၅၂ ။

4.4K 452 3
                                    

ပြိုင်ပွဲစတင်ပြီးနောက် ပြိုင်ပွဲဝင်တွေ ပြင်ဆင်ချိန် မုန့်ယန်နဲ့လော့ရှိုးတို့ ဟိုတယ်ကနေ ထွက်လာခဲ့ကြတယ်။ ဟိုတယ်ခန်းမှာ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်မနေတော့ဘူး။ သူ တောရိုင်းထဲ သဘာဝအ​လျောက်ရှင်သန်မှုနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို စိတ်ဝင်စားပေမဲ့ သူ့နှလုံးသားထဲမှာတော့ ငြင်းဆန်မှုတစ်ချို့ရှိနေသေးတယ်။

လော့ရှိုးကုမ္ပဏီမှာ ဖြေရှင်းစရာကိစ္စတစ်ချိုလည်းရှိတာမို့ သူတို့ စံအိမ်ကိုမပြန်တော့ဘဲ မြို့ထဲကဗီလာမှာပဲ နေဖြစ်တော့တယ်။


မုန့်ယန် မနေ့ညက နည်းနည်းနောက်ကျမှအိပ်ခဲ့တာမို့ အိပ်ရာထနောက်ကျခဲ့တယ်။ သူ ဧည့်ခန်းဆီသွားတော့ လော့ရှိုးက တစ်ခုခုတွေးတောနေဟန်ဆိုဖာပေါ် ထိုင်နေတာမြင်လိုက်ရတယ်။ သူလျှောက်သွားပြီး ထိုင်ချကာ မှီလိုက်တယ်။


လော့ရှိုးက မုန့်ယန်ကို ဖက်ထားရင်း အနမ်းပေးလိုက်တယ်။

မုန့်ယန် အိမ်အကူကမ်းပေးတဲ့ ရေနွေးကို တစ်ငုံသောက်ပြီး လော့ရှိုးကိုကြည့်ကာ မေးခွန်းထုတ်လိုက်တယ်။
"သိပ်မကြာသေးခင်က ချန်းဖန်ဖေးနဲ့ဦးတွေ့ခဲ့သေးလား"

"သူက အခုတော့ အဝေးရောက်နေပါပြီ"
မုန့်ယန်ကိုကြည့်ရင်း လော့ရှိုးကပြောလိုက်တယ်။
"ကလေးတွေ့ခဲ့သေးလား"


"ခုမှအိပ်ရာထကာစကို ဘယ်လိုလုပ်တွေ့နိုင်မှာလဲ"

ုန့်ယန်က သူ့နှာထိပ်ဖျားကို ခပ်ဖွဖွတောက်လိုက်တယ်။

လော့ရှိုး သဘောပေါက်ပြီိဆိုတဲ့အကြောင်း ခေါင်းညိတ်ပြလိုက်တယ်။

"နောက်ထပ်အမျိုးသမီးကရောဘယ်သူလဲ"

"ကိုယ့်အမေ"

"သူလည်း ဒီနိုင်ငံထဲမှာပဲလား"
မုန့်ယန် မမျှော်လင့်မိစွာနဲ့ မေးလိုက်တယ်။


"သူ့ချစ်သူအခြေအနေက တိုးတက်လာတာမို့ အပန်းဖြေခရီးခေါ်လာတာ"
​​လော့ရှိုးက မုန့်ယန်ကို ကြည့်ကာ ပြောလိုက်တယ်။
"အချိန်တစ်ခုကြာရင် သူ တရုတ်ဆီပြန်လာလိမ့်မယ်၊ အဲချိန်ကျ ကလေး သူနဲ့သေချာပေါက်တွေ့ရမှာ၊ သူက သဘောထားသေးပြီး တည့်ဖို့အရမ်းခက်တယ်၊ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာပြင်ထားပြီး သူပြောသမျှ မသက်ရောက်ဖို့လိုတယ်"

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now