၆၇ ။

2.8K 318 3
                                    

မုန့်ယန်က ကေ့ကို ရနံ့ကုထုံး မကုသခင် ကေ့မိဘတွေရဲ့ခွင့်ပြုချက်ကိုယူဖို့လိုတယ်။ ဒါပေမဲ့ ကေ့မိဘတွေက ရနံ့ကုထုံးဆိုတာကို နားမလည်တာမို့ ကေ့ကိုဒီလိုနည်းလမ်းနဲ့ကသဖို့အတွက် သဘောမတူဘူး။ ဒေါက်တာဒီဗစ်ကပဲ သူတို့ကြား ကြားခံဆက်သွယ်မှုလုပ်ပေးရတော့တယ်။


"ဒေါက်တာဒီဗစ်၊ ကျွန်တော်တို့က ဆရာ့စကားကို မယုံကြည်လိုတာမဟုတ်ပါဘူး၊ ဒါပေမဲ့ ကေ့ခန္ဓာကိုယ်အခြေအနေက ထူးခြားတာ ဒေါက်တာသိပါတယ်၊ ပြီးတော့ သူ့အ‌ခြေအနေက အခုသိပ်မကောင်းဘူး၊ ကျွန်တော်တို့ တကယ်မစွန့်စားရဲလို့ပါ"

ကေ့အဖေက ပြောလေတယ်။

"ဟုတ်တယ်၊ ပြီးတော့ ဒီကုသမှုပုံစံမျိုးကလေ အရှေ့ပိုင်းစုန်းအတတ်နဲ့ဆင်နေတာ၊ ကျွန်မ ကေ့အပေါ်ကို သုံးတာဘယ်လိုလုပ်စိတ်ချနိုင်ပါ့မလဲ"
ကေ့အမေက ပြောလိုက်တယ်။
"ဆရာ မိဘတွေအနေနဲ့ ကျွန်မတို့ခံစားချက်ကို နားလည်ပါစေလို့ မျှော်လင့်ပါတယ်"

"ရနံ့ကုထုံးဆိုတာ စုန်းကဝေအတတ်မျိုးမဟုတ်ပါဘူး၊ အရှေ့တိုင်း ရှေးဟောင်းဆေးဝါးကိုင်းခွဲတစ်မျိုးပါ"
ဒီဗစ်က စိတ်ရှည်ရှည်နဲ့ ရှင်းပြလိုက်တယ်။
"အရှေ့တိုင်းရှေးဟောင်းဆေးဝါးတွေက နှစ်ပေါင်းထောင်ချီ လက်ဆင့်ကမ်းလာခဲ့တာ၊ အတိတ်တုန်းက သူတို့ရဲ့ ဆေးဘက်ဆိုင်ရာနည်းလမ်းတွေနဲ့ ဆေးဝါးသုံးစွဲမှုတွေက ကျုပ်တို့ထက်တောင်ပိုမြင့်ခဲ့တယ်၊ အခုထိတောင် အံ့သြဖွယ်ကောင်းတဲ့ကုသနည်းဖြစ်နေတုန်းပဲ"

ကေ့အမေက မုန့်ယန်ကိုတစ်ချက်ကြည့်ပြီးပြောလာတယ်။

"ဒါပေမဲ့ သူက ကလေးပုံစံလေးနော်၊ ကေနဲ့ရွယ်တူလောက်ပဲရှိမယ်၊ သူ ကေ့ကိုကုသပေးမယ်လို့ ကျွန်မတို့ဘယ်လိုစိတ်ချရပါ့မလဲဟင်"

မုန့်ယန် သူ့ဟာသူတွေးမိလိုက်တယ်။ အရှေ့တိုင်းပဲဖြစ်ဖြစ် အနောက်တိုင်းပဲ ဖြစ်ဖြစ် လူတစ်ယောက်စွမ်းဆောင်ရည်ကို အကဲဖြတ်တဲ့နေရာမှာ အသက်အရွယ်က ပထမဆုံး ကိုးကားတဲ့အချက်ဖြစ်နေတုန်းပဲ။ ဘာကြောင့်လဲဆိုတော့ အသက်အရွယ်က အတွေအကြုံကို ကိုယ်စားပြုနေလို့ကိုး။

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now