ပိုင်ဆိုင်ချင်ရုံသက်သက်ပဲမဟုတ်ဘူးမင်းကိုချစ်တာထက်ပိုတယ်....
"အင်းးး"
"နိုးပြီလားရိပေါ်..."
"ဟင်..ကောကျနော်ဘယ်လိုလုပ်...အာ..ညကဒီမှာအိပ်တာပဲ.."
ဝတ်ရုံစကိုသေချာပြန်ပြင်ရင်းဆံပင်တွေကိုပြန်စည်းနှောင်ဖို့ဖြည်ချလိုက်တယ်...
"ကိုခေါင်းဖီးပေးမယ်လာ.."
"ရပါတယ်ကောရဲ့မလုပ်ပါနဲ့.."
မျက်လုံးမှိတ်ရင်းအသာခေါင်းငြိမ့်လို့သူ့အနားလာဖို့ခေါ်တာကြောင့်ရိပေါ်အသံတတိတ်လေးပဲကျန့်ကောဘေးကခုံမှာဝင်ထိုင်လိုက်တယ်...
"အင်းးရိပေါ်ဆံပင်လေးကနူးညံလိုက်တာ..."
"...."
"ဖြစ်နိုင်ရင်ရိပေါ်လေးကို ကိုနဲ့အတူခေါ်ထားချင်ပြီ...ဒါပေမဲ့ဆရာကြီးတို့ကိုအားနာလို့သူတို့ကသေချာသင်ကြားပေးပြီးမှခေါ်ထုတ်သွားတယ်ဖြစ်မှာစိုးရိမ်တယ်..."
"လန်ဂိုဏ်းအတွက်ဆရာကြီးက ကျနော့်ကိုစိတ်ချထားချင်တယ်လို့ပြောဖူးတယ်..တောင်းပန်ပါတယ်ကောကျနော်ဂိုဏ်းဆီကနေတော့မထွက်လာချင်ဘူး..."
ဆံပင်ကိုသေချာစည်းနှောင်ပေးပြီးရိပေါ့ပုခုံးနှစ်ဖက်ကိုကိုင်ကာသူ့ဘက်ကိုလှည့်စေတယ်....
"ကိုနားလည်ပါတယ်...ကိုယ်လက်သန့်စင်လိုက်ဦးလေမနက်စာစာဖို့စောင့်နေမယ်ပြီးရင်ကိုလန်အိမ်တော်ကိုပြန်လိုက်ပို့မယ်..."
"ဟုတ်ကဲ့ကော.."
....................
"ရိပေါ်ကို့အဖေနဲ့တွေ့ချင်လားဟင်..."
"ဘာလို့လဲကော.."
"ကို့ကောင်လေးကိုမိတ်ဆက်ပေးချင်လို့လေ...နော်ကလေးလေး..."
"ကောသဘောပါ..."
ရိပေါ်တသက်နဲ့တကိုယ်တခါမှမတုန်လှုပ်ဖူးပေမဲ့ဒီတခါတော့စိုးရိမ်မှုအနဲငယ်ဖြစ်နေမိတယ်...
"ဝမ်သခင်လေးလဲပါလာတာလား..ကြွပါ.."
"ဟုတ်ကဲ့.."
"ရိပေါ်ကိုသားရဲ့ကောင်လေးအနေနဲ့အဖေနဲ့မိတ်ဆက်ပေးချင်လို့ပါ..."
YOU ARE READING
မှော်ဆန်သော(completed)
Romanceတည်ငြိမ်နေတဲ့စမ်းချောင်းလေးကိုလှုပ်ခပ်နိုင်တာကောတယောက်တည်းပါ... ကလေးလေးကိုချစ်လွန်းလို့တယုတယအနားမှာသိမ်းစည်းထားချင်တယ်ကိုကအတ္တကြီးလွန်းတာလား...