PSYCHO FRIEND (Season-2)

By May555myat55mon

17K 1.7K 284

🐺Unicode🐍 အိပ်မက်လေလား...တကယ်လေလား... #Monster Start Date: 23.6.2021 End Date: ... 🐺Zawgyi🐍 အိပ္မက္ေလလား... More

Attention!!!
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19

Part 10

591 92 19
By May555myat55mon

🐺Unicode🐍

မြို့လယ်ခေါင်အတွင်း ရှုပ်ယှတ်ခတ်နေတဲ့လမ်းမတွေပေါ် ကူးလူးသွားလာနေကြတဲ့ ယာဉ်ပေါင်းများစွာ။ အထပ်မြင့် တိုက်အသီးသီးက ပြသလျက်ရှိတဲ့ LED Board က ကြော်ငြာအမျိုးမျိုး။ ပြသသမျှ ကြော်ငြာအများစုမှာ နေရာယူထားတာက ယခုလက်ရှိ တရုတ်ပြည်ရဲ့ ရေပန်းစား နာမည်ကျော်ကြားနေတဲ့ ဝမ်ရိပေါ်။ ရိပေါ်ကတော့ ထိုမြင်ကွင်းအားလုံးကို အထပ်မြင့်တိုက်တစ်လုံးရဲ့ မှန်တွေသာကာရံထားတဲ့ နံရံတစ်ဖက်ကနေ လက်ထဲကဝိုင်ခွက်ကို အသာလှည့်ရင်း ငေးမောကြည့်နေတော့တယ်။

လက်ထဲကဝိုင်ကို အာစွတ်ရုံ တစ်ငုံမျှသောက်ပြီးတဲ့နောက် သက်ပြင်းအသာချမိပြီး သိပ်မကြာခင်မှာပဲ တံခါးခေါက်သံနဲ့အတူ အသံပြုလာတဲ့ ရိပေါ်ရဲ့ မန်နေဂျာ။

"မင်းသား။ ကျွန်တော်ဝင်ခဲ့လို့ရမလား။"

"ဝင်ခဲ့ပါ။"

မန်နေဂျာ ဝင်လာတာနဲ့ ရိပေါ်လည်း ခုံတန်းရှည်ရဲ့ထိပ်မှာအသာဝင်ထိုင်ရင်း လက်ထဲကဝိုင်ခွက်ကို စားပွဲပေါ် တင်လိုက်တယ်။ မန်နေဂျာဖြစ်သူကလည်း ဘေးခုံမှာဝင်ထိုင်ရင်း ရိပေါ်ထံ ဖိုင်တစ်ခုကမ်းပေးလာလေတယ်။

"မင်းသားနဲ့ စာချုပ်ချုပ်ထားတဲ့ ကုမ္ပဏီက မင်းသားကို ဒီဇာတ်ကားလေးရိုက်ကူးဖို့ရာအတွက် ကမ်းလှမ်းလာတယ်။ မင်းသားအနေနဲ့ ဘယ်လိုသဘောရပါသလဲတဲ့။"

မန်နေဂျာစကားအဆုံး ဖိုင်ကို ဖွင့်ဖောက်ကြည့်မိတော့ သူရိုက်ရမယ့်ဇာတ်လမ်းက အခြားမဟုတ်။ တစ်ချိန်တစ်ခါက စီနီယာလီယွမ်ဖြစ်သူနဲ့ ရိုက်ခဲ့ရတဲ့ ဇာတ်ကား။ ရိပေါ်လည်း သက်ပြင်းအသာချရင်း ဖိုင်ကိုသာ စားပွဲပေါ် တင်လိုက်တယ်။ မန်နေဂျာကတော့ သူ့တာဝန်အတိုင်း ပြောစရာရှိတာ ဆက်ပြောလာတယ်။

"မင်းသားနဲ့အတူတွဲရိုက်မယ့် လီယွမ်ဆိုတာကလည်း သရုပ်ဆောင်ဘက်မှာ နာမည်တစ်ခုရထားသူပါ။ မင်းသားနဲ့တွဲရိုက်မယ့် မင်းသမီးကလည်း နာမည်ပျက်လုံးဝမရှိတဲ့အပြင် ဇာတ်လမ်းရဲ့ မူရင်းဝတ္ထုကလည်း ပရိတ်သတ်တွေကြား ရေပန်းစားပြီးသားဇာတ်လမ်းဖြစ်လို့ မင်းသားအနေနဲ့ ရိုက်ကူးဖို့ရာ အဆင်ပြေမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ။"

မန်နေဂျာ့စကားအဆုံး ရိပေါ်လည်း ခေါင်းအသာညိတ်လိုက်ပြီး

"ကောင်းပြီ။ လက်ခံတယ်လို့ပြောလိုက်ပါ။"

"ဟုတ်ကဲ့။ နောက်ပြီး ဒါက ဒီနေ့မင်းသားရဲ့ အချိန်စာရင်းပါ။ နေ့လည်နှစ်နာရီကစပြီး ပွဲသုံးခုဆက်တိုက်တက်ရပါမယ်။ ပွဲတစ်ခုကို နှစ်နာရီနှုန်းနဲ့ ညရှစ်နာရီအပြီးတက်နိုင်အောင် ကျွန်တော်စီစဉ်ပေးထားပါတယ်။ မင်းသား ဒီအတောအတွင်း တက်ရတယ့်ပွဲတွေဆက်သွားတာမို့ နားချိန်များများရအောင်လို့ပါ။"

အလိုက်သိလွန်းတဲ့ မန်နေဂျာကြောင့် ရိပေါ်လည်း ကျေးဇူးတင်စွာနဲ့ပဲ အသာပြုံးမိတယ်။ သို့ပေမယ့် ခေါင်းထဲ တစ်ဆက်တည်း ဝင်လာတဲ့အတွေးကြောင့် ရယ်လည်းရယ်မိပါရဲ့။ မည်မျှပင် နားချိန်ရတယ်ဆိုဆို ရိပေါ်ကို ကုမ္ပဏီနဲ့သက်ဆိုင်တဲ့ အလုပ်တွေက ဆီးကြိုနေတယ်မဟုတ်ပါလော။

ရိပေါ်လည်း သက်ပြင်းအသာချလိုက်ပြီး မန်နေဂျာကို ကျေးဇူးတင်စကားသာ ဆိုမိတော့တယ်။

"ကျေးဇူးပါပဲ။"

"ရပါတယ်မင်းသား။ ဒါဆို ကျွန်တော့်ကို သွားခွင့်ပြုပါဦး။"

ရိပေါ်ခေါင်းညိတ်ပြလိုက်တာနဲ့ နေရာကနေထထွက်သွားတဲ့ မန်နေဂျာမှာ ယခုမှ တစ်စုံတစ်ခုကို သတိရလာသလို ရိပေါ်ဘက်ကို လှည့်ကြည့်လာတယ်။

"ဪ ဟုတ်သားပဲ။ မင်းသားကို ပြောဖို့မေ့နေတယ်။ ဒီနေ့ နိုင်ငံခြားကနေ ရှောန်းရှောင်ဆိုတဲ့မင်းသား ပြန်လာပြီတဲ့နော်။ လိုင်းပေါ်မှာ သူပြန်လာတဲ့အကြောင်းတွေက ရှာဖွေမှုအများဆုံးနဲ့ နံပါတ်တစ်ချိတ်နေတယ်။ သူ့ပရိတ်သတ်တွေဆို လေယာဉ်ကွင်းအပြည့်ပဲမို့ အခုထိ လေဆိပ်က ထွက်လို့မရသေးဘူးတဲ့။ ကြည့်ရတာ အခုအချိန်ထိ မရသေးဘူးထင်တယ်။"

မန်နေဂျာ့စကားအဆုံး ရိပေါ်လည်း ဖုန်းကိုအမြန်ယူလို့ အင်တာနက်ဖွင့်ကြည့်မိပါရဲ့။ မန်နေဂျာပြောတဲ့အတိုင်း ရှောန်းရှောင်တစ်ဖြစ်လည်း ရှောင်ကျန့်ဟာ လေဆိပ်မှာတင် ပိတ်မိနေပြီး လက်လှမ်းမီသမျှ ပရိတ်သတ်တွေကို လက်မှတ်ထိုးပေးနေရတယ်။ ဘေးမှာရှိတဲ့ သက်တော်စောင့်တွေမှာတော့ ရှောင်ကျန့်ကို အကာအကွယ်ပေးရင်း လေဆိပ်ကနေ ထွက်နိုင်ဖို့ရာ ကြိုးစားနေကြတော့တယ်။

"မင်းပြန်လာပြီပေါ့။"

ရိပေါ် သူတစ်ကိုယ်တည်းကြားရုံမျှ တီးတိုးရေရွတ်မိပါရဲ့။ မန်နေဂျာမှာတော့ ဖုန်းကိုစိတ်ဝင်တစားကြည့်နေတဲ့ ရိပေါ်ကိုအထင်လွဲပြီး သတိပေးစကားတွေပြောလာတာမို့ ရိပေါ်လည်း ခေါင်းရမ်းပြီးသာ ရယ်မိတော့တယ်။

"မင်းသား စိတ်မပူပါနဲ့။ မင်းသားက အခုအချိန်မှာ ဒီနိုင်ငံရဲ့ နာမည်ကြီးမင်းသားတစ်လက်ဖြစ်နေပါပြီ။ သူက နိုင်ငံခြားမှာ နာမည်ကြီးလာခဲ့ပြီး အခုမှ ဒီနိုင်ငံကိုပြန်လာတာဆိုတော့ မင်းသားနေရာပျောက်မှာ စိတ်ပူစရာမလိုပါဘူး။ ဒါပေမယ့် မင်းသား။ သူက တစ်ချိန်ချိန်မှာ မင်းသားရဲ့ပြိုင်ဘက်ဖြစ်လာနိုင်တာမို့ မင်းသားဘက်က ဒီ့ထက်ပိုပြီး ကြိုးစားမှရတော့မယ်။"

ရိပေါ် မန်နေဂျာကို ခေါင်းညိတ်ပြရုံသာ တတ်နိုင်တော့တယ်။ ရှောင်ကျန့်နဲ့ သူနဲ့ ကြားကကိစ္စကို မန်နေဂျာအပါအဝင် ဘယ်သူမှ မသိတာမို့။

-------------------------------------

ရှောင်ကျန့် ပြန်ရောက်လာပြီး အချိန်တော်တော်ကြာတဲ့အထိ ရှောင်ကျန့်ဘက်က ကျန်းချန်၊ ယွီပင်းတို့အပါအဝင် သူ့ကိုပါဆက်သွယ်လာခြင်း မရှိခဲ့သလို ရိပေါ်ဘက်ကလည်း စပြီးမဆက်သွယ်မိခဲ့ဘူး။ ရှောင်ကျန့်နဲ့ပတ်သတ်သမျှ အရာအားလုံး လွှတ်ချလိုက်တော့မယ်လို့ ဆုံးဖြတ်ပြီးနောက်ပိုင်း မည်သည့်ခြေလှမ်းကိုမှ မလှမ်းဖြစ်တော့သလို လှမ်းဖို့လည်း စိတ်ကူးမရှိတော့။ သူ့ဘက်က ချစ်ခဲ့ဖူးသလောက် ရှောင်ကျန့်ဘက်က သူ့ကို စိုးစဉ်းလေးတောင် မချစ်ခဲ့တာမို့။ နောက်ပြီး ချစ်ရသူကိုယ်တိုင်က ဖြစ်ပျက်ခဲ့သမျှ ကံကြမ္မာကို သူ့ရှေ့တင် ပြောင်းလဲဖို့ရာ ကြိုးစားနေတာမို့ ရှောင်ကျန့်အနေနဲ့ လူထပ်သတ်တော့မှာ မဟုတ်လောက်ဘူးလို့ ယုံကြည်မိတာလည်း ပါလေရဲ့။ ဘာတွေပဲဖြစ်လာဖြစ်လာ ရိပေါ်အနေနဲ့ ရှောင်ကျန့်မပါဘဲ ဘဝကို ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားဖို့ကိုပဲ စဉ်းစားမိတော့တယ်။ သူ့ဘက်ကမှ မစရင် ဘယ်တော့မှ မဆုံနိုင်တဲ့ရေစက်မို့။

စီနီယာလီယွမ်နဲ့အတူ တွဲရိုက်ရမယ့် ဇာတ်လမ်းအတွက် ဇာတ်ညွှန်းမိတ်ဆက်ပွဲလုပ်တဲ့အခါ ရိပေါ်က ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်တာမို့ အားလုံးရဲ့ပစားပေးမှုကို ခံရပေမယ့် ရိပေါ်ကတော့ အတတ်နိုင်ဆုံး တန်းတူပဲဆက်ဆံတယ်။ သူ့အတွက် အဆင့်အတန်းဆိုတာ နာမည်ကျော်ကြားမှုနဲ့ လားလားမျှ မသက်ဆိုင်တာမို့။

ရိုက်ကူးရေးစတင်ပြီး နှစ်လကျော်ကြာတဲ့အထိ စီနီယာလီယွမ်ရဲ့ ဇာတ်ကွက်မပါသေးတာမို့ ဇာတ်ညွှန်းမိတ်ဆက်ပွဲနေ့ ပထမဆုံးတွေ့လိုက်ရတာကလွဲလို့ အခုအချိန်ထိတိုင် စီနီယာလီယွမ်နဲ့ မျက်နှာချင်းမဆိုင်ဖြစ်သေး။ အရင်အချိန်တွေလိုမဟုတ်ပါဘဲ စီနီယာလီယွမ်၊ စီနီယာချန်မင်းတို့နဲ့ ရင်းနှီးခဲ့ခြင်း မရှိတာမို့ ရိပေါ်အနေနဲ့ မျက်နှာပူစရာတစ်ခုတော့ လျော့သွားခဲ့ရတယ်။ မဟုတ်ရင် အရင်အချိန်တုန်းက စီနီယာလီယွမ်နဲ့ စီနီယာချန်မင်းအပေါ် ကျူးလွန်ခဲ့မိတဲ့အပြစ်တွေကို တွေးရင်း တနုံ့နုံ့ဖြစ်နေရမှာမို့။

ရိပေါ်ဘက်က အနုပညာအလုပ်တွေအပြင် ကုမ္ပဏီကိစ္စတွေနဲ့ပါ လုံးချာလိုက်နေခဲ့တဲ့ ဒီအတောအတွင်း အမိနိုင်ငံပြန်ရောက်နေပြီဖြစ်တဲ့ ရှောင်ကျန့်မှာတော့ အိမ်မှာအေးဆေးအနားယူနေတယ်ထင်ပါ့။ ရှောင်ကျန့်ပြန်လာပြီဆိုတဲ့သတင်းကလွဲ မည်သည့်သတင်းကမှ တက်မလာသလို အပြင်ထွက်တဲ့အရိပ်အယောင်လည်း မဖမ်းမိတာမို့။

ရိပေါ်မှာတော့ ရှောင်ကျန့်နဲ့ပတ်သတ်သမျှ လျစ်လျူရှုလိုက်ပြီလို့ တွေးထားပေမယ့် သူ့ကိုယ်သူမသိလိုက်ခင်မှာပဲ ရှောင်ကျန့်နဲ့ပတ်သတ်သမျှ လိုက်ရှာနေမိပြန်တယ်။ သတိဝင်လာတဲ့အချိန်တိုင်း သူ့ကိုယ်သူကျိန်ဆဲပြီး ဖုန်းကို အဝေးလွှင့်ပစ်ရတာ ခဏခဏ။ စိတ်တိုတာမျိုးတော့ မဟုတ်ပေမယ့် စိတ်ဖြတ်မယ်လို့ ဆုံးဖြတ်ထားပြီးကာမှ စိတ်မပြတ်နိုင်သေးတဲ့သူ့ကိုယ်သူ အားမရတာမို့။

တစ်ပတ်တစ်ခါ သွားသွားတွေ့နေကျ ယွီချန်ကောကတော့ အားပေးရှာတယ်။ ရိပေါ် ချစ်ရတဲ့သူက ဘယ်သူဆိုတာ မသိသေးတဲ့တိုင်အောင် ရိပေါ်ကိုတော့ 'အချိန်က ကုစားပေးသွားမှာပါ' ဆိုတဲ့စကားနဲ့ အမြဲတမ်းနှစ်သိမ့်ပေးလေ့ရှိတယ်။ ရိပေါ်ကလည်း ယွီချန်ကောကို ယုံကြည်စွာနဲ့ပဲ အတိတ်ကအကြောင်းအရာတွေကလွဲ အရာအားလုံးကို ရင်ဖွင့်မိတော့တယ်။

-------------------------------------

"မင်းသားကို ဇာတ်လမ်းတစ်ခုရိုက်ဖို့အတွက် ကမ်းလှမ်းထားပါတယ်။"

ရိပေါ်ထံ ဖိုင်ကိုလှမ်းပေးပြီး ချီတုံချတုံဟန်ဖြစ်နေတဲ့ မန်နေဂျာကြောင့် ရိပေါ် မျက်ခုံးပင့်မိတယ်။ သူ့မန်နေဂျာ အခုလောက်ထိပြောရခက်နေရလောက်အောင် ဇာတ်လမ်းက ဘာအကြောင်းအရာမို့လို့လဲ။ အတွေးနဲ့အတူ မျက်မှောင်ကြုတ်လို့ ဖိုင်ကိုဖွင့်ကြည့်မိတော့ မြင်လိုက်ရတဲ့ဇာတ်ကားကြောင့် သွေးပါဆောင့်တက်ချင်သွားတယ်။

ရိုက်ရမယ့်ဇာတ်လမ်းက အခြားမဟုတ်။ အခုတလော လူငယ်တွေကြား နာမည်ကြီးရေပန်းစားနေတဲ့ boys love ဝတ္ထုတစ်ပုဒ်ကို ပြန်ပြီး ဇာတ်လမ်းရိုက်ခြင်းသာ။ ရိပေါ်လည်း ဖိုင်မှာပါသမျှ စာရွက်စာတမ်းတွေအကုန် မွှေနှောက်ကြည့်ရှုပြီးတဲ့နောက် မန်နေဂျာကိုသာ လှမ်းမေးမိတော့တယ်။

"ဘာလို့ ဒီဇာတ်ကားအတွက် ကမ်းလှမ်းတာတဲ့လဲ။ ပြီးတော့ တွဲရိုက်မယ့်သူက ဘယ်သူလဲ။ ဒီထဲမှာ ဘယ်သူမှလည်း မပါဘူးမဟုတ်လား။"

မန်နေဂျာကတော့ ဖြေရခက်ဟန်နဲ့ ကြိုးစားပြီးဖြေရှာတယ်။ ရိပေါ်ဒေါသကို သူကြောက်တာမို့။

"စိတ် စိတ်လျှော့ပါမင်းသား။ ဒီမူရင်းဝတ္ထုက လူငယ်တွေကြား တအားရေပန်းစားနေပြီး ဇာတ်လမ်းအဖြစ်အသက်သွင်းစေချင်နေတဲ့ပရိတ်သတ်တွေက သူတို့သရုပ်ဆောင်စေချင်တဲ့သူနေရာမှာ ထောက်ခံထားကြတဲ့ မင်းသားတွက အများကြီးပဲ။ အဲ့ထဲမှာ မင်းသားဝမ်ရိပေါ်လည်း ပါပါတယ်။ ကျွန်တော်တို့ကလည်း မင်းသားဝမ်ရိပေါ်ဆို ဒီဇာတ်ကားရိုက်ဖို့ သဘောတူမှာမဟုတ်လောက်ဘူးဆိုပြီး ဖာသိဖာသာနေနေကြတာ။ အဲ့တော့ ဇာတ်လမ်းအတွက် ကမ်းလှမ်းသူတွေက အရင်ဆုံး တခြားတစ်ဖက်က မင်းသားကို သွားငှားပေမယ့် အဲ့မင်းသားပြောလိုက်တာက..."

"ဘာပြောလိုက်လို့လဲ။"

"ဟို သူပြောလိုက်တာက သူနဲ့တွဲသရုပ်ဆောင်မယ့်မင်းသားက မင်းသားရိပေါ်မှ မဟုတ်ရင် သူလက်မခံနိုင်ဘူးတဲ့။ မင်းသားရိပေါ်ဘက်က လက်ခံရင်တော့ သူလည်း လက်ခံပါမယ်တဲ့။"

မန်နေဂျာ့စကားအဆုံး ရိပေါ် မျက်ခုံးသာပင့်မိတော့တယ်။

"သူက ဘယ်သူမို့လို့လဲ။"

"သူလည်း ထိပ်တန်းမင်းသားတစ်ယောက်ပါပဲမင်းသား။ သူ့နာမည်ကိုတော့ ဖော်ပြထားခြင်း မရှိဘူး။ ကြည့်ရတာ မင်းသားဘက်က လက်ခံမှ သူလည်း သူ့နာမည်သူ ထုတ်ပြမယ်ထင်တယ်။"

ရိပေါ် စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းသာချမိတော့တယ်။ ဘယ်လိုတောင် ကျိုးကြောင်းမဆီလျော်မှုကြီးလဲ။

"စဉ်းစားဦးမယ်လို့ပဲပြောလိုက်ပါ။"

"ဟုတ်ကဲ့။ ကောင်းပါပြီ။ ဒါဆို ကျွန်တော့်ကို သွားခွင့်ပြုပါဦး။"

-------------------------------------

ရိုက်ကူးရေးအပြီး နားနေခန်းအတွင်း ခဏနားနေချိန် ဘေးကိုလာရပ်တဲ့ အရိပ်တစ်ခုနဲ့အတူ ကြားလိုက်ရတဲ့စကားသံကြောင့် ရိပေါ်တစ်ယောက် အလန့်တကြား မော့ကြည့်မိတယ်။

"လူသတ်ထားပြီးတာတောင် အေးဆေးနေနိုင်သေးတာပဲနော်။"

လက်ကိုနောက်အသာပစ်ထားပြီး ခေါင်းကိုအသာစောင်းလို့ မျက်မှောင်ကြုတ်ရင်း အပေါ်ကနေ ငုံ့မိုးကြည့်နေတဲ့ စီနီယာလီယွမ်။ ရိပေါ်လည်း ရုတ်တရပ်မို့ ကြောင်အပြီး ဘာစကားမှပြန်မပြောနိုင်တော့ဘဲ ပါးစပ်အဟောင်းသားနဲ့သာ ကြည့်နေမိတော့တယ်။

စီနီယာလီယွမ်မှာတော့ မျက်မှောင်ကြုတ်လျက်ကနေ အနည်းငယ်ပြုံးယောင်သမ်းလာပြီး သဘောကျသလို ရယ်လာတော့တယ်။

"စတာပါရိပေါ်။ အိမ်မှာ စိတ္တဇကားတစ်ကားကြည့်လာလို့ ဘယ်သူ့စရမှန်းမသိတာနဲ့၊ နောက်ပြီး ရိပေါ်နဲ့လည်း သိပ်မခင်သေးတာနဲ့ ရင်းရင်းနှီးနှီးဖြစ်အောင် အပျော်သဘောနဲ့ စလိုက်တာ။ ရိပေါ် စိတ်မဆိုးဘူးမလား။"

ထိုအခါမှ ရိပေါ်လည်း တုန်ယင်လာတဲ့စိတ်ကို အသာထိန်းပြီး ရယ်သွမ်းမိတော့တယ်။

"ဪ ရပါတယ်စီနီယာလီယွမ်။"

စီနီယာလီယွမ်ကတော့ ခေါင်းအသာညိတ်ပြလာပြီး ဘေးနားကခုံမှာ ဝင်ထိုင်ရင်း သူ့ဖုန်းသူ ထုတ်ကြည့်နေတာမို့ ရိပေါ်လည်း အသက်ကိုဖြည်းဖြည်းချင်းရှူရင်း စိတ်တည်ငြိမ်အောင်သာ လုပ်နေမိတော့တယ်။ ရိပေါ် အနေနဲ့ အခုပြန်ရလာတဲ့ဘဝမှာ ဘယ်သူ့ကိုမှမသတ်ခဲ့သလို ရှောင်ကျန့်သတ်တာကိုလည်း သူမမြင်ခဲ့ရတာမို့ စီနီယာလီယွမ်ပြောသလို စနောက်နေခြင်းသာဖြစ်ပါစေလို့ ဆုတောင်းမိတော့တယ်။

-------------------------------------

အမြဲတမ်း normal ကားတွေကိုသာ ရိုက်ဖြစ်လာခဲ့တဲ့ ရိပေါ် အတွေ့အကြုံအသစ်ရတာပေါ့လို့သာတွေးပြီး boys love ဇာတ်ကားရိုက်ဖို့ရာ သဘောတူလိုက်တယ်။ မန်နေဂျာကတော့ အံ့ဩပြီး မျက်လုံးတွေပါပြူးလို့။

ရိပေါ်လက်ခံလိုက်တဲ့သတင်းထွက်လာတာနဲ့အမျှ ပရိတ်သတ်တွေကြားမှာလည်း အုန်းအုန်းကျွက်ကျွက်ဖြစ်ကုန်ကြတယ်။ ရိပေါ်နဲ့တွဲရိုက်မယ့် မင်းသားကိုလည်း ခန့်မှန်းချက်တွေအမျိုးမျိုးပေးလာကြတယ်။ ရိပေါ်ဘက်ကလည်း တစ်ဖက်မင်းသား လက်ခံလိုက်ပြီဆိုတဲ့သတင်းကလွဲ ဘာသတင်းမှတက်မလာတာမို့ စိတ်ရှုပ်ရှုပ်နဲ့ သက်ပြင်းမောသာ ချမိတော့တယ်။ အခုပုံစံအရဆို တစ်ဖက်မင်းသားရဲ့ သတင်းပိတ်နိုင်စွမ်းက မသေးလှတာမို့ ရိပေါ်နဲ့အလုပ်တူတူတွဲလုပ်ဖို့ အဆင်ပြေပါ့မလား စဉ်းစားစရာပဲ။ ရိပေါ်အနေနဲ့လည်း ဖြစ်လာမယ့်အရာကြိုတွေးပြီး လက်မခံခဲ့ရင်အကောင်းသားလို့သာ တွေးနေမိတော့တယ်။

-------------------------------------

ဇာတ်ညွှန်းမိတ်ဆက်ပွဲ ကျင်းပတဲ့နေ့။ လူမစုံသေးတာမို့ နားနေခန်းထဲ ထွက်လာချိန် သူ့ကိုကျောပေးထိုင်နေတဲ့လူတစ်ယောက်။ ရိပေါ်နဲ့တွဲရိုက်ရမယ့် မင်းသားထင်ပါ့။ ရိပေါ်လည်း နောက်မှနှုတ်ဆက်လိုက်မယ်လို့ တွေးပြီး ပစ္စည်းတွေသာ နေရာချနေလိုက်တယ်။ ထိုအချိန် သူ့ဘက်ကိုလှည့်လာတဲ့ ထိုလူ။ ရိပေါ် လှည့်မကြည့်ရသေးခင်မှာပဲ ထွက်လာတဲ့အသံကြောင့် လက်ထဲကဖုန်းပါ လွတ်ကျတော့မတတ် လန့်ဖြန့်သွားရတော့တယ်။

"မင်းဘက်က လက်မခံလောက်ဘူးထင်ပြီး လွှဲချလိုက်ကာမှ တည့်တည့်ကြီးကို လက်ခံလိုက်တာပဲ ရိပေါ်။"

အသံလာရာ စိတ်အေးအေးထားပြီး လှည့်ကြည့်မိတော့ သူထင်တဲ့အတိုင်း အမှန်တကယ်ကိုပဲ ရှောင်ကျန့်က လက်ပိုက်ပြီး သူ့ကို ကြည့်နေခဲ့တာ။ ခဏအကြာမှာ ပြုံးပြလာတဲ့ရှောင်ကျန့်က တက္ကသိုလ်တက်တုန်းကရှောင်ကျန့်နဲ့ နည်းနည်းလေးမျှ မတူတော့။ အရင်ကသူသိခဲ့တဲ့ရှောင်ကျန့်နဲ့လည်း စိုးစဉ်းလေးတောင် မတူတော့ဘူး။ သာမန်ဝတ်စုံလေးဝတ်ထားတာတောင်မှ ကိုယ်ရောင်ကိုယ်ဝါတို့တောက်ပနေသည့်အလား။ ရှောင်ကျန့်ရဲ့ရုပ်ရည်ဟာ ယခင်က ရိုးရိုးအေးအေးနဲ့ ပေါ့ပေါ့ပါးပါးနေခဲ့တဲ့ရှောင်ကျန့်နဲ့ လားလားမျှ မသက်ဆိုင်တော့တဲ့လူတွေလို။ အမှန်တကယ်ကို နာမည်ကြီးထိပ်တန်းအနုပညာရှင်တစ်ယောက် ပီသပါပေတယ်လို့သာ ရိပေါ် ကောက်ချက်ချမိတော့တယ်။

"Long time no see ရိပေါ်။ ဘယ်လိုလဲ။ ငါချောလာတယ်မလား။"

"ရှောင်ကျန့်။ မင်းဘယ်လိုလုပ်ပြီး..."

"ဘယ်လိုလုပ်ပြီး ဒီဇာတ်ကားကို လက်ခံဖြစ်သွားတာလဲလို့ မေးမလို့လား။"

ရိပေါ် ခေါင်းညိတ်ပြလိုက်တော့ ရှောင်ကျန့်က ရယ်တယ်။

"ဟဟ။ ဘာသဘောရယ်မှ မဟုတ်ပါဘူးကွာ။ အစက လက်မခံဘူးဆုံးဖြတ်ထားတာ။ လာကမ်းလှမ်းတဲ့သူတွေက စိတ်ရှုပ်စရာကောင်းအောင် လာလုပ်နေတော့ ငါလည်း မင်းသာဆို လက်မခံလောက်ဘူးထင်ပြီး မင်းဘက်ကို လွှဲချလိုက်တာ။ မထင်ထားဘူးလေ မင်းက လက်ခံလိမ့်မယ်လို့။"

"အာ ငါက ဒီတိုင်း အတွေ့အကြုံသစ်ရအောင်ဆိုပြီး..."

"အာ မင်းအပြစ်မဟုတ်ပါဘူး။ ထားပါတော့။ ဘာပဲဖြစ်ဖြစ် အခုဇာတ်ကားအတူတွဲရိုက်ရတော့မှာပဲ။ အတူတူကြိုးစားကြတာပေါ့။"

"အင်း။"

"ဒီအတောအတွင်း အဆင်ပြေတယ်မလား။"

"အင်း။ ငါပြေပါတယ်။ မင်းရော။"

"ငါလည်း ပြေပါတယ်။ မင်းရဲ့သတင်းတွေလည်း ငါကြားတယ်။"

"အင်း။ ငါလည်း မင်းသတင်းတွေကြားပါတယ်။"

ရိပေါ်စကားအဆုံး ရှောင်ကျန့်လည်း အားရပါးရပြုံးပြလာတော့တယ်။

"မင်းက အရင်အကျင့်တွေ မပျောက်သေးဘူးနော်ရိပေါ်။ မေးတစ်ခွန်း၊ ဖြေတစ်ခွန်းပဲ။"

ရိပေါ်လည်း နှစ်နှစ်ခြိုက်ခြိုက်ကို ပြုံးလိုက်မိတော့တယ်။

"အင်း။"

#Monster

-----------------------------------------------------------------------

Season-2 ကို ရေးခိုင်းတုန်းက ရေးခိုင်းပြီးတော့ သာသာတစ်ယောက်တည်းတော့ ခေါင်းရှုပ်မခံနိုင်ဘူး😏😏😏။ ဒါဒါတို့ လည်ဖို့သာ ပြင်ထားကြတော့။ ဒီက သာသာကြီးက အကျင့်ယုတ်ပြီး လှည့်တော့မှာမို့ 😝😝😝။

Love you all my readers. 😘😘😘 ရဲ့ပြောင်းပြန်
မ love you 🙄🙄🙄...











🐺Zawgyi🐍

ၿမိဳ႕လယ္ေခါင္အတြင္း ရႈပ္ယွတ္ခတ္ေနတဲ့လမ္းမေတြေပၚ ကူးလူးသြားလာေနၾကတဲ့ ယာဥ္ေပါင္းမ်ားစြာ။ အထပ္ျမင့္ တိုက္အသီးသီးက ျပသလ်က္ရွိတဲ့ LED Board က ေၾကာ္ျငာအမ်ိဳးမ်ိဳး။ ျပသသမွ် ေၾကာ္ျငာအမ်ားစုမွာ ေနရာယူထားတာက ယခုလက္ရွိ တ႐ုတ္ျပည္ရဲ႕ ေရပန္းစား နာမည္ေက်ာ္ၾကားေနတဲ့ ဝမ္ရိေပၚ။ ရိေပၚကေတာ့ ထိုျမင္ကြင္းအားလုံးကို အထပ္ျမင့္တိုက္တစ္လုံးရဲ႕ မွန္ေတြသာကာရံထားတဲ့ နံရံတစ္ဖက္ကေန လက္ထဲကဝိုင္ခြက္ကို အသာလွည့္ရင္း ေငးေမာၾကည့္ေနေတာ့တယ္။

လက္ထဲကဝိုင္ကို အာစြတ္႐ုံ တစ္ငုံမွ်ေသာက္ၿပီးတဲ့ေနာက္ သက္ျပင္းအသာခ်မိၿပီး သိပ္မၾကာခင္မွာပဲ တံခါးေခါက္သံနဲ႔အတူ အသံျပဳလာတဲ့ ရိေပၚရဲ႕ မန္ေနဂ်ာ။

"မင္းသား။ ကြၽန္ေတာ္ဝင္ခဲ့လို႔ရမလား။"

"ဝင္ခဲ့ပါ။"

မန္ေနဂ်ာ ဝင္လာတာနဲ႔ ရိေပၚလည္း ခုံတန္းရွည္ရဲ႕ထိပ္မွာအသာဝင္ထိုင္ရင္း လက္ထဲကဝိုင္ခြက္ကို စားပြဲေပၚ တင္လိုက္တယ္။ မန္ေနဂ်ာျဖစ္သူကလည္း ေဘးခုံမွာဝင္ထိုင္ရင္း ရိေပၚထံ ဖိုင္တစ္ခုကမ္းေပးလာေလတယ္။

"မင္းသားနဲ႔ စာခ်ဳပ္ခ်ဳပ္ထားတဲ့ ကုမၸဏီက မင္းသားကို ဒီဇာတ္ကားေလး႐ိုက္ကူးဖို႔ရာအတြက္ ကမ္းလွမ္းလာတယ္။ မင္းသားအေနနဲ႔ ဘယ္လိုသေဘာရပါသလဲတဲ့။"

မန္ေနဂ်ာစကားအဆုံး ဖိုင္ကို ဖြင့္ေဖာက္ၾကည့္မိေတာ့ သူ႐ိုက္ရမယ့္ဇာတ္လမ္းက အျခားမဟုတ္။ တစ္ခ်ိန္တစ္ခါက စီနီယာလီယြမ္ျဖစ္သူနဲ႔ ႐ိုက္ခဲ့ရတဲ့ ဇာတ္ကား။ ရိေပၚလည္း သက္ျပင္းအသာခ်ရင္း ဖိုင္ကိုသာ စားပြဲေပၚ တင္လိုက္တယ္။ မန္ေနဂ်ာကေတာ့ သူ႔တာဝန္အတိုင္း ေျပာစရာရွိတာ ဆက္ေျပာလာတယ္။

"မင္းသားနဲ႔အတူတြဲ႐ိုက္မယ့္ လီယြမ္ဆိုတာကလည္း သ႐ုပ္ေဆာင္ဘက္မွာ နာမည္တစ္ခုရထားသူပါ။ မင္းသားနဲ႔တြဲ႐ိုက္မယ့္ မင္းသမီးကလည္း နာမည္ပ်က္လုံးဝမရွိတဲ့အျပင္ ဇာတ္လမ္းရဲ႕ မူရင္းဝတၳဳကလည္း ပရိတ္သတ္ေတြၾကား ေရပန္းစားၿပီးသားဇာတ္လမ္းျဖစ္လို႔ မင္းသားအေနနဲ႔ ႐ိုက္ကူးဖို႔ရာ အဆင္ေျပမယ့္ ဇာတ္လမ္းေကာင္းတစ္ပုဒ္ပါပဲ။"

မန္ေနဂ်ာ့စကားအဆုံး ရိေပၚလည္း ေခါင္းအသာညိတ္လိုက္ၿပီး

"ေကာင္းၿပီ။ လက္ခံတယ္လို႔ေျပာလိုက္ပါ။"

"ဟုတ္ကဲ့။ ေနာက္ၿပီး ဒါက ဒီေန႔မင္းသားရဲ႕ အခ်ိန္စာရင္းပါ။ ေန႔လည္ႏွစ္နာရီကစၿပီး ပြဲသုံးခုဆက္တိုက္တက္ရပါမယ္။ ပြဲတစ္ခုကို ႏွစ္နာရီႏႈန္းနဲ႔ ညရွစ္နာရီအၿပီးတက္ႏိုင္ေအာင္ ကြၽန္ေတာ္စီစဥ္ေပးထားပါတယ္။ မင္းသား ဒီအေတာအတြင္း တက္ရတယ့္ပြဲေတြဆက္သြားတာမို႔ နားခ်ိန္မ်ားမ်ားရေအာင္လို႔ပါ။"

အလိုက္သိလြန္းတဲ့ မန္ေနဂ်ာေၾကာင့္ ရိေပၚလည္း ေက်းဇူးတင္စြာနဲ႔ပဲ အသာၿပဳံးမိတယ္။ သို႔ေပမယ့္ ေခါင္းထဲ တစ္ဆက္တည္း ဝင္လာတဲ့အေတြးေၾကာင့္ ရယ္လည္းရယ္မိပါရဲ႕။ မည္မွ်ပင္ နားခ်ိန္ရတယ္ဆိုဆို ရိေပၚကို ကုမၸဏီနဲ႔သက္ဆိုင္တဲ့ အလုပ္ေတြက ဆီးႀကိဳေနတယ္မဟုတ္ပါေလာ။

ရိေပၚလည္း သက္ျပင္းအသာခ်လိုက္ၿပီး မန္ေနဂ်ာကို ေက်းဇူးတင္စကားသာ ဆိုမိေတာ့တယ္။

"ေက်းဇူးပါပဲ။"

"ရပါတယ္မင္းသား။ ဒါဆို ကြၽန္ေတာ့္ကို သြားခြင့္ျပဳပါဦး။"

ရိေပၚေခါင္းညိတ္ျပလိုက္တာနဲ႔ ေနရာကေနထထြက္သြားတဲ့ မန္ေနဂ်ာမွာ ယခုမွ တစ္စုံတစ္ခုကို သတိရလာသလို ရိေပၚဘက္ကို လွည့္ၾကည့္လာတယ္။

"ဪ ဟုတ္သားပဲ။ မင္းသားကို ေျပာဖို႔ေမ့ေနတယ္။ ဒီေန႔ ႏိုင္ငံျခားကေန ေရွာန္းေရွာင္ဆိုတဲ့မင္းသား ျပန္လာၿပီတဲ့ေနာ္။ လိုင္းေပၚမွာ သူျပန္လာတဲ့အေၾကာင္းေတြက ရွာေဖြမႈအမ်ားဆုံးနဲ႔ နံပါတ္တစ္ခ်ိတ္ေနတယ္။ သူ႔ပရိတ္သတ္ေတြဆို ေလယာဥ္ကြင္းအျပည့္ပဲမို႔ အခုထိ ေလဆိပ္က ထြက္လို႔မရေသးဘူးတဲ့။ ၾကည့္ရတာ အခုအခ်ိန္ထိ မရေသးဘူးထင္တယ္။"

မန္ေနဂ်ာ့စကားအဆုံး ရိေပၚလည္း ဖုန္းကိုအျမန္ယူလို႔ အင္တာနက္ဖြင့္ၾကည့္မိပါရဲ႕။ မန္ေနဂ်ာေျပာတဲ့အတိုင္း ေရွာန္းေရွာင္တစ္ျဖစ္လည္း ေရွာင္က်န႔္ဟာ ေလဆိပ္မွာတင္ ပိတ္မိေနၿပီး လက္လွမ္းမီသမွ် ပရိတ္သတ္ေတြကို လက္မွတ္ထိုးေပးေနရတယ္။ ေဘးမွာရွိတဲ့ သက္ေတာ္ေစာင့္ေတြမွာေတာ့ ေရွာင္က်န႔္ကို အကာအကြယ္ေပးရင္း ေလဆိပ္ကေန ထြက္ႏိုင္ဖို႔ရာ ႀကိဳးစားေနၾကေတာ့တယ္။

"မင္းျပန္လာၿပီေပါ့။"

ရိေပၚ သူတစ္ကိုယ္တည္းၾကား႐ုံမွ် တီးတိုးေရ႐ြတ္မိပါရဲ႕။ မန္ေနဂ်ာမွာေတာ့ ဖုန္းကိုစိတ္ဝင္တစားၾကည့္ေနတဲ့ ရိေပၚကိုအထင္လြဲၿပီး သတိေပးစကားေတြေျပာလာတာမို႔ ရိေပၚလည္း ေခါင္းရမ္းၿပီးသာ ရယ္မိေတာ့တယ္။

"မင္းသား စိတ္မပူပါနဲ႔။ မင္းသားက အခုအခ်ိန္မွာ ဒီႏိုင္ငံရဲ႕ နာမည္ႀကီးမင္းသားတစ္လက္ျဖစ္ေနပါၿပီ။ သူက ႏိုင္ငံျခားမွာ နာမည္ႀကီးလာခဲ့ၿပီး အခုမွ ဒီႏိုင္ငံကိုျပန္လာတာဆိုေတာ့ မင္းသားေနရာေပ်ာက္မွာ စိတ္ပူစရာမလိုပါဘူး။ ဒါေပမယ့္ မင္းသား။ သူက တစ္ခ်ိန္ခ်ိန္မွာ မင္းသားရဲ႕ၿပိဳင္ဘက္ျဖစ္လာႏိုင္တာမို႔ မင္းသားဘက္က ဒီ့ထက္ပိုၿပီး ႀကိဳးစားမွရေတာ့မယ္။"

ရိေပၚ မန္ေနဂ်ာကို ေခါင္းညိတ္ျပ႐ုံသာ တတ္ႏိုင္ေတာ့တယ္။ ေရွာင္က်န႔္နဲ႔ သူနဲ႔ ၾကားကကိစၥကို မန္ေနဂ်ာအပါအဝင္ ဘယ္သူမွ မသိတာမို႔။

-------------------------------------

ေရွာင္က်န႔္ ျပန္ေရာက္လာၿပီး အခ်ိန္ေတာ္ေတာ္ၾကာတဲ့အထိ ေရွာင္က်န႔္ဘက္က က်န္းခ်န္၊ ယြီပင္းတို႔အပါအဝင္ သူ႔ကိုပါဆက္သြယ္လာျခင္း မရွိခဲ့သလို ရိေပၚဘက္ကလည္း စၿပီးမဆက္သြယ္မိခဲ့ဘူး။ ေရွာင္က်န႔္နဲ႔ပတ္သတ္သမွ် အရာအားလုံး လႊတ္ခ်လိုက္ေတာ့မယ္လို႔ ဆုံးျဖတ္ၿပီးေနာက္ပိုင္း မည္သည့္ေျခလွမ္းကိုမွ မလွမ္းျဖစ္ေတာ့သလို လွမ္းဖို႔လည္း စိတ္ကူးမရွိေတာ့။ သူ႔ဘက္က ခ်စ္ခဲ့ဖူးသေလာက္ ေရွာင္က်န႔္ဘက္က သူ႔ကို စိုးစဥ္းေလးေတာင္ မခ်စ္ခဲ့တာမို႔။ ေနာက္ၿပီး ခ်စ္ရသူကိုယ္တိုင္က ျဖစ္ပ်က္ခဲ့သမွ် ကံၾကမၼာကို သူ႔ေရွ႕တင္ ေျပာင္းလဲဖို႔ရာ ႀကိဳးစားေနတာမို႔ ေရွာင္က်န႔္အေနနဲ႔ လူထပ္သတ္ေတာ့မွာ မဟုတ္ေလာက္ဘူးလို႔ ယုံၾကည္မိတာလည္း ပါေလရဲ႕။ ဘာေတြပဲျဖစ္လာျဖစ္လာ ရိေပၚအေနနဲ႔ ေရွာင္က်န႔္မပါဘဲ ဘဝကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနထိုင္သြားဖို႔ကိုပဲ စဥ္းစားမိေတာ့တယ္။ သူ႔ဘက္ကမွ မစရင္ ဘယ္ေတာ့မွ မဆုံႏိုင္တဲ့ေရစက္မို႔။

စီနီယာလီယြမ္နဲ႔အတူ တြဲ႐ိုက္ရမယ့္ ဇာတ္လမ္းအတြက္ ဇာတ္ၫႊန္းမိတ္ဆက္ပြဲလုပ္တဲ့အခါ ရိေပၚက ထိပ္တန္းမင္းသားတစ္ေယာက္ျဖစ္တာမို႔ အားလုံးရဲ႕ပစားေပးမႈကို ခံရေပမယ့္ ရိေပၚကေတာ့ အတတ္ႏိုင္ဆုံး တန္းတူပဲဆက္ဆံတယ္။ သူ႔အတြက္ အဆင့္အတန္းဆိုတာ နာမည္ေက်ာ္ၾကားမႈနဲ႔ လားလားမွ် မသက္ဆိုင္တာမို႔။

႐ိုက္ကူးေရးစတင္ၿပီး ႏွစ္လေက်ာ္ၾကာတဲ့အထိ စီနီယာလီယြမ္ရဲ႕ ဇာတ္ကြက္မပါေသးတာမို႔ ဇာတ္ၫႊန္းမိတ္ဆက္ပြဲေန႔ ပထမဆုံးေတြ႕လိုက္ရတာကလြဲလို႔ အခုအခ်ိန္ထိတိုင္ စီနီယာလီယြမ္နဲ႔ မ်က္ႏွာခ်င္းမဆိုင္ျဖစ္ေသး။ အရင္အခ်ိန္ေတြလိုမဟုတ္ပါဘဲ စီနီယာလီယြမ္၊ စီနီယာခ်န္မင္းတို႔နဲ႔ ရင္းႏွီးခဲ့ျခင္း မရွိတာမို႔ ရိေပၚအေနနဲ႔ မ်က္ႏွာပူစရာတစ္ခုေတာ့ ေလ်ာ့သြားခဲ့ရတယ္။ မဟုတ္ရင္ အရင္အခ်ိန္တုန္းက စီနီယာလီယြမ္နဲ႔ စီနီယာခ်န္မင္းအေပၚ က်ဴးလြန္ခဲ့မိတဲ့အျပစ္ေတြကို ေတြးရင္း တႏုံ႔ႏုံ႔ျဖစ္ေနရမွာမို႔။

ရိေပၚဘက္က အႏုပညာအလုပ္ေတြအျပင္ ကုမၸဏီကိစၥေတြနဲ႔ပါ လုံးခ်ာလိုက္ေနခဲ့တဲ့ ဒီအေတာအတြင္း အမိႏိုင္ငံျပန္ေရာက္ေနၿပီျဖစ္တဲ့ ေရွာင္က်န႔္မွာေတာ့ အိမ္မွာေအးေဆးအနားယူေနတယ္ထင္ပါ့။ ေရွာင္က်န႔္ျပန္လာၿပီဆိုတဲ့သတင္းကလြဲ မည္သည့္သတင္းကမွ တက္မလာသလို အျပင္ထြက္တဲ့အရိပ္အေယာင္လည္း မဖမ္းမိတာမို႔။

ရိေပၚမွာေတာ့ ေရွာင္က်န႔္နဲ႔ပတ္သတ္သမွ် လ်စ္လ်ဴရႈလိုက္ၿပီလို႔ ေတြးထားေပမယ့္ သူ႔ကိုယ္သူမသိလိုက္ခင္မွာပဲ ေရွာင္က်န႔္နဲ႔ပတ္သတ္သမွ် လိုက္ရွာေနမိျပန္တယ္။ သတိဝင္လာတဲ့အခ်ိန္တိုင္း သူ႔ကိုယ္သူက်ိန္ဆဲၿပီး ဖုန္းကို အေဝးလႊင့္ပစ္ရတာ ခဏခဏ။ စိတ္တိုတာမ်ိဳးေတာ့ မဟုတ္ေပမယ့္ စိတ္ျဖတ္မယ္လို႔ ဆုံးျဖတ္ထားၿပီးကာမွ စိတ္မျပတ္ႏိုင္ေသးတဲ့သူ႔ကိုယ္သူ အားမရတာမို႔။

တစ္ပတ္တစ္ခါ သြားသြားေတြ႕ေနက် ယြီခ်န္ေကာကေတာ့ အားေပးရွာတယ္။ ရိေပၚ ခ်စ္ရတဲ့သူက ဘယ္သူဆိုတာ မသိေသးတဲ့တိုင္ေအာင္ ရိေပၚကိုေတာ့ 'အခ်ိန္က ကုစားေပးသြားမွာပါ' ဆိုတဲ့စကားနဲ႔ အၿမဲတမ္းႏွစ္သိမ့္ေပးေလ့ရွိတယ္။ ရိေပၚကလည္း ယြီခ်န္ေကာကို ယုံၾကည္စြာနဲ႔ပဲ အတိတ္ကအေၾကာင္းအရာေတြကလြဲ အရာအားလုံးကို ရင္ဖြင့္မိေတာ့တယ္။

-------------------------------------

"မင္းသားကို ဇာတ္လမ္းတစ္ခု႐ိုက္ဖို႔အတြက္ ကမ္းလွမ္းထားပါတယ္။"

ရိေပၚထံ ဖိုင္ကိုလွမ္းေပးၿပီး ခ်ီတုံခ်တုံဟန္ျဖစ္ေနတဲ့ မန္ေနဂ်ာေၾကာင့္ ရိေပၚ မ်က္ခုံးပင့္မိတယ္။ သူ႔မန္ေနဂ်ာ အခုေလာက္ထိေျပာရခက္ေနရေလာက္ေအာင္ ဇာတ္လမ္းက ဘာအေၾကာင္းအရာမို႔လို႔လဲ။ အေတြးနဲ႔အတူ မ်က္ေမွာင္ၾကဳတ္လို႔ ဖိုင္ကိုဖြင့္ၾကည့္မိေတာ့ ျမင္လိုက္ရတဲ့ဇာတ္ကားေၾကာင့္ ေသြးပါေဆာင့္တက္ခ်င္သြားတယ္။

႐ိုက္ရမယ့္ဇာတ္လမ္းက အျခားမဟုတ္။ အခုတေလာ လူငယ္ေတြၾကား နာမည္ႀကီးေရပန္းစားေနတဲ့ boys love ဝတၳဳတစ္ပုဒ္ကို ျပန္ၿပီး ဇာတ္လမ္း႐ိုက္ျခင္းသာ။ ရိေပၚလည္း ဖိုင္မွာပါသမွ် စာ႐ြက္စာတမ္းေတြအကုန္ ေမႊေႏွာက္ၾကည့္ရႈၿပီးတဲ့ေနာက္ မန္ေနဂ်ာကိုသာ လွမ္းေမးမိေတာ့တယ္။

"ဘာလို႔ ဒီဇာတ္ကားအတြက္ ကမ္းလွမ္းတာတဲ့လဲ။ ၿပီးေတာ့ တြဲ႐ိုက္မယ့္သူက ဘယ္သူလဲ။ ဒီထဲမွာ ဘယ္သူမွလည္း မပါဘူးမဟုတ္လား။"

မန္ေနဂ်ာကေတာ့ ေျဖရခက္ဟန္နဲ႔ ႀကိဳးစားၿပီးေျဖရွာတယ္။ ရိေပၚေဒါသကို သူေၾကာက္တာမို႔။

"စိတ္ စိတ္ေလွ်ာ့ပါမင္းသား။ ဒီမူရင္းဝတၳဳက လူငယ္ေတြၾကား တအားေရပန္းစားေနၿပီး ဇာတ္လမ္းအျဖစ္အသက္သြင္းေစခ်င္ေနတဲ့ပရိတ္သတ္ေတြက သူတို႔သ႐ုပ္ေဆာင္ေစခ်င္တဲ့သူေနရာမွာ ေထာက္ခံထားၾကတဲ့ မင္းသားတြက အမ်ားႀကီးပဲ။ အဲ့ထဲမွာ မင္းသားဝမ္ရိေပၚလည္း ပါပါတယ္။ ကြၽန္ေတာ္တို႔ကလည္း မင္းသားဝမ္ရိေပၚဆို ဒီဇာတ္ကား႐ိုက္ဖို႔ သေဘာတူမွာမဟုတ္ေလာက္ဘူးဆိုၿပီး ဖာသိဖာသာေနေနၾကတာ။ အဲ့ေတာ့ ဇာတ္လမ္းအတြက္ ကမ္းလွမ္းသူေတြက အရင္ဆုံး တျခားတစ္ဖက္က မင္းသားကို သြားငွားေပမယ့္ အဲ့မင္းသားေျပာလိုက္တာက..."

"ဘာေျပာလိုက္လို႔လဲ။"

"ဟို သူေျပာလိုက္တာက သူနဲ႔တြဲသ႐ုပ္ေဆာင္မယ့္မင္းသားက မင္းသားရိေပၚမွ မဟုတ္ရင္ သူလက္မခံႏိုင္ဘူးတဲ့။ မင္းသားရိေပၚဘက္က လက္ခံရင္ေတာ့ သူလည္း လက္ခံပါမယ္တဲ့။"

မန္ေနဂ်ာ့စကားအဆုံး ရိေပၚ မ်က္ခုံးသာပင့္မိေတာ့တယ္။

"သူက ဘယ္သူမို႔လို႔လဲ။"

"သူလည္း ထိပ္တန္းမင္းသားတစ္ေယာက္ပါပဲမင္းသား။ သူ႔နာမည္ကိုေတာ့ ေဖာ္ျပထားျခင္း မရွိဘူး။ ၾကည့္ရတာ မင္းသားဘက္က လက္ခံမွ သူလည္း သူ႔နာမည္သူ ထုတ္ျပမယ္ထင္တယ္။"

ရိေပၚ စိတ္ပ်က္လက္ပ်က္နဲ႔ သက္ျပင္းသာခ်မိေတာ့တယ္။ ဘယ္လိုေတာင္ က်ိဳးေၾကာင္းမဆီေလ်ာ္မႈႀကီးလဲ။

"စဥ္းစားဦးမယ္လို႔ပဲေျပာလိုက္ပါ။"

"ဟုတ္ကဲ့။ ေကာင္းပါၿပီ။ ဒါဆို ကြၽန္ေတာ့္ကို သြားခြင့္ျပဳပါဦး။"

-------------------------------------

႐ိုက္ကူးေရးအၿပီး နားေနခန္းအတြင္း ခဏနားေနခ်ိန္ ေဘးကိုလာရပ္တဲ့ အရိပ္တစ္ခုနဲ႔အတူ ၾကားလိုက္ရတဲ့စကားသံေၾကာင့္ ရိေပၚတစ္ေယာက္ အလန႔္တၾကား ေမာ့ၾကည့္မိတယ္။

"လူသတ္ထားၿပီးတာေတာင္ ေအးေဆးေနႏိုင္ေသးတာပဲေနာ္။"

လက္ကိုေနာက္အသာပစ္ထားၿပီး ေခါင္းကိုအသာေစာင္းလို႔ မ်က္ေမွာင္ၾကဳတ္ရင္း အေပၚကေန ငုံ႔မိုးၾကည့္ေနတဲ့ စီနီယာလီယြမ္။ ရိေပၚလည္း ႐ုတ္တရပ္မို႔ ေၾကာင္အၿပီး ဘာစကားမွျပန္မေျပာႏိုင္ေတာ့ဘဲ ပါးစပ္အေဟာင္းသားနဲ႔သာ ၾကည့္ေနမိေတာ့တယ္။

စီနီယာလီယြမ္မွာေတာ့ မ်က္ေမွာင္ၾကဳတ္လ်က္ကေန အနည္းငယ္ၿပဳံးေယာင္သမ္းလာၿပီး သေဘာက်သလို ရယ္လာေတာ့တယ္။

"စတာပါရိေပၚ။ အိမ္မွာ စိတၱဇကားတစ္ကားၾကည့္လာလို႔ ဘယ္သူ႔စရမွန္းမသိတာနဲ႔၊ ေနာက္ၿပီး ရိေပၚနဲ႔လည္း သိပ္မခင္ေသးတာနဲ႔ ရင္းရင္းႏွီးႏွီးျဖစ္ေအာင္ အေပ်ာ္သေဘာနဲ႔ စလိုက္တာ။ ရိေပၚ စိတ္မဆိုးဘူးမလား။"

ထိုအခါမွ ရိေပၚလည္း တုန္ယင္လာတဲ့စိတ္ကို အသာထိန္းၿပီး ရယ္သြမ္းမိေတာ့တယ္။

"ဪ ရပါတယ္စီနီယာလီယြမ္။"

စီနီယာလီယြမ္ကေတာ့ ေခါင္းအသာညိတ္ျပလာၿပီး ေဘးနားကခုံမွာ ဝင္ထိုင္ရင္း သူ႔ဖုန္းသူ ထုတ္ၾကည့္ေနတာမို႔ ရိေပၚလည္း အသက္ကိုျဖည္းျဖည္းခ်င္းရွဴရင္း စိတ္တည္ၿငိမ္ေအာင္သာ လုပ္ေနမိေတာ့တယ္။ ရိေပၚ အေနနဲ႔ အခုျပန္ရလာတဲ့ဘဝမွာ ဘယ္သူ႔ကိုမွမသတ္ခဲ့သလို ေရွာင္က်န႔္သတ္တာကိုလည္း သူမျမင္ခဲ့ရတာမို႔ စီနီယာလီယြမ္ေျပာသလို စေနာက္ေနျခင္းသာျဖစ္ပါေစလို႔ ဆုေတာင္းမိေတာ့တယ္။

-------------------------------------

အၿမဲတမ္း normal ကားေတြကိုသာ ႐ိုက္ျဖစ္လာခဲ့တဲ့ ရိေပၚ အေတြ႕အႀကဳံအသစ္ရတာေပါ့လို႔သာေတြးၿပီး boys love ဇာတ္ကား႐ိုက္ဖို႔ရာ သေဘာတူလိုက္တယ္။ မန္ေနဂ်ာကေတာ့ အံ့ဩၿပီး မ်က္လုံးေတြပါျပဴးလို႔။

ရိေပၚလက္ခံလိုက္တဲ့သတင္းထြက္လာတာနဲ႔အမွ် ပရိတ္သတ္ေတြၾကားမွာလည္း အုန္းအုန္းကြၽက္ကြၽက္ျဖစ္ကုန္ၾကတယ္။ ရိေပၚနဲ႔တြဲ႐ိုက္မယ့္ မင္းသားကိုလည္း ခန႔္မွန္းခ်က္ေတြအမ်ိဳးမ်ိဳးေပးလာၾကတယ္။ ရိေပၚဘက္ကလည္း တစ္ဖက္မင္းသား လက္ခံလိုက္ၿပီဆိုတဲ့သတင္းကလြဲ ဘာသတင္းမွတက္မလာတာမို႔ စိတ္ရႈပ္ရႈပ္နဲ႔ သက္ျပင္းေမာသာ ခ်မိေတာ့တယ္။ အခုပုံစံအရဆို တစ္ဖက္မင္းသားရဲ႕ သတင္းပိတ္ႏိုင္စြမ္းက မေသးလွတာမို႔ ရိေပၚနဲ႔အလုပ္တူတူတြဲလုပ္ဖို႔ အဆင္ေျပပါ့မလား စဥ္းစားစရာပဲ။ ရိေပၚအေနနဲ႔လည္း ျဖစ္လာမယ့္အရာႀကိဳေတြးၿပီး လက္မခံခဲ့ရင္အေကာင္းသားလို႔သာ ေတြးေနမိေတာ့တယ္။

-------------------------------------

ဇာတ္ၫႊန္းမိတ္ဆက္ပြဲ က်င္းပတဲ့ေန႔။ လူမစုံေသးတာမို႔ နားေနခန္းထဲ ထြက္လာခ်ိန္ သူ႔ကိုေက်ာေပးထိုင္ေနတဲ့လူတစ္ေယာက္။ ရိေပၚနဲ႔တြဲ႐ိုက္ရမယ့္ မင္းသားထင္ပါ့။ ရိေပၚလည္း ေနာက္မွႏႈတ္ဆက္လိုက္မယ္လို႔ ေတြးၿပီး ပစၥည္းေတြသာ ေနရာခ်ေနလိုက္တယ္။ ထိုအခ်ိန္ သူ႔ဘက္ကိုလွည့္လာတဲ့ ထိုလူ။ ရိေပၚ လွည့္မၾကည့္ရေသးခင္မွာပဲ ထြက္လာတဲ့အသံေၾကာင့္ လက္ထဲကဖုန္းပါ လြတ္က်ေတာ့မတတ္ လန႔္ျဖန႔္သြားရေတာ့တယ္။

"မင္းဘက္က လက္မခံေလာက္ဘူးထင္ၿပီး လႊဲခ်လိုက္ကာမွ တည့္တည့္ႀကီးကို လက္ခံလိုက္တာပဲ ရိေပၚ။"

အသံလာရာ စိတ္ေအးေအးထားၿပီး လွည့္ၾကည့္မိေတာ့ သူထင္တဲ့အတိုင္း အမွန္တကယ္ကိုပဲ ေရွာင္က်န႔္က လက္ပိုက္ၿပီး သူ႔ကို ၾကည့္ေနခဲ့တာ။ ခဏအၾကာမွာ ၿပဳံးျပလာတဲ့ေရွာင္က်န႔္က တကၠသိုလ္တက္တုန္းကေရွာင္က်န႔္နဲ႔ နည္းနည္းေလးမွ် မတူေတာ့။ အရင္ကသူသိခဲ့တဲ့ေရွာင္က်န႔္နဲ႔လည္း စိုးစဥ္းေလးေတာင္ မတူေတာ့ဘူး။ သာမန္ဝတ္စုံေလးဝတ္ထားတာေတာင္မွ ကိုယ္ေရာင္ကိုယ္ဝါတို႔ေတာက္ပေနသည့္အလား။ ေရွာင္က်န႔္ရဲ႕႐ုပ္ရည္ဟာ ယခင္က ႐ိုး႐ိုးေအးေအးနဲ႔ ေပါ့ေပါ့ပါးပါးေနခဲ့တဲ့ေရွာင္က်န႔္နဲ႔ လားလားမွ် မသက္ဆိုင္ေတာ့တဲ့လူေတြလို။ အမွန္တကယ္ကို နာမည္ႀကီးထိပ္တန္းအႏုပညာရွင္တစ္ေယာက္ ပီသပါေပတယ္လို႔သာ ရိေပၚ ေကာက္ခ်က္ခ်မိေတာ့တယ္။

"Long time no see ရိေပၚ။ ဘယ္လိုလဲ။ ငါေခ်ာလာတယ္မလား။"

"ေရွာင္က်န႔္။ မင္းဘယ္လိုလုပ္ၿပီး..."

"ဘယ္လိုလုပ္ၿပီး ဒီဇာတ္ကားကို လက္ခံျဖစ္သြားတာလဲလို႔ ေမးမလို႔လား။"

ရိေပၚ ေခါင္းညိတ္ျပလိုက္ေတာ့ ေရွာင္က်န႔္က ရယ္တယ္။

"ဟဟ။ ဘာသေဘာရယ္မွ မဟုတ္ပါဘူးကြာ။ အစက လက္မခံဘူးဆုံးျဖတ္ထားတာ။ လာကမ္းလွမ္းတဲ့သူေတြက စိတ္ရႈပ္စရာေကာင္းေအာင္ လာလုပ္ေနေတာ့ ငါလည္း မင္းသာဆို လက္မခံေလာက္ဘူးထင္ၿပီး မင္းဘက္ကို လႊဲခ်လိုက္တာ။ မထင္ထားဘူးေလ မင္းက လက္ခံလိမ့္မယ္လို႔။"

"အာ ငါက ဒီတိုင္း အေတြ႕အႀကဳံသစ္ရေအာင္ဆိုၿပီး..."

"အာ မင္းအျပစ္မဟုတ္ပါဘူး။ ထားပါေတာ့။ ဘာပဲျဖစ္ျဖစ္ အခုဇာတ္ကားအတူတြဲ႐ိုက္ရေတာ့မွာပဲ။ အတူတူႀကိဳးစားၾကတာေပါ့။"

"အင္း။"

"ဒီအေတာအတြင္း အဆင္ေျပတယ္မလား။"

"အင္း။ ငါေျပပါတယ္။ မင္းေရာ။"

"ငါလည္း ေျပပါတယ္။ မင္းရဲ႕သတင္းေတြလည္း ငါၾကားတယ္။"

"အင္း။ ငါလည္း မင္းသတင္းေတြၾကားပါတယ္။"

ရိေပၚစကားအဆုံး ေရွာင္က်န႔္လည္း အားရပါးရၿပဳံးျပလာေတာ့တယ္။

"မင္းက အရင္အက်င့္ေတြ မေပ်ာက္ေသးဘူးေနာ္ရိေပၚ။ ေမးတစ္ခြန္း၊ ေျဖတစ္ခြန္းပဲ။"

ရိေပၚလည္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ကို ၿပဳံးလိုက္မိေတာ့တယ္။

"အင္း။"

#Monster

-----------------------------------------------------------------------

Season-2 ကို ေရးခိုင္းတုန္းက ေရးခိုင္းၿပီးေတာ့ သာသာတစ္ေယာက္တည္းေတာ့ ေခါင္းရႈပ္မခံႏိုင္ဘူး😏😏😏။ ဒါဒါတို႔ လည္ဖို႔သာ ျပင္ထားၾကေတာ့။ ဒီက သာသာႀကီးက အက်င့္ယုတ္ၿပီး လွည့္ေတာ့မွာမို႔ 😝😝😝။

Love you all my readers. 😘😘😘 ရဲ႕ေျပာင္းျပန္
မ love you 🙄🙄🙄...










Continue Reading

You'll Also Like

146K 26.7K 102
English Name After the little crybaby enters the nightmare cycle Author(s) 菊长大人 Status in COO 127 chapters Associated Names Sau Khi Túi Khóc Nhỏ Tiế...
10.8K 1.9K 57
☠️ කොහොමද මිස්ටර් හන්..? මාව මතක ඇති කියලා හිතෙනවා. මොකද මගෙ මූන ඔයාට අමතක වෙන්න විදියක් නෑ. එහෙම නේද ? 🧔 ආ... ජො..ජෝකර්. මම උබව මැර...
36.8K 4.9K 29
باس لە ژیانی کچێکی بچوک ئەکات کە لەبەر ھەژاری و نەداری بێ دایک و باوک وازی لەمەکتەب ھێناوە دەستی بەکار کردوە لە کۆمپانیەیەکی بەناوبانگ و بەھێز بەڵام...
60.1K 11.3K 59
Original Author - 望三山 Original Publisher - jjwxc Chapter - 224 Chapters and 13 extras Genre - Yaoi Horror Supernatural Romance Drama This story is n...