Uni..
"Boss... ဒီနေ့ ကျွန်တော်တို့ ဝယ်ဖို့ လုပ်ထားတဲ့ မြေကွက်ပိုင်ရှင်နဲ့ ချိန်းထားတယ်...."
"အေး သွားမယ်လေ..."
"ကျွန်တော်တို့နဲ့ အပြိုင်ဝယ်မဲ့ ဝယ်လက်ကိုလည်း အတူချိန်းထားတယ်လို့ကြားပါတယ်..."
"ဘာလဲ ဟိုDeltaပိုင်ရှင်လား..."
"ဟုတ်ကဲ့ Boss..."
"ကောင်းတာပေါ့... ငါပေးသမျှ ဈေးတွေနဲ့ အပြိုင် လိုက်ဝယ်နေတဲ့ ပြိုင်ဘက်ကို ငါလည်း တစ်ခါလောက်တော့ ဆုံဖူးသွားတာပေါ့ကွာ... ဘယ်အချိန် ချိန်းထားလဲ..."
"တစ်နာရီပါ..."
"အချိန်တောင် သိပ်မလိုတော့ဘူးပဲ... လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ပြီးတာနဲ့ ငါ့ကိုလာခေါ်လိုက်..."
"ဟုတ်ကဲ့ boss... ခွင့်ပြုပါဦး...."
"အေး..."
Sehunထွက်သွားတော့ အလုပ်စားပွဲပေါ်တင်ထားသော ဖုန်းလာ၍ယူကြည့်လိုက်တော့ Baekhyunထံမှ ဖြစ်သည်...
"Baekhyun ပြော..."
"ဘာ!... ကလေးငယ် အက်ဆီးဒင့်ဖြစ်လို့... ဘာဖြစ်သွားသေးလဲ..."
"ဪ အေးပြီးရော... ငါ သွားစရာတစ်ခုရှိတယ်... အဲ့ဒါပြီးတာနဲ့ ပြန်လာခဲ့မယ်... Haeraကိုလည်း ငါ ဖုန်းဆက်ထားလိုက်မယ်..."
"ဘာမှ မှာစရာမရှိတော့ဘူး... ကလေးငယ်ကိုသာ သေချာဂရုစိုက်ထားလိုက်..."
"Boss... ကျွန်တော်တို့ သွားကြရအောင်..."
"အေး လာပြီ..."
Baekhyunနဲ့ ဖုန်းပြောအပြီး Sehunလာခေါ်သောကြောင့် Krisနဲ့ Sehunတို့ ချိန်းထားသော နေရာသို့ထွက်လာခဲ့ကြသည်...
မြေကွက်ရောင်းမည့်သူနဲ့ တွေ့တဲ့အချိန်မှာတော့ တစ်ဖက်က ပြိုင်ဘက်ကရောက်မလာသလို ဝယ်ဖို့ကိုလည်း သူတို့ဘက်က လက်လျှော့လိုက်ကြောင်းပြောလာ၍ ထိုမြေကွက်ကို Krisတို့ရလိုက်သည်...
"Bossတော့ ပျော်နေမှာပဲနော်... မြေကွက်က အဆင်ပြေပြေနဲ့ ရသွားလို့..."
"အေးကွာ... ဒီလောက်ထိအပြိုင်ပေးလာပြီးမှ သူတို့ဘာလို့ လက်လျှော့သွားလည်းဆိုတာ ငါနားမလည်ဘူး... ဒီလောက်နေရာကောင်းတဲ့ အကွက်ကို ငါသာဆို လက်မလျှော့လောက်ဖူး..."
"ဟုတ်တယ်နော် boss..."
"ထားလိုက်ပါ... Sehun အလုပ်ကိစ္စအရေးကြီးတာ ဘာရှိသေးလဲ..."
"အရေးကြီးတာတော့ မရှိတော့ဘူး... boss ဘာလုပ်စရာရှိလို့လဲ..."
"ကလေးငယ် အက်ဆီးဒင့်ဖြစ်လို့တဲ့လေ... Baekhyun ဖုန်းဆက်လာတယ်..."
"ဗျာ!!!... တော်တော်ထိသွားလား..."
"သိပ်တော့မထိဘူးလို့ပြောတာပဲ... ဒါပေမယ့် ကလေးငယ် အခြေနေသိအောင် အခုအိမ်ကို ပြန်မယ်..."
"ဟုတ်ကဲ့..."
ခြံထဲ ကားရပ်လိုက်သည်နှင့် Kris မြန်ဆန်သော ခြေလှမ်းများဖြင့် Krisအိမ်ထဲ ဝင်ခဲ့လိုက်သည်....
အိမ်ထဲ ဝင်,ဝင်ခြင်း ကြားလိုက်ရသော ရယ်သံတို့ကြောင့် ဧည့်ခန်းကို ကြည့်လိုက်မိတော့ ကလေးငယ်နဲ့အတူ လူစိမ်းတစ်ဦးတို့ကို တွေ့လိုက်ရသည်...
"ကလေးငယ်...."
ကလေးငယ်ကို အသံပေးလိုက်ကာ ကလေးငယ်ထံတည့်တည့်သွားလိုက်သည်...
ထရပ်မည်ပြုပြီးမှ ပြန်ထိုင်ကျသွားသော ကလေးငယ်ထံမှ နာကျင်သွားဟန် အာမေဋိတ်သံထွက်လာတာမို့ Kris လျင်မြန်စွာပင် ကလေးငယ်အနားရောက်သွားတော့သည်...
အနားရောက်မှ ကြည့်မိတော့ ကလေးငယ်၏ ညာဘက်ခြေထောက်တွင် ဒူးအထိ ကျောက်ပတ်တီးအပြည့်ကနေရာယူထားသည်...
"Krisရောက်လာပြီလား..."
အအေးခွက်တို့ တင်ထားသောဗန်းကို ကိုင်ကာKrisတို့အနားကို ရောက်လာသော Haeraက Krisကို မေးလာသည်...
ထို့နောက် အအေးခွက်တို့ကို ဧည်သည့်လူစိမ်းရှေ့တွင်ရော Krisရှေ့တွင်ပါချပေးပြီးမှ Krisတို့ အနီးတွင် ဝင်ထိုင်သည်...
"Haera ကလေးငယ် အခြေနေ..."
"ခြေထောက်အရိုးနည်းနည်းလေးအက်သွားတာ... ကျန်တာတော့ကြီးကြီးမားမား မဖြစ်ပါဘူး... ငါရောက်တော့ သူတို့က ဆေးခန်းကပြန်လာနေပြီလေ...."
"ကျွန်တော် တောင်းပန်ပါတယ်ဗျာ... ကျွန်တော် သတိမထားမိလိုက်လို့ အခုလိုဖြစ်သွားရတာ..."
ဧည့်သည်လူစိမ်းက ပြောလာတော့မှ ကလေးငယ် အခုလိုဖြစ်ရတာ ထိုသူကြောင့်မှန်း Krisသိလိုက်ရသည်... အစကတော့ Haera အသိထင်နေတာ...
"Hyung အမှားမဟုတ်ပါဘူး... Chanကြောင့်ကို Chanက လမ်းပေါ် စကိတ်တက်စီးလို့ဖြစ်ရတာလေ..."
တစ်ဖက်သူ၏ တောင်းပန်စကားကို နားထောင်နေခိုက် ကလေးငယ်ထံမှ အသံထွက်လာသည်... လမ်းပေါ် စကိတ်တက်စီးတယ်တဲ့...
ထိုစကားကို ကြားကြားခြင်း Krisရဲ့ စူးရဲရဲအကြည့်က မလှမ်းမကမ်းတွင်ရပ်နေသော Baekhyunထံရောက်သွားသည်...
Baekhyunက Krisရဲ့အကြည့်ကြောင့် အပြစ်ရှိသူတစ်ယောက်လို ခေါင်းငုံ့သွားတော့သည်...
အကိုလေးတစ်ခုခုဖြစ်တိုင်း အဆူခံ အပြောခံရတာသည် အကိုလေးကို စောင့်ရှောက်ဖို့ တာဝန်ပေးခြင်းခံရတဲ့ သက်တော်စောင့်တွေသာဖြစ်သည်...
ထိုထဲတွင်မှ Baekhyunဆိုတဲ့ လူသားလေး အဆူခံ အပြောခံရချိန်ဆို Sehunတစ်ယောက် အကိုလေးကိုသာ ပြေးသာလုပ်ပစ်ချင်တော့....
သူ အငြိမ်မနေလို့ သူဖြစ်ပြီးရင် ကျန်တဲ့သူတွေ boss အဆူအပြောကို လှိမ့်နေအောင်ခံရတာ...
ပြီးတော့ အကိုလေးဆိုသည်မှာလည်း ပြဿနာမရှာတဲ့ရက်ဆိုတာ မရှိသလောက်ပဲ...
အခုလည်း bossအကြည့်နဲ့တင် အပြစ်ရှိသူလို ခေါင်းငုံ့သွားတဲ့ကောင်လေးကို ကြည့်ပြီး Sehunသနားမိပေမယ့်လည်း ကိုယ်တွေလို အလုပ်သမားတွေက အလုပ်ရှင်ကို ဘာများပြောနိုင်မှာမို့လို့လဲ...
ဧည့်သည်ရှိနေတာကြောင့် Kris ဘယ်သူ့ကိုမှဘာမှမပြောပဲ ငြိမ်နေလိုက်သည်...
"အခုလိုမျိုး ကျွန်တော့် ညီကို ကူညီပြီး ဆေးခန်းကိုပါပြပေးလို့ ကျေးဇူးတင်ပါတယ်..."
"မဟုတ်တာပဲ... ကျွန်တော် လုပ်ပေးသင့်တဲ့အရာမို့ လုပ်ပေးတာပါ... ပြီးတော့ ကျွန်တော်က ကိုရီးယားကို ရောက်တာမကြာသေးတော့ ကားမောင်းတာလည်း လမ်းသိပ်မကျွမ်းသေးတာကြောင့်လည်း အခုလိုမတော်တဆဖြစ်သွားရတာပါ..."
"ဒီက?..."
"Willim Kimပါ...."
"ဟုတ်ကဲ့ ကျွန်တော်က Krisပါ... Willim Kimက ကိုရီးယား လူမျိုးမဟုတ်ဘူးလား..."
Krisစိတ်ထဲ သူသိနေသော Deltaပိုင်ရှင်၏ နာမည်နဲ့တူနေ၍ ထိုသူများလားဟုတွေးမိပြီး မသင်္ကာဖြစ်မိသည်ကို စိတ်ထဲတွင်သာထားကာ ပြန်နှုတ်ဆက်လိုက်သည်...
"ကျွန်တော်က ကိုရီးယားလူမျိုးပါ ငယ်ငယ်ထဲက နိုင်ငံခြားမှာနေခဲ့ပြီး အခုမှ အလုပ်ကိစ္စကြောင့် ကိုရီးယားရောက်လာခဲ့တာပါ..."
"ဪ!... ဘာပဲဖြစ်ဖြစ်ပါ ကျွန်တော်တို့က ဒီကလူတွေဆိုတော့ အကူညီလိုရင်ပြောပေါ့... ကျွန်တော်တို့ အိမ်ကိုလည်း အချိန်မရွေးလာလည်လို့ရပါတယ်... Chanyeolကို ကူညီပေးထားတဲ့သူဆိုတော့ ကျွန်တော်တို့အတွက် မိတ်ဆွေတွေလိုပါပဲ..."
"ဟုတ်ကဲ့... ဒါဖြင့် ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး အလုပ်ကိစ္စတွေရှိသေးလို့..."
"ကောင်းပါပြီ..."
"Chanလေး hyung ပြန်ပြီ..."
"Nae hyung အချိန်ရရင်လာလည်ဦးနော်..."
"ကောင်းပါပြီဗျာ..."
Krisကလွဲပြီး ကျန်တဲ့သူတွေဆို hyungလို့ ခေါ်တဲ့ ကလေးငယ်က အခုလည်း Willim Kimဆိုသူကို hyungလို့ခေါ်ကာ အပြုံးလေးတွေနဲ့နှုတ်ဆက်တယ်...
ထိုသူကလည်း ကလေးငယ် ခေါင်းကို အသာဖွကာ နှုတ်ဆက်ပြီး ပြန်သွားတော့သည်... Krisတောင် ထိုသို့ထိတွေ့ခွင့်မရသည်မှာ ဘယ်လောက်တောင်ကြာပြီလဲ...
"Boss..."
"စာကြည့်ခန်းထဲသွားမယ် Sehun..."
Sehun ဘာပြောချင်နေလဲ Kris သိတာကြောင့် စာကြည့်ခန်းထဲသွားဖို့ပြောလိုက်သည်....
"Haera အေးဆေးပဲမလား... ညနေစာ စားပြီးမှ ပြန်..."
"အေးပါ... အေးဆေးပဲ နင် ကိစ္စရှိတာ အရင်သွားလုပ်လိုက်လေ..."
"အေး... Baekhyun ကလေးငယ်ကို သေချာစောင့်ရှောက်ပါ..."
"ဟုတ်ကဲ့..."
ဆူလည်း မထူးတော့တာမို့ Baekhyunကို ကလေးငယ်ကို သေချာစောင့်ရှောက်ဖို့မှာပြီး Kris စာကြည့်ခန်းထဲကို ဝင်တော့ Sehunကလည်း အနောက်က ပါလာသည်...
"ထိုင် Sehun..."
"ဟုတ်..."
Sehunရော Krisပါ ဆက်တီခုံတွင် ထိုင်လိုက်ကြသည်...
"Willim Kimအကြောင်းပြောမလို့လား Sehun..."
Bossထံမှ ထိုစကားကြားတော့ Sehun အံ့ဩသွားသည်...
"Boss!..."
Krisသိနေသလို Sehunလည်း သိနေမှာက မလွဲပေ... Deltaပိုင်ရှင်အကြောင်းကို Sehun ကိုယ်တိုင် စုံစမ်းထားခဲ့တာမဟုတ်လား...
"သူ့ နာမည်ပြောလိုက်ထဲက ငါ ရိပ်မိနေတာ... ပြီးတော့ ကိုရီးယားလိုပြောတဲ့ လေယူသိမ်းကလည်း သိပ်မပီပြင်တော့ ငါက နိုင်ငံခြားသားအမှတ်နဲ့ မေးလိုက်ချိန်မှာ သေချာသလောက်ဖြစ်သွားတာ..."
"ဟုတ်ကဲ့..."
"သူနဲ့ ကလေးငယ်ဆုံတာ မတော်တဆဟုတ်ရဲ့လား စုံစမ်းပါ Sehun.... ကြည့်ရတာ သူက ငါ့ကို သိနေတဲ့ပုံပေါ်တယ်... ပြီးတော့ သူ မြေကွက်ကို လက်လျှော့လိုက်တာလည်း ပုံမှန်တော့ မဟုတ်လောက်ဘူး... သူ့အကြောင်းကို အသေးစိတ်သိရအောင် စုံစမ်းပါ..."
"ဟုတ်ကဲ့ boss... boss တခြား ခိုင်းစရာ ကျန်သေးလား..."
"မရှိတော့ဘူး... ပြန်ချင်နေပြီလား... ညနေစာ စားပြီးမှ ပြန်လေ..."
"ဟုတ်ကဲ့...."
တစ်ယောက်တည်းနေတဲ့ Sehunကို bossက ကြုံရင် ကြုံသလို bossအိမ်မှာပဲ ထမင်းစားစေတယ်... ဆရာနဲ့တပည့်ဆိုပေမယ့် တစ်ခါတလေမှာ Sehunက bossအတွက် တိုင်ပင်ဖော်တစ်ဦးဆိုလည်း မမှားပေ...
"ငါလည်း ခဏ နားဦးမယ်... မင်းလည်း နားပေါ့..."
"ဟိုလေ boss..."
စာကြည့်ခန်းထဲက Krisထွက်ဖို့ပြင်တော့ Sehun ကြည့်ရတာ ပြောစရာရှိနေဟန်ကြောင့် Kris ရပ်နေလိုက်သည်...
"မနက်ဖြန် sundayမလား..."
"အေးလေ... မင်းလည်း နားတယ်... ငါလည်း နားတယ်လေ..."
"အဲ့ဒါလေ... ကျွန်တော် bossဆီမှာ ခွင့်တောင်းစရာလေးရှိလို့..."
"ပြော..."
"မနက်ဖြန် Baekhyunကို ခွင့်တစ်ရက်လောက်ပေးလို့ရမလား..."
Sehunရဲ့ တောင်းဆိုမှုကြောင့် Kris အံ့ဩသွားရသည်...
Baekhyunနဲ့ Sehunကို ရင်းနှီးတယ်လို့လည်း Kris မမြင်မိပါဘူး...
"ဘာအတွက်လဲ..."
"ကျွန်တော် သူ့ကို အပြင်ခေါ်သွားစရာရှိလို့ပါ..."
"မင်းတို့က ဘယ်တုန်းက ရင်းနှီးသွားတာလဲ..."
"အရင်ထဲကပါ boss... bossဆီမှာ အလုပ်မဝင်ခင်ထဲက ကျွန်တော်တို့ သိကြပါတယ်... ကျွန်တော်တို့ ပြန်တွေ့ပြီးထဲက အေးဆေးစကားမပြောဖြစ်တာကြောင့် bossဆီမှာ အခုလို ခွင့်တောင်းတာပါ..."
"ရတယ်လေ... ငါ ခွင့်ပြုပေးမယ်... ဒါပေမယ့် Baekhyunက နားရက်ယူလေ့မရှိဘူးဆိုတော့ မင်း ကိုယ်တိုင်ပဲ သူ့ကို သွားပြောပေါ့... သူ လိုက်တယ်ဆို ခေါ်သွား..."
Bossရဲ့ ခွင့်ပြုပေးမှုမှာ Sehun ပျော်သွားပေမယ့် နောက်ထပ်ပြောလာသော bossစကားတို့ကြောင့် Sehun စိတ်ညစ်သွားသည်...
မိုးလင်းကမိုးချုပ် အကိုလေးအနားမှာ ကပ်နေတဲ့ သူ... Sehun သိသလောက် နားရက် လုံးဝမယူတဲ့ သူကို Sehun ဘယ်လိုခေါ်ရပါ့မလဲ...
"ဟိုလေ... Baekhyun လိုက်ဖို့ကို bossပဲပြောပေးလို့မရဘူးလား..."
ပြောလို့မပြီးနိုင်သေးသော Sehunက Kris စိတ်မရှည်စွာ ကြည့်လိုက်တော့ မျက်နှာငယ်လေးနဲ့ Krisကို ကြည့်နေသည်...
ဒီကောင်လေးက အခုလိုမျိုး တောင်းဆိုတာ သိပ်မရှိသလို အလုပ်ဆိုလည်း တာဝန်ကျေလွန်းတာကြောင့် ဒီတစ်ကြိမ်တော့ Kris ကူညီပေးဖို့ဆုံးဖြတ်လိုက်သည်...
"ဒီတစ်ခေါက်ပဲနော် Sehun..."
"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် boss..."
Krisကို မဖက်ရုံတမယ် ထခုန်မတက်ပျော်နေသော Sehunကို စာကြည့်ခန်းထဲ ထားခဲ့ကာ Kris ထွက်လာခဲ့လိုက်သည်...
အပြင်ရောက်တော့ ဧည့်ခန်းထဲမှာ Haera လပ်တော့ပ်တစ်လုံးနဲ့ အလုပ်ရှုပ်နေတာကြောင့် Kris အဝတ်စားလဲဖို့ အပေါ်ထပ်သို့ တက်လာခဲ့လိုက်...
ကလေးငယ်ကိုလည်း အောက်ထပ်မှာ မမြင်မိတာကြောင့် ခြံထဲမှာ မဟုတ်ရင် သူ့အခန်းထဲမှာပဲဖြစ်လိမ့်မည်...
ထိခိုက်သွားတာကို စိတ်မကောင်းဖြစ်မိပေမယ့် ခြေထောက်ထိသွားတာဆိုတော့ ခဏတော့ အိမ်တွင်ခြေငြိမ်နေဦးမည်ကိုတွေးကာ စိတ်ထဲပျော်နေမိတာတော့ အမှန်....
မဟုတ်ရင် တစ်နေ့တနေ့ Baekhyunထံကဖြစ်ဖြစ် အိမ်ကဖြစ်ဖြစ် ဖုန်းလာရင် Krisမှာ လန့်နေရတယ်...
Haeraဆိုသည်မှာလည်း ကလေးငယ်ကြောင့် တစ်ပတ်ကို ငါးရက်လောက်က အိမ်ကိုရောက်နေရော...
Kris အဝတ်စားလဲပြီးတာနဲ့ ခဏလောက်လှဲဦးမည်ဟုတွေးကာ ကုတင်ပေါ်လှဲလိုက်သည်...
"ဟဲ့ Krisထတော့... Kris ထတော့..."
"အင်... ဘာလဲဟာ..."
ကိုယ်နှိုးနေသည်ကို မထသေးပဲ တစ်ဖက်သို့လှည့်ကာ ခေါင်းအုံးကို သူ့ရည်စားသဖွယ် ပွေ့ပိုက်ပြီး အိပ်နေသော သူငယ်ချင်းဖြစ်သူ၏တင်ပါးကို သူမ ခပ်နာနာလေး ရိုက်ချပစ်လိုက်သည်...
"အား... နာတယ်ဟ..."
တင်ပါးကိုပွတ်ပြီး ထထိုင်လေသော Krisက သူမကို မကြည်ကြည့် ကြည်လာသည်...
"နှိုးနေတာကို ထမှ မထပဲ..."
"ဘာလဲဟာ... ဘာလုပ်ဖို့လဲ..."
"ညနေစာ စားမလို့လာနှိုးတာလေ အချိန်ကိုလည်း ကြည့်ဦး... မှောင်တောင် မှောင်တော့မှာ... ငိုက်မနေနဲ့ ထတော့..."
"အေး ထပါပြီဟ... Haera မသိမ်းနဲ့တော့လေ... ပြီးတော့ မကြာခင် ပြန်အိပ်ရတော့မှာကို..."
Kris ကုတင်ပေါ်က ဆင်းတော့ အိပ်ရာကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်လုပ်ဖို့ပြင်နေသော Haeraကို လှမ်းတားလိုက်သည်...
"ငါ မနေတက်လို့ပါ..."
"ပြောမရလည်း သဘောပဲ... ငါ လန်းသွားအောင် ရေချိုးလိုက်ဦးမယ်..."
"အေး မြန်မြန်ချိုးနော်... ဒီနေ့ ငါ ချက်ထားတာ နင့်အကြိုက်တွေချည်းပဲ..."
"wow တကယ်လား နင့်လက်ရာတောင် မစားရတာတောင်ကြာပြီ..."
"ဒါပေါ့ နင်သိပ်ကြိုက်တဲ့ ကြက်ချိုချဥ်ကြော်ချက်ထားတယ်..."
"Yahh Haera..."
ရေချိုးခန်းထဲ ဝင်မည့်ဆဲဆဲ သူမ စကားကြောင့် Krisက အနားသို့ ပြန်ရောက်လာသည်.... ကြက်သားဆို မကြိုက်တက်သောသူမို့ သူမ စလိုက်ခြင်းဖြစ်သည်...
"နင်ကလည်း ငါက စတာပါ... နင် ကြိုက်တက်တာတွေပဲ ချက်ထားတယ်..."
"အဲ့လိုပြောပါ... နင်က သိပ်ချစ်ဖို့ကောင်းတယ်..."
သူမ ပါးတစ်ဖက်ကို ဆွဲညှစ်ကာ ရေချိုးခန်းထဲ ပြေးဝင်သွားသော Krisက ကလေးတစ်ယောက်လို...
ထိုသည်ကို မြင်သွားသော ကောင်လေးတစ်ယောက်လည်း ရှိခဲ့သည်....
ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဖြစ်ချင်တာကို စွန့်လွှတ်ပြီး မနိုင်ဝန်ထမ်းခဲ့ရသော သူငယ်ချင်းဖြစ်သူကို သူမ သနားမိသည်...
လူကြီးချင်း သဘောတူကာ စီစဥ်ခဲ့တုန်းကလည်း အကြောင်းသိ ငယ်ပေါင်းတွေမို့ သူမ ခေါင်းညိတ်ခဲ့ပေမယ့် သိပ်မကြာခင်ကပဲ သူမ ချစ်ရသူတွေ့ခဲ့တာကြောင့် Krisကို ပွင့်လင်းစွာ ဖွင့်ပြောခဲ့သည်...
Krisကလည်း လိုလိုလားလားပင် လက်လျှော့ပေးခဲ့သည်.... ဒါပေမယ့် သူမ ချစ်သူက ကိုယ်တိုင်အခြေတကျရပ်တည်နိုင်မှပဲ မိဘတွေကို ဖွင့်ပြောရအောင်လို့ ပြောလာခဲ့တာကြောင့် သူမတို့အကြောင်းကို Krisကလွဲ၍ ဘယ်သူမှ မသိကြပေ...
အခုသူမ ချစ်သူက ဂျာမနီမှာ ဆေးပညာကို ဘွဲ့လွန်သွားတက်နေကာ သူမလည်း မကြာခင် လိုက်သွားတော့မည်ဖြစ်... ထိုအကြောင်းတွေကိုလည်း Krisကို ပြောပြရဦးမည်... Chanလေး တစ်ခုခုဖြစ်တိုင်း သူမ လာကြည့်နိုင်တော့မှာမဟုတ်ဘူးလေ...
#28022022
◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇
Zawgyi..
"Boss... ဒီေန႔ ကြၽန္ေတာ္တို႔ ဝယ္ဖို႔ လုပ္ထားတဲ့ ေျမကြက္ပိုင္ရွင္နဲ႔ ခ်ိန္းထားတယ္...."
"ေအး သြားမယ္ေလ..."
"ကြၽန္ေတာ္တို႔နဲ႔ အၿပိဳင္ဝယ္မဲ့ ဝယ္လက္ကိုလည္း အတူခ်ိန္းထားတယ္လို႔ၾကားပါတယ္..."
"ဘာလဲ ဟိုDeltaပိုင္ရွင္လား..."
"ဟုတ္ကဲ့ Boss..."
"ေကာင္းတာေပါ့... ငါေပးသမွ် ေဈးေတြနဲ႔ အၿပိဳင္ လိုက္ဝယ္ေနတဲ့ ၿပိဳင္ဘက္ကို ငါလည္း တစ္ခါေလာက္ေတာ့ ဆုံဖူးသြားတာေပါ့ကြာ... ဘယ္အခ်ိန္ ခ်ိန္းထားလဲ..."
"တစ္နာရီပါ..."
"အခ်ိန္ေတာင္ သိပ္မလိုေတာ့ဘူးပဲ... လိုအပ္တဲ့ စာ႐ြက္စာတမ္းေတြ ျပင္ဆင္ၿပီးတာနဲ႔ ငါ့ကိုလာေခၚလိုက္..."
"ဟုတ္ကဲ့ boss... ခြင့္ျပဳပါဦး...."
"ေအး..."
Sehunထြက္သြားေတာ့ အလုပ္စားပြဲေပၚတင္ထားေသာ ဖုန္းလာ၍ယူၾကည့္လိုက္ေတာ့ Baekhyunထံမွ ျဖစ္သည္...
"Baekhyun ေျပာ..."
"ဘာ!... ကေလးငယ္ အက္ဆီးဒင့္ျဖစ္လို႔... ဘာျဖစ္သြားေသးလဲ..."
"ဪ ေအးၿပီးေရာ... ငါ သြားစရာတစ္ခုရွိတယ္... အဲ့ဒါၿပီးတာနဲ႔ ျပန္လာခဲ့မယ္... Haeraကိုလည္း ငါ ဖုန္းဆက္ထားလိုက္မယ္..."
"ဘာမွ မွာစရာမရွိေတာ့ဘူး... ကေလးငယ္ကိုသာ ေသခ်ာဂ႐ုစိုက္ထားလိုက္..."
"Boss... ကြၽန္ေတာ္တို႔ သြားၾကရေအာင္..."
"ေအး လာၿပီ..."
Baekhyunနဲ႔ ဖုန္းေျပာအၿပီး Sehunလာေခၚေသာေၾကာင့္ Krisနဲ႔ Sehunတို႔ ခ်ိန္းထားေသာ ေနရာသို႔ထြက္လာခဲ့ၾကသည္...
ေျမကြက္ေရာင္းမည့္သူနဲ႔ ေတြ႕တဲ့အခ်ိန္မွာေတာ့ တစ္ဖက္က ၿပိဳင္ဘက္ကေရာက္မလာသလို ဝယ္ဖို႔ကိုလည္း သူတို႔ဘက္က လက္ေလွ်ာ့လိုက္ေၾကာင္းေျပာလာ၍ ထိုေျမကြက္ကို Krisတို႔ရလိုက္သည္...
"Bossေတာ့ ေပ်ာ္ေနမွာပဲေနာ္... ေျမကြက္က အဆင္ေျပေျပနဲ႔ ရသြားလို႔..."
"ေအးကြာ... ဒီေလာက္ထိအၿပိဳင္ေပးလာၿပီးမွ သူတို႔ဘာလို႔ လက္ေလွ်ာ့သြားလည္းဆိုတာ ငါနားမလည္ဘူး... ဒီေလာက္ေနရာေကာင္းတဲ့ အကြက္ကို ငါသာဆို လက္မေလွ်ာ့ေလာက္ဖူး..."
"ဟုတ္တယ္ေနာ္ boss..."
"ထားလိုက္ပါ... Sehun အလုပ္ကိစၥအေရးႀကီးတာ ဘာရွိေသးလဲ..."
"အေရးႀကီးတာေတာ့ မရွိေတာ့ဘူး... boss ဘာလုပ္စရာရွိလို႔လဲ..."
"ကေလးငယ္ အက္ဆီးဒင့္ျဖစ္လို႔တဲ့ေလ... Baekhyun ဖုန္းဆက္လာတယ္..."
"ဗ်ာ!!!... ေတာ္ေတာ္ထိသြားလား..."
"သိပ္ေတာ့မထိဘူးလို႔ေျပာတာပဲ... ဒါေပမယ့္ ကေလးငယ္ အေျခေနသိေအာင္ အခုအိမ္ကို ျပန္မယ္..."
"ဟုတ္ကဲ့..."
ၿခံထဲ ကားရပ္လိုက္သည္ႏွင့္ Kris ျမန္ဆန္ေသာ ေျခလွမ္းမ်ားျဖင့္ Krisအိမ္ထဲ ဝင္ခဲ့လိုက္သည္....
အိမ္ထဲ ဝင္,ဝင္ျခင္း ၾကားလိုက္ရေသာ ရယ္သံတို႔ေၾကာင့္ ဧည့္ခန္းကို ၾကည့္လိုက္မိေတာ့ ကေလးငယ္နဲ႔အတူ လူစိမ္းတစ္ဦးတို႔ကို ေတြ႕လိုက္ရသည္...
"ကေလးငယ္...."
ကေလးငယ္ကို အသံေပးလိုက္ကာ ကေလးငယ္ထံတည့္တည့္သြားလိုက္သည္...
ထရပ္မည္ျပဳၿပီးမွ ျပန္ထိုင္က်သြားေသာ ကေလးငယ္ထံမွ နာက်င္သြားဟန္ အာေမဋိတ္သံထြက္လာတာမို႔ Kris လ်င္ျမန္စြာပင္ ကေလးငယ္အနားေရာက္သြားေတာ့သည္...
အနားေရာက္မွ ၾကည့္မိေတာ့ ကေလးငယ္၏ ညာဘက္ေျခေထာက္တြင္ ဒူးအထိ ေက်ာက္ပတ္တီးအျပည့္ကေနရာယူထားသည္...
"Krisေရာက္လာၿပီလား..."
အေအးခြက္တို႔ တင္ထားေသာဗန္းကို ကိုင္ကာKrisတို႔အနားကို ေရာက္လာေသာ Haeraက Krisကို ေမးလာသည္...
ထို႔ေနာက္ အေအးခြက္တို႔ကို ဧည္သည့္လူစိမ္းေရွ႕တြင္ေရာ Krisေရွ႕တြင္ပါခ်ေပးၿပီးမွ Krisတို႔ အနီးတြင္ ဝင္ထိုင္သည္...
"Haera ကေလးငယ္ အေျခေန..."
"ေျခေထာက္အ႐ိုးနည္းနည္းေလးအက္သြားတာ... က်န္တာေတာ့ႀကီးႀကီးမားမား မျဖစ္ပါဘူး... ငါေရာက္ေတာ့ သူတို႔က ေဆးခန္းကျပန္လာေနၿပီေလ...."
"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ဗ်ာ... ကြၽန္ေတာ္ သတိမထားမိလိုက္လို႔ အခုလိုျဖစ္သြားရတာ..."
ဧည့္သည္လူစိမ္းက ေျပာလာေတာ့မွ ကေလးငယ္ အခုလိုျဖစ္ရတာ ထိုသူေၾကာင့္မွန္း Krisသိလိုက္ရသည္... အစကေတာ့ Haera အသိထင္ေနတာ...
"Hyung အမွားမဟုတ္ပါဘူး... Chanေၾကာင့္ကို Chanက လမ္းေပၚ စကိတ္တက္စီးလို႔ျဖစ္ရတာေလ..."
တစ္ဖက္သူ၏ ေတာင္းပန္စကားကို နားေထာင္ေနခိုက္ ကေလးငယ္ထံမွ အသံထြက္လာသည္... လမ္းေပၚ စကိတ္တက္စီးတယ္တဲ့...
ထိုစကားကို ၾကားၾကားျခင္း Krisရဲ႕ စူးရဲရဲအၾကည့္က မလွမ္းမကမ္းတြင္ရပ္ေနေသာ Baekhyunထံေရာက္သြားသည္...
Baekhyunက Krisရဲ႕အၾကည့္ေၾကာင့္ အျပစ္ရွိသူတစ္ေယာက္လို ေခါင္းငုံ႔သြားေတာ့သည္...
အကိုေလးတစ္ခုခုျဖစ္တိုင္း အဆူခံ အေျပာခံရတာသည္ အကိုေလးကို ေစာင့္ေရွာက္ဖို႔ တာဝန္ေပးျခင္းခံရတဲ့ သက္ေတာ္ေစာင့္ေတြသာျဖစ္သည္...
ထိုထဲတြင္မွ Baekhyunဆိုတဲ့ လူသားေလး အဆူခံ အေျပာခံရခ်ိန္ဆို Sehunတစ္ေယာက္ အကိုေလးကိုသာ ေျပးသာလုပ္ပစ္ခ်င္ေတာ့....
သူ အၿငိမ္မေနလို႔ သူျဖစ္ၿပီးရင္ က်န္တဲ့သူေတြ boss အဆူအေျပာကို လွိမ့္ေနေအာင္ခံရတာ...
ၿပီးေတာ့ အကိုေလးဆိုသည္မွာလည္း ျပႆနာမရွာတဲ့ရက္ဆိုတာ မရွိသေလာက္ပဲ...
အခုလည္း bossအၾကည့္နဲ႔တင္ အျပစ္ရွိသူလို ေခါင္းငုံ႔သြားတဲ့ေကာင္ေလးကို ၾကည့္ၿပီး Sehunသနားမိေပမယ့္လည္း ကိုယ္ေတြလို အလုပ္သမားေတြက အလုပ္ရွင္ကို ဘာမ်ားေျပာႏိုင္မွာမို႔လို႔လဲ...
ဧည့္သည္ရွိေနတာေၾကာင့္ Kris ဘယ္သူ႔ကိုမွဘာမွမေျပာပဲ ၿငိမ္ေနလိုက္သည္...
"အခုလိုမ်ိဳး ကြၽန္ေတာ့္ ညီကို ကူညီၿပီး ေဆးခန္းကိုပါျပေပးလို႔ ေက်းဇူးတင္ပါတယ္..."
"မဟုတ္တာပဲ... ကြၽန္ေတာ္ လုပ္ေပးသင့္တဲ့အရာမို႔ လုပ္ေပးတာပါ... ၿပီးေတာ့ ကြၽန္ေတာ္က ကိုရီးယားကို ေရာက္တာမၾကာေသးေတာ့ ကားေမာင္းတာလည္း လမ္းသိပ္မကြၽမ္းေသးတာေၾကာင့္လည္း အခုလိုမေတာ္တဆျဖစ္သြားရတာပါ..."
"ဒီက?..."
"Willim Kimပါ...."
"ဟုတ္ကဲ့ ကြၽန္ေတာ္က Krisပါ... Willim Kimက ကိုရီးယား လူမ်ိဳးမဟုတ္ဘူးလား..."
Krisစိတ္ထဲ သူသိေနေသာ Deltaပိုင္ရွင္၏ နာမည္နဲ႔တူေန၍ ထိုသူမ်ားလားဟုေတြးမိၿပီး မသကၤာျဖစ္မိသည္ကို စိတ္ထဲတြင္သာထားကာ ျပန္ႏႈတ္ဆက္လိုက္သည္...
"ကြၽန္ေတာ္က ကိုရီးယားလူမ်ိဳးပါ ငယ္ငယ္ထဲက ႏိုင္ငံျခားမွာေနခဲ့ၿပီး အခုမွ အလုပ္ကိစၥေၾကာင့္ ကိုရီးယားေရာက္လာခဲ့တာပါ..."
"ဪ!... ဘာပဲျဖစ္ျဖစ္ပါ ကြၽန္ေတာ္တို႔က ဒီကလူေတြဆိုေတာ့ အကူညီလိုရင္ေျပာေပါ့... ကြၽန္ေတာ္တို႔ အိမ္ကိုလည္း အခ်ိန္မေ႐ြးလာလည္လို႔ရပါတယ္... Chanyeolကို ကူညီေပးထားတဲ့သူဆိုေတာ့ ကြၽန္ေတာ္တို႔အတြက္ မိတ္ေဆြေတြလိုပါပဲ..."
"ဟုတ္ကဲ့... ဒါျဖင့္ ကြၽန္ေတာ့္ကို ျပန္ခြင့္ျပဳပါဦး အလုပ္ကိစၥေတြရွိေသးလို႔..."
"ေကာင္းပါၿပီ..."
"Chanေလး hyung ျပန္ၿပီ..."
"Nae hyung အခ်ိန္ရရင္လာလည္ဦးေနာ္..."
"ေကာင္းပါၿပီဗ်ာ..."
Krisကလြဲၿပီး က်န္တဲ့သူေတြဆို hyungလို႔ ေခၚတဲ့ ကေလးငယ္က အခုလည္း Willim Kimဆိုသူကို hyungလို႔ေခၚကာ အၿပဳံးေလးေတြနဲ႔ႏႈတ္ဆက္တယ္...
ထိုသူကလည္း ကေလးငယ္ ေခါင္းကို အသာဖြကာ ႏႈတ္ဆက္ၿပီး ျပန္သြားေတာ့သည္... Krisေတာင္ ထိုသို႔ထိေတြ႕ခြင့္မရသည္မွာ ဘယ္ေလာက္ေတာင္ၾကာၿပီလဲ...
"Boss..."
"စာၾကည့္ခန္းထဲသြားမယ္ Sehun..."
Sehun ဘာေျပာခ်င္ေနလဲ Kris သိတာေၾကာင့္ စာၾကည့္ခန္းထဲသြားဖို႔ေျပာလိုက္သည္....
"Haera ေအးေဆးပဲမလား... ညေနစာ စားၿပီးမွ ျပန္..."
"ေအးပါ... ေအးေဆးပဲ နင္ ကိစၥရွိတာ အရင္သြားလုပ္လိုက္ေလ..."
"ေအး... Baekhyun ကေလးငယ္ကို ေသခ်ာေစာင့္ေရွာက္ပါ..."
"ဟုတ္ကဲ့..."
ဆူလည္း မထူးေတာ့တာမို႔ Baekhyunကို ကေလးငယ္ကို ေသခ်ာေစာင့္ေရွာက္ဖို႔မွာၿပီး Kris စာၾကည့္ခန္းထဲကို ဝင္ေတာ့ Sehunကလည္း အေနာက္က ပါလာသည္...
"ထိုင္ Sehun..."
"ဟုတ္..."
Sehunေရာ Krisပါ ဆက္တီခုံတြင္ ထိုင္လိုက္ၾကသည္...
"Willim Kimအေၾကာင္းေျပာမလို႔လား Sehun..."
Bossထံမွ ထိုစကားၾကားေတာ့ Sehun အံ့ဩသြားသည္...
"Boss!..."
Krisသိေနသလို Sehunလည္း သိေနမွာက မလြဲေပ... Deltaပိုင္ရွင္အေၾကာင္းကို Sehun ကိုယ္တိုင္ စုံစမ္းထားခဲ့တာမဟုတ္လား...
"သူ႔ နာမည္ေျပာလိုက္ထဲက ငါ ရိပ္မိေနတာ... ၿပီးေတာ့ ကိုရီးယားလိုေျပာတဲ့ ေလယူသိမ္းကလည္း သိပ္မပီျပင္ေတာ့ ငါက ႏိုင္ငံျခားသားအမွတ္နဲ႔ ေမးလိုက္ခ်ိန္မွာ ေသခ်ာသေလာက္ျဖစ္သြားတာ..."
"ဟုတ္ကဲ့..."
"သူနဲ႔ ကေလးငယ္ဆုံတာ မေတာ္တဆဟုတ္ရဲ႕လား စုံစမ္းပါ Sehun.... ၾကည့္ရတာ သူက ငါ့ကို သိေနတဲ့ပုံေပၚတယ္... ၿပီးေတာ့ သူ ေျမကြက္ကို လက္ေလွ်ာ့လိုက္တာလည္း ပုံမွန္ေတာ့ မဟုတ္ေလာက္ဘူး... သူ႔အေၾကာင္းကို အေသးစိတ္သိရေအာင္ စုံစမ္းပါ..."
"ဟုတ္ကဲ့ boss... boss တျခား ခိုင္းစရာ က်န္ေသးလား..."
"မရွိေတာ့ဘူး... ျပန္ခ်င္ေနၿပီလား... ညေနစာ စားၿပီးမွ ျပန္ေလ..."
"ဟုတ္ကဲ့...."
တစ္ေယာက္တည္းေနတဲ့ Sehunကို bossက ႀကဳံရင္ ႀကဳံသလို bossအိမ္မွာပဲ ထမင္းစားေစတယ္... ဆရာနဲ႔တပည့္ဆိုေပမယ့္ တစ္ခါတေလမွာ Sehunက bossအတြက္ တိုင္ပင္ေဖာ္တစ္ဦးဆိုလည္း မမွားေပ...
"ငါလည္း ခဏ နားဦးမယ္... မင္းလည္း နားေပါ့..."
"ဟိုေလ boss..."
စာၾကည့္ခန္းထဲက Krisထြက္ဖို႔ျပင္ေတာ့ Sehun ၾကည့္ရတာ ေျပာစရာရွိေနဟန္ေၾကာင့္ Kris ရပ္ေနလိုက္သည္...
"မနက္ျဖန္ sundayမလား..."
"ေအးေလ... မင္းလည္း နားတယ္... ငါလည္း နားတယ္ေလ..."
"အဲ့ဒါေလ... ကြၽန္ေတာ္ bossဆီမွာ ခြင့္ေတာင္းစရာေလးရွိလို႔..."
"ေျပာ..."
"မနက္ျဖန္ Baekhyunကို ခြင့္တစ္ရက္ေလာက္ေပးလို႔ရမလား..."
Sehunရဲ႕ ေတာင္းဆိုမႈေၾကာင့္ Kris အံ့ဩသြားရသည္...
Baekhyunနဲ႔ Sehunကို ရင္းႏွီးတယ္လို႔လည္း Kris မျမင္မိပါဘူး...
"ဘာအတြက္လဲ..."
"ကြၽန္ေတာ္ သူ႔ကို အျပင္ေခၚသြားစရာရွိလို႔ပါ..."
"မင္းတို႔က ဘယ္တုန္းက ရင္းႏွီးသြားတာလဲ..."
"အရင္ထဲကပါ boss... bossဆီမွာ အလုပ္မဝင္ခင္ထဲက ကြၽန္ေတာ္တို႔ သိၾကပါတယ္... ကြၽန္ေတာ္တို႔ ျပန္ေတြ႕ၿပီးထဲက ေအးေဆးစကားမေျပာျဖစ္တာေၾကာင့္ bossဆီမွာ အခုလို ခြင့္ေတာင္းတာပါ..."
"ရတယ္ေလ... ငါ ခြင့္ျပဳေပးမယ္... ဒါေပမယ့္ Baekhyunက နားရက္ယူေလ့မရွိဘူးဆိုေတာ့ မင္း ကိုယ္တိုင္ပဲ သူ႔ကို သြားေျပာေပါ့... သူ လိုက္တယ္ဆို ေခၚသြား..."
Bossရဲ႕ ခြင့္ျပဳေပးမႈမွာ Sehun ေပ်ာ္သြားေပမယ့္ ေနာက္ထပ္ေျပာလာေသာ bossစကားတို႔ေၾကာင့္ Sehun စိတ္ညစ္သြားသည္...
မိုးလင္းကမိုးခ်ဳပ္ အကိုေလးအနားမွာ ကပ္ေနတဲ့ သူ... Sehun သိသေလာက္ နားရက္ လုံးဝမယူတဲ့ သူကို Sehun ဘယ္လိုေခၚရပါ့မလဲ...
"ဟိုေလ... Baekhyun လိုက္ဖို႔ကို bossပဲေျပာေပးလို႔မရဘူးလား..."
ေျပာလို႔မၿပီးႏိုင္ေသးေသာ Sehunက Kris စိတ္မရွည္စြာ ၾကည့္လိုက္ေတာ့ မ်က္ႏွာငယ္ေလးနဲ႔ Krisကို ၾကည့္ေနသည္...
ဒီေကာင္ေလးက အခုလိုမ်ိဳး ေတာင္းဆိုတာ သိပ္မရွိသလို အလုပ္ဆိုလည္း တာဝန္ေက်လြန္းတာေၾကာင့္ ဒီတစ္ႀကိမ္ေတာ့ Kris ကူညီေပးဖို႔ဆုံးျဖတ္လိုက္သည္...
"ဒီတစ္ေခါက္ပဲေနာ္ Sehun..."
"ဟုတ္ကဲ့... ေက်းဇူးတင္ပါတယ္ boss..."
Krisကို မဖက္႐ုံတမယ္ ထခုန္မတက္ေပ်ာ္ေနေသာ Sehunကို စာၾကည့္ခန္းထဲ ထားခဲ့ကာ Kris ထြက္လာခဲ့လိုက္သည္...
အျပင္ေရာက္ေတာ့ ဧည့္ခန္းထဲမွာ Haera လပ္ေတာ့ပ္တစ္လုံးနဲ႔ အလုပ္ရႈပ္ေနတာေၾကာင့္ Kris အဝတ္စားလဲဖို႔ အေပၚထပ္သို႔ တက္လာခဲ့လိုက္...
ကေလးငယ္ကိုလည္း ေအာက္ထပ္မွာ မျမင္မိတာေၾကာင့္ ၿခံထဲမွာ မဟုတ္ရင္ သူ႔အခန္းထဲမွာပဲျဖစ္လိမ့္မည္...
ထိခိုက္သြားတာကို စိတ္မေကာင္းျဖစ္မိေပမယ့္ ေျခေထာက္ထိသြားတာဆိုေတာ့ ခဏေတာ့ အိမ္တြင္ေျခၿငိမ္ေနဦးမည္ကိုေတြးကာ စိတ္ထဲေပ်ာ္ေနမိတာေတာ့ အမွန္....
မဟုတ္ရင္ တစ္ေန႔တေန႔ Baekhyunထံကျဖစ္ျဖစ္ အိမ္ကျဖစ္ျဖစ္ ဖုန္းလာရင္ Krisမွာ လန္႔ေနရတယ္...
Haeraဆိုသည္မွာလည္း ကေလးငယ္ေၾကာင့္ တစ္ပတ္ကို ငါးရက္ေလာက္က အိမ္ကိုေရာက္ေနေရာ...
Kris အဝတ္စားလဲၿပီးတာနဲ႔ ခဏေလာက္လွဲဦးမည္ဟုေတြးကာ ကုတင္ေပၚလွဲလိုက္သည္...
"ဟဲ့ Krisထေတာ့... Kris ထေတာ့..."
"အင္... ဘာလဲဟာ..."
ကိုယ္ႏႈိးေနသည္ကို မထေသးပဲ တစ္ဖက္သို႔လွည့္ကာ ေခါင္းအုံးကို သူ႔ရည္စားသဖြယ္ ေပြ႕ပိုက္ၿပီး အိပ္ေနေသာ သူငယ္ခ်င္းျဖစ္သူ၏တင္ပါးကို သူမ ခပ္နာနာေလး ႐ိုက္ခ်ပစ္လိုက္သည္...
"အား... နာတယ္ဟ..."
တင္ပါးကိုပြတ္ၿပီး ထထိုင္ေလေသာ Krisက သူမကို မၾကည္ၾကည့္ ၾကည္လာသည္...
"ႏႈိးေနတာကို ထမွ မထပဲ..."
"ဘာလဲဟာ... ဘာလုပ္ဖို႔လဲ..."
"ညေနစာ စားမလို႔လာႏႈိးတာေလ အခ်ိန္ကိုလည္း ၾကည့္ဦး... ေမွာင္ေတာင္ ေမွာင္ေတာ့မွာ... ငိုက္မေနနဲ႔ ထေတာ့..."
"ေအး ထပါၿပီဟ... Haera မသိမ္းနဲ႔ေတာ့ေလ... ၿပီးေတာ့ မၾကာခင္ ျပန္အိပ္ရေတာ့မွာကို..."
Kris ကုတင္ေပၚက ဆင္းေတာ့ အိပ္ရာကို သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ ျပန္လုပ္ဖို႔ျပင္ေနေသာ Haeraကို လွမ္းတားလိုက္သည္...
"ငါ မေနတက္လို႔ပါ..."
"ေျပာမရလည္း သေဘာပဲ... ငါ လန္းသြားေအာင္ ေရခ်ိဳးလိုက္ဦးမယ္..."
"ေအး ျမန္ျမန္ခ်ိဳးေနာ္... ဒီေန႔ ငါ ခ်က္ထားတာ နင့္အႀကိဳက္ေတြခ်ည္းပဲ..."
"wow တကယ္လား နင့္လက္ရာေတာင္ မစားရတာေတာင္ၾကာၿပီ..."
"ဒါေပါ့ နင္သိပ္ႀကိဳက္တဲ့ ၾကက္ခ်ိဳခ်ဥ္ေၾကာ္ခ်က္ထားတယ္..."
"Yahh Haera..."
ေရခ်ိဳးခန္းထဲ ဝင္မည့္ဆဲဆဲ သူမ စကားေၾကာင့္ Krisက အနားသို႔ ျပန္ေရာက္လာသည္.... ၾကက္သားဆို မႀကိဳက္တက္ေသာသူမို႔ သူမ စလိုက္ျခင္းျဖစ္သည္...
"နင္ကလည္း ငါက စတာပါ... နင္ ႀကိဳက္တက္တာေတြပဲ ခ်က္ထားတယ္..."
"အဲ့လိုေျပာပါ... နင္က သိပ္ခ်စ္ဖို႔ေကာင္းတယ္..."
သူမ ပါးတစ္ဖက္ကို ဆြဲညႇစ္ကာ ေရခ်ိဳးခန္းထဲ ေျပးဝင္သြားေသာ Krisက ကေလးတစ္ေယာက္လို...
ထိုသည္ကို ျမင္သြားေသာ ေကာင္ေလးတစ္ေယာက္လည္း ရွိခဲ့သည္....
ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ကိုယ္ျဖစ္ခ်င္တာကို စြန္႔လႊတ္ၿပီး မႏိုင္ဝန္ထမ္းခဲ့ရေသာ သူငယ္ခ်င္းျဖစ္သူကို သူမ သနားမိသည္...
လူႀကီးခ်င္း သေဘာတူကာ စီစဥ္ခဲ့တုန္းကလည္း အေၾကာင္းသိ ငယ္ေပါင္းေတြမို႔ သူမ ေခါင္းညိတ္ခဲ့ေပမယ့္ သိပ္မၾကာခင္ကပဲ သူမ ခ်စ္ရသူေတြ႕ခဲ့တာေၾကာင့္ Krisကို ပြင့္လင္းစြာ ဖြင့္ေျပာခဲ့သည္...
Krisကလည္း လိုလိုလားလားပင္ လက္ေလွ်ာ့ေပးခဲ့သည္.... ဒါေပမယ့္ သူမ ခ်စ္သူက ကိုယ္တိုင္အေျခတက်ရပ္တည္ႏိုင္မွပဲ မိဘေတြကို ဖြင့္ေျပာရေအာင္လို႔ ေျပာလာခဲ့တာေၾကာင့္ သူမတို႔အေၾကာင္းကို Krisကလြဲ၍ ဘယ္သူမွ မသိၾကေပ...
အခုသူမ ခ်စ္သူက ဂ်ာမနီမွာ ေဆးပညာကို ဘြဲ႕လြန္သြားတက္ေနကာ သူမလည္း မၾကာခင္ လိုက္သြားေတာ့မည္ျဖစ္... ထိုအေၾကာင္းေတြကိုလည္း Krisကို ေျပာျပရဦးမည္... Chanေလး တစ္ခုခုျဖစ္တိုင္း သူမ လာၾကည့္ႏိုင္ေတာ့မွာမဟုတ္ဘူးေလ...
#28022022