မုသားဖြင့်လှည့်စား၍
By Merindah-322
12.3K 819 414
မုသားဖြင့် လှည့်စားရက်သူ မင်းမို့လှည့်စားရက်တယ် ငါ့မှာ​တော့မင်းရဲ့ အပြုံး ချိုချို မုသား လှလှ​​လေ... More
စာ​ရေးသူ အမှာ
Part 1
Part 2
Part3
Part 4
Part5
Charscters
Part6
Part7
Part9
Part 10
Part 11
Part 12
Part 13
Part14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
New Fiction review🙏
Part 22
Part 23
Part 24
Ngwe saung ✨
Ngwe saung✨
ဖတ်ပေးပါရန်🙏
Part8
224 25 12
By Merindah-322
အသွင်နဲ့ခြူးရိပ်သာမှူးဆီလာခဲ့လိုက်သည်။
"အန်တီ...."
ခြူးက ရိပ်သာမှူးဆိုသည့်အန်တီကိုခေါ်လိုက်သည်။
"အော်....သမီးရောက်ပြီလား...ထိုင်ကြအုံးကွယ်"
ရိပ်သာမှူးဆိုတဲ့အန်တီက ရှေ့ကထိုင်ခုံကိုညွှန်ပြပြီးပြောလာသည်။
"ဟုတ်...အန်တီ...ခြူးသူငယ်ချင်းကလဲအလှူငွေထည့်ချင်လို့တဲ့"
"ဟုတ်လား....သာဓု သာဓု သာဓုပါကွယ်...ဘိုးဘွားတွေတွက်ကအလှူငွေလိုနေတာ.."
"ဟုတ် ကျွန်တော်နဲ့ကျွန်တော့်လေးလေးပေါင်းပြီးလှူမလိုပါ"
"အလှူငွေက ဘယ်လောက်လဲ သား"
"10သိန်းပါ အန်တီ"
​"မွန်မြတ်လိုက်တာကွယ်...ဘုန်းကြီးလို့သက်ရှည်ပါစေ ဆန္ဒနဲ့ဘဝ ထပ်ထဲကျပါ​စေကွယ်"
"ဟုတ်ကဲ့အန်တီ..ပေးတဲ့ဆုနဲ့ပြည့်ပါရစေ"
"ငွေသားကတော့ သမီးလေးခြူးလွှဲသလိုဘဲ ရိပ်သာရဲ့ဘဏ် accနဲ့ဘဲလွှဲလိုက်နော် သား"
ရိပ်သာမှူးဆိုသည် အန်တီကပြုံး၍ပြောလာသည်။
"ဟုတ်ကဲ့"
"ဒါဆိုရင် ခြူးတို့ဘိုးဘွားတွေရဲ့ဝေယျာဝစ္စ သွားလုပ်လိုက်ပါအုံးမယ်"
"ကောင်းပါပြီ အန်တီ ရိပ်သာက ဆရာမတစ်ယောက်ကိုထည့်ပေးလိုက်မယ်နော် "
"ဟုတ်ကဲ့"
ခြူးနဲ့အသွင် နှစ်ယောက်စလုံးပြန်ပြောလိုက်သည်။
ထိုနောက်ရိပ်သာမှူးထည့်ပေးလိုက်သည့်ဆရာမနှင့်ကိုဇေတို့ဆီပြန်လာခဲ့ကြသည်။
"ကိုဇေတို့...လုပ်အားပေးကြမယ်လေ "
ခြူးကပြောလိုက်သည်။ထိုနောက်ဆရာမက
"ဟုတ် ဒီဘက်လိုက်ခဲ့ပေးပါနော်"
"ဟုတ်ကဲ့"
​အသွင်တို့အားလုံး ဆရာမနောက်လိုက်လာခဲ့ကြသည်။အဘိုးအဘွားတွေနေတဲ့အဆောင်တို့ရောက်လာခဲ့ကြသည်။ထိုနောက် ဆရာမက
"ထွေထွေထူးထူးတော့လုပ်ပေးစရာမရှိပါဘူးရှင့် လက်သည်းခြေသည်းလေတွေညှပ်ပေးတာတို့ စကားပြောပြောတာတို့ဆိုရင်ရပါပြီ"
"ဟုတ်ကဲ့ ကျွန်တော်တို့လုပ်ပေးလိုက်ပါ့မယ်"
စစ်မင်းအိမ်ကိုထိုဆရာမကိုပြန်ပြောလိုက်သည်။
"ကောင်းပါပြီး"
ထို့နောက် အသွင်တို့လဲ အဘိုးအဘွားတွေရဲ့လက်သည်ခြေသည်းတွေကိုကုသိုလ်ဖြစ်ညှပ်ပေးလိုက်ကြသည်။အသွင်တို့လာကြတာ မနက်9နာရီဖြစ်တဲ့တွက် ထွေထွေထူးထူးတော့ လုပ်ပေးစရာမရှိတော့ပေ။
ထိုနောက်အားလုံးပြီးသွားချိန်၌နှောင်းသည် ရိပ်သာဝင်းရှိ သရက်ပင်အောက်သို့သွားလိုက်သည်။သရက်ပင်သို့အသွားတွင်အဖွားတစ်ယောက်ဖြည်းဖြည်းလေးနဲ့လမ်းလျှောက်ပြီး မောလိုထင် ခဏရပ်နေသည်ကိုတွေ့၍နှောင်းထိုအဖွားဆီကိုသွားလိုက်သည်။ထို့နောက်အဖွားကိုမေးလိုက်သည်။
"အဖွား...ဘယ်သွားချင်လိုလဲ..ကျွန်တော်ကူတွဲပေးမယ်လေ"
ထိုအဖွားလဲ အသံလာရာကိုကြည့်လိုက်တော့ ကောင်လေးလားကောင်မလေးလားသေချာကြည့်နေမိသည်။အသံကကောင်လေးအသံဖြစ်သည့်အတွက်ကောင်လေးလို့ယူဆလိုက်သည်။အဖွားသည်အသက်ကြီးပြီးဖြစ်သည့်အတွက် မျက်စိမှုန်နေပြီးဖြစ်သည်။ထို့နောက် ထိုကောင်လေးကိုပြောလိုက်သည်။
"ဟိုနားက သရက်ပင်အောက်ကခုံလေးဆီသွားမလို့ မြေးလေးရယ်"
"ဟုတ် ကျွန်တော်လဲ အဲ့ကိုသွားမလို တူတူသွားမယ် အဖွား ကျွန်တော် ကူတွဲပေးမယ်"
နှောင်းလဲ အဖွားပြောတာနားထောင်ပြီး သူလဲသွားမည်ဖြစ်၍ ကူတွဲရန်ပြောလိုက်သည်။
"အေအေ သာဓု ပါကွယ်"
ထို့နောက် ထိုအဖွားနှင့်အတူ နှောင်သရက်ပင်ရှိရာသို့လာခဲ့ကသည်။ရောက်ပြီးဖြစ်၍သရက်ပင်အောက်က ခုံပေါ်မှာထိုင်ကြသည်။ထို့နောက် ထိုအဖွားကပြောလားသည်။
"မြေးက ဒီကမဟုတ်ဘူးထင်တယ် "
"ဟုတ်တယ် အဖွား ကျွန်တော်သူငယ်ချင်းမွေးနေ့ အလှူငွေလာလှူပြီး လုပ်အားလာပေးတာ"
"အော်....အေကွယ် သာဓုပါကွယ်"
ထိုနောက်နှောင်းနှင့် ထိုအဖွားတို့စကားပြောနေကြသည်။
*****************************************
ဇေဇေလဲ လုပ်အားပေးပြီးတော့ သူငယ်ချင်းတွေအားကြည့်လိုက်ကာ မမနှင့်စစ်မင်းအိမ်တို့က အဖွားတစ်ယောက်နှင့်စကားပြောနေကြသည်။ခြူးကိုရှာကြည့်လိုက်​တော့အသွင်နဲ့ ကျွန်တော့်ဆီလာနေသည်ကိုတွေ့ရသည်။
"ကိုဇေ...ကိုစစ်နဲ့မသျှင်တို့တော့အဖွားတစ်ယောက်နဲ့စကားပြောနေကြတယ်"
အသွင်ကဇေဇေကိုပြောလာသည်။ထို့နောက် ဇေဇေနှောင်းကို သတိရသွားပြီး အကြံတစ်ခုထွက်လာသည်။
"အသွင် သခေတ်လဲမတွေ့ပါလား သွားခေါ်ကြည့်ကွာ ဖုန်းခေါ်တာ မကိုင်လို့ဒီကောင် ဘာလုပ်နေလဲမသိ"
ကိုဇေကပြောရင် မျက်စိတစ်ဖက်မှိတ်ပြသည်အတွက်သဘောပေါက်သွားသည်။
"ဟုတ် ကိုဇေသွားရှာကြည့်လိုက်မယ် ခြူးကိုဇေနဲ့ဘဲနေခဲ့လိုက်"
"အင်"
ထို့နောက်အသွင် ကိုနှောင်းကို ရှာဖို့ထွက်လာခဲ့လိုက်သည်။တစ်နည်းအားဖြင့် ခြူးနဲ့ကိုဇေတို့အဆင်ပြေရအောင်ရှောင်ထွက်လာခဲ့လိုက်ခြင်းဖြစ်သည်။
အသွင်ထွက်သွားပြီးတော့ ကိုဇေကခြူးက်ုပြောလာသည်။
"ခြူး...ကိုဇေခြူးတွက်မွေးနေ့လက်ဆောင်..."
ဇေဇေစကားတောင်မပြီးသေးခြူးကပြောလာသည်။
"အား...ရပါတယ် ကိုဇေ မပေးလဲရတယ်နော်..."
ခြူး ကိုဇေ မဝယ်ရသေးဘူးထင်၍ပြောလိုက်သည်။ဟုတ်သည်လေ ဝယ်ပြီးရင် မသျှင်ပေးကတည်းကပေးလိုက်ပြီးပေါ့။
"မဟုတ်ဘူး...ကိုဇေကပေးမလို့ ...ဒီမှာ.."
ဇေဇေပြောပြီး လက်နောက်ပစ်ပြီးထားရာကနေ ရှေ့ထုတ်ပြီး ခြူးကိုပြလိုက်သည်။
"အယ်.....ကိုဇေ ခြူးဝယ်မလို့စဉ်းစားထားတဲ့နာရီ...ကိုဇေ ကျေးဇူးတင်တယ်နော်"
ခြူးလဲကိုဇေဆီက မွေးနေ့လက်ဆောင် မျှော်နေသော်လဲ မပေးတော့ဘူးဟုထင်နေသည်။ကိုဇေကပေးလာတော့ဝမ်းသာသွားရသည်။လိုချင်တဲ့နာရီထက် ကိုဇေပေးတာဖြစ်သည့်အတွက်ပိုပျော်နေသည်။
"ကြိုက်လား...ခြူး ..... အသွင့်ဆီက မေးပြီးဝယ်ထားတာ ခြူးဘာကြိုက်လဲမသိတော့ ဟဲဟဲ"
"ဟုတ် ကြိုက်တယ် ကိုဇေ ဟီးဟီး"
​ခြူးတစ်ယောက် စိတ်ထဲ အသွင့်ကိုမေတ္တာပို့နေသည်။အသွင်စုတ် ငါ့ကိုနည်းနည်းလေးမှမပြောဘူးကိုဇေမေးတာကို ....တွေ့အုံးမယ်။
ဇေဇေလဲခြူးကိုကြည့်ပြီးကြည်နူးနေမိသည်။စိတ်ထဲ၌...အား..ကလေးလေးအတိုင်းဘဲကွာ ချစ်ဖို့ကောင်းလိုက်တာကွာ...။ထို့နောက် သျှင်ယွန်းတို့ဆီ နှစ်ယောက်သားလာခဲ့ကြသည်။
*****************************************
အသွင် ကိုနှောင်းကိုရှာရင်နဲ့ သရက်ပင်နားရောက်လာသည်။သရက်ပင်အောက်ကိုကြည့်လိုက်တော့ အဖွားတစ်ယောက်နှင့် ကိုနှောင်းစကားပြောနေတာကိုတွေ့သည်။ကိုဇေမျက်နှာကပြုံးနေသည်။အသွင်စိတ်ထဲတွင်တော့ အမြဲတည်နေတဲ့သူက အခုကျတော့လဲ တစ်မျိုးလေးဘဲ ကြည့်ရတာ။အသွင် ဘာတွေတွေးနေတာလဲ။ဟုတ်တယ် ကိုယ့်အကိုလိုမျိုးသဘောထားလို့ဘဲတွေးမိတာဖြစ်မယ်။ထို့နောက် အသွင် ကိုနှောင်းနှင့်ထိုအဖွားရှိရာလာခဲ့လိုက်သည်။
နှောင်းသူတို့ဆီလာနေသောအသွင်ကိုကြည့်ပြီး စိတ်ထဲမရိုးမရွဖြစ်လာသည်။လူကောင်သေးသေးလေ၊ပုဆိုးကဝတ်ထားပြန် လူကြီးမဆန်းဘဲကလေးပုဆိုးဝတ်ထားတဲ့အတိုင်းဘဲ ..ဟား.. ဟား...စိတ်ထဲ၌တွေးပြီးပြုံးနေမိသည်။တဖြည်းဖြည်းနဲ့အကောင်ပေါက်ရောက်လာသည်။နှောင်းဘဲမေးလိုက်သည် ။
"အသွင်...ဘာလာလုပ်တာလဲ ပြန်ဖို့ခေါ်ခိုင်းလိုက်တာလား"
အဖွားလဲ နှောင်းပြောတဲ့အသွင်ကိုကြည့်လိုက်တော့ ပိန်ပိန်သွယ်သွယ်လေး မျက်စိမှုန်နေတော့ကောင်မလေးထင်ပြီး နှောင်းကိုမေးလိုက်သည်။
"မြေးလေး ဒါက မြေးလေးရဲ့ကောင်မလေးလား"
ထိုအဖွားမေးလိုက်တော့ နှောင်းနဲ့အသွင်ခတ္တမျှကြောင်သွားကြသည်။နှောင်း ထိုကောင်လေးကိုကြည့်လိုက်​တော့ သူရဲ့မျက်လုံးဝိုင်းဝိုင်းနဲဲ့ကြောင်ပြီးအဖွားကိုကြည့်နေသည်။နားရွက်​တွေ မျက်နှာတွေလဲရဲလို့။ဟန့်...ဒီကောင်လေးရှက်နေတာလား??
အသွင်ထိုအဖွားတာကြားပြီးမျက်နှာကိုပူထူလားင်္ပြးရှက်နေမိသည်။ထို့နောက်ထိုအဖွားကိုပြောလိုက်သည်။
"အဖွား...သားက ကိုနှောင်းသူငယ်ချင်းရဲ့ညီပါ"
"ဟေး..အဖွားကမြေးကို မိန်းကလေးလို့မြင်လို့ပါကွယ် မျက်စိလဲမှုန်နေပြီလေ တောင်းပန်ပါတယ်ကွယ်"
"ဟုတ် ရပါတယ် အဖွား"
နှောင်းလဲ ရှေ့ကအကောင်ပေါာက်လေနဲ့အဖွားပြောတာကိုနားထောင်နေသည်။သိတ်ထဲ၌ကြည်နူးသလို ပျော်သလို ပီတိဖြစ်သလိုခံစားချက်ဖြစ်နေသည်။ထို့နောက် အကောင်ပောက်လေးကပြောလာသည်။
"ကိုနှောင်း ကိုဇေခေါ်ခိုင်းလိုက်လို့"
"အော်...အေ"
ထိုမှ နှောင်းလဲအယောင်ယောင်ပြန်ပြောလိုက်သည်။
"အဖွား ဒီမှာထိုင်အုံးဖို့လား..."
"အေးကွယ် အဖွားတော့ထိုင်အုံးမယ် မြေးတို့သွားရင်သွားနှင့်ကျလေ"
"ဟူတ်ကဲ့အဖွား အပြန်ကျရင်ဂရုစိုက်ပြန်ျနာ်"
"အေပါကွယ် "
"အဖွား ကျွန်တော်တို့သွားလိုက်ပါအုံးမယ်"
"ကောင်းပါပြီကွယ်..."
*******************************************
(AN-reader တို့ရေ ဒီကာလလေးမှာကျန်းမာရေး ဂရုစိုက်ကြပါနော်🙆‍♀️..အချစ်တွေပေးခဲ့ပါတယ်💁‍♀️🤍 ဘိုးဘွားရိပ်သာက ရိပ်သာမှုးကမိန်းမလား ယောကျာ်းလားတို့ သရက်ပင်တို့က စာရေးသူရဲ့စိတ်ကူးပါ အပြင်မှာ ရှိလားမရှိလားမသိပါဘူးနော် နှင်းဆီကုန်းဘိုးဘွားရိပ်သာကတော့တကယ်ရှိပါတယ်နော် လိုအပ်တာလေးတွေရှိရင်လဲနားလည်ပေးကြပါနော်💁‍♀️💛)
~~~~~~~~~~~~~~~~~~~~~~~~~~~~~
"အန်တီ...."
"10သိန်းပါ အန်တီ"
"ဟုတ်ကဲ့"
"ဟုတ်ကဲ့"
ခြူးကပြောလိုက်သည်။ထိုနောက်ဆရာမက
"ဟုတ်ကဲ့"
"ကောင်းပါပြီး"
"အေအေ သာဓု ပါကွယ်"
*****************************************
"အင်"
*****************************************
"အသွင်...ဘာလာလုပ်တာလဲ ပြန်ဖို့ခေ့်ခိုင်းလိုက်တာလား"
"ဟုတ် ရပါတယ် အဖွား"
"အော်...အေ"
"အေပါကွယ် "
"ကောင်းပါပြီကွယ်..."
*******************************************
~~~~~~~~~~~~~~~~~~~~~~~~~~~~~
Continue Reading
You'll Also Like
175 47 5
Mafya seriyası:1 Hekayəmiz 20 yaşında tibbi bitirmiş Ayla ve Yeraltının lideri Yer üzününsə imkanlı ziyalılarından olan Ayxanın tesadüf sevgisinden...
896 458 2
- چیرۆکێک دەربارەی کوڕێکی گەنجی چاودێر و یاریدەدەر لە نەخۆشخانەی دەروونی و کچێکی نووسەر کە بەھۆی گۆشەگیرییەوە دەناڵێنێت، کوڕێک کە خۆشەویستی ڕەتدەکاتە...
13.8K 1K 17
.
4.8K 146 2
ကျုပ်က ‌ခါးသက်လွန်းတဲ့ကော်ဖီတစ်ခွက်ဆို ခင်ဗျားကနူးညံချိုမြိန်လွန်းတဲ့ ကိတ်မုန့်လုံးလေး....၊ [ရေးချင်စိတ်ဖြစ်လာလို့ Upထားလိုက်တာပါ၊စိတ်ကူးပေါက်သလောက်ရ...