This Mafia Fall In You [ ဒီမာ...

By _ShoYo_61

538K 41.1K 2.9K

ရုတ်ရင့်ကြမ်းတမ်းတဲ့ Mafia တစ်ယောက် အချစ်မှာ နစ်မြောသွားတဲ့အခါ ...( OC မဟုတ်ပါ OTP fiction ပါ ) Warning - Sex... More

စာအမြည်း
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄ [ Adult ]
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉ ( Adult )
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃ ( Adult )
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈ [ Adult ]
Bonus ( Gifts )
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁ [ Adult ]
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁ [ Final ]
Book Announcement 1
Book Announcement 2

အပိုင်း ၁

30.6K 1.9K 82
By _ShoYo_61

အပိုင်း ၁ [ Unicode Version ]

ကျောင်းဆင်းချိန်မို့ လူများ စည်ကားသွားလာလျှက်ရှိသော ဆေးကျောင်းတော်ကြီး၏ ရှေ့တွင် ထည်ဝါလှသော အရှိန်အဝါနှင့် ကားနက်နှစ်စီးထိုးရပ်သွားသည် ။

ပထမကားတစ်စီးထဲမှ အပြင်ဘက်သို့ ခြေချလာသော ခြေတံရှည်တစ်ဖက်သည် ပြောင်လက်နေသော အနက်ရောင် ရှုးဖိနပ်ကို ဝတ်ဆင်ထား၏ ။ တစ်ကိုယ်လုံး ကားထဲမှ ထွက်လာချိန်တွင်ကား သာမာန်လူများ အားလုံးကိုပင် သေးသိမ်သွားစေနိုင်သော ကြံခိုင်မှုမျိုးနှင့် အမျိုးသားတစ်ဦး ထွက်လာလေသည် ။

ထိုသူ၏ မျက်နှာမှာ တည်တည်တင်းတင်း ။ မဲနက်၍ ထူနေသော မျက်ခုံးတန်းများက အရှိန်အဝါတစ်ခုကို ပေးစွမ်းနေသလို ဘယ်ဘက် မျက်လုံး ထောင့်စွန်းနားတွင် အထက်မှအောက်သို့ ကန့်လန့်ဖြတ် တည်ရှိနေသော အမာရွတ်တစ်ခုက ကြောက်မက်ဖွယ်ရာ တည်ရှိနေသည် ။ သို့သော် ထိုအမာရွတ်က ထိုလူ၏ အဆမတန်ချောမောမှုတို့ကိုတော့ ပျက်ယွင်းသွားစေနိုင်စွမ်းမရှိ။

ရင်အုံမှနေ၍ လည်ပင်းစပ်ထိ တစ်လျှောက်ထိုးထားသော မြွေပုံ Tattoo က ယခုအခါ အစေ့တပ်ထားသော အင်္ကျီကြယ်သီးများကြောင့် ဖုံးကွယ်နေသည် ။ ကြီးမားကျယ်ပြန့်လွန်းသည့် ရင်အုပ်ကြောင့် Suit အောက်တွင် တစ်ထပ်ဝတ်ထားသော ရှပ်လက်ရှည် အဖြူက အတိုင်းသား တင်းကျပ်နေ၏ ။

အတတ်နိုင်ဆုံး Mafia ဂိုဏ်းခေါင်းဆောင်ဆိုသော အရှိန်အဝါထက် လူကြီးလူကောင်းတစ်ယောက်ပုံဖြစ်အောင် ကြိုးစားလာခဲ့သော်လည်း ထွက်ပေါ်နေသော လူမိုက်အငွေ့အသက်တွေက အချည်းအနှီး ဖြစ်စေပုံပင် ။

သူ့နောက်မှ တစ်ပြုံလိုက် ကားတစ်စီးနှင့် လိုက်နေကြသော ကတုံးဆံတောက်များကိုလည်း သူ ပ မထုတ်နိုင် ။ မကြာသေးမီက ဖြစ်ပျက်ခဲ့သော ထိခိုက်မှုတစ်ခုကြောင့် သူတို့ Boss ကို အစိုးရိမ်လွန်နေကြသည် ။

အဲ့တော့ လွှတ်ထားရုံမှ အပ မရှိနိုင်တော့ပဲ ဒီလိုပုံနှင့် ဆေးကျောင်းရှေ့ ရောက်လာရ၏ ။

မကြာမီပင် ဂျူတီကုတ်လေးကို ချွတ်ကာ လက်မှာ ချိတ်လာသော ကောင်ငယ်လေးသည် သခွားစိမ်းရောင် တီရှပ် ပေါ့ပေါ့ပါးပါးလေးနှင့် ကျောပိုးအိတ်လေးလွယ်လျှက် ကျောင်းဝန်းထဲမှ ထွက်လာလေသည် ။ ထိုကောင်လေးကို မြင်မြင်ချင်း Park Chanyeol ၏ နှုတ်ခမ်းစွန်းတို့ အနည်းငယ် ကျေနပ်သယောင် ကော့တက်ကုန်ရ၏။

ထိုကောင်လေး၏ မျက်နှာကြည်ကြည်လေးကတော့ ခါတိုင်းလို ပြုံးမယောင်ယောင် အနေအထားလေးနှင့်ပင် အနားသို့ လျှောက်လာသည် ။ Chanyeol နောက်က ကတုံးတစ်အုပ်ကို ကြည့်ပြီးလည်း အနည်းငယ် နေရခက်နေပုံလည်း ပေါ်ပါ၏ ။

" ကိုယ် နောက်မကျဘူးမလား ဘေဘီ "

" ဟုတ်... ကျွန်တော်ထင်တာထက်တောင် မြန်နေပါသေးတယ် "

" မင်္ဂလာပါ !!! သခင်လေး !!! "

Baekhyun စကားဆုံးရုံရှိသေး ရုတ်တရက်ကြီး သံပြိုင်အော်ပြီး ဦးညွှတ်လာသော ကတုံးတို့အုပ်စုကြောင့် အထိတ်တလန့် တစ်ချက် နောက်သို့တွန့်သွားရ၏ ။

" ကျွတ်စ် ! "

Chanyeol က အလိုမကျဟန် စုတ်သပ်ရင်း မျက်ခုံးတွေကို တွန့်ချိုးလို့ နောက်က အုပ်စုကို လှည့်ကြည့်ပေးလိုက်တော့ မဝံ့မရဲဖြင့် ခေါင်းငုံ့သူငုံ့ မျက်နှာလွှဲသူလွှဲ ဖြစ်သွားကြလေသည် ။

ထို့နောက်တွင်မှ မိမိထက် နှစ်ဆမျှ သေးငယ်နေသော ကောင်လေးဘက်သို့ Chanyeol ပြန်လှည့်ကြည့်ပြီးနောက် လက်ဖဝါးတစ်ဖက် ဖြန့်ကမ်းပေးလိုက်၏ ။

" ကိုယ့်အိမ်ကို လိုက်မလား "

" ဒီနေ့တော့ အိမ်ကိုပဲ ပြန်ပါရစေ
ကျွန်တော် စာလုပ်စရာတွေ ရှိနေလို့ "

" အိုကေ... ဒါဆို မင်းအိမ်ကို ကိုယ်လိုက်မယ် "

မိမိလက်ဖဝါးပြင်ကျယ်ကြီးထဲသို့ ရောက်ရှိလာသော ဖြူသွယ်သွယ် လက်သေးသေးလေးတစ်ဖက်အား Chanyeol ဆုပ်ကိုင်ကာ ကားထဲသို့ အတူဝင်ထိုင်ခိုင်းလိုက်လေသည် ။

ကားအနက်၏ နောက်ခန်းသည် အတော်ကို ကျယ်၏ ။ ရှေ့ခန်းနှင့် နောက်ခန်းလည်းဝေးသည် ။ မှန်အနက်တွေက အပြင်မှ အထဲကို တစ်စွန်းတစ်စမှ မမြင်ရစေရန် ကာကွယ်ထား၏ ။ ဤနေရာသည် Boss Park Chanyeol အသားယူလို့ အကောင်းဆုံး နေရာတစ်ခုလည်း ဖြစ်လေသည် ။

အထဲသို့ ရောက်ရောက်ချင်း ငြိမ်သက်စွာ ကုပ်ကုပ်လေး ထိုင်နေသော Baekhyun သည် မကြာမီပင် လည်ပင်းပေါ်သို့ ကျရောက်လာသော နှုတ်ခမ်းတစ်စုံကြောင့် အထိတ်တလန့် မျက်ဝန်းများကိုပင် မှိတ်မိသွားရရှာ၏ ။

နာမည်တပ်ထားသော ဆက်ဆံရေးအောက် ရှိနေသော်လည်း အချိန်နှင့် တည်ဆောက်ရသော ရင်းနှီးမှုများအတွက်တော့ သူအဆင်သင့် မဖြစ်သေးပေ ။ ဤ Mafia ဂိုဏ်းခေါင်းဆောင်နှင့်သူ ချစ်သူ ဟူသော ခေါင်းစဥ်အောက် ရောက်သည်မှာ တစ်ပတ်ခန့်မျှသာ ရှိသေး၏ ။ သဘောကျသော်လည်း Baekhyun ချစ်ခြင်းတရားကို မခံစားမိသေး ။

အာဏာရှင် ဆန်လှသော ထိုလူကတော့ ဘာကိုမှ သိပ်ဂရုစိုက်ပုံမပေါ်ပေ ။ Baekhyun လည်တိုင်ကျော့ကျော့၏ အရသာကို ခံစားနေပြီး နှုတ်ခမ်းများနှင့် နမ်းရှိုက်ခြင်း ၊ ခပ်ဖွဖွ ဖိကိုက်ခြင်း ၊ လျှာဖြင့် ကျီစယ်ခြင်းတို့အား ရဲရဲတင်းတင်း ပြုမူနေ၏ ။

" Chan... မလုပ်...အင်း "

ခဏအကြာတွင် ဖောက်လွဲဖောက်ပြန် ဖြစ်လာတော့မည့် ခန္ဓာကိုယ်ကြောင့် Baekhyun တိုးဖွဖွ ရေရွတ်ရင်း ကြီးမားသော ကိုယ်လုံးကြီးကို အားနည်းနည်းသုံး တွန်းထား၍ ငြင်းဆန်မိသည် ။

သူ အတင်းအကျပ် ခေါ်၍ ရပါသည်ဟု တိုက်တွန်းထားသော Chan ဟူသည့် နာမ်စားက Baekhyun နှင့် ခုထိ အသားမကျနိုင်သေး ။ သို့သော် သူကတော့ နှစ်ခြိုက်ဟန် ပေါ်သည် ။

သူ့ရင်ဘတ်ကို တွန်းထားသော Baekhyun ၏ လက်ကောက်ဝတ် သေးသေးလေးတစ်ဖက်ကို သူ့လက်ဖဝါး အကြီးကြီးနှင့် ဆုပ်ကိုင်ရင်း Baekhyun ပါးအား နှုတ်ခမ်းသားများနှင့် တစ်ချက်နမ်းကာ လွှတ်ပေးလေသည် ။

" ဆောရီး...ကိုယ်က ဘယ်လို နူးညံ့ပြရမယ်မှန်းမသိဘူး "

Baekhyun သည် အနေရခက်စွာ ခေါင်းကို ငုံ့ထားရင်း ဘာပြန်ပြောရမယ်မှန်း မသိပေ ။ သာမာန် ရည်းစားထားသည်ဟု သဘောထားရအောင်လည်း မိမိရည်းစားက မာဖီးယား ဂိုဏ်းခေါင်းဆောင် တစ်ယောက်ဖြစ်နေ၏ ။ ဘယ်လိုသတ္တိမျိုးနှင့် သူချွဲရဲ ဆိုးရဲ မတဲ့တုန်း ။

" ဖြစ်နိုင်ရင် ကိုယ်အခု မင်းကို ကိုယ့်ပေါင်ပေါ်ထက်မှာ ထိုင်စေချင်တာ... ဒါပေမယ့် မင်းကိုကြည့်ရတာ အရမ်း မသက်မသာ ဖြစ်နေပုံ ရတယ် "

" မ.. မဟုတ်ပါဘူး "

မဟုတ်ပါဘူး ပြောနေပေမယ့် Baekhyun နဖူးစပ်နားလေးတွင် စို့စပြုနေသော ချွေးဥလေးများက သက်သေတည်နေသည် ။ ထိုအရာကို မြင်တော့ Chanyeol ခပ်စစ ပြုံးလိုက်ပြီး အိတ်ထောင်ထဲမှ ပုဝါစကို ဆွဲထုတ်လိုက်သည် ။

ထို့နောက် မျက်နှာသေးသေးလေးနားသို့ ခေါင်းစောင်းကာ ကပ်သွားပြီး နားထင်စပ်မှ ချွေးဥလေးများကို အသာအယာ ခပ်ဖွဖွ သုတ်ပေးလိုက်၏ ။

" ကြောက်နေစရာမလိုဘူး ဘေဘီ
ကိုယ်သေသွားရင်တောင် မင်းကိုတော့ ထိခိုက်အောင် လုံးဝလုပ်မှာ မဟုတ်ဘူး ။ အဲ့ဒါကို ယုံ "

Baekhyun အလွန်တရာ နီးကပ်နေသော ချောမောခန့်ညားသည့် မျက်နှာကို မော့ကြည့်ရင်း ခပ်ဖွဖွလေး ပြုံးပြလိုက်သည် ။ အမြဲတမ်း အေးစက်ကြမ်းတမ်းနေတတ်သော အကြည့်တွေက မိမိထံ ရောက်နေချိန်မှာတော့ နူးညံ့နွေးထွေးနေတာကို Baekhyun အသိအမှတ်ပြုပါသည် ။

ထို့ကြောင့် တစ်ခါတစ်လေတော့လည်း မိမိဘက်မှ အစစ်အမှန် ရည်းစားတစ်ယောက်လို သဘောထားပြပေးဖို့လိုသည်ဟု ထင်မိ၏။ထို့ကြောင့် Baekhyun မျက်လုံးတွေကို မှေးစင်းရင်း နှုတ်ခမ်းထူထူတွေထံ ရည်မှန်း၍ မျက်နှာလေးမော့ကာ နမ်းမိသည်။

သူ့ခန္ဓာကိုယ်သည် ချက်ချင်းကို လှစ်ခနဲ ပွေ့ချီခံလိုက်ရပြီးနောက် ကြီးမားသော ရင်ခွင်ကြီး အတွင်းသို့ ကလေးငယ်တစ်ယောက်သဖွယ် ရောက်ရှိသွားရ၏ ။

သူ ထိကပ်ရုံ အစပြုမိခဲ့သော အနမ်းတို့သည် တစ်ဖက်လူ၏ ဦးဆောင်မှုအောက်တွင် ပြင်းပြင်းပြပြ အနမ်းတွေအဖြစ် အသွင် ပြောင်းသွားပြီး လုံးပါးပါး မတတ် အနမ်းခံရတော့သည် ။

ကြီးမားသော လက်တစ်ဖက်သည် သူ့ကျောအောက်တွင် ထိန်းကိုင်ထားပြီး တစ်ဖက်ကတော့ အပေါ်မှနေ စီးအုပ်၍ သူ့​တင်ပါးတစ်ဖက်ပေါ်သို့ ရောက်လုရောက်ချင်ဖြစ်နေသည် ။

အသက်ရှူကျပ်လာသော တစ်ခဏတွင် Baekhyun အသာအယာလေး လည်ပင်းညှပ်ရိုးနားကို လက်ဝါးလေးနှင့် တွန်းမိတော့ အသာတကြည်ဖယ်ပေးလာ၏ ။ သို့သော် မျက်နှာတွေကတော့ နီးကပ်နေဆဲ ဖြစ်စွာ သူ့ကို ပြုံးလို့ အုပ်မိုးကြည့်နေသည် ။

ဤအခြေအနေတွင်တော့ Baekhyun လည်း အမှန်တကယ် ရင်တဒိတ်ဒိတ်ခုန်နေရကာ မျက်နှာချောချောထက် လက်ချောင်းလေးများနှင့် ထိတွေ့ကြည့်မိ၏ ။ မျက်လုံးစွန်းကို ကန့်လန့်ဖြတ်နေသော အမာရွတ်က သူ့အတွက်တော့ ကြောက်စရာ မကောင်း ။ ဘေးဘက်ကို လှန်ခွဲထားပေမယ့် နဖူးပေါ် တစ်စနှစ် ကျနေတဲ့ ဆံပင်တွေကိုသာ နှစ်ခြိုက်စွာ ကြည့်နေမိသည် ။

" Chan က အရမ်းခန့်ညားတယ် "

" အင်း... အဲ့လိုလူက မင်းအပိုင်ပဲလေ ဘေဘီ "

စကားအဆုံး Baekhyun ၏ ပါးတစ်ဖက် ရွှတ်ခနဲ အနမ်းခံလိုက်ရ၏ ။ အမှန်တကယ်လည်း Chan က သူ့ကို သိပ်ချစ်ပုံ ပေါ်ပါသည် ။

" သြ...မေ့တော့မလို့
မင်းအတွက် Cake ဝင်ဝယ်လာတယ် ဘေဘီ
ကျောင်းဆင်းချိန်ဆိုတော့ ဗိုက်ဆာမှာစိုးလို့ "

" ဟင် ! Cake ? "

Baekhyun မျက်လုံးလေးတွေ ချက်ချင်းမြူးထူး၍ တစ်လက်လက် တောက်ပသွား၏ ။

ထို အမူအယာလေးက Chanyeol အသည်းနှလုံးကို လှုပ်ကိုင်နိုင်စွမ်း အရှိဆုံးဖြစ်သည် ။ အခြား ပကာသနတွေ ဘယ်လောက် ပြည့်စုံအောင် ဖြည့်ဆည်းပေးပေး အနေရခက်နေတဲ့ အမူအယာက ပိုမလာသော ကောင်လေးသည် အစားအသောက်နှင့်ဆိုလျှင်တော့ မျက်ဝန်းလေးများအထိ တလက်လက် တောက်ပလာလေ့ရှိသည်။

ကလေးမုန့်ပေးကြိုက်သည်ဆိုသည်မှာ ဒါမျိုးမှ အစစ်ထင်ပါရဲ့ ။

မာဖီးယား ဂုဏ်သိက္ခာနှင့် မလိုက်ဖက်သော အလုပ်တွေချည်း သူလုပ်နေရသည် ။

ဒီကောင်လေးနှင့် ပတ်သတ်သမျှကို ကိုယ့်ခြေကိုယ့်လက်နှင့်မှ ဖြည့်ဆည်းပေးချင်သော ဆန္ဒရှိနေတော့လည်း ပြောင်ပြောင်လက်လက် နှင့် သစ်လွင်တောက်ပနေသော Cake ဆိုင်ထဲ မျက်နှာရှစ်ခေါက်ချိုးနှင့် ဝင်တန်းစီခဲ့ရ၏ ။

ကြီးမားလွန်းသော ခန္ဓာကိုယ်တည်ဆောက်ပုံ ၊ အားလုံးထက် ရင်ဘတ်မှစ၍ မြင့်နေသော အရပ် ၊ မျက်လုံးထောင့်စွန်းမှ ကန့်လန့်ဖြတ် အမာရွတ်တို့က ဘယ်လိုကြည့်ကြည့် လူမိုက်ကြီးတစ်ယောက်ထက် မပိုနိုင်ချေ ။

သူ့ရှေ့တွင် Cake ဝယ်ရန် တန်းစီစောင့်နေသော အမျိုးသမီးတစ်ဦး ချီထားသည့် ကလေးဆိုလျှင် သူ့ကို အတော်ကြာ ငေးကာ မော့ကြည့်နေသဖြင့် မျက်ဆန်ကို အောက်ရွေ့ကာ ခပ်တည်တည် ပြန်ကြည့်ပေးလိုက်ရုံရှိသေး ရုတ်တရက် တဗြဲဗြဲ ထငိုတော့၏ ။

မဆီမဆိုင်သူ့မှာ ကလေးအမေဆီကပါ မျက်စောင်းထိုးခံလိုက်ရသေးသည် ။

ဤသို့ အခက်အခဲများ ကြားထဲကမှ သူဒီကောင်လေးအတွက် ပန်းနုရောင် စတော်ဘယ်ရီအရသာ Sponge Creamy Cake လေး တစ်လုံးရလာခဲ့ခြင်းပင် ။

ယခုတော့ ဝယ်လာရသည်နှင့်တန်အောင် ဆေးကျောင်းသား ပေါက်စလေးက Cake လေး ရင်ခွင်ထဲ ပိုက်လျှက် ဇွန်းတစ်ချောင်းနှင့် ဖဲ့စားရင်း ပြုံးရွှင်နေလေပြီ ။

Chanyeol ခြေချိတ်ထိုင်နေရင်းမှ ထိုမြင်ကွင်းလေးကို လက်တစ်ဖက် ပါးတွင်ထောက်ရင်း ခေါင်းစောင်းကာ ငေးကြည့်နေမိ၏။

သူဝယ်လာသော Cake က Size အတော်အသင့်ကြီးသော်လည်း ဤကောင်လေး စားမကုန်ရန်တော့ ပူစရာမလိုပေ ။ တစ်ထိုင်တည်းနှင့် အကုန်သွတ်နိုင်ကြောင်း Chanyeol သိ၏ ။

" အရသာရှိလား "

တဆတ်ဆတ် ငြှိမ့်ပြလာသော ခေါင်းလုံးလုံးလေးသည် သူ့ရင်ဘတ်အား ငှက်မွေးလေးနှင့် ကလိနေသလို ယားကျိကျိ ဖြစ်လာစေသည်။

" ကိုယ့်ကိုလည်း နည်းနည်းကျွေးပါဦး "

ထိုအခါ Baekhyun လေးသည် Cake ၏ Cream များများနှင့် အရသာရှိသည့်အပိုင်းအား အသေအချာ ဇွန်းနှင့် ဖဲ့ယူကာ Chanyeol ထံခွံ့လာလေသည် ။

ဒီကောင်လေးကြောင့်မှ မဟုတ်လျှင် ဒီလို ကလေးကလားအစားအစာတွေ Chanyeol သိပ်စားဖြစ်မည်မဟုတ်ပေ ။ ခုတော့ သိပ်မဆိုးလှ ။ Cake သားလေးက နူးနူးညံ့ညံ့ ချိုချိုလေးနှင့် စား၍ ကောင်းသည် ။

Cream ပေနေတဲ့ နှုတ်ခမ်းလေးဆို မည်မျှ ပိုအရသာရှိမည်နည်း။

Chanyeol က သိပ်တွေဝေနေတတ်တဲ့အထဲ မပါပေ ။ တွေးမိလျှင် တွေးမိချက်ချင်းကို Cream လေးများ ပေကျံလျှက် ရှိသော နှုတ်ခမ်းသေးသေး ရဲရဲလေးကို လှစ်ခနဲ ငုံထွေးမိတော့သည်။

Baekhyun သည် တိုး၍ တိုး၍ တစ်လွှာချင်း စုပ်ယူ နမ်းရှိုက်ခံလိုက်ရသော နှုတ်ခမ်းအစုံကြောင့် မျက်ဝန်းလေးများ ချက်ချင်း ပြူးကျယ်ကုန်၏ ။ Chanyeol ၏ လျှာနွေးနွေးသည် သူ့အောက်နှုတ်ခမ်းပါးလေးပေါ် ပြေးလွှားရင်း အရသာခံကာ လျက်နေသည် ။

" ဟိုလေ Boss "

" ... "

" Boss "

" ... "

" Boss ရေ "

" ဘာလဲကွ !!! "

နောက်ခန်းထဲမှ ဟိန်းထွက်လာသော အသံကြီးကြောင့် ရှေ့က Driver ကတုံးတစ်ကောင်ခမျာ ဆတ်ခနဲ တုန်ယင်သွားရရှာသည်။ ထို့နောက် မရဲတရဲနှင့်ပဲ ။

" ဟို... သခင်လေးတို့ ရပ်ကွက်ထဲ ရောက်ပါပြီလို့ ။
ကားက ဆက်မောင်းမရတော့ဘူးလေ ။
လမ်းလျှောက်သွားရမယ် ထင်တယ် "

Baekhyun တို့ရပ်ကွက်သည် ဆင်ခြေဖုံး ရပ်ကွက်တစ်ခုဖြစ်သည့်အတွက် အိမ်လေးတွေက ကျဥ်းကျပ်ကာ လမ်းကြိုလမ်းကြားထဲ ပြွတ်သိပ်ကျပ်နေ၏ ။ Baekhyun အိမ်ကလည်း ထိုလမ်းကြိုလမ်းကြားထဲမှ တစ်အိမ်မို့ ဤနေရာမှ စ၍ လမ်းလျှောက်ကာ လှေကားထစ်များပေါ်မှ တက်သွားရပေမည် ။

မကြာမီပင် ကားထဲမှ မျက်နှာရဲရဲနှင့် သခင်လေးက Cake ဘူးလေး ပိုက်ကာ ထွက်လာ၍ Boss ကတော့ မှုန်ကုပ်ကုပ် မျက်နှာကြီးနှင့် ထွက်လာလေသည် ။ ထို့နောက် ထို Driver အား မကျေမနပ်ဖြင့် ကြည့်ရင်း ။

" ဟို ကားနောက်တစ်စီးနဲ့ ကောင်တွေပါခေါ်ပြီး ဂိုဏ်းကို ပြန်တော့"

" ဒါပေမယ့် Boss... "

" ကျွတ်စ်... လျှာရှည်ချင်သေးတာလား "

ခါတိုင်းဆိုလျှင်တော့ မရအရ ပူဆာကာ နေခဲ့၍ ရပေမယ့် ယခုအခါ သူအမှားလုပ်မိထားပုံ ပေါ်သောကြောင့် Boss ၏ ဒေါသ စနက်တံအား သွားမဖြုတ်ရဲတော့ပေ ။ အလျှင်အမြန် ဦးညွှတ်နှုတ်ဆက်ရင်း ထွက်လာခဲ့ရလေတော့သည် ။

______________________________

1 part will be contain only about 2000 words. It's may be short, but the update will be fast.

အပိုင္း ၁ [ Unicode Version ]

ေက်ာင္းဆင္းခ်ိန္မို႔ လူမ်ား စည္ကားသြားလာလွ်က္ရွိေသာ ေဆးေက်ာင္းေတာ္ႀကီး၏ ေရွ႕တြင္ ထည္ဝါလွေသာ အရွိန္အဝါႏွင့္ ကားနက္ႏွစ္စီးထိုးရပ္သြားသည္ ။

ပထမကားတစ္စီးထဲမွ အျပင္ဘက္သို႔ ေျခခ်လာေသာ ေျခတံရွည္တစ္ဖက္သည္ ေျပာင္လက္ေနေသာ အနက္ေရာင္ ရႈးဖိနပ္ကို ဝတ္ဆင္ထား၏ ။ တစ္ကိုယ္လုံး ကားထဲမွ ထြက္လာခ်ိန္တြင္ကား သာမာန္လူမ်ား အားလုံးကိုပင္ ေသးသိမ္သြားေစနိုင္ေသာ ႀကံခိုင္မႈမ်ိဳးႏွင့္ အမ်ိဳးသားတစ္ဦး ထြက္လာေလသည္ ။

ထိုသူ၏ မ်က္ႏွာမွာ တည္တည္တင္းတင္း ။ မဲနက္၍ ထူေနေသာ မ်က္ခုံးတန္းမ်ားက အရွိန္အဝါတစ္ခုကို ေပးစြမ္းေနသလို ဘယ္ဘက္ မ်က္လုံး ေထာင့္စြန္းနားတြင္ အထက္မွေအာက္သို႔ ကန့္လန့္ျဖတ္ တည္ရွိေနေသာ အမာ႐ြတ္တစ္ခုက ေၾကာက္မက္ဖြယ္ရာ တည္ရွိေနသည္ ။ သို႔ေသာ္ ထိုအမာ႐ြတ္က ထိုလူ၏ အဆမတန္ေခ်ာေမာမႈတို႔ကိုေတာ့ ပ်က္ယြင္းသြားေစနိုင္စြမ္းမရွိ။

ရင္အုံမွေန၍ လည္ပင္းစပ္ထိ တစ္ေလွ်ာက္ထိုးထားေသာ ေႁမြပုံ Tattoo က ယခုအခါ အေစ့တပ္ထားေသာ အကၤ်ီၾကယ္သီးမ်ားေၾကာင့္ ဖုံးကြယ္ေနသည္ ။ ႀကီးမားက်ယ္ျပန့္လြန္းသည့္ ရင္အုပ္ေၾကာင့္ Suit ေအာက္တြင္ တစ္ထပ္ဝတ္ထားေသာ ရွပ္လက္ရွည္ အျဖဴက အတိုင္းသား တင္းက်ပ္ေန၏ ။

အတတ္နိုင္ဆုံး Mafia ဂိုဏ္းေခါင္းေဆာင္ဆိုေသာ အရွိန္အဝါထက္ လူႀကီးလူေကာင္းတစ္ေယာက္ပုံျဖစ္ေအာင္ ႀကိဳးစားလာခဲ့ေသာ္လည္း ထြက္ေပၚေနေသာ လူမိုက္အေငြ႕အသက္ေတြက အခ်ည္းအႏွီး ျဖစ္ေစပုံပင္ ။

သူ႕ေနာက္မွ တစ္ၿပဳံလိုက္ ကားတစ္စီးႏွင့္ လိုက္ေနၾကေသာ ကတုံးဆံေတာက္မ်ားကိုလည္း သူ ပ မထုတ္နိုင္ ။ မၾကာေသးမီက ျဖစ္ပ်က္ခဲ့ေသာ ထိခိုက္မႈတစ္ခုေၾကာင့္ သူတို႔ Boss ကို အစိုးရိမ္လြန္ေနၾကသည္ ။

အဲ့ေတာ့ လႊတ္ထား႐ုံမွ အပ မရွိနိုင္ေတာ့ပဲ ဒီလိုပုံႏွင့္ ေဆးေက်ာင္းေရွ႕ ေရာက္လာရ၏ ။

မၾကာမီပင္ ဂ်ဴတီကုတ္ေလးကို ခြၽတ္ကာ လက္မွာ ခ်ိတ္လာေသာ ေကာင္ငယ္ေလးသည္ သခြားစိမ္းေရာင္ တီရွပ္ ေပါ့ေပါ့ပါးပါးေလးႏွင့္ ေက်ာပိုးအိတ္ေလးလြယ္လွ်က္ ေက်ာင္းဝန္းထဲမွ ထြက္လာေလသည္ ။ ထိုေကာင္ေလးကို ျမင္ျမင္ခ်င္း Park Chanyeol ၏ ႏႈတ္ခမ္းစြန္းတို႔ အနည္းငယ္ ေက်နပ္သေယာင္ ေကာ့တက္ကုန္ရ၏။

ထိုေကာင္ေလး၏ မ်က္ႏွာၾကည္ၾကည္ေလးကေတာ့ ခါတိုင္းလို ၿပဳံးမေယာင္ေယာင္ အေနအထားေလးႏွင့္ပင္ အနားသို႔ ေလွ်ာက္လာသည္ ။ Chanyeol ေနာက္က ကတုံးတစ္အုပ္ကို ၾကည့္ၿပီးလည္း အနည္းငယ္ ေနရခက္ေနပုံလည္း ေပၚပါ၏ ။

" ကိုယ္ ေနာက္မက်ဘဴးမလား ေဘဘီ "

" ဟုတ္... ကြၽန္ေတာ္ထင္တာထက္ေတာင္ ျမန္ေနပါေသးတယ္ "

" မဂၤလာပါ !!! သခင္ေလး !!! "

Baekhyun စကားဆုံး႐ုံရွိေသး ႐ုတ္တရက္ႀကီး သံၿပိဳင္ေအာ္ၿပီး ဦးၫႊတ္လာေသာ ကတုံးတို႔အုပ္စုေၾကာင့္ အထိတ္တလန့္ တစ္ခ်က္ ေနာက္သို႔တြန့္သြားရ၏ ။

" ကြၽတ္စ္ ! "

Chanyeol က အလိုမက်ဟန္ စုတ္သပ္ရင္း မ်က္ခုံးေတြကို တြန့္ခ်ိဳးလို႔ ေနာက္က အုပ္စုကို လွည့္ၾကည့္ေပးလိုက္ေတာ့ မဝံ့မရဲျဖင့္ ေခါင္းငုံ႕သူငုံ႕ မ်က္ႏွာလႊဲသူလႊဲ ျဖစ္သြားၾကေလသည္ ။

ထို႔ေနာက္တြင္မွ မိမိထက္ ႏွစ္ဆမွ် ေသးငယ္ေနေသာ ေကာင္ေလးဘက္သို႔ Chanyeol ျပန္လွည့္ၾကည့္ၿပီးေနာက္ လက္ဖဝါးတစ္ဖက္ ျဖန့္ကမ္းေပးလိုက္၏ ။

" ကိုယ့္အိမ္ကို လိုက္မလား "

" ဒီေန႕ေတာ့ အိမ္ကိုပဲ ျပန္ပါရေစ
ကြၽန္ေတာ္ စာလုပ္စရာေတြ ရွိေနလို႔ "

" အိုေက... ဒါဆို မင္းအိမ္ကို ကိုယ္လိုက္မယ္ "

မိမိလက္ဖဝါးျပင္က်ယ္ႀကီးထဲသို႔ ေရာက္ရွိလာေသာ ျဖဴသြယ္သြယ္ လက္ေသးေသးေလးတစ္ဖက္အား Chanyeol ဆုပ္ကိုင္ကာ ကားထဲသို႔ အတူဝင္ထိုင္ခိုင္းလိုက္ေလသည္ ။

ကားအနက္၏ ေနာက္ခန္းသည္ အေတာ္ကို က်ယ္၏ ။ ေရွ႕ခန္းႏွင့္ ေနာက္ခန္းလည္းေဝးသည္ ။ မွန္အနက္ေတြက အျပင္မွ အထဲကို တစ္စြန္းတစ္စမွ မျမင္ရေစရန္ ကာကြယ္ထား၏ ။ ဤေနရာသည္ Boss Park Chanyeol အသားယူလို႔ အေကာင္းဆုံး ေနရာတစ္ခုလည္း ျဖစ္ေလသည္ ။

အထဲသို႔ ေရာက္ေရာက္ခ်င္း ၿငိမ္သက္စြာ ကုပ္ကုပ္ေလး ထိုင္ေနေသာ Baekhyun သည္ မၾကာမီပင္ လည္ပင္းေပၚသို႔ က်ေရာက္လာေသာ ႏႈတ္ခမ္းတစ္စုံေၾကာင့္ အထိတ္တလန့္ မ်က္ဝန္းမ်ားကိုပင္ မွိတ္မိသြားရရွာ၏ ။

နာမည္တပ္ထားေသာ ဆက္ဆံေရးေအာက္ ရွိေနေသာ္လည္း အခ်ိန္ႏွင့္ တည္ေဆာက္ရေသာ ရင္းႏွီးမႈမ်ားအတြက္ေတာ့ သူအဆင္သင့္ မျဖစ္ေသးေပ ။ ဤ Mafia ဂိုဏ္းေခါင္းေဆာင္ႏွင့္သူ ခ်စ္သူ ဟူေသာ ေခါင္းစဥ္ေအာက္ ေရာက္သည္မွာ တစ္ပတ္ခန့္မွ်သာ ရွိေသး၏ ။ သေဘာက်ေသာ္လည္း Baekhyun ခ်စ္ျခင္းတရားကို မခံစားမိေသး ။

အာဏာရွင္ ဆန္လွေသာ ထိုလူကေတာ့ ဘာကိုမွ သိပ္ဂ႐ုစိုက္ပုံမေပၚေပ ။ Baekhyun လည္တိုင္ေက်ာ့ေက်ာ့၏ အရသာကို ခံစားေနၿပီး ႏႈတ္ခမ္းမ်ားႏွင့္ နမ္းရွိုက္ျခင္း ၊ ခပ္ဖြဖြ ဖိကိုက္ျခင္း ၊ လွ်ာျဖင့္ က်ီစယ္ျခင္းတို႔အား ရဲရဲတင္းတင္း ျပဳမူေန၏ ။

" Chan... မလုပ္...အင္း "

ခဏအၾကာတြင္ ေဖာက္လြဲေဖာက္ျပန္ ျဖစ္လာေတာ့မည့္ ခႏၶာကိုယ္ေၾကာင့္ Baekhyun တိုးဖြဖြ ေရ႐ြတ္ရင္း ႀကီးမားေသာ ကိုယ္လုံးႀကီးကို အားနည္းနည္းသုံး တြန္းထား၍ ျငင္းဆန္မိသည္ ။

သူ အတင္းအက်ပ္ ေခၚ၍ ရပါသည္ဟု တိုက္တြန္းထားေသာ Chan ဟူသည့္ နာမ္စားက Baekhyun ႏွင့္ ခုထိ အသားမက်နိဳင္ေသး ။ သို႔ေသာ္ သူကေတာ့ ႏွစ္ၿခိဳက္ဟန္ ေပၚသည္ ။

သူ႕ရင္ဘတ္ကို တြန္းထားေသာ Baekhyun ၏ လက္ေကာက္ဝတ္ ေသးေသးေလးတစ္ဖက္ကို သူ႕လက္ဖဝါး အႀကီးႀကီးႏွင့္ ဆုပ္ကိုင္ရင္း Baekhyun ပါးအား ႏႈတ္ခမ္းသားမ်ားႏွင့္ တစ္ခ်က္နမ္းကာ လႊတ္ေပးေလသည္ ။

" ေဆာရီး...ကိုယ္က ဘယ္လို ႏူးညံ့ျပရမယ္မွန္းမသိဘူး "

Baekhyun သည္ အေနရခက္စြာ ေခါင္းကို ငုံ႕ထားရင္း ဘာျပန္ေျပာရမယ္မွန္း မသိေပ ။ သာမာန္ ရည္းစားထားသည္ဟု သေဘာထားရေအာင္လည္း မိမိရည္းစားက မာဖီးယား ဂိုဏ္းေခါင္းေဆာင္ တစ္ေယာက္ျဖစ္ေန၏ ။ ဘယ္လိုသတၱိမ်ိဳးႏွင့္ သူခြၽဲရဲ ဆိုးရဲ မတဲ့တုန္း ။

" ျဖစ္နိုင္ရင္ ကိုယ္အခု မင္းကို ကိုယ့္ေပါင္ေပၚထက္မွာ ထိုင္ေစခ်င္တာ... ဒါေပမယ့္ မင္းကိုၾကည့္ရတာ အရမ္း မသက္မသာ ျဖစ္ေနပုံ ရတယ္ "

" မ.. မဟုတ္ပါဘူး "

မဟုတ္ပါဘူး ေျပာေနေပမယ့္ Baekhyun နဖူးစပ္နားေလးတြင္ စို႔စျပဳေနေသာ ေခြၽးဥေလးမ်ားက သက္ေသတည္ေနသည္ ။ ထိုအရာကို ျမင္ေတာ့ Chanyeol ခပ္စစ ၿပဳံးလိုက္ၿပီး အိတ္ေထာင္ထဲမွ ပုဝါစကို ဆြဲထုတ္လိုက္သည္ ။

ထို႔ေနာက္ မ်က္ႏွာေသးေသးေလးနားသို႔ ေခါင္းေစာင္းကာ ကပ္သြားၿပီး နားထင္စပ္မွ ေခြၽးဥေလးမ်ားကို အသာအယာ ခပ္ဖြဖြ သုတ္ေပးလိုက္၏ ။

" ေၾကာက္ေနစရာမလိုဘူး ေဘဘီ
ကိုယ္ေသသြားရင္ေတာင္ မင္းကိုေတာ့ ထိခိုက္ေအာင္ လုံးဝလုပ္မွာ မဟုတ္ဘူး ။ အဲ့ဒါကို ယုံ "

Baekhyun အလြန္တရာ နီးကပ္ေနေသာ ေခ်ာေမာခန့္ညားသည့္ မ်က္ႏွာကို ေမာ့ၾကည့္ရင္း ခပ္ဖြဖြေလး ၿပဳံးျပလိုက္သည္ ။ အၿမဲတမ္း ေအးစက္ၾကမ္းတမ္းေနတတ္ေသာ အၾကည့္ေတြက မိမိထံ ေရာက္ေနခ်ိန္မွာေတာ့ ႏူးညံ့ႏြေးေထြးေနတာကို Baekhyun အသိအမွတ္ျပဳပါသည္ ။

ထို႔ေၾကာင့္ တစ္ခါတစ္ေလေတာ့လည္း မိမိဘက္မွ အစစ္အမွန္ ရည္းစားတစ္ေယာက္လို သေဘာထားျပေပးဖို႔လိုသည္ဟု ထင္မိ၏။ထို႔ေၾကာင့္ Baekhyun မ်က္လုံးေတြကို ေမွးစင္းရင္း ႏႈတ္ခမ္းထူထူေတြထံ ရည္မွန္း၍ မ်က္ႏွာေလးေမာ့ကာ နမ္းမိသည္။

သူ႕ခႏၶာကိုယ္သည္ ခ်က္ခ်င္းကို လွစ္ခနဲ ေပြ႕ခ်ီခံလိုက္ရၿပီးေနာက္ ႀကီးမားေသာ ရင္ခြင္ႀကီး အတြင္းသို႔ ကေလးငယ္တစ္ေယာက္သဖြယ္ ေရာက္ရွိသြားရ၏ ။

သူ ထိကပ္႐ုံ အစျပဳမိခဲ့ေသာ အနမ္းတို႔သည္ တစ္ဖက္လူ၏ ဦးေဆာင္မႈေအာက္တြင္ ျပင္းျပင္းျပျပ အနမ္းေတြအျဖစ္ အသြင္ ေျပာင္းသြားၿပီး လုံးပါးပါး မတတ္ အနမ္းခံရေတာ့သည္ ။

ႀကီးမားေသာ လက္တစ္ဖက္သည္ သူ႕ေက်ာေအာက္တြင္ ထိန္းကိုင္ထားၿပီး တစ္ဖက္ကေတာ့ အေပၚမွေန စီးအုပ္၍ သူ႕​တင္ပါးတစ္ဖက္ေပၚသို႔ ေရာက္လုေရာက္ခ်င္ျဖစ္ေနသည္ ။

အသက္ရႉက်ပ္လာေသာ တစ္ခဏတြင္ Baekhyun အသာအယာေလး လည္ပင္းညွပ္ရိုးနားကို လက္ဝါးေလးႏွင့္ တြန္းမိေတာ့ အသာတၾကည္ဖယ္ေပးလာ၏ ။ သို႔ေသာ္ မ်က္ႏွာေတြကေတာ့ နီးကပ္ေနဆဲ ျဖစ္စြာ သူ႕ကို ၿပဳံးလို႔ အုပ္မိုးၾကည့္ေနသည္ ။

ဤအေျခအေနတြင္ေတာ့ Baekhyun လည္း အမွန္တကယ္ ရင္တဒိတ္ဒိတ္ခုန္ေနရကာ မ်က္ႏွာေခ်ာေခ်ာထက္ လက္ေခ်ာင္းေလးမ်ားႏွင့္ ထိေတြ႕ၾကည့္မိ၏ ။ မ်က္လုံးစြန္းကို ကန့္လန့္ျဖတ္ေနေသာ အမာ႐ြတ္က သူ႕အတြက္ေတာ့ ေၾကာက္စရာ မေကာင္း ။ ေဘးဘက္ကို လွန္ခြဲထားေပမယ့္ နဖူးေပၚ တစ္စႏွစ္ က်ေနတဲ့ ဆံပင္ေတြကိုသာ ႏွစ္ၿခိဳက္စြာ ၾကည့္ေနမိသည္ ။

" Chan က အရမ္းခန့္ညားတယ္ "

" အင္း... အဲ့လိုလူက မင္းအပိုင္ပဲေလ ေဘဘီ "

စကားအဆုံး Baekhyun ၏ ပါးတစ္ဖက္ ႐ႊတ္ခနဲ အနမ္းခံလိုက္ရ၏ ။ အမွန္တကယ္လည္း Chan က သူ႕ကို သိပ္ခ်စ္ပုံ ေပၚပါသည္ ။

" ၾသ...ေမ့ေတာ့မလို႔
မင္းအတြက္ Cake ဝင္ဝယ္လာတယ္ ေဘဘီ
ေက်ာင္းဆင္းခ်ိန္ဆိုေတာ့ ဗိုက္ဆာမွာစိုးလို႔ "

" ဟင္ ! Cake ? "

Baekhyun မ်က္လုံးေလးေတြ ခ်က္ခ်င္းျမဴးထူး၍ တစ္လက္လက္ ေတာက္ပသြား၏ ။

ထို အမူအယာေလးက Chanyeol အသည္းႏွလုံးကို လႈပ္ကိုင္နိုင္စြမ္း အရွိဆုံးျဖစ္သည္ ။ အျခား ပကာသနေတြ ဘယ္ေလာက္ ျပည့္စုံေအာင္ ျဖည့္ဆည္းေပးေပး အေနရခက္ေနတဲ့ အမူအယာက ပိုမလာေသာ ေကာင္ေလးသည္ အစားအေသာက္ႏွင့္ဆိုလွ်င္ေတာ့ မ်က္ဝန္းေလးမ်ားအထိ တလက္လက္ ေတာက္ပလာေလ့ရွိသည္။

ကေလးမုန့္ေပးႀကိဳက္သည္ဆိုသည္မွာ ဒါမ်ိဳးမွ အစစ္ထင္ပါရဲ႕ ။

မာဖီးယား ဂုဏ္သိကၡာႏွင့္ မလိုက္ဖက္ေသာ အလုပ္ေတြခ်ည္း သူလုပ္ေနရသည္ ။

ဒီေကာင္ေလးႏွင့္ ပတ္သတ္သမွ်ကို ကိုယ့္ေျခကိုယ့္လက္ႏွင့္မွ ျဖည့္ဆည္းေပးခ်င္ေသာ ဆႏၵရွိေနေတာ့လည္း ေျပာင္ေျပာင္လက္လက္ ႏွင့္ သစ္လြင္ေတာက္ပေနေသာ Cake ဆိုင္ထဲ မ်က္ႏွာရွစ္ေခါက္ခ်ိဳးႏွင့္ ဝင္တန္းစီခဲ့ရ၏ ။

ႀကီးမားလြန္းေသာ ခႏၶာကိုယ္တည္ေဆာက္ပုံ ၊ အားလုံးထက္ ရင္ဘတ္မွစ၍ ျမင့္ေနေသာ အရပ္ ၊ မ်က္လုံးေထာင့္စြန္းမွ ကန့္လန့္ျဖတ္ အမာ႐ြတ္တို႔က ဘယ္လိုၾကည့္ၾကည့္ လူမိုက္ႀကီးတစ္ေယာက္ထက္ မပိုနိုင္ေခ် ။

သူ႕ေရွ႕တြင္ Cake ဝယ္ရန္ တန္းစီေစာင့္ေနေသာ အမ်ိဳးသမီးတစ္ဦး ခ်ီထားသည့္ ကေလးဆိုလွ်င္ သူ႕ကို အေတာ္ၾကာ ေငးကာ ေမာ့ၾကည့္ေနသျဖင့္ မ်က္ဆန္ကို ေအာက္ေ႐ြ႕ကာ ခပ္တည္တည္ ျပန္ၾကည့္ေပးလိုက္႐ုံရွိေသး ႐ုတ္တရက္ တၿဗဲၿဗဲ ထငိုေတာ့၏ ။

မဆီမဆိုင္သူ႕မွာ ကေလးအေမဆီကပါ မ်က္ေစာင္းထိုးခံလိုက္ရေသးသည္ ။

ဤသို႔ အခက္အခဲမ်ား ၾကားထဲကမွ သူဒီေကာင္ေလးအတြက္ ပန္းႏုေရာင္ စေတာ္ဘယ္ရီအရသာ Sponge Creamy Cake ေလး တစ္လုံးရလာခဲ့ျခင္းပင္ ။

ယခုေတာ့ ဝယ္လာရသည္ႏွင့္တန္ေအာင္ ေဆးေက်ာင္းသား ေပါက္စေလးက Cake ေလး ရင္ခြင္ထဲ ပိုက္လွ်က္ ဇြန္းတစ္ေခ်ာင္းႏွင့္ ဖဲ့စားရင္း ၿပဳံး႐ႊင္ေနေလၿပီ ။

Chanyeol ေျခခ်ိတ္ထိုင္ေနရင္းမွ ထိုျမင္ကြင္းေလးကို လက္တစ္ဖက္ ပါးတြင္ေထာက္ရင္း ေခါင္းေစာင္းကာ ေငးၾကည့္ေနမိ၏။

သူဝယ္လာေသာ Cake က Size အေတာ္အသင့္ႀကီးေသာ္လည္း ဤေကာင္ေလး စားမကုန္ရန္ေတာ့ ပူစရာမလိုေပ ။ တစ္ထိုင္တည္းႏွင့္ အကုန္သြတ္နိုင္ေၾကာင္း Chanyeol သိ၏ ။

" အရသာရွိလား "

တဆတ္ဆတ္ ျငႇိမ့္ျပလာေသာ ေခါင္းလုံးလုံးေလးသည္ သူ႕ရင္ဘတ္အား ငွက္ေမြးေလးႏွင့္ ကလိေနသလို ယားက်ိက်ိ ျဖစ္လာေစသည္။

" ကိုယ့္ကိုလည္း နည္းနည္းေကြၽးပါဦး "

ထိုအခါ Baekhyun ေလးသည္ Cake ၏ Cream မ်ားမ်ားႏွင့္ အရသာရွိသည့္အပိုင္းအား အေသအခ်ာ ဇြန္းႏွင့္ ဖဲ့ယူကာ Chanyeol ထံခြံ႕လာေလသည္ ။

ဒီေကာင္ေလးေၾကာင့္မွ မဟုတ္လွ်င္ ဒီလို ကေလးကလားအစားအစာေတြ Chanyeol သိပ္စားျဖစ္မည္မဟုတ္ေပ ။ ခုေတာ့ သိပ္မဆိုးလွ ။ Cake သားေလးက ႏူးႏူးညံ့ညံ့ ခ်ိဳခ်ိဳေလးႏွင့္ စား၍ ေကာင္းသည္ ။

Cream ေပေနတဲ့ ႏႈတ္ခမ္းေလးဆို မည္မွ် ပိုအရသာရွိမည္နည္း။

Chanyeol က သိပ္ေတြေဝေနတတ္တဲ့အထဲ မပါေပ ။ ေတြးမိလွ်င္ ေတြးမိခ်က္ခ်င္းကို Cream ေလးမ်ား ေပက်ံလွ်က္ ရွိေသာ ႏႈတ္ခမ္းေသးေသး ရဲရဲေလးကို လွစ္ခနဲ ငုံေထြးမိေတာ့သည္။

Baekhyun သည္ တိုး၍ တိုး၍ တစ္လႊာခ်င္း စုပ္ယူ နမ္းရွိုက္ခံလိုက္ရေသာ ႏႈတ္ခမ္းအစုံေၾကာင့္ မ်က္ဝန္းေလးမ်ား ခ်က္ခ်င္း ျပဴးက်ယ္ကုန္၏ ။ Chanyeol ၏ လွ်ာႏြေးႏြေးသည္ သူ႕ေအာက္ႏႈတ္ခမ္းပါးေလးေပၚ ေျပးလႊားရင္း အရသာခံကာ လ်က္ေနသည္ ။

" ဟိုေလ Boss "

" ... "

" Boss "

" ... "

" Boss ေရ "

" ဘာလဲကြ !!! "

ေနာက္ခန္းထဲမွ ဟိန္းထြက္လာေသာ အသံႀကီးေၾကာင့္ ေရွ႕က Driver ကတုံးတစ္ေကာင္ခမ်ာ ဆတ္ခနဲ တုန္ယင္သြားရရွာသည္။ ထို႔ေနာက္ မရဲတရဲႏွင့္ပဲ ။

" ဟို... သခင္ေလးတို႔ ရပ္ကြက္ထဲ ေရာက္ပါၿပီလို႔ ။
ကားက ဆက္ေမာင္းမရေတာ့ဘူးေလ ။
လမ္းေလွ်ာက္သြားရမယ္ ထင္တယ္ "

Baekhyun တို႔ရပ္ကြက္သည္ ဆင္ေျခဖုံး ရပ္ကြက္တစ္ခုျဖစ္သည့္အတြက္ အိမ္ေလးေတြက က်ဥ္းက်ပ္ကာ လမ္းႀကိဳလမ္းၾကားထဲ ႁပြတ္သိပ္က်ပ္ေန၏ ။ Baekhyun အိမ္ကလည္း ထိုလမ္းႀကိဳလမ္းၾကားထဲမွ တစ္အိမ္မို႔ ဤေနရာမွ စ၍ လမ္းေလွ်ာက္ကာ ေလွကားထစ္မ်ားေပၚမွ တက္သြားရေပမည္ ။

မၾကာမီပင္ ကားထဲမွ မ်က္ႏွာရဲရဲႏွင့္ သခင္ေလးက Cake ဘူးေလး ပိုက္ကာ ထြက္လာ၍ Boss ကေတာ့ မႈန္ကုပ္ကုပ္ မ်က္ႏွာႀကီးႏွင့္ ထြက္လာေလသည္ ။ ထို႔ေနာက္ ထို Driver အား မေက်မနပ္ျဖင့္ ၾကည့္ရင္း ။

" ဟို ကားေနာက္တစ္စီးနဲ႕ ေကာင္ေတြပါေခၚၿပီး ဂိုဏ္းကို ျပန္ေတာ့"

" ဒါေပမယ့္ Boss... "

" ကြၽတ္စ္... လွ်ာရွည္ခ်င္ေသးတာလား "

ခါတိုင္းဆိုလွ်င္ေတာ့ မရအရ ပူဆာကာ ေနခဲ့၍ ရေပမယ့္ ယခုအခါ သူအမွားလုပ္မိထားပုံ ေပၚေသာေၾကာင့္ Boss ၏ ေဒါသ စနက္တံအား သြားမျဖဳတ္ရဲေတာ့ေပ ။ အလွ်င္အျမန္ ဦးၫႊတ္ႏႈတ္ဆက္ရင္း ထြက္လာခဲ့ရေလေတာ့သည္ ။

______________________________

1 part will be contain only about 2000 words. It's may be short, but the update will be fast.

Continue Reading

You'll Also Like

33.8K 1.5K 96
This is a fan translation of KP novel.........
805K 26K 58
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
625K 5.2K 23
လိင်နှစ်မျိုးပါတဲ့ဒွိလိင်ကောင်လေးကို မွေးစားထားသည့်အဖေနှင့်အစ်ကိုကြီးက စားသည့်ဇာတ်လမ်း သုံးကြိမ်မြောက်ပြန်တင်ချင်း အသက်မပြည့်သေးရင်မဖတ်ပါနဲ့ရှင် crd...
371K 35.1K 101
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...