Book-1 (မှော်ဆေးဧကရာဇ်၊ သိုင်...

By Xiaosuwang

69.7K 6K 21

ကိုယ်တိုင်ရေးမဟုတ်ပါ။ ဖတ်ချင်လို့saveထားတာပါ။ မှော်ဆေးဧကရာဇ် ၊ သိုင်းနတ်ဘုရား ချင်းမင် ချင်းမင်သည် ဆေးနတ်ဘုရာ... More

စာစဥ် ၁၊အပိုင်း၂
စာစဥ် ၁၊အပိုင်း၃
စာစဥ် ၁၊အပိုင်း၄
စာစဥ် ၁၊အပိုင်း၅
စာစဥ် ၁၊အပိုင်း၆
စာစဥ် ၁၊အပိုင်း၇
စာစဥ် ၁၊အပိုင်း၈
အပိုင်း-9
အပိုင်း-10
အပိုင်း-11
အပိုင်း-12
အပိုင်း-13
အပိုင်း-14
အပိုင်း-15
အပိုင်း-16
အပိုင်း-17
အပိုင်း-18
အပိုင်း-19
အပိုင်း-20
စာစဥ်-2၊ အပိုင်း-21
အပိုင်း-22
အပိုင်း-23
အပိုင်း-24
အပိုင်း-25
အပိုင်း-26
အပိုင်း-27
အပိုင်း- 28
အပိုင်း-29
အပိုင်း-30
အပိုင်း-31
အပိုင်း-32
အပိုင်း-33
အပိုင်း-34
အပိုင်း-35
အပိုင်း-36
အပိုင်း-37
အပိုင်း-38
အပိုင်း-39
အပိုင်း-40
စာစဥ်-3၊ အပိုင်း-41
အပိုင်း-42
အပိုင်း-43
အပိုင်း-44
အပိုင်း-45
အပိုင်း-46
အပိုင်း-47
အပိုင်း-48
အပိုင်း-49
အပိုင်း-50
အပိုင်း-51
အပိုင်း-52
အပိုင်း-53
အပိုင်း-54
အပိုင်း-55
အပိုင်း-56
အပိုင်း-57
အပိုင်း-58
အပိုင်း-59
အပိုင်း-60
စာစဥ်-4 ၊ အပိုင်း-61
အပိုင်း-62
အပိုင်း-63
အပိုင်း-64
အပိုင်း-65
အပိုင်း-66
အပိုင်း-67
အပိုင်း-68
အပိုင်း-69
အပိုင်း-70
အပိုင်း-71
အပိုင်း-72
အပိုင်း-73
အပိုင်း-74
အပိုင်း-75
အပိုင်း-76
အပိုင်း-77
အပိုင်း-78
အပိုင်း-79
အပိုင်း-80
အပိုင်း-81
အပိုင်း-82
အပိုင်း-83
အပိုင်း-84
အပိုင်း-85
အပိုင်း-86
အပိုင်း-87
အပိုင်း-88
အပိုင်း-89
အပိုင်း-90
စာစဥ်-5၊ အပိုင်း-91
အပိုင်း-92
အပိုင်း-93
အပိုင်း-94
အပိုင်း-95
အပိုင်း-96
အပိုင်း-97
အပိုင်း-98
အပိုင်း-99
အပိုင်း-100
စာစဥ်-6၊အပိုင်း-101
အပိုင်း-102
အပိုင်း-103
အပိုင်း-104
အပိုင်း-105
အပိုင်း-106
အပိုင်း-107
အပိုင်း-108
အပိုင်း-109
အပိုင်း-110
အပိုင်း-111
အပိုင်း-112
အပိုင်း-113
အပိုင်း-114
အပိုင်း-115
အပိုင်း-116
အပိုင်း-117
အပိုင်း-118
အပိုင်း-119
အပိုင်း-120
စာစဥ်-7၊ အပိုင်း-121
အပိုင်း-122
အပိုင်း-123
အပိုင်း-124
အပိုင်း-125
အပိုင်း-126
အပိုင်း-127
အပိုင်း-128
အပိုင်း-129
အပိုင်း-130
အပိုင်း-131
အပိုင်း-132
အပိုင်း-133
အပိုင်း-134
အပိုင်း-135
အပိုင်း-136
အပိုင်း-137
အပိုင်း-138
အပိုင်း-139
အပိုင်း-140
စာစဥ်-8၊ အပိုင်း-141
အပိုင်း-142
အပိုင်း-143
အပိုင်း-144
အပိုင်း-145
အပိုင်း-146
အပိုင်း-147
အပိုင်း-148
အပိုင်း-149
အပိုင်း-150
အပိုင်း-151
အပိုင်း-152
အပိုင်း-153
အပိုင်း-154
အပိုင်း-155
အပိုင်း-156
အပိုင်း-157
အပိုင်း-158
အပိုင်း-159
အပိုင်း-160
စာစဥ်-9၊ အပိုင်း-161
အပိုင်း-162
အပိုင်း-163
အပိုင်း-164
အပိုင်း-165
အပိုင်း-166
အပိုင်း-167
အပိုင်း-168
အပိုင်း-169
အပိုင်း-170
အပိုင်း-171
အပိုင်း-172
အပိုင်း-173
အပ်ုင်း-174
အပိုင်း-175
အပိုင်း-176
အပိုင်း-177
အပိုင်း-178
အပိုင်း-179
အပိုင်း-180
စာစဥ်-10၊ အပိုင်း-181
အပိုင်း-182
အပိုင်း-183
အပိုင်း-184
အပိုင်း-185
အပိုင်း-186
အပိုင်း-187
အပိုင်း-188
အပိုင်း-189
အပိုင်း-190
အပိုင်း-191
အပိုင်း-192
အပိုင်း-193
အပိုင်း-194
အပိုင်း-195
အပိုင်း-196
အပိုင်း-197
အပိုင်း-198
အပိုင်း-199
အပိုင်း-200

စာစဥ် ၁၊အပိုင်း၁

2K 87 3
By Xiaosuwang

မှော်ဆေးဧကရာဇ် ၊ သိုင်းနတ်ဘုရား ချင်းမင်

စာစဉ် - 1

အပိုင်း - 1

ချင်းမင် မျက်လုံးဖွင့်ကြည့်လိုက်သည်။ တန်ဖိုးကြီး အသုံးအဆောင် အပြင်အဆင်များနှင့် ပြည့်နှက်နေသည့် ဇိမ်ခံ အခန်းတစ်ခု။ သူ တစ်ခဏမျှ ကြက်သေသေသွားသည်။ ထို့နောက် နာကျင်နေသည့် ရင်ဘတ်အား လက်ဖြင့် အသာဖိရင်း ထထိုင်လိုက်သည်။

" ငါ သေသွားပြီ မဟုတ်ဘူးလား..."

ချင်းမင်၏ စိတ်ထဲတွင် လှပသလောက် အလွန် ကြောက်စရာကောင်းလှသည့် မိန်းမ တစ်ယောက်၏ ပုံရိပ်က ပေါ်လာသည်။ သူ၏ မျက်လုံးများထဲတွင်တော့ ကြီးစွာသော အမုန်းတရားတို့က ပြည့်နှက်လျက်။

သူသည်ကား ဂုဏ်သိက္ခာကြီးမြတ်သည့် အဆင့် 9 ဆေးသူတော်စင် တစ်ယောက်ဖြစ်ခဲ့၏။ သို့သော် သူနှင့် အနီးစပ်ဆုံး မိန်းမ တစ်ယောက်က သူ့အား အမှန်တကယ်ပင် သတ်ခဲ့လေသည်။

ထို မိန်းမက သူ ဆေးနတ်ဘုရား အဆင့်သို့ ချိုးဖျက်တက်လှမ်းကာ ဆေးနတ်ဘုရား ခန္ဓာကိုယ်အား သန့်စင်တည်ဆောက်နေသည့် အထွတ်အထိပ် နောက်ဆုံးအချိန်တွင် သူ့အား အဆိပ်ခတ်ခဲ့သည်။ ဤ အမုန်းတရားအား သူ့တစ်သက်စာ မေ့နိုင်လိမ့်မည် မဟုတ်ချေ။

" ဒါ ဘယ်နေရာလဲ..."

ချင်းမင် က ရင်းနှီးသလိုလို မရင်းနှီးသလိုလို ဝိုးတဝါးခံစားမိနေသည့် အခန်းအား စူးစမ်းနေမိသည်။ သို့သော် သူ့မှတ်ဉာဏ်များထဲတွင် ယခုရောက်နေသည့် နေရာမှာ မည်သည့်နေရာဖြစ်နေမှန်း ရှာမတွေ့ချေ။

ထိုအခိုက်တွင် ရုတ်တရက် အခန်းတံခါးက ပွင့်လာပြီး အသက် သုံးဆယ် အရွယ် လှပသည့် အမျိုးသမီး တစ်ဦးက လက်ထဲတွင် ဖလားခွက်တစ်ခုကို ကိုင်ထားလျက် အခန်းတွင်းသို့ ဝင်လာသည်။

ဝင်လာနေသည့် အမျိုးသမီးအား ကြည့်ကာ ချင်းမင် တစ်ယောက် မယုံကြည်နိုင်လောက်အောင် အံ့အားသင့်နေမိ၏။

" အမေ....."

ပူနွေးသည့် မျက်ရည်စီးကြောင်း နှစ်ခုက သူ၏ ပါးပြင်ပေါ်သို့ ဖြတ်သန်းသွားသည်။

" မင်အာ..၊ နိုးနေပြီလား..."

အမျိုးသမီးက ထထိုင်နေသည့် ချင်းမင် အား မြင်သည်တွင် အံ့အားသင့်သွားဟန်ရသည်။ သူမက ချက်ချင်းဆိုသလို ချင်းမင် ရှိရာသို့ ခပ်သွက်သွက်လျှောက်လာပြီး ချင်းမင်၏ ဘေးတွင် ဝင်ထိုင်သည်။

" ဘာလို့ငိုနေတာလဲ သားရယ်..၊ ဘာလဲ ခန္ဓာကိုယ်က အခုထိ နာနေလို့လား..."

အမျိုးသမီးက ထိုသို့ပြောလိုက်ပြီး ချင်းမင် ၏ ခနဿဓာကိုယ်အား စစ်ဆေးလိုက်သည်။

ချင်းမင် ကမူ ထိုအမျိုးသမီးအား ဖက်လိုက်ကာ

" အမေ..၊ တကယ် အမေပါနော်..၊ ကျနော် အိပ်မက်မက်နေတာ မဟုတ်ပါဘူးနော်..."

အမျိုးသမီးက ချင်းမင်၏ စကားအား ကြားလျှင် ချင်းမင် ငိုနေသည်မှာ သူ၏ ခန္ဓာကိုယ်က နာကျင်နေသောကြောင့်မဟုတ်ပဲ သူမအား လွမ်းနေသောကြောင့်သာ ဖြစ်မည်ဟု တွေးလိုက်သည်။ သူမက ချင်းမင်၏ နောက်ကျောအား အသာအယာ ခပ်ဖွဖွ ပုတ်ပေးလိုက်ပြီး နူးညံ့စွာ ပြောလာသည်။

" ဘာဖြစ်လို့လဲ မင်အာလေးရဲ့..၊ မတွေ့ရတာဖြင့် ခဏလေး ရှိသေးတယ်..၊ အမေ့ကို လွမ်းနေပြီလား..."

ချင်းမင်၏ ခန္ဓာကိုယ်မှာ တုန်ယင်နေသည်။ သူက အမျိုးသမီး၏ လက်အား တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။ သူ့ပုံစံက ဘယ်တော့မှ လွှတ်ပေးတော့မည့်ဟန် မရ။

ယခင်ဘဝတွင် သူ့အမေအကြောင်း အကြိမ်ပေါင်းများစွာ အိပ်မက်မက်ခဲ့၏။ ထိုအိပ်မက်များမှ နိုးလာသည့် အကြိမ်တိုင်း မျက်ရည်များက အတိုင်းအဆမဲ့ ကျဆင်းလာစမြဲသာ။

ချင်းမင်၏ ယခင်ဘဝ၌ သူ၏ မိသားစု တစ်ခုလုံးမှာ ကျိုးမိသားစု၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရလေသည်။ သူ တစ်ယောက်တည်းသာလျှင် သူ့မိဘများ၏ ကာကွယ်ပေးမှုကြောင့် လွတ်မြောက် အသက်ရှင် ကျန်ရစ်ခဲ့သည်။ သူ၏ မိဘများမှာမူကား သူ့မျက်စိရှေ့တွင် အသတ်ခံခဲ့ရလေသည်။ ထိုမြင်ကွင်းအား တစ်သက်လုံး မမေ့ခဲ့။

နောက်ပိုင်းတွင် သူ၏ ကျင့်ကြံမှုအဆင့် သိုင်းဝိညာဉ် အဆင့်သို့ ရောက်ရှိသွားချိန်၌ လက်စားချေရန် ပြန်လာခဲ့သည်။ သို့သော် ထိုအချိန်တွင် ကျိုးမိသားစု တစ်ခုလုံးမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ချင်းမင် က ကျိုးမိသားစု ပျက်စီးသွားရခြင်း အကြောင်းအရင်းကို အချိန်အတော်ကြာသည်အထိ စုံစမ်းရှာဖွေခဲ့သည်။ သို့သော် ကျိုးမိသားစုအား ဖျက်ဆီးသွားသူမှာ မည်သူဖြစ်မှန်း မသိခဲ့ရပေ။ သူရှာတွေ့သည့် တစ်ခုတည်းသောအရာမှာ ကျိုးမိသားစုက သူ့မိသားစုအား သတ်ဖြတ်ခဲ့ခြင်းမှာ နောက်ကွယ်မှ ထိုသို့ပြုလုပ်ရန် အမိန့်ပေးသူကြောင့် ဖြစ်သည် ဆိုသည့် အချက်သာ။ ချင်းမင် က အတတ်နိုင်ဆုံး ကြိုးစား စုံစမ်းခဲ့သည့်တိုင် သူ့မိသားစု ပျက်စီးသွားရခြင်း၏ နောက်ကွယ်မှ အဓိက တရားခံကို ရှာမတွေ့ခဲ့ချေ။

ယခုအခါတွင် သူ ပြန်လည် မွေးဖွားလာခဲ့ချေပြီ။ သူ့အမေသည်လည်း သူ့ရှေ့တွင် ရှိနေ၏။

ချင်းမင် လက်သီးကို ခပ်ကျစ်ကျစ် ဆုပ်လိုက်သည်။ ဤဘဝတွင်တော့ သူ၏ မိသားစုအား ကောင်းစွာ ကာကွယ်ပေးရပေမည်။မည်သူ့ကိုမှ သူ့မိသားစုအား နာကျင်ထိခိုက်အောင် လုပ်ခွင့်မပြုတော့။

အချိန်အတန်ကြာပြီးနောက်တွင် စိတ်မပါသည့်တိုင် သူ့အမေအား ဖက်ထားရာမှ ပြန်လွှတ်ပေးလိုက်သည်။ ထို့နောက် စီးကျနေသော မျက်ရည်များကို သုတ်လိုက်၏။

" လာ မင်လေး..၊ ဆေးသောက်ချိန်ရောက်ပြီ...."

ချင်းကတော်က ဆေးခွက်အား ကိုင်ထားကာ ချင်းမင် အား ဇွန်းနှင့် တစ်ဇွန်းချင်း တိုက်သည်။

" နောက်ဆို သားကို တခြားသူတွေနဲ့ ရန်ဖြစ်ဖို့ အမေ ခွင့်မပြုဘူးနော်..၊ ကြားလား..."

သူ့အမေ၏ ပြစ်တင်ကြိမ်းမောင်းသည့် စကားကိုကြားလျှင် ချင်းမင် ခေါင်းညိတ်ပြလိုက်သည်။ သူက သူ့အမေလက်ထဲမှ ဆေးဇွန်းအား ကြည့်ကာ သောက်လိုက်၏။

ထိုဆေးမှာ အလွန့်အလွန် ခါးလှသည့်တိုင် သူ့အမေတိုက်သည့် ဆေးဖြစ်ရာ ချင်းမင် အတွက် အလွန်ချိုမြိန်သည်ဟုပင် ခံစားမိနေသည်။

သူ့အမေက သူ့အား နောက်တစ်ကြိမ် ရန်မဖြစ်ရဟု ပြောသည့် အချိန်တွင် သူက ထိုရန်ပွဲအကြောင်း မှတ်မိလိုက်သည်။

အကယ်၍ သူသာ အမှတ်မမှားပါက ယနေ့ နံနက်တွင် ကျိုးခွန် က သူ့အား တားကာ ချင်းမင်၏ အစ်မအား မြင်းစီးသကဲ့သို့ စီးချင်သည်ဟု ပြောလာခဲ့သည်။ ထိုအကောင်က သူ့အစ်မ အကြောင်းများကို ယုတ်ယုတ်မာမာ ပြောခဲ့သည်။ ချင်းမင် မှာလည်း ထိုကောင်၏ စကားများကြောင့် ဒေါသမထိန်းနိုင်တော့ပဲ ကျိုးခွန် အား တိုက်ခိုက်ခဲ့၏။ သို့သော် ကျိုးခွန် သည် သိုင်းစစ်သည် အဆင့် 3 သို့ ရောက်ရှိနေသူဖြစ်ရာ သူသာလျှင် ပယ်ပယ်နှယ်နှယ် အတွယ်ခံခဲ့ရလေသည်။

ကျိုးမိသားစုသည် သူတို့ ချင်းမိသားစုအား မနက်ဖြန်ညတွင် ကျူးကျော်တိုက်ခိုက်လာလိမ့်မည် ဖြစ်သည်။ ထိုတိုက်ပွဲ၌ သူတို့ ချင်းမိသားစု တစ်ခုလုံး အသတ်ခံခဲ့ရကာ သွေးလွှမ်းသောည ဖြစ်လာခဲ့သည်။

" ဘုရား ဘုရား..၊ ကျနော့်ကို ဒီအချိန်မှာ ပြန်မွေးဖွားလာစေတဲ့အတွက် ကျေးဇူးတင်ပါတယ်..."

* ငါ ဒီလိုကိစ္စမျိုး နောက်တစ်ခါ ထပ်အဖြစ်မခံတော့ဘူး *

ချင်းမင် ဆုံးဖြတ်ချက် ချလိုက်သည်။

ချင်းမင်အား ဆေးတိုက်ပြီးနောက်တွင် သူ့အမေသည် သူ့အား စိတ်ပူပန်သည့် စကားများစွာတို့နှင့် အနားယူရန် ပြောကာ ထွက်သွားတော့သည်။ သူမ ထွက်မသွားခင်တွင် အခန်းတံခါးအား အသာအယာ ဂရုတစိုက် ပိတ်သွားခဲ့သည်။

သူ့ အမေ ထွက်သွားလျှင် ချင်းမင်က မတ်တပ်ထရပ်လိုက်ပြီး ခနဿဓာကိုယ်တွင်းမှ စွမ်းအင်များကို လှည့်ပတ်လိုက်သည်။

ထိုအခိုက်တွင် သူ၏ နောက်ကျောဖက်၌ ခပ်မှိန်မှိန် ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။

Translated by E=mc²

Continue Reading

You'll Also Like

337K 44K 200
Book-6 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
76.6K 7.5K 102
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
804K 99.6K 198
တစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်...
1.1M 161K 154
စစ်သူကြီးမျိုးရိုး၏ ပဏာမသမီးတော်၊ ဖြူစင်၊ ရိုးသား၍ အလိမ်အညာခံရလွယ်သော၊ မင်းသားသင်းအား ရူးရူးမိုက်မိုက်ချစ်ကြိုက်မိသူ သူမ သူ့ဇနီးမယားအရာရအောင် ကြိုးပမ...