စိတ်ငြိမ်ဆောင်....
စိတ်ငြိမ်ဆောင်ဟာဒီနေ့မှာတော့တိတ်ဆိတ်မနေခဲ့ဘူး...
"ကောကော..ယွမ်လုတို့ဘယ်လိုလုပ်ကြမလဲဟင်..ဝမ်သခင်လေးတော့စိတ်ဆိုးတော့မှာပဲ.."
အတွင်းဝတ်ကပိုကရိုနဲ့သူ့ဘေးမှာလှဲနေခဲ့တဲ့ယွမ်လုကအပြင်ပန်းသာပြောနေပေမဲ့စိတ်ထဲမှာတော့ကျေနပ်နေသယောင်...သူခုထိဘာကိုမှနားမလည်နိုင်သေးဘူး...
မနေ့ကရိပေါ်ပြန်သွားပြီးသူဆက်သောက်နေခဲ့တာဘယ်ချိန်ကနေဘယ်လို..."ဝမ်သခင်လေးရောက်လာပါတယ်..."
"ကောကော.."
"ကျန့်ကော!!ဒါက.."
ရိပေါ်ကယွမ်လုရဲ့ပုံစံကိုမြင်တာနဲ့မျက်နှာအမြန်လွှဲလိုက်သည်.....
"ဝမ်သခင်လေးအထင်လွှဲတာပါ..ယွမ်လုမရည်ရွယ်ပါဘူး.."
ယွမ်လုကရှောင်ကျန့်ကိုလိုချင်သူပီပီအခွင့်အရေးရတာနဲ့ရှောင်းအိမ်တော်ကိုလာခဲ့ချင်းဖြစ်တယ်....
"ရိပေါ်..ကို့ကိုအပြင်ကစောင့်နေပါ..ထွက်လာခဲ့မယ်..."
"......"
ခြေလှမ်းကြဲများနဲ့လှည့်ထွက်သွားတဲ့ရိပေါ်ကိုကြည့်ပြီးရှောင်ကျန့်ဝမ်းနည်းစိတ်ရောဒေါသပါအဆုံးအစွန်ထွက်လာရသည်....
"ယွမ်လု!!.မင်းရဲ့အကြံအစည်ကဘာလဲ..ငါ့ကိုပြော..မင်းဘာတွေလုပ်ချင်နေတာလဲ.."
"အ့..နာတယ်ကောကော...အဖေကလွှတ်လို့ညကလာတာအဲ့တာကောကအရမ်းမူးနေပြီးတော့ယွမ်လုကိုယွမ်လုကို..ဟင့်.."
"ဟာကွာ.."
ဘေးနားကအလှကြွေအိုးကိုရှောင်ကျန့်ကိုင်ပေါက်ပစ်လိုက်သည်....
ယွမ်လုကိုယ်တိုင်လဲရှောင်ကျန့်ဒီလောက်ဒေါသဖစ်တာမမြင်ဖူးတာကြောင့်ကြောက်လန့်နေမိတယ်.....အပြင်မှာစောင့်နေဖို့ပြောပေမဲ့ရိပေါ်ကတော့ပြန်သွားခဲ့ပြီဆိုတာကြောင့်ရှောင်ကျန့်ယွမ်လုကိုဆွဲခေါ်လာပြီးသူ့အဖေအဆောင်ကိုထွက်လာခဲ့တယ်....
"အဖေ...ဒါဘာသဘောလဲသူ့ကိုဘာကိစ္စနနဲ့ညဘက်ကျနော့်အဆောင်ကိုလွှတ်လိုက်တာလဲ..ခုဘာတွေဖစ်ကုန်ပြီလဲအဖေသိရဲ့လား.."
ВИ ЧИТАЄТЕ
မှော်ဆန်သော(completed)
Романтикаတည်ငြိမ်နေတဲ့စမ်းချောင်းလေးကိုလှုပ်ခပ်နိုင်တာကောတယောက်တည်းပါ... ကလေးလေးကိုချစ်လွန်းလို့တယုတယအနားမှာသိမ်းစည်းထားချင်တယ်ကိုကအတ္တကြီးလွန်းတာလား...