၈၂ ။

2.5K 268 1
                                    

စားသောက်ဆိုင်ကို ရောင်းလိုက်ပြီလို့ သိလိုက်ရချိန် ဝူးနာ့ထျန် အံ့ဩသွားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူအရင်က ဘော့စ်ကို သူ့ဆီ ဆိုင်ရောင်းပေးဖို့ တောင်းဆိုခဲ့တဲ့အချိန် သဘောတူခဲ့လို့ပဲ။ ဆိုင်ကို သူ့ဆီရောင်းပေးဖို့ ၂နှစ် စောင့်ပေးမယ် ပြောခဲ့ပေမဲ့ အခုတော့ သူ့ကိုအသိတောင်မပေးဘဲ ဆိုင်ကိုရောင်းကာ ထွက်သွားတယ်။


ဝူးနာ့ထျန်က တခြားအလုပ်သမားတွေကို ခေါ်ပြီး အရင်ဘော့စ်ရဲ့ နားနေခန်းအပြင်စောင့်နေကာ သူတို့သူဌေးအသစ်ကို တွေ့ဖို့ စောင့်လိုက်ကြတယ်။
    
လက်ထောက်က ထွက်လာပြီး ဝူးနာ့ထျန်ကို တစ်ယောက်တည်း ဝင်သွားခိုင်းလေတယ်။

ဝူးနာ့ထျန် နားနေခန်းထဲ လျှောက်လာချိန် ဆိုဖာမှာ လက်ဖက်ရည်သောက်ရင်း ထိုင်နေတဲ့မုန့်ယန်ကို မြင်လိုက်ရတယ်။ သူ ကြောင်အမ်းကာကျန်နေခဲ့တယ်။

"မင်း ငါ့ကိုသိလား"
မုန့်ယန် သူ့လက်ထဲက လက်ဖက်ရည်ခွက်ကိုချပြီး မေးလိုက်တယ်။
    
"..."
ဝူးနာ့ထျန် ပါးစပ်ဟလိုက်ပေမဲ့ ဘယ်လိုဖြေရမလဲမသိတော့ဘူး။

"ငါကတော့ မင်းကိုသိသလို တောင်ကြားကိုလည်း မှတ်မိတယ်"
မုန့်ယန်က ပြုံးကာပြောလိုက်တယ်။
"ပြောသင့်တာက ငါအဲအားလုံးကို မေ့ပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးပဲ၊ ဒါကြောင့် မင်းမှတ်မိရင် ပြောသာပြော၊ ဖုံးကွယ်ထားမနေနဲ့"
    
"ငါ... ငါ မင်းကို မှတ်မိပါတယ်၊ ပြီးတော့ မှတ်မိ..."
ဝူးနာ့ထျန်က ခေါင်းငုံ့သွားတယ်။ မုန့်ယန်ကို မျက်နှာချင်းဆိုင်ရလို့ သူ့ခံစားချက်တွေ အလွန်အမင်း ရှုပ်ထွေးနေတယ်။
    
"တကယ်လား" ဒါက မုန့်ယန်ထင်ပြီးသား အဖြေပဲ။ မုန့်ယန် သူ့ကိုထပ်ကြည့်ကာ မေးလိုက်တယ်။
"ဒါဆို မင်းမတည်ခဲ့တဲ့ ကတိကိုရော မှတ်မိသေးရဲ့လား"

"တောင်းပန်ပါတယ်၊ ငါ... ဘာကြောင့်လဲဆိုတော့..."
ဝူးနာ့ထျန်က သူ့ဘေးရပ်နေတဲ့ လက်ထောက်တွေနဲ့ သက်တော်စောင့်တွေကို လှမ်းကြည့်ကာ ဆက်မပြောတော့ဘူး။
   
"သူ့ကို‌ဒါပေးလိုက်" မုန့်ယန် ပြင်ထားတဲ့ တက်ဘလက်ကို ယူပြီး ဝူးနာ့ထျန်ဆီ လက်ထောက်ကတစ်ဆင့်ပေးခိုင်းလိုက်တယ်။

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now