๐™ƒ๐™ž๐™จ ๐™ฃ๐™–๐™ข๐™š ๐™ž๐™จ ๐™…๐™š๐™ค๐™ฃ...
By Iris_Choi
362K 33.6K 2.4K
- Can't help falling in love with you - This is the story of love between us. Jeon's Tae๐Ÿฏ๐Ÿฐ Start - 28/4/20... More
Prologue
(( 1 ))
(( 2 ))
(( 3 ))
(( 4 ))
(( 5 ))
(( 6 ))
(( 7 ))
(( 8 ))
(( 9 ))
(( 10 ))
(( 11 ))
(( 12 ))
(( 13 ))
(( 14 ))
(( 15 ))
(( 16 ))
(( 17 ))
(( 18 ))
(( 19 ))
(( 20 ))
(( 21 ))
(( 22 ))
Extra๐Ÿ’œ
Yeonbin ??
(( 23 )) - Final
16.7K 1.2K 120
By Iris_Choi
Unicode
Jungkookနှင့်Taehyungတွဲလာတာ ဘာလိုလိုနှင့်နှစ်နှစ်နီးပါးပင်ရှိတော့မည်ဖြစ်သည်။ Taehyungရဲ့ကုမ္ပဏီစာချုပ် သက်တမ်းမပြည့်သေးသည်မလို့တရားဝင်ချမတွဲရုံတမယ် Jungkookနဲ့Taehyung ဟာ မီဒီယာတွေပင်မနိုင်အောင်လက်လွှတ်ထားရသည့်အတွဲဖြစ်သည်။
သူတို့နှစ်ယောက်အပြင်မှာDateသည့်အခါတွေဆို Jungkookကလျို့လျို့ဝှက်ဝှက်နေမနေ။ Taehyungနှင့်ပေါ်တင်တွေ့ကာ သွားလာသည်သည်။
ရံဖန်ရံခါBecause of Jeon Taehyung sereis castတွေပါပါတတ်သဖြင့် သူတို့နှစ်ယောက်ရဲ့တွေ့ဆုံမှုတွေကို ယောကျာ်းလေးနှစ်ယောက်ဖြစ်နေသည်မလို့ တွဲနေသည်လို့နာမည်တတ်ရအခက်။ ဒီတိုင်းသရုပ်ဆောင်အလုပ်ပါတနာအချင်းချင်းတွေ့ဆုံကြသလားဟုပြောရခက်ဖြင့် သတင်းမီဒီယာခေါင်းကြီးပိုင်းတွေမှာပါလာတတ်သည်။
ထို့သို့သောအခါမျိုးတွင် JungkookကTaehyung နှင့်ရိုက်ထားသည့် selcaတွင်Instagramတွင်တင်ကာ နှစ်ယောက်သားဘယ်မှာတွေ့ဆုံခဲ့ကြောင်းပေါ်တင် ချပြလေသည်။ ထို့ကြောင့်မီဒီယာတွေမှာ မလှိမ့်တပတ်နှင့်ဝန်မခံပဲပေါ်တင်ဒိတ်နေသည့် ထိုအတွဲကိုသူတို့ကိုယ်တိုင်confirmမလုပ်မချင်း လက်လျှော့ထားကြရတော့သည်။
**Kim Taehyungရဲ့ရုပ်ရှင်ရိုက်ကွင်းသို့ food truckပို့ပေးခဲ့သည့်အဆိုတော်Jeon Jungkook...**
သတင်းခေါင်းစဉ်ကြီးမြင်ပြီး CEOမှာတစ်နေ့လုံးဖုန်းတွေလက်ခံဖြေရှင်းရတော့မှာကြောင့် သက်ပြင်းကြီးသာချနိုင်တော့သည်။
အနေအထိုင်ဆင်ခြင်ပါလို့ သူပြောလိုက်ပြီးကတည်းက ဆင်ခြင်လိုက်ကြတဲ့နှစ်ယောက်။ လတိုင်းမီဒီယာတွေကသတင်းခေါင်းကြီးပိုင်းမှာနေရာကိုယူလို့။
"အတွင်းရေးမှုချွဲ သတင်းထောက်ဟန်ကိုဖုန်းဆက်ပြီးဖြေရှင်းခိုင်းလိုက်။ Topicလဲပြောင်းခိုင်းလိုက်...ငါထပ်မဖြေရှင်းဘူးဒီကိစ္စကို"
"Nae CEO nim"
သူထပ်မဖြေရှင်းတော့ရော ဟိုနှစ်ယောက်ကသူ့ကိုအဖက်တောင်မလုပ်ကြတော့တဲ့ဟာကိုလ်ို့ အတွင်းရေးမှုးချွဲပြန်ပြောလိုက်ချင်ပေမဲ့လဲ လက်တွေ့မှာ​ေတာ့ထုတ်မပြောဖြစ်ခဲ့တော့။
-
-
-
-
"Taehyungie အိမ်ပဲပြန်လိုက်တော့နော်။ ဒီနေ့တော့အိပ်ရေးဝဝအိပ်ပြီးနားလိုက်အုံး ဒီတပတ်လုံးHyung scheduleရှင်းပေးထားမယ် အင်တာဗျူးတွေလောက်ပဲရှိတော့မှာ"
"Nae hyung"
Taehyungကဒရာမာseriesအသစ်တွေလက်ခံမရိုက်ကူးသေးပဲကြော်ငြာတွေလောက်သာရိုက်ကူးခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့်လအနည်းငယ်လောက်ကမှုခင်းရုပ်ရှင်ကားတစ်ခုတွင် ပါဝင်ဖို့ကမ်းလှမ်းခံခဲ့ရတာကြောင့် သူလည်းစိတ်ဝင်စားသည်မလို့ပါဝင်ရိုက်ကူးဖြစ်ခဲ့ခြင်းပင်။
ဒီနေ့ကတော့ရိုက်ကူးရေးနောက်ဆုံးနေ့ဖြစ်သည်မလို့ တစ်ညနှင့်တစ်မနက်လုံးရိုက်ကူးရေးလုပ်အပြီးမှာတော့ ကားပေါ်ရောက်ရောက်ချင်းခေါင်းပင်မထောင်နိုင်တော့။
ကွန်ဒိုကိုဘယ်ချိန်ဘယ်လိုရောက်သွားလိုက်မှန်းလဲမသိတော့။ ရိုက်ကူးရေးတွေကရက်ဆက်နေကာ ပင်ပန်းနေသည်မလို့အိမ်ရောက်ရောက်ချင်း ရေမိုးပင်မချိုးနိုင်တော့ပဲ ထိုးအိပ်ပစ်လိုက်တာ ညနေစောင်းမှပဲနိုးတော့သည်။
အိပ်ယာနိုးနိုးချင်း အချိန်ဆွဲလို့မရ။ အချိန်ရှိခိုက်လေးJungkookနဲ့ဖုန်းဆက်ရမယ်။ ရေချိုးခန်းထဲဝင်ကာရေချိုးခေါင်းလျှော်ပြီးအထွက် မွှေးပျံ့နေသည့်စပါဂတီအနံ့ကနှာခေါင်းထဲသို့ဝင်ရောက်လာသည်။
ဘယ်သူလဲလို့မေးနေစရာမလိုလောက်။ ရင်ခုန်စွာဖြင့် အင်္ကျီပင်မဝတ်နိုင်တော့ bathrobeဝတ်ထားလျက်နဲ့ပင်မီးဖိုခန်းဖက်သို့ပြေးထွက်လာမိတော့သည်။
မီးဖိုခန်းသို့ရောက်တော့ တွေ့ပါပြီ။ သူထင်သည့်အတိုင်းJungkookဟာ စပါဂတီပန်းကန်နှစ်ချပ်ကို စားပွဲပေါ်သို့ပြင်ဆင်နေလေသည်။
"မောင်"
သူ့ကိုလည်းတွေ့ရော ပြင်ဆင်နေရင်းကနေသူ့အနားသို့စိတ်ပူစွာရောက်ချလာသည်။
"Taeရာ ညနေခင်းကြီးခေါင်းလျှော်ပြန်ပြီလားပြီးတော့အိပ်ယာနိုးနိုးချင်းကြီး ဖျားရင်ဘယ်လိုလုပ်မလဲ? ဟမ်?"
"မောင်ကလဲ ..."
Jungkook သူပြောလိုက်တော့မျက်နှာငယ်ဖြင့်ဘာမှပြန်မပြောပဲသူ့ရင်ခွင်တိုးဝင်ကာဖက်လာသည့်အစ်ကိုပေါက်စကြောင့် အသည်းယားသွားရသည်။
သူ့အသံလေးများမမာလိုက်နဲ့။ ချော့သလိုလိုနဲ့ခဏနေသူ့ကိုပြန်ပြီးစိတ်ကောက်တော့မှာ။
"လာ ခေါင်းလဲမခြောက်သေးဘူးမောင်သုတ်ပေမယ် အကျွီလဲဝတ်မလာဘူး အဆိုးလေးကတော့ဖျားတော့မှာပဲ"
အခန်းထဲသို့သူလက်ဆွဲပြီးခေါ်သွားတော့ စူပုပ်ပုပ်လေးဖြင့်ပါလာသည်။ ခေါင်းသုတ်ပေးတော့လဲငြိမ်နေသလို အင်္ကျီတွေဝတ်ပြီးတော့လဲ သူ့ကိုစကားမပြောပဲ စူအောင့်နေသည့်မျက်နှာလေးကြောင့် Jungkookမှာအချစ်တွေတိုးရသည်။ သူပြောပါတယ် ချော့မလိုလိုနဲ့ပြန်စိတ်ကောက်သွားပြီလို့။
"Tae ... baby မောင့်ဆီလာပါအုံး ဖက်ထားချင်လို့ လွမ်းနေတာကို"
သူပြောတော့ မကြားချင်ယောင်ဆောင်ကာထိုင်နေရာကနေထမလာ။ ကုတင်ပေါ်ကနေသူ့အားထခုန်အုပ်တော့မဲ့ကျားပေါက်လေးလို လှမ်းကြည့်နေလေသည်။
ထို့ကြောင့်သူကပဲသဘောကျစွာရယ်လိုက်ရင်း ကုတင်ပေါ်သို့သွားကာဘေးကနေဝင်ထိုင်လိုက်ရသည်။
သူ့ကိုအော်လိုက်လို့စိတ်ကောက်နေသွားသည့် ချစ်သူလေးကိုရင်ခွင်ထဲသိမ်းကြုံးဖက်ပစ်လိုက်တော့ သူရင်ဘတ်ကိုကိုက်လာသည့်အစ်ကိုပေါက်စ။ နာအောင်ကိုက်တာမဟုတ်ပဲ သွားလေးဖြင့်တတိတိဖြင့်သူစိတ်ကောက်တာကိုအပြစ်ပေးနေတာပင်။ ထို့ကြောင့်သူမရုန်းဖြစ်။ ရုန်းလိုက်ရင်အစ်ကိုကျားပေါက်ကတကယ်နာအောင်ကိုက်တော့မှာလေ။
"မောင်ကငါ့ကိုမချစ်တော့ဘူး တွေ့တွေ့ချင်းအော်တယ်"
​အသံသေးသေးလေးကရင်ခွင်ထဲကနေထွက်လာလေသည်။ သူ့ခါးပေါ်သို့ပြန်ဖက်လာသည့်လက်လေးကြောင့် စိတ်ဆိုးပြေသွားပြီထင်ပါရဲ့။
သူ့ကိုအော်တယ်ဆိုပြီး အကယ်ဒမီJeon Taehyung လေးဟာဒရာမာတွေချိုးနေကာJungkookကိုအပြစ်ကြီးအောင်လုပ်နေပါပြီ။ မတော်တဆ တစ်နေ့နေ့တစ်ချိန်ချိန်အကြောင်းတစ်ခုခုကြောင့် စိတ်အခန့်မသင့်လို့တကယ်များအော်မိလိုက်လျှင် Jungkookတို့အမှုကြီးနဲ့ထောင်ပင်ချခံရမလားမသိ။
"ငါကမောင့်ကိုလွမ်းနေတဲ့ဟာကို"
အမလေး နောက်ပိုင်းတီတီတာတာနဲ့စကားလေးတွေနဲ့ကလည်းခြွေတတ်လာသေးသည်။
"မောင်တောင်းပန်ပါတယ် မောင်ကစိတ်ပူသွားလို့ပါ ဟုတ်ပြီလား Taeနေမကောင်းဖြစ်ရင်မောင်ကအမြဲအနားမှာရှိပေးနိုင်တာလည်းမဟုတ်ဘူး"
"မောင်"
Taeကသူ့ကိုဖက်ထားရာမှ ထွက်ကာစိုက်ကြည့်လာသည်။
"ငါကနောက်လဆိုDreamနဲ့စာချုပ်ပြီးပြီလေ အဲ့တာငါတို့တရားဝင်တွဲရအောင်"
Taeပြောတာကိုသူသဘောကျစွာပြုံးလိုက်မိသည်။ နှစ်ယောက်စလုံးအစကတည်းက ထိုသို့အကြံရှိပြီးသားမလို့Taeအဆင်ပြေမဲ့နေ့ကိုစောင့်နေခဲ့ကြတာမဟုတ်ပါလား။
"ဒါပေါ့ ပြီးရင်Tae J.Sနဲ့စာချုပ်ပြန်ချုပ်ပြီးရင် မောင်တို့နှစ်ယောက်Condoတစ်ခုမှာတူတူနေကြမယ်"
"အင်း"
သူပြောလိုက်တော့ကျေနပ်ပျော်ရွှင်သွားသည့် မျက်နှာလေးကိုချစ်မဝဖြစ်ရပြန်သည်။
ထို့နောက်စကားတွေပြောလိုက် ကျီစယ်လိုက်ဖြင့်ညစာတူတူစားကြရင်းအချိန်ကုန်ဆုံးဖြစ်ကြသည်။ အနုပညာရှင်တွေဖြစ်ကြသည့်သူတို့နှစ်ယောက်အတွက်အားလပ်ချိန်ဆိုတာ ရွှေထက်ပင်အဖိုးတန်သည်မဟုတ်ပါလား။
"မောင်ဒီနေ့ဒီမှာပဲအိပ်သွားမှာမလား?"
ခေါက်ဆွဲတွေကိုခက်ရင်းလေးနဲ့ လိပ်ယူကာစားရင်း ပလုတ်ပလောင်းဖြင့်မေးလာသည့်Taehyungနှုတ်ခမ်းလေးတွေကိုတစ်ရှုလေးဖြင့်သုတ်ပေးရင်း
"ဟင့်အင်း ညကျရင်မောင်Dance practiceရှိသေးတယ် ပြန်မှဖြစ်မှာ"
"ဟုတ်လား?တွေ့လို့တောင်မဝသေးတာကို"
"မောင်ဖုန်းဆက်လိုက်မယ်လေ ပြီးတော့Yoongi hyungတို့မင်္ဂလာပွဲကျမှတွေ့ကျမယ်လေ အဲ့ကျရင်မောင်scheduleတွေအကုန်ဖျက်ခဲ့မယ်"
"အင်း အဲ့ကျရင်ငါတို့လဲMaldivesမှာကြာကြာနေမယ်နော်"
"ဟုတ်ပါပြီဗျာ"
နောက်လထဲကျရင် Suga hyungနဲ့Jimin hyungတို့ကမော်လ်ဒိုက်ကျွန်းမှာလက်ထပ်ပွဲကျင်းပကြတော့မည်ဖြစ်သည်။ နှစ်ယောက်စလုံးကပရိတ်သတ်တွေကိုပေးသိကာ officialတွဲနေကြတာကြာပြီဖြစ်ပေမဲ့ လက်ထပ်ပွဲကိုတော့နှစ်ဖက်မိဘနဲ့အသိမိတ်ဆွေအနည်းအကျဉ်းလောက်ဖြင့်သာ နိုင်ငံခြားမှာတိတ်တဆိတ်ကျင်းပကြခြင်းဖြစ်သည်။
ထို့ကြောင့် သူတို့လဲနောက်လထဲကျရင်Maldivesထိ သွားကာ လက်ထပ်ပွဲတက်ကြရမည်ဖြစ်သည်။
-
-
-
-
Maldivesကမ်းခြေလေးသို့ လက်ထပ်ပွဲမတိုင်မှီနှစ်ရက်သုံးရက်လောက်အကြိုမှာ ဖိတ်ကြားခံထားရသည့်အနုပညာရှင်အနည်းငယ်တို့ဟာ ရှေ့ဆင့်နောက်ဆင့်ရောက်နေကြပြီဖြစ်သည်။
စီစဉ်ထားပေးသည့်ဟိုတယ်သို့ Taehyungရောက်တော့Jimin hyungကနေရမည့်အခန်းသို့ပြောပြပေးသည်။ Jungkookက weddingအတွက်ပြင်ဆင်စရာတွေကူပြင်နေသည်မလို့သူ့ထက်တစ်ရက်စောရောက်နေသည်။
အထုတ်တွေကအခန်းထဲကြိုချပေးထားနှင့်ပြီးသားမလို့ သူလဲအခန်းထဲရောက်ရော Jungkookကဟိုတယ်ဝရံတာကနေထွက်ကာ ပင်လယ်ဖက်ကိုဓာတ်ပုံရိုက်နေလေသည်။ သူရောက်လာတာကိုအခုထိမသိသေး။
သူတို့ဟိုတယ်ကရေပေါ်ဟိုတယ်ဖြစ်တာမလို့ ရှုခင်းကတော့ရူးလောက်အောင်ပင်လှသည်။ ရေကြည်ကြည်စိမ်းစိမ်းတွေင မြင်ရုံနှင့်ပင်စိတ်ကိုလန်းဆန်းသွားစေသည်။
"မောင်"
သူခေါ်လိုက်တော့ ဝမ်းသာတကြီးလှည့်လာသည့်Jungkookဟာ လက်ကလေးဆန့်တန်းပေးလာတာကြောင့် သူလည်းတုံ့ဆိုင်းမနေ အပြေးလေးရင်ခွင်ကျယ်ကြီးဆီပြေးဝင်ပြီးသား။
"ဘယ်တုန်းကရောက်တာလဲ မောင့်ကိုတော့ဖုန်းမဆက်ဘူးမောင်လာကြိုမှာကို"
"စောစောကပဲရောက်တာ Jimin hyungခေါ်လာပေးတာ "
"ပင်ပန်းလာပြီလားလေယာဉ်စီးလာရတာ? ခဏနားလိုက်ပါလား ညကျရင်Yoongi hyungတို့ရဲ့Bachelor night partyရှိတယ် ဟိုဖက်သောင်ခြေပေါ်မှာလုပ်ကြမှာ လူကြီးတွေမပါဘူးမောင်တို့လူငယ်တွေပဲ"
"ဟင့်အင်း ခရီးထွက်ရတာအရမ်းပျော်တယ် မောင်နဲ့တူတူရှိနေလို့ပိုပျော်တယ် နည်းနည်းလေးမှမပင်ပန်းဘူး"
စကားလေးတွေနဲ့ လူကိုတဖြုတ်ဖြုတ်ချွေနေသည့်Taeကိုနဖူးလေးနမ်းလိုက်တော့ သူ့နှုတ်ခမ်းကိုရင်ခွင်ထဲကနေခြေဖျားလေးလှမ်းထောက်ကာလှမ်းနမ်းပြန်လေသည်။
မန်နေဂျာတွေ ပရိတ်သတ်တွေ ဘာဆိုဘာမှမရှိနေသည့်အချိန်အခိုက်အတန့်လေးမလို့လွတ်လွတ်လပ်လပ်ဖြင့်အားလုံးပျော်ရွှင်နေကြလေသည်။
ညပါတီလုပ်ကြတော့ မီးပုံပွဲရယ် ဟိုတယ်ကစီစဉ်ပေးထားသည့်buffetတွေရယ် တီးလုံးသံတွေရယ်ဖြင့်ဆူညံနေကြလေသည်။
လူကသိပ်မရှိလှ။ Suga hyungတို့ Groupကmemberတွေရယ် Yeonjun Eunwoo Jungkookတို့သူငယ်ချင်းသုံးယောက်ရယ်။ Jiminရဲ့သူငယ်ချင်းသုံးယောက်လောက်ရယ် Taehyungရယ်သာ။ မိဘတွေကတော့ လူငယ်တွေကိုလွတ်လပ်စွာပျော်ရွှင်စေရန် သဘက်ခါလက်ထပ်ပွဲနေ့ကျမှပဲပွဲတက်ကြမည်ဖြစ်သည်။
အခုလည်း ကမ်းခြေပေါ်မှာဝိုင်းဖွဲ့ကာထိုင်နေကြရင်းYoongi hyungကိုအရက်ဝိုင်းတိုက်နေကြသည်။
သဲပြင်ပေါ်မှာထိုင်နေကြသည်မလို့ Jungkookကဝိုင်လေးတစ်ခွက်သာဖြေးဖြေးချင်းသောက်နေသည်။ သူ့ဘေးကအကိုပေါက်စကတော့ ဖျော်ရည်တွေသောက်လိုက်အကင်တွေစားလိုက်ဖြင့်အလုပ်ရှုပ်လျက်။
"Jungkook Jungkookပုစွန်စားမလား?? ငါနွှင်ပေးမယ်"
"တော်ပါပြီဗျာ Taeစားတာလေးကိုကြည့်ပြီးဗိုက်ပြည့်နေပါပြီ"
သူပြောလိုက်တော့ ဖြစ်သွားသည့်မျက်နှာရဲရဲလေးကရူးချင်စရာပင်။
"သောက်ပိုတွေ မင်းစောစောကထမင်းကြော်တွေစားနေတာငါသိသားပဲ"
အာလေးလျှာလေးဖြင့် ထပြောလာသည့်Choi Yeonjunကြောင့် ကြည်နူးနေတာတောင်ဘယ်ရောက်သွားမှန်းမသိ။
"Yah!မင်းမူးနေရင်လဲ ဟိုတယ်ပြန်တော့... မဟုတ်သေးဘူး ဒီထက်မူးအောင်သောက်လိုက်အုံး မင်းကိုChoi Soobinအခန်းထဲထည့်ပေးခဲ့အုံးမယ်"
ထို့နောက်နှစ်ယောက်သား တဂျက်ဂျက်နှင့်ရန်ဖြစ်နေသည်ကိုTaehyungကဘေးကနေပြုံးပြုံးလေးသာထိုင်ကြည့်နေလေသည်။
"Tae"
"ဟိုဖက်နားလမ်းလျှောက်ထွက်ရအောင် လာ... ဒီမှာကလူတွေများတယ်အကုန်မူးနေကြပြီ"
"အင်း"
နှစ်ယောက်သား ကမ်းခြေပေါ်တလျှောက်လမ်းလျှောက်လာရင်းရုတ်တရက် Jungkookကရပ်လိုက်သည်မလို့သူပါရပ်လိုက်သည်။
"တကယ်တော့Taeကို မောင်သတင်းတစ်ခုပြောစရာရှိလို့"
"ဟင် ဘာသတင်းလဲ?? "
"မှန်းကြည့်ပါလား?? ပျော်စရာကောင်းတာဖြစ်မလား ဝမ်းနည်စရာဖြစ်မလား??"
သူပြောလိုက်တော့ မျက်လုံးလေးထောင့်ကပ်ကာစဉ်းစားခန်းဝင်နေလေသည်။
"မသိဘူးလေမောင်ကလဲ စိတ်လှုပ်ရှားအောင်မလုပ်ပါနဲ့ ပြောပြ ပြောပြ"
"မောင်တို့နှစ်ယောက် ပရိတ်သတ်တွေကိုပြောပြီးတရားဝင်တွဲဖို့သတင်းကိုနောက်ဆုတ်မှရတော့မယ်"
သူပြောလိုက်တော့ မျက်လုံးလေးတွေကဝိုင်းခနဲ။ ထိတ်လန့်သွားသည်မလို့ သူ့မှာသဘောကျစွာရယ်မိသွားရပါသေးသည်။
"ဘာလို့လဲ??"
အသံလေးတောင် သေးသေးလေးပဲထွက်လာတော့သည်မလို့သူ့မှာအူတယားယား။
"မနက်ကJin hyungကမောင့်ကိုခေါ်ပြောတယ် သူ့ကိုproductionတစ်ခုကဒရာမာတစ်ခုရိုက်ဖို့ပြောထားတာ အဲ့တာcastတွေအတွက် Taeနဲ့မောင့်ကိုကမ်းလှမ်းထားတာ"
"ဟင်?? ဒါဆို ငါတို့နှစ်ယောက်new seriesလား??"
"အင်း မောင်တို့နှစ်ယောက်ရဲ့new seriesတဲ့"
Taehyungလည်း ဘယ်လောက်ပင်ပျေယ်ရွှင်သွားလဲမသိ။ Jungkookပေါ်သို့ခုန်တက်ကာဖက်တော့သည်။ နှစ်နှစ်ကြာပြီးမှ သူတို့နှစ်ယေယက်အတွက်seriesအသစ်တစ်ခုထပ်ရိုက်ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဖူး။ အခုတော့Because of Jeon Taehyungပြီးဒုတိယအကြိမ် Jungkookနဲ့အတူရိုက်ကူးပြန်လုပ်ရတော့မည်။ နှစ်ယောက်အတူတူအချိန်တွေပိုရတော့မည်။
Jungkookကလည်းသူ့ကိုကုပ်တွယ်ကာဖက်လာသည့် ခန္ဓာကိုယ်လေးကိုထိန်းကာသေချာပွေ့ဖက်ထားသည်။ ရှေ့လျှောက်သူတို့နှစ်ယောက်အတွက် အချစ်ခရီးလမ်းလေးဟာမကြမ်းတမ်းမခက်ခဲတော့ပါဘူး။
"အဲ့တာCEOကအကြံပေးတာပါ Seriesအတွက်လဲကြည့်ရအုံးမှာမလို့အခုကအဆင်မပြေသေးဘူးလေ မောင်တို့နှစ်ယောက်ရဲ့ဒီseriesပြီးတော့မှပဲ CompanyကOfficial Dating newsထုတ်ပေးမယ်တဲ့"
သူပြောလိုက်တော့ အစ်ကိုပေါက်စလေးဟာခေါင်းလေးတဆတ်ဆတ့်ငြိမ့်ပြလာသည်။
"အင်း ရတယ်။ ငါ့အနားမှာမင်းသာရှိရင်ဘယ်အချိန်ထိစောင့်ရစောင့်ရအဆင်ပြေတယ်...ပြီးတော့ငါလဲပြောစရာရှိတယ်Jungkook"
"အင်းဘာပြောမလို့လဲ??"
"ငါနောက်နှစ်ကျရင် စစ်မှုထမ်းရတော့မှာမလား?? အဲ့တာ ငါသွားပြီးပြန်လာတဲ့အခါကျရင်ငါတို့လက်ထပ်ရအောင် ငါမောင်နဲ့ထပ်မခွဲချင်တော့ဘူးအဲ့အခါကျရင်"
သူလဲအဲ့ကိစ္စအတွက်စိုးရိမ်နေတာ။ Taeကစစ်မှုထမ်းသွားရင်ဘယ်လိုလုပ်ရမလဲတွေးနေတာ ဒါပေမဲ့အစ်ကိုပေါက်စသူ့ထက်ပင်အစီအစဉ်ရှိနေလေပြီ။
"ဒါပေါ့ အဲ့အချိန်ကျရင်တော့မောင်လဲထပ်မခွဲချင်တော့ဘူး... သေချာပေါက်လက်ထပ်ပြီးဘေဘီလေးတွေပါမွေးကြမယ်"
သူပြောလိုက်တော့ တခစ်ခစ်နှင့်ရှက်စနိုးဖြစ်ကာရယ်နေသည့်အစ်ကိုပေါက်စလေးကိုကြည့်ပြီး Jungkookမှာ အတိုင်းမသိသောကြည်နူးခြင်းတွေဖြစ်လာရသည်။
တကယ်ကို သူတို့နှစ်ယောက်ရဲ့အချစ်ခရီးလမိးလေးဟာဖြောင့်ဖြူးနေခဲ့ပြီ။ သိတတ်စအရွယ်ကတည်းက အချစ်ဆိုတာအစ်ကိုပေါက်စလေးရဲ့အပြုံးလေးဆိုပြီးသိခဲ့သည့်သူ။
အထက်တန်းပထမနှစ်စတက်တော့ အစ်ကိုပေါက်စကသူတို့ကုမ္ပဏီမှာ traineeဖြစ်သွားပြီဆိုသည့်သတင်းကြားကြားချင်း သူပါAppaကိုခွင့်တောင်းပြီး ကုမ္ပဏီ auditionကြိုးစားပြီးဖြေခဲ့ရတာ။
အချစ်ဦးရော အချစ်ဆုံးရောအစ်ကိုတစ်ယောက်ပဲဖြစ်ခဲ့တာ။ အခုလိုရင်နှစ်သည်းချာ အနှစ်အနှစ်အလလတိတ်တခိုးမြတ်နိုးလာခဲ့ရတဲ့ အချစ်ဦးလေးကိုပိုင်ဆိုင်ခွင့်ရသွားတာ သူလောက်ကမ္ဘာပေါ်တွင် ကံကောင်းမည့်သူမရှိလောက်တော့။
"ချစ်တယ်Tae... အရမ်းချစ်တယ်မောင့်ရဲ့Jeon Taehyungလေး"
"ချစ်တယ်ငါလဲမင်းကိုအများကြီးချစ်တယ် မောင်"
-
-
-
-
-
-
-
-
The End
With Love 💜
||Tae_For_Jeon
Jeon_To_Tae||
*အရေးတော်ပုံ အောင်ရမည်*
A/N -His Name is Jeon Taehyungလေးဇာတ်သိမ်းသွားခဲ့ပါပြီရှင်။ ဒီကြားထဲကျန်းမာရေးအခြေအနေကြောင့် ကောင်းကောင်းမရေးနိုင်ပဲ ဇာတ်သိမ်းပေါ့သလို့ဖြစ်သွားခဲ့ရင်လဲတောင်းပန်ပါတယ်။ နောက်ဆုံးအပိုင်းထိလိုက်ပါစီးမြောဖတ်ရှုပေးတဲ့တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်ရှင်။❣️
Sweet romance typeလေးဖြစ်တာမလို့Irisရဲ့အားသာတဲ့အမျိုးအစားမဟုတ်ပေမဲ့အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ ဖတ်ရတာအဆင်ပြေကြလားဟင်? သဘောကျကြရဲ့လားရှင်? နောက်လဲကြိုးစားသွားပါမယ်။
Jeon, When Cherry Blossom Againလေးမှာပြန်တွေ့ကြပါမယ်နော်❣️
-
-
-
-
Zawgyi
"Nae CEO nim"
သူထပ်မဖြေရှင်းတော့ရော ဟိုနှစ်ယောက်ကသူ့ကိုအဖက်တောင်မလုပ်ကြတော့တဲ့ဟာကိုလို့ အတွင်းရေးမှုးချွဲပြန်ပြောလိုက်ချင်ပေမဲ့လဲ လက်တွေ့မှာ​တော့ထုတ်မပြောဖြစ်ခဲ့တော့။
-
-
-
-
"Nae hyung"
"မောင်"
"မောင်ကလဲ ..."
"မောင်"
"အင်း"
"ဟုတ်ပါပြီဗျာ"
-
-
-
-
"မောင်"
"Tae"
"အင်း"
"ဟင် ဘာသတင်းလဲ?? "
"ဘာလို့လဲ??"
"အင်းဘာပြောမလို့လဲ??"
-
-
-
-
-
-
-
-
The End
With Love 💜
||Tae_For_Jeon
Jeon_To_Tae||
Continue Reading
You'll Also Like
88K 4.9K 12
Jeon Jungkook ร— Kim Taehyung TAEKOOK๐Ÿ’™ Cover by Paing {Zawgyi + unicode }
43.7K 2.4K 27
Taekook ,yoonmin, namjin ,j-hope& ARMY
232K 6.8K 77
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
86.8K 1.6K 18
โŒŒโŠฑโ‡ฑโŠถโŠทโŠถโŠทโŠถโŠทโŠถโŠทโŠฐโŒ Saerela Velaryon is the first born daughter of Princess Rhaenyra Targaryen and Laenor Velaryon. Some say it was a blessing for her to b...