(၁၅)

2.2K 398 15
                                    

' Baekhyun ရန်ဖြစ်လို့ ပါမောက္ခရုံးခန်းထဲမှာ ရောက်နေတယ် လေးလေး '

Jiwon ဆီကဖုန်းရတာနှင့်ချက်ချင်း နိုင်ငံခြားကရင်းနှီးမြှုပ်နှံသူတွေကို အကုန်ကျောခိုင်းခဲ့ပြီး အစည်းအဝေးအခန်းထဲကနေ ပြေးထွက်လာခဲ့တာဖြစ်သည်။

ကျောင်းကိုသွားနေသည့် တစ်လျှောက်လုံးလည်း Baekhyun ဘာမှမထိခိုက်ပါစေနဲ့ဟုသာ တတွင်တွင်ဆုတောင်းနေခဲ့ရသည်။

ရုံးခန်းဘက်ကို ကမူးရှူးထိုးပြေးလာသည့် Chanyeol ကိုတွေ့တော့ ဆောင့်ကြောင့်လေးထိုင်စောင့်နေတဲ့ Jiwon ကချက်ချင်းမတ်တပ်ရပ်လာသည်။

' လေးလေး '

' ကလေး ဘယ်မှာလဲ '

' ဟို .. အဲဒါက .. ဟိုလေ '

' သူ ထိခိုက်သွားတာရှိလား၊ ဘယ်သူနဲ့ ရန်ဖြစ်တာလဲ '

' ဟို Baekhyun ကရုံးခန်းထဲမှာ မဟုတ်ဘူး '

' ဒါဆို ဆေးရုံကိုပို့လိုက်တာလား၊ ဘယ်လောက်တောင် ထိခိုက်သွားလို့လဲ '

' မဟုတ်ဘူး။အခု သူအတန်းထဲကိုပြန်ရောက်နေပြီ '

' ဘာလဲ၊ ဆရာမက ပြန်လွှတ်လိုက်တာလား '

Jiwon က မလှုပ်တလှုပ်ခေါင်းငြိမ့်ပြ၏။

' သူ လေးလေးကိုစောင့်နေတယ် '

. . .

စာသင်ခန်းရှေ့ကိုရောက်တော့ Baekhyun ကအတန်းရှေ့တည့်တည့်မှာ ရပ်နေသည်။လက်ထဲမှာ ကိတ်မုန့်ကိုကိုင်ထားပြီး ဖယောင်းတိုင်ပါတစ်ခါတည်း မီးညှိထားသည်။

' ဦး '

Chanyeol ကိုမြင်တော့ Chanyeol အနားကိုလှစ်ခနဲပြေးလာပြီး ကိတ်မုန့်ကိုသူ့ရှေ့တိုးပေးလာသည်။

' ဒီနေ့က ဦးရဲ့မွေးနေ့လေ၊ ဦးမေ့နေတာမလား '

ပြူးတူးကြောင်တောင်လုပ်ပြနေတဲ့ ကောင်လေး၊ မျက်နှာနုနုမှာတော့ ဘာဒဏ်ရာမှမရှိ။

' မင်း ရန်ဖြစ်တယ်ဆို '

' ကဲ.. အဲ့ကိစ္စတွေနောက်ပို့ထား၊ လောလောဆယ် ဖယောင်းတိုင် အရင်မှုတ်လိုက်ပါဦး '

' မင်း လိမ်ခေါ်တာမလား '

Chanyeol ရဲ့မာထန်ထန်အသံကြောင့် Baekhyun မျက်နှာကွက်ခနဲပျက်သွားပေမယ့် အတတ်နိုင်ဆုံးပြန်ပြုံးပြလိုက်သည်။

Perfection [COMPLETED] Where stories live. Discover now