သူ့ပုံစံကိုကြည့်ပြီးလန့်သွားပုံရတယ်..ဟုတ်ပါတယ်လေသူတခါမှဒီလိုမျိုးရှောင်ကျန့်ပုံစံနဲ့ဒေါသမထွက်ဖူးဘူး..သူ့ဒေါသကိုအဖေတွေအကိုတွေသာသိပြီးကျန်တဲ့သူတွေရှေ့မထုတ်ပြတတ်တာကြောင့်လဲဖစ်မည်....
ရိပေါ်ကသူ့ကိုမေ့နေလို့စိတ်ညစ်နေချိန်မှာခုလိုအဆုံးစွန်ထိဝေးဖို့ဖစ်အောင်ကြံစည်တဲ့သူကိုလုံးဝခွင့်မလွှတ်နိုင်ဘူး...
ကလေးနဲ့ပက်သက်ရင်ကိုကလူကြမ်းလုပ်ရလဲအဆင်ပြေတယ်...
" ကော.ကျန့်ကာ.."
" ကိုရှိတယ်..ကိုရှိတယ်..."
"ကိုကိုကျနော်မှတ်မိပြီ..."
"တကယ်...ဝမ်းသာလိုက်တာကွာ.."
ရှောင်ကျန့်ကရင်ခွင်ထဲထည့်ဖက်ထားတော့ရိပေါ်ကမျက်ရည်တွေကျပြီးငိုရှာတယ်...သူသာမမှတ်မိခဲ့ရင်ကျန့်ကောခံစားနေရမှာ"ကိုကိုဒေါသထွက်တာကြောက်ဖို့ကောင်းတယ်..."
"တောင်းပန်ပါတယ်...ကိုနောက်ကျကလေးရှေ့မှာဒေါသမထွက်တော့ဘူးနော်အရမ်းလန့်သွားလား...ကို့ကြောင့်ပါ..."
"ရပါတယ်ကျနော်အသားမကျသေးလိူ့ပါ..."
တအိအိနဲ့ငိုနေတဲ့ကောင်လေးကိုမျက်ရည်တွေသုတ်ပေးပြီးစိတ်မချတဲ့အကြည့်တွေနဲ့ကြည့်နေမိတယ်...
"ရိပေါ်..ကိုတို့လက်ထပ်ရအောင်အဖေလဲသဘောတူပြီ...မင်းနဲ့ဝေးရမှာကြောက်တယ်ရိပေါ်..ကိုအဲ့တာကိုအကြောက်ဆုံးပဲ.."
"အင်းကျနော်တို့လက်ထပ်ကြမယ်..."
...........................
"ကေျးဇူးတင်ပါတယ်သခင်လေး..အရင်က ကိစ္စတွေအတွက်လဲတောင်းပန်ပါတယ်..."
"မလိုပါဘူး..ပြီးတော့ရိပေါ်လို့ပဲခေါ်ပါအဖေ..."
"ဒီကအဘိုးကြီးတော့ဝမ်ကောင်လေးကိုပါသားအဖစ်သတ်မှတ်ရလို့ဂုဏ်တွေရှိနေပါပြီ..."
"ဟား..ဟား..အဖေကျနော့်ယောက်ဖလေးနဲ့ညီလေးကအရမ်းလိုက်ဖက်တာပဲ..."
"အကိုကအမြင်ရှိသားပဲ.."
အဆောင်ထဲကရယ်သံတွေဟာအိမ်တော်တခုလုံးပျံလွှင့်လာခဲ့တယ်....
ရှောင်ကျန့်ကလန်ဆရာကြီးကိုပါလိုက်နှုတ်ဆက်ပြီးလက်ထပ်ဖို့ခွင့်တောင်းခဲ့သည်....ဆရာကြီးရဲ့သဘောဆန္ဒအတိုင်းလန်ဂိုဏ်းအတွက်ရိပေါ်ကိုတာဝန်ပေးချင်တာကြောင့်ဂိုဏ်းခေါင်းဆောင်အဖစ်အပ်နှင်းပွဲလုပ်ပေးပြီးလန်အိမ်တော်မှာပဲမင်္ဂလာပွဲဆင်နွှဲစေတယ်....
KAMU SEDANG MEMBACA
မှော်ဆန်သော(completed)
Romansaတည်ငြိမ်နေတဲ့စမ်းချောင်းလေးကိုလှုပ်ခပ်နိုင်တာကောတယောက်တည်းပါ... ကလေးလေးကိုချစ်လွန်းလို့တယုတယအနားမှာသိမ်းစည်းထားချင်တယ်ကိုကအတ္တကြီးလွန်းတာလား...