မှော်ဆန်သော(completed)

بواسطة Yizhan27

28.7K 1.7K 8

တည်ငြိမ်နေတဲ့စမ်းချောင်းလေးကိုလှုပ်ခပ်နိုင်တာကောတယောက်တည်းပါ... ကလေးလေးကိုချစ်လွန်းလို့တယုတယအနားမှာသိမ်းစည်းထ... المزيد

Chapter..1
Chapter..2
Chapter..3
Chapter..4
Chapter..5
Chapter..6
Chapter..7
Chapter..8
Chapter..9
Chapter..10
Chapter..12
Chapter..13
Final
New

Chapter..11

1.3K 97 0
بواسطة Yizhan27

စိတ်ငြိမ်ဆောင်....

စိတ်ငြိမ်ဆောင်ဟာဒီနေ့မှာတော့တိတ်ဆိတ်မနေခဲ့ဘူး...

"ကောကော..ယွမ်လုတို့ဘယ်လိုလုပ်ကြမလဲဟင်..ဝမ်သခင်လေးတော့စိတ်ဆိုးတော့မှာပဲ.."

အတွင်းဝတ်ကပိုကရိုနဲ့သူ့ဘေးမှာလှဲနေခဲ့တဲ့ယွမ်လုကအပြင်ပန်းသာပြောနေပေမဲ့စိတ်ထဲမှာတော့ကျေနပ်နေသယောင်...သူခုထိဘာကိုမှနားမလည်နိုင်သေးဘူး...
မနေ့ကရိပေါ်ပြန်သွားပြီးသူဆက်သောက်နေခဲ့တာဘယ်ချိန်ကနေဘယ်လို...

"ဝမ်သခင်လေးရောက်လာပါတယ်..."

"ကောကော.."

"ကျန့်ကော!!ဒါက.."

ရိပေါ်ကယွမ်လုရဲ့ပုံစံကို​မြင်တာနဲ့မျက်နှာအမြန်လွှဲလိုက်သည်.....

"ဝမ်သခင်လေးအထင်လွှဲတာပါ..ယွမ်လုမရည်ရွယ်ပါဘူး.."

ယွမ်လုကရှောင်ကျန့်ကိုလိုချင်သူပီပီအခွင့်အရေးရတာနဲ့ရှောင်းအိမ်တော်ကိုလာခဲ့ချင်းဖြစ်တယ်....

"ရိပေါ်..ကို့ကိုအပြင်ကစောင့်နေပါ..ထွက်လာခဲ့မယ်..."

"......"

ခြေလှမ်းကြဲများနဲ့လှည့်ထွက်သွားတဲ့ရိပေါ်ကိုကြည့်ပြီးရှောင်ကျန့်ဝမ်းနည်းစိတ်ရောဒေါသပါအဆုံးအစွန်ထွက်လာရသည်....

"ယွမ်လု!!.မင်းရဲ့အကြံအစည်ကဘာလဲ..ငါ့ကိုပြော..မင်းဘာတွေလုပ်ချင်နေတာလဲ.."

"အ့..နာတယ်ကောကော...အဖေကလွှတ်လို့ညကလာတာအဲ့တာကောကအရမ်းမူးနေပြီး​တော့ယွမ်လုကိုယွမ်လုကို..ဟင့်.."

"ဟာကွာ.."

ဘေးနားကအလှကြွေအိုးကိုရှောင်ကျန့်ကိုင်ပေါက်ပစ်လိုက်သည်....
ယွမ်လုကိုယ်တိုင်လဲရှောင်ကျန့်ဒီလောက်ဒေါသဖစ်တာမမြင်ဖူးတာကြောင့်ကြောက်လန့်နေမိတယ်.....

အပြင်မှာစောင့်နေဖို့ပြောပေမဲ့ရိပေါ်ကတော့ပြန်သွားခဲ့ပြီဆိုတာကြောင့်ရှောင်ကျန့်ယွမ်လုကိုဆွဲခေါ်လာပြီးသူ့အဖေအဆောင်ကိုထွက်လာခဲ့တယ်....

"အဖေ...ဒါဘာသဘောလဲသူ့ကိုဘာကိစ္စနနဲ့ညဘက်ကျနော့်အဆောင်ကိုလွှတ်လိုက်တာလဲ..ခုဘာတွေဖစ်ကုန်ပြီလဲအဖေသိရဲ့လား.."

"မင်းစကားပြောတာကိုဆင်ခြင်စမ်း...ငါသူ့ကိုမလွှတ်ဘူးသူရောက်နေမှန်းတောင်မသိဘူးကွ..ဝမ်ရိပေါ်ကခုလိုသူ့အသက်တောင်မငဲ့ပဲကူညီခဲ့တာကိုဒီလိုနည်းနဲ့ကျေးဇူးဆပ်စရာလား..."

"ယွမ်လု..မင်းအမှန်အတိုင်းပြောသင့်ပြီ..ဟန်ဆောင်နေတာရပ်တော့ငါမင်းကိုသတ်မိတော့မယ်..."

ထိုအခါမှယွမ်လုကမျက်နှာငယ်လေးဖစ်နေရာကနေပြုံးလာတယ်...

"ဟုတ်တယ်..ညကအဖေခေါ်ထားလို့ဆိုပြီးကျမဒီအိမ်တော်ထဲကိုဝင်လာတာ..ရှင်နဲ့ဝမ်ရိပေါ်ရဲ့အကြောင်းကိုသိလို့လေနေ့တိုင်းအရက်တွေသောက်နေတယ်ဆိုလို့..ခုတော့ရှင်ကျမကိုတာဝန်ယူရမယ်မတတ်နိုင်ဘူး..ဟားးဟားး.."

"တောက်စ်..သေလိုက်မင်းသေလိုက်.."

"စိတ်ထိန်းရှောင်ကျန့်..မလူပ်နဲ့.."

ရှောင်ရမ်ကဒေါသထွက်နေတဲ့ရှောင်ကျန်ကိုဆွဲထိန်းထားပေမဲ့အရမ်းအားကြီးလွန်းနေတာကြောင့်လွတ်ထွက်သွားတော့မည်...

"ကျန့်ကော..ရပ်လိုက်.."

"ရိပေါ်..ကို..ကို.."

ရိပေါ်ကအနားရောက်လာပြီးပုခုံးကိုကိုင်လို့ရပ်ခိုင်းမှရှောင်ကျန့်ငြိမ်ကြသွားသည်...
ရှင်းပြချင်ပေမဲ့သူကိုယ်တိုင်ဘာဖစ်သွားမှန်းမသိခဲ့ဘူး...ကောင်မလေးတယောက်ကရိပေါ်ရဲ့နောက်ကနေမျက်နာအောက်ငုံ့ပြီးထွက်လာခဲ့တယ်တနည်းပြောရရင်သူ့အဆောင်ရဲ့အစေခံကောင်မလေးတယောက်....

"သူပြောတာကိုအေးဆေးနားထောင်ပေးလိုက်..လာကျန့်ကောဒီမှာထိုင်.."

ရိပေါ်ကသူ့ကိုတွဲပြီးထိုင်ခုံတခုမှာထိုင်စေတယ်..သူကတော့ဘေးမှာမတ်တပ်ရပ်နေပြီးသွေးပျက်နေတဲ့ယွမ်လုကိုငေးကြည့်နေခဲ့တယ်....

"ကျမတောင်းပန်ပါတယ်..ကျမကသခင်လေးရဲ့အဆောင်ကအစေခံပါ..ယွမ်လုက ကျမကိုငွေအချို့ပေးပြီးသခင်လေးရဲ့အခြေအနေကိုစောင့်ကြည့်ခိုင်းခဲ့ပါတယ်..မနေ့ညကအရက်ထဲအိပ်ဆေးတွေခပ်ခိုင်းပြီးသူကအနောက်ပေါက်ကနေဝင်လာခဲ့တာပါ..မနေ့ကသခင်လေးတို့ဘာမှမဖစ်ခဲ့ပါဘူး..."

"ဘာ..မင်း!!.."

"ကျန့်ကော...စိတ်ထိန်း..ကျနော့်ကိုကြည့်စိတ်ထိန်းလို့.."

"သူ လိမ်နေတာ..ဟဲ့ငါဘယ်တုန်းကလုပ်ခိုင်းလို့လဲ.."

ထိုမိန်းကလေးကငွေစတွေထည့်ထားတဲ့အိတ်အပါးလေးကိုထုတ်ပြပီးပြောလာခဲ့တယ်...

"ကျမ မတတ်သာလို့ပါ..ရွာမှာကျန်ခဲ့တဲ့​ေနမကောင်းတဲ့အ​ေဖရဲ့အသက်နဲ့ချိန်းခြောက်နေလို့ပါရှင်.."

ရှောင်ကျန့်ကအသားတွေတုန်နေပြီးဝတ်ရုံစကိုတင်းတင်းဆုပ်ကိုင်တယ်ရိပေါ်ကတော့ကျောကုန်းကိုအသာပွတ်သပ်ပေးပြီးစိတ်လျှော့ဖို့သာပြောနေခဲ့သည်...

ရိပေါ်ပြန်သွားပြီလို့ထင်ခဲ့ပေမဲ့သူအဆောင်ကိုလာထဲကမဝံ့မရဲဖစ်နေတဲ့ထိုကောင်မလေးကိုမသင်္ကာဖစ်နေခဲ့တာ..ဒေါသထွက်ပြီးအဆောင်အပြင်ရောက်တော့ထိုကောင်မလေးကသူ့နေရာမှာရှိမနေခဲ့ဘူးဒါကြောင့်ရိပေါ်သူထွက်သွားတဲ့နေရာကိုမေးပြီးနောက်ကလိုက်ခဲ့တယ်...

"သတ်ပစ်လိုက်...လူသတ်ရန်ကြံစည်မှုလို့သတင်းဖြန့်ညနေရောက်တာနဲ့ငါကိုယ်တိုင်သတ်မယ်...ဟိုမိန်းကလေးကိုရွာပြန်လွှတ်လိုက်တော့.."

" ကျန့်ကော.."

ရှောင်းသားအဖကတော့ရှောင်ကျန့်ရဲ့ဒေါသကိုမအံသြပေမဲ့ရိပေါ်ကတော့အတော်အံသြနေခဲ့တယ်...တားပေမဲ့မရခဲ့ဘူး...

ရှောင်ကျန့်ကသူ့ကိုယ်သူမသတီသလိုရေချိုးဖို့ကိုသာဦးတည်နေခဲ့တယ်....
ရိပေါ်ကတော့မရင်းနှီးတဲ့ရှောင်ကျန့်ရဲ့ပုံစံကိုမြင်ပြီးလန့်နေတုန်း...သူလဲလူတွေကိုသတ်ခဲ့ရဖူးပေမဲ့ရှောင်ကျန့်ပုံစံကအရမ်းစိတ္တဇဆန်လွန်းနေတယ်...သူတို့အိမ်တော်ရဲ့အာဏာကြောင့်ပဲတခဏချင်းလူသတ်ဖို့ကြံစည်တယ်တယ်ဆိုတဲ့သတင်းကပျံနှံသွားတယ်ယွမ်လုရဲ့မိဘဖစ်ပုံရတဲ့သူတွေကလဲအိမ်တော်ရှေ့မှာအော်ဟစ်ငိုယိုနေကြတယ်....

"ကလေးလေး..."

နောက်ကနေရုတ်တရက်အသံထွက်လာတာကြောင့်ရိပေါ်ကိုယ်လုံးလေးတုန်တက်သွားသည်....

"ကို့ကိုလန့်နေတာလား..."

"ကျန့်ကော..စဥ်းစားပါဦး..."

"တော်ပြီ ရိပေါ်ကိုအဲ့အကြောင်းတွေကိုမပြောချင်ဘူး..ခဏနေပြန်တော့ညနေကျဒီမှာမင်းရှိနေချင်မှာမဟုတ်ဘူး..."

ရိပေါ်ကိုပွေ့ပြီးသူ့ပေါင်ပေါ်ထိုင်စေကာခါးသိမ်သိမ်လေးကိုဖက်ထားလိုက်သည်...မျက်နှာကိုလဲရိပေါ်ရဲ့လည်ပင်းကြားထဲတိုးဝှေ့နေပြီးကိုယ်သင်းနံလေးကိုရှူရှိုက်နေမိတယ်....
ဘာမှမမှတ်မိလို့ရိပေါ်နေရခက်ပေမဲ့ဒီလိုနေရတာလေးကိုသူလဲသဘောကျမိတယ်....

"ပြန်တော့ကလေးလေး.."

"ဟင့်အင်းအဲ့လိုမလုပ်ပါနဲ့ကော..တခြားအပြစ်တခုခုပေးလိုက်ပါ..."

"မင်းကိုပါစိတ်တိုမိတော့မယ်..တော်လိုက်တော့..."

ရှောင်ကျန့်ကလှည့်မကြည့်ပဲအပြစ်သားတွေရှိတဲ့ဆီကိုထွက်သွားတယ်..ရိပေါ်လဲနောက်ကနေတောက်လျှောက်လိုက်လာခဲ့တယ်.....

ရှောင်ကျန့်ထိုကလေးကိုပြောမနေချင်တော့ဘူး...

"သခင်လေးရယ်ကျမသမီးလေးကိုခွင့်လွှတ်ပါမသတ်ပါနဲ့..."

"သူကလူ့အသက်နဲ့ကစားခဲ့တဲ့မိန်းမ..အသံတွေကိုပိတ်ထားမကြားချင်ဘူး..."

"အားးကော..ယွမ်လုမှားပါတယ်..မသတ်ပါနဲ့..ကော.."

ရှောင်ကျန့်ရဲ့ဓားကမြောက်တက်သွားတာနဲ့အတူငိုသံတွေတူညံသွားတော့တယ်...

သွေးပေကျံနတဲ့ဓားကိုသေချာသုတ်ပြီးဓားအိမ်ထဲထည့်သိမ်းလိုက်တယ်...

"ဝမ်သခင်လေး..သခင်လေးသတိလစ်သွားပီလုပ်ကြပါဦး..."

"ရိပေါ်..ရိပေါ်..."

واصل القراءة

ستعجبك أيضاً

153K 6.2K 37
Xiao zhan" ချစ်တယ် ကလေးလေး မင်းမပျော်တော့ဘူးဆိုရင် ပျံသန်းနိုင်ပါတယ် ကိုယ်နဲ့ဝေးရာ........ Wang yibo ဘယ်လိုအခြေအနေ မျိုးမှာမဆို ကျွန်တော် လက်ကိုဆုပ...
39.7K 2.1K 19
မှား လို့ မှား မှန်း မသိတဲ့ အမှားတွေကို အများကြီး ကျူးလွန် ပစ်မယ် No threesome! //အဆုံးထိ ဖတ်ပေးတဲ့ သူတိုင်းကို ကျေးဇူးတင်ပါတယ် //
3.6M 289K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
8.2K 190 11
❝ 𝘢𝘳𝘦 𝘺𝘰𝘶 𝘪𝘯𝘴𝘢𝘯𝘦 𝘭𝘪𝘬𝘦 𝘮𝘦? 𝘦𝘷𝘦𝘳 𝘧𝘦𝘭𝘵 𝘱𝘢𝘪𝘯 𝘭𝘪𝘬𝘦 𝘮𝘦? ❞ ѕнє ℓσѕт нєя мιη∂. нє ℓσѕт нιмѕєℓƒ. oc x carl grimes season 5...