(၉)

2.6K 486 21
                                    

media တွေမှာ၊ သတင်းတွေမှာ ပလူပျံတာတွေ၊ လူတွေရဲ့ပါးစပ်ဖျားမှာပါ ပွထနေတာကိုမနှစ်သက်တဲ့ Chanyeol ကြောင့် လက်ထပ်ပွဲကို တခမ်းတနားမလုပ်ဖြစ်ကြပါ။

ကိုယ်ရွေးချယ်ထားတဲ့ ကိုယ့်အိမ်ထောင်ဖက်ကို တခြားသူတွေ လာဝေဖန်စရာလည်း မလိုသလို ပြစ်တင်ရှုံ့ချစရာ ဘာအကြောင်းမှမရှိ။ ကိုယ့်ကိုပြောရင် လျစ်လျူရှုနိုင်ပေမယ့် ဒီကလေးကိုထိရင်တော့ Chanyeol သည်းခံနိုင်မှာမဟုတ်။

မိဘဆွေမျိုးတွေရှေ့မှောက် သက်ဆုံးတိုင်ပေါင်းသင်းကြမည်ဟုသာ သစ္စာပြုရင်း တစ်ယောက်ကိုတစ်ယောက် ရိုးရှင်းစွာချည်နှောင်ခဲ့ကြသည်။

လက်သူကြွယ်က ဆင်တူလက်စွပ်ထံ အကြည့်ရောက်မိတော့ သူက ကိုယ့်သက်ဆိုင်သူဖြစ်သွားပြီ ဟူသောအသိဖြင့် ထပ်တိုးကြည်နူးရပြန်၏။

ကြင်သူကို ငုံ့မိုးကာကြည့်လိုက်တော့ သူ့မိဘတွေကို မျက်ရည်အဝိုင်းသားဖြင့် လှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။

မျက်ရည်စတွေကိုသုတ်ရန်ရွယ်နေတဲ့ ကောင်လေးရဲ့လက်ကို လှမ်းကိုင်လိုက်ပြီး ရင်ခွင်ထဲထည့်ဖက်ထားသလိုပုံစံနှင့် ကိုယ့်အကျႌဖြင့်သာ မျက်ရည်တွေကိုခမ်းခြောက်စေလိုက်သည်။

' ကျွန်တော်က အာရုံနောက်စရာကောင်းလို့ ကျွန်တော့်မိဘတွေက သူများလက်ထဲထည့်ပေးလိုက်တာနေမယ် '

ကလေးပြောတဲ့ သူများဆိုတာ ကိုယ့်ကိုရည်ညွှန်းနေမှန်း သိတာကြောင့် Baekhyun ရဲ့ကျောပြင်ကိုပုတ်ကာ နူးညံ့ပျော့ပျောင်းသည့် ဆံပင်အိအိလေးတွေကို ငုံ့နမ်းလိုက်၏။

ဟိုးတစ်နေ့က လူကိုပစ်ပစ်ခါခါပြောပြီး မျက်စောင်းတဝင့်ဝင့်လုပ်နေသည့်ကလေးက အခုတော့ရင်ခွင်ထဲဝယ် ကြိတ်ငိုနေလေသည်။

ကလေးရဲ့မိဘတွေကလည်း ကိုယ့်လက်ထဲကို အလွယ်တကူထည့်ပေးလိုက်တာမဟုတ်သလို ကိုယ်ကလည်း ဒီကလေးကို ပေါ့ပေါ့တန်တန်လို့ သဘောမထားပါ။

သူ့အပြုအမူတွေက ဘယ်လောက်ပဲ မရင့်ကျက်ဘဲ ကလေးဆန်သည်ဆိုစေဦး။ ဒီအမူအရာတွေကိုပဲ သဘောတကျ အလွတ်ကျက်မှတ်မိသူမှာ ကိုယ်သာဖြစ်သည်။

Perfection [COMPLETED] Where stories live. Discover now