ့ ဖော်ပြပေးတာဖြစ်လို့ သိချင်တာရှိရင်၊ နားမလည်ရင် သာသာ့ဆီလာမေးလို့ရပါတယ်နော်။

အကျယ်တဝင့်သိချင်တယ်ဆိုရင်တော့ hello ဆရာဝန် ဆိုတဲ့ page မှာလိုက်ရှာပြီး ဖတ်ကြည့်ပါနော်။)

-------------------------------------

တစ်လအတွင်း စီနီယာလီယွမ်ဟာ ရိပေါ်ကို သိသိသာသာရော မသိမသာပါ ရှောင်တယ်။ ထိပ်တိုက်တွေ့ချိန်တွေမှာဆိုရင်လည်း စီနီယာချန်မင်းသေဆုံးသွားတဲ့အမှုနဲ့ပတ်သတ်ပြီး အနှောင့်အသွားမလွတ်တဲ့စကားတွေကို မသိမသာပြောလေ့ရှိပြန်တယ်။ ရိပေါ်ဘက်က စီနီယာချန်မင်းကို မသတ်ခဲ့တာသေချာတာမို့ လိပ်ပြာလုံတယ်ဆိုပေမယ့် တစ်ခါတစ်လေမှာ ရိပေါ် သူကိုယ်တိုင်တောင် သံသယပြန်ဝင်မိတယ်။ သို့ပေမယ့် သူနဲ့မဆိုင်တာ သေချာနေတဲ့ကိစ္စမို့ ရိပေါ်လည်း ဘာသိဘာသာပဲ နေလိုက်တော့တယ်။ မသိစိတ်ထဲမှာတော့ ရှောင်ကျန့်ကို သံသယဝင်နေမိပေမယ့်ပေါ့။ သို့ပေမယ့် ရိပေါ်ဟာ သံသယစိတ်ကို ချက်ချင်းပဲ ဖြေဖျောက်လိုက်ပါတယ်။ စီနီယာချန်မင်းကို သတ်ရလောက်အောင် ရှောင်ကျန့်နဲ့ စီနီယာချန်မင်းကြား ရန်ငြိုးမရှိခဲ့ဘူးလို့ ထင်ရတာမို့။

'What is this thing called Love' ဇာတ်ကားအတွက် လေ့ကျင့်မှုနဲ့ အပြင်အဆင်တွေအားလုံး တစ်လအတွင်းမှာပဲ ပြီးဆုံးသွားခဲ့တာမို့ ဇာတ်ကားစရိုက်ဖို့ရာအတွက် ပြင်ဆင်ကြရတယ်။

"ဒီဇာတ်ကားထဲမှာ မင်းသားနှစ်ယောက်လည်း သိပြီးသားဖြစ်မှာပါ။ bed sense တော့ မပါပေမယ့် kiss sense ကတော့ နှစ်ခန်းပါမယ်။"

ဒါရိုက်တာကြီးစကားအဆုံး ရှောင်ကျန့်က ပါးစပ်အဟောင်းသားနဲ့ မျက်ခုံးလေးပင့်ပြီး ရိပေါ်ကို လှည့်ကြည့်တယ်။ ရိပေါ်မှာတော့ ဒါရိုက်တာကြီးပြောတဲ့ kiss sense ဆိုတာကို မျက်လုံးထဲပုံဖော်ရင်း တံတွေးကို ခိုးပြီးမြိုချနေရတယ်။ ရင်ထဲမှာလည်း ဖော်ပြလို့မရတဲ့ ပျော်ရွှင်မှုအမည်တွင်တဲ့ ခံစားချက်တို့ စီးဆင်းလာတယ်။ ရှောင်ကျန့်ကို မပိုင်ဆိုင်ရရင်တောင် ဒီလောက်လေးတော့ ရိပေါ် လောဘတက်လို့ရတယ်မလား။ သို့ပေမယ့် ရိပေါ်ရဲ့ ပျော်ရွှင်စိတ်တို့မှာ ရှောင်ကျန့်ပြောလာတဲ့စကားကြောင့် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားရတယ်။

"ဒါရိုက်တာကြီး။ ကျွန်တော်တို့နှစ်ယောက်က သူငယ်ချင်းအချင်းချင်းလိုကြီးဖြစ်နေတော့ kiss sense ကိုလေ အယောင်ပြအနေနဲ့ပဲ ထည့်လို့ရမလား ဒါရိုက်တာကြီး။ ဒါမှမဟုတ်လည်း နောက်ကျောကနေပဲ ရိုက်တာမျိုးလေ။"

ရှောင်ကျန့်ရဲ့ အကြံပြုချက်ကို ဒါရိုက်တာကြီးက ခေါင်းတညိတ်ညိတ်နဲ့ ရိပေါ်ဘက် လှည့်မေးလာတယ်။ ရိပေါ်မှာသာ မျက်နှာပျက်မသွားမိအောင် ကြိုးစားထိန်းရင်း ပြန်ဖြေလိုက်ရတယ်။

"ရိပေါ်ရော အဆင်ပြေမလား။ ရှောင်ကျန့်ပြောတဲ့အတိုင်းပဲ လုပ်မလား။"

"ကျွန်တော်က အဆင်ပြေပါတယ် ဒါရိုက်တာကြီး။ ဒါရိုက်တာကြီးတို့ အဆင်ပြေသလိုသာ လုပ်ပါ။"

"ကောင်းပြီ။ ဒါဆို kiss sense နှစ်ခုလုံးကို ရှောင်ကျန့် အကြံပေးသလိုပဲ လုပ်လိုက်မယ်။ ဒါပေမယ့် အဲ့အစား မင်းတို့နှစ်ယောက်က ဒီဇာတ်ကားထဲမှာ ချစ်သူတွေမို့ လုံးဝကို အထိအတွေ့တွေမှာ ပီပြင်နေအောင် လုပ်ရလိမ့်မယ်။ သိကြတဲ့အတိုင်းပဲ မင်းတို့ရဲ့ ပရိတ်သတ်တွေက ဒီ kiss sense ကို အရမ်းမျှော်လင့်ထားကြတာ။ ဆိုတော့ သူတို့မျှော်လင့်ထားတာကို မပေးနိုင်တော့ သူတို့စိတ်ကျေနပ်စေလောက်မယ့် အထိအတွေ့ပိုင်းနဲ့ပဲ သူတို့ကို ချော့ရလိမ့်မယ်။

ဆိုတော့ အခု ပထမဆုံးရိုက်ရမယ့် sense က ဇာတ်လမ်း ကြော်ငြာအတွက် ရှောင်ကျန့်ကိုအရင်ရိုက်ရမယ်။ ဒါပြီးရင် ရိပေါ်ရဲ့ sense လာမှာမို့ ရိပေါ်က တစ်ချက်လောက် အဆင်သင့်ပြင်ထားပေးနော်။"

"ဟုတ်ကဲ့ ဒါရိုက်တာကြီး။"

"ကဲ အားလုံးအဆင်သင့်ဖြစ်ပြီလားဟေ့။ ရိုက်မယ်။"

အဓိကဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ ရှောင်ကျန့်နဲ့ရိပေါ်ရဲ့ ရိုက်ကူးရေးအပြီး ဇာတ်ပို့နဲ့ အရန်ဇာတ်ကောင်တွေရဲ့ ရိုက်ကူးရေးလုပ်နေတဲ့အတောအတွင်း ခဏနားတဲ့အနေနဲ့ ရှောင်ကျန့်နဲ့ရိပေါ်လည်း ရိုက်ကွင်းအတွင်းမှာပဲ မုန့်စားရင်း ထိုင်စောင့်နေကြတယ်။ ရှောင်ကျန့်ကတော့ ပြုံးပြုံးရွှင်ရွှင်နဲ့ လက်ထဲကပေါင်မုန့်ကိုပဲ အဆက်မပြတ်ကိုက်စားလို့ ဟိုကြည့်သည်ကြည့်လုပ်နေတယ်။ ရိပေါ်မှာတော့ လက်ထဲက ချိုရည်ဘူးကို တင်းနေအောင်ဆုပ်ကိုင်ထားရင်း အသံတိတ်နေနေမိတယ်။

"မင်း ငါပေးလိုက်တဲ့အကြံကို သဘောရောကျရဲ့လား။"

သူ့ဘက်လှည့်ပြီးမေးလာတဲ့ ရှောင်ကျန့်ရဲ့စကားကြောင့် ရိပေါ်လည်း တစ်ချက်မျှ တုန်တက်မိသွားတယ်။ သူအတွေးနွံထဲ တော်တော်လေးကို နစ်မြောနေမိတာပဲ။ ရိပေါ်လည်း မျက်တောင်နှစ်ချက်သုံးချက်လောက် အမြန်ပုတ်ခတ်လိုက်ပြီး ရှောင်ကျန့်ကို တစ်ချက်မျှလှည့်ကြည့်လို့ မလုံမလဲနဲ့သာ ပြန်ဖြေမိပါရဲ့။

"ဟမ်။ ငါ ငါက ဘာသဘောမကျစရာရှိလို့လဲ။ မင်းအဆင်ပြေရင် ရပါတယ်။"

ရိပေါ်စကားအဆုံး ရှောင်ကျန့်ကတော့ ခေါင်းတညိတ်ညိတ်နဲ့ ခြေထောက်လှုပ်ရင်း ဟိုကြည့်သည်ကြည့်လုပ်နေပြန်တယ်။

"ရိပေါ် ဟိုက နှစ်ယောက်ကိုကြည့်ဦး။ အရမ်းလိုက်ဖက်လွန်းတယ်လို့ မင်းမထင်ဘူးလား။"

ရှောင်ကျန့်လက်ညှိုးညွှန်ပြရာ ရိပေါ်လိုက်ကြည့်မိတယ်။ ညွှန်ပြခံရသူနှစ်ဦးက အခြားသူမဟုတ်။ ဇာတ်ပို့နှစ်ယောက်ဖြစ်တဲ့ လျိုဟိုက်ခွမ်းနဲ့ ကျူးဇန့်ကျင်။

နှစ်ယောက်ကိုကြည့်ရတာ တစ်ခုခုကို လုနေသယောင်။ ဟိုက်ခွမ်းက ပစ္စည်းတစ်ခုကို နောက်ကျောမှာဖွက်ထားပြီး ဇန့်ကျင်က ပါးစပ်ကတတွတ်တွတ်ရွတ်ရင်း ပြန်ယူနေတယ်။ ဟိုက်ခွမ်းမှာတော့ သူ့ပခုံးအောက်ပဲရှိတဲ့ဇန့်ကျင်ကိုကြည့်ပြီး ခန္ဓာကိုယ်ကို အလိုက်သင့်လှည့်ရင်း စနေတယ်။ ဇန့်ကျင်မှာတော့ ဟိုက်ခွမ်းကို မျက်စောင်းထိုးမော့ကြည့်လိုက်၊ မကျေမနပ်နဲ့ ခြေဆောင့်လိုက်လုပ်ရင်း ဟိုက်ခွမ်းလက်ထဲက ပစ္စည်းကိုသာ မရမက ပြန်တောင်းနေတော့တယ်။

"စီနီယာနဲ့ ဂျူနီယာတွေတဲ့။"

ရှောင်ကျန့်စကားကြောင့် ရိပေါ်လည်း အကြည့်လွှဲလိုက်ပြီး ရှောင်ကျန့်ကိုသာ ပြန်ကြည့်မိတယ်။ ရှောင်ကျန့်ကတော့ ရိပေါ်ကိုပြုံးပြလာရင်း အကြည့်တို့က ထိုလူသားနှစ်ဦးထံ ပြန်ရောက်သွားပြီး ဆက်ပြောလာတာမို့ ရိပေါ်လည်း သူတို့နှစ်ယောက်ထံ အကြည့်ပြန်ပို့ရင်း ဆက်နားထောင်လိုက်တယ်။

"ဟိုက်ခွမ်းက အခုမှ စတုတ္ထနှစ်တက်တုန်း။ ငါတို့နှစ်ယောက်ထက် တစ်နှစ်ပဲ ငယ်တယ်။ ဇန့်ကျင်က အခုမှ ဒုတိယနှစ်ပဲ ရှိသေးတယ်။ သရုပ်ဆောင်ရွေးချယ်ပွဲမှာ ဟိုက်ခွမ်းရဲ့တိုက်တွန်းမှုနဲ့ သွားပြိုင်လိုက်တာ မထင်မှတ်ဘဲ အရွေးချယ်ခံလိုက်ရတာတဲ့။ နှစ်ယောက်လုံး အတွေ့အကြုံသာ မရှိကြတာ။ သရုပ်ဆောင်ပိုင်းမှာ တော်တော်လေးတော်တယ်လို့ ပြောလို့ရတယ်။"

"မင်းက အကုန်သိတာပဲနော်။"

ရိပေါ် ရှောင်ကျန့်ဘက်လှည့်ကြည့်ရင်းမေးတော့ ရှောင်ကျန့်က ပြုံးတယ်ဆိုရုံပြုံးပြီး တစ်ဖက်လှည့်သွားတယ်။

"ငါက မင်းလို အမြဲတမ်းကြီး နားအေးနေတဲ့သူမှမဟုတ်တာ။ သူတို့နဲ့စကားစမြည်ပြောကြည့်ရင်းက မေးကြည့်လိုက်တာ။ မင်းလည်း နည်းနည်းပါးပါးတော့ လူမှုဆက်ဆံရေးလေးကောင်းအောင် လုပ်ပါဦး။ ပရိတ်သတ်တွေက မင်းကို ဘာကြည့်ကြိုက်ကြတာတုန်း။"

ရှောင်ကျန့်က ရိပေါ်ရဲ့ပခုံးကို သူငယ်ချင်းအရင်းကြီးတွေလို တွန်းတိုက်ရင်း ပြောလာတဲ့နောက် ရိပေါ်လည်း ခေါင်းငုံ့ပြီး ရယ်မိပါရဲ့။

"ငါက ချောတယ်လေ။"

ခေါင်းထဲပေါ်လာတဲ့ ဟာသလေးကို ရှောင်ကျန့်ရဲ့ပြောစကားနဲ့အလိုက် ပြန်ပြောတော့ ရှောင်ကျန့်က မျက်စောင်းထိုးရင်း ခေါင်းရမ်းရယ်တယ်။

"မင်းကိုတော့ မပြောတော့ဘူး။"

ထို့နောက်မှာတော့ သူတို့နှစ်ယောက်လုံး လွတ်လွတ်လပ်လပ်ပဲ ရယ်မောမိကြပါရဲ့။

-------------------------------------

"အင်းအင်း။ အိမ်မှာပဲ စောင့်နေလိုက်နော် ရီလေး။ အစ်ကိုအခုပဲ ပြန်လာတော့မှာမို့။"

ရိပေါ်ရင်တွေထပ်ကွဲရပါတယ်။ ချစ်ရသူမှာ ချစ်သူတစ်ယောက်လုံးရှိနေတာကို သိသိကြီးနဲ့ ဇာတ်ကားထဲမှာ kiss sense ရိုက်ဖို့ကို စိတ်ကူးယဉ်နေမိသေးတယ်။

ရိပေါ် ခေါင်းရမ်းရင်းသာ ကိုယ့်ကိုယ်ကို လှောင်တဲ့အနေနဲ့ ရယ်မိတယ်။ ရှောင်ကျန့်ကို မချစ်တော့ဘူး၊ မေ့ပစ်မယ်လို့ ကြုံးဝါးထားတာ သူမဟုတ်တဲ့အတိုင်း နှလုံးသားတစ်ခုလုံး ဆိုးဆိုးဝါးဝါးနာကျင်လာတဲ့အခါမှာ ရိပေါ် သူ့ကိုယ်သူသာ ကျိန်ဆဲမိတယ်။ ရှောင်ကျန့်နဲ့သူဟာ ဇာတ်ကားရိုက်နေတဲ့အတောအတွင်း လုပ်ဖော်ကိုင်ဖက်အနေနဲ့ပဲ ပတ်သတ်မှုရှိတယ်ဆိုတာ သူတဒင်္ဂလောက် မေ့သွားခဲ့တယ် မဟုတ်ပါလား။

#Monster

-----------------------------------------------------------------------

ဖတ်ရှုအားပေးကြတဲ့ဒါဒါတစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်။ အရေးအသားအဆင်မပြေရင် ပွင့်ပွင့်လင်းလင်းဝေဖန်လို့ရပါတယ်။

ကြားထဲမှာ A/N ထည့်တာ စာဖတ်ရင်း ထောက်သွားတယ်ဆို ပွင့်ပွင့်လင်းလင်းလာပြောပေးနော်။

Love you all my readers.😘😘😘





🐺Zawgyi🐍

ကုမၸဏီ ႐ုံးပိတ္ရက္လည္း ျဖစ္တဲ့အျပင္ မနက္ခင္းပိုင္းတစ္ပိုင္းလုံး ႐ိုက္ကြင္းမရွိ၊ အခ်ိန္အားလပ္ေနတာမို႔ ရိေပၚလည္း သူသြားေနက် စိတ္ဆရာဝန္ ယြီခ်န္ေကာဆီ ထြက္လာမိတယ္။ 'ဆရာက အျပင္ခဏေလးထြက္သြားလို႔ အထဲမွာ ေစာင့္ေနေပးပါေနာ္။' ဆိုတဲ့ ဧည့္ႀကိဳေကာင္တာက ဝန္ထမ္းစကားေၾကာင့္ ရိေပၚလည္း ေခါင္းအသာညိတ္ျပလိုက္ၿပီး အခန္းရွိရာ ထြက္လာခဲ့တယ္။ mask တပ္ၿပီး ဦးထုပ္ပါေဆာင္းကာ ႐ုပ္ဖ်က္ထားတာမို႔ ဧည့္ႀကိဳဝန္ထမ္းမေလးကေတာ့ ရိေပၚမွန္းသိမွာမဟုတ္။

အခန္းထဲေရာက္ေရာက္ျခင္း စားပြဲေပၚမွာျမင္လိုက္ရတာက သိမ္းဆည္းထားျခင္းမရွိတဲ့ ဖိုင္တြဲတစ္ခု။

'ၾကည့္ရတာ ယြီခ်န္ေကာ သိမ္းဖို႔ေမ့သြားတယ္ ထင္ပါရဲ႕။'

အေတြးနဲ႔အတူ ခုံေပၚမွာသာဝင္ထိုင္ရင္း မ်က္စိေရွ႕ေရာက္ေနတဲ့ဖိုင္ရဲ႕မ်က္ႏွာဖုံးေပၚကစာကိုသာ မရည္႐ြယ္ဘဲ ဖတ္ၾကည့္မိတယ္။

"Paranoia Personality Disorder" (သံသယလြန္ကဲေသာစိတ္ေဝဒနာ)

ေရာဂါျဖစ္သူကို သိခ်င္စိတ္နဲ႔ ရိေပၚ သူ႔ကိုယ္သူ သတိမထားလိုက္မိခင္ ဖိုင္တြဲထဲက လူနာ နာမည္ကိုလွပ္ၾကည့္ဖို႔ရာ လက္လွမ္းလိုက္မိခ်ိန္မွာပဲ ႐ုတ္တရပ္ဆြဲယူခံလိုက္ရတဲ့ ဖိုင္တြဲနဲ႔အတူ ရိေပၚထံကို စူးစိုက္ၾကည့္လာတဲ့ ယြီခ်န္ေကာ။ ရိေပၚလည္း ေၾကာင္အၿပီး ဘာမွျပန္မေျပာႏိုင္ဘဲ ယြီခ်န္ကိုသာ ျပန္ေမာ့ၾကည့္ေနမိတယ္။

ခဏအၾကာမွ ယြီခ်န္က မ်က္ႏွာအသာလႊဲရင္း တံေတြးတစ္ခ်က္မွ်ၿမိဳခ်လိုက္ၿပီး အလြန္ထိတ္လန႔္သြားဟန္နဲ႔ ၿပဳံးျပလာတယ္။

"Sorry ရိေပၚ။ ဆရာဝန္တစ္ေယာက္အေနနဲ႔ လူနာရဲ႕ ကိုယ္ေရးကိုယ္တာမွတ္တမ္းကို လ်ိဳ႕ဝွက္ထားရမယ္ေလ။"

ထိုအခါမွ ရိေပၚလည္း သတိျပန္ဝင္လာၿပီး အားတုံ႔အားနာနဲ႔ ျပန္တုံ႔ျပန္မိတယ္။

"အာ မဟုတ္တာ ယြီခ်န္ေကာ။ ကြၽန္ေတာ္ကိုက စပ္စုမိသြားတာပါ။ စိတ္မရွိပါနဲ႔ ယြီခ်န္ေကာ။"

"အင္း။"

ယြီခ်န္က ေခါင္းအသာညိတ္ျပရင္း ဖိုင္တြဲကို စားပြဲေအာက္ထည့္လို႔ ရိေပၚနဲ႔မ်က္ႏွာခ်င္းဆိုင္မွာ ဝင္ထိုင္တယ္။ သိပ္မၾကာ အခန္းထဲ ဧည့္ႀကိဳဝန္ထမ္းဝင္လာၿပီး ေကာ္ဖီခြက္ႏွစ္ခြက္ လာခ်ေပးတယ္။ ဝန္ထမ္းျပန္ထြက္သြားကာမွ ရိေပၚလည္း ထုံးစံအတိုင္း mask နဲ႔ ဦးထုပ္ကို ခြၽတ္မိတယ္။

"အာ တစ္မ်ိဳးေတာ့ မထင္ပါနဲ႔ ယြီခ်န္ေကာ။ လူနာအေၾကာင္း စပ္စုတာေတာ့ မဟုတ္ပါဘူး။ ေစာနက ကြၽန္ေတာ္ ေခါင္းစဥ္ေတြ႕လိုက္ရလို႔ေလ Paranoia Personality Disorder ဆိုတာ။ အဲဒါ ဘာေရာဂါလဲေကာ။"

"ရိေပၚ ဘာလို႔ေမးတာလဲ။"

"ဒီတိုင္း ဗဟုသုတအေနနဲ႔ သိခ်င္လို႔ပါ ေကာ။"

"အထဲက လူနာ နာမည္ကို မင္းျမင္လိုက္ေသးလား။"

"မျမင္လိုက္ပါဘူး ေကာ။"

ရိေပၚစကားအဆုံး ယြီခ်န္ေကာလည္း အခုမွစိတ္သက္သာရာရသြားဟန္ သက္ျပင္းအသာခ်တယ္။ ဖိုင္တြဲထဲက ေရာဂါခံစားေနရသူ အမည္ေနရာမွာ ဝမ္ရိေပၚဆိုတဲ့ နာမည္က ေနရာယူထားေၾကာင္းကိုေတာ့ ယြီခ်န္က ရိေပၚမသိေစဖို႔ ေမွ်ာ္လင့္မိတယ္။

"တစ္မ်ိဳးမထင္လိုက္ပါနဲ႔ ရိေပၚ။ ေကာတို႔ ဆရာဝန္ေတြအေနနဲ႔က ေစာင့္ထိန္းရမယ့္ ဝတၱရားေတြရွိလို႔ပါ။ ေကာဘက္က သတိလက္လြတ္ျဖစ္ၿပီး ဖိုင္ေတြမသိမ္းမိတာလည္း မွားသြားတယ္။ ဒါေတြထားပါ။ အခုရိေပၚ ေရာဂါအေၾကာင္း သိခ်င္တယ္မဟုတ္လား။"

"ဟုတ္ ေကာ။"

"Paranoia Personality Disorder, သံသယလြန္ကဲေသာ စိတ္ေဝဒနာလို႔ ေခၚတယ္။ ထင္ေယာင္ထင္မွားျဖစ္တဲ့ စိတ္ေဝဒနာလို႔လည္း ေခၚတယ္။ ေျပာရမယ္ဆိုရင္ လူတစ္ဖက္သားကို သံသယစိတ္ေတြမ်ားၿပီး လြယ္လြယ္နဲ႔ မယုံၾကည္ႏိုင္ၾကတာေပါ့။

ေရာဂါသည္က တစ္ဖက္သား ကိုယ့္အေပၚ ဘယ္ေလာက္ပဲ ေကာင္းေကာင္းမြန္မြန္ ဆက္ဆံ ဆက္ဆံ၊ သူတို႔ကို အသုံးခ်ဖို႔ သူတို႔ကို ဒုကၡေပးဖို႔ ေကာင္းေကာင္းမြန္မြန္ဆက္ဆံေနတာလို႔ပဲ သံသယေတြဝင္ေနလိမ့္မယ္။ တစ္ဖက္သားကို ယုံၾကည္ဖို႔ ခက္ခဲတတ္ၾကတယ္။ သူတို႔ရဲ႕ ကိုယ္ေရးကိုယ္တာကိစၥေတြကို အသုံးခ်သြားမွာေၾကာက္တဲ့စိတ္နဲ႔ လ်ိဳ႕ဝွက္ထားတတ္ၾကတယ္။ အညႇိဳးလည္း ႀကီးၾကသလို ေဒါသလည္း ႀကီးၾကတယ္။ ဘယ္သူ႔ကိုမွ မယုံၾကည္တာမို႔ တစ္ကိုယ္တည္းေနၾကတာ မ်ားတယ္။ အဓိကက သူတို႔ကိုယ္သူတို႔ ေရာဂါျဖစ္ေနမွန္းေတာင္ သတိမထားမိၾကဘူး။

ဘာေၾကာင့္ဆို ဒီေရာဂါက သူတို႔ရဲ႕ စိတ္အတြင္းမွာပဲ ျဖစ္ပ်က္ေနၿပီး သူတို႔ရဲ႕ ေန႔စဥ္လုပ္ငန္းေဆာင္တာေတြကိုေတာ့ ထိခိုက္ႏိုင္မွာ မဟုတ္လို႔ဘဲ။ အထီးေတာ့ က်န္တာေပါ့။

ၾကာလာတာနဲ႔အမွ် ဒီေရာဂါအနည္ထိုင္လာရင္ ေနာက္တစ္ဆင့္အေနနဲ႔ ထင္ေယာင္ထင္မွားေတြ ျဖစ္လာမယ္။ သူတို႔ရဲ႕အေတြး၊ သူတို႔ရဲ႕ခံစားခ်က္ေတြကို အမွန္ေတြလို႔ ထင္လာမယ္။ ေဘးလူေတြ ဘယ္ေလာက္ေျပာေျပာ နားမဝင္ေတာ့ဘူး။ သူတို႔ရဲ႕ ခံစားခ်က္ေတြကသာ အမွန္၊ သူတို႔ရဲ႕ အေတြးေတြကသာ အမွန္၊ ေဘးလူေတြအားလုံးက အမွားလို႔ သံသယဝင္ၿပီး ဘယ္သူ႔ကိုမွ မယုံၾကည္ၾကေတာ့တာေပါ့။"

ယြီခ်န္ေကာရဲ႕ ရွင္းျပမႈအဆုံး ရိေပၚက သေဘာေပါက္သြားဟန္ 'ဪ' ဆိုတဲ့ပုံစံနဲ႔ ေခါင္းတဆတ္ဆတ္ညိတ္တယ္။

"ေရာဂါက ျဖစ္တဲ့သူကိုယ္တိုင္ မသိဘူးဆိုေတာ့ ဆရာဝန္ကေရာ ဘယ္လိုသိႏိုင္မွာလဲ။ ၿပီးေတာ့ ဘယ္လိုလူေတြမွာ အျဖစ္မ်ားလဲ ေကာ။"

"ေရာဂါကို သိေအာင္ စမ္းသပ္တဲ့နည္းေတြ ရွိပါတယ္။ ဓာတ္ခြဲစမ္းသပ္နည္းနဲ႔ေတာ့ စမ္းသပ္လို႔ မရဘူးေပါ့။ စိတ္ေရာဂါဆရာဝန္ေတြအေနနဲ႔ လူနာကို စိတ္ပိုင္းဆိုင္ရာ ေမးျမန္းစမ္းသပ္မႈေတြလုပ္ၿပီး ေရာဂါကို အတည္ျပဳလို႔ရတယ္။ ေရာဂါက အမ်ိဳးသားေတြမွာ အျဖစ္မ်ားတယ္။ ျဖစ္ရတဲ့အေၾကာင္းအရင္းအတိအက်ကိုေတာ့ ဘယ္သူမွ မသိၾကေသးဘူး။ ျဖစ္ႏိုင္ေခ်ရွိတာေတြကေတာ့ ငယ္ဘဝ စိတ္ဒဏ္ရာ ပါလာတဲ့သူေတြပဲ။ Schizophrenia, စိတ္ကစဥ့္ကလ်ားေရာဂါသည္ေတြနဲ႔ ေဆြမ်ိဳးေတာ္စပ္တဲ့သူေတြမွာလည္း ေတြ႕ရတတ္တယ္။"

ယြီခ်န္ေကာစကားအဆုံး ရိေပၚက ေခါင္းတဆတ္ဆတ္ညိတ္တယ္။ ယြီခ်န္လည္း အသာၿပဳံးလိုက္ၿပီး ေရွ႕မွာခ်ထားတဲ့ ေကာ္ဖီခြက္ကို ယူေသာက္တယ္။ ထို႔ေနာက္မွာ သက္ျပင္းအသာခ်လိုက္ၿပီး ရိေပၚကို ၿပဳံးၾကည့္ေနရင္းက ေမးခြန္းေမးလိုက္တယ္။

"ရိေပၚ ဒီေန႔ တစ္ပတ္လုံးလုံး ခံစားခဲ့ရတာေတြ ေကာကို ေျပာမလား။ ဒီေန႔ေရာ ကိုယ့္ကိုယ္ကို အမွတ္ဘယ္ေလာက္ေပးခ်င္လဲ။"

ထိုအခါမွ ရိေပၚလည္း စဥ္းစားခန္းဝင္ေနရာက သတိျပန္ဝင္လာၿပီး သူ႔အေၾကာင္းသူေဆြးေႏြးဖို႔ရာ လုံးလုံးလ်ားလ်ားစိတ္ဝင္စားလာေတာ့တယ္။

"ခုႏွစ္မွတ္ေလာက္ေတာ့ ေပးခ်င္တယ္ေကာ။"

"တိုးတက္လာသားပဲ ရိေပၚ။"

ရိေပၚ ၿပဳံးလိုက္မိပါရဲ႕။ အလုံးစုံ အမွတ္ျပည့္မေပးႏိုင္ေသးရင္ေတာင္ သူေပ်ာ္ေနရတာပဲ မဟုတ္လား။

(A/N: အရင္တစ္ပိုင္းတုန္းက သာသာေဖာ္ျပခဲ့တဲ့ Dissociation Identity Disorder ေရာဂါေလးက အျမစ္ျပတ္ေပ်ာက္ကင္းေအာင္ ကုသႏိုင္တဲ့နည္း မရွိေသးပါဘူး။ ၾကာလာတာနဲ႔အမွ် ေရာဂါမေပၚလာရင္ တျဖည္းျဖည္းေပ်ာက္သြားတာမ်ိဳးပါ။ တစ္သက္လုံး မေပ်ာက္တာလည္း ျဖစ္ႏိုင္ပါတယ္။ စိတ္ပညာကုထုံးေတြက တစ္ခါတစ္ေလမွ အလုပ္ျဖစ္ပါတယ္။

အခုေဖာ္ျပတဲ့ Paranoia Personality Disorder ရဲ႕ အေကာင္းဆုံးကုသနည္းကေတာ့ စိတ္ကုထုံး (ေျပာဆိုေဆြးေႏြးျခင္းပုံစံ) ပါ။ ေရာဂါျပင္းထန္လာရင္ေတာ့ ေဆးဝါးနဲ႔ ကုရပါတယ္။ ေရာဂါအျမစ္ျဖတ္ကုသႏိုင္တဲ့နည္းေတာ့ မရွိေသးပါဘူး။

ဗဟုသုတအေနနဲ႔ ေဖာ္ျပေပးတာျဖစ္လို႔ သိခ်င္တာရွိရင္၊ နားမလည္ရင္ သာသာ့ဆီလာေမးလို႔ရပါတယ္ေနာ္။

အက်ယ္တဝင့္သိခ်င္တယ္ဆိုရင္ေတာ့ hello ဆရာဝန္ ဆိုတဲ့ page မွာလိုက္ရွာၿပီး ဖတ္ၾကည့္ပါေနာ္။)

-------------------------------------

တစ္လအတြင္း စီနီယာလီယြမ္ဟာ ရိေပၚကို သိသိသာသာေရာ မသိမသာပါ ေရွာင္တယ္။ ထိပ္တိုက္ေတြ႕ခ်ိန္ေတြမွာဆိုရင္လည္း စီနီယာခ်န္မင္းေသဆုံးသြားတဲ့အမႈနဲ႔ပတ္သတ္ၿပီး အေႏွာင့္အသြားမလြတ္တဲ့စကားေတြကို မသိမသာေျပာေလ့ရွိျပန္တယ္။ ရိေပၚဘက္က စီနီယာခ်န္မင္းကို မသတ္ခဲ့တာေသခ်ာတာမို႔ လိပ္ျပာလုံတယ္ဆိုေပမယ့္ တစ္ခါတစ္ေလမွာ ရိေပၚ သူကိုယ္တိုင္ေတာင္ သံသယျပန္ဝင္မိတယ္။ သို႔ေပမယ့္ သူနဲ႔မဆိုင္တာ ေသခ်ာေနတဲ့ကိစၥမို႔ ရိေပၚလည္း ဘာသိဘာသာပဲ ေနလိုက္ေတာ့တယ္။ မသိစိတ္ထဲမွာေတာ့ ေရွာင္က်န႔္ကို သံသယဝင္ေနမိေပမယ့္ေပါ့။ သို႔ေပမယ့္ ရိေပၚဟာ သံသယစိတ္ကို ခ်က္ခ်င္းပဲ ေျဖေဖ်ာက္လိုက္ပါတယ္။ စီနီယာခ်န္မင္းကို သတ္ရေလာက္ေအာင္ ေရွာင္က်န႔္နဲ႔ စီနီယာခ်န္မင္းၾကား ရန္ၿငိဳးမရွိခဲ့ဘူးလို႔ ထင္ရတာမို႔။

'What is this thing called Love' ဇာတ္ကားအတြက္ ေလ့က်င့္မႈနဲ႔ အျပင္အဆင္ေတြအားလုံး တစ္လအတြင္းမွာပဲ ၿပီးဆုံးသြားခဲ့တာမို႔ ဇာတ္ကားစ႐ိုက္ဖို႔ရာအတြက္ ျပင္ဆင္ၾကရတယ္။

"ဒီဇာတ္ကားထဲမွာ မင္းသားႏွစ္ေယာက္လည္း သိၿပီးသားျဖစ္မွာပါ။ bed sense ေတာ့ မပါေပမယ့္ kiss sense ကေတာ့ ႏွစ္ခန္းပါမယ္။"

ဒါ႐ိုက္တာႀကီးစကားအဆုံး ေရွာင္က်န႔္က ပါးစပ္အေဟာင္းသားနဲ႔ မ်က္ခုံးေလးပင့္ၿပီး ရိေပၚကို လွည့္ၾကည့္တယ္။ ရိေပၚမွာေတာ့ ဒါ႐ိုက္တာႀကီးေျပာတဲ့ kiss sense ဆိုတာကို မ်က္လုံးထဲပုံေဖာ္ရင္း တံေတြးကို ခိုးၿပီးၿမိဳခ်ေနရတယ္။ ရင္ထဲမွာလည္း ေဖာ္ျပလို႔မရတဲ့ ေပ်ာ္႐ႊင္မႈအမည္တြင္တဲ့ ခံစားခ်က္တို႔ စီးဆင္းလာတယ္။ ေရွာင္က်န႔္ကို မပိုင္ဆိုင္ရရင္ေတာင္ ဒီေလာက္ေလးေတာ့ ရိေပၚ ေလာဘတက္လို႔ရတယ္မလား။ သို႔ေပမယ့္ ရိေပၚရဲ႕ ေပ်ာ္႐ႊင္စိတ္တို႔မွာ ေရွာင္က်န႔္ေျပာလာတဲ့စကားေၾကာင့္ ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္သြားရတယ္။

"ဒါ႐ိုက္တာႀကီး။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္က သူငယ္ခ်င္းအခ်င္းခ်င္းလိုႀကီးျဖစ္ေနေတာ့ kiss sense ကိုေလ အေယာင္ျပအေနနဲ႔ပဲ ထည့္လို႔ရမလား ဒါ႐ိုက္တာႀကီး။ ဒါမွမဟုတ္လည္း ေနာက္ေက်ာကေနပဲ ႐ိုက္တာမ်ိဳးေလ။"

ေရွာင္က်န႔္ရဲ႕ အႀကံျပဳခ်က္ကို ဒါ႐ိုက္တာႀကီးက ေခါင္းတညိတ္ညိတ္နဲ႔ ရိေပၚဘက္ လွည့္ေမးလာတယ္။ ရိေပၚမွာသာ မ်က္ႏွာပ်က္မသြားမိေအာင္ ႀကိဳးစားထိန္းရင္း ျပန္ေျဖလိုက္ရတယ္။

"ရိေပၚေရာ အဆင္ေျပမလား။ ေရွာင္က်န႔္ေျပာတဲ့အတိုင္းပဲ လုပ္မလား။"

"ကြၽန္ေတာ္က အဆင္ေျပပါတယ္ ဒါ႐ိုက္တာႀကီး။ ဒါ႐ိုက္တာႀကီးတို႔ အဆင္ေျပသလိုသာ လုပ္ပါ။"

"ေကာင္းၿပီ။ ဒါဆို kiss sense ႏွစ္ခုလုံးကို ေရွာင္က်န႔္ အႀကံေပးသလိုပဲ လုပ္လိုက္မယ္။ ဒါေပမယ့္ အဲ့အစား မင္းတို႔ႏွစ္ေယာက္က ဒီဇာတ္ကားထဲမွာ ခ်စ္သူေတြမို႔ လုံးဝကို အထိအေတြ႕ေတြမွာ ပီျပင္ေနေအာင္ လုပ္ရလိမ့္မယ္။ သိၾကတဲ့အတိုင္းပဲ မင္းတို႔ရဲ႕ ပရိတ္သတ္ေတြက ဒီ kiss sense ကို အရမ္းေမွ်ာ္လင့္ထားၾကတာ။ ဆိုေတာ့ သူတို႔ေမွ်ာ္လင့္ထားတာကို မေပးႏိုင္ေတာ့ သူတို႔စိတ္ေက်နပ္ေစေလာက္မယ့္ အထိအေတြ႕ပိုင္းနဲ႔ပဲ သူတို႔ကို ေခ်ာ့ရလိမ့္မယ္။

ဆိုေတာ့ အခု ပထမဆုံး႐ိုက္ရမယ့္ sense က ဇာတ္လမ္း ေၾကာ္ျငာအတြက္ ေရွာင္က်န႔္ကိုအရင္႐ိုက္ရမယ္။ ဒါၿပီးရင္ ရိေပၚရဲ႕ sense လာမွာမို႔ ရိေပၚက တစ္ခ်က္ေလာက္ အဆင္သင့္ျပင္ထားေပးေနာ္။"

"ဟုတ္ကဲ့ ဒါ႐ိုက္တာႀကီး။"

"ကဲ အားလုံးအဆင္သင့္ျဖစ္ၿပီလားေဟ့။ ႐ိုက္မယ္။"

အဓိကဇာတ္ေကာင္ႏွစ္ေယာက္ျဖစ္တဲ့ ေရွာင္က်န႔္နဲ႔ရိေပၚရဲ႕ ႐ိုက္ကူးေရးအၿပီး ဇာတ္ပို႔နဲ႔ အရန္ဇာတ္ေကာင္ေတြရဲ႕ ႐ိုက္ကူးေရးလုပ္ေနတဲ့အေတာအတြင္း ခဏနားတဲ့အေနနဲ႔ ေရွာင္က်န႔္နဲ႔ရိေပၚလည္း ႐ိုက္ကြင္းအတြင္းမွာပဲ မုန႔္စားရင္း ထိုင္ေစာင့္ေနၾကတယ္။ ေရွာင္က်န႔္ကေတာ့ ၿပဳံးၿပဳံး႐ႊင္႐ႊင္နဲ႔ လက္ထဲကေပါင္မုန႔္ကိုပဲ အဆက္မျပတ္ကိုက္စားလို႔ ဟိုၾကည့္သည္ၾကည့္လုပ္ေနတယ္။ ရိေပၚမွာေတာ့ လက္ထဲက ခ်ိဳရည္ဘူးကို တင္းေနေအာင္ဆုပ္ကိုင္ထားရင္း အသံတိတ္ေနေနမိတယ္။

"မင္း ငါေပးလိုက္တဲ့အႀကံကို သေဘာေရာက်ရဲ႕လား။"

သူ႔ဘက္လွည့္ၿပီးေမးလာတဲ့ ေရွာင္က်န႔္ရဲ႕စကားေၾကာင့္ ရိေပၚလည္း တစ္ခ်က္မွ် တုန္တက္မိသြားတယ္။ သူအေတြးႏြံထဲ ေတာ္ေတာ္ေလးကို နစ္ေျမာေနမိတာပဲ။ ရိေပၚလည္း မ်က္ေတာင္ႏွစ္ခ်က္သုံးခ်က္ေလာက္ အျမန္ပုတ္ခတ္လိုက္ၿပီး ေရွာင္က်န႔္ကို တစ္ခ်က္မွ်လွည့္ၾကည့္လို႔ မလုံမလဲနဲ႔သာ ျပန္ေျဖမိပါရဲ႕။

"ဟမ္။ ငါ ငါက ဘာသေဘာမက်စရာရွိလို႔လဲ။ မင္းအဆင္ေျပရင္ ရပါတယ္။"

ရိေပၚစကားအဆုံး ေရွာင္က်န႔္ကေတာ့ ေခါင္းတညိတ္ညိတ္နဲ႔ ေျခေထာက္လႈပ္ရင္း ဟိုၾကည့္သည္ၾကည့္လုပ္ေနျပန္တယ္။

"ရိေပၚ ဟိုက ႏွစ္ေယာက္ကိုၾကည့္ဦး။ အရမ္းလိုက္ဖက္လြန္းတယ္လို႔ မင္းမထင္ဘူးလား။"

ေရွာင္က်န႔္လက္ညႇိဳးၫႊန္ျပရာ ရိေပၚလိုက္ၾကည့္မိတယ္။ ၫႊန္ျပခံရသူႏွစ္ဦးက အျခားသူမဟုတ္။ ဇာတ္ပို႔ႏွစ္ေယာက္ျဖစ္တဲ့ လ်ိဳဟိုက္ခြမ္းနဲ႔ က်ဴးဇန႔္က်င္။

ႏွစ္ေယာက္ကိုၾကည့္ရတာ တစ္ခုခုကို လုေနသေယာင္။ ဟိုက္ခြမ္းက ပစၥည္းတစ္ခုကို ေနာက္ေက်ာမွာဖြက္ထားၿပီး ဇန႔္က်င္က ပါးစပ္ကတတြတ္တြတ္႐ြတ္ရင္း ျပန္ယူေနတယ္။ ဟိုက္ခြမ္းမွာေတာ့ သူ႔ပခုံးေအာက္ပဲရွိတဲ့ဇန႔္က်င္ကိုၾကည့္ၿပီး ခႏၶာကိုယ္ကို အလိုက္သင့္လွည့္ရင္း စေနတယ္။ ဇန႔္က်င္မွာေတာ့ ဟိုက္ခြမ္းကို မ်က္ေစာင္းထိုးေမာ့ၾကည့္လိုက္၊ မေက်မနပ္နဲ႔ ေျခေဆာင့္လိုက္လုပ္ရင္း ဟိုက္ခြမ္းလက္ထဲက ပစၥည္းကိုသာ မရမက ျပန္ေတာင္းေနေတာ့တယ္။

"စီနီယာနဲ႔ ဂ်ဴနီယာေတြတဲ့။"

ေရွာင္က်န႔္စကားေၾကာင့္ ရိေပၚလည္း အၾကည့္လႊဲလိုက္ၿပီး ေရွာင္က်န႔္ကိုသာ ျပန္ၾကည့္မိတယ္။ ေရွာင္က်န႔္ကေတာ့ ရိေပၚကိုၿပဳံးျပလာရင္း အၾကည့္တို႔က ထိုလူသားႏွစ္ဦးထံ ျပန္ေရာက္သြားၿပီး ဆက္ေျပာလာတာမို႔ ရိေပၚလည္း သူတို႔ႏွစ္ေယာက္ထံ အၾကည့္ျပန္ပို႔ရင္း ဆက္နားေထာင္လိုက္တယ္။

"ဟိုက္ခြမ္းက အခုမွ စတုတၳႏွစ္တက္တုန္း။ ငါတို႔ႏွစ္ေယာက္ထက္ တစ္ႏွစ္ပဲ ငယ္တယ္။ ဇန႔္က်င္က အခုမွ ဒုတိယႏွစ္ပဲ ရွိေသးတယ္။ သ႐ုပ္ေဆာင္ေ႐ြးခ်ယ္ပြဲမွာ ဟိုက္ခြမ္းရဲ႕တိုက္တြန္းမႈနဲ႔ သြားၿပိဳင္လိုက္တာ မထင္မွတ္ဘဲ အေ႐ြးခ်ယ္ခံလိုက္ရတာတဲ့။ ႏွစ္ေယာက္လုံး အေတြ႕အႀကဳံသာ မရွိၾကတာ။ သ႐ုပ္ေဆာင္ပိုင္းမွာ ေတာ္ေတာ္ေလးေတာ္တယ္လို႔ ေျပာလို႔ရတယ္။"

"မင္းက အကုန္သိတာပဲေနာ္။"

ရိေပၚ ေရွာင္က်န႔္ဘက္လွည့္ၾကည့္ရင္းေမးေတာ့ ေရွာင္က်န႔္က ၿပဳံးတယ္ဆို႐ုံၿပဳံးၿပီး တစ္ဖက္လွည့္သြားတယ္။

"ငါက မင္းလို အၿမဲတမ္းႀကီး နားေအးေနတဲ့သူမွမဟုတ္တာ။ သူတို႔နဲ႔စကားစျမည္ေျပာၾကည့္ရင္းက ေမးၾကည့္လိုက္တာ။ မင္းလည္း နည္းနည္းပါးပါးေတာ့ လူမႈဆက္ဆံေရးေလးေကာင္းေအာင္ လုပ္ပါဦး။ ပရိတ္သတ္ေတြက မင္းကို ဘာၾကည့္ႀကိဳက္ၾကတာတုန္း။"

ေရွာင္က်န႔္က ရိေပၚရဲ႕ပခုံးကို သူငယ္ခ်င္းအရင္းႀကီးေတြလို တြန္းတိုက္ရင္း ေျပာလာတဲ့ေနာက္ ရိေပၚလည္း ေခါင္းငုံ႔ၿပီး ရယ္မိပါရဲ႕။

"ငါက ေခ်ာတယ္ေလ။"

ေခါင္းထဲေပၚလာတဲ့ ဟာသေလးကို ေရွာင္က်န႔္ရဲ႕ေျပာစကားနဲ႔အလိုက္ ျပန္ေျပာေတာ့ ေရွာင္က်န႔္က မ်က္ေစာင္းထိုးရင္း ေခါင္းရမ္းရယ္တယ္။

"မင္းကိုေတာ့ မေျပာေတာ့ဘူး။"

ထို႔ေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္လုံး လြတ္လြတ္လပ္လပ္ပဲ ရယ္ေမာမိၾကပါရဲ႕။

-------------------------------------

"အင္းအင္း။ အိမ္မွာပဲ ေစာင့္ေနလိုက္ေနာ္ ရီေလး။ အစ္ကိုအခုပဲ ျပန္လာေတာ့မွာမို႔။"

ရိေပၚရင္ေတြထပ္ကြဲရပါတယ္။ ခ်စ္ရသူမွာ ခ်စ္သူတစ္ေယာက္လုံးရွိေနတာကို သိသိႀကီးနဲ႔ ဇာတ္ကားထဲမွာ kiss sense ႐ိုက္ဖို႔ကို စိတ္ကူးယဥ္ေနမိေသးတယ္။

ရိေပၚ ေခါင္းရမ္းရင္းသာ ကိုယ့္ကိုယ္ကို ေလွာင္တဲ့အေနနဲ႔ ရယ္မိတယ္။ ေရွာင္က်န႔္ကို မခ်စ္ေတာ့ဘူး၊ ေမ့ပစ္မယ္လို႔ ႀကဳံးဝါးထားတာ သူမဟုတ္တဲ့အတိုင္း ႏွလုံးသားတစ္ခုလုံး ဆိုးဆိုးဝါးဝါးနာက်င္လာတဲ့အခါမွာ ရိေပၚ သူ႔ကိုယ္သူသာ က်ိန္ဆဲမိတယ္။ ေရွာင္က်န႔္နဲ႔သူဟာ ဇာတ္ကား႐ိုက္ေနတဲ့အေတာအတြင္း လုပ္ေဖာ္ကိုင္ဖက္အေနနဲ႔ပဲ ပတ္သတ္မႈရွိတယ္ဆိုတာ သူတဒဂၤေလာက္ ေမ့သြားခဲ့တယ္ မဟုတ္ပါလား။

#Monster

-----------------------------------------------------------------------

ဖတ္ရႈအားေပးၾကတဲ့ဒါဒါတစ္ေယာက္စီတိုင္းကို ေက်းဇူးတင္ပါတယ္။ အေရးအသားအဆင္မေျပရင္ ပြင့္ပြင့္လင္းလင္းေဝဖန္လို႔ရပါတယ္။

ၾကားထဲမွာ A/N ထည့္တာ စာဖတ္ရင္း ေထာက္သြားတယ္ဆို ပြင့္ပြင့္လင္းလင္းလာေျပာေပးေနာ္။

Love you all my readers.😘😘😘




Continue Reading

You'll Also Like

1.2M 73K 34
Author-메린 Translator-H_yee💫 ငယ်စဉ်တုံးက တောင်ပေါ်မီးလောင်မှုတခုကနေ ကယ်တင်ပေးခဲ့သူနဲ့ အရွယ်ရောက်လို့ အန္တရာယ်ထပ်ကြုံတဲ့အခါမှာလည်း ကယ်တင်ပေးခဲ့သူ တစ်ဦ...
173K 10.6K 126
တာတေရဲ့ အထက်လမ်း အောက်လမ်း စုန်းကဝေ ပရလောက စွန့်စားခန်းတွေအကြောင်း။ နည်းနည်းပြောချင်ပါတယ် တာတေရဲ့ဇာတ်လမ်းတွေက သရဲစာပေgroupတွေမှာလည်း တင်လေ့ရှိသလို...
130K 10.5K 33
က်ိန္စာဆိုးမ်ားႏွင့္ျပည့္ႏွက္ေနေသာ ေၾကာက္မက္ဖြယ္ဝိညာဥ္ဆိုးမ်ားျဖင့္ ဆာေလာင္မြတ္သိပ္ေနေသာ "ျမနန္းစံေတာ္" အတိတ္ဘဝရန္ၿငိဳးေတြႏွင့္.. အမုန္းတရားေတြျပည့္...
150K 27.3K 102
English Name After the little crybaby enters the nightmare cycle Author(s) 菊长大人 Status in COO 127 chapters Associated Names Sau Khi Túi Khóc Nhỏ Tiế...