၃၈ ။

5.7K 609 13
                                    

လော့ရှိုး ဘရတ်လေကို အနိုင်ရသွားပြီးတဲ့နောက် မုန့်ယန်က သူ ဒီမနက်ပြိုင်ပွဲမှာ နိုင်ခဲ့တုန်းကထက်တောင် ပိုပြီးစိတ်လှုပ်ရှားနေတယ်။ လူတွေအများကြီးကြည့်နေတာကို စိတ်အနှောင့်အယှက်မဖြစ်ဘဲ လော့ရှိုးကို နမ်းလိုက်တယ်။


ကြည့်နေသူတွေကလည်း ဆွေးနွေးကြတော့တယ်။

"ဒါရိုက်တာလော့က တကယ်ကြီး ဘရတ်လေကို ရေကူးကန်တစ်ဝက်စာ အကွာအဝေးနဲ့ နိုင်သွားတာပဲ၊ သူ့ကိုယ်ခံအားနဲ့ တက်ကြွမှုက တကယ်ကို အရမ်းကောင်းလွန်းနေတာမလား"

"ဒါရိုက်တာလော့က ဘရတ်လေထက် အသက်၁၀နှစ်နီးပါး ကြီးတယ်၊ သူ့ခန္ဓာကိုယ်အချိုးအစားက ဘရတ်လေကိုယှဥ်နိုင်ရုံတင်မကဘူး၊ သူ့ကိုယ်ခံအားက ဘရတ်လေထက်တောင် သာသေးတယ်၊ သူကတကယ်ကို အရမ်းသန်မာလွန်းတာပဲ"

"အခုက ဘယ်ခေတ်လဲ၊ ပြီးတော့ နင့်အသက်ဘယ်လောက်ရှိပြီလဲ၊ အခုခေတ်မှာ အသက်ဆိုတာ နံပါတ်တစ်ခုသာသာပဲ၊ တကယ်အရေးကြီးတာ ခန္ဓာကိုယ်အရွယ်ဟ"

"အတိတ်မှာတုန်းကဆိုရိုးရှိတယ်လေ၊ လောကကြီးက ကိုယ်ဖြစ်စေချင်သလို မကောင်းနိုင်ဘူးဆိုတာ၊ ဒါပေမဲ့ မုန့်ယန်လိုလူတွေကျ အခုအရမ်းကို အ​ခြေအနေကောင်းနေတာမလား"

လော့ရှိုး မုန့်ယန်ကို ရင်ခွင်ထဲထည့်ရင်း မေးလိုက်တယ်။
"ရေသွားကူးမလား"

"သွားမယ် သွားမယ်!" မုန့်ယန်က လော့ရှိုးကို ရေထဲ ဆွဲခေါ်လိုက်တယ်။
"ကျွန်တော် ရေကူးတာမတော်တော့ ဦးသင်ပေးလေ၊ ဦး ရေကူးပုံရေကူးနည်းကိုလည်း သင်ချင်သေးတယ်"


ရေထဲ ဆင်းပြီးတဲ့နောက် လော့ရှိုး အရင်ဆုံး ရေကူးတဲ့အနေအထားသဏ္ဍာန်ကို အရင်သင်ပေးတယ်။ ပြီးတော့ မုန့်ယန်ဗိုက်အောက်ကိုလက်ထားပြီးလေ့ကျင့်ခွင့်ပြုလိုက်တယ်။

တစ်အောင့်ကြာပြီးတဲ့နောက် မုန့်ယန် ခဏနားကာ လော့ရှိုးကိုဖက်လိုက်တယ်။ သူတို့နှစ်ယောက်လုံးရဲ့ ကိုယ်ခန္ဓာတွေက ရေထဲအချင်းချင်းပူးကပ်နေလေရဲ့။ ဒီအထိအတွေ့က တကယ်ကိုမတူညီတဲ့ ခံစားချက်ရ​​ခ​ခေတယ်။ နှစ်ယောက်လုံးက သူတို့ဘေး ဘယ်သူပဲရှိရှိ မြတ်မြတ်နိုးနိုးနမ်းရှိုက်နေတာက ​ဘေးလူတွေကို မျက်စိကန်းသွားစေသလိုပဲ။

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now