Sugar Daddyနှင့်ကျွန်တော် [မြ...

By Mine-Edge

493K 55.3K 1.5K

Start Date - 17.04.2021 End Date - Original Name - Second Marriage of A Wealthy Old Man || 豪门老男人的二婚男妻 Author... More

Synopsis
၁ ။
၂ ။
၃ ။
၄ ။
၅ ။
၆ ။
၇ ။
၈ ။
၉ ။
၁၀ ။
၁၁ ။
၁၂ ။
၁၃ ။
၁၄ ။
၁၅ ။
၁၆ ။
၁၇ ။
၁၈ ။
၁၉ ။
၂၀ ။
၂၁ ။
၂၂ ။
၂၃ ။
၂၄ ။
၂၅ ။
၂၆ ။
၂၇ ။
၂၈ ။
၃၀ ။
၃၁ ။
၃၂ ။
၃၃ ။
၃၄ ။
၃၅ ။
၃၆ ။
၃၇ ။
၃၈ ။
၃၉ ။
၄၀ ။
၄၁ ။
၄၂ ။
၄၃ ။
၄၄ ။
၄၅ ။
၄၆ ။
၄၇ ။
၄၈ ။
၄၉ ။
၅၀ ။
၅၁ ။
၅၂ ။
၅၃ ။
၅၄ ။
၅၅ ။
၅၆ ။
၅၇ ။
၅၈ ။
၅၉ ။
၆၀ ။
၆၁ ။
၆၂ ။
၆၃ ။
၆၄ ။
၆၅ ။
၆၆ ။
၆၇ ။
၆၈ ။
၆၉ ။
၇၀ ။
၇၁ ။
၇၂ ။
၇၃ ။
၇၄ ။
၇၅ ။
၇၆ ။
၇၇ ။
၇၈ ။
၇၉ ။
၈၀ ။
၈၁ ။
၈၂ ။
၈၃ ။
၈၄ ။
၈၅ ။
၈၆ ။
၈၇ ။
၈၈ ။

၂၉ ။

6K 736 43
By Mine-Edge

တံခါးအပြင်ဘက်မှာရပ်နေတာက မုန့်ယန်နဲ့ယွီကျွင်းချန်ရဲ့ စီနီယာအစ်ကိုအစ်မတွေဖြစ်ပြီး ယွီကျွင်းချန်ကိုယ်တိုင်နဲ့ အချိန်ပိုင်း ပါပါရာဇီတစ်ချို့ဖြစ်တယ်။


လော့ရှန်းက လော့ရှိုးနဲ့မုန့်ယန်ရှေ့ ရှေ့ဒူးထောက်ပြီး မုန့်ယန်ကို "အဖေလေး"လို့ ခေါ်ခဲ့တယ်။ မုန့်ယန်ကိုယ်တိုင်တောင် အံ့သြသွားခဲ့တယ်။ မထင်မှတ်ထားစွာပဲ လော့ရှန်းလို စိတ်ဓာတ်ပိုင်ရှင်က သူ့အတွက် တကယ်ဒူးထောက်ခဲ့တာပဲ။ ထင်ထားတဲ့အတိုင်းပဲ ပိုက်ဆံရဲ့ ဆွဲဆောင်မှုက တကယ်အားပြင်းတယ်။

ယွီကျွင်းချန်က တံခါးအပြင်ရပ်ပြီး ထိတ်လန့်စိတ်ဖိစီးနေတယ်။ သူက လော့ရှန်းကို အတင်းအကြပ်နှိပ်စက်နေတဲ့ လူဆိုးကောင် မုန့်ယန်ကိုကြည့်နေရချိန် လော့ရှန်းကတော့ အရှက်ခွဲမှုကို သည်းခံနေရတယ်။

မုန့်ယန်က ခွက်ကိုမယူခင် တမင် စောင့်နေသေးပေမဲ့ သူကစောင့်နေသေးတယ်။.သူ ဒီရေနွေးကြမ်းခွက်ကို သောက်မှာမဟုတ်ဘူး။

မုန့်ယန်က သူ့ကိုကြည့်ပြီး ပြောလိုက်တယ်။
"မင်း ဒီရေနွေး​ကြမ်းခွက်ကိး နည်းနည်းနောက်ကျသွားပြီမို့ အခုမသောက်ချင်တော့ဘူး၊ ဒါပေမဲ့ မင်းကငါ့ကို အဖေလေးလို့ခေါ်မှတော့ လူကြီးတစ်ယောက်အနေနဲ့ သည်းခံရမှာပေါ့၊ မင်းကိုခွင့်လွှတ် မလွှတ်ကတော့ ဒီညငါစဥ်းစားပြီး မနက်ဖြန် အဖြေပေးမယ်လေ"

လော့ရှန်းက အသက်ပြင်းပြင်းရှူပြီး အံကြိတ်ကာ ဒေါသကိုမျိုသိပ်လိုက်ရတယ်။

"မင်းသွားလို့ရပြီ"

လော့ရှန်းကထပြီးလှည့်ထွက်သွားလေတယ်။ သူ တံခါးဆီရောက်ချိန် သူ့လမ်းကိုပိတ်နေတဲ့လူတွေကို တွန်းထိုးပြီး အလျင်အ​မြန်ထွက်သွားတယ်။

"အခုကမစောတော့ဘူး၊ ခင်ဗျားတို့အားလုံး ပြန်ပြီး အနားယူသင့်နေပြီ"
မုန့်ယန်က တံခါးဆီသွားကာ ပိတ်လိုက်တယ်။

လော့ရှန်းက လူတွေအများကြီးရှေ့ မုန့်ယန်ကိုဒူးထောက်ပြီး ရေနွေးကြမ်းကမ်းကာ အဖေလေးလို့ခေါ်ခဲ့ရတယ်။ မု့န်ယန်ရင်ထဲ အနည်းငယ်တော့ပျော်သွားပေမဲ့ အပြစ်ပေးမှုသေးသေးလေးက မလုံလောက်သေးဘူး။ မုန့်ယန်တစ်ယောက် ငွေအတွက် လော့ရှန်းဘယ်လောက်သည်းခံနိုင်မလဲ မြင်ချင်နေမိတယ်။

မုန့်ယန်က အိပ်ရာပေါ်ထိုင်ပြီး လော့ရှိုးကိုကြည့်လိုက်တယ်။
"လော့ရှူးရှု၊ ကျွန်တော်လုပ်ခဲ့မိတာ လွန်သွားလားဟင်၊ သူ့ကိုအဲလိုမျိုးပြောခဲ့ပေမဲ့ သူကဦးရဲ့သားပဲလေ၊ သွေးသားရင်းတွေဆိုတာ ဖောက်ဖျက်လို့မရတာမျိုး"

"သူက ကိုယ့်သားမဟုတ်ဘူး"

"သားမဟုတ်ဘူးလား၊ ဘာကိုပြောတာလဲဟင်"
မုန့်ယန်က မေးကာ ဇဝေဇဝါဖြစ်ချင်ယောင်ဆောင်နေလိုက်တယ်။

"..." လော့ရှိုးတစ်ခဏ တွေးတောမိသွားတယ်။
"ကိုယ်ဆိုလိုတာက ကိုယ်သူ့ကို သားအဖြစ်မသတ်မှတ်ဖူးဘူး၊ ပြီးတော့ ကိုယ့်အမွေတွေကလည်း ဘယ်တော့မှ သူ့ဆီရောက်မှာမဟုတ်ဘူး၊ မင်း သူက ကိုယ့်သားမဟုတ်ဘူးလို့ပဲ တွေးထားလိုက်လို့ရတယ်၊ ပြီးတော့ ဒါကသူ့အပြစ်လေ၊ မင်း သူ့ကိုသင်ခန်းစာပေးလို့ရပါတယ်"


လော့ရှိုး အမှန်ပြောတော့မယ်လို့ မုန့်ယန်ထင်ခဲ့ပေမဲ့ ကြည့်ရတာ အချိန်တစ်ခုအတောအတွင်းတော့ပြောမဲ့ပုံမပေါ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် လော့ရှိုးရဲ့ 'ဇာတ်ရုပ်'က လော့ရှန်း သူ့သားမဟုတ်ကြောင်း အလွယ်တကူပြောနိုင်တဲ့ ဇာတ်ရုပ်မျိုး  မဟုတ်ဘူး။ ဒီလို 'ဇာတ်ရုပ်' ကပဲ အရင်ဘဝမှာ လော့ရှန်းကို လော့မိသားစုအမွေ ချောချောမွတ်မွတ်ဆက်ခံခွင့်ရအောင် ပံ့ပိုးပေးခဲ့တာပဲ။ ဒါပေမဲ့ ဒီဘဝမှာတော့ ဒီလိုမျိုး ဘယ်တော့မှဖြစ်မှာမဟုတ်ဘူး!

မုန့်ယန်က လော့ရှိုးနားကပ်လာခဲ့ပြီး ခါးကနေလှမ်းဖက်လိုက်ကာ မော့ကြည့်လိုက်တယ်။
"လော့ရှူးရှု၊ ဦးက လော့ရှန်းကို ဦးသားအရင်းအဖြစ် ဘယ်တုန်းမကှ မသတ်မှတ်ခဲ့ဖူးသလို သူ့ကို လော့မိသားစုအမွေဆက်ခံခွင့်မပေးဘူးဆိုတော့ ကျွန်တော့်ကို ကလေးတစ်ယောက်လောက်ဘာလို့ မပေးတာလဲ"


"မင်းက ကလေးပဲရှိသေးတယ်၊ ကလေးမွေးတယ်ဆိုတာမျိုး စဥ်းစားဖို့ စောလွန်းသေးတယ်..." လော့ရှိုးက ပါးစပ်ထဲ စကားလုံးတွေရှိနေပေမဲ့ ရုတ်တရက်စကားမပြောနိုင်တော့ဘူး။ သူ မုန့်ယန်တစ်ယောက် သူချစ်တဲ့လူကိုတွေ့ချိန်ကျ ဒီစကားလုံးတွေကိုပြောခဲ့တာနောင်တရမယ်လို့ ပြောချင်ခဲ့မိတာ။ မုန့်ယန် အနာဂတ်မှာ သူ့ကိုထားသွားမယ်ဆိုတာ တွေးမိပြန်တော့ သူ့နှလုံးသားက အနားမရဖြစ်လာပြန်တယ်။


မုန့်ယန်က လော့ရှိုးကို တွန်းချလိုက်ပြီး ငုံ့ကြည့်ရင်း တက်ခွထိုင်လိုက်တယ်။
"ကျွန်​တော်က ဦးကို ကလေးတစ်ယောက်ပေးချင်တာလေ၊ ကျွန်တော်တို့မှာ သုံးနှစ်သဘောတူညီချက်ရှိပေမဲ့ တကယ်လို့ဒီသုံးနှစ်ပြီးတဲ့နောက် ဦးက ကျွန်တော့်ကိုထားမသွားစေချင်ရင် ကျွန်တော်ထားမသွားပါဘူး၊ ကျွန်တော်တို့ ကလေး​တူတူယူသင့်လား"


မုန့်ယန်က လော့ရှိုးနဖူး၊ နှာတံ၊ ပါးနဲ့မေးစေ့ကို နမ်းလိုက်တယ်။ သူ့ဗိုက်ကြွက်သားပေါ် လက်တင်ပြီး ပြောလိုက်တယ်။
"ကျွန်​တော် ဦးကလေးလိုချင်တယ်၊ ဘယ်လိုလုပ်ရမလဲသင်ပေးလေ၊ ဦးက ကျွန်တော့်တရားဝင်ခင်ပွန်းပဲကို၊ ဒီကိစ္စတွေသင်ပေးဖို့ တာဝန်ရှိတယ်"


အချင်းချင်းစိုက်ကြည့်ရင်း လော့ရှိူး မုန့်ယန်မျက်ဝန်းထဲက ချစ်ခြင်းကိုမြင်နေရတယ်။.မုန့်ယန်လည်းပဲ လော့ရှိုးက ခံစားချက်မရှိတာမဟုတ်ကြောင်း သူ့ကိုယ်သူ ထိန်းချုပ်နေရုံသာဖြစ်ကြောင်း မြင်နေရတာပဲ။


ထပ်ပြီးမှီချလာကာ မုန့်ယန် လော့ရှိုး နားထဲကိုလေမှုတ်လိုက်တယ်။
"သုံးနှစ်အကြာမှာ ကျွန်တော် ဒီလိုမျိုးအရာတွေကို တခြားသူတွေဆီသွားသင်အောင်လို့ တကယ်မျှော်လင့်နေတာလား၊ ကျွန်တော်တခြားလူရဲ့ကလေးကို မွေးပေးမယ်လို့လေ"


လော့ရှိုးက မျက်လုံးပိတ်ကာ အသက်ပြင်းပြင်းရှူလိုက်တယ်။ မုန့်ယန်စကားတွေက သူ့နှလုံးသားထဲတည့်တည့်ပဲ။ သူ့ကိုယ်သူ တည်ငြိမ်အောင်ဘယ်လောက်ကြိုးစားထားရသလဲ ဘုရားသခင်ပဲသိလိမ့်မယ်။


ဒီလိုမျိုးမြင်တော့ မုန့်ယန်နှလုံးသားက ပိုတောင် အလိုမကျဖြစ်လာတယ်။ သူ အရင်ဘဝက ဘာမှမလုပ်ခဲ့တာသိသာတာတောင် လော့ရှိူးအချစ်ကိုရနိုင်ခဲ့သေးတယ်။ ဒီဘဝမှာဆို သူတက်ကြွစွာနဲ့ လော့ရှိုးရင်ခွင်ထဲပစ်ဝင်ပြီး ဒဲ့တိုးပွင့်ပွင့်လင်းလင်းတောင်ဖြစ်နေသေးတယ်။ လော့ရှိုး မလှုပ်မယှက်ဖြစ်နေမယ်လို့ သူမယုံဘူး။ သူ တကယ်ကြီးဆွဲဆောင်မှုမရှိဘူးလား။ ဒီအတွေးက သူ့နှလုံးသားကို တစ်စစီဖရိုဖရဲဖြစ်သွားစေတယ်။

မုန့်ယန် လော့ရှိုးဝတ်ရုံကိုဆွဲချွတ်ပြီး လက်တွေနဲ့ထိတွေ့လိုက်တယ်။

အဲလှုပ်ရှားမှုနဲ့အတူ လော့ရှိုးရဲ့နောက်ဆုံး အသိစိတ်ကြိုးလေးက ပြတ်​တောက်သွားခဲ့တယ်။ သူက တစ်ပတ်လှည့်လိုက်ပြီး မုန့်ယန်ကိုသူ့အောက်ထားကာ ခပ်ပြင်းပြင်းနမ်းရှိုက်လိုက်တယ်။


မုန့်ယန် သူ့လည်ပင်းကို လက်လှမ်းချိတ်လိုက်ပေမဲ့ ဘယ်လိုတုံ့ပြန်ရမလဲမသိတဲ့အတွက် လော့ရှိုးကိုသာဦးဆောင်ခွင့်ပေးလိုက်တယ်။


မုန့်ယန်က မူးတိုင်း သူ့ကိုယ်သူ ငါးတစ်ကောင်လို့ထင်တတ်တယ်။ ဒါပေမဲ့ ဒီအချက်ကို သူသတိမထားမိသလို နိုးလာပြီးချိန်ကျ ဘာအမှတ်မှမရတော့ဘူး။ သူ ရီဝေတဲ့အထိ လော့ရှိုးနမ်းတာခံရချိန် သူ နောက်တစ်ကြိမ် ငါးတစ်ကောင်ဖြစ်လာပြန်တယ်လို့ ထင်ယောင်ထင်မှားဖြစ်လာတယ်။ ခံစားချက်က အတော်လေးထင်ရှားနေတဲ့အတ​ွက်ကြောင့် သူနိုးလာရင်တော့ မှတ်ဥာဏ်က သေချာပေါက် ရှင်းလင်းနေမှာပဲ။

လှပတဲ့ငါးဖြူလေးတစ်ကောင်က နွေးထွေးတဲ့ ပင်လယ်ရေထဲ လွတ်လွတ်လက်လပ် ကူးခတ်နေတုန်း အဆပေါင်းများစွာပိုကြီးတဲ့ ပင်လယ်မိစ္ဆာကြီးတစ်ကောင်က ရုတ်တရက်ပေါ်ပေါက်လာခဲ့တယ်။ သူ ဂူတစ်ခုထဲပုန်းနေရပေမဲ့ ပင်လယ်မိစ္ဆာကြီးက ဂူထဲ ဝင်ပြီးသူ့ကိုစားသောက်ဖို့ကြိုးစားနေတာက သူ့ကိုအတော်လေးကြောက်လန့်စေမိတယ်။

 
ပင်လယ်မိစ္ဆာကြီးက ငါးဖြူလေးကိုကိုက်လိုက်တယ်။ ငါးဖြူလေးကနာကျင်မှုကြောင့် ရုန်းကန်ငိုယိုပြီး အသနားခံနေပေမဲ့ ပင်လယ်မိစ္ဆာကြီးက အားပြင်းပြင်းကိုက်ချထားပြီး ထွက်ပြေးလို့မရအောင် လုပ်ထားလေတယ်။


ငါးဖြူလေးက မိစ္ဆာကြီးသူ့ကိုစားတော့မယ်အထင်နဲ့ နာကျင်မှုကို ကြောက်နေခဲ့တယ်။ ဒါပေမဲ့ ဖြည်းဖြည်းချင်း နာကျင်ရပေမဲ့ ခံစားချက်ကောင်းလာတဲ့အတွက် သူဆက်ပြီးရုန်းကန်မနေတော့ဘူး။

မုန့်ယန် အဲနေ့ညက လော့ရှိုးနဲ့ တရားဝင်စုံတွဲဖြစ်မယ်ထင်ခဲ့ပေမဲ့ လုပ်စရာလိုတဲ့အစပိုင်းအလုပ်တွေအကုန်ပြီးသွားတာတောင် လော့ရှိုးက နောက်ဆုံးအဆင့်ကိုမကျော်နိုင်ခဲ့ဘူး။

လော့ရှိုးက မုန့်ယန်မျက်နှာကို သပ်လိုက်တယ်။ သူက တကယ်ကိုသေးသေးလေး။ သူ့တစ်ကိုယ်လုံးက လတ်ဆတ်ပြီးအရသာရှိတဲ့ မက်မွန်သီးလေးလိုပဲ။ တစ်ကိုက်ကိုက်ရုံနဲ့ရေတွေစိမ့်ထွက်လာပြီး ချိုမြကာ အရသာရှိနေမှာ။ သူက နူးညံ့လွမ်းလို့ ကောင်းကောင်းတောင်အရသာမခံရဲဘူး။ ဒါပေမဲ့ ခဏတစ်ဖြုတ်အရသာခံပြီးရုံနဲ့တင် လျှာပေါ်ကြွယ်ဝတဲ့အရသာကျန်ခဲ့တယ်။ သူ တကယ် ဒီအရသာကိုသဘောကျနေမိပြီ။


လော့ရှိုးရဲ့ ခုလက်ရှိအကြီးမားဆုံးစိုးရိမ်မှုက မုန့်ယန်အခုအရမ်းငယ်လွန်းသေးတဲ့အတွက် တစ်နေ့တစ်ချိန်ကျ နောင်တရကောင်းရကောင်းရမှာကိုပဲ။

လော့ရှန်းနဲ့ယွီကျွင်းချန်တို့ တစ်ညလုံးမအိပ်ဖြစ်ကြ။ ယွီကျွင်းချန်က လော့ရှန်းကို အမှားလုပ်မိလို့ဆက်တိုက်တောင်းပန်နေတယ်။ သူလူပုံရိပ်ကိုခပ်ဝါးဝါးမြင်ရုံနဲ့တင် မုန့်ယန်အခန်းထဲဝင်သွားသူက မုန့်ယန်ကို ညစာဖိတ်ကျွေးသူ ထင်နေခဲ့တာ။ သူ့ မှားယွင်းတဲ့ ခွဲခြားမှုကြောင့် လော့ရှန်းကဒူးထောက်ပြီး မုန့်ယန်ကို ရေနွေးကြမ်းကမ်းရကာ အဖေလေးအဖြစ်ညအသိအမှတ်ပြုခဲ့ရတာပဲ။


လော့ရှန်းက ဒေါသကြောင့် စကားမပြောနိုင်ဖြစ်နေတယ်။ ဟုတ်တာပေါ့၊ သူ ယွီကျွင်းချန်ကို ဒေါသထွက်တာမဟုတ်ဘဲ မုန့်ယန်ကိုဖြစ်ပြီး ဘယ်လိုလက်စားချေရမလဲ တွေးနေမိတယ်။


မိုးသောက်ပြီးတဲ့နောက်မှာ လော့ရှန်းက ဆေးကြောဖို့ရေချိုးခန်းထဲဝင်သွားတယ်။ သူက အဲမှာကြာကြာဆက်နေဖို့ရည်ရွယ်ချက်မရှိတော့ဘဲ ချက်ချင်း ထွက်လာဖို့ ပြင်ဆင်လိုက်တယ်။ သူ ရေချိုးခန်းထဲကထွက်ထွက်ချင်းကို သူ့အဖိုးဆီကနေ ဖုန်းဝင်လာခဲ့တယ်။


"ဘာတွေဖြစ်နေတာလဲ! မင်းအဖေက မင်းနဲ့တရားဝင် ဆက်ဆံရေးဖြတ်​တောက်ချင်တယ်လို့ သတင်းတွေတက်နေရတာလဲ!"

ခင်ကြီးချန်းက အလောတကြီးဆိုလာတယ်။

"သတင်းတွေလား" လော့ရှန်း ရင်ထဲမကောင်းတဲ့အငွေ့အသက်ရသွားတယ်။ သူ ယွီကျွင်းချန်ဖုန်းကို ချက်ချင်းကောက်ကိုင်ပြီး သတင်းစာမျက်နှာကိုနှိပ်လိုက်တယ်။ ထိပ်တန်းသတင်းတွေရဲ့ သတင်းစာခေါင်းကြီးပိုင်းက အန်းလော့မြို့မှာ လော့လုပ်ငန်းစုရဲ့ ဥက္ကဌကတစ်ဦးတည်းသောသားပို ဥပ​ဒေလမ်းကြောင်းအရ ဖြတ်တောက်တော့မယ်ဆိုပြီးရေးထားတယ်။ ဒါပေမဲ့ ဆောင်းပါးပါအကြောင်းအရာက ကောလဟာလအဆင့်ပဲရှိသေးပြီး အတည်မပြုရသေးဘူးပြောထားတယ်။


လော့ရှန်းက ဒီလိုသတင်းမျိုးဟာ လော့ရှိုးခွင့်မပြုချက်မပါဘဲ ထွက်မလာနိုင်တာသိထားတယ်။

"ဘာတွေဖြစ်နေတာလဲ!" သခင်ကြီးချန်းက ထပ်မေးလိုက်ပြန်တယ်။

လော့ရှန်း မနေ့ညကဖြစ်ပျက်ခဲ့တာတွေကိုပြောပြလိုက်ပေမဲ့ မုန့်ယန်အခန်းထဲ တခြားယောကျ်ားရှိတယ်လို့ပြောတာ ယွီကျွင်းချန်ဆိုတဲ့အကြောင်းတော့ မပြောလိုက်ရဘူး။


"မင်းက အရူးပဲ၊ ငါမင်းကို ပြောထားတဲ့ စကားတစ်ခွန်းပိုတောင် မမှတ်ထားနိုင်ဘူးလား!" သခင်ကြီးချန်းက ဒေါသတကြီးအော်ဟစ်လိုက်တယ်။
"ငါမင်းကို ခဏခဏပြောပြီးသား မင်းစိတ်ရှည်ပြီး မုန့်ယန်ကို အခု လက်ရှိ သွားရန်မစဖို့ကို၊ သူက မင်းအဖေသူ့ကိုလက်ထပ်ပြီး မင်းကိုလော့မိသားစုကနေပါ နှင်ထုတ်ခံရအောင်လုပ်ထားတာ၊ ဒါကြောင့်သေချာပေါက် သာမန်လူမဟုတ်ဘူး၊ သူ့ကိုမင်းဘယ်လိုလုပ် လွယ်လွယ်လေး ဖမ်းမိမှာလဲ!"

လော့ရှန်းက သူ့အဘိုးဆိုတာတွေကို တိတ်တဆိတ် နားထောင်​နေတယ်။ သူ့အဘိုးရဲ့ ဆူပူမှုက အတော်လေးကျိုးကြောင်းသင့်တယ် တွေးမိတယ်။ သူ မုန့်ယန်ကို တကယ်ရွံရှာပေမဲ့ ရန်သူကိုအထင်သေးမိတဲ့အခါ သူအမှားကြီးလုပ်မိသွားခဲ့တာပဲ။


"ငါ့ကိုနားထောင်၊ လော့ရှန်း!" သခင်ကြီးချန်းက တည်ကြည်လေးနက်စွာပြောလိုက်တယ်။
"သတင်းတွေက ဒီကိစ္စအတည်ပြုပြီးပြီလို့ မပြောမှတော့ ဆိုလိုတာက မင်းအဖေ မင်းကို အခွင့်အရေးပေးထားတယ်လို့ဆိုလိုတာပဲ၊

မင်းဘယ်လိုနည်းပဲသုံးသုံး မင်းအဖေ မင်းနဲ့သားအဖဆက်ဆံရေးကို တရားဝင်ဖြတ်တောက်မှာမျိုးခွင့်ပြုလို့မဖြစ်ဘူး၊ မင်းဒါတောင် မလုပ်နိုင်ရင်  မင်းကို နှစ်ပေါင်းများစွာပုံသွင်းဖို့ ငါနှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း ​အားထုတ်မှုတွေကို ​ဖြုန်းတီးလိုက်တာပဲ၊ အဲလိုသာဖြစ်ရင် မင်းချန်းမိသားစုဆီ ပြန်မလာဘဲ ငါနဲ့ဆ​က်ဆံရေးကိုလည်းဖြတ်တောက်လိုက်တော့"

သခင်ကြီးချန်းက သူ့စကားလုံးတွေကလေးလံလွန်းပြီး လော့ရှန်းကိုစိတ်တိုစေကာ သူ့ကိုမုန်းတီးသွားမှာစိုးရိမ်သွားတယ်။ ဖုန်းမချခင်သူကပြောလိုက်တယ်။
"ဒါ မင်းအတွက်စမ်းသပ်မှုပဲ၊ မင်းငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်တယ်"


လော့ရှိူးက လုပ်စရာကိစ္စတွေရှိသေးတဲ့အတွက် နိုးပြီးရေချိုးပြီး​တာနဲ့ ချက်ချင်းထွက်သွားဖို့ပြင်လိုက်တယ်။


"ဒါဆို ဦးကျွန်တော့်ကို ညနေကျလာကြိုမှာလား၊ ဒါမှမဟုတ် ကျွန်တော် ဦးဆီလာရမှာလား" မုန့်ယန်က သူ့ခါးကိုဖက်ထားရင်း မေးလိုက်တယ်။

"ကိုယ်မင်းကိုလာကြိုပါ့မယ်"

"ကောင်းပြီလေ၊ မသွားခင်ကျွန်တော့်ကို နမ်းသွားဦး"
မုန့်ယန်က မော့ကြည့်လာပြီး နှုတ်ခမ်းလေးကမသိမသာဆူလာခဲ့တယ်။


လော့ရှိုးခဏတာတုံ့ဆိုင်းနေခဲ့ပေမဲ မုန့်ယန်ခေါင်းလေးကိုကိုင်ပြီး နမ်းလိုက်တယ်။

မုန့်ယန်ကလည်း လော့ရှိုးကို လှမ်းဖက်လိုက်ပြီး မလွှတ်ပေးခင် တမင် နှုတ်ခမ်းတွေကို နမ်းလိုက်တယ်။ 

လော့ရှိုးထွက်သွားပြီးတဲ့နောက် မုန့်ယန်က အင်္ကျီလဲကာ အပြင်ထွက်ဖို့ ပြင်လိုက်တယ်။

မုန့်ယန် အင်္ကျီလဲပြီး​တာနဲ့ လော့ရှန်းတစ်ယောက် အပြင်မှာဆူညံပူညံလုပ်နေသံကိုကြားလိုက်ရတယ်။

"သူ့ကိုဝင်ခွင့်ပေးလိုက်ပါ"

ကိုယ်ရံတော်က မုန့်ယန်အမိန့်ကိုကြားတော့ လော့ရှန်းကိုဝင်ခွင့်ပေးဖို့တံခါးဖွင့်ပေးလိုက်ပြီး မုန့်ယန်ကိုကာကွယ်ဖို့ အခန်းထဲ နေနေလိုက်တယ်။

လော့ရှိုးဒီမှာမရှိတာမြင်တော့ မုန့်ယန်ကိုသာကြည့်ကာ ဒေါသတကြီးပြောလိုက်တယ်။
"အန်းလော့မြို့က ခေါင်းကြီးပိုင်းသတင်းတွေက ဘာဖြစ်တာလဲ! ငါမင်းအတွက် မနေ့က ဒူးထောက်ခဲ့တာကို၊ ဘာကြောင့်လို့ ဒီလိုသတင်းရှိနေရတာလဲ!"


"ဒူးထောက်တာက မင်းဆန္ဒလေ၊ ငါ လူတွေကို မင်းခေါင်းကို ဖိခိုင်းပြီး အတင်းအကြပ်ဒူးထောက်ခိုင်းတာမှ မဟုတ်တာ" မုန့်ယန်က ဆိုဖာပေါ် ထိုင်ပြီး သူ့ကိုကြည့်လိုက်တယ်။


"မင်းဘာလိုချင်တာလဲ!"
လော့ရှန်းကမေးလိုက်တယ်။

မုန့်ယန်က သူ့ကို တစ်ခဏတာ ​တိတ်တဆိတ်ကြည့်​နေတယ်။
"မင်းအဖေက အောင်မြင်ဖို့အတွက် လော့မိသားစုကို အားကိုးဖို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး၊ သူက မင်းအဘိုးအဘွားတွေရဲ့ ထောက်ပံ့မှုကို ပြန်ဆပ်ဖို့အတွက် မင်းအမေကိုလက်ထပ်ဖို့အတင်းအကြပ်ဖိအားပေးခံခဲ့ရတာ၊ တကယ်ဆိုရင် သူက လော့မိသားစုကနေ ထွက်သွားပြီး သူ့အရည်အချင်းနဲ့သူ လုပ်ငန်းအသစ်စတော့မို့၊ ဒါပေမဲ့ မင်းအဖေဘက်က အဘိုးအဘွားက ရုတ်တရက် နာမကျန်းမှုကြောင့် သေသွားပြီး အဲတုန်းက မင်းဦးလေးတွေကလည်းငယ်ငယ်လေးရှိသေးတာမို့ သူက လော့မိသားစုလုပ်ငန်းကိုဆက်ခံလိုက်ရတာပဲ"

မုန့်ယန် လော့ရှိုးခံစားခဲ့ရတာတွေကို တွေးမိတိုင်း သူသက်သက်သာသာအသက်မရှူနိုင်တော့ဘူး။ သူက လော့ရှန်းကို အေးတိအေးစက်ကြည့်လိုက်တယ်။
"

သူ လော့မိသားစုလုပ်ငန်းစုကို ဆက်ခံတုန်းက အဲကုမ္ပဏီက အန္တရာယ်ထဲ နီးပါးဖြစ်နေပြီ၊ မင်းအဘိုးနဲ့ဦးလေးတွေက ရေတွင်းထဲနစ်နေသူကို ကျောက်တုံးတွေနဲ့ပစ်ခဲ့တဲ့အတွက် လော့မိသားစုစီးပွားရေးကိုထောက်ပံ့ဖို့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတယ်၊ လော့မိသားစု အခုပိုင်ဆိုင်သမျှက သူ ရှာထားတာချည်းပဲ၊ သူမင်းကိုပေးဖို့ ဆန္ဒရှိရင် မင်းရနိုင်မယ်၊ ဒါပေမဲ့ သူမင်းကိုပေးဖို့ဆန္ဒမရှိတာကို မင်းပိုင်ဆိုင်သင့်တာလိုမျိုးတော့ ခပ်တုံးတုံးမလုပ်နဲ့ပေါ့"

"ငါ့ကိုမပေးရင် မင်းလိုချင်တယ်တော့ မပြောနဲ့!" လော့ရှန်းက မုန့်ယန်ကို စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။

လော့ရှန်းစကားလုံးတွေက မုန့်ယန်ကို လုံးဝ အထင်သေးသွားစေပြီး ပြုံးလိုက်တယ်။
"အနှေးနဲ့အမြန် မင်းအဖေနဲ့ငါက ကလေးတွေရမှာပဲကို၊ ပြီးတော့တစ်ယောက်ထပ်လည်းရဦးမယ်၊ အဲကျ သူပေးချင်သူကိုပေးမှာပေါ့၊ သူ အားလုံးကိုပိုက်ဆံနဲ့လဲပြီး ပင်လယ်ထဲပစ်ချရင်တောင် မင်း ဘာလုပ်နိုင်မှာမို့လို့လဲ"


လော့ရှန်းမျက်နှာက ပိုပြီးပျက်ယွင်းလာခဲ့တယ်။ သူ့မှာမုန့်ယန်ကိုချေပဖို့စကားမရှိတဲ့အတွက် အလျင်အမြန်သာ ထွက်ပြေးရတော့တယ်။ သူက အိမ်ကိုပြန်သွားပြီး ဒီကိစ္စကိုအဘိုးနဲ့ဆွေးနွေးချင်နေတယ်။ သူလော့မိသားစုအမွေကိုရဖို့ ဘာမဆိုလုပ်မယ်!


မုန့်ယန်က အထင်သေးစွာပြုံးလိုက်ပြန်တယ်။ လော့ရှိူးက ဘယ်တုန်းကမှ လော့ရှိ်းအပေါ် မျှော်လင့်ချက်မထားခဲ့ဖူးဘူး။ လော လော့ရှိုးက သူ့အဖေအရင်းမဟုတ်မှန်း မသိခဲ့တုန်းကတောင် သူ့ကို ဂရုမစိုက်တဲ့အဖေကို မုန်းတီး၊ အပြစ်တင်၊ ငြင်းပယ်နေပေမဲ့ အမွေအကျိုးအတွက် လော့ရှိုးကိုအဖေအဖြစ်တော့ သတ်မှတ်သေးတယ်။ လော့ရှိုးသာသာမန်ရုံးဝန်ထမ်းသာဆို  လော့ရှန်းက ကျိန်းသေပေါက် သူ့ကိုဂရုမစိုက်တဲ့ဒီအဖေကိုလျစ်လျူရှုဖို့ မဏ္ဍိုင်ရှိမှာပဲ။

မုန့်ယန် အဆင်သင့်ဖြသ်ချိန် ထွက်လာခဲ့တယ်။ သူနောက်ကျမယ်ထင်ခဲ့ပေမဲ့ မထင်မှတ်ထားစွာပဲ တခြားသူတွေထက်စောနေခဲ့တယ်။ ဒီလိုနဲ့ပဲ သူက တည်းခိုဆောင်ရဲ့ ဥယျာဥ်ထဲရပ်ပြီး ပန်းတွေကိုကြည့်နေရင်း သူ့စီနီယာအစ်ကို၊ အစ်မတွေကို စောင့်နေမိတယ်။


"မင်္ဂလာမနက်ခင်းပါ"

မုန့်ယန်က လှည့်ကြည့်ကာ ခေါင်းညိတ်လိုက်တယ်။
"မနက်ခင်းပါ"

"မင်းသူငယ်ချင်းတွေကို စောင့်နေတာလား"
ဘရတ်လေကမုန့်ယန်ကိုမေးလိုက်တယ်။

"ဟုတ်တယ်"

"ဒါဆိုငါအရင်သွားနှင့်သွားတော့မယ်"
ဘရတ်လေက အပြုံးတစ်ခုနဲ့ပြောပြီး သူ့လက်ထောက်ရယ် ကိုယ်ရံတော်နဲ့အတူထွက်သွားတယ်။

"ကောင်းပြီလေ" မုန့်ယန်ကခေါင်းညိတ်ပြပြီးတဲ့နောက် ဘရတ်လေရဲ့ နောက်ကျောကိုလှမ်းကြည့်လိုက်တယ်။ ရုတ်တရက် သူသဘောပေါက်သွားခဲ့တယ်။ သူ့အခန်းထဲနောက်ထပ်ယောကျ်ားတစ်​ယောက်ရှိနေတယ်လို့ လော့ရှန်းဘာလို့တွေးရသလဲ အရိပ်အမြွပ်နားလည်သွားခဲ့ပြီ။ ဒီလူ့ကျောက လော့ရှိုးနဲ့ အတော်လေးဆင်ပြီး အရပ်ကလည်း ခပ်ညီညီပဲ။

မနေ့က မုန့်ယန် အခန်းထဲပြန်ရောက်တာနဲ့ လော့ရှိုးကိုဖုန်းဆက်ခဲ့တာဖြစ်တယ်။ လော့ရှိုးက ရုန်မြို့ရဲ့ ရုံးခွဲကိုလာမယ်ဆိုတာသိတဲ့အတွက် အနည်းငယ် ခပ်ချွဲချွဲပြုမူခဲ့ပြီး လာတွေ့ခဲ့ခိုင်းတာပဲ။ လော့ရှန်းတစ်ယောက် ဒီလိုအကွက်လှုပ်ရှားလာမယ် မထင်ခဲ့ပေမဲ့ ဒါက လော့ရှန်းကိုသင်ခန်းစာပေးဖို့ အခွင့်အရေးပေးလိုက်တာပဲ။ သူကိုယ်တိုင်ခေါင်းကိုကမ်းလှမ်းလာမှတော့ မုန့်ယန်တက်နင်းဖို့ တုံ့ဆိုင်းနေမှာမဟုတ်ဘူး။

[Zawgyi]

တံခါးအျပင္ဘက္မွာရပ္ေနတာက မုန့္ယန္နဲ႕ယြီကြၽင္းခ်န္ရဲ႕ စီနီယာအစ္ကိုအစ္မေတြျဖစ္ၿပီး ယြီကြၽင္းခ်န္ကိုယ္တိုင္နဲ႕ အခ်ိန္ပိုင္း ပါပါရာဇီတစ္ခ်ိဳ႕ျဖစ္တယ္။

ေလာ့ရွန္းက ေလာ့ရွိုးနဲ႕မုန့္ယန္ေရွ႕ ေရွ႕ဒူးေထာက္ၿပီး မုန့္ယန္ကို "အေဖေလး"လို႔ ေခၚခဲ့တယ္။ မုန့္ယန္ကိုယ္တိုင္ေတာင္ အံ့ၾသသြားခဲ့တယ္။ မထင္မွတ္ထားစြာပဲ ေလာ့ရွန္းလို စိတ္ဓာတ္ပိုင္ရွင္က သူ႕အတြက္ တကယ္ဒူးေထာက္ခဲ့တာပဲ။ ထင္ထားတဲ့အတိုင္းပဲ ပိုက္ဆံရဲ႕ ဆြဲေဆာင္မႈက တကယ္အားျပင္းတယ္။

ယြီကြၽင္းခ်န္က တံခါးအျပင္ရပ္ၿပီး ထိတ္လန့္စိတ္ဖိစီးေနတယ္။ သူက ေလာ့ရွန္းကို အတင္းအၾကပ္ႏွိပ္စက္ေနတဲ့ လူဆိုးေကာင္ မုန့္ယန္ကိုၾကည့္ေနရခ်ိန္ ေလာ့ရွန္းကေတာ့ အရွက္ခြဲမႈကို သည္းခံေနရတယ္။

မုန့္ယန္က ခြက္ကိုမယူခင္ တမင္ ေစာင့္ေနေသးေပမဲ့ သူကေစာင့္ေနေသးတယ္။.သူ ဒီေရေႏြးၾကမ္းခြက္ကို ေသာက္မွာမဟုတ္ဘူး။

မုန့္ယန္က သူ႕ကိုၾကည့္ၿပီး ေျပာလိုက္တယ္။
"မင္း ဒီေရေႏြး​ၾကမ္းခြက္ကိး နည္းနည္းေနာက္က်သြားၿပီမို႔ အခုမေသာက္ခ်င္ေတာ့ဘူး၊ ဒါေပမဲ့ မင္းကငါ့ကို အေဖေလးလို႔ေခၚမွေတာ့ လူႀကီးတစ္ေယာက္အေနနဲ႕ သည္းခံရမွာေပါ့၊ မင္းကိုခြင့္လႊတ္ မလႊတ္ကေတာ့ ဒီညငါစဥ္းစားၿပီး မနက္ျဖန္ အေျဖေပးမယ္ေလ"

ေလာ့ရွန္းက အသက္ျပင္းျပင္းရႉၿပီး အံႀကိတ္ကာ ေဒါသကိုမ်ိဳသိပ္လိုက္ရတယ္။

"မင္းသြားလို႔ရၿပီ"

ေလာ့ရွန္းကထၿပီးလွည့္ထြက္သြားေလတယ္။ သူ တံခါးဆီေရာက္ခ်ိန္ သူ႕လမ္းကိုပိတ္ေနတဲ့လူေတြကို တြန္းထိုးၿပီး အလ်င္အ​ျမန္ထြက္သြားတယ္။

"အခုကမေစာေတာ့ဘူး၊ ခင္ဗ်ားတို႔အားလုံး ျပန္ၿပီး အနားယူသင့္ေနၿပီ"
မုန့္ယန္က တံခါးဆီသြားကာ ပိတ္လိုက္တယ္။

ေလာ့ရွန္းက လူေတြအမ်ားႀကီးေရွ႕ မုန့္ယန္ကိုဒူးေထာက္ၿပီး ေရေႏြးၾကမ္းကမ္းကာ အေဖေလးလို႔ေခၚခဲ့ရတယ္။ မု႔န္ယန္ရင္ထဲ အနည္းငယ္ေတာ့ေပ်ာ္သြားေပမဲ့ အျပစ္ေပးမႈေသးေသးေလးက မလုံေလာက္ေသးဘူး။ မုန့္ယန္တစ္ေယာက္ ေငြအတြက္ ေလာ့ရွန္းဘယ္ေလာက္သည္းခံနိုင္မလဲ ျမင္ခ်င္ေနမိတယ္။

မုန့္ယန္က အိပ္ရာေပၚထိုင္ၿပီး ေလာ့ရွိုးကိုၾကည့္လိုက္တယ္။
"ေလာ့ရႉးရႈ၊ ကြၽန္ေတာ္လုပ္ခဲ့မိတာ လြန္သြားလားဟင္၊ သူ႕ကိုအဲလိုမ်ိဳးေျပာခဲ့ေပမဲ့ သူကဦးရဲ႕သားပဲေလ၊ ေသြးသားရင္းေတြဆိုတာ ေဖာက္ဖ်က္လို႔မရတာမ်ိဳး"

"သူက ကိုယ့္သားမဟုတ္ဘူး"

"သားမဟုတ္ဘူးလား၊ ဘာကိုေျပာတာလဲဟင္"
မုန့္ယန္က ေမးကာ ဇေဝဇဝါျဖစ္ခ်င္ေယာင္ေဆာင္ေနလိုက္တယ္။

"..." ေလာ့ရွိုးတစ္ခဏ ေတြးေတာမိသြားတယ္။
"ကိုယ္ဆိုလိုတာက ကိုယ္သူ႕ကို သားအျဖစ္မသတ္မွတ္ဖူးဘူး၊ ၿပီးေတာ့ ကိုယ့္အေမြေတြကလည္း ဘယ္ေတာ့မွ သူ႕ဆီေရာက္မွာမဟုတ္ဘူး၊ မင္း သူက ကိုယ့္သားမဟုတ္ဘူးလို႔ပဲ ေတြးထားလိုက္လို႔ရတယ္၊ ၿပီးေတာ့ ဒါကသူ႕အျပစ္ေလ၊ မင္း သူ႕ကိုသင္ခန္းစာေပးလို႔ရပါတယ္"

လော့ရွိုး အမွန္ေျပာေတာ့မယ္လို႔ မုန့္ယန္ထင္ခဲ့ေပမဲ့ ၾကည့္ရတာ အခ်ိန္တစ္ခုအေတာအတြင္းေတာ့ေျပာမဲ့ပုံမေပၚဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ ေလာ့ရွိုးရဲ႕ 'ဇာတ္႐ုပ္'က ေလာ့ရွန္း သူ႕သားမဟုတ္ေၾကာင္း အလြယ္တကူေျပာနိုင္တဲ့ ဇာတ္႐ုပ္မ်ိဳး  မဟုတ္ဘူး။ ဒီလို 'ဇာတ္႐ုပ္' ကပဲ အရင္ဘဝမွာ ေလာ့ရွန္းကို ေလာ့မိသားစုအေမြ ေခ်ာေခ်ာမြတ္မြတ္ဆက္ခံခြင့္ရေအာင္ ပံ့ပိုးေပးခဲ့တာပဲ။ ဒါေပမဲ့ ဒီဘဝမွာေတာ့ ဒီလိုမ်ိဳး ဘယ္ေတာ့မွျဖစ္မွာမဟုတ္ဘူး!

မုန့္ယန္က ေလာ့ရွိုးနားကပ္လာခဲ့ၿပီး ခါးကေနလွမ္းဖက္လိုက္ကာ ေမာ့ၾကည့္လိုက္တယ္။
"ေလာ့ရႉးရႈ၊ ဦးက ေလာ့ရွန္းကို ဦးသားအရင္းအျဖစ္ ဘယ္တုန္းမကွ မသတ္မွတ္ခဲ့ဖူးသလို သူ႕ကို ေလာ့မိသားစုအေမြဆက္ခံခြင့္မေပးဘူးဆိုေတာ့ ကြၽန္ေတာ့္ကို ကေလးတစ္ေယာက္ေလာက္ဘာလို႔ မေပးတာလဲ"

"မင္းက ကေလးပဲရွိေသးတယ္၊ ကေလးေမြးတယ္ဆိုတာမ်ိဳး စဥ္းစားဖို႔ ေစာလြန္းေသးတယ္..." ေလာ့ရွိုးက ပါးစပ္ထဲ စကားလုံးေတြရွိေနေပမဲ့ ႐ုတ္တရက္စကားမေျပာနိုင္ေတာ့ဘူး။ သူ မုန့္ယန္တစ္ေယာက္ သူခ်စ္တဲ့လူကိုေတြ႕ခ်ိန္က် ဒီစကားလုံးေတြကိုေျပာခဲ့တာေနာင္တရမယ္လို႔ ေျပာခ်င္ခဲ့မိတာ။ မုန့္ယန္ အနာဂတ္မွာ သူ႕ကိုထားသြားမယ္ဆိုတာ ေတြးမိျပန္ေတာ့ သူ႕ႏွလုံးသားက အနားမရျဖစ္လာျပန္တယ္။

မုန့္ယန္က ေလာ့ရွိုးကို တြန္းခ်လိဳက္ၿပီး ငုံ႕ၾကည့္ရင္း တက္ခြထိုင္လိုက္တယ္။
"ကြၽန္​ေတာ္က ဦးကို ကေလးတစ္ေယာက္ေပးခ်င္တာေလ၊ ကြၽန္ေတာ္တို႔မွာ သုံးႏွစ္သေဘာတူညီခ်က္ရွိေပမဲ့ တကယ္လို႔ဒီသုံးႏွစ္ၿပီးတဲ့ေနာက္ ဦးက ကြၽန္ေတာ့္ကိုထားမသြားေစခ်င္ရင္ ကြၽန္ေတာ္ထားမသြားပါဘူး၊ ကြၽန္ေတာ္တို႔ ကေလး​တူတူယူသင့္လား"

မုန့္ယန္က ေလာ့ရွိုးနဖူး၊ ႏွာတံ၊ ပါးနဲ႕ေမးေစ့ကို နမ္းလိုက္တယ္။ သူ႕ဗိုက္ႂကြက္သားေပၚ လက္တင္ၿပီး ေျပာလိုက္တယ္။
"ကြၽန္​ေတာ္ ဦးကေလးလိုခ်င္တယ္၊ ဘယ္လိုလုပ္ရမလဲသင္ေပးေလ၊ ဦးက ကြၽန္ေတာ့္တရားဝင္ခင္ပြန္းပဲကို၊ ဒီကိစၥေတြသင္ေပးဖို႔ တာဝန္ရွိတယ္"

အခ်င္းခ်င္းစိုက္ၾကည့္ရင္း ေလာ့ရွိူး မုန့္ယန္မ်က္ဝန္းထဲက ခ်စ္ျခင္းကိုျမင္ေနရတယ္။.မုန့္ယန္လည္းပဲ ေလာ့ရွိုးက ခံစားခ်က္မရွိတာမဟုတ္ေၾကာင္း သူ႕ကိုယ္သူ ထိန္းခ်ဳပ္ေန႐ုံသာျဖစ္ေၾကာင္း ျမင္ေနရတာပဲ။

ထပ္ၿပီးမွီခ်လာကာ မုန့္ယန္ ေလာ့ရွိုး နားထဲကိုေလမႈတ္လိုက္တယ္။
"သုံးႏွစ္အၾကာမွာ ကြၽန္ေတာ္ ဒီလိုမ်ိဳးအရာေတြကို တျခားသူေတြဆီသြားသင္ေအာင္လို႔ တကယ္ေမွ်ာ္လင့္ေနတာလား၊ ကြၽန္ေတာ္တျခားလူရဲ႕ကေလးကို ေမြးေပးမယ္လို႔ေလ"

ေလာ့ရွိုးက မ်က္လုံးပိတ္ကာ အသက္ျပင္းျပင္းရႉလိုက္တယ္။ မုန့္ယန္စကားေတြက သူ႕ႏွလုံးသားထဲတည့္တည့္ပဲ။ သူ႕ကိုယ္သူ တည္ၿငိမ္ေအာင္ဘယ္ေလာက္ႀကိဳးစားထားရသလဲ ဘုရားသခင္ပဲသိလိမ့္မယ္။

ဒီလိုမ်ိဳးျမင္ေတာ့ မုန့္ယန္ႏွလုံးသားက ပိုေတာင္ အလိုမက်ျဖစ္လာတယ္။ သူ အရင္ဘဝက ဘာမွမလုပ္ခဲ့တာသိသာတာေတာင္ ေလာ့ရွိူးအခ်စ္ကိုရနိုင္ခဲ့ေသးတယ္။ ဒီဘဝမွာဆို သူတက္ႂကြစြာနဲ႕ ေလာ့ရွိုးရင္ခြင္ထဲပစ္ဝင္ၿပီး ဒဲ့တိုးပြင့္ပြင့္လင္းလင္းေတာင္ျဖစ္ေနေသးတယ္။ ေလာ့ရွိုး မလႈပ္မယွက္ျဖစ္ေနမယ္လို႔ သူမယုံဘူး။ သူ တကယ္ႀကီးဆြဲေဆာင္မႈမရွိဘူးလား။ ဒီအေတြးက သူ႕ႏွလုံးသားကို တစ္စစီဖရိုဖရဲျဖစ္သြားေစတယ္။

မုန့္ယန္ ေလာ့ရွိုးဝတ္႐ုံကိုဆြဲခြၽတ္ၿပီး လက္ေတြနဲ႕ထိေတြ႕လိုက္တယ္။

အဲလႈပ္ရွားမႈနဲ႕အတူ ေလာ့ရွိုးရဲ႕ေနာက္ဆုံး အသိစိတ္ႀကိဳးေလးက ျပတ္​ေတာက္သြားခဲ့တယ္။ သူက တစ္ပတ္လွည့္လိုက္ၿပီး မုန့္ယန္ကိုသူ႕ေအာက္ထားကာ ခပ္ျပင္းျပင္းနမ္းရွိုက္လိုက္တယ္။

မုန့္ယန္ သူ႕လည္ပင္းကို လက္လွမ္းခ်ိတ္လိုက္ေပမဲ့ ဘယ္လိုတုံ႕ျပန္ရမလဲမသိတဲ့အတြက္ ေလာ့ရွိုးကိုသာဦးေဆာင္ခြင့္ေပးလိုက္တယ္။

မုန့္ယန္က မူးတိုင္း သူ႕ကိုယ္သူ ငါးတစ္ေကာင္လို႔ထင္တတ္တယ္။ ဒါေပမဲ့ ဒီအခ်က္ကို သူသတိမထားမိသလို နိုးလာၿပီးခ်ိန္က် ဘာအမွတ္မွမရေတာ့ဘူး။ သူ ရီေဝတဲ့အထိ ေလာ့ရွိုးနမ္းတာခံရခ်ိန္ သူ ေနာက္တစ္ႀကိမ္ ငါးတစ္ေကာင္ျဖစ္လာျပန္တယ္လို႔ ထင္ေယာင္ထင္မွားျဖစ္လာတယ္။ ခံစားခ်က္က အေတာ္ေလးထင္ရွားေနတဲ့အတ​ြက္ေၾကာင့္ သူနိုးလာရင္ေတာ့ မွတ္ဥာဏ္က ေသခ်ာေပါက္ ရွင္းလင္းေနမွာပဲ။

လွပတဲ့ငါးျဖဴေလးတစ္ေကာင္က ေႏြးေထြးတဲ့ ပင္လယ္ေရထဲ လြတ္လြတ္လက္လပ္ ကူးခတ္ေနတုန္း အဆေပါင္းမ်ားစြာပိုႀကီးတဲ့ ပင္လယ္မိစာၦႀကီးတစ္ေကာင္က ႐ုတ္တရက္ေပၚေပါက္လာခဲ့တယ္။ သူ ဂူတစ္ခုထဲပုန္းေနရေပမဲ့ ပင္လယ္မိစာၦႀကီးက ဂူထဲ ဝင္ၿပီးသူ႕ကိုစားေသာက္ဖို႔ႀကိဳးစားေနတာက သူ႕ကိုအေတာ္ေလးေၾကာက္လန့္ေစမိတယ္။

 
ပင္လယ္မိစာၦႀကီးက ငါးျဖဴေလးကိုကိုက္လိုက္တယ္။ ငါးျဖဴေလးကနာက်င္မႈေၾကာင့္ ႐ုန္းကန္ငိုယိုၿပီး အသနားခံေနေပမဲ့ ပင္လယ္မိစာၦႀကီးက အားျပင္းျပင္းကိုက္ခ်ထားၿပီး ထြက္ေျပးလို႔မရေအာင္ လုပ္ထားေလတယ္။

ငါးျဖဴေလးက မိစာၦႀကီးသူ႕ကိုစားေတာ့မယ္အထင္နဲ႕ နာက်င္မႈကို ေၾကာက္ေနခဲ့တယ္။ ဒါေပမဲ့ ျဖည္းျဖည္းခ်င္း နာက်င္ရေပမဲ့ ခံစားခ်က္ေကာင္းလာတဲ့အတြက္ သူဆက္ၿပီး႐ုန္းကန္မေနေတာ့ဘူး။

မုန့္ယန္ အဲေန႕ညက ေလာ့ရွိုးနဲ႕ တရားဝင္စုံတြဲျဖစ္မယ္ထင္ခဲ့ေပမဲ့ လုပ္စရာလိုတဲ့အစပိုင္းအလုပ္ေတြအကုန္ၿပီးသြားတာေတာင္ ေလာ့ရွိုးက ေနာက္ဆုံးအဆင့္ကိုမေက်ာ္နိုင္ခဲ့ဘူး။

ေလာ့ရွိုးက မုန့္ယန္မ်က္ႏွာကို သပ္လိုက္တယ္။ သူက တကယ္ကိုေသးေသးေလး။ သူ႕တစ္ကိုယ္လုံးက လတ္ဆတ္ၿပီးအရသာရွိတဲ့ မက္မြန္သီးေလးလိုပဲ။ တစ္ကိုက္ကိုက္႐ုံနဲ႕ေရေတြစိမ့္ထြက္လာၿပီး ခ်ိဳျမကာ အရသာရွိေနမွာ။ သူက ႏူးညံ့လြမ္းလို႔ ေကာင္းေကာင္းေတာင္အရသာမခံရဲဘူး။ ဒါေပမဲ့ ခဏတစ္ျဖဳတ္အရသာခံၿပီး႐ုံနဲ႕တင္ လွ်ာေပၚႂကြယ္ဝတဲ့အရသာက်န္ခဲ့တယ္။ သူ တကယ္ ဒီအရသာကိုသေဘာက်ေနမိၿပီ။

ေလာ့ရွိုးရဲ႕ ခုလက္ရွိအႀကီးမားဆုံးစိုးရိမ္မႈက မုန့္ယန္အခုအရမ္းငယ္လြန္းေသးတဲ့အတြက္ တစ္ေန႕တစ္ခ်ိန္က် ေနာင္တရေကာင္းရေကာင္းရမွာကိုပဲ။

ေလာ့ရွန္းနဲ႕ယြီကြၽင္းခ်န္တို႔ တစ္ညလုံးမအိပ္ျဖစ္ၾက။ ယြီကြၽင္းခ်န္က ေလာ့ရွန္းကို အမွားလုပ္မိလို႔ဆက္တိုက္ေတာင္းပန္ေနတယ္။ သူလူပုံရိပ္ကိုခပ္ဝါးဝါးျမင္႐ုံနဲ႕တင္ မုန့္ယန္အခန္းထဲဝင္သြားသူက မုန့္ယန္ကို ညစာဖိတ္ေကြၽးသူ ထင္ေနခဲ့တာ။ သူ႕ မွားယြင္းတဲ့ ခြဲျခားမႈေၾကာင့္ ေလာ့ရွန္းကဒူးေထာက္ၿပီး မုန့္ယန္ကို ေရေႏြးၾကမ္းကမ္းရကာ အေဖေလးအျဖစ္ညအသိအမွတ္ျပဳခဲ့ရတာပဲ။

လော့ရွန္းက ေဒါသေၾကာင့္ စကားမေျပာနိုင္ျဖစ္ေနတယ္။ ဟုတ္တာေပါ့၊ သူ ယြီကြၽင္းခ်န္ကို ေဒါသထြက္တာမဟုတ္ဘဲ မုန့္ယန္ကိုျဖစ္ၿပီး ဘယ္လိုလက္စားေခ်ရမလဲ ေတြးေနမိတယ္။

မိုးေသာက္ၿပီးတဲ့ေနာက္မွာ ေလာ့ရွန္းက ေဆးေၾကာဖို႔ေရခ်ိဳးခန္းထဲဝင္သြားတယ္။ သူက အဲမွာၾကာၾကာဆက္ေနဖို႔ရည္႐ြယ္ခ်က္မရွိေတာ့ဘဲ ခ်က္ခ်င္း ထြက္လာဖို႔ ျပင္ဆင္လိုက္တယ္။ သူ ေရခ်ိဳးခန္းထဲကထြက္ထြက္ခ်င္းကို သူ႕အဖိုးဆီကေန ဖုန္းဝင္လာခဲ့တယ္။

"ဘာေတြျဖစ္ေနတာလဲ! မင္းအေဖက မင္းနဲ႕တရားဝင္ ဆက္ဆံေရးျဖတ္​ေတာက္ခ်င္တယ္လို႔ သတင္းေတြတက္ေနရတာလဲ!"
သခင္ႀကီးခ်န္းက အေလာတႀကီးဆိုလာတယ္။

"သတင္းေတြလား" ေလာ့ရွန္း ရင္ထဲမေကာင္းတဲ့အေငြ႕အသက္ရသြားတယ္။ သူ ယြီကြၽင္းခ်န္ဖုန္းကို ခ်က္ခ်င္းေကာက္ကိုင္ၿပီး သတင္းစာမ်က္ႏွာကိုႏွိပ္လိုက္တယ္။ ထိပ္တန္းသတင္းေတြရဲ႕ သတင္းစာေခါင္းႀကီးပိုင္းက အန္းေလာ့ၿမိဳ႕မွာ ေလာ့လုပ္ငန္းစုရဲ႕ ဥကၠဌကတစ္ဦးတည္းေသာသားပို ဥပ​ေဒလမ္းေၾကာင္းအရ ျဖတ္ေတာက္ေတာ့မယ္ဆိုၿပီးေရးထားတယ္။ ဒါေပမဲ့ ေဆာင္းပါးပါအေၾကာင္းအရာက ေကာလဟာလအဆင့္ပဲရွိေသးၿပီး အတည္မျပဳရေသးဘူးေျပာထားတယ္။

လော့ရွန္းက ဒီလိုသတင္းမ်ိဳးဟာ ေလာ့ရွိုးခြင့္မျပဳခ်က္မပါဘဲ ထြက္မလာနိုင္တာသိထားတယ္။

"ဘာေတြျဖစ္ေနတာလဲ!" သခင္ႀကီးခ်န္းက ထပ္ေမးလိုက္ျပန္တယ္။

ေလာ့ရွန္း မေန႕ညကျဖစ္ပ်က္ခဲ့တာေတြကိုေျပာျပလိုက္ေပမဲ့ မုန့္ယန္အခန္းထဲ တျခားေယာက်္ားရွိတယ္လို႔ေျပာတာ ယြီကြၽင္းခ်န္ဆိုတဲ့အေၾကာင္းေတာ့ မေျပာလိုက္ရဘူး။

"မင္းက အ႐ူးပဲ၊ ငါမင္းကို ေျပာထားတဲ့ စကားတစ္ခြန္းပိုေတာင္ မမွတ္ထားနိုင္ဘူးလား!" သခင္ႀကီးခ်န္းက ေဒါသတႀကီးေအာ္ဟစ္လိုက္တယ္။
"ငါမင္းကို ခဏခဏေျပာၿပီးသား မင္းစိတ္ရွည္ၿပီး မုန့္ယန္ကို အခု လက္ရွိ သြားရန္မစဖို႔ကို၊ သူက မင္းအေဖသူ႕ကိုလက္ထပ္ၿပီး မင္းကိုေလာ့မိသားစုကေနပါ ႏွင္ထုတ္ခံရေအာင္လုပ္ထားတာ၊ ဒါေၾကာင့္ေသခ်ာေပါက္ သာမန္လူမဟုတ္ဘူး၊ သူ႕ကိုမင္းဘယ္လိုလုပ္ လြယ္လြယ္ေလး ဖမ္းမိမွာလဲ!"

ေလာ့ရွန္းက သူ႕အဘိုးဆိုတာေတြကို တိတ္တဆိတ္ နားေထာင္​ေနတယ္။ သူ႕အဘိုးရဲ႕ ဆူပူမႈက အေတာ္ေလးက်ိဳးေၾကာင္းသင့္တယ္ ေတြးမိတယ္။ သူ မုန့္ယန္ကို တကယ္႐ြံရွာေပမဲ့ ရန္သူကိုအထင္ေသးမိတဲ့အခါ သူအမွားႀကီးလုပ္မိသြားခဲ့တာပဲ။

"ငါ့ကိုနားေထာင္၊ ေလာ့ရွန္း!" သခင္ႀကီးခ်န္းက တည္ၾကည္ေလးနက္စြာေျပာလိုက္တယ္။
"သတင္းေတြက ဒီကိစၥအတည္ျပဳၿပီးၿပီလို႔ မေျပာမွေတာ့ ဆိုလိုတာက မင္းအေဖ မင္းကို အခြင့္အေရးေပးထားတယ္လို႔ဆိုလိုတာပဲ၊

မင္းဘယ္လိုနည္းပဲသုံးသုံး မင္းအေဖ မင္းနဲ႕သားအဖဆက္ဆံေရးကို တရားဝင္ျဖတ္ေတာက္မွာမ်ိဳးခြင့္ျပဳလို႔မျဖစ္ဘူး၊ မင္းဒါေတာင္ မလုပ္နိုင္ရင္  မင္းကို ႏွစ္ေပါင္းမ်ားစြာပုံသြင္းဖို႔ ငါႏွစ္ေပါင္းမ်ားစြာ ပင္ပင္ပန္းပန္း ​အားထုတ္မႈေတြကို ​ျဖဳန္းတီးလိုက္တာပဲ၊ အဲလိုသာျဖစ္ရင္ မင္းခ်န္းမိသားစုဆီ ျပန္မလာဘဲ ငါနဲ႕ဆ​က္ဆံေရးကိုလည္းျဖတ္ေတာက္လိုက္ေတာ့"

သခင္ႀကီးခ်န္းက သူ႕စကားလုံးေတြကေလးလံလြန္းၿပီး ေလာ့ရွန္းကိုစိတ္တိုေစကာ သူ႕ကိုမုန္းတီးသြားမွာစိုးရိမ္သြားတယ္။ ဖုန္းမခ်ခင္သူကေျပာလိုက္တယ္။
"ဒါ မင္းအတြက္စမ္းသပ္မႈပဲ၊ မင္းငါ့ကို စိတ္မပ်က္ေစဖို႔ ေမွ်ာ္လင့္တယ္"

ေလာ့ရွိူးက လုပ္စရာကိစၥေတြရွိေသးတဲ့အတြက္ နိုးၿပီးေရခ်ိဳးၿပီး​တာနဲ႕ ခ်က္ခ်င္းထြက္သြားဖို႔ျပင္လိုက္တယ္။

"ဒါဆို ဦးကြၽန္ေတာ့္ကို ညေနက်လာႀကိဳမွာလား၊ ဒါမွမဟုတ္ ကြၽန္ေတာ္ ဦးဆီလာရမွာလား" မုန့္ယန္က သူ႕ခါးကိုဖက္ထားရင္း ေမးလိုက္တယ္။

"ကိုယ္မင္းကိုလာႀကိဳပါ့မယ္"

"ေကာင္းၿပီေလ၊ မသြားခင္ကြၽန္ေတာ့္ကို နမ္းသြားဦး"
မုန့္ယန္က ေမာ့ၾကည့္လာၿပီး ႏႈတ္ခမ္းေလးကမသိမသာဆူလာခဲ့တယ္။

လော့ရွိုးခဏတာတုံ႕ဆိုင္းေနခဲ့ေပမဲ မုန့္ယန္ေခါင္းေလးကိုကိုင္ၿပီး နမ္းလိုက္တယ္။

မုန့္ယန္ကလည္း ေလာ့ရွိုးကို လွမ္းဖက္လိုက္ၿပီး မလႊတ္ေပးခင္ တမင္ ႏႈတ္ခမ္းေတြကို နမ္းလိုက္တယ္။ 

ေလာ့ရွိုးထြက္သြားၿပီးတဲ့ေနာက္ မုန့္ယန္က အကၤ်ီလဲကာ အျပင္ထြက္ဖို႔ ျပင္လိုက္တယ္။

မုန့္ယန္ အကၤ်ီလဲၿပီး​တာနဲ႕ ေလာ့ရွန္းတစ္ေယာက္ အျပင္မွာဆူညံပူညံလုပ္ေနသံကိုၾကားလိုက္ရတယ္။

"သူ႕ကိုဝင္ခြင့္ေပးလိုက္ပါ"

ကိုယ္ရံေတာ္က မုန့္ယန္အမိန့္ကိုၾကားေတာ့ ေလာ့ရွန္းကိုဝင္ခြင့္ေပးဖို႔တံခါးဖြင့္ေပးလိုက္ၿပီး မုန့္ယန္ကိုကာကြယ္ဖို႔ အခန္းထဲ ေနေနလိုက္တယ္။

ေလာ့ရွိုးဒီမွာမရွိတာျမင္ေတာ့ မုန့္ယန္ကိုသာၾကည့္ကာ ေဒါသတႀကီးေျပာလိုက္တယ္။
"အန္းေလာ့ၿမိဳ႕က ေခါင္းႀကီးပိုင္းသတင္းေတြက ဘာျဖစ္တာလဲ! ငါမင္းအတြက္ မေန႕က ဒူးေထာက္ခဲ့တာကို၊ ဘာေၾကာင့္လို႔ ဒီလိုသတင္းရွိေနရတာလဲ!"

"ဒူးေထာက္တာက မင္းဆႏၵေလ၊ ငါ လူေတြကို မင္းေခါင္းကို ဖိခိုင္းၿပီး အတင္းအၾကပ္ဒူးေထာက္ခိုင္းတာမွ မဟုတ္တာ" မုန့္ယန္က ဆိုဖာေပၚ ထိုင္ၿပီး သူ႕ကိုၾကည့္လိုက္တယ္။

"မင္းဘာလိုခ်င္တာလဲ!"
ေလာ့ရွန္းကေမးလိုက္တယ္။

မုန့္ယန္က သူ႕ကို တစ္ခဏတာ ​တိတ္တဆိတ္ၾကည့္​ေနတယ္။
"မင္းအေဖက ေအာင္ျမင္ဖို႔အတြက္ ေလာ့မိသားစုကို အားကိုးဖို႔ တစ္ခါမွ မေတြးခဲ့ဖူးဘူး၊ သူက မင္းအဘိုးအဘြားေတြရဲ႕ ေထာက္ပံ့မႈကို ျပန္ဆပ္ဖို႔အတြက္ မင္းအေမကိုလက္ထပ္ဖို႔အတင္းအၾကပ္ဖိအားေပးခံခဲ့ရတာ၊ တကယ္ဆိုရင္ သူက ေလာ့မိသားစုကေန ထြက္သြားၿပီး သူ႕အရည္အခ်င္းနဲ႕သူ လုပ္ငန္းအသစ္စေတာ့မို႔၊ ဒါေပမဲ့ မင္းအေဖဘက္က အဘိုးအဘြားက ႐ုတ္တရက္ နာမက်န္းမႈေၾကာင့္ ေသသြားၿပီး အဲတုန္းက မင္းဦးေလးေတြကလည္းငယ္ငယ္ေလးရွိေသးတာမို႔ သူက ေလာ့မိသားစုလုပ္ငန္းကိုဆက္ခံလိုက္ရတာပဲ"

မုန့္ယန္ ေလာ့ရွိုးခံစားခဲ့ရတာေတြကို ေတြးမိတိုင္း သူသက္သက္သာသာအသက္မရႉနိုင္ေတာ့ဘူး။ သူက ေလာ့ရွန္းကို ေအးတိေအးစက္ၾကည့္လိုက္တယ္။
"သူ ေလာ့မိသားစုလုပ္ငန္းစုကို ဆက္ခံတုန္းက အဲကုမၸဏီက အႏၲရာယ္ထဲ နီးပါးျဖစ္ေနၿပီ၊ မင္းအဘိုးနဲ႕ဦးေလးေတြက ေရတြင္းထဲနစ္ေနသူကို ေက်ာက္တုံးေတြနဲ႕ပစ္ခဲ့တဲ့အတြက္ ေလာ့မိသားစုစီးပြားေရးကိုေထာက္ပံ့ဖို႔ ခက္ခက္ခဲခဲ ႐ုန္းကန္ခဲ့ရတယ္၊ ေလာ့မိသားစု အခုပိုင္ဆိုင္သမွ်က သူ ရွာထားတာခ်ည္းပဲ၊ သူမင္းကိုေပးဖို႔ ဆႏၵရွိရင္ မင္းရနိုင္မယ္၊ ဒါေပမဲ့ သူမင္းကိုေပးဖို႔ဆႏၵမရွိတာကို မင္းပိုင္ဆိုင္သင့္တာလိုမ်ိဳးေတာ့ ခပ္တုံးတုံးမလုပ္နဲ႕ေပါ့"

"ငါ့ကိုမေပးရင္ မင္းလိုခ်င္တယ္ေတာ့ မေျပာနဲ႕!" ေလာ့ရွန္းက မုန့္ယန္ကို စိန္းစိန္းဝါးဝါးၾကည့္လိုက္တယ္။

ေလာ့ရွန္းစကားလုံးေတြက မုန့္ယန္ကို လုံးဝ အထင္ေသးသြားေစၿပီး ၿပဳံးလိုက္တယ္။
"အေႏွးနဲ႕အျမန္ မင္းအေဖနဲ႕ငါက ကေလးေတြရမွာပဲကို၊ ၿပီးေတာ့တစ္ေယာက္ထပ္လည္းရဦးမယ္၊ အဲက် သူေပးခ်င္သူကိုေပးမွာေပါ့၊ သူ အားလုံးကိုပိုက္ဆံနဲ႕လဲၿပီး ပင္လယ္ထဲပစ္ခ်ရင္ေတာင္ မင္း ဘာလုပ္နိုင္မွာမို႔လို႔လဲ"

ေလာ့ရွန္းမ်က္ႏွာက ပိုၿပီးပ်က္ယြင္းလာခဲ့တယ္။ သူ႕မွာမုန့္ယန္ကိုေခ်ပဖို႔စကားမရွိတဲ့အတြက္ အလ်င္အျမန္သာ ထြက္ေျပးရေတာ့တယ္။ သူက အိမ္ကိုျပန္သြားၿပီး ဒီကိစၥကိုအဘိုးနဲ႕ေဆြးေႏြးခ်င္ေနတယ္။ သူေလာ့မိသားစုအေမြကိုရဖို႔ ဘာမဆိုလုပ္မယ္!

မုန့္ယန္က အထင္ေသးစြာၿပဳံးလိုက္ျပန္တယ္။ ေလာ့ရွိူးက ဘယ္တုန္းကမွ ေလာ့ရွိ္းအေပၚ ေမွ်ာ္လင့္ခ်က္မထားခဲ့ဖူးဘူး။ ေလာ ေလာ့ရွိုးက သူ႕အေဖအရင္းမဟုတ္မွန္း မသိခဲ့တုန္းကေတာင္ သူ႕ကို ဂ႐ုမစိုက္တဲ့အေဖကို မုန္းတီး၊ အျပစ္တင္၊ ျငင္းပယ္ေနေပမဲ့ အေမြအက်ိဳးအတြက္ ေလာ့ရွိုးကိုအေဖအျဖစ္ေတာ့ သတ္မွတ္ေသးတယ္။ ေလာ့ရွိုးသာသာမန္႐ုံးဝန္ထမ္းသာဆို  ေလာ့ရွန္းက က်ိန္းေသေပါက္ သူ႕ကိုဂ႐ုမစိုက္တဲ့ဒီအေဖကိုလ်စ္လ်ဴရႈဖို႔ မ႑ိဳင္ရွိမွာပဲ။

မုန့္ယန္ အဆင္သင့္ျဖသ္ခ်ိန္ ထြက္လာခဲ့တယ္။ သူေနာက္က်မယ္ထင္ခဲ့ေပမဲ့ မထင္မွတ္ထားစြာပဲ တျခားသူေတြထက္ေစာေနခဲ့တယ္။ ဒီလိုနဲ႕ပဲ သူက တည္းခိုေဆာင္ရဲ႕ ဥယ်ာဥ္ထဲရပ္ၿပီး ပန္းေတြကိုၾကည့္ေနရင္း သူ႕စီနီယာအစ္ကို၊ အစ္မေတြကို ေစာင့္ေနမိတယ္။

"မဂၤလာမနက္ခင္းပါ"

မုန့္ယန္က လွည့္ၾကည့္ကာ ေခါင္းညိတ္လိုက္တယ္။
"မနက္ခင္းပါ"

"မင္းသူငယ္ခ်င္းေတြကို ေစာင့္ေနတာလား"
ဘရတ္ေလကမုန့္ယန္ကိုေမးလိုက္တယ္။

"ဟုတ္တယ္"

"ဒါဆိုငါအရင္သြားႏွင့္သြားေတာ့မယ္"
ဘရတ္ေလက အၿပဳံးတစ္ခုနဲ႕ေျပာၿပီး သူ႕လက္ေထာက္ရယ္ ကိုယ္ရံေတာ္နဲ႕အတူထြက္သြားတယ္။

"ေကာင္းၿပီေလ" မုန့္ယန္ကေခါင္းညိတ္ျပၿပီးတဲ့ေနာက္ ဘရတ္ေလရဲ႕ ေနာက္ေက်ာကိုလွမ္းၾကည့္လိုက္တယ္။ ႐ုတ္တရက္ သူသေဘာေပါက္သြားခဲ့တယ္။ သူ႕အခန္းထဲေနာက္ထပ္ေယာက်္ားတစ္​ေယာက္ရွိေနတယ္လို႔ ေလာ့ရွန္းဘာလို႔ေတြးရသလဲ အရိပ္အႁမြပ္နားလည္သြားခဲ့ၿပီ။ ဒီလူ႕ေက်ာက ေလာ့ရွိုးနဲ႕ အေတာ္ေလးဆင္ၿပီး အရပ္ကလည္း ခပ္ညီညီပဲ။

မေန႕က မုန့္ယန္ အခန္းထဲျပန္ေရာက္တာနဲ႕ ေလာ့ရွိုးကိုဖုန္းဆက္ခဲ့တာျဖစ္တယ္။ ေလာ့ရွိုးက ႐ုန္ၿမိဳ႕ရဲ႕ ႐ုံးခြဲကိုလာမယ္ဆိုတာသိတဲ့အတြက္ အနည္းငယ္ ခပ္ခြၽဲခြၽဲျပဳမူခဲ့ၿပီး လာေတြ႕ခဲ့ခိုင္းတာပဲ။ ေလာ့ရွန္းတစ္ေယာက္ ဒီလိုအကြက္လႈပ္ရွားလာမယ္ မထင္ခဲ့ေပမဲ့ ဒါက ေလာ့ရွန္းကိုသင္ခန္းစာေပးဖို႔ အခြင့္အေရးေပးလိုက္တာပဲ။ သူကိုယ္တိုင္ေခါင္းကိုကမ္းလွမ္းလာမွေတာ့ မုန့္ယန္တက္နင္းဖို႔ တုံ႕ဆိုင္းေနမွာမဟုတ္ဘူး။

Continue Reading

You'll Also Like

252K 40.4K 103
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
294K 14.7K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
3.8M 517K 200
Myanmar Translator _ May King Start date _ August 12, 2020 End date _ October 25, 2021 (completed)
14.6K 1.4K 15
Started date:22:2:2022 End date : ????? Main title- ကမ္ဘာပျက်ကိန်းဆီသို့ Season-1 ပထမရက် ကောင်းကင် မြူဆိုင်းလာသည်၊ဓာတ်ငွေ့ယိုစိတ်မှုတွေ ဖြစ်ပေါ်လာသည...