(၇)

2.5K 465 32
                                    

' အစွဲအလမ်းဆိုတာဘာလဲ? ဥပမာ ဆေးစွဲနေတဲ့သူ၊ အရက်စွဲနေတဲ့သူ၊ စီးကရက်စွဲနေတဲ့သူတွေ ... သူတို့တွေ ဆေးလိပ်ဖြတ်ဖို့ကြိုးစားကြဖူးလား အရက်စွဲတာကိုဖြတ်ဖို့လုပ်ဖူးကြလား? '

Discussion အချိန်မှာဆွေးနွေးနေကျ Professor သည် ဗဟုသုတလည်းကြွယ်သလို အပြောလည်းကောင်းသည်။ဘယ်လောက်ငိုက်တဲ့ကျောင်းသားဖြစ်ဖြစ် ထိုဆရာရဲ့အချိန်ရောက်ရင် အားကြိုးမာန်တက် ဝင်ဆွေးနွေး၊ လိုက်နားထောင်ကြသည်။

BaekHyun ကတော့ ချွင်းချက်။

ဘယ်စာသင်ချိန်ဖြစ်ဖြစ် ဆယ့်ငါးမိနစ်လောက်ကို အိပ်ငိုက်ခြင်းဖြင့်သာကုန်ဆုံးတတ်သည်။

' သမီးရဲ့အဖေက အရက်၊ဘီယာအရမ်းကြိုက်ပါတယ်ဆရာ အစတုန်းကတော့တစ်ခွက်စ၊နှစ်ခွက်စသောက်ရာကနေ နာက်ပိုင်းကျတော့ ပုလင်းလိုက်ကိုမော့သောက်တော့တာပဲ၊ တဖြည်းဖြည်း အရက်ကစွဲစွဲလာပြီး ထမင်းမစား၊ဟင်းမစားဘဲ ဘာအလုပ်မှမလုပ်တော့ပါဘူး တစ်နေကုန်ထိုင်သောက်နေတာပဲ '

Professor က ထိုကျောင်းသူရဲ့စကားကို သေချာအာရုံစိုက်ပြီး နားထောင်ပေးနေသလို အတန်းထဲကသူတွေကလည်း စိတ်ဝင်တစားနားထောင်နေကြသည်။

' နောက်ပိုင်းကျတော့ အဖေကသူ့စိတ်ကိုသူ မရရအောင်ထိန်းပြီး အရက်ဖြတ်ဖို့ကြိုးစားမယ်ဆိုပြီးမိသားစုကိုပြောတယ် ဆရာ .. အဲ့နောက်မှာတော့ အဖေကဆရာဝန်တွေ၊ဘာတွေနဲ့ သေချာပြပြီးဖြတ်လိုက်ပါတယ်၊ အဲ့ချိန်တည်းကစပြီး အဖေအရက်မသောက်တော့ပါဘူး '

Professor ကပြုံးလိုက်သလို ကျောင်းသူ၊ကျောင်းသားတွေကလည်း နောက်ထပ်ဆွေးနွေးမယ့်သူကို စောင့်နေကြသည်။

' အခု စီးကရက်စွဲလမ်းမှုအကြောင်းကို ဆက်သွားကြရအောင်၊ ဘာလို့ လူတွေကဆေးလိပ်စွဲကြတယ်ထင်လဲ? စီးကရက်သောက်တာ ကျန်းမာရေးကိုမထိခိုက်စေဘူးလား? '

' စီးကရက်မှာပါဝင်တဲ့ nicotine ( နီကိုတင်း ) က brain cells တွေကိုသေစေနိုင်တဲ့အထိကို အန္တရာယ်များပါတယ်၊၊စီးကရက်ကိုသောက်ပြီးရင်းသောက်ချင်အောင်၊မသောက်ဘဲ မနေနိုင်အောင် ဦးနှောက်ကိုထပ်ကာထပ်ကာ remind ပေးနေတာကလည်း nicotine ပဲ '

Perfection [COMPLETED] Dove le storie prendono vita. Scoprilo ora