' အဲ့တော့ Mary က လာမယ့် Friday မှာ ပြန်လာမယ်ပေါ့ '
အရင်လို ဦးအိပ်နေပြီအထင်နှင့် ဦးမျက်နှာကိုငေးကြည့်မည်ဟု အားခဲထားတဲ့ Baekhyun ရဲ့အကြံအစည်လေးက သဲထဲရေသွန်။
Mary ဆိုတာ ဦးရဲ့ရည်းစားဦးဖြစ်တဲ့ အချစ်ဦးဆိုတဲ့ အမျိုးသမီးမလား။
ချစ်တောင်မချစ်ပြရသေးခင်မှာ ဦးက တခြားတစ်ယောက်လက်ထဲ ပြန်ပါ့သွားမလားဟု တွေးလိုက်တိုင်း Baekhyun ရင်ထဲဆို့နစ်လာရသည်။
' အချိန်မရွေး လာခဲ့လို့ရတယ်နော်၊ warmly welcome ပဲ Mary '
ဒါ အိမ်ကိုလာလည်ဖို့ ဖိတ်နေတာ။ Baekhyun နားစွင့်နေရင်း ကောက်ချက်ချလိုက်၏။
' ဟား ... အဲ့လောက်တောင် ချစ်စရာကောင်းတာလား '
ဖုန်းပြောရင်း ရယ်နေသည့်ဦးကြောင့် Baekhyun မျက်နှာလေး မှောင်ကုပ်သွားရပြန်သည်။
ဦးက ဘာတွေကိုများ ဒီလောက်ရယ်နေရတာတုန်း။
ချစ်စရာကောင်းတယ်ဆိုတာကရော ဘယ်သူ့ကိုပြောနေတာလဲ။ လူတစ်ယောက်လုံးကို ရှေ့မှာထားပြီး ပေါ်တင်ကြူးပြနေတာပဲ။
ကိုယ်က သူ့ရဲ့တရားဝင်ခင်ပွန်းဆိုတာ ဦးမေ့နေတာများလား။
Park Chanyeol ကိုသိပ်ချစ်ပါတယ်လို့ ဖွင့်ပြောလိုက်သင့်လား။ တော်ကြာ ချစ်စကားပြောမှ ငြင်းခံရကာ ပိုဝေးသွားမည့်အဖြစ်မျိုးလည်း Baekhyun မလိုချင်။
' OK Mary ကိုယ် စောင့်နေမယ် see u later '
ကိုယ်ဆိုတဲ့ စကားအသုံးအနှုန်းကြောင့် လက်ထဲမှာကိုင်ထားတဲ့ ခဲတံကတင်းခနဲ။
နောက်မှပဲတွေ့တွေ့၊ အခုချက်ချင်းတွေ့တွေ့ သူတို့ကတွေ့ကြဦးမယ်ဆိုတဲ့သဘော။
ဖုန်းချလိုက်ပြီးတာတောင် ဦးက Baekhyun အနားကို မရောက်လာ။
ဦးကို မချစ်တော့ဘူး ... အများကြီး မုန်းပစ်လိုက်မှာ ... ယူ့စ်လက် (useless) ဟူးမန်းကြီး။
ကျောင်းစာအုပ်ရဲ့ ပထမဦးဆုံးစာမျက်နှာမှာ Baekhyun စာလုံးအကြီးကြီး ချရေးပစ်လိုက်သည်။
' မအိပ်သေးဘူးလား '
ကြည့် စကားပြောတာကအစ လာအိပ်တော့လို့မပြောဘဲ မအိပ်သေးဘူးလားတဲ့။