Perfection [COMPLETED]

Av Harry-Kim

51.8K 8.2K 556

meaning of perfection is his smile Mer

(၂)
(၃)
(၄)
(၅)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂)
(၁၃)
(၁၄)
(၁၅)
(၁၆)
(၁၇)
final

(၁)

7K 573 32
Av Harry-Kim

'' ညနေစာကို Jiwon တို့အိမ်မှာပဲစားလိုက်ပြီ မေမေ ''

လေလှိုင်းထဲကပျံ့လွင့်လာတဲ့ သားဖြစ်သူရဲ့အသံကိုကြားပြီးနောက် Baekhyunအမေက မနိုင်ဘူးဟူသောအတွေးဖြင့် ခေါင်းခါယမ်းလိုက်သည်။

'' အဲ့တော့ ဘယ်ချိန်ပြန်လာမှာလဲ မေမေ့သားက ''

'' ဟီး အခုသားက TV ကြည့်နေတာ၊ ည ၇ နာရီလောက်ဆို Jiwon ဖေဖေက ကားနဲ့ပြန်ပို့ပေးမယ်တဲ့ ''

'' ဟုတ်ပြီ အဲ့ထက်နောက်မကျစေနဲ့နော်၊ ၈ နာရီဆို မင်းဖေဖေပြန်လာမှာ၊ သားကိုမတွေ့ရင် မေမေပါရောပြီးအဆူခံရမှာနော် ''

'' ဟုတ်ကဲ့ပါ မေမေ ''

ဟုတ်ကဲ့ပါတစ်လုံးတည်းဖြင့် အမေလုပ်သူကိုချွေးသိပ်ကာ သူကတော့ သူငယ်ချင်းအိမ်မှာ TV ထိုင်ကြည့်နေသည်တဲ့။

Jiwon ဆိုတဲ့ကောင်လေးက Baekhyun နှင့်ရွယ်တူ။ အလယ်တန်းတည်းက နှစ်ယောက်ကတပူးပူးတတွဲတွဲ။မွေးကတည်းက လူချစ်လူခင်များသည့် Baekhyun ကJiwon တို့တစ်မိသားစုလုံးရဲ့ အချစ်တော်။ တစ်ခါတလေ Jiwon ကိုနိုင်စားလွန်းလို့တောင် တစ်ဖက်မိသားစုကို အားနာရသည်။

Baekhyun ည ၈ နာရီထက်နောက်မကျဘဲ အမြန်ပြန်ရောက်ဖို့သာ အရေးကြီးသည်။Baekhyun အဖေက အိမ်လည်တာမကြိုက်၊ ပြီးတော့ သူ့သားကိုလည်းမျက်စိရှေ့က အပျောက်ခံသူမဟုတ်။

.....

တံခါးဖွင့်သံခပ်ကြမ်းကြမ်းနောက်မှာ အလောသုံးဆယ်ဝင်လာတဲ့သူကို Baekhyun လှမ်းကြည့်မိလိုက်သည်။Jiwon တို့အိမ်ကိုလာလည်တာပဲနှစ်ချီနေပြီ၊ ထိုလူကိုတစ်ခါမှမမြင်ဖူး။

ထိုလူဝတ်ထားသည့် ရှပ်အဖြူရောင်က သွေးစတွေပေနေသည့်အပြင် လက်ဆစ်မှာလည်းပွန်းပဲ့ဒဏ်ရာတွေကမနည်းလှ။ Luggage ကိုကိုင်ထားတဲ့  လက်ဖမိုးကသွေးကြောစိမ်းတွေကိုတောင် လှမ်းမြင်နေရသည်။မျက်နှာကြောကလည်း ခပ်တင်းတင်း။လူကို မျက်မှောင်ကြုတ်ပြီးကြည့်ရအောင် သူကဘာမို့လို့လဲ။သူများအိမ်ထဲကိုလည်း ဝင်လာသေး။

ထိုလူဘာစကားတစ်ခွန်းမှမဟရသေးခင်မှာပဲBaekhyun ကအရင် ရန်လှမ်းတွေ့ပြီးနေပြီဖြစ်သည်။

'' ဒီမှာ ဒီမှာ ခင်ဗျားကဘယ်သူလဲ၊ ဘာလို့ သူများအိမ်ထဲဝင်လာတာလဲ ''

ထိုလူက ခဏတာကြောင်ကြည့်နေပြီးမှ မျက်မှောင်ကြုတ်ပြလာသည်။ ဘာသဘောလဲ၊ မေးနေတာကိုလုံးဝပြန်မဖြေဘဲ အပေါ်ထပ်ကိုတက်ဖို့ပြင်နေတာ။

Baekhyun ချက်ချင်းပင် ထိုလူရှေ့ကိုသွားပြီး ပိတ်ရပ်လိုက်သည်။

'' မသွားရဘူး ''

'' ဒါ ငါ့အိမ် ''

'' ဘယ်လို ငါ့အိမ်ဟုတ်လား။ ကလိမ်ကကျစ်နဲ့ ဘယ်သူ့ကိုလာလိမ်နေတာလဲ ''

လက်တောက်လောက်လေးက စူးစူးရဲရဲကြည့်ပြီး ဆရာကြီးစတိုင်နဲ့ လက်တောင်ပိုက်ထားသေး။ Chanyeol ဟက်ခနဲရယ်လိုက်ပြီး ထိုကောင်လေးပခုံးကိုအသာတွန်းကာ လမ်းရှင်းလိုက်သည်။ အကြောတင်းသည့်ကောင်လေးက ချက်ချင်းပင် သူ့ရှေ့မှာပိတ်ရပ်လာပြန်သည်။

'' ခင်ဗျား သူခိုးလား၊ဘာလို့ အိမ်ထဲကိုအတင်းဝင်ဖို့လုပ်နေတာလဲ ''

လောလောလတ်လတ်မှ တွေ့ရသည့်သူစိမ်းကောင်လေးကို Chanyeol စကားတွေရှည်ရှည်ဝေးဝေးမပြောချင်။

'' ရဲခေါ်လိုက်မှာနော် ''

'' သဘော ''

'' ဘာ.. သဘောပဲ ဟုတ်လား၊ မလုပ်ရဲဘူးထင်နေတာလား ''

ထိုလူပြောသည့်စကားကို သံယောင်လိုက်ကာရွတ်နေတုန်းမှာပဲ မီးဖိုချောင်ထဲကနေ အသီးပန်းကန်ကိုင်ပြီးထွက်လာတဲ့ Jiwon ရဲ့အသံကစူးခနဲ။

'' လေးလေး ! ''

'' ဘယ်..ဘယ်လို လေး..လေးလေးဟုတ်လား ''

'' Baekhyun နှုတ်ဆက်လိုက်၊ ဒါ ငါ့ဦးလေး Park Chanyeol တဲ့၊ ဆွစ်ဇာလန်ကနေပြန်လာတာ။လေးလေးကလည်းကြိုမပြောဘူး၊ ကျွန်တော်လာကြိုမှာပေါ့ ''

မအူမလည်ပုံစံဖြင့် မျက်တောင်တဖျတ်ဖျတ်ခတ်ကာ မော့ကြည့်လာတဲ့ကောင်လေးရဲ့မျက်ဝန်းတွေကို မမြင်ချင်ယောင်ဆောင်ပြီး အပေါ်ထပ်ကိုသာတက်လာခဲ့လိုက်သည်။

သွေးပေနေသည့်အဝတ်တွေကို လဲပစ်ရဦးမည်။မဟုတ်ရင် အိမ်ကမိသားစုဝင်တွေ အလကားသက်သက်စိတ်ပူနေဦးမည်။

ဟား...ဟား။

အောက်ထပ်ကနေ ရယ်သံတစာစာကိုကြားရပြန်တော့ ခုနကကောင်လေးဆီ အာရုံခရီးကပြန်ဆိုက်သွားတော့သည်။

အိမ်ရှင်ကိုပြန်နှင်ထုတ်နေတဲ့ ဧည့်သည်လေး၊ ကြည့်ရတာ Jiwon ရဲ့သူငယ်ချင်းဖြစ်မည်။

ဆယ့်ရှစ်နှစ်အရွယ်ကောင်လေးက သိပ်ရဲတင်းလွန်းလိုက်တာ၊ အိမ်ကလူတွေတောင် လေသံမာမာထန်ထန်မပြောတဲ့သူ့ကို ထွက်သွားဆိုပြီးနှင်ထုတ်နေတာ။

.....

'' အိမ်ပြန်လာတာကိုကြိုဆိုပါတယ် သား ''

မေမေ့ ခန္ဓာကိုယ်ခပ်နွေးနွေးကို Chanyeol အသာပြန်ပွေ့ဖက်လိုက်သည်။Switzerland မှာ နေသည့်တစ်လျှောက်လုံးလည်း အိမ်ကိုမလွမ်းဘူးဟုပြောရင် လိမ်ရာကျမည်မှာအသေအချာ။သို့ပေမဲ့ Chanyeol ကမိသားစုဝင်တွေကို ဘယ်လောက်လွမ်းကြောင်း ထုတ်ပြောတတ်သူမဟုတ်။

အတော်ကို အေးတိအေးစက်နိုင်သည့်လူမျိုးပင်ဖြစ်သည်။

'' ကြိုဆိုပါတယ် ယောက်ဖလေး ''

'' ကြိုဆိုပါတယ် ချန်းယောလ် ''

အစ်မဖြစ်သူနှင့်ယောက်ဖက နှုတ်ဆက်နေတာကြောင့် ချန်းယောလ်အလိုက်သင့် ခေါင်းငြိမ့်ပြလိုက်သည်။

'' Warmly Welcome ပါနော် လေးလေး ''

Chanyeol အစ်မရဲ့သား၊ တစ်နည်းအားဖြင့် Chanyeol ရဲ့တူတော်စပ်သည့် Jiwon တောင် လူပျိုပေါက်အရွယ်ဖြစ်နေလေပြီ။

အလေးစားရဆုံး၊အချစ်ဆုံးဖြစ်သည့် ဖေဖေဆုံးပြီးတည်းက Switzerland ကိုထွက်သွားခဲ့တာ၊ သူထွက်သွားတုန်းကတောင် Jiwonက ကလေးသာသာအရွယ်ပဲရှိသေးတာ။

'' Baekhyunလေး ဘယ်တုန်းက ပြန်သွားတာလဲ ''

Chanyeol မေမေကထုတ်မေးတော့ Jiwon ကဝင်ဖြေသည်။

'' ဖေဖေခုနလေးတင်ပဲ ကားနဲ့လိုက်ပို့လိုက်ပြီ၊Baekhyun က လေးလေးကိုနှင်ထုတ်နေတာလေ၊ အိမ်ထဲကို သူစိမ်းဝင်လာတယ်ထင်ပြီး ''

'' ဟယ် ဟုတ်လား ''

Jiwon စကားအဆုံးမှာ ကိုယ့်ဆီကိုအလိုလိုရောက်လာတဲ့ တအံ့တသြအကြည့်တွေကြောင့် Chanyeol မသိချင်ယောင်ဆောင်ပြီး မျက်လွှာချလိုက်သည်။

ကောင်လေးက ဘယ်လိုပြောတာ၊ဘယ်လိုတားတာစသဖြင့် အမေဖြစ်သူကို တစ်ခုမကျန်အသေးစိတ်ပြန်တိုင်ရမယ့် အရွယ်မဟုတ်သလို ကလေးဘဝတည်းက အေးအေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ်ပဲနေလာခဲ့တဲ့သူဖြစ်တာကြောင့် သူစကားအများကြီးလည်းမပြောချင်ပါ။

'' Baekhyun လေးက နာမည်နဲ့လူနဲ့တွဲမသိလို့ပါ၊ သူက သားနာမည်ကို အမေတို့ပြောပြနေကြဆိုတော့ ရင်းနှီးနေပြီ၊ လူကိုပဲ မမြင်ဖူးတာ ''

ဖြေရှင်းချက်တဖြစ်လည်း Baekhyunဆိုသည့် ကောင်လေးဘက်မှကာပြောပေးသည့် အမေရဲ့ထိုကောင်လေးပေါ်ထားသည့်စိတ်ကို ထိုးထွင်းပြီးမြင်နေရသည်။သူ မရှိသည့်ကာလအတွင်းမှာ ကောင်လေးကတစ်အိမ်လုံးရဲ့ အချစ်တော်လေးဖြစ်နေပုံရသည်။

'' Baekhyunလေးက သိပ်ချစ်စရာကောင်းတာ၊သားလည်း ကြာရင်ချစ်သွားလိမ့်မယ် .. အဟင်း Jiwon နဲ့ရွယ်တူပဲဆိုတော့ မိသားစုဝင်တစ်ယောက်လိုပဲ ဖြစ်နေပြီ ''

Chanyeol အမေကပြောပြီးကာမှ သားဖြစ်သူအဓိပ္ပါယ် တစ်မျိုးပြောင်းကောက်မှာစိုးတာကြောင့် ချောင်းတစ်ချက်ဟန့်လိုက်သည်။

'' ရည်ရွယ်သူများရှိနေပြီလား သား ''

'' မရှိသေးပါဘူး၊ နောက်ပြီး အချစ်အကြောင်းတွေလည်း မစဉ်းစားချင်သေးလို့ ''

ပွင့်ပွင့်လင်းလင်းပြောပြနေတာကြောင့် Chanyeol အမေ အတင်းမတိုက်တွန်းတော့။ Chanyeol ကဖိအားပေးရမည့်သူမဟုတ်၊ သူ့အသိစိတ်ဓာတ်နဲ့သူ ကိုယ့်တာဝန်ကိုယ်ယူတတ်သည့်လူမျိုးပင်ဖြစ်သည်။

'' သဘောကျတဲ့သူရှိရင် အိမ်ကိုခေါ်လာခဲ့နော် သား ''

'' ဟုတ်ကဲ့ ''

မရှိရင်သေးသရွေ့ မခေါ်လာဖြစ်ဘူးဆိုတဲ့အကြောင်းကို သူထုတ်မပြောလည်း မေမေတို့သိလောက်မည်ထင်ပါရဲ့။

......

လေပြေသယ်ဆောင်လာတဲ့ သတင်းတွေကို ကလေးနားထောင်ချင်သလား၊၊ ပင်လယ်ပြင်မှာရိုက်ခတ်နေတဲ့ လှိုင်းသံတွေကိုရော နားစွင့်ကြည့်မလား။ ကလေးကြိုက်တဲ့သီချင်းတွေကို သောတဆင်မလား။ နောက်ပြီး ဆူညံနေတဲ့ကိုယ့်ရင်ခုန်သံတွေကို ကလေးအသိအမှတ်ပြုဖို့ အစီအစဉ်ရှိ၊မရှိ ?

...

- PERFECTION -

'' ညေနစာကို Jiwon တို႔အိမ္မွာပဲစားလိုက္ၿပီ ေမေမ ''

ေလလိႈင္းထဲကပ်ံ႕လြင့္လာတဲ့ သားျဖစ္သူရဲ႕အသံကိုၾကားၿပီးေနာက္ Baekhyunအေမက မႏိုင္ဘူးဟူေသာအေတြးျဖင့္ ေခါင္းခါယမ္းလိုက္သည္။

'' အဲ့ေတာ့ ဘယ္ခ်ိန္ျပန္လာမွာလဲ ေမေမ့သားက ''

'' ဟီး အခုသားက TV ၾကည့္ေနတာ၊ ည ၇ နာရီေလာက္ဆို Jiwon ေဖေဖက ကားနဲ႔ျပန္ပို႔ေပးမယ္တဲ့ ''

'' ဟုတ္ၿပီ အဲ့ထက္ေနာက္မက်ေစနဲ႔ေနာ္၊ ၈ နာရီဆို မင္းေဖေဖျပန္လာမွာ၊ သားကိုမေတြ႔ရင္ ေမေမပါေရာၿပီးအဆူခံရမွာေနာ္ ''

'' ဟုတ္ကဲ့ပါ ေမေမ ''

ဟုတ္ကဲ့ပါတစ္လံုးတည္းျဖင့္ အေမလုပ္သူကိုေခြၽးသိပ္ကာ သူကေတာ့ သူငယ္ခ်င္းအိမ္မွာ TV ထိုင္ၾကည့္ေနသည္တဲ့။

Jiwon ဆိုတဲ့ေကာင္ေလးက Baekhyun ႏွင့္ရြယ္တူ။ အလယ္တန္းတည္းက ႏွစ္ေယာက္ကတပူးပူးတတဲြတဲြ။ေမြးကတည္းက လူခ်စ္လူခင္မ်ားသည့္ Baekhyun ကJiwon တို႔တစ္မိသားစုလံုးရဲ႕ အခ်စ္ေတာ္။ တစ္ခါတေလ Jiwon ကိုႏိုင္စားလြန္းလို႔ေတာင္ တစ္ဖက္မိသားစုကို အားနာရသည္။

Baekhyun ည ၈ နာရီထက္ေနာက္မက်ဘဲ အျမန္ျပန္ေရာက္ဖို႔သာ အေရးႀကီးသည္။Baekhyun အေဖက အိမ္လည္တာမႀကိဳက္၊ ၿပီးေတာ့ သူ႔သားကိုလည္းမ်က္စိေ႐ွ႕က အေပ်ာက္ခံသူမဟုတ္။

.....

တံခါးဖြင့္သံခပ္ၾကမ္းၾကမ္းေနာက္မွာ အေလာသံုးဆယ္ဝင္လာတဲ့သူကို Baekhyun လွမ္းၾကည့္မိလိုက္သည္။Jiwon တို႔အိမ္ကိုလာလည္တာပဲႏွစ္ခ်ီေနၿပီ၊ ထိုလူကိုတစ္ခါမွမျမင္ဖူး။

ထိုလူဝတ္ထားသည့္ ႐ွပ္အျဖဴေရာင္က ေသြးစေတြေပေနသည့္အျပင္ လက္ဆစ္မွာလည္းပြန္းပဲ့ဒဏ္ရာေတြကမနည္းလွ။ Luggage ကိုကိုင္ထားတဲ့ လက္ဖမိုးကေသြးေၾကာစိမ္းေတြကိုေတာင္ လွမ္းျမင္ေနရသည္။မ်က္ႏွာေၾကာကလည္း ခပ္တင္းတင္း။လူကို မ်က္ေမွာင္ၾကဳတ္ၿပီးၾကည့္ရေအာင္ သူကဘာမို႔လို႔လဲ။သူမ်ားအိမ္ထဲကိုလည္း ဝင္လာေသး။

ထိုလူဘာစကားတစ္ခြန္းမွမဟရေသးခင္မွာပဲBaekhyun ကအရင္ ရန္လွမ္းေတြ႔ၿပီးေနၿပီျဖစ္သည္။

'' ဒီမွာ ဒီမွာ ခင္ဗ်ားကဘယ္သူလဲ၊ ဘာလို႔ သူမ်ားအိမ္ထဲဝင္လာတာလဲ ''

ထိုလူက ခဏတာေၾကာင္ၾကည့္ေနၿပီးမွ မ်က္ေမွာင္ၾကဳတ္ျပလာသည္။ ဘာသေဘာလဲ၊ ေမးေနတာကိုလံုးဝျပန္မေျဖဘဲ အေပၚထပ္ကိုတက္ဖို႔ျပင္ေနတာ။

Baekhyun ခ်က္ခ်င္းပင္ ထိုလူေ႐ွ႕ကိုသြားၿပီး ပိတ္ရပ္လိုက္သည္။

'' မသြားရဘူး ''

'' ဒါ ငါ့အိမ္ ''

'' ဘယ္လို ငါ့အိမ္ဟုတ္လား။ ကလိမ္ကက်စ္နဲ႔ ဘယ္သူ႔ကိုလာလိမ္ေနတာလဲ ''

လက္ေတာက္ေလာက္ေလးက စူးစူးရဲရဲၾကည့္ၿပီး ဆရာႀကီးစတိုင္နဲ႔ လက္ေတာင္ပိုက္ထားေသး။ Chanyeol ဟက္ခနဲရယ္လိုက္ၿပီး ထိုေကာင္ေလးပခံုးကိုအသာတြန္းကာ လမ္း႐ွင္းလိုက္သည္။ အေၾကာတင္းသည့္ေကာင္ေလးက ခ်က္ခ်င္းပင္ သူ႔ေ႐ွ႕မွာပိတ္ရပ္လာျပန္သည္။

'' ခင္ဗ်ား သူခိုးလား၊ဘာလို႔ အိမ္ထဲကိုအတင္းဝင္ဖို႔လုပ္ေနတာလဲ ''

ေလာေလာလတ္လတ္မွ ေတြ႔ရသည့္သူစိမ္းေကာင္ေလးကို Chanyeol စကားေတြ႐ွည္႐ွည္ေဝးေဝးမေျပာခ်င္။

'' ရဲေခၚလိုက္မွာေနာ္ ''

'' သေဘာ ''

'' ဘာ.. သေဘာပဲ ဟုတ္လား၊ မလုပ္ရဲဘူးထင္ေနတာလား ''

ထိုလူေျပာသည့္စကားကို သံေယာင္လိုက္ကာရြတ္ေနတုန္းမွာပဲ မီးဖိုေခ်ာင္ထဲကေန အသီးပန္းကန္ကိုင္ၿပီးထြက္လာတဲ့ Jiwon ရဲ႕အသံကစူးခနဲ။

'' ေလးေလး ! ''

'' ဘယ္..ဘယ္လို ေလး..ေလးေလးဟုတ္လား ''

'' Baekhyun ႏႈတ္ဆက္လိုက္၊ ဒါ ငါ့ဦးေလး Park Chanyeol တဲ့၊ ဆြစ္ဇာလန္ကေနျပန္လာတာ။ေလးေလးကလည္းၾကိဳမေျပာဘူး၊ ကြၽန္ေတာ္လာႀကိဳမွာေပါ့ ''

မအူမလည္ပံုစံျဖင့္ မ်က္ေတာင္တဖ်တ္ဖ်တ္ခတ္ကာ ေမာ့ၾကည့္လာတဲ့ေကာင္ေလးရဲ႕မ်က္ဝန္းေတြကို မျမင္ခ်င္ေယာင္ေဆာင္ၿပီး အေပၚထပ္ကိုသာတက္လာခဲ့လိုက္သည္။ ​

ေသြးေပေနသည့္အဝတ္ေတြကို လဲပစ္ရဦးမည္။မဟုတ္ရင္ အိမ္ကမိသားစုဝင္ေတြ အလကားသက္သက္စိတ္ပူေနဦးမည္။

ဟား...ဟား။

ေအာက္ထပ္ကေန ရယ္သံတစာစာကိုၾကားရျပန္ေတာ့ ခုနကေကာင္ေလးဆီ အာ႐ုံခရီးကျပန္ဆိုက္သြားေတာ့သည္။

အိမ္႐ွင္ကိုျပန္ႏွင္ထုတ္ေနတဲ့ ဧည့္သည္ေလး၊ ၾကည့္ရတာ Jiwon ရဲ႕သူငယ္ခ်င္းျဖစ္မည္။

ဆယ့္႐ွစ္ႏွစ္အရြယ္ေကာင္ေလးက သိပ္ရဲတင္းလြန္းလိုက္တာ၊ အိမ္ကလူေတြေတာင္ ေလသံမာမာထန္ထန္မေျပာတဲ့သူ႔ကို ထြက္သြားဆိုၿပီးႏွင္ထုတ္ေနတာ။

.....

'' အိမ္ျပန္လာတာကိုႀကိဳဆိုပါတယ္ သား ''

ေမေမ့ ခႏၶာကိုယ္ခပ္ေႏြးေႏြးကို Chanyeol အသာျပန္ေပြ႔ဖက္လိုက္သည္။Switzerland မွာ ​ေနသည့္တစ္ေလ်ွာက္လံုးလည္း အိမ္ကိုမလြမ္းဘူးဟုေျပာရင္ လိမ္ရာက်မည္မွာအေသအခ်ာ။သို႔ေပမဲ့ Chanyeol ကမိသားစုဝင္ေတြကို ဘယ္ေလာက္လြမ္းေၾကာင္း ထုတ္ေျပာတတ္သူမဟုတ္။

အေတာ္ကို ေအးတိေအးစက္ႏိုင္သည့္လူမ်ိဳးပင္ျဖစ္သည္။

'' ႀကိဳဆိုပါတယ္ ေယာက္ဖေလး ''

'' ႀကိဳဆိုပါတယ္ ခ်န္းေယာလ္ ''

အစ္မျဖစ္သူႏွင့္ေယာက္ဖက ႏႈတ္ဆက္ေနတာေၾကာင့္ ခ်န္းေယာလ္အလိုက္သင့္ ​ေခါင္းၿငိမ့္ျပလိုက္သည္။

'' Warmly Welcome ပါေနာ္ ေလးေလး ''

Chanyeol အစ္မရဲ႕သား၊ တစ္နည္းအားျဖင့္ Chanyeol ရဲ႕တူေတာ္စပ္သည့္ Jiwon ​ေတာင္ လူပ်ိဳေပါက္အရြယ္ျဖစ္ေနေလၿပီ။

အေလးစားရဆံုး၊အခ်စ္ဆံုးျဖစ္သည့္ ေဖေဖဆံုးၿပီးတည္းက Switzerland ကိုထြက္သြားခဲ့တာ၊ သူထြက္သြားတုန္းကေတာင္ Jiwonက ကေလးသာသာအရြယ္ပဲ႐ွိေသးတာ။

'' Baekhyunေလး ဘယ္တုန္းက ျပန္သြားတာလဲ ''

Chanyeol ေမေမကထုတ္ေမးေတာ့ Jiwon ကဝင္ေျဖသည္။

'' ေဖေဖခုနေလးတင္ပဲ ကားနဲ႔လိုက္ပို႔လိုက္ၿပီ၊Baekhyun က ေလးေလးကိုႏွင္ထုတ္ေနတာေလ၊ အိမ္ထဲကို သူစိမ္းဝင္လာတယ္ထင္ၿပီး ''

'' ဟယ္ ဟုတ္လား ''

Jiwon စကားအဆံုးမွာ ကိုယ့္ဆီကိုအလိုလိုေရာက္လာတဲ့ တအ့ံတျသအၾကည့္ေတြေၾကာင့္ Chanyeol မသိခ်င္ေယာင္ေဆာင္ၿပီး မ်က္လႊာခ်လိုက္သည္။

ေကာင္ေလးက ဘယ္လိုေျပာတာ၊ဘယ္လိုတားတာစသျဖင့္ အေမျဖစ္သူကို တစ္ခုမက်န္အေသးစိတ္ျပန္တိုင္ရမယ့္ အရြယ္မဟုတ္သလို ကေလးဘဝတည္းက ေအးေအးေဆးေဆး၊ တည္တည္ၿငိမ္ၿငိမ္ပဲေနလာခဲ့တဲ့သူျဖစ္တာေၾကာင့္ သူစကားအမ်ားႀကီးလည္းမေျပာခ်င္ပါ။

'' Baekhyun ေလးက နာမည္နဲ႔လူနဲ႔တဲြမသိလို႔ပါ၊ သူက သားနာမည္ကို အေမတို႔ေျပာျပေနၾကဆိုေတာ့ ရင္းႏွီးေနၿပီ၊ လူကိုပဲ မျမင္ဖူးတာ ''

ေျဖ႐ွင္းခ်က္တျဖစ္လည္း Baekhyunဆိုသည့္ ​ေကာင္ေလးဘက္မွကာေျပာေပးသည့္ အေမရဲ႕ထိုေကာင္ေလးေပၚထားသည့္စိတ္ကို ထိုးထြင္းၿပီးျမင္ေနရသည္။သူ မ႐ွိသည့္ကာလအတြင္းမွာ ေကာင္ေလးကတစ္အိမ္လံုးရဲ႕ အခ်စ္ေတာ္ေလးျဖစ္ေနပံုရသည္။

'' Baekhyunေလးက သိပ္ခ်စ္စရာေကာင္းတာ၊သားလည္း ၾကာရင္ခ်စ္သြားလိမ့္မယ္ .. အဟင္း Jiwon နဲ႔ရြယ္တူပဲဆိုေတာ့ မိသားစုဝင္တစ္ေယာက္လိုပဲ ျဖစ္ေနၿပီ ''

Chanyeol အေမကေျပာၿပီးကာမွ သားျဖစ္သူအဓိပၸါယ္ တစ္မ်ိဳးေျပာင္းေကာက္မွာစိုးတာေၾကာင့္ ေခ်ာင္းတစ္ခ်က္ဟန္႔လိုက္သည္။

'' ရည္ရြယ္သူမ်ား႐ွိေနၿပီလား သား ''

'' မ႐ွိေသးပါဘူး၊ ​ေနာက္ၿပီး အခ်စ္အေၾကာင္းေတြလည္း မစဥ္းစားခ်င္ေသးလို႔ ''

ပြင့္ပြင့္လင္းလင္းေျပာျပေနတာေၾကာင့္ Chanyeol အေမ အတင္းမတိုက္တြန္းေတာ့။ Chanyeol ကဖိအားေပးရမည့္သူမဟုတ္၊ သူ႔အသိစိတ္ဓာတ္နဲ႔သူ ကိုယ့္တာဝန္ကိုယ္ယူတတ္သည့္လူမ်ိဳးပင္ျဖစ္သည္။

'' သေဘာက်တဲ့သူ႐ွိရင္ အိမ္ကိုေခၚလာခဲ့ေနာ္ သား ''

'' ဟုတ္ကဲ့ ''

မ႐ွိရင္ေသးသေရြ႕ မေခၚလာျဖစ္ဘူးဆိုတဲ့အေၾကာင္းကို သူထုတ္မေျပာလည္း ေမေမတို႔သိေလာက္မည္ထင္ပါရဲ႕။

......

ေလေျပသယ္ေဆာင္လာတဲ့ သတင္းေတြကို ကေလးနားေထာင္ခ်င္သလား၊၊ ပင္လယ္ျပင္မွာ႐ုိက္ခတ္ေနတဲ့ လိႈင္းသံေတြကိုေရာ နားစြင့္ၾကည့္မလား။ ကေလးႀကိဳက္တဲ့သီခ်င္းေတြကို ေသာတဆင္မလား။ ​ေနာက္ျပီး ဆူညံေနတဲ့ကိုယ့္ရင္ခုန္သံေတြကို ကေလးအသိအမွတ္ျပဳဖို႔ အစီအစဥ္႐ွိ၊မ႐ွိ ?

...

Fortsett å les

You'll Also Like

1M 38.9K 92
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
1.1M 19.2K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
21.6K 350 9
Cathrine grimes, the forgotten twin. Her twin Brother Carl has always been more important than her. His needs over hers. He blows out his candles fir...
1.1M 62K 38
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...