MWFV Ch 71
Mr. Qin's Counterattack
Zawgyi Version
ခ်င္ေရွာက္ထုတ္ျပလိုက္တဲ့ သတင္းအခ်က္အလက္က ၿပီးခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာအတြင္း စုန႔္ယန္ခ်န္းက်ဴးလြန္ခဲ့တဲ့ ရာဇ၀တ္မႈမ်ားအားလုံးရဲ႕ သက္ေသသာဓကမ်ားသာျဖစ္တယ္။ စုမိန္ရဲ႕သတင္းေပးမႈေက်းဇူးေၾကာင့္ Mr.ခ်င္က ၎သက္ေသအေထာက္အထားမ်ားကို စုေဆာင္းႏိုင္ခဲ့တာျဖစ္တယ္။
စုမိန္ေျပာတဲ့ အဲ့ဒီႏွစ္တုန္းက စုန႔္ယန္ခ်န္းနဲ႔ လွ်ိဳ႕ဝွက္စကားေျပာဆိုခဲ့တဲ့သူက က်ိဳးတာ့ဟူျဖစ္ကာ B ၿမိဳ႕ ေျမေအာက္အဖြဲ႕အစည္းရဲ႕ ကင္ဆာလိုလူတစ္ေယာက္ျဖစ္တယ္။ သူက ရာဇ၀တ္မႈေပါင္းမ်ားစြာကို ကိုယ္တိုင္ကိုယ္က် က်ဴးလြန္ခဲ့တဲ့လူတစ္ေယာက္ျဖစ္တယ္။
စုန႔္ယန္ခ်န္းက တစ္ဖက္လူနဲ႔ ၿပီးခဲ့တဲ့ဆယ္ႏွစ္ေက်ာ္ေလာက္ကတည္းက အဆက္အသြယ္ရွိခဲ့တာျဖစ္တယ္ : စုန႔္ယန္ခ်န္းက က်ိဳးတာ့ဟူအား ေငြေၾကးႏွင့္အကာအကြယ္မ်ား ေထာက္ပံ့ေပးၿပီး အျပန္အလွန္အားျဖင့္ ေျမေအာက္မွလူေတြက စုန႔္ယန္ခ်န္းအတြက္ ထုတ္ေျပာလို႔မရႏိုင္တဲ့ တစ္ခ်ိဳ႕ေသာအရာမ်ားကိုလုပ္ေဆာင္ဖို႔ လႈပ္ရွားေပးၾကရတာျဖစ္တယ္။
ခ်င္ေရွာက္အေပၚ တိုက္ခိုက္မႈေပါင္းေျမာက္မ်ားစြာအပါအဝင္ပင္။
အမွန္ေတာ့ စုန႔္ယန္ခ်န္းက စုေပနဲ႔စုေရွာင္ေပါင္ကို ျပန္ေပးဆြဲရန္ တကယ္ႀကီး စီစဥ္ထားခဲ့တာျဖစ္တယ္။ အကယ္၍ စုန္႔ယန္ခ်န္းက သူ႔ကေလးေတြကို ပစ္မွတ္မထားခဲ့ဘူးဆိုရင္ Mr.ခ်င္က ဒီေလာက္ေဒါသေတြမတရားထြက္ၿပီး စုန႔္ Group ကို စုတ္ျပတ္သတ္သြားေလာက္တဲ့အထိ တိုက္ခိုက္မိမွာမဟုတ္ဘူး။
ေရးသားထားတဲ့ သက္ေသအေထာက္အထားေတြက အလြန္တရာ ရွင္းလင္းျပတ္သားလွတာေၾကာင့္ ခ်န္႐ႊယ္ယန္ခမ်ာ ေ႐ြးခ်ယ္စရာမရွိေတာ့ဘဲ ယုံၾကည္လက္ခံလိုက္ရေတာ့တယ္။ သူမရဲ႕မ်က္ႏွာက ျဖဴဖပ္ျဖဴေရာ္ျဖစ္ေနၿပီး သူမရဲ႕သားအား မယုံၾကည္ႏိုင္တဲ့မ်က္လုံးေတြနဲ႔ၾကည့္ရင္း ဆိုဖာေပၚသို႔ ပုံလ်က္သားလဲက်သြားေတာ့တယ္။ "ယန္ခ်န္း, ဒါအမွန္ပဲလား? ဒါေတြအားလုံးကို မင္းတကယ္လုပ္ခဲ့တာလား?"
သူမရဲ႕သားက ခ်င္ေရွာက္ရဲ႕အသက္ကို လိုခ်င္႐ုံတင္မက ငယ္ငယ္႐ြယ္႐ြယ္ ကေလးႏွစ္ေယာက္ကိုပါ အလႊတ္မေပးခ်င္ဘူးေပါ့! မိခင္တစ္ေယာက္အေနနဲ႔ ခ်န္႐ႊယ္ယန္က သူမရဲ႕ကေလး လမ္းေၾကာင္းလြဲသြားႏိုင္တယ္ဆိုတာကို ေတြးၾကည့္ဖို႔အၿမဲ ဝန္ေလးေနသူျဖစ္တယ္။ အဲဒါေၾကာင့္ စုန႔္ယန္ခ်န္းနဲ႔ ခ်င္ေရွာက္ၾကားက ပဋိပကၡေတြကို ပင္ကိုစ႐ိုက္နဲ႔ သာမန္ဝိေရာဓိကြဲလြဲမႈတို႔ရဲ႕ တိုက္ပြဲတစ္ခုလို႔ပဲ သူမအၿမဲတမ္းမွတ္ယူထားခဲ့တယ္။ ခ်န္႐ႊယ္ယန္က သူမရဲ႕အ႐ြယ္ေရာက္ေနတဲ့သားက ဒီေလာက္ဆိုး႐ြားတဲ့အရာေတြကို လုပ္ေဆာင္ခဲ့တယ္ဆိုတာကို မယုံၾကည္ႏိုင္ဘူး။ စုန႔္ယန္ခ်န္းရဲ႕လုပ္ရပ္ေတြက ခ်န္႐ႊယ္ယန္ရဲ႕တစ္ကိုယ္လုံးကို ေအးစက္သြားေစခဲ့တယ္။
သူ႔အေမရဲ႕ေမးခြန္းထုတ္ေနတဲ့ မ်က္ႏွာကိုဆိုင္လိုက္ရခ်ိန္မွာ စုန႔္ယန္ခ်န္းတစ္ေယာက္ ႏႈတ္ဆိတ္ေနခဲ့တယ္။ သူထင္မထားမိတာက ခ်င္ေရွာက္ရဲ႕စြမ္းေဆာင္ရည္က ဒီေလာက္ျမင့္ၿပီး ဒီအရာေတြကိုေတာင္ ရွာေဖြေဖာ္ထုတ္ႏိုင္တယ္ဆိုတာပဲ, ဒါဆို တစ္ျခားကိစၥေတြကေရာ...
ခ်န္႐ႊယ္ယန္က ႀကံရာမရျဖစ္ေနတယ္။ "ယန္ခ်န္း, မင္းဘာလို႔ဒီလိုျဖစ္သြားရတာလဲ..."
ခ်င္က်င္းေကာ္လည္း ထပ္တူတုန္လႈပ္သြားခဲ့ရတယ္။ ဟိုးအရင္က ခ်င္ေရွာက္ေျပာခဲ့ဖူးတဲ့, "စုန႔္ယန္ခ်န္းက ကြၽန္ေတာ့္အသက္ကိုလိုခ်င္တာ," ဆိုတာကို ခ်င္က်င္းေကာ္လည္း အတိုင္းအတာတစ္ခုအထိ ယုံၾကည္တာေၾကာင့္ သူ႔လူေတြကိုလႊတ္ၿပီး စုံစမ္းခိုင္းလိုက္တဲ့အခါ သဲလြန္စအခ်ိဳ႕ကို ေတြ႕ရွိခဲ့တယ္။ သို႔ေပမဲ့ သူလုံးဝေမွ်ာ္လင့္မထားခဲ့မိတာက စုန႔္ယန္ခ်န္းက ခ်င္ေရွာက္ရဲ႕အသက္ကို အႀကိမ္ေပါင္းေျမာက္မ်ားစြာ ပစ္မွတ္ထားခဲ့တယ္ဆိုတာကိုပဲ။ ၿပီးခဲ့တဲ့ဆယ္ႏွစ္ေက်ာ္ေက်ာ္ေလာက္ကတည္းကေန အခုခ်ိန္အထိဆိုရင္ အႀကိမ္ႏွစ္ဆယ္ေတာင္ေက်ာ္ၿပီေပါ့! အကယ္၍ ခ်င္ေရွာက္ကသာ ေသခ်ာဂ႐ုမစိုက္ဘူးဆိုရင္ ဒါမွမဟုတ္ ကံနည္းနည္းဆိုးေနခဲ့မယ္ဆိုရင္ သူ႔ခမ်ာ အႀကိမ္ေပါင္းေျမာက္မ်ားစြာေသၿပီးေနေလာက္ၿပီ။
ခ်င္ေရွာက္က ဟိုးအရင္ကတည္းက အႀကိမ္ေပါင္းေျမာက္မ်ားစြာ ထိခိုက္ဒဏ္ရာရထားခဲ့ၿပီးျဖစ္တယ္။ သို႔ေပသိ ခ်င္က်င္းေကာ္ေတြးလိုက္တာက စီးပြားေရးနယ္ပယ္မွာ သူ႔သားရဲ႕မညႇာမတာလုပ္ရပ္ေတြက သူ႔ကို ရန္သူေတြဝိုင္းေနၿပီး ေဘးအႏၲရာယ္ေတြ က်ေရာက္ေစတယ္လို႔ပဲ, သို႔ေသာ္ ဒီဟာေတြရဲ႕ေနာက္ကြယ္က အဓိကလူက စုန႔္ယန္ခ်န္းျဖစ္ေနလိမ့္မယ္လို႔ေတာ့ ခ်င္က်င္းေကာ္လုံးဝထင္မထားခဲ့မိဘူး။
သူ႔စိတ္ရင္းအမွန္ရယ္၊ သူ႔ႏွလုံးသားနဲ႔ရင္းၿပီး ျပဳစုပ်ိဳးေထာင္ခဲ့တဲ့ မယားပါသားက တကယ္တမ္းက်ေတာ့ သူ႔သားရဲ႕အသက္ကို တစ္ခ်ိန္လုံး လိုခ်င္ေနခဲ့တာပဲ!
ခ်င္က်င္းေကာ္ခမ်ာ ခါးသီးရသလို တစ္ခ်ိန္တည္းမွာပဲ ေဒါသလည္းထြက္မိတယ္။
"ဒါအကုန္မဟုတ္ေသးဘူး။ အဆုံးထိဖတ္ၾကည့္လိုက္ၾကပါဦး" ခ်င္ေရွာက္က တည္ၿငိမ္စြာ သတိေပးလိုက္တယ္။
ေရွ႕ပိုင္းမွ သတင္းအခ်က္အလက္ေတြက စုန႔္ယန္ခ်န္းေသခ်ာမရွင္းလင္းထားတဲ့အရာမ်ားနဲ႔ ႏွစ္ေပါင္းမ်ားစြာ ခ်င္ေရွာက္အား သတ္ျဖတ္ရန္ႀကိဳးစားမႈမ်ားသာျဖစ္တယ္။ သို႔ေသာ္ ေနာက္ပိုင္းစာမ်က္ႏွာမ်ားတြင္မူ သူက်ဴးလြန္ခဲ့တဲ့ တကယ့္လူသတ္မႈအစစ္မ်ားပင္ : က်ီဟြား International ၏အႀကီးတန္းရွယ္ယာရွင္ႏွစ္ဦး၊ အဆင့္ျမင့္အလုပ္အမႈေဆာင္တစ္ဦး၊ ခ်င္ေရွာက္၏အေရးပါေသာစီးပြားေရးပါတနာတစ္ဦး... အားလုံးမွာ စုန႔္ယန္ခ်န္းအား ဟန႔္တားေသာသူမ်ားျဖစ္ၾကၿပီး ၎တို႔ခမ်ာ အမ်ိဳးမ်ိဳးေသာနည္းလမ္းမ်ားျဖင့္ အသတ္ခံခဲ့ၾကရတာျဖစ္တယ္။
"စုန႔္ယန္ခ်န္း! မင္း ဘာလို႔ဒီေလာက္ေတာင္ရက္စက္ယုတ္မာရတာလဲ?! မင္းအေမနဲ႔ငါ အိမ္ေထာင္က်ၿပီးတာေတာင္မွ အရာရာတိုင္းမွာ ငါ ခ်င္ေရွာက္ကိုပဲ အေလွ်ာ့ေပးခိုင္းထားတယ္မဟုတ္ဘူးလား? မင္းက်ီဟြားကိုလိုခ်င္တယ္ဆိုရင္ ငါမင္းကိုေပးမွာေပါ့ကြာ။ မင္းဘာလို႔ဒီလိုလုပ္ရတာလဲ?! ဒါေတြက လူ႔အသက္ေတြကြ!" ခ်င္က်င္းေကာ္က ႀကိမ္းဝါးလိုက္တယ္။
စုန႔္ယန္ခ်န္းလက္မွာ ေသြးမစြန္းဘဲ အဲဒီလူေတြကို တိုက္႐ိုက္ မတိုက္ခိုက္ခဲ့ဘူးဆိုရင္ေတာင္မွ ၎တို႔ေတြက သူ႔ေၾကာင့္အသတ္ခံရတယ္ဆိုတဲ့အခ်က္က ေျပာင္းလဲသြားမွာမဟုတ္ဘူး။ ေနာက္ၿပီး ဒီလူေတြထဲကအမ်ားစုက ခ်င္က်င္းေကာ္ရဲ႕မိတ္ေဆြေဟာင္းမ်ားျဖစ္ၿပီး ကုမၸဏီစတည္ေထာင္ကတည္းက အတူတကြ ႀကိဳးစားလုပ္ကိုင္ခဲ့ၾကသူမ်ားပင္ျဖစ္တယ္။
ဒီအခ်ိန္မွာ စုန႔္ယန္ခ်န္းကလည္း လူႀကီးႏွစ္ေယာက္ေရွ႕မွာ ထပ္ၿပီးဟန္ေဆာင္ျပမေနေတာ့ဘူး။ သူ ေငါ့ေတာ့ေတာ့ၿပဳံးၿပီး ခ်င္က်င္းေကာ္ကို စူးစူးရဲရဲၾကည့္လိုက္တယ္။ "ကြၽန္ေတာ့္ကို အေလွ်ာ့ေပးတယ္တဲ့လား? ဒါဆိုလည္း အဲ့ေသာက္အေရးမပါတဲ့ အေလွ်ာ့ေပးတယ္ဆိုတာကို လုပ္ေရာလုပ္ခဲ့ရဲ႕လားလို႔ သူ႔ကိုေမးၾကည့္လိုက္ပါဦး!"
"ၿပီးေတာ့ ခင္ဗ်ား, အဘိုးႀကီး။ ခင္ဗ်ားက က်ဳပ္အေပၚေကာင္းတယ္လို႔ ေျပာေနတုန္းပဲေပါ့။ ဒါေပမဲ့ ခင္ဗ်ားက အေသးအဖြဲကိစၥေလးေတြေလာက္ပဲ ေကာင္းတာေလ။ တကယ္အေရးႀကီးတဲ့ဟာေတြက်ေတာ့ ခင္ဗ်ားက ခင္ဗ်ားသားကိုပဲ အၿမဲတမ္း ဦးစားေပးတာပဲမဟုတ္ဘူးလား? ခင္ဗ်ား က်ဳပ္အေပၚတကယ္စိတ္ရင္းမွန္တယ္ပဲထား, ဒါဆို ခင္ဗ်ားဘာလို႔ကုမၸဏီကို က်ဳပ္ဆီတိုက္႐ိုက္မေပးရတာလဲ?"
ခ်င္က်င္းေကာ္ : "ငါက မင္း စီးပြားေရးကိုစိတ္မဝင္စားဘူးလို႔ ထင္လို႔ေပါ့ကြာ" စုန႔္ယန္ခ်န္း အသက္ဆယ့္ခုႏွစ္ႏွစ္ သို႔မဟုတ္ ဆယ့္ရွစ္ႏွစ္ျပည့္ၿပီးခ်ိန္မွာ သူ႔အား ဆိုဆုံးမရခက္လာတဲ့အျပင္ သူ႔အေတြးအေခၚေတြအားလုံးကို သ႐ုပ္ေဆာင္ျခင္းမွာသာ ပုံအပ္ထားခဲ့တယ္။ ခ်င္က်င္းေကာ္က ဘယ္လိုလုပ္သူ႔ကိုကုမၸဏီေပးရဲပါ့မလဲ?
"ဟက္, ဒါဆို ခင္ဗ်ား ဘာလို႔က်ဳပ္ကိုအဲ့လိုထင္ရတာလဲ? ခင္ဗ်ားမ်က္လုံးထဲမွာ, အားလုံးယွဥ္ရင္ေတာင္မွ, က်ဳပ္က ခ်င္ေရွာက္ထက္ အဆင့္အတန္းနိမ့္က်တဲ့ အမႈိက္သာသာပဲ!"
---
ခ်င္ေရွာက္ရဲ႕ေနာက္ေက်ာဘက္မွာပုန္းေနရင္း စုေပက စုန႔္ယန္ခ်န္းရဲ႕ေပါက္ကြဲမႈကို နားေထာင္လိုက္ရၿပီး သူမရဲ႕မ်က္လုံးေတြကို ဟန္လုပ္ကာ လွန္လိုက္မိေတာ့တယ္။ ၀တၳဳထဲမွာ ဇာတ္လိုက္က သူ႔ရဲ႕အျပင္ပန္းစ႐ိုက္ကို ဖုံးကြယ္ၿပီး 'ႏိုင္ငံကိုကာကြယ္ရန္အခ်ိန္ယူလုပ္ေဆာင္ျခင္း' ဟူေသာ နည္းဗ်ဴဟာကိုအသုံးျပဳကာ သုံးစားမရသူတစ္ေယာက္လို ဟန္ေဆာင္ေနခဲ့တယ္။ အေစာပိုင္းအဆင့္မွာ သူက ငုပ္လွ်ိဳးၿပီးေနခဲ့တယ္။ ေနာက္ပိုင္းမွာ ဇာတ္လိုက္က သူ႔ပိုးအိမ္ထဲကေန ေဖာက္ထြက္လာၿပီး ဗီလိန္တစ္ေယာက္နဲ႔ အေနအထားခ်င္းတူတဲ့အထိ တစ္ဆင့္ၿပီးတစ္ဆင့္ ေလွ်ာက္လွမ္းသြားကာ ေနာက္ဆုံးမွာေတာ့ ေအာင္ပြဲခံႏိုင္သြားခဲ့တယ္။ ဒီျဖစ္စဥ္ကိုဖတ္ရႈျခင္းက တကယ္ႀကီး လူေတြကို အရမ္းမိုက္တယ္ဆိုတဲ့ ခံစားခ်က္မ်ိဳး ေပးစြမ္းႏိုင္တယ္။ သို႔ေသာ္ ဒီ့ထက္ပိုၿပီး ေသေသခ်ာခ်ာ စဥ္းစားၾကည့္လိုက္မယ္ဆိုရင္ စုန႔္ယန္ခ်န္းရဲ႕ အဆင့္အတန္းႏွိမ့္ခ်ၿပီးေနတာမ်ိဳးက သူ႔ရည္႐ြယ္ခ်က္ေအာင္ျမင္ဖို႔အတြက္ ဖုံးကြယ္ထား႐ုံမွ်သာျဖစ္တယ္။
အလြန္တရာထူးခြၽန္ထက္ျမက္တဲ့ လူငယ္ေလးတစ္ေယာက္, သူႀကီးျပင္းလာခ်ိန္မွာ, အရာရာတိုင္းမွာ သူ႔ထက္ေတာ္ၿပီး သူနဲ႔အသက္အတူတူျဖစ္တဲ့ လင္ပါသားတစ္ေယာက္နဲ႔ ေတြ႕ဆုံခဲ့တယ္။ စုန႔္ယန္ခ်န္းရဲ႕ ခ်င္ေရွာက္အေပၚ မနာလိုမႈနဲ႔ သူ႔ရဲ႕မလိုမုန္းထားမႈေတြက ဆိုဆုံးမရခက္သလို ဟန္ေဆာင္ျခင္းနဲ႔ ေဖ်ာ္ေျဖေရးလုပ္ငန္းသို႔ ဝင္ေရာက္ျခင္းမ်ားအပါအဝင္ သူ႔ၿပိဳင္ဘက္ကိုအႏိုင္ယူဖို႔အတြက္ ဆိုးဝါးတဲ့လုပ္ရပ္မ်ိဳးစုံကို လုပ္ေဆာင္ဖို႔ သူ႔အားႏႈိးဆြေပးေနခဲ့တယ္။ တကယ္ေတာ့ သူက ခ်င္ေရွာက္ တည္ရွိမေနတဲ့ေနရာတစ္ခုကို စိတ္အားထက္သန္စြာ ရွာေဖြေနၿပီး သူ႔ရဲ႕ထင္ေပၚေက်ာ္ၾကားမႈေတြကို အခိုးမခံခ်င္႐ုံေလးသာျဖစ္တယ္။
[koffeam's Note :
ခ်င္က်င္းေကာ္ကိုပဲ မ်က္လုံးလွန္ျပလိုက္ၾကရေအာင္! ဟိုးအရင္တုန္းက အဘိုးႀကီးက ခ်င္ေရွာက္ကို ယုံၾကည္ဖို႔ျငင္းဆန္ခဲ့တယ္ဆိုရင္ေတာင္မွ သူ႔ဘာသူ စစ္ေဆးၾကည့္ၿပီး စုန႔္ယန္ခ်န္းက တကယ္ႀကီး ခ်င္ေရွာက္ကို သတ္ခ်င္ေနတယ္ဆိုတာကို သိေနတာေတာင္မွ သူက အဲ့ႏွစ္ေယာက္ကို ဖ်န္ေျဖေပးဖို႔ သတၱိရွိေသးတယ္ေပါ့? အမွန္အတိုင္းေျပာရရင္ ဒီကိစၥကို သူ႔မိန္းမကိုဖုံးကြယ္ထားၿပီး ရဲမတိုင္ဘူးဆိုတာေတာင္ ေတာ္ေတာ္ႀကီးကို ဆိုး႐ြားေနၿပီ။ လူသတ္ဖို႔ႀကိဳးစားတာနဲ႔ယွဥ္ရင္ ေဒဝါလီခံရတာကမွ ပိုၿပီးေတာ့က်ိဳးေၾကာင္းဆီေလ်ာ္မႈရွိေသးတယ္, ဘာပဲျဖစ္ျဖစ္ ငါကေတာ့အဲ့လိုပဲျမင္တယ္]
ပြင့္အန္ထုတ္ၿပီးသြားတဲ့ေနာက္ စုန႔္ယန္ခ်န္းက ခ်င္ေရွာက္အား ေနာက္တစ္ႀကိမ္ ထပ္မံစိုက္ၾကည့္လိုက္တယ္။ "ဒီသတင္းအခ်က္အလက္ေတြက တကယ့္ကို ၾသခ်ေလာက္စရာေတြပါပဲ။ ဒါေပမဲ့ ကံမေကာင္းတာက မင္းမွာသက္ေသရွိလို႔လား?"
Mr.ခ်င္က ေသခ်ာမႈမရွိဘဲ တစ္ခုခုလုပ္တတ္တဲ့သူတစ္ေယာက္မဟုတ္ဘူး။ လက္ဆုပ္လက္ကိုင္ျပစရာ သက္ေသအေထာက္အထားမရွိဘဲနဲ႔ သူက ဒီအခ်က္အလက္ေတြကို စုန႔္ယန္ခ်န္းေရွ႕ကို ထုတ္ျပစရာအေၾကာင္းမရွိဘူး။
ခ်င္ေရွာက္ရဲ႕ေအးေဆးတည္ၿငိမ္မႈက စုန႔္ယန္ခ်န္းရဲ႕ေပါက္ကြဲမႈနဲ႔ ျပဒါးတစ္လမ္းသံတစ္လမ္းျဖစ္ေနခဲ့တယ္။
"ခ်င္ေရွာက္, မင္းေလွ်ာက္ေျပာေနတာ!"
"ငါက? ေလွ်ာက္ေျပာေနတယ္?" Mr.ခ်င္က သေရာ္လိုက္တယ္, "မင္းဒီစကားေတြကို ရဲနဲ႔စုံေထာက္ေတြကိုေျပာဖို႔ သိမ္းထားသင့္တယ္ေနာ့္"
စုန႔္ယန္ခ်န္း : "အယုတ္တမာေကာင္, မင္း ရဲေခၚလိုက္တာလား?!"
ခ်င္ေရွာက္ : "ႏိုင္ငံႀကီးသားတစ္ေယာက္အေနနဲ႔ ရာဇ၀တ္မႈေတြကို အာဏာပိုင္ေတြဆီ တင္ျပေပးရမယ္ဆိုတာ ငါ့တာဝန္ပဲေလ။ ျဖစ္ႏိုင္တာေတာ့ သူတို႔ ငါ့ကို 'တာဝန္ေက်တဲ့ႏိုင္ငံသားတစ္ေယာက္' ဆိုတဲ့ ဆုတံဆိပ္ေတြ ဘာေတြ ေပးခ်င္ေပးဦးမွာ"
စုေပခမ်ာ အက်ယ္ႀကီးထမရယ္မိေအာင္ အတင္းထိန္းခ်ဳပ္ထားခဲ့ရတယ္ : Mr.ခ်င္က ဒီလိုေလွာင္ေျပာင္သေရာ္တဲ့မွတ္ခ်က္ေတြကို မတရားရယ္စရာေကာင္းေအာင္ ေျပာတတ္တယ္ဆိုတာကို သူမ ပထမဆုံးအႀကိမ္သိလိုက္ရတာပဲျဖစ္တယ္။
စုေပက စုေရွာင္ေပါင္ကို ဖ်တ္ခနဲၾကည့္လိုက္တယ္။
စုေရွာင္ေပါင္ : "ဘာလဲ?"
စုေပ : "ၾကည့္ၿပီးသင္ထား"
---
လင္ယုံက ႐ုတ္တရက္ ထေအာ္လိုက္တယ္။ စစခ်င္း စုေပထင္လိုက္တာက စုန႔္ယန္ခ်န္းတစ္ေယာက္ တစ္စုံတစ္ရာကို ေနာက္တစ္ႀကိမ္ထပ္လုပ္လိုက္ျပန္ၿပီလို႔ပဲ။ သို႔ေပမဲ့ သူမေမာ့ၾကည့္လိုက္ခ်ိန္မွာ ခ်န္႐ႊယ္ယန္သတိလစ္သြားတာကို ျမင္လိုက္ရတယ္။
"အေမ? အေမ? ဘာျဖစ္တာလဲ?!"
"တစ္ေယာက္ေယာက္ကူညီၾကပါဦး! အေမသတိလစ္သြားလို႔!"
"႐ႊယ္ယန္, ႐ႊယ္ယန္! မင္းဘာလုပ္ေနတာလဲ? ဆရာဝန္ျမန္ျမန္ေခၚေလ!"
တစ္အိမ္လုံးေယာက္ယက္ခတ္ေနၿပီး ခ်င္က်င္းေကာ္တစ္ေယာက္ သူ႔ဇနီးကို အလ်င္အျမန္ ေဆး႐ုံပို႔လိုက္ရေတာ့တယ္။
---
က်ီဟြားပုဂၢလိကေဆး႐ုံ။
အခုခ်ိန္မွာ ခ်င္က်င္းေကာ္က လူနာေဆာင္ထဲမွာ သူ႔ဇနီးကို စစ္ေဆးမႈလုပ္ဖို႔အတြက္ အေဖာ္ျပဳေပးေနတယ္။ ခ်င္ေရွာက္က အျပင္ဘက္ထိုင္ခုံတစ္ခုံမွာထိုင္ေနၿပီး သူ႔ေဘးမွာ စုေပနဲ႔စုေရွာင္ေပါင္တို႔ရွိေနတယ္။ စုန႔္ယန္ခ်န္းကေတာ့ ထိုပရမ္းပတာအေျခအေနကို အခြင့္ေကာင္းယူကာ လင္ယုံကိုေခၚၿပီး ျပန္ဖို႔ျပင္ေနခဲ့တယ္။ ထြက္ေျပးတာ ဒါမွမဟုတ္ သက္ေသအေထာက္အထားေတြကို ဖ်က္ဆီးပစ္မွာ ေသခ်ာသေလာက္ပင္။
စုန႔္ယန္ခ်န္းျပန္ေတာ့မယ့္အခ်ိန္မွာ Mr.ခ်င္က စကားတစ္ခြန္းေျပာလာခဲ့တယ္။ "မင္းေနာက္တစ္ႀကိမ္ျပန္ရပ္တည္ႏိုင္ဖို႔ ငါ့ဖက္က အခြင့္အေရးေပးလိမ့္မယ္လို႔မ်ား မင္းထင္ေနလား?"
စုန႔္ယန္ခ်န္းခမ်ာ ထြက္မေျပးႏိုင္ေတာ့ဘူး။ သူျပန္ေရာက္လာတဲ့အခ်ိန္မွာ သူ႔ကိုယ္ေရးကိုယ္တာ အခ်က္အလက္ေတြက နာမည္ပ်က္စာရင္းအသြင္းခံထားရတဲ့အျပင္ သူ႔ရန္ပုံေငြအားလုံးကလည္း ပိတ္ခံလိုက္ရတယ္။ အခုခ်ိန္ ရဲေတြလည္း သူ႔အိမ္ကိုေရာက္ေနေလာက္ၿပီျဖစ္တယ္။
---
ခဏၾကာၿပီးေနာက္ ခ်င္က်င္းေကာ္က လူနာေဆာင္ကေနထြက္လာတယ္။ လူအိုႀကီးက ႐ုတ္ခ်ည္းဆိုသလို ဆယ္ႏွစ္ေလာက္အိုစာသြားခဲ့တယ္။ ခ်င္ေရွာက္ ထရပ္လိုက္တယ္။ ခ်င္က်င္းေကာ္က သူ႔သားကိုတစ္ခ်က္ၾကည့္ၿပီး ထိုင္ခ်လိုက္ကာ ခ်င္ေရွာက္ထံ စကားေျပာလာတယ္။ "မင္းလည္းထိုင္ဦး"
"အန္တီခ်န္ ဘယ္လိုေနေသးလဲ?" ခ်င္ေရွာက္ေမးလိုက္တယ္။
"သူအဆင္ေျပပါတယ္။ မၾကာခင္သတိရလာလိမ့္မယ္" ခ်န္႐ႊယ္ယန္က တျဖည္းျဖည္းနဲ႔အသက္ရလာတာျဖစ္ၿပီး စုန႔္ယန္ခ်န္းနဲ႔ လင္ယုံတို႔ရဲ႕ လတ္တေလာအလည္အပတ္လာမႈေတြကလည္း သူမကို ေနထိုင္မေကာင္းျဖစ္ေစခဲ့တယ္။ ယေန႔ျဖစ္ရပ္ရဲ႕လႈံ႕ေဆာ္မႈေၾကာင့္ ခ်န္႐ႊယ္ယန္ခမ်ာ အသက္ရႈက်ပ္ၿပီး သတိလစ္သြားရတာျဖစ္တယ္။
ခ်င္က်င္းေကာ္က သက္ျပင္းဖြဖြခ်ရင္း, "ဒီႏွစ္ေတြမွာ အေဖ မင္းအေပၚမွားခဲ့မိတယ္"
အမွန္တရားကိုသိၿပီးသြားတဲ့ေနာက္ ခ်င္က်င္းေကာ္မွာ သူ႔သားအေပၚ ေဖာ္ျပလို႔မရႏိုင္တဲ့ အျပစ္ရွိစိတ္တစ္ခု ရွိလာခဲ့တယ္။ မိသားစုသဟဇာတျဖစ္ေရးဆိုတဲ့ အက်ိဳးတစ္ခုအတြက္နဲ႔ သူ ေနာက္အိမ္ေထာင္ျပဳလိုက္တဲ့ဇနီးရဲ႕ ကေလးကို သည္းခံေပးဖို႔ ခ်င္ေရွာက္ကို အၿမဲတမ္း ေတာင္းဆိုခဲ့တယ္။ ခ်င္က်င္းေကာ္ခမ်ာ ႏွစ္ေပါင္းမ်ားစြာအတြင္း သူႀကဳံေတြ႕ခဲ့ရတဲ့အရာေတြနဲ႔ သူဘယ္ေလာက္ေတာင္ႀကိတ္မွိတ္သည္းခံခဲ့ရသလဲ ဆိုတာေတြကို စိတ္ကူးၾကည့္လို႔ေတာင္မရဘူး။
"ငါမွားတာပါ..."
သူနဲ႔သူ႔ဇနီးက သားႏွစ္ေယာက္ကို အဆင္ေျပေစခ်င္တာနဲ႔ပဲ အတူတူေခၚမထားမိခဲ့သင့္ဘူး။ သူတို႔ထဲကတစ္ေယာက္ကို ႏိုင္ငံျခားလႊတ္လိုက္တာကမွ လက္ရွိအေျခအေနထက္ ပိုေကာင္းဦးမယ္။ ဘယ္လိုပဲျဖစ္ျဖစ္, သူ႔အေနနဲ႔ ကေလးႏွစ္ေယာက္ထဲကတစ္ေယာက္ကို ႏိုင္ငံျခားလႊတ္ဖို႔ေ႐ြးခ်ယ္ရမယ္ဆိုရင္ ခ်င္က်င္းေကာ္က အဲ့ဒီအခ်ိန္မွာလည္း သူ႔သားအရင္းကိုေစလႊတ္ဖို႔ပဲ ေ႐ြးခ်ယ္မိမွာျဖစ္တယ္။
ခ်င္က်င္းေကာ္က သူ႔သားနဲ႔ ဘယ္လိုမ်က္ႏွာခ်င္းဆိုင္ရမလဲ မသိေတာ့ဘူး။ သူ႔ခမ်ာ အျပစ္ရွိစိတ္နဲ႔ အကူအညီမဲ့မႈေတြသာ ခံစားမိခဲ့တယ္။
ခ်င္ေရွာက္က ႏႈတ္ခမ္းကိုဖြင့္ဟၿပီး ဒီမတိုးသာမဆုတ္သာအေျခအေနကို ခ်ိဳးဖ်က္လိုက္တယ္။ "အတိတ္ကအတိတ္ပါပဲ။ ျဖစ္ၿပီးသြားတဲ့ကိစၥေတြကို ေျပာေနလို႔လည္း ဘာအဓိပၸါယ္မွမရွိေတာ့တာ။ ဒါေပမဲ့ ဒီတစ္ေခါက္ကေတာ့ အေဖနဲ႔ အန္တီခ်န္တို႔ ဝင္မစြက္ဖက္ဖို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္"
ေသခ်ာတာေပါ့, သူတို႔ဝင္စြက္ဖက္ခ်င္ရင္ေတာင္ ဘာတစ္ခုမွလုပ္လို႔ရမွာမဟုတ္ဘူး။ ေနာက္ဆုံးေတာ့ စုန႔္ယန္ခ်န္းက ဥပေဒကိုခ်ိဳးေဖာက္ခဲ့တာပဲေလ။
ခ်င္က်င္းေကာ္က ေခါင္းညိတ္လိုက္တယ္။ "မပူနဲ႔။ ဒီတစ္ေခါက္ေတာ့ ငါထပ္ၿပီးၾကားဝင္ဖ်န္ေျဖေပးေတာ့မွာမဟုတ္ဘူး" အခုခ်ိန္မွာ စုန႔္ယန္ခ်န္းကို သူ႔ႏွလုံးသားထဲကပါ မုန္းတီးသြားၿပီျဖစ္တယ္။
ခ်င္က်င္းေကာ္ : "စုန႔္ယန္ခ်န္းကို ဘယ္လိုျပစ္ဒဏ္ခ်မွတ္မွာလဲ?"
ခ်င္ေရွာက္ : "ဘယ္လိုပဲျဖစ္ျဖစ္ သူနဲ႔တန္တယ္"
...
ခဏၾကာေတာ့ ဆရာဝန္ထြက္လာၿပီး ခ်န္႐ႊယ္ယန္သတိရလာၿပီလို႔ ခ်င္က်င္းေကာ္ထံ ေျပာျပလိုက္တယ္။
"အန္တီခ်န္သတိရလာၿပီတဲ့။ မင္းအထဲဝင္ၿပီး တစ္ခ်က္ၾကည့္ခ်င္လား?" ခ်င္က်င္းေကာ္က ခ်င္ေရွာက္အား တြန႔္ဆုတ္တြန္႔ဆုတ္နဲ႔ ေမးလိုက္တယ္။
"ဟင့္အင္း" အဲဒါက ျပႆနာထပ္တက္႐ုံပဲရွိမွာ။
"ေရွာင္ေပ, ေရွာင္ေပါင္, သြားၾကစို႔" ခ်င္ေရွာက္လွည့္ၾကည့္လိုက္ေတာ့ အိပ္ခ်င္ေနတဲ့အမႊာႏွစ္ေယာက္ကို ေတြ႕လိုက္ရတယ္ : စုေပက စုေရွာင္ေပါင္ရဲ႕ပုခုံးေပၚမွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ႀကီးကို အိပ္ေပ်ာ္ေနၿပီး စုေရွာင္ေပါင္ရဲ႕ေခါင္းကလည္း ၫႊတ္က်ေနကာ အိပ္ေမာက်လုနီးပါးပင္။
"အယ္, ဘာႀကီးလဲ?" စုေပက မ်က္လုံးဖြင့္လိုက္တယ္။ အိပ္ခ်င္မူးတူးျဖစ္ေနၿပီး ၾကည့္ရတာ Mr.ခ်င္ သူမကိုေခၚလိုက္တဲ့အသံၾကားလိုက္ရသလိုပဲ။
"ဘြားဘြားသတိရလာၿပီ။ သြားၾကစို႔။ အေဖတို႔အိမ္ျပန္ၾကမယ္" ခ်င္ေရွာက္က သူ႔ကုတ္အက်ႌကိုခြၽတ္ၿပီး စုေပရဲ႕ကိုယ္ေပၚၿခဳံေပးလိုက္တယ္။
"အိုး, ဟုတ္ကဲ့" စုေပက အိပ္ခ်င္မူးတူးနဲ႔ ေခါင္းညိတ္လိုက္တယ္။ ေျခလွမ္းႏွစ္လွမ္းမွ်လွမ္းၿပီးတဲ့ေနာက္ သူမတုံ႔ခနဲျဖစ္ၿပီး ခ်င္က်င္းေကာ္ဘက္သို႔ လွည့္လိုက္တယ္။ "ဘိုးဘိုး ေနာက္မွေတြ႕မယ္ေနာ္"
"ေနာက္မွေတြ႕ၾကမယ္, ေရွာင္ေပ, ေရွာင္ေပါင္"
မိသားစုသုံးေယာက္သား ထြက္သြားၾကတာကိုၾကည့္ရင္း ခ်င္က်င္းေကာ္က ေနာက္တစ္ႀကိမ္ အေတြးေတြထဲကို နစ္ေမ်ာသြားရျပန္တယ္ : သူက ဖခင္တစ္ေယာက္ျဖစ္ဖို႔ လုံးလုံးက်ရႈံးသြားခဲ့ရၿပီျဖစ္တယ္။ ခ်င္ေရွာက္ေလာက္ေတာင္ မေကာင္းတဲ့သူတစ္ေယာက္ပဲ။
---
အျပန္လမ္းမွာ စုေပက ပုံမွန္အတိုင္း အေနာက္ခုံမွာထိုင္ခဲ့တယ္။ သူမရဲ႕အိပ္ခ်င္စိတ္ေတြက လုံးဝကို ေပ်ာက္ကြယ္သြားၿပီျဖစ္တဲ့အျပင္ သူမက အရမ္းကိုလန္းဆန္းတက္ႂကြေနခဲ့တယ္။
"ကားထဲမွာ မိုဘိုင္းဖုန္းမကစားနဲ႔" စုေပက သူ႔ဖုန္းကိုထုတ္လိုက္တာကိုျမင္ေတာ့ Mr.ခ်င္က သူမကို သတိေပးလိုက္တယ္။
"သမီး မကစားပါဘူး, ဒီတိုင္း သတင္းနည္းနည္းပါးပါးဖတ္မလို႔ပါ"
စုေပက အင္တာနက္ေပၚမွာ 'Black and White Dream Girl' အေၾကာင္းနဲ႔ပတ္သတ္တဲ့သတင္းကိုေတြ႕ရွိခဲ့ၿပီး ၎မွာ စုန႔္ရွင္းယီဝင္ေရာက္ထားတဲ့ ႐ုပ္ရွင္အဖြဲ႕ရဲ႕တင္ဆက္ျပသမႈပင္ျဖစ္တယ္။ စုေပက ၎အထူးသတင္းကို ေခါင္းစီးဓာတ္ပုံတစ္ပုံေၾကာင့္ သတိထားမိခဲ့တာျဖစ္တယ္ : စုန႔္ရွင္းယီေဘးမွာရပ္ေနတဲ့သူက သူမနဲ႔ စုေရွာင္ေပါင္တို႔ B ၿမိဳ႕သို႔လာေရာက္ခ်ိန္ ရထားေပၚမွာႀကဳံႀကိဳက္ခဲ့တဲ့သူပဲျဖစ္တယ္။ အဲ့ဒီလူက သူမကို business card ေပးခဲ့တဲ့ သံသယျဖစ္စရာေကာင္းတဲ့လူႀကီး အတိအက်ပဲ မဟုတ္လား?
မေမွ်ာ္လင့္ဘဲ တစ္ဖက္လူက တကယ့္ဒါ႐ိုက္တာအစစ္ျဖစ္ကာ ၾကည့္ရတာ နာမည္ႀကီးလူႀကိဳက္မ်ားပုံရတယ္။ လအနည္းငယ္အတြင္းမွာတင္ သူက ရထားေပၚမွာတုန္းကလို လူလတ္ပိုင္းအ႐ြယ္ ကလိမ္ကက်စ္က်မယ့္ ေယာက္်ားႀကီးတစ္ေယာက္အျဖစ္ကေန သစ္လြင္ၿပီး အလားအလာေကာင္းတဲ့ဒါ႐ိုက္တာတစ္ေယာက္အျဖစ္ ေျပာင္းလဲသြားခဲ့တယ္။
အဲ့ဒီအခ်ိန္တုန္းက စုေပက ၎ business card ကို ၾကည့္ေတာင္မၾကည့္ဘဲ လႊတ္ပစ္လိုက္တာျဖစ္တယ္။ သူမ မွတ္မိလိုက္တာေတာ့ ေဆာင္းဦးရာသီပြဲေတာ္အတြင္း စုန႔္ရွင္းယီက သူမ ဒါ႐ိုက္တာအိုယီပင္းရဲ႕႐ုပ္ရွင္မွာ သ႐ုပ္ေဆာင္ေတာ့မယ့္အေၾကာင္း ေျပာခဲ့တာကိုပဲ။
"ငါ နာမည္ကိုရွာမေတြ႕ဘူး" စုေပက တီးတိုးေရ႐ြတ္ေနရင္း ေအာက္ကိုဆက္ေ႐ႊ႕ၾကည့္ေနမိတယ္။ သူမ ေနာက္ဆုံးေတာ့ သ႐ုပ္ေဆာင္ေတြနဲ႔ ဒါ႐ိုက္တာနာမည္စာရင္းကို ေတြ႕လိုက္ရခ်ိန္မွာ စုေပက အရမ္းေရွာ့ခ္ရသြားတာေၾကာင့္ သူမရဲ႕ဖုန္းကို လႊတ္ပစ္မိမတတ္ျဖစ္သြားရေတာ့တယ္။
[ Kay : Hello နည္းနည္းေလးေျပာစရာရွိလို႔ပါ။ ဒီ novelေလးကို ဘာသာျပန္ေပးေနတာက အမ Moonflower_K ပါ။ အမေကဝိုင္က နည္းနည္းပါးပါး editလုပ္ၿပီး ကူညီေပးတာပဲရွိပါတယ္။ အမေကဝိုင္ ဘာသာျပန္ေပးေနတာ မဟုတ္ပါဘူးေနာ္။ ]
27.7.2021
Tuesday
___________________________________
MWFV Ch 71
Mr. Qin's Counterattack
Unicode Version
ချင်ရှောက်ထုတ်ပြလိုက်တဲ့ သတင်းအချက်အလက်က ပြီးခဲ့တဲ့နှစ်ပေါင်းများစွာအတွင်း စုန့်ယန်ချန်းကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုများအားလုံးရဲ့ သက်သေသာဓကများသာဖြစ်တယ်။ စုမိန်ရဲ့သတင်းပေးမှုကျေးဇူးကြောင့် Mr.ချင်က ၎င်းသက်သေအထောက်အထားများကို စုဆောင်းနိုင်ခဲ့တာဖြစ်တယ်။
စုမိန်ပြောတဲ့ အဲ့ဒီနှစ်တုန်းက စုန့်ယန်ချန်းနဲ့ လျှို့ဝှက်စကားပြောဆိုခဲ့တဲ့သူက ကျိုးတာ့ဟူဖြစ်ကာ B မြို့ မြေအောက်အဖွဲ့အစည်းရဲ့ ကင်ဆာလိုလူတစ်ယောက်ဖြစ်တယ်။ သူက ရာဇ၀တ်မှုပေါင်းများစွာကို ကိုယ်တိုင်ကိုယ်ကျ ကျူးလွန်ခဲ့တဲ့လူတစ်ယောက်ဖြစ်တယ်။
စုန့်ယန်ချန်းက တစ်ဖက်လူနဲ့ ပြီးခဲ့တဲ့ဆယ်နှစ်ကျော်လောက်ကတည်းက အဆက်အသွယ်ရှိခဲ့တာဖြစ်တယ် : စုန့်ယန်ချန်းက ကျိုးတာ့ဟူအား ငွေကြေးနှင့်အကာအကွယ်များ ထောက်ပံ့ပေးပြီး အပြန်အလှန်အားဖြင့် မြေအောက်မှလူတွေက စုန့်ယန်ချန်းအတွက် ထုတ်ပြောလို့မရနိုင်တဲ့ တစ်ချို့သောအရာများကိုလုပ်ဆောင်ဖို့ လှုပ်ရှားပေးကြရတာဖြစ်တယ်။
ချင်ရှောက်အပေါ် တိုက်ခိုက်မှုပေါင်းမြောက်များစွာအပါအဝင်ပင်။
အမှန်တော့ စုန့်ယန်ချန်းက စုပေနဲ့စုရှောင်ပေါင်ကို ပြန်ပေးဆွဲရန် တကယ်ကြီး စီစဉ်ထားခဲ့တာဖြစ်တယ်။ အကယ်၍ စုန့်ယန်ချန်းက သူ့ကလေးတွေကို ပစ်မှတ်မထားခဲ့ဘူးဆိုရင် Mr.ချင်က ဒီလောက်ဒေါသတွေမတရားထွက်ပြီး စုန့် Group ကို စုတ်ပြတ်သတ်သွားလောက်တဲ့အထိ တိုက်ခိုက်မိမှာမဟုတ်ဘူး။
ရေးသားထားတဲ့ သက်သေအထောက်အထားတွေက အလွန်တရာ ရှင်းလင်းပြတ်သားလှတာကြောင့် ချန်ရွှယ်ယန်ခမျာ ရွေးချယ်စရာမရှိတော့ဘဲ ယုံကြည်လက်ခံလိုက်ရတော့တယ်။ သူမရဲ့မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူမရဲ့သားအား မယုံကြည်နိုင်တဲ့မျက်လုံးတွေနဲ့ကြည့်ရင်း ဆိုဖာပေါ်သို့ ပုံလျက်သားလဲကျသွားတော့တယ်။ "ယန်ချန်း, ဒါအမှန်ပဲလား? ဒါတွေအားလုံးကို မင်းတကယ်လုပ်ခဲ့တာလား?"
သူမရဲ့သားက ချင်ရှောက်ရဲ့အသက်ကို လိုချင်ရုံတင်မက ငယ်ငယ်ရွယ်ရွယ် ကလေးနှစ်ယောက်ကိုပါ အလွှတ်မပေးချင်ဘူးပေါ့! မိခင်တစ်ယောက်အနေနဲ့ ချန်ရွှယ်ယန်က သူမရဲ့ကလေး လမ်းကြောင်းလွဲသွားနိုင်တယ်ဆိုတာကို တွေးကြည့်ဖို့အမြဲ ဝန်လေးနေသူဖြစ်တယ်။ အဲဒါကြောင့် စုန့်ယန်ချန်းနဲ့ ချင်ရှောက်ကြားက ပဋိပက္ခတွေကို ပင်ကိုစရိုက်နဲ့ သာမန်ဝိရောဓိကွဲလွဲမှုတို့ရဲ့ တိုက်ပွဲတစ်ခုလို့ပဲ သူမအမြဲတမ်းမှတ်ယူထားခဲ့တယ်။ ချန်ရွှယ်ယန်က သူမရဲ့အရွယ်ရောက်နေတဲ့သားက ဒီလောက်ဆိုးရွားတဲ့အရာတွေကို လုပ်ဆောင်ခဲ့တယ်ဆိုတာကို မယုံကြည်နိုင်ဘူး။ စုန့်ယန်ချန်းရဲ့လုပ်ရပ်တွေက ချန်ရွှယ်ယန်ရဲ့တစ်ကိုယ်လုံးကို အေးစက်သွားစေခဲ့တယ်။
သူ့အမေရဲ့မေးခွန်းထုတ်နေတဲ့ မျက်နှာကိုဆိုင်လိုက်ရချိန်မှာ စုန့်ယန်ချန်းတစ်ယောက် နှုတ်ဆိတ်နေခဲ့တယ်။ သူထင်မထားမိတာက ချင်ရှောက်ရဲ့စွမ်းဆောင်ရည်က ဒီလောက်မြင့်ပြီး ဒီအရာတွေကိုတောင် ရှာဖွေဖော်ထုတ်နိုင်တယ်ဆိုတာပဲ, ဒါဆို တစ်ခြားကိစ္စတွေကရော...
ချန်ရွှယ်ယန်က ကြံရာမရဖြစ်နေတယ်။ "ယန်ချန်း, မင်းဘာလို့ဒီလိုဖြစ်သွားရတာလဲ..."
ချင်ကျင်းကော်လည်း ထပ်တူတုန်လှုပ်သွားခဲ့ရတယ်။ ဟိုးအရင်က ချင်ရှောက်ပြောခဲ့ဖူးတဲ့, "စုန့်ယန်ချန်းက ကျွန်တော့်အသက်ကိုလိုချင်တာ," ဆိုတာကို ချင်ကျင်းကော်လည်း အတိုင်းအတာတစ်ခုအထိ ယုံကြည်တာကြောင့် သူ့လူတွေကိုလွှတ်ပြီး စုံစမ်းခိုင်းလိုက်တဲ့အခါ သဲလွန်စအချို့ကို တွေ့ရှိခဲ့တယ်။ သို့ပေမဲ့ သူလုံးဝမျှော်လင့်မထားခဲ့မိတာက စုန့်ယန်ချန်းက ချင်ရှောက်ရဲ့အသက်ကို အကြိမ်ပေါင်းမြောက်များစွာ ပစ်မှတ်ထားခဲ့တယ်ဆိုတာကိုပဲ။ ပြီးခဲ့တဲ့ဆယ်နှစ်ကျော်ကျော်လောက်ကတည်းကနေ အခုချိန်အထိဆိုရင် အကြိမ်နှစ်ဆယ်တောင်ကျော်ပြီပေါ့! အကယ်၍ ချင်ရှောက်ကသာ သေချာဂရုမစိုက်ဘူးဆိုရင် ဒါမှမဟုတ် ကံနည်းနည်းဆိုးနေခဲ့မယ်ဆိုရင် သူ့ခမျာ အကြိမ်ပေါင်းမြောက်များစွာသေပြီးနေလောက်ပြီ။
ချင်ရှောက်က ဟိုးအရင်ကတည်းက အကြိမ်ပေါင်းမြောက်များစွာ ထိခိုက်ဒဏ်ရာရထားခဲ့ပြီးဖြစ်တယ်။ သို့ပေသိ ချင်ကျင်းကော်တွေးလိုက်တာက စီးပွားရေးနယ်ပယ်မှာ သူ့သားရဲ့မညှာမတာလုပ်ရပ်တွေက သူ့ကို ရန်သူတွေဝိုင်းနေပြီး ဘေးအန္တရာယ်တွေ ကျရောက်စေတယ်လို့ပဲ, သို့သော် ဒီဟာတွေရဲ့နောက်ကွယ်က အဓိကလူက စုန့်ယန်ချန်းဖြစ်နေလိမ့်မယ်လို့တော့ ချင်ကျင်းကော်လုံးဝထင်မထားခဲ့မိဘူး။
သူ့စိတ်ရင်းအမှန်ရယ်၊ သူ့နှလုံးသားနဲ့ရင်းပြီး ပြုစုပျိုးထောင်ခဲ့တဲ့ မယားပါသားက တကယ်တမ်းကျတော့ သူ့သားရဲ့အသက်ကို တစ်ချိန်လုံး လိုချင်နေခဲ့တာပဲ!
ချင်ကျင်းကော်ခမျာ ခါးသီးရသလို တစ်ချိန်တည်းမှာပဲ ဒေါသလည်းထွက်မိတယ်။
"ဒါအကုန်မဟုတ်သေးဘူး။ အဆုံးထိဖတ်ကြည့်လိုက်ကြပါဦး" ချင်ရှောက်က တည်ငြိမ်စွာ သတိပေးလိုက်တယ်။
ရှေ့ပိုင်းမှ သတင်းအချက်အလက်တွေက စုန့်ယန်ချန်းသေချာမရှင်းလင်းထားတဲ့အရာများနဲ့ နှစ်ပေါင်းများစွာ ချင်ရှောက်အား သတ်ဖြတ်ရန်ကြိုးစားမှုများသာဖြစ်တယ်။ သို့သော် နောက်ပိုင်းစာမျက်နှာများတွင်မူ သူကျူးလွန်ခဲ့တဲ့ တကယ့်လူသတ်မှုအစစ်များပင် : ကျီဟွား International ၏အကြီးတန်းရှယ်ယာရှင်နှစ်ဦး၊ အဆင့်မြင့်အလုပ်အမှုဆောင်တစ်ဦး၊ ချင်ရှောက်၏အရေးပါသောစီးပွားရေးပါတနာတစ်ဦး... အားလုံးမှာ စုန့်ယန်ချန်းအား ဟန့်တားသောသူများဖြစ်ကြပြီး ၎င်းတို့ခမျာ အမျိုးမျိုးသောနည်းလမ်းများဖြင့် အသတ်ခံခဲ့ကြရတာဖြစ်တယ်။
"စုန့်ယန်ချန်း! မင်း ဘာလို့ဒီလောက်တောင်ရက်စက်ယုတ်မာရတာလဲ?! မင်းအမေနဲ့ငါ အိမ်ထောင်ကျပြီးတာတောင်မှ အရာရာတိုင်းမှာ ငါ ချင်ရှောက်ကိုပဲ အလျှော့ပေးခိုင်းထားတယ်မဟုတ်ဘူးလား? မင်းကျီဟွားကိုလိုချင်တယ်ဆိုရင် ငါမင်းကိုပေးမှာပေါ့ကွာ။ မင်းဘာလို့ဒီလိုလုပ်ရတာလဲ?! ဒါတွေက လူ့အသက်တွေကွ!" ချင်ကျင်းကော်က ကြိမ်းဝါးလိုက်တယ်။
စုန့်ယန်ချန်းလက်မှာ သွေးမစွန်းဘဲ အဲဒီလူတွေကို တိုက်ရိုက် မတိုက်ခိုက်ခဲ့ဘူးဆိုရင်တောင်မှ ၎င်းတို့တွေက သူ့ကြောင့်အသတ်ခံရတယ်ဆိုတဲ့အချက်က ပြောင်းလဲသွားမှာမဟုတ်ဘူး။ နောက်ပြီး ဒီလူတွေထဲကအများစုက ချင်ကျင်းကော်ရဲ့မိတ်ဆွေဟောင်းများဖြစ်ပြီး ကုမ္ပဏီစတည်ထောင်ကတည်းက အတူတကွ ကြိုးစားလုပ်ကိုင်ခဲ့ကြသူများပင်ဖြစ်တယ်။
ဒီအချိန်မှာ စုန့်ယန်ချန်းကလည်း လူကြီးနှစ်ယောက်ရှေ့မှာ ထပ်ပြီးဟန်ဆောင်ပြမနေတော့ဘူး။ သူ ငေါ့တော့တော့ပြုံးပြီး ချင်ကျင်းကော်ကို စူးစူးရဲရဲကြည့်လိုက်တယ်။ "ကျွန်တော့်ကို အလျှော့ပေးတယ်တဲ့လား? ဒါဆိုလည်း အဲ့သောက်အရေးမပါတဲ့ အလျှော့ပေးတယ်ဆိုတာကို လုပ်ရောလုပ်ခဲ့ရဲ့လားလို့ သူ့ကိုမေးကြည့်လိုက်ပါဦး!"
"ပြီးတော့ ခင်ဗျား, အဘိုးကြီး။ ခင်ဗျားက ကျုပ်အပေါ်ကောင်းတယ်လို့ ပြောနေတုန်းပဲပေါ့။ ဒါပေမဲ့ ခင်ဗျားက အသေးအဖွဲကိစ္စလေးတွေလောက်ပဲ ကောင်းတာလေ။ တကယ်အရေးကြီးတဲ့ဟာတွေကျတော့ ခင်ဗျားက ခင်ဗျားသားကိုပဲ အမြဲတမ်း ဦးစားပေးတာပဲမဟုတ်ဘူးလား? ခင်ဗျား ကျုပ်အပေါ်တကယ်စိတ်ရင်းမှန်တယ်ပဲထား, ဒါဆို ခင်ဗျားဘာလို့ကုမ္ပဏီကို ကျုပ်ဆီတိုက်ရိုက်မပေးရတာလဲ?"
ချင်ကျင်းကော် : "ငါက မင်း စီးပွားရေးကိုစိတ်မဝင်စားဘူးလို့ ထင်လို့ပေါ့ကွာ" စုန့်ယန်ချန်း အသက်ဆယ့်ခုနှစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်ပြည့်ပြီးချိန်မှာ သူ့အား ဆိုဆုံးမရခက်လာတဲ့အပြင် သူ့အတွေးအခေါ်တွေအားလုံးကို သရုပ်ဆောင်ခြင်းမှာသာ ပုံအပ်ထားခဲ့တယ်။ ချင်ကျင်းကော်က ဘယ်လိုလုပ်သူ့ကိုကုမ္ပဏီပေးရဲပါ့မလဲ?
"ဟက်, ဒါဆို ခင်ဗျား ဘာလို့ကျုပ်ကိုအဲ့လိုထင်ရတာလဲ? ခင်ဗျားမျက်လုံးထဲမှာ, အားလုံးယှဥ်ရင်တောင်မှ, ကျုပ်က ချင်ရှောက်ထက် အဆင့်အတန်းနိမ့်ကျတဲ့ အမှိုက်သာသာပဲ!"
---
ချင်ရှောက်ရဲ့နောက်ကျောဘက်မှာပုန်းနေရင်း စုပေက စုန့်ယန်ချန်းရဲ့ပေါက်ကွဲမှုကို နားထောင်လိုက်ရပြီး သူမရဲ့မျက်လုံးတွေကို ဟန်လုပ်ကာ လှန်လိုက်မိတော့တယ်။ ၀တ္ထုထဲမှာ ဇာတ်လိုက်က သူ့ရဲ့အပြင်ပန်းစရိုက်ကို ဖုံးကွယ်ပြီး 'နိုင်ငံကိုကာကွယ်ရန်အချိန်ယူလုပ်ဆောင်ခြင်း' ဟူသော နည်းဗျူဟာကိုအသုံးပြုကာ သုံးစားမရသူတစ်ယောက်လို ဟန်ဆောင်နေခဲ့တယ်။ အစောပိုင်းအဆင့်မှာ သူက ငုပ်လျှိုးပြီးနေခဲ့တယ်။ နောက်ပိုင်းမှာ ဇာတ်လိုက်က သူ့ပိုးအိမ်ထဲကနေ ဖောက်ထွက်လာပြီး ဗီလိန်တစ်ယောက်နဲ့ အနေအထားချင်းတူတဲ့အထိ တစ်ဆင့်ပြီးတစ်ဆင့် လျှောက်လှမ်းသွားကာ နောက်ဆုံးမှာတော့ အောင်ပွဲခံနိုင်သွားခဲ့တယ်။ ဒီဖြစ်စဉ်ကိုဖတ်ရှုခြင်းက တကယ်ကြီး လူတွေကို အရမ်းမိုက်တယ်ဆိုတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တယ်။ သို့သော် ဒီ့ထက်ပိုပြီး သေသေချာချာ စဉ်းစားကြည့်လိုက်မယ်ဆိုရင် စုန့်ယန်ချန်းရဲ့ အဆင့်အတန်းနှိမ့်ချပြီးနေတာမျိုးက သူ့ရည်ရွယ်ချက်အောင်မြင်ဖို့အတွက် ဖုံးကွယ်ထားရုံမျှသာဖြစ်တယ်။
အလွန်တရာထူးချွန်ထက်မြက်တဲ့ လူငယ်လေးတစ်ယောက်, သူကြီးပြင်းလာချိန်မှာ, အရာရာတိုင်းမှာ သူ့ထက်တော်ပြီး သူနဲ့အသက်အတူတူဖြစ်တဲ့ လင်ပါသားတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်။ စုန့်ယန်ချန်းရဲ့ ချင်ရှောက်အပေါ် မနာလိုမှုနဲ့ သူ့ရဲ့မလိုမုန်းထားမှုတွေက ဆိုဆုံးမရခက်သလို ဟန်ဆောင်ခြင်းနဲ့ ဖျော်ဖြေရေးလုပ်ငန်းသို့ ဝင်ရောက်ခြင်းများအပါအဝင် သူ့ပြိုင်ဘက်ကိုအနိုင်ယူဖို့အတွက် ဆိုးဝါးတဲ့လုပ်ရပ်မျိုးစုံကို လုပ်ဆောင်ဖို့ သူ့အားနှိုးဆွပေးနေခဲ့တယ်။ တကယ်တော့ သူက ချင်ရှောက် တည်ရှိမနေတဲ့နေရာတစ်ခုကို စိတ်အားထက်သန်စွာ ရှာဖွေနေပြီး သူ့ရဲ့ထင်ပေါ်ကျော်ကြားမှုတွေကို အခိုးမခံချင်ရုံလေးသာဖြစ်တယ်။
[koffeam's Note :
ချင်ကျင်းကော်ကိုပဲ မျက်လုံးလှန်ပြလိုက်ကြရအောင်! ဟိုးအရင်တုန်းက အဘိုးကြီးက ချင်ရှောက်ကို ယုံကြည်ဖို့ငြင်းဆန်ခဲ့တယ်ဆိုရင်တောင်မှ သူ့ဘာသူ စစ်ဆေးကြည့်ပြီး စုန့်ယန်ချန်းက တကယ်ကြီး ချင်ရှောက်ကို သတ်ချင်နေတယ်ဆိုတာကို သိနေတာတောင်မှ သူက အဲ့နှစ်ယောက်ကို ဖျန်ဖြေပေးဖို့ သတ္တိရှိသေးတယ်ပေါ့? အမှန်အတိုင်းပြောရရင် ဒီကိစ္စကို သူ့မိန်းမကိုဖုံးကွယ်ထားပြီး ရဲမတိုင်ဘူးဆိုတာတောင် တော်တော်ကြီးကို ဆိုးရွားနေပြီ။ လူသတ်ဖို့ကြိုးစားတာနဲ့ယှဥ်ရင် ဒေဝါလီခံရတာကမှ ပိုပြီးတော့ကျိုးကြောင်းဆီလျော်မှုရှိသေးတယ်, ဘာပဲဖြစ်ဖြစ် ငါကတော့အဲ့လိုပဲမြင်တယ်]
ပွင့်အန်ထုတ်ပြီးသွားတဲ့နောက် စုန့်ယန်ချန်းက ချင်ရှောက်အား နောက်တစ်ကြိမ် ထပ်မံစိုက်ကြည့်လိုက်တယ်။ "ဒီသတင်းအချက်အလက်တွေက တကယ့်ကို သြချလောက်စရာတွေပါပဲ။ ဒါပေမဲ့ ကံမကောင်းတာက မင်းမှာသက်သေရှိလို့လား?"
Mr.ချင်က သေချာမှုမရှိဘဲ တစ်ခုခုလုပ်တတ်တဲ့သူတစ်ယောက်မဟုတ်ဘူး။ လက်ဆုပ်လက်ကိုင်ပြစရာ သက်သေအထောက်အထားမရှိဘဲနဲ့ သူက ဒီအချက်အလက်တွေကို စုန့်ယန်ချန်းရှေ့ကို ထုတ်ပြစရာအကြောင်းမရှိဘူး။
ချင်ရှောက်ရဲ့အေးဆေးတည်ငြိမ်မှုက စုန့်ယန်ချန်းရဲ့ပေါက်ကွဲမှုနဲ့ ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်နေခဲ့တယ်။
"ချင်ရှောက်, မင်းလျှောက်ပြောနေတာ!"
"ငါက? လျှောက်ပြောနေတယ်?" Mr.ချင်က သရော်လိုက်တယ်, "မင်းဒီစကားတွေကို ရဲနဲ့စုံထောက်တွေကိုပြောဖို့ သိမ်းထားသင့်တယ်နော့်"
စုန့်ယန်ချန်း : "အယုတ်တမာကောင်, မင်း ရဲခေါ်လိုက်တာလား?!"
ချင်ရှောက် : "နိုင်ငံကြီးသားတစ်ယောက်အနေနဲ့ ရာဇ၀တ်မှုတွေကို အာဏာပိုင်တွေဆီ တင်ပြပေးရမယ်ဆိုတာ ငါ့တာဝန်ပဲလေ။ ဖြစ်နိုင်တာတော့ သူတို့ ငါ့ကို 'တာဝန်ကျေတဲ့နိုင်ငံသားတစ်ယောက်' ဆိုတဲ့ ဆုတံဆိပ်တွေ ဘာတွေ ပေးချင်ပေးဦးမှာ"
စုပေခမျာ အကျယ်ကြီးထမရယ်မိအောင် အတင်းထိန်းချုပ်ထားခဲ့ရတယ် : Mr.ချင်က ဒီလိုလှောင်ပြောင်သရော်တဲ့မှတ်ချက်တွေကို မတရားရယ်စရာကောင်းအောင် ပြောတတ်တယ်ဆိုတာကို သူမ ပထမဆုံးအကြိမ်သိလိုက်ရတာပဲဖြစ်တယ်။
စုပေက စုရှောင်ပေါင်ကို ဖျတ်ခနဲကြည့်လိုက်တယ်။
စုရှောင်ပေါင် : "ဘာလဲ?"
စုပေ : "ကြည့်ပြီးသင်ထား"
---
လင်ယုံက ရုတ်တရက် ထအော်လိုက်တယ်။ စစချင်း စုပေထင်လိုက်တာက စုန့်ယန်ချန်းတစ်ယောက် တစ်စုံတစ်ရာကို နောက်တစ်ကြိမ်ထပ်လုပ်လိုက်ပြန်ပြီလို့ပဲ။ သို့ပေမဲ့ သူမမော့ကြည့်လိုက်ချိန်မှာ ချန်ရွှယ်ယန်သတိလစ်သွားတာကို မြင်လိုက်ရတယ်။
"အမေ? အမေ? ဘာဖြစ်တာလဲ?!"
"တစ်ယောက်ယောက်ကူညီကြပါဦး! အမေသတိလစ်သွားလို့!"
"ရွှယ်ယန်, ရွှယ်ယန်! မင်းဘာလုပ်နေတာလဲ? ဆရာဝန်မြန်မြန်ခေါ်လေ!"
တစ်အိမ်လုံးယောက်ယက်ခတ်နေပြီး ချင်ကျင်းကော်တစ်ယောက် သူ့ဇနီးကို အလျင်အမြန် ဆေးရုံပို့လိုက်ရတော့တယ်။
---
ကျီဟွားပုဂ္ဂလိကဆေးရုံ။
အခုချိန်မှာ ချင်ကျင်းကော်က လူနာဆောင်ထဲမှာ သူ့ဇနီးကို စစ်ဆေးမှုလုပ်ဖို့အတွက် အဖော်ပြုပေးနေတယ်။ ချင်ရှောက်က အပြင်ဘက်ထိုင်ခုံတစ်ခုံမှာထိုင်နေပြီး သူ့ဘေးမှာ စုပေနဲ့စုရှောင်ပေါင်တို့ရှိနေတယ်။ စုန့်ယန်ချန်းကတော့ ထိုပရမ်းပတာအခြေအနေကို အခွင့်ကောင်းယူကာ လင်ယုံကိုခေါ်ပြီး ပြန်ဖို့ပြင်နေခဲ့တယ်။ ထွက်ပြေးတာ ဒါမှမဟုတ် သက်သေအထောက်အထားတွေကို ဖျက်ဆီးပစ်မှာ သေချာသလောက်ပင်။
စုန့်ယန်ချန်းပြန်တော့မယ့်အချိန်မှာ Mr.ချင်က စကားတစ်ခွန်းပြောလာခဲ့တယ်။ "မင်းနောက်တစ်ကြိမ်ပြန်ရပ်တည်နိုင်ဖို့ ငါ့ဖက်က အခွင့်အရေးပေးလိမ့်မယ်လို့များ မင်းထင်နေလား?"
စုန့်ယန်ချန်းခမျာ ထွက်မပြေးနိုင်တော့ဘူး။ သူပြန်ရောက်လာတဲ့အချိန်မှာ သူ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေက နာမည်ပျက်စာရင်းအသွင်းခံထားရတဲ့အပြင် သူ့ရန်ပုံငွေအားလုံးကလည်း ပိတ်ခံလိုက်ရတယ်။ အခုချိန် ရဲတွေလည်း သူ့အိမ်ကိုရောက်နေလောက်ပြီဖြစ်တယ်။
---
ခဏကြာပြီးနောက် ချင်ကျင်းကော်က လူနာဆောင်ကနေထွက်လာတယ်။ လူအိုကြီးက ရုတ်ချည်းဆိုသလို ဆယ်နှစ်လောက်အိုစာသွားခဲ့တယ်။ ချင်ရှောက် ထရပ်လိုက်တယ်။ ချင်ကျင်းကော်က သူ့သားကိုတစ်ချက်ကြည့်ပြီး ထိုင်ချလိုက်ကာ ချင်ရှောက်ထံ စကားပြောလာတယ်။ "မင်းလည်းထိုင်ဦး"
"အန်တီချန် ဘယ်လိုနေသေးလဲ?" ချင်ရှောက်မေးလိုက်တယ်။
"သူအဆင်ပြေပါတယ်။ မကြာခင်သတိရလာလိမ့်မယ်" ချန်ရွှယ်ယန်က တဖြည်းဖြည်းနဲ့အသက်ရလာတာဖြစ်ပြီး စုန့်ယန်ချန်းနဲ့ လင်ယုံတို့ရဲ့ လတ်တလောအလည်အပတ်လာမှုတွေကလည်း သူမကို နေထိုင်မကောင်းဖြစ်စေခဲ့တယ်။ ယနေ့ဖြစ်ရပ်ရဲ့လှုံ့ဆော်မှုကြောင့် ချန်ရွှယ်ယန်ခမျာ အသက်ရှုကျပ်ပြီး သတိလစ်သွားရတာဖြစ်တယ်။
ချင်ကျင်းကော်က သက်ပြင်းဖွဖွချရင်း, "ဒီနှစ်တွေမှာ အဖေ မင်းအပေါ်မှားခဲ့မိတယ်"
အမှန်တရားကိုသိပြီးသွားတဲ့နောက် ချင်ကျင်းကော်မှာ သူ့သားအပေါ် ဖော်ပြလို့မရနိုင်တဲ့ အပြစ်ရှိစိတ်တစ်ခု ရှိလာခဲ့တယ်။ မိသားစုသဟဇာတဖြစ်ရေးဆိုတဲ့ အကျိုးတစ်ခုအတွက်နဲ့ သူ နောက်အိမ်ထောင်ပြုလိုက်တဲ့ဇနီးရဲ့ ကလေးကို သည်းခံပေးဖို့ ချင်ရှောက်ကို အမြဲတမ်း တောင်းဆိုခဲ့တယ်။ ချင်ကျင်းကော်ခမျာ နှစ်ပေါင်းများစွာအတွင်း သူကြုံတွေ့ခဲ့ရတဲ့အရာတွေနဲ့ သူဘယ်လောက်တောင်ကြိတ်မှိတ်သည်းခံခဲ့ရသလဲ ဆိုတာတွေကို စိတ်ကူးကြည့်လို့တောင်မရဘူး။
"ငါမှားတာပါ..."
သူနဲ့သူ့ဇနီးက သားနှစ်ယောက်ကို အဆင်ပြေစေချင်တာနဲ့ပဲ အတူတူခေါ်မထားမိခဲ့သင့်ဘူး။ သူတို့ထဲကတစ်ယောက်ကို နိုင်ငံခြားလွှတ်လိုက်တာကမှ လက်ရှိအခြေအနေထက် ပိုကောင်းဦးမယ်။ ဘယ်လိုပဲဖြစ်ဖြစ်, သူ့အနေနဲ့ ကလေးနှစ်ယောက်ထဲကတစ်ယောက်ကို နိုင်ငံခြားလွှတ်ဖို့ရွေးချယ်ရမယ်ဆိုရင် ချင်ကျင်းကော်က အဲ့ဒီအချိန်မှာလည်း သူ့သားအရင်းကိုစေလွှတ်ဖို့ပဲ ရွေးချယ်မိမှာဖြစ်တယ်။
ချင်ကျင်းကော်က သူ့သားနဲ့ ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ မသိတော့ဘူး။ သူ့ခမျာ အပြစ်ရှိစိတ်နဲ့ အကူအညီမဲ့မှုတွေသာ ခံစားမိခဲ့တယ်။
ချင်ရှောက်က နှုတ်ခမ်းကိုဖွင့်ဟပြီး ဒီမတိုးသာမဆုတ်သာအခြေအနေကို ချိုးဖျက်လိုက်တယ်။ "အတိတ်ကအတိတ်ပါပဲ။ ဖြစ်ပြီးသွားတဲ့ကိစ္စတွေကို ပြောနေလို့လည်း ဘာအဓိပ္ပါယ်မှမရှိတော့တာ။ ဒါပေမဲ့ ဒီတစ်ခေါက်ကတော့ အဖေနဲ့ အန်တီချန်တို့ ဝင်မစွက်ဖက်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်"
သေချာတာပေါ့, သူတို့ဝင်စွက်ဖက်ချင်ရင်တောင် ဘာတစ်ခုမှလုပ်လို့ရမှာမဟုတ်ဘူး။ နောက်ဆုံးတော့ စုန့်ယန်ချန်းက ဥပဒေကိုချိုးဖောက်ခဲ့တာပဲလေ။
ချင်ကျင်းကော်က ခေါင်းညိတ်လိုက်တယ်။ "မပူနဲ့။ ဒီတစ်ခေါက်တော့ ငါထပ်ပြီးကြားဝင်ဖျန်ဖြေပေးတော့မှာမဟုတ်ဘူး" အခုချိန်မှာ စုန့်ယန်ချန်းကို သူ့နှလုံးသားထဲကပါ မုန်းတီးသွားပြီဖြစ်တယ်။
ချင်ကျင်းကော် : "စုန့်ယန်ချန်းကို ဘယ်လိုပြစ်ဒဏ်ချမှတ်မှာလဲ?"
ချင်ရှောက် : "ဘယ်လိုပဲဖြစ်ဖြစ် သူနဲ့တန်တယ်"
...
ခဏကြာတော့ ဆရာဝန်ထွက်လာပြီး ချန်ရွှယ်ယန်သတိရလာပြီလို့ ချင်ကျင်းကော်ထံ ပြောပြလိုက်တယ်။
"အန်တီချန်သတိရလာပြီတဲ့။ မင်းအထဲဝင်ပြီး တစ်ချက်ကြည့်ချင်လား?" ချင်ကျင်းကော်က ချင်ရှောက်အား တွန့်ဆုတ်တွန့်ဆုတ်နဲ့ မေးလိုက်တယ်။
"ဟင့်အင်း" အဲဒါက ပြဿနာထပ်တက်ရုံပဲရှိမှာ။
"ရှောင်ပေ, ရှောင်ပေါင်, သွားကြစို့" ချင်ရှောက်လှည့်ကြည့်လိုက်တော့ အိပ်ချင်နေတဲ့အမွှာနှစ်ယောက်ကို တွေ့လိုက်ရတယ် : စုပေက စုရှောင်ပေါင်ရဲ့ပုခုံးပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်ကြီးကို အိပ်ပျော်နေပြီး စုရှောင်ပေါင်ရဲ့ခေါင်းကလည်း ညွှတ်ကျနေကာ အိပ်မောကျလုနီးပါးပင်။
"အယ်, ဘာကြီးလဲ?" စုပေက မျက်လုံးဖွင့်လိုက်တယ်။ အိပ်ချင်မူးတူးဖြစ်နေပြီး ကြည့်ရတာ Mr.ချင် သူမကိုခေါ်လိုက်တဲ့အသံကြားလိုက်ရသလိုပဲ။
"ဘွားဘွားသတိရလာပြီ။ သွားကြစို့။ အဖေတို့အိမ်ပြန်ကြမယ်" ချင်ရှောက်က သူ့ကုတ်အင်္ကျီကိုချွတ်ပြီး စုပေရဲ့ကိုယ်ပေါ်ခြုံပေးလိုက်တယ်။
"အိုး, ဟုတ်ကဲ့" စုပေက အိပ်ချင်မူးတူးနဲ့ ခေါင်းညိတ်လိုက်တယ်။ ခြေလှမ်းနှစ်လှမ်းမျှလှမ်းပြီးတဲ့နောက် သူမတုံ့ခနဲဖြစ်ပြီး ချင်ကျင်းကော်ဘက်သို့ လှည့်လိုက်တယ်။ "ဘိုးဘိုး နောက်မှတွေ့မယ်နော်"
"နောက်မှတွေ့ကြမယ်, ရှောင်ပေ, ရှောင်ပေါင်"
မိသားစုသုံးယောက်သား ထွက်သွားကြတာကိုကြည့်ရင်း ချင်ကျင်းကော်က နောက်တစ်ကြိမ် အတွေးတွေထဲကို နစ်မျောသွားရပြန်တယ် : သူက ဖခင်တစ်ယောက်ဖြစ်ဖို့ လုံးလုံးကျရှုံးသွားခဲ့ရပြီဖြစ်တယ်။ ချင်ရှောက်လောက်တောင် မကောင်းတဲ့သူတစ်ယောက်ပဲ။
---
အပြန်လမ်းမှာ စုပေက ပုံမှန်အတိုင်း အနောက်ခုံမှာထိုင်ခဲ့တယ်။ သူမရဲ့အိပ်ချင်စိတ်တွေက လုံးဝကို ပျောက်ကွယ်သွားပြီဖြစ်တဲ့အပြင် သူမက အရမ်းကိုလန်းဆန်းတက်ကြွနေခဲ့တယ်။
"ကားထဲမှာ မိုဘိုင်းဖုန်းမကစားနဲ့" စုပေက သူ့ဖုန်းကိုထုတ်လိုက်တာကိုမြင်တော့ Mr.ချင်က သူမကို သတိပေးလိုက်တယ်။
"သမီး မကစားပါဘူး, ဒီတိုင်း သတင်းနည်းနည်းပါးပါးဖတ်မလို့ပါ"
စုပေက အင်တာနက်ပေါ်မှာ 'Black and White Dream Girl' အကြောင်းနဲ့ပတ်သတ်တဲ့သတင်းကိုတွေ့ရှိခဲ့ပြီး ၎င်းမှာ စုန့်ရှင်းယီဝင်ရောက်ထားတဲ့ ရုပ်ရှင်အဖွဲ့ရဲ့တင်ဆက်ပြသမှုပင်ဖြစ်တယ်။ စုပေက ၎င်းအထူးသတင်းကို ခေါင်းစီးဓာတ်ပုံတစ်ပုံကြောင့် သတိထားမိခဲ့တာဖြစ်တယ် : စုန့်ရှင်းယီဘေးမှာရပ်နေတဲ့သူက သူမနဲ့ စုရှောင်ပေါင်တို့ B မြို့သို့လာရောက်ချိန် ရထားပေါ်မှာကြုံကြိုက်ခဲ့တဲ့သူပဲဖြစ်တယ်။ အဲ့ဒီလူက သူမကို business card ပေးခဲ့တဲ့ သံသယဖြစ်စရာကောင်းတဲ့လူကြီး အတိအကျပဲ မဟုတ်လား?
မမျှော်လင့်ဘဲ တစ်ဖက်လူက တကယ့်ဒါရိုက်တာအစစ်ဖြစ်ကာ ကြည့်ရတာ နာမည်ကြီးလူကြိုက်များပုံရတယ်။ လအနည်းငယ်အတွင်းမှာတင် သူက ရထားပေါ်မှာတုန်းကလို လူလတ်ပိုင်းအရွယ် ကလိမ်ကကျစ်ကျမယ့် ယောက်ျားကြီးတစ်ယောက်အဖြစ်ကနေ သစ်လွင်ပြီး အလားအလာကောင်းတဲ့ဒါရိုက်တာတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့တယ်။
အဲ့ဒီအချိန်တုန်းက စုပေက ၎င်း business card ကို ကြည့်တောင်မကြည့်ဘဲ လွှတ်ပစ်လိုက်တာဖြစ်တယ်။ သူမ မှတ်မိလိုက်တာတော့ ဆောင်းဦးရာသီပွဲတော်အတွင်း စုန့်ရှင်းယီက သူမ ဒါရိုက်တာအိုယီပင်းရဲ့ရုပ်ရှင်မှာ သရုပ်ဆောင်တော့မယ့်အကြောင်း ပြောခဲ့တာကိုပဲ။
"ငါ နာမည်ကိုရှာမတွေ့ဘူး" စုပေက တီးတိုးရေရွတ်နေရင်း အောက်ကိုဆက်ရွှေ့ကြည့်နေမိတယ်။ သူမ နောက်ဆုံးတော့ သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာနာမည်စာရင်းကို တွေ့လိုက်ရချိန်မှာ စုပေက အရမ်းရှော့ခ်ရသွားတာကြောင့် သူမရဲ့ဖုန်းကို လွှတ်ပစ်မိမတတ်ဖြစ်သွားရတော့တယ်။
[ Kay : Hello နည်းနည်းလေးပြောစရာရှိလို့ပါ။ ဒီ novelလေးကို ဘာသာပြန်ပေးနေတာက အမ Moonflower_K ပါ။ အမကေဝိုင်က နည်းနည်းပါးပါး editလုပ်ပြီး ကူညီပေးတာပဲရှိပါတယ်။ အမကေဝိုင် ဘာသာပြန်ပေးနေတာ မဟုတ်ပါဘူးနော်။ ]
27.7.2021
Tuesday
_____
Thanks 🌹