Unicode
"မိုရှင်းနိုရှိလား ကိုကြီး"
"အေး ရှင်း.."
ကိုကြီးဆန်းနိုရဲ့ခေါ်သံမဆုံးခင် တဘုတ်ဘုတ်ရိုက်သံနဲ့အတူ "အိပ်နေတယ်လို့ပြောလိုက်"ဆိုတဲ့ ရှင်းနိုရဲ့အသံသေးသေးလေးကို ကြားလိုက်ရသည်။
ဖုန်းကိုင်ထားရင်းနှင့်ပင် အသံမထွက်အောင် ရယ်မိသည်။ ချစ်တယ်လို့ပြောလိုက်ပြီးကတည်းက မျက်စိရှေ့တော်တော်နှင့် ရောက်မလာတတ်တော့သည့် သူငယ်ချင်းလေးဟာ သူ့ကို လေယာဉ်ကွင်းလိုက်ပို့စဥ်ကပင် မျက်လုံးအကြည့်တွေကို တရှောင်ရှောင်။
မကြာပါ။ UKရောက်ပြီး နှစ်ပတ်မြောက်အကြာတွင် သူရည်းစားထားလိုက်ပြီဖြစ်ကြောင်း စာပို့လာခဲ့သည်။
ဒါကိုကြားကြားချင်းတုန်းက သဘောတကျတောင် ရယ်မိသေး။
မိုရှင်းနိုက သိပ်ချစ်ဖို့ကောင်းသည်။
"ကျန်းမာရေး ဂရုစိုက်..ကြားသလား"
ဘေးနားမှာရှိနေမှန်း သေချာပေါက်သိသည်မို့ တိုက်ရိုက်ပြောလိုက်တော့ "တွေ့လား သိသွားပြီ အဲဒါ ကိုကြီးကြောင့်"လို့ဆိုပြီး သူ့အစ်ကိုကို ရန်ပြန်လုပ်နေသေးတဲ့ ကောင်လေး။
ခဏကြာတော့ ရိုက်သံပုတ်သံတွေနဲ့အတူ ပြတ်တောက်သွားတဲ့ ဖုန်းခေါ်ဆိုမှုကြောင့် ခေါင်းယမ်းရင်း ပြုံးမိရသည်။
နံရံမှာကပ်ထားတဲ့ ပြက္ခဒိန်ပေါ်က ကြက်ခြေခတ်မခြစ်ရသေးတဲ့ ရက်စွဲတွေကိုလှမ်းကြည့်လိုက်ပြီး မျက်ဝန်းတွေကို မှိတ်ချလိုက်သည်။
စိတ်အလိုမကျဖြစ်မှုက အိမ်မက်ထဲအထိရောက်လာပြီး သူ့ကို လှောင်ပြောင်သရော်၏။
သူ.....
မိုရှင်းနိုကို သိပ်လွမ်းနေပြီဖြစ်သည်။
××××××××××××××××××××
"ဗုန်း"
"အောင်မယ်လေးဗျ လာလီဆာနဲ့ ငါနဲ့ရ"
ထွက်လာသည့် အာမေဍိတ်သံကြောင့် ဘေးနားကမိုရှင်းနိုက တခွီးခွီး။ နောက်ကျောဘက်ကနေ စာအုပ်နှင့် အားရပါးရလှမ်းရိုက်လိုက်သည့် အခန်းဖော် သူငယ်ချင်းမ,လေး အတာကတော့ မျက်နှာကြီး မဲ့ရွဲ့သွားသည်။
"ရား အတာမ ဘာလို့လာရိုက်တာတုံးဟ"
ဟန်သုတနှိုင်းက ရှုံ့ရှုံ့မဲ့မဲ့နှင့် အနောက်ကိုလှည့်မေးသည်။
"အေး ဘာလို့ရိုက်တယ်ထင်လဲ အမောင်ဟန်နှိုင်း"
"ဘယ်သိမှာတုံး"
အတာမက နောက်တစ်ကြိမ်ပြန်ရိုက်ဖို့ ရွယ်လိုက်ပြီးမှ စိတ်ထိန်းလိုက်ဟန်ဖြင့် မိုရှင်းနိုဘက် လှည့်လာကာ...
"နင့်သူငယ်ချင်းလုပ်ပုံကို ကြည့်ပါဦး ရှင်းနိုရယ်..မနေ့က ငါshoppingထွက်တော့ ဒီကောင်နဲ့ တွေ့တယ်လေ..အိမ်လည်း ပြန်ရောက်ရော ငါ့မှာ အရှက်တွေဗြန်းဗြန်းကွဲတော့တာပဲ"
"ဟင် ဘာလို့လဲ"
"ဘာရမလဲ..နင့်အကောင်က သူ့underwearပါကင်လိုက်ကြီးကို ငါ့အိတ်ထဲ မှားထည့်လာတယ်လေ"
"ခွီး.."
မိုရှင်းနိုက တခွီးခွီးနဲ့ ပွဲကျနေသလောက် ဟန်နှိုင်းကတော့ ဝမ်းသာအားရကြီးဖြင့်..
"သြော် အဲဒါ နင့်ဆီပါသွားတာလား..တော်သေးတာပေါ့..ငါက ပျောက်ပြီမှတ်တာ..ပြန်ယူခဲ့ပေးဦးနော်"
"ဟဲ့...."
အတာမ၏ ဒေါသတကြီးကျုံးအော်သံက အကျယ်ကြီးထွက်လာသည်။ ဟန်နှိုင်းကတော့ သွားလေးဖြီးလို့။
အဲလိုပဲ။
ဟန်သုတနှိုင်းဆိုတာ သူများမလွဲရင် သူကလွဲလိုက်ရမှ။
ဘာလို့မှန်းမသိဘဲ အလွဲအချော်တွေက သူ့ထံမှာသာ အများဆုံးဖြစ်နေတတ်သည်။ သူက လွဲရင်လွဲ၊ မဟုတ်ရင် သူများက သူ့ကို လာလွဲကြသည်ချည်းသာ။
တစ်ခါကလည်း အလှူတစ်ခုသွားလိုက်ရာ စားသောက်နေရင်း ရေလေးထသောက်မိတာ ပြန်ရောက်လာတော့ သူ့ထမင်းပန်းကန်က မရှိတော့။ စားပြီးပြီအထင်ဖြင့် ကောက်သိမ်းသွားကြခြင်းဖြစ်သည်။
ဗိုက်မဝသေးသော်လည်း ပြန်တောင်းစားလို့ကလည်း မဖြစ်တာကြောင့် အောင့်သက်သက်နှင့်ပင် မချိသွားဖြဲဖြင့် ထပြန်ခဲ့ရသည်ဟုဆို၏။ ထိုအကြောင်းကို ပြန်ပြောပြတော့ မိုရှင်းနိုမှာ ခွက်ထိုးခွက်လန်ရယ်တော့တာပင်။
"အိမ်ရောက်တော့ ငါ့အမေက ယောက်ျားဝတ်အတွင်းခံတွေမြင်ပြီး အဖေ့ကိုပါ ဖုန်းဆက်ပြီးတိုင်..ငါ့မှာ နှစ်ယောက်စလုံး တုတ်ကြိမ်းဓားကြိမ်းလုပ်တာ ခံလိုက်ရတယ်"
ပြောရင်း အတာမက မျက်စောင်းလှမ်းထိုးသည်။
"တောင်းပန်ပါတယ်ဟာ..နင့်အိတ်နဲ့ ငါ့အိတ်က တူတူပဲဆိုတော့ ငါလည်းမှားပြီးထည့်လိုက်မိတာ..ဟီးဟီး"
"အေး နင်ပဲလွဲနေလိုက်"
အတာမ,က ဆောင့်ဆောင့်အောင့်အောင့်နှင့်ပင် ပြန်ထွက်သွားသည်။ အရယ်မရပ်နိုင်သေးသော မိုရှင်းနိုက ဟန်နှိုင်းဘက်လှည့်ကာ ဆက်ခွီဦးမည်ပြင်လိုက်စဥ်..
"ရှင်း"
အသံကြည်ကြည်လေးကြောင့် ဟန်နှိုင်းက ပခုံးတွန့်ရင်း ထွက်သွားတော့မည့်ဟန်ပြင်သည်။
"မင်းမမ လာနေပြီ..ငါဒိုးတော့မယ်"
"နေပါကွာ..မင်းကလည်း"
မိုရှင်းနိုရဲ့ စကားသံတိုးတိုးကိုကြားတော့ ဟန်နှိုင်းက မျက်နှာမဲ့သည်။ ဒီကောင်က ဘယ်တော့မဆို သူ့ကို third wheelလုပ်ခိုင်းသည်ချည်း။
တွဲတာပဲ နှစ်နှစ်ပြည့်တော့မည်။ ခုထိ လက်တောင်ကိုင်ဖူးရဲ့လားမသိ။ ရည်းစားထားပြီး သူတော်စင်ကြီးလို လုပ်နေသည်။
"မနက်ဖြန်အားမလားလို့ ရှင်းကို လာမေးကြည့်တာ..မနက်ဖြန် ကိုယ့်duty offလေ"
ဖြောင့်စင်းနေတဲ့ အညိုရောင်ဆံနွယ်ရှည်တွေနဲ့ ရင့်ကျက်တည်ငြိမ်တဲ့အလှပိုင်ရှင် ဒေါက်တာမြရိပ်သွင်က ထက်ထက်မြက်မြက်ရှိလှသော ဆရာဝန်မလေး။ မိဘနောက်ခံကလည်း ပြည့်စုံ၊ ရုပ်ရည်ရော ဂုဏ်ပကာသနအတွက်ပါ အပြစ်ဆိုစရာမရှိတာကြောင့် ပျားပိတုန်းများ ဝိုင်းဝိုင်းလည်နေသည့်ကြားမှ မိုရှင်းနိုကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
"ဟို ကျွန်တော်...."
"အင်း ဟန်နှိုင်းကိုပါ ခေါ်လာလို့ရတယ်"
"ဟီး ဟုတ်"
ခုမှပင် သက်တောင့်သက်သာဖြစ်သွားသော မိုရှင်းနိုကို မမမြရိပ်သွင်က ပြုံးကြည့်သည်။ ဤမျှအထိ ပြည့်စုံကောင်းမွန်သော ချစ်သူရည်းစားကိုရထားခြင်းကြောင့် ဟန်နှိုင်းတစ်ယောက် သူငယ်ချင်းဖြစ်သူအား အမြဲတစေ အားကျနေရခြင်းဖြစ်သည်။
"ဒါဆို ကိုယ်သွားမယ်နော်"
"ဟုတ်ကဲ့ဗျ"
မမမြရိပ်သွင်က နှုတ်ဆက်ပြီး ထွက်ခွာသွားသည်။ သွယ်လျလျပုံရိပ်ကလေး ခပ်ဝေးဝေးကိုရောက်သွားတော့မှ ဟန်နှိုင်းက သူ့ဘေးတွင် ကျောက်ရုပ်ကြီးလို မလှုပ်မယှက်ဖြစ်နေသည့် မိုရှင်းနိုကို အားရပါးရ ဖြန်းခနဲရိုက်ချလိုက်သည်။
"အာလားလား..မင်းဘိုးအေမို့ လာရိုက်နေတာလား"
"ငါက မင်းကို ရိုက်ရုံတင်မကဘူး ချီးတွင်းထဲပါ နှစ်ထားချင်တာ"
ရှင်းနိုက နာသွားတဲ့ကျောပြင်လေးကို ခပ်ဖွဖွပွတ်ရင်း "ဘာလို့လဲကွ"ဟု မကြည်မလင်မေး၏။
"မင်း မမြရိပ်ကို တကယ်ရော ချစ်ရဲ့လား"
"ဟ ချစ်လို့ပဲ ရည်းစားတော်ထားတာပေါ့"
ဟန်နှိုင်းက ခေါင်းယမ်းသည်။
"ငါ မင်းတို့အတူရှိနေတဲ့အချိန်တိုင်း မင်းအချစ်ကို မခံစားမိဘူး..ရှင်းနို မင်းသိလား..မမြရိပ်ကလည်း ငါ့လိုပဲတွေးလိမ့်မယ်"
"မင်းစိတ်ထင်လို့ပါကွာ"
"ငါသာ မမြရိပ်နေရာမှာဆို မင်းကို ဆယ်ခါပြန်ဖြတ်ပြီးနေပြီ"
ဘေးက တစ်သျှူးဘူးနဲ့ ကောက်ပေါက်လိုက်တော့ ဟန်နှိုင်းက တဟားဟားအော်ရယ်သည်။
အင်း တစ်သျှူးဆိုမှ ကိုယ်တစ်ခုခုစားချိန်တိုင်း ဘေးမှာ တစ်သျှူးကို သေချာခေါက်ပြီး ချထားပေးတတ်သည့် လူတစ်ယောက်ကို လွမ်းတော့လွမ်းမိသား။
××××××××××××××××××××
စာကြည့်ခန်းရှိရာသို့ ဖြည်းဖြည်းနှေးနှေးသွားနေကြသည့် ညီအစ်ကိုနှစ်ယောက်က အကြည့်ချင်းဆုံသွားတော့ ပြိုင်တူ သက်ပြင်းချလိုက်ကြသည်။ ဒီနေ့တော့ ဘာအပြစ်မှလည်း မလုပ်မိပါဘဲနှင့် နှစ်ယောက်စလုံး စာကြည့်ခန်းထဲသို့ ဆင့်ခေါ်ခံရခြင်းဖြစ်သည်။
"အေး ဝင်လာခဲ့ကြ"
တံခါးကို အသာခေါက်လိုက်တော့ မွေးသဖခင်၏ သြဇာညောင်းလှသည့်အသံက ထွက်ပေါ်လာသည်။ ညီအစ်ကိုနှစ်ယောက် အချင်းချင်း လက်ကုတ်လိုက်ကြပြီး အထဲသို့ မျက်နှာသေဖြင့် ဝင်လိုက်ကြသည်။
"ထိုင်ကြ"
သူတို့နှစ်ယောက်နေရာယူပြီးသွားတော့ ရှေ့တည့်တည့်တွင်ထိုင်နေသော ဦးဆက်မိုက လည်ချောင်းတစ်ချက်ရှင်းလိုက်သည်။
"သားကြီး မိုဆန်းနို"
"ဟုတ်ကဲ့"
"မင်းအသက် ဘယ်လောက်ရှိပြီလဲ"
"၂၆နှစ်ရှိပါပြီ အဖေ"
"သားငယ်ရော"
မိုရှင်းနိုတစ်ယောက် မျက်ခုံးတွေလှုပ်သွားသည်။
"၂၃ထဲရောက်ပါပြီ အဖေ"
"အိမ်း"
ဦးဆက်မိုက ခေါင်းတဆတ်ဆတ်ညိတ်သည်။
ဒါကြီးက မဟုတ်မှ...။
"သားကြီး"
"ခင်ဗျာ"
ပြန်ထူးလိုက်သော ကိုကြီးအသံက တုန်တုန်ရီရီ။
"မင်း မိန်းမ ယူရမယ်"
"ဗျာ"
"ငါ စကားကို နှစ်ခါမပြောဘူး"
မိုဆန်းနိုက မျက်လုံးကြီးပြူးသွားသည်။
"အဖေပဲပြောတော့ ၂၀ဆိုတာ မုန့်ဖိုးပေးရင်တောင် အာဘွားပြန်ပေးလို့ရသေးတဲ့အရွယ်ဆို..ကျွန်တော်က အာဘွားပေးလို့ရတာထက် ၆နှစ်လေးပဲ ကျော်သေးတာပါ"
"တိတ်စမ်း"
မိုဆန်းနိုက ငိုမဲ့မဲ့မျက်နှာကြီးနှင့် ပါးစပ်ပိတ်သွားသည်။ အငြိမ်မနေဖြစ်နေသော ဒူးကြောင့် အောက်တွင်ချထားသော ခြေထောက်နှစ်ချောင်းကတော့ စားပွဲခုံခြေထောက်တွေကို လိုက်ကန်နေပြီမှန်း မိုရှင်းနို အတပ်သိလိုက်သည်။
"မနေ့က ဆူရှီဆိုင်မှာ မင်းတို့ဦးလေး ငါ့သူငယ်ချင်း ထက်ပိုင်နဲ့တွေ့တယ်..သူ့ဘေးမှာ ဘယ်သူတွေပါလာတယ်ထင်တုံး"
"သူ့မယားငယ်တွေလား အဖေ"
"ဘာကွ"
ဒေါသတကြီးအော်သံနဲ့အတူ မိုဆန်းနိုရဲ့ခေါင်းက ပူထူသွားသည်။
"မယားငယ် ပါစရာလားကွ..သူ့မြေးတွေပါလာတာ"
မိုဆန်းနိုက ပူထူသွားသောခေါင်းလေးကို အသာပွတ်ရင်း "အစကတည်းက အဲလိုရှင်းအောင်ပြောလိုက်ရင် ပြီးနေတာပဲကိုအဖေရာ"ဟူ၍ မကြားတကြားဖြင့်ဆို၏။
"ငါ့ဘေးမှာ ၂နာရီလုံးထိုင်ပြီး အဲကောင်က ဘာတွေပြောသွားတယ်ထင်လဲ..သူ့ချွေးမတွေ ဘယ်လောက်ကောင်းကြောင်း၊ သူ့မြေးတွေက ဘယ်လိုချစ်စရာကောင်းကြောင်း၊ သူဘယ်လောက်ကံကောင်းကြောင်း တစ်ချိန်လုံးကြွားသွားတာကွ"
"....."
"အဲဒီတော့ ငါသိက္ခာအကျမခံနိုင်ဘူး..မင်းတို့၂ယောက်ထဲက တစ်ယောက်ယောက် မိန်းမယူပြီး ကလေးမြန်မြန်မွေးမှဖြစ်မယ်"
"ဗျာ"
နှစ်ယောက်စလုံးထံမှ ပြိုင်တူထွက်ပေါ်လာသော အက်ကွဲကွဲအသံကြီးက ကူကယ်ရာမဲ့နေသလို။
"အဖေရယ်..ဒါက"
"တိတ်"
အထွန့်တက်ချင်နေသည့် နှစ်ယောက်သားက တိခနဲတိတ်ကျသွားသည်။
"ငါပြောတာ နားထောင်..သင့်တော်မယ့်သူကို စဥ်းစားကြည့်လိုက်တော့ သားငယ်က ကျောင်းမပြီးသေးတာမို့ မဖြစ်နိုင်ဘူး"
မိုရှင်းနိုက စိတ်ထဲတွင် အငြိမ့်ဆယ်ချီလောက် ထကနေပြီဖြစ်ပြီး မိုဆန်းနိုကတော့ အထိတ်တလန့်ဖြင့် လည်ပင်းကြီး စောင်းသွားသည်။
"ဒီတော့..."
"ကျွန်တော် အီးပါချင်လို့ အိမ်သာသွားတက်လိုက်ဦးမယ် အဖေ"
"ထိုင်နေစမ်း"
ထပြေးဖို့ပြင်နေသည့် မိုဆန်းနိုကို ဦးဆက်မိုက ဦးလျင်စွာ ဂုတ်မှ အရင်ဖမ်းဆွဲထားလိုက်သည်။
"မင်းဘာမှ အပင်ပန်းခံစရာမလိုဘူး..ငါအားလုံး စီစဥ်ထားပြီးသား..မနက်ဖြန် မိန်းကလေးအိမ်ကို မျက်နှာသွားပြရမယ်"
"အီးဟီးဟီး"
မိုရှင်းနိုက စိတ်မကောင်းစွာဖြင့် သူ့အစ်ကို၏ကျောပြင်ကို အသာပွတ်ပေးရင်း နှစ်သိမ့်သည်။ ဦးဆက်မိုကတော့ မျက်နှာကိုမော့လိုက်ကာ..
"မနက်ဖြန်ကို ငါတို့၃ယောက်လုံး မိန်းကလေးကို အကဲခတ်ကြည့်ဖို့ သွားကြမယ်..ဘာမျက်နှာပျက်စရာဖြစ်တာမှ မလိုချင်ဘူး ကြားလား"
"ဟုတ်ကဲ့"
"ဒီနေ့ ငါပြောချင်တာ ဒီလောက်ပဲ..မင်းတို့ မေးစရာရှိသေးလား"
နှစ်ယောက်စလုံးခေါင်းခါပြတော့ မွေးသဖခင်က သွားတော့ဟူသည့်သဘောဖြင့် လက်ကိုလှုပ်ယမ်းပြသည်။ မိုရှင်းနိုမှာ ခြေထောက်တွေ အားမရှိတော့သည့် အစ်ကိုဖြစ်သူကို အပြင်ရောက်အောင် မနည်းပင်တွဲ၍ ထွက်ခဲ့ရ၏။
ခဏကြာလျှင် သူ့အခန်းကိုလာပြီး တရွတ်ရွတ်ငိုပြတော့မည့် အစ်ကိုတော်နှင့် တစ်ညလုံးနှစ်ပါးသွားရမည့်အဖြစ်ကို ဆက်တွေးမိလိုက်တော့ မိုရှင်းနိုမှာ မိမိ၏ သနားစရာအိပ်ပျက်ညကလေးအတွက် စိတ်မောလွန်းစွာ သက်ပြင်းနှစ်ခါ ချလိုက်တော့သည်။
××××××××××××××××××××
"ဒီနှစ်နှစ်လုံးမှာ ဒီလောက်ပြုံးတာမျိုး ခုမှ မြင်ဖူးတော့တာပဲ"
ဦးလေးဖြစ်သူက ပွေ့ဖက်နှုတ်ဆက်ရင်း ပြုံးစစဖြင့် ဆို၏။
"မြန်မာပြည်မှာ ကောင်မလေးရှိတယ်နဲ့တူတယ်..ဟုတ်လား"
ဘုန်းတည်က ခေါင်းလည်းမညိတ်သလို ခေါင်းလည်းမခါ။
လွမ်းနေရတဲ့သူရှိပေမဲ့ သူ့အသက်ကလေးက မိန်းကလေးမှမဟုတ်ပဲ။
"ဒီအတောအတွင်း သင်ပြပေးခဲ့တာတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်"
"မလိုပါဘူးကွာ..ငါက မင်းအဖေကိုတောင် ပြန်အားကျမိသေး..တစ်ယောက်တည်းရှိပေမဲ့ မင်းလို တော်တဲ့သားမျိုး ရထားလို့"
နောက်တစ်ခါပြန်ဖက်ရင်း ဆိုလာတော့ ဘုန်းတည်က ပြုံးရင်း ခေါင်းယမ်းသည်။
သို့ပေမဲ့ ဘုန်းတည်၏ဦးလေးဖြစ်သူပြောတာကလည်း မှားတော့မမှား။ သူ့သားတွေထက်ပင် စီးပွားရေးလုပ်ရာတွင် အကွက်မြင်ကာ ထက်မြက်လွန်းတာကြောင့် ဒီနှစ်နှစ်လုံး ဘုန်းတည်ကိုသာ အများကြီးအားကိုးခဲ့ရခြင်းဖြစ်သည်။
"ငါ့တူ မင်္ဂလာဆောင်ကျရင် ဖိတ်ဦးနော်"
လေယာဥ်ပေါ် တက်တော့မည့်အချိန်ထိ ဦးလေးက စနောက်နေဆဲ။ သူဒီအတောအတွင်း သိပ်သိသာနေခဲ့သည်ထင်သည်။
လက်ပြနှုတ်ဆက်လိုက်ပြီး luggageကိုဆွဲကာ ကျောခိုင်းလိုက်သည်။ စိတ်ကူးထဲမှာတော့ house surgeonဆင်းနေပြီဖြစ်သည့် ဆရာဝန်လောင်းလေးကို အားရပါးရ ထွေးဖက်ထားချင်ပြီ။
ဝတ်ထားသည့် long coatထဲက နေကာမျက်မှန်ကို ယူတပ်လိုက်ပြီး ခြေလှမ်းတို့ကို ပိုမိုသွက်လိုက်သည်။
ငါ ....
မင်းဆီ ပြန်လာပြီ မိုရှင်းနို။
××××××××××××××××××××××
Zawgyi
"မို႐ွင္းႏို႐ွိလား ကိုႀကီး"
"ေအး ႐ွင္း.."
ကိုႀကီးဆန္းႏိုရဲ႕ေခၚသံမဆုံးခင္ တဘုတ္ဘုတ္႐ိုက္သံနဲ႔အတူ "အိပ္ေနတယ္လို႔ေျပာလိုက္"ဆိုတဲ့ ႐ွင္းႏိုရဲ႕အသံေသးေသးေလးကို ၾကားလိုက္ရသည္။
ဖုန္းကိုင္ထားရင္းႏွင့္ပင္ အသံမထြက္ေအာင္ ရယ္မိသည္။ ခ်စ္တယ္လို႔ေျပာလိုက္ၿပီးကတည္းက မ်က္စိေ႐ွ႕ေတာ္ေတာ္ႏွင့္ ေရာက္မလာတတ္ေတာ့သည့္ သူငယ္ခ်င္းေလးဟာ သူ႕ကို ေလယာဥ္ကြင္းလိုက္ပို႔စဥ္ကပင္ မ်က္လုံးအၾကည့္ေတြကို တေ႐ွာင္ေ႐ွာင္။
မၾကာပါ။ UKေရာက္ၿပီး ႏွစ္ပတ္ေျမာက္အၾကာတြင္ သူရည္းစားထားလိုက္ၿပီျဖစ္ေၾကာင္း စာပို႔လာခဲ့သည္။
ဒါကိုၾကားၾကားခ်င္းတုန္းက သေဘာတက်ေတာင္ ရယ္မိေသး။
မို႐ွင္းႏိုက သိပ္ခ်စ္ဖို႔ေကာင္းသည္။
"က်န္းမာေရး ဂ႐ုစိုက္..ၾကားသလား"
ေဘးနားမွာ႐ွိေနမွန္း ေသခ်ာေပါက္သိသည္မို႔ တိုက္႐ိုက္ေျပာလိုက္ေတာ့ "ေတြ႕လား သိသြားၿပီ အဲဒါ ကိုႀကီးေၾကာင့္"လို႔ဆိုၿပီး သူ႕အစ္ကိုကို ရန္ျပန္လုပ္ေနေသးတဲ့ ေကာင္ေလး။
ခဏၾကာေတာ့ ႐ိုက္သံပုတ္သံေတြနဲ႔အတူ ျပတ္ေတာက္သြားတဲ့ ဖုန္းေခၚဆိုမႈေၾကာင့္ ေခါင္းယမ္းရင္း ျပဳံးမိရသည္။
နံရံမွာကပ္ထားတဲ့ ျပကၡဒိန္ေပၚက ၾကက္ေျခခတ္မျခစ္ရေသးတဲ့ ရက္စြဲေတြကိုလွမ္းၾကည့္လိုက္ၿပီး မ်က္ဝန္းေတြကို မွိတ္ခ်လိုက္သည္။
စိတ္အလိုမက်ျဖစ္မႈက အိမ္မက္ထဲအထိေရာက္လာၿပီး သူ႕ကို ေလွာင္ေျပာင္သေရာ္၏။
သူ.....
မို႐ွင္းႏိုကို သိပ္လြမ္းေနၿပီျဖစ္သည္။
××××××××××××××××××××
"ဗုန္း"
"ေအာင္မယ္ေလးဗ် လာလီဆာနဲ႔ ငါနဲ႔ရ"
ထြက္လာသည့္ အာေမဍိတ္သံေၾကာင့္ ေဘးနားကမို႐ွင္းႏိုက တခြီးခြီး။ ေနာက္ေက်ာဘက္ကေန စာအုပ္ႏွင့္ အားရပါးရလွမ္း႐ိုက္လိုက္သည့္ အခန္းေဖာ္ သူငယ္ခ်င္းမ,ေလး အတာကေတာ့ မ်က္ႏွာႀကီး မဲ့႐ြဲ႕သြားသည္။
"ရား အတာမ ဘာလို႔လာ႐ိုက္တာတုံးဟ"
ဟန္သုတႏိႈင္းက ႐ႈံ႕႐ႈံ႕မဲ့မဲ့ႏွင့္ အေနာက္ကိုလွည့္ေမးသည္။
"ေအး ဘာလို႔႐ိုက္တယ္ထင္လဲ အေမာင္ဟန္ႏိႈင္း"
"ဘယ္သိမွာတုံး"
အတာမက ေနာက္တစ္ႀကိမ္ျပန္႐ိုက္ဖို႔ ႐ြယ္လိုက္ၿပီးမွ စိတ္ထိန္းလိုက္ဟန္ျဖင့္ မို႐ွင္းႏိုဘက္ လွည့္လာကာ...
"နင့္သူငယ္ခ်င္းလုပ္ပုံကို ၾကည့္ပါဦး ႐ွင္းႏိုရယ္..မေန႔က ငါshoppingထြက္ေတာ့ ဒီေကာင္နဲ႔ ေတြ႕တယ္ေလ..အိမ္လည္း ျပန္ေရာက္ေရာ ငါ့မွာ အ႐ွက္ေတြျဗန္းျဗန္းကြဲေတာ့တာပဲ"
"ဟင္ ဘာလို႔လဲ"
"ဘာရမလဲ..နင့္အေကာင္က သူ႕underwearပါကင္လိုက္ႀကီးကို ငါ့အိတ္ထဲ မွားထည့္လာတယ္ေလ"
"ခြီး.."
မို႐ွင္းႏိုက တခြီးခြီးနဲ႔ ပြဲက်ေနသေလာက္ ဟန္ႏိႈင္းကေတာ့ ဝမ္းသာအားရႀကီးျဖင့္..
"ေၾသာ္ အဲဒါ နင့္ဆီပါသြားတာလား..ေတာ္ေသးတာေပါ့..ငါက ေပ်ာက္ၿပီမွတ္တာ..ျပန္ယူခဲ့ေပးဦးေနာ္"
"ဟဲ့...."
အတာမ၏ ေဒါသတႀကီးက်ံဳးေအာ္သံက အက်ယ္ႀကီးထြက္လာသည္။ ဟန္ႏိႈင္းကေတာ့ သြားေလးၿဖီးလို႔။
အဲလိုပဲ။
ဟန္သုတႏိႈင္းဆိုတာ သူမ်ားမလြဲရင္ သူကလြဲလိုက္ရမွ။
ဘာလို႔မွန္းမသိဘဲ အလြဲအေခ်ာ္ေတြက သူ႕ထံမွာသာ အမ်ားဆုံးျဖစ္ေနတတ္သည္။ သူက လြဲရင္လြဲ၊ မဟုတ္ရင္ သူမ်ားက သူ႕ကို လာလြဲၾကသည္ခ်ည္းသာ။
တစ္ခါကလည္း အလႉတစ္ခုသြားလိုက္ရာ စားေသာက္ေနရင္း ေရေလးထေသာက္မိတာ ျပန္ေရာက္လာေတာ့ သူ႕ထမင္းပန္းကန္က မ႐ွိေတာ့။ စားၿပီးၿပီအထင္ျဖင့္ ေကာက္သိမ္းသြားၾကျခင္းျဖစ္သည္။
ဗိုက္မဝေသးေသာ္လည္း ျပန္ေတာင္းစားလို႔ကလည္း မျဖစ္တာေၾကာင့္ ေအာင့္သက္သက္ႏွင့္ပင္ မခ်ိသြားၿဖဲျဖင့္ ထျပန္ခဲ့ရသည္ဟုဆို၏။ ထိုအေၾကာင္းကို ျပန္ေျပာျပေတာ့ မို႐ွင္းႏိုမွာ ခြက္ထိုးခြက္လန္ရယ္ေတာ့တာပင္။
"အိမ္ေရာက္ေတာ့ ငါ့အေမက ေယာက်္ားဝတ္အတြင္းခံေတြျမင္ၿပီး အေဖ့ကိုပါ ဖုန္းဆက္ၿပီးတိုင္..ငါ့မွာ ႏွစ္ေယာက္စလုံး တုတ္ႀကိမ္းဓားႀကိမ္းလုပ္တာ ခံလိုက္ရတယ္"
ေျပာရင္း အတာမက မ်က္ေစာင္းလွမ္းထိုးသည္။
"ေတာင္းပန္ပါတယ္ဟာ..နင့္အိတ္နဲ႔ ငါ့အိတ္က တူတူပဲဆိုေတာ့ ငါလည္းမွားၿပီးထည့္လိုက္မိတာ..ဟီးဟီး"
"ေအး နင္ပဲလြဲေနလိုက္"
အတာမ,က ေဆာင့္ေဆာင့္ေအာင့္ေအာင့္ႏွင့္ပင္ ျပန္ထြက္သြားသည္။ အရယ္မရပ္ႏိုင္ေသးေသာ မို႐ွင္းႏိုက ဟန္ႏိႈင္းဘက္လွည့္ကာ ဆက္ခြီဦးမည္ျပင္လိုက္စဥ္..
"႐ွင္း"
အသံၾကည္ၾကည္ေလးေၾကာင့္ ဟန္ႏိႈင္းက ပခုံးတြန္႔ရင္း ထြက္သြားေတာ့မည့္ဟန္ျပင္သည္။
"မင္းမမ လာေနၿပီ..ငါဒိုးေတာ့မယ္"
"ေနပါကြာ..မင္းကလည္း"
မို႐ွင္းႏိုရဲ႕ စကားသံတိုးတိုးကိုၾကားေတာ့ ဟန္ႏိႈင္းက မ်က္ႏွာမဲ့သည္။ ဒီေကာင္က ဘယ္ေတာ့မဆို သူ႕ကို third wheelလုပ္ခိုင္းသည္ခ်ည္း။
တြဲတာပဲ ႏွစ္ႏွစ္ျပည့္ေတာ့မည္။ ခုထိ လက္ေတာင္ကိုင္ဖူးရဲ႕လားမသိ။ ရည္းစားထားၿပီး သူေတာ္စင္ႀကီးလို လုပ္ေနသည္။
"မနက္ျဖန္အားမလားလို႔ ႐ွင္းကို လာေမးၾကည့္တာ..မနက္ျဖန္ ကိုယ့္duty offေလ"
ေျဖာင့္စင္းေနတဲ့ အညိဳေရာင္ဆံႏြယ္႐ွည္ေတြနဲ႔ ရင့္က်က္တည္ၿငိမ္တဲ့အလွပိုင္႐ွင္ ေဒါက္တာျမရိပ္သြင္က ထက္ထက္ျမက္ျမက္႐ွိလွေသာ ဆရာဝန္မေလး။ မိဘေနာက္ခံကလည္း ျပည့္စုံ၊ ႐ုပ္ရည္ေရာ ဂုဏ္ပကာသနအတြက္ပါ အျပစ္ဆိုစရာမ႐ွိတာေၾကာင့္ ပ်ားပိတုန္းမ်ား ဝိုင္းဝိုင္းလည္ေနသည့္ၾကားမွ မို႐ွင္းႏိုကိုသာ ေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္သည္။
"ဟို ကြၽန္ေတာ္...."
"အင္း ဟန္ႏိႈင္းကိုပါ ေခၚလာလို႔ရတယ္"
"ဟီး ဟုတ္"
ခုမွပင္ သက္ေတာင့္သက္သာျဖစ္သြားေသာ မို႐ွင္းႏိုကို မမျမရိပ္သြင္က ျပဳံးၾကည့္သည္။ ဤမွ်အထိ ျပည့္စုံေကာင္းမြန္ေသာ ခ်စ္သူရည္းစားကိုရထားျခင္းေၾကာင့္ ဟန္ႏိႈင္းတစ္ေယာက္ သူငယ္ခ်င္းျဖစ္သူအား အၿမဲတေစ အားက်ေနရျခင္းျဖစ္သည္။
"ဒါဆို ကိုယ္သြားမယ္ေနာ္"
"ဟုတ္ကဲ့ဗ်"
မမျမရိပ္သြင္က ႏႈတ္ဆက္ၿပီး ထြက္ခြာသြားသည္။ သြယ္လ်လ်ပုံရိပ္ကေလး ခပ္ေဝးေဝးကိုေရာက္သြားေတာ့မွ ဟန္ႏိႈင္းက သူ႕ေဘးတြင္ ေက်ာက္႐ုပ္ႀကီးလို မလႈပ္မယွက္ျဖစ္ေနသည့္ မို႐ွင္းႏိုကို အားရပါးရ ျဖန္းခနဲ႐ိုက္ခ်လိုက္သည္။
"အာလားလား..မင္းဘိုးေအမို႔ လာ႐ိုက္ေနတာလား"
"ငါက မင္းကို ႐ိုက္႐ုံတင္မကဘူး ခ်ီးတြင္းထဲပါ ႏွစ္ထားခ်င္တာ"
႐ွင္းႏိုက နာသြားတဲ့ေက်ာျပင္ေလးကို ခပ္ဖြဖြပြတ္ရင္း "ဘာလို႔လဲကြ"ဟု မၾကည္မလင္ေမး၏။
"မင္း မျမရိပ္ကို တကယ္ေရာ ခ်စ္ရဲ႕လား"
"ဟ ခ်စ္လို႔ပဲ ရည္းစားေတာ္ထားတာေပါ့"
ဟန္ႏိႈင္းက ေခါင္းယမ္းသည္။
"ငါ မင္းတို႔အတူ႐ွိေနတဲ့အခ်ိန္တိုင္း မင္းအခ်စ္ကို မခံစားမိဘူး..႐ွင္းႏို မင္းသိလား..မျမရိပ္ကလည္း ငါ့လိုပဲေတြးလိမ့္မယ္"
"မင္းစိတ္ထင္လို႔ပါကြာ"
"ငါသာ မျမရိပ္ေနရာမွာဆို မင္းကို ဆယ္ခါျပန္ျဖတ္ၿပီးေနၿပီ"
ေဘးက တစ္သွ်ဴးဘူးနဲ႔ ေကာက္ေပါက္လိုက္ေတာ့ ဟန္ႏိႈင္းက တဟားဟားေအာ္ရယ္သည္။
အင္း တစ္သွ်ဴးဆိုမွ ကိုယ္တစ္ခုခုစားခ်ိန္တိုင္း ေဘးမွာ တစ္သွ်ဴးကို ေသခ်ာေခါက္ၿပီး ခ်ထားေပးတတ္သည့္ လူတစ္ေယာက္ကို လြမ္းေတာ့လြမ္းမိသား။
××××××××××××××××××××
စာၾကည့္ခန္း႐ွိရာသို႔ ျဖည္းျဖည္းေႏွးေႏွးသြားေနၾကသည့္ ညီအစ္ကိုႏွစ္ေယာက္က အၾကည့္ခ်င္းဆုံသြားေတာ့ ၿပိဳင္တူ သက္ျပင္းခ်လိုက္ၾကသည္။ ဒီေန႔ေတာ့ ဘာအျပစ္မွလည္း မလုပ္မိပါဘဲႏွင့္ ႏွစ္ေယာက္စလုံး စာၾကည့္ခန္းထဲသို႔ ဆင့္ေခၚခံရျခင္းျဖစ္သည္။
"ေအး ဝင္လာခဲ့ၾက"
တံခါးကို အသာေခါက္လိုက္ေတာ့ ေမြးသဖခင္၏ ၾသဇာေညာင္းလွသည့္အသံက ထြက္ေပၚလာသည္။ ညီအစ္ကိုႏွစ္ေယာက္ အခ်င္းခ်င္း လက္ကုတ္လိုက္ၾကၿပီး အထဲသို႔ မ်က္ႏွာေသျဖင့္ ဝင္လိုက္ၾကသည္။
"ထိုင္ၾက"
သူတို႔ႏွစ္ေယာက္ေနရာယူၿပီးသြားေတာ့ ေ႐ွ႕တည့္တည့္တြင္ထိုင္ေနေသာ ဦးဆက္မိုက လည္ေခ်ာင္းတစ္ခ်က္႐ွင္းလိုက္သည္။
"သားႀကီး မိုဆန္းႏို"
"ဟုတ္ကဲ့"
"မင္းအသက္ ဘယ္ေလာက္႐ွိၿပီလဲ"
"၂၆ႏွစ္႐ွိပါၿပီ အေဖ"
"သားငယ္ေရာ"
မို႐ွင္းႏိုတစ္ေယာက္ မ်က္ခုံးေတြလႈပ္သြားသည္။
"၂၃ထဲေရာက္ပါၿပီ အေဖ"
"အိမ္း"
ဦးဆက္မိုက ေခါင္းတဆတ္ဆတ္ညိတ္သည္။
ဒါႀကီးက မဟုတ္မွ...။
"သားႀကီး"
"ခင္ဗ်ာ"
ျပန္ထူးလိုက္ေသာ ကိုႀကီးအသံက တုန္တုန္ရီရီ။
"မင္း မိန္းမ ယူရမယ္"
"ဗ်ာ"
"ငါ စကားကို ႏွစ္ခါမေျပာဘူး"
မိုဆန္းႏိုက မ်က္လုံးႀကီးျပဴးသြားသည္။
"အေဖပဲေျပာေတာ့ ၂၀ဆိုတာ မုန္႔ဖိုးေပးရင္ေတာင္ အာဘြားျပန္ေပးလို႔ရေသးတဲ့အ႐ြယ္ဆို..ကြၽန္ေတာ္က အာဘြားေပးလို႔ရတာထက္ ၆ႏွစ္ေလးပဲ ေက်ာ္ေသးတာပါ"
"တိတ္စမ္း"
မိုဆန္းႏိုက ငိုမဲ့မဲ့မ်က္ႏွာႀကီးႏွင့္ ပါးစပ္ပိတ္သြားသည္။ အၿငိမ္မေနျဖစ္ေနေသာ ဒူးေၾကာင့္ ေအာက္တြင္ခ်ထားေသာ ေျခေထာက္ႏွစ္ေခ်ာင္းကေတာ့ စားပြဲခုံေျခေထာက္ေတြကို လိုက္ကန္ေနၿပီမွန္း မို႐ွင္းႏို အတပ္သိလိုက္သည္။
"မေန႔က ဆူ႐ွီဆိုင္မွာ မင္းတို႔ဦးေလး ငါ့သူငယ္ခ်င္း ထက္ပိုင္နဲ႔ေတြ႕တယ္..သူ႕ေဘးမွာ ဘယ္သူေတြပါလာတယ္ထင္တုံး"
"သူ႕မယားငယ္ေတြလား အေဖ"
"ဘာကြ"
ေဒါသတႀကီးေအာ္သံနဲ႔အတူ မိုဆန္းႏိုရဲ႕ေခါင္းက ပူထူသြားသည္။
"မယားငယ္ ပါစရာလားကြ..သူ႕ေျမးေတြပါလာတာ"
မိုဆန္းႏိုက ပူထူသြားေသာေခါင္းေလးကို အသာပြတ္ရင္း "အစကတည္းက အဲလို႐ွင္းေအာင္ေျပာလိုက္ရင္ ၿပီးေနတာပဲကိုအေဖရာ"ဟူ၍ မၾကားတၾကားျဖင့္ဆို၏။
"ငါ့ေဘးမွာ ၂နာရီလုံးထိုင္ၿပီး အဲေကာင္က ဘာေတြေျပာသြားတယ္ထင္လဲ..သူ႕ေခြၽးမေတြ ဘယ္ေလာက္ေကာင္းေၾကာင္း၊ သူ႕ေျမးေတြက ဘယ္လိုခ်စ္စရာေကာင္းေၾကာင္း၊ သူဘယ္ေလာက္ကံေကာင္းေၾကာင္း တစ္ခ်ိန္လုံးႂကြားသြားတာကြ"
"....."
"အဲဒီေတာ့ ငါသိကၡာအက်မခံႏိုင္ဘူး..မင္းတို႔၂ေယာက္ထဲက တစ္ေယာက္ေယာက္ မိန္းမယူၿပီး ကေလးျမန္ျမန္ေမြးမွျဖစ္မယ္"
"ဗ်ာ"
ႏွစ္ေယာက္စလုံးထံမွ ၿပိဳင္တူထြက္ေပၚလာေသာ အက္ကြဲကြဲအသံႀကီးက ကူကယ္ရာမဲ့ေနသလို။
"အေဖရယ္..ဒါက"
"တိတ္"
အထြန္႔တက္ခ်င္ေနသည့္ ႏွစ္ေယာက္သားက တိခနဲတိတ္က်သြားသည္။
"ငါေျပာတာ နားေထာင္..သင့္ေတာ္မယ့္သူကို စဥ္းစားၾကည့္လိုက္ေတာ့ သားငယ္က ေက်ာင္းမၿပီးေသးတာမို႔ မျဖစ္ႏိုင္ဘူး"
မို႐ွင္းႏိုက စိတ္ထဲတြင္ အၿငိမ့္ဆယ္ခ်ီေလာက္ ထကေနၿပီျဖစ္ၿပီး မိုဆန္းႏိုကေတာ့ အထိတ္တလန္႔ျဖင့္ လည္ပင္းႀကီး ေဘးတစ္ဖက္ေစာင္းသြားသည္။
"ဒီေတာ့..."
"ကြၽန္ေတာ္ အီးပါခ်င္လို႔ အိမ္သာသြားတက္လိုက္ဦးမယ္ အေဖ"
"ထိုင္ေနစမ္း"
ထေျပးဖို႔ျပင္ေနသည့္ မိုဆန္းႏိုကို ဦးဆက္မိုက ဦးလ်င္စြာ ဂုတ္မွ အရင္ဖမ္းဆြဲထားလိုက္သည္။
"မင္းဘာမွ အပင္ပန္းခံစရာမလိုဘူး..ငါအားလုံး စီစဥ္ထားၿပီးသား..မနက္ျဖန္ မိန္းကေလးအိမ္ကို မ်က္ႏွာသြားျပရမယ္"
"အီးဟီးဟီး"
မို႐ွင္းႏိုက စိတ္မေကာင္းစြာျဖင့္ သူ႕အစ္ကို၏ေက်ာျပင္ကို အသာပြတ္ေပးရင္း ႏွစ္သိမ့္သည္။ ဦးဆက္မိုကေတာ့ မ်က္ႏွာကိုေမာ့လိုက္ကာ..
"မနက္ျဖန္ကို ငါတို႔၃ေယာက္လုံး မိန္းကေလးကို အကဲခတ္ၾကည့္ဖို႔ သြားၾကမယ္..ဘာမ်က္ႏွာပ်က္စရာျဖစ္တာမွ မလိုခ်င္ဘူး ၾကားလား"
"ဟုတ္ကဲ့"
"ဒီေန႔ ငါေျပာခ်င္တာ ဒီေလာက္ပဲ..မင္းတို႔ ေမးစရာ႐ွိေသးလား"
ႏွစ္ေယာက္စလုံးေခါင္းခါျပေတာ့ ေမြးသဖခင္က သြားေတာ့ဟူသည့္သေဘာျဖင့္ လက္ကိုလႈပ္ယမ္းျပသည္။ မို႐ွင္းႏိုမွာ ေျခေထာက္ေတြ အားမ႐ွိေတာ့သည့္ အစ္ကိုျဖစ္သူကို အျပင္ေရာက္ေအာင္ မနည္းပင္တြဲ၍ ထြက္ခဲ့ရ၏။
ခဏၾကာလွ်င္ သူ႕အခန္းကိုလာၿပီး တ႐ြတ္႐ြတ္ငိုျပေတာ့မည့္ အစ္ကိုေတာ္ႏွင့္ တစ္ညလုံးႏွစ္ပါးသြားရမည့္အျဖစ္ကို ဆက္ေတြးမိလိုက္ေတာ့ မို႐ွင္းႏိုမွာ မိမိ၏ သနားစရာအိပ္ပ်က္ညကေလးအတြက္ စိတ္ေမာလြန္းစြာ သက္ျပင္းႏွစ္ခါ ခ်လိုက္ေတာ့သည္။
××××××××××××××××××××
"ဒီႏွစ္ႏွစ္လုံးမွာ ဒီေလာက္ျပဳံးတာမ်ိဳး ခုမွ ျမင္ဖူးေတာ့တာပဲ"
ဦးေလးျဖစ္သူက ေပြ႕ဖက္ႏႈတ္ဆက္ရင္း ျပဳံးစစျဖင့္ ဆို၏။
"ျမန္မာျပည္မွာ ေကာင္မေလး႐ွိတယ္နဲ႔တူတယ္..ဟုတ္လား"
ဘုန္းတည္က ေခါင္းလည္းမညိတ္သလို ေခါင္းလည္းမခါ။
လြမ္းေနရတဲ့သူ႐ွိေပမဲ့ သူ႕အသက္ကေလးက မိန္းကေလးမွမဟုတ္ပဲ။
"ဒီအေတာအတြင္း သင္ျပေပးခဲ့တာေတြအတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္"
"မလိုပါဘူးကြာ..ငါက မင္းအေဖကိုေတာင္ ျပန္အားက်မိေသး..တစ္ေယာက္တည္း႐ွိေပမဲ့ မင္းလို ေတာ္တဲ့သားမ်ိဳး ရထားလို႔"
ေနာက္တစ္ခါျပန္ဖက္ရင္း ဆိုလာေတာ့ ဘုန္းတည္က ျပဳံးရင္း ေခါင္းယမ္းသည္။
သို႔ေပမဲ့ ဘုန္းတည္၏ဦးေလးျဖစ္သူေျပာတာကလည္း မွားေတာ့မမွား။ သူ႕သားေတြထက္ပင္ စီးပြားေရးလုပ္ရာတြင္ အကြက္ျမင္ကာ ထက္ျမက္လြန္းတာေၾကာင့္ ဒီႏွစ္ႏွစ္လုံး ဘုန္းတည္ကိုသာ အမ်ားႀကီးအားကိုးခဲ့ရျခင္းျဖစ္သည္။
"ငါ့တူ မဂၤလာေဆာင္က်ရင္ ဖိတ္ဦးေနာ္"
ေလယာဥ္ေပၚ တက္ေတာ့မည့္အခ်ိန္ထိ ဦးေလးက စေနာက္ေနဆဲ။ သူဒီအေတာအတြင္း သိပ္သိသာေနခဲ့သည္ထင္သည္။
လက္ျပႏႈတ္ဆက္လိုက္ၿပီး luggageကိုဆြဲကာ ေက်ာခိုင္းလိုက္သည္။ စိတ္ကူးထဲမွာေတာ့ house surgeonဆင္းေနၿပီျဖစ္သည့္ ဆရာဝန္ေလာင္းေလးကို အားရပါးရ ေထြးဖက္ထားခ်င္ၿပီ။
ဝတ္ထားသည့္ long coatထဲက ေနကာမ်က္မွန္ကို ယူတပ္လိုက္ၿပီး ေျခလွမ္းတို႔ကို ပိုမိုသြက္လိုက္သည္။
ငါ ...
မင္းဆီ ျပန္လာၿပီ မို႐ွင္းႏို။
××××××××××××××××××××××