Emperor and the Knightness (Z...
Por CrystSnow
7.4K 671 32
Read Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Ma... Más
အခန်း ၂၀၀
အခန်း ၂၀၁
အခန်း ၂၀၂
အခန်း ၂၀၃
အခန်း ၂၀၄
အခန်း ၂၀၅
အခန်း ၂၀၆
အခန်း ၂၀၇
အခန်း ၂၀၈
အခန်း ၂၀၉
အခန်း ၂၁၀
အခန်း ၂၁၁
အခန်း ၂၁၂
အခန်း ၂၁၃
အခန်း ၂၁၄
အခန်း ၂၁၅
အခန်း ၂၁၆
အခန်း ၂၁၇
အခန်း ၂၁၈
အခန်း ၂၁၉
အခန်း ၂၂၀
အခန်း ၂၂၁
အခန်း ၂၂၂
အခန်း ၂၂၃
အခန်း ၂၂၄
အခန်း ၂၂၅
အခန်း ၂၂၆
အခန်း ၂၂၇
အခန်း ၂၂၈
အခန်း ၂၂၉
အခန်း ၂၃၀
အခန်း ၂၃၁
အခန်း ၂၃၂
အခန်း ၂၃၃
အခန်း ၂၃၄
အခန်း ၂၃၅
အခန်း ၂၃၆
အခန်း ၂၃၇
အခန်း ၂၃၈
အခန်း ၂၃၉
အခန်း ၂၄၀
အခန်း ၂၄၁
အခန်း ၂၄၂
အခန်း ၂၄၃
အခန်း ၂၄၄
အခန်း ၂၄၅
အခန်း ၂၄၆
အခန်း ၂၄၇
အခန်း ၂၄၈
အခန်း ၂၄၉
အခန်း ၂၅၀
အခန်း ၂၅၁
အခန်း ၂၅၂
အခန်း ၂၅၃
အခန်း ၂၅၄
အခန်း ၂၅၅
အခန်း ၂၅၆
အခန်း ၂၅၇
အခန်း ၂၅၈
အခန်း ၂၅၉
အခန်း ၂၆၀
အခန်း ၂၆၁
အခန်း ၂၆၂
အခန်း ၂၆၃
အခန်း ၂၆၄
အခန်း ၂၆၅
အခန်း ၂၆၆
အခန်း ၂၆၇
အခန်း ၂၆၈
အခန်း ၂၆၉
အခန်း ၂၇၀
အခန်း ၂၇၁
အခန်း ၂၇၂
အခန်း ၂၇၃
အခန်း ၂၇၄
အခန်း ၂၇၅
အခန်း ၂၇၆
အခန်း ၂၇၇
အခန်း ၂၇၈
အခန်း ၂၇၉
အခန်း ၂၈၀
အခန်း ၂၈၁
အခန်း ၂၈၂
အခန်း ၂၈၃
အခန်း ၂၈၄
အခန်း ၂၈၅
အခန်း ၂၈၆
အခန်း ၂၈၇
အခန်း ၂၈၈
အခန်း ၂၈၉
အခန်း ၂၉၀
အခန်း ၂၉၁
အခန်း ၂၉၂
အခန်း ၂၉၃
အခန်း ၂၉၄
အခန်း ၂၉၅
အခန်း ၂၉၆
အခန်း ၂၉၇
အခန်း ၂၉၈
အခန်း ၂၉၉
အခန်း ၃၀၀
အခန်း ၃၀၁
အခန်း ၃၀၂
အခန်း ၃၀၃
အခန်း ၃၀၄
အခန်း ၃၀၅
အခန်း ၃၀၆
အခန်း ၃၀၇
အခန်း ၃၀၈
အခန်း ၃၀၉
အခန်း ၃၁၀
အခန်း ၃၁၁
အခန်း ၃၁၂
အခန်း ၃၁၃
အခန်း ၃၁၄
အခန်း ၃၁၅
အခန်း ၃၁၆
အခန်း ၃၁၇
အခန်း ၃၁၈
အခန်း ၃၁၉
အခန်း ၃၂၀
အခန်း ၃၂၁
အခန်း ၃၂၂
အခန်း ၃၂၃
အခန်း ၃၂၄
အခန်း ၃၂၅
အခန်း ၃၂၆
အခန်း ၃၂၇
အခန်း ၃၂၈
အခန်း ၃၃၀
အခန်း ၃၃၁
အခန်း ၃၃၂
အခန်း ၃၃၃
အခန်း ၃၃၄
အခန်း ၃၃၅
အခန်း ၃၃၆
အခန်း ၃၃၇
အခန်း ၃၃၈
အခန်း ၃၃၉
အခန်း ၃၄၀
အခန်း ၃၄၁
အခန်း ၃၄၂
အခန်း ၃၄၃
အခန်း ၃၄၄
အခန်း ၃၄၅
အခန်း ၃၄၆
အခန်း ၃၄၇
အခန်း ၃၄၈
အခန်း ၃၄၉
အခန်း ၃၅၀
အခန်း ၃၅၁
အခန်း ၃၂၉
69 8 0
Por CrystSnow
Lucius က Poliana ကို ရှာဖို့ ထွက်သွားလိုက်သည်. အခုအချိန်မှာ Poliana Winter က နာမည်အကြီးဆုံးဖြစ်နေတာကြောင့် သူမကို ရှာတွေ့ဖို့က မခဲယဉ်းပေ. Poliana ကို မြင်တဲ့သူတိုင်းက သူမကို မှတ်မိနေကာ သူမအကြောင်းကို ပြောနေကြသည်. Lucius က သူမရဲ့ခြေလှမ်းတွေကို အလွယ်တကူလိုက်လို့ရနေသည်. သူမကို နောက်ဆုံးဘယ်မှာတွေ့ခဲ့တာလဲဆိုတာကို မေးလိုက်တော့ သူတို့က ပြန်ဖြေပြီးနောက် အတင်းဆက်တုပ်နေကြသည်.
အဲ့အချိန်မှာတော့ Poliana က သူမရဲ့တပ်သားတွေနဲ့အတူ ရှိနေသည်. သူတို့က သူမကို မေးနေကြသည်.
"ခေါင်းဆောင်, ခေါင်းဆောင်ရဲ့ အောင်မြင်ခြင်းလျှို့ဝှက်ချက်ကဘာလဲ?"
"ခေါင်းဆောင်. ကျွန်တော်တို့ကို ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို အကုန်ပြောပြ!"
"အလုပ်ကနေ နှုတ်ဆက်ပွဲဘယ်တော့လုပ်မှာလဲ?"
Poliana က သူမရဲ့ကိုယ်ရေးကိုယ်တာကိစ္စကြောင့် သူမရဲ့ တပ်ဖွဲ့ကို လစ်လျှူရှုခဲ့သလိုဖြစ်ခဲ့တာကြောင့် သူမက အပြစ်ရှိသလိုခံစားနေခဲ့ရသည်. ဒုတိယတပ်ဖွဲ့ရဲ့ နားနေခန်းကို သွားလည်လိုက်တော့ သူမရဲ့တပ်သားတွေက သူမနားမှာ စုအုံလာကြသည်.
သူတို့က သူမကို နွေးထွေးစွာနဲ့ ကြိုဆိုပြီး တံခါးကို အမြန်ပိတ်လိုက်သည်. သူတို့ခေါင်းဆောင်ကို မေးဖို့ မေးခွန်းတွေ အများကြီးရှိနေပြီး Poliana က အပြစ်ရှိတယ်လို့ ခံစားနေရတာကြောင့် သူတို့စိတ်ကျေနပ်တဲ့အထိ သူမကို အခန်းထဲမှာ ပိတ်လှောင်ခွင့်ပြုလိုက်သည်.
ကဲ အမေးအဖြေတွေ စလိုက်ကြရအောင်!
သူမရဲ့တပ်သားတွေက ကောလဟာလတွေကို လုံးဝယုံကြည်နေတာကြောင့် Poliana ကအံ့ဩသွားခဲ့သည်. ဒုတိယတပ်ဖွဲ့က ကိုယ်ရံတော်တွေက Lucius က သူတို့ခေါင်းဆောင်ကို ချစ်မိသွားတာနဲ့ ပတ်သက်ပြီးတော့ သဘောကျနေကြသည်. သူတို့က အကြောင်းအရာအသေးစိတ်ကို မေးလာတော့ Poliana က အံ့အားသင့်သွားကာ ပြန်ဖြေလိုက်သည်.
"အရှင်က ငါ့ကို စွဲလန်းနေတယ်ဆိုတဲ့ ကောလဟာလတွေကို မင်းတို့က ယုံနေတယ်လား? မင်းတို့က Acreia ရဲ့တော်ဝင်ကိုယ်ရံတော်တွေလေ. မင်းတို့က ဒီလိုအခြေအမြစ်မရှိတဲ့ ကောလဟာလတွေကို နားယောင်ရလား?"
"ဒါပေမဲ့ ခေါင်းဆောင်ကလဲ ကျွန်တော်တို့က ဧကရာဇ်ကို ကာကွယ်ပေးနေရတဲ့ ကိုယ်ရံတော်တွေဆိုတာ အမှန်ပဲ! ကျွန်တော်တို့က အမှန်တရားကို ကိုယ်တိုင်ကြုံတွေ့ထားတာဆိုတော့ ကျွန်တော်တို့က ဘယ်လိုလုပ်မယုံလို့ရမလဲ?"
ဒုတိယတပ်ဖွဲ့က တပ်သားတွေက ကောလဟာလတွေကို စကြားတုန်းကတော့ သူတို့က သံသယဝင်ခဲ့ကြတာတော့ အမှန်ပဲဖြစ်သည်. အဲ့တာက Poliana က သူတို့ရဲ့ခေါင်းဆောင် ဖြစ်နေလို့မဟုတ်ပဲ သူတို့က သူမကို သေချာသိနေလို့ဖြစ်သည်. Poliana က အဆင့်မြင့်အထက်တန်းလွှာအများစုထက် ပိုပြီးကောင်းတယ်ဆိုတာကို သူမရဲ့ တပ်သားတွေက သိနေကြသည်. အထက်တန်းလွှာတွေက Polianaကို မြို့စားတစ်ယောက်အနေနဲ့ မြင်နေချိန်မှာ သူမရဲ့တပ်သားတွေက ဒုတိယတပ်ဖွဲ့ရဲ့ခေါင်းဆောင်အဖြစ် သိမြင်ခဲ့ကြရသည်. လက်တွေ့မှာတော့ Poliana က မြို့စားတစ်ယောက်ထက် စစ်သည်တစ်ယောက်ဖြစ်သည်. ဒါ့ကြောင့် ကောလဟာလတွေကို စကြားတုန်းက ဒါက နိုင်ငံရေးအကြောင်းပြချက်ကြောင့်ဖြစ်မယ်လို့ သူတို့က ယုံကြည်ခဲ့ကြတာ ဖြစ်သည်. သူတို့က Poliana အနားယူမဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဝမ်းနည်းနေကြပေမဲ့ ဒါက ဧကရာဇ်ရဲ့ ဆန္ဒဖြစ်နေရင်တော့ မတတ်နိုင်ပေ.
ဒါပေမဲ့... ဒီစစ်သည်တွေက သိပ်မကြာခင်မှာပဲ အမှန်တရားကို သိလာကြသည်. ပထမတပ်ဖွဲ့က သူတို့နဂိုမူလအလုပ်တာဝန်နေရာကို ပြန်သွားကြတော့ ဒုတိယတပ်ဖွဲ့က စစ်သည်တွေက ဧကရာဇ်နဲ့ မင်းသမီးကို ကာကွယ်ပေးဖို့တာဝန်ကို ပြန်ယူလိုက်ကြသည်. စစ်သည်တွေက ဧကရာဇ်နဲ့ နီးကပ်စွာအလုပ်လုပ်ခဲ့ကြပြီး Lucius က သူ့ခံစားချက်တွေကို ဖုံးကွယ်ဖို့ မကြိုးစားတော့တာကြောင့် သူက အချစ်နာကျနေတဲ့လူတစ်ယောက်ဖြစ်နေတယ်ဆိုတာကို သူတို့က ချက်ချင်းသိသွားကြသည်.
ဧကရာဇ်က သူတို့ရဲ့ခေါင်းဆောင်ကို တကယ်ကြီးချစ်နေတာ!
ဧကရာဇ်ရဲ့ စိတ်ရင်းကို သံသယဝင်နေကြတဲ့ စစ်သည်တစ်ချို့တော့ ရှိနေသေးသည်. အရှင့်မှာ ထူးဆန်းတဲ့အကျင့်မျိုး မရှိဘူးဆိုရင် သူက ဘယ်လိုလုပ် Poliana လို ရုပ်ဆိုးတဲ့မိန်းမတစ်ယောက်ကို ချစ်မိသွားနိုင်မှာလဲ? ဒါက လုံးဝအဓိပ္ပါယ်မရှိဘူး!
ဒါပေမဲ့ Poliana ရဲ့နာမည်ကိုကြားတိုင်း ပြောင်းလဲသွားတဲ့ ဧကရာဇ်ရဲ့ မျက်နှာအမူအရာက သူမအပေါ်မှာ သူ့ခံစားချက်တွေက လေးနက်နေတယ်ဆိုတာကို ဖော်ပြနေသလိုဖြစ်နေသည်. ဒါဆို အခုအချိန် ဘာလို့ တစ်ယောက်မှ သတိမပြုမိခဲ့ကြတာလဲ?
'ငါတို့တော့ လုံးဝမသိခဲ့ဘူး!'
စစ်သည်တွေက ဒီအကြောင်းကို လုံးဝမသိခဲ့ပေ. Poliana ကိုယ်တိုင်တောင် သတိမထားမိပေ. Poliana က ဧကရာဇ်နဲ့အတူ အချိန်တွေအများကြီးဖြုန်းခဲ့တာတောင်မှပဲ သူမက တစ်ချက်လေးမှ သံသယမဖြစ်ခဲ့ပေ. Lucius ရဲ့ ဖွင့်ဟဝန်ခံချက်အရ သူက Poliana ကို တိုက်ကြီးတစ်ခုလုံးကို သိမ်းပိုက်ခဲ့ပြီး တောင်စွန်းအငူမှာ ရပ်ခဲ့ကြတဲ့နေတည်းက ချစ်မိခဲ့တာဖြစ်သည်. ဧကရာဇ်က အသေးစိတ် မပြောပြမချင်း ဘယ်သူကမှ ဒီအကြောင်းကို မသိခဲ့ကြပေ.
Stra ကလွဲပြီးတော့ တစ်ယောက်မှ မသိခဲ့ကြပေ.
ကိုယ်ရံတော်တစ်ချို့ကတော့ သံသယဖြစ်နေကြဆဲဖြစ်ပေမဲ့ ဒုတိယတပ်ဖွဲ့က စစ်သည်တစ်ယောက်ကမှ လက်ထပ်ပွဲကို မကန့်ကွက်ကြပေ. အမှန်တော့ "ခေါင်းဆောင်က ဘယ်တော့လောက် လက်ထပ်မှာလဲ?" လို့ မေးလာတဲ့အချိန်မှာ သူမက သစ္စာဖောက်ခံလိုက်ရသလိုမျိုးတောင် ခံစားရလိုက်သေးသည်.
'သူတို့ကတော့ ငါ့ကို အနားမယူစေချင်လောက်ဘူးထင်ခဲ့တာ!'
တိုင်းပြည်တစ်ခုရဲ့ဧကရီက စစ်တပ် တပ်ရင်းတစ်ခုရဲ့ခေါင်းဆောင်ဖြစ်လို့မရတာကြောင့် သူမ လက်ထပ်လိုက်တာက အနားယူလိုက်တာနဲ့ အတူတူပဲဖြစ်သည်. အရင်တုန်းက သူမ အလုပ်ကနေ အနားယူတော့မယ်လို့ စနောက်လိုက်တိုင်း သူမရဲ့တပ်သားတွေက ဆန့်ကျင်တတ်ကြသည်.
"ဟာ ခေါင်းဆောင်ကလဲ! နောက်ထပ် အနှစ် ၃၀ လောက်ထပ်နေပါဦး! ခေါင်းဆောင်က ကျနော့်သားစစ်သည်ဖြစ်လာရင် ကိုယ်တိုင်ကိုယ်ကျသင်ပေးရဦးမှာဆိုတော့ အကြာကြီး ထပ်နေဖို့လိုသေးတယ်!"
သူမက အဲ့ဒီအချိန်တွေကို သတိရသွားသည်.
သူမရဲ့လက်ထောက်ကတော့ သူဘယ်တော့လောက် ခေါင်းဆောင်ရာထူးရမလဲလို့ မေးရင်း သဘောကျစွာနဲ့ ပြုံးနေသည်. သူမကိုယ်တိုင်က သူ့နေရာမှာ နေခဲ့ဖူးတာကြောင့် သူ့စိတ်လှုပ်ရှားမှုတွေကို သူမနားလည်ပေးလို့ရသည်. လူငယ်တွေအတွက် လမ်းစဖွင့်ပေးတာက ကောင်းတဲ့ကိစ္စဖြစ်သည်.
ဒါပေမဲ့ Poliana ကတော့ စိတ်မကောင်းမဖြစ်ပဲ မနေနိုင်ပေ. သူမက မေးလိုက်သည်.
"မင်းတို့တွေက ငါ့ကို အနားမယူစေချင်ကြဘူးလို့ ထင်ခဲ့တာ!"
ခါတိုင်းလိုပဲ အကင်းမပါးကြတဲ့ တပ်သားတွေက အပြုံးတွေနဲ့ ပြန်ဖြေလာကြသည်.
"ခေါင်းဆောင်. အခုက ခေါင်းဆောင် ပျော်ပျော်နေရမဲ့အချိန်ရောက်နေပြီလေ"
လာပြန်ပြီ! ပျော်ရွင်မှု... မိုက်မဲတဲ့ပျော်ရွှင်မှု... F*cking happiness....
သူမ ပျော်ပျော်နေရမဲ့အချိန်ရောက်လာပြီလို့ စစ်သည်တွေက သူမကို ပြောလာသည်. သူမက ပျော်ပျော်ရွှင်ရွှင်နေဖို့လိုတယ်.. ဒါဆိုရင် သူမက သူမဘဝတစ်လျှောက်လုံး အခုအချိန်အထိ မပျော်မရွှင်ဖြစ်နေခဲ့တာလား? Poliana က မေးလိုက်သည်.
"အရှင့်ကို လက်ထပ်လိုက်တာက ငါ့ကို ပျော်အောင်လုပ်ပေးနိုင်မှာလား?"
"အင်း... ခေါင်းဆောင်က ဘာလို့ မပျော်ရမှာလဲ? ငယ်ရွယ်ပြီးတော့ ချောမောလှပတဲ့ဧကရာဇ်က ခေါင်းဆောင်ကို ချစ်နေတာလေ!"
ငယ်ရွယ်ပြီး လှပတဲ့ မိန်းကလေးတစ်ယောက်ရဲ့အချစ်ကရော သူတို့ကို ပျော်အောင်လုပ်ပေးနိုင်မှာလား လို့ Poliana က မေးလိုက်ချင်ပေမဲ့ သူမက မမေးလိုက်တော့ပေ. သူမက အဖြေကို သိပြီးသားဖြစ်သည်. ဒီယောက်ျားတွေအားလုံးက ခေါင်းငြိမ့်ကာ ဒီလိုကိစ္စမျိုးက သူတို့ကို သေချာပေါက် ပျော်ရွှင်စေမှာလို့ ပြောလာမှာကို သူမ သိနေသည်.
"ခေါင်းဆောင်! ခေါင်းဆောင်ရဲ့အသက်ကိုလဲ ကြည့်ဦး! ယောက်ျားတစ်ယောက်က ခေါင်းဆောင်ကို ချစ်လာတာ ဒါ နောက်ဆုံးဖြစ်သွားနိုင်တယ်!"
"ဟေ့ရောင်ရ! မင်းကလဲ သေချာပြောစမ်းပါ! ဒါက သူမရဲ့ပထမဆုံးနဲ့ နောက်ဆုံးအခွင့်အရေးတောင် ဖြစ်သွားနိုင်တယ်!"
"ဒါပေမဲ့ ဟိုသမားတော်ကျရော?"
"သူက သူမရဲ့ပိုက်ဆံတွေကိုလိုချင်တာလေ! အရှင်ကတော့ ခေါင်းဆောင်ကို စိတ်ရင်းနဲ့ချစ်နေတာ!"
"ငါတော့ မယုံနိုင်သေးဘူးဟာ! ဧကရာဇ်မှာ ထူးဆန်းတဲ့အကျင့်ရှိလို့ဖြစ်ရမယ်! သူက ဘာလို့ ခေါင်းဆောင်ကို ချစ်မိသွားတာလဲ?"
"ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်က အတူတူရှိတာကြာသွားရင် ချစ်မိသွားနိုင်တာပဲလေ"
"ဒါပေမဲ့ ငါတို့ကတော့ သူမနဲ့ ဒီလောက်အကြာကြီးအတူနေခဲ့တာတောင် ခေါင်းဆောင်ကို မချစ်မိသွားဘူးရော!"
"အချစ်မှာ အကြောင်းပြချက်တွေမလိုဘူးလေ. မင်း ဒီအတိုင်းတစ်ယောက်ယောက်ကို ချစ်မိသွားနိုင်တာပဲ. အရှင်က ငါတို့ခေါင်းဆောင်ကို ချစ်လွန်းလို့ သူမ မျက်နှာကိုတောင် သတိမထားမိဘူးလေ. အဲ့တာ အချစ်စစ်ပဲဖြစ်ရမယ်"
'ခွေးကောင်တွေ'
သူမက သူတို့ခေါင်းဆောင်မဟုတ်တော့ဘူးဆိုတာ သိနေတာကြောင့် ပွင့်ပွင့်လင်းလင်းပြောဆိုနေတာဖြစ်ရမည်.
Poliana က စိတ်ရှုပ်စွာနဲ့ တွေးလိုက်သည်.
'ငါက အလုပ်ကနေ အကြာကြီးနားထားလို့ သူတို့ကို ကောင်းကောင်းဆက်ဆံပေးမို့ဟာ အခုတော့ မရတော့ဘူး. သူတို့ကို သင်ခန်းစာပေးဖို့တော့လိုနေပြီ'
သူတို့ကို မတ်မတ်ရပ်ဖို့ အမိန့်ပေးတော့မဲ့အချိန်မှာပဲ တံခါးဝမှာ တစ်စုံတစ်ယောက်က ထွက်ပေါ်လာသည်.
ဒေါက်.. ဒေါက်..
ခွင့်ပြုချက်မရပဲ တံခါးပွင့်သွားပေမဲ့ စစ်သည်တွေက အခန်းထဲရောက်လာတဲ့သူကို ဒေါသထွက်လို့ မရနိုင်ပေ.. ဘာလို့လဲဆိုတော့ အခန်းထဲဝင်လာတဲ့သူက တိုင်းပြည်တစ်ခုလုံးရဲ့ အချောမောအခန့်ညားဆုံးသူဖြစ်နေလို့ဖြစ်သည်. နတ်ဘုရားသဖွယ်ရွှေရောင်တွေနဲ့ တောက်ပလင်းလက်နေတဲ့ပုံရိပ်က ထွက်ပေါ်လာပြီး မေးလာသည်.
"Sir Pol ဒီမှာ ရှိနေလား?"
စစ်သည်တွေအားလုံးက ဒူးထောက်ကာ အရိုအသေပေးလိုက်သည်.
"အရှင့်ကို ဂါဝရပြုပါတယ်!"
စစ်သည်တွေက တွေးလိုက်ကြသည်.
'ဘုရားသခင်! အရှင်က ငါတို့ခေါင်းဆောင်ကို တွေ့ဖို့ ဒီအထိ ရောက်လာတာလား?!'
ဒီမမျှော်လင့်ထားတဲ့ဖြစ်ရပ်ကြောင့် စစ်သည်တွေက စိတ်လှုပ်ရှားလာကြသည်. သူတို့က သူတို့အိမ်ပြန်ရောက်ရင် သူတို့မိန်းမတွေကို ဒီအကြောင်းကို ပြောပြဖို့အတွက် စိတ်လှုပ်ရှားနေကြသည်.
စစ်သည်တွေက ပျော်ရွှင်ကျေနပ်စွာနဲ့ ပြုံးနေချိန်မှာ Poliana ကတော့ ဧကရာဇ်ကို သေချာမကြည့်ရဲပေ. မနေ့က သေချာပြင်ဆင်ခြယ်သထားတဲ့ ဧကရာဇ်ရဲ့ ပုံစံကို မြင်တွေ့ပြီးသား ဖြစ်တာကြောင့် သူမက သူ့အလှတရားတွေကို ကျင့်သားရနေပြီလို့ ထင်ခဲ့မိပေမဲ့ သူမ မှားယွင်းခဲ့တယ်ဆိုတာကို သတိပြုမိလိုက်သည်. ဒီနေ့မှာ Lucius က ပိုပြီးတော့တောင် လှပခန့်ညားနေသေးသည်.
Seguir leyendo
También te gustarán
1.2M 63.7K 50
991 110 11
DoTae .... NCT Unicode + Zawgyi
432K 38.1K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
306K 17.3K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"