ငါမင်းကိုတာဝန်မယူစေချင်ဘူး...
By L-ZeeU
240K 36.2K 1.2K
Description စုစစ်ယန်တစ်ယောက် ထိုလူနှင့်တစ်ညအိပ်ပြီးနောက် ကိုယ်၀န်ရခဲ့သည်။ သို့သော်လည်း ကလေးမလိုချင်သည့် ထိုသူ... More
Prologue
ငါ့မှာကိုယ်ဝန်ရှိနေပြီ!(Unicode)
ငါ့မှာကိုယ်ဝန်ရှိနေပြီ!(Zawgyi)
သွားပြီးဆေးစစ်ကြရအောင်(Unicode)
သွားပြီးဆေးစစ်ကြရအောင်(Zawgyi)
ကလေးလေးရှိနေတယ်(Unicode)
ကလေးလေးရှိနေတယ်(Zawgyi)
ကလေးလည်းဆုံးငါလည်းသေ(Unicode)
ကလေးလည်းဆုံးငါလည်းသေ(Zawgyi)
ပြန်လည်မွေးဖွားတာလားဟ!(Unicode)
ပြန်လည်မွေးဖွားတာလားဟ!(Zawgyi)
သတ္တိမရှိကလိမ်ကကျစ်ကောင်!(Unicode)
သတ္တိမရှိကလိမ်ကကျစ်ကောင်!(Zawgyi)
သတ္တိကြောင်တဲ့ကောင်ကစိုးရိမ်နေတယ်တဲ့!(Unicode)
သတ္တိကြောင်တဲ့ကောင်ကစိုးရိမ်နေတယ်တဲ့!(Zawgyi)
လူတွေပြောတဲ့ ပျော်လွန်းရင်ငိုရတတ်တယ် ဆိုတာဒါမျိုးလား?(Unicode)
လူတွေပြောတဲ့ပျော်လွန်းရင်ငိုရတတ်တယ်ဆိုတာဒါမျိုးလား?(Zawgyi)
Dateမယ်ဟုတ်လား?မင်းနှမကိုDate.Ah!!!(Unicode)
Dateမယ်ဟုတ်လား?မင်းနှမကိုDate.Ah!!!(Zawgyi)
ကိုယ်တို့အလောင်းအစားလုပ်ကြတာပေါ့!(Unicode)
ကိုယ်တို့အလောင်းအစားလုပ်ကြတာပေါ့!(Zawgyi)
မင်းတစ်ခါမှငွေမညစ်ဖူးဘူးလား(Unicode)
မင်းတစ်ခါမှငွေမညစ်ဖူးဘူးလား(Zawgyi)
မင်းဘယ်လောက်ပဲပုန်းနေနေကိစ္စမရှိဘူး~ဘာလို့ဆိုကိုယ်မင်းကိုလိုက်ဖမ်းနိုင်တယ်လေ
အတွေးလွန်ခြင်း(Unicode)
အတွေးလွန်ခြင်း(Zawgyi)
အိမ်ငှားတင်မယ်?အကြံကောင်းပဲ
လူချောလေးရဲ့အိမ်ငှားအသစ်
အိမ်ကနေကြိုဆိုပါတယ်
အိမ်ကနေကြိုဆိုပါတယ်
ကလေးကိုမဖျက်ချရအောင်သွေးဆောင်ခြင်း
ကလေးကိုမဖျက်ချရအောင်သွေးအောင်ခြင်း
ကိုယ်၀န်ကြောင့်လက်ထပ်ရခြင်းလား?
သူကကိုယ်၀န်ဆောင်နိုင်တာလား?
သောက်ကျိုးနည်းအခြေအနေတွေပေါင်းဖြစ်!!!
ကောင်စုတ်လေး!မင်းစောင့်နေလိုက်!!!-1
ကောင်စုတ်လေး!မင်းစောင့်နေလိုက်!!!-2
ကောင်စုတ်လေး!မင်းစောင့်နေလိုက်!!!-2
ငါက ကလေးအဖေတဲ့လား!!!
ငါက ကေလးအေဖတဲ့လား!!!
ဒီကလေးက ခင်ဗျားရဲ့ကလေးမဟုတ်ဘူး!
ဒီကေလးက ခင္ဗ်ားရဲ့ကေလးမဟုတ္ဘူး!
ဒီဖေဖေကခင်ဗျားကိုတာ၀န်မယူစေချင်ဘူး!
ကျွန်တော်မသေချင်သေးဘူး။
ဘယ်သူကရှာလကာရည်သောက်နေလို့လဲ!?
အံ့အားသင့်လွန်းလို့!
အံ့အားသင့်လွန်းလို့!
မင်းကိုများ...မုန်းလွန်းလို့!
ငါမသေသေးဘူး။ ကလေးလေးကဒီနေရာမှာရှိနေတုန်းပဲ။
ပြန်ပေးဆွဲခံရခြင်းလား?
ရှာလကာရည်အနံ့ဟာကောင်းကင်တစ်ခွင်ပျံ့နှံ့(U+Z)
ဆုံးဖြတ်!ကိုယ့်အိမ် ဒါမှမဟုတ် မင်းအိမ်!(U+Z)
ဒါက၀ံပုလွေကိုအိမ်အလည်ခေါ်တာနဲ့တူမနေဘူးလား?(U+Z)
မီးခိုးရောင်အမွှေးနဲ့မြေခွေး'လင်'ရဲ့ 'လျှို့ဝှက်ကြံစည်မှု'။(U+Z)
ဒုက္ခရှာနေတာကခင်ဗျားပါပဲ။(U+Z)
တိတ်တိတ်လေးကလိမ်ကကျစ်ကျခြင်း။(U+Z)
သားပေါက်လေးရဲ့ရုန်းကန်မှု။(U+Z)
ဒုတိယမြောက်အိပ်ခန်း
သူခဏလောက်တော့ ခေါင်းမာလို့မရဘူးလား ဟင် ရလား ရလား...?(U+Z)
စိတ်လှုပ်ရှားရာကနေ ငါ့လက်ကိုလှီးမိသွားတယ်။(Z+U)
တာဝန်ယူဖို့ ခင်ဗျားတစ်ကယ်ကြီးဆုံးဖြတ်ထားတာလား။(U+Z)
ဒါကခင်ဗျားအတွက်ဆုလာဘ်ပဲ။(U+Z)
ခင်ဗျား ကျွန်တော်ကိုကလေးဖျက်ချစေချင်နေတာလား?(U+Z)
ယောကျာ်းလေးချင်းနှစ်ယောက်ကြားကဆက်ဆံရေး...(U+Z)
မြင်သာအောင်ပြမိတော့မလို့(U+Z)
အမြန်ချောပို့/အမြန်ချောပို့ (U+Z)
ပျော်ပျော်နေတတ်သော ပေါက်စလေးနှစ်ယောက်နဲ့ အတူယှဉ်တွဲနေထိုင်သူ။(U+Z)
ရေအေးအေးချိုးရခြင်းရဲ့အဓိကအချက်။(U+Z)
ထွက်သွားစမ်းပါ။ ဒီဖေဖေက အလုပ်ကြီးအကိုင်ကြီး လုပ်ချင်နေပြီ။(U+Z)
မူးဝေ... လည်ချောင်းနာ... နှာစေး...
အနာဂတ်ချွေးမလေးကကိုယ်၀န်ရှိနေပြီတဲ့လား?
အပြုံးတစ်ပွင့်... ဘယ်လောက်ခက်ခက်ခဲခဲကြိုးစားလိုက်ရပါစေ တန်ပါရဲ့လေ။[U+Z]
အမေများကသူတို့ရဲ့သားတွေကိုဂုဏ်ပြုကြတာလား?နှလုံးသားရဲ့အောက်ခြေမှာကြိုးထုံးတစ်ခု
ဗီဒီယိုကွန်ဖရင့်မှာ...ဘာကြောင့်များကလေးပုခက်ကရှိနေရတာလဲ?[U+Z]
ချစ်ဇနီးလေး၏အမိန့်မှန်သမျှကိုလုံးဝလိုက်နာရမယ်![U+Z]
နောက်ဆုံးတော့ဇနီးလေးကိုအိမ်ခေါ်နိုင်ခဲ့ပြီ[U+Z]
ဒီအကောင်လေးကတကယ်ကို အကြောက်အလန့်မရှိတော့ဘူး
လင်မျိုးရိုးလူဆိုးကောင်ရဲ့အိမ်ကအရမ်းပြည့်စုံတာပဲ![၁]
လင်မျိုးရိုးလူဆိုးကောင်ရဲ့အိမ်ကအရမ်းပြည့်စုံတာပဲ![၂]
ရိုးသားမှုကိုဖော်ပြရင်း နောက်ဆုံးတော့ သက်သာရာရခဲ့ပြီ
ဘိုးဘေးလေးကရေချိုးကန်ကိုလွန်စွာမှနှစ်သက်လေတယ်!
အမြွာလေးတွေတဲ့... နည်းနည်းပျော်ပြီး နည်းနည်းတော့စိုးရိမ်တယ်
အလိုလေး... အနာဂတ်ချွေးမလေးကို မတွေ့ရတော့ဘူး!
အနာဂတ်ယောက္ခမတွေကသူတို့နည်းလမ်းနဲ့သူတို့အိမ်တံခါး၀သို့တိုင်ရောက်လာကြပြီ!
တံခါးမဖွင့်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်!
Announcenment!
၁၀၀%ပြည့်သန့်ရှင်းကောင်းမွန်သောဇနီး!
🚨ယောက္ခမများနှင့်တွေ့ဆုံရန်အတွက်ဆွေးနွေးတိုင်ပင်ခြင်း!🚨
ချိုမြိန်ကာ တဖြည်းဖြည်းအဆင့်တက်လာသောကာလ။
သား... အဖေနဲ့အမေက သားကိုထောက်ခံအားပေးပါတယ်!
Part.71
စိတ်လှုပ်ရှားထိတ်လန့်ဖွယ်ရာသမိုင်း၀င်တွေ့ဆုံမှုတစ်ခု
Part-73
အိုင်းယား၊ကိုယ့်ရဲ့ဘိုးဘေးလေး!ဘာ့​ကြောင့်များမင်းငိုနေရတာလဲ?
နွားချိုထဲသို့ ၀င်သွားမိခြင်း၊ သူနှင့် မမျှော်လင့်ပဲဖြစ်သည့် စစ်အေးတိုက်ပွဲ!
နှစ်ဦးစလုံးကိုယ်စီတိုင်တန်းရန် တစ်စုံတစ်ယောက်ကိုရှာဖွေ...
ဒီနေ့ခေတ်ကလေးတွေက ပိုပိုပြီးအထက်စီးဆန်လာကြတော့တာပဲ။
မင်းရဲ့ရည်ရွယ်ချက်ကဘာလဲ။
အဲဒီ့နှစ်ကို မှတ်မိနေတုန်းပဲ။
အစ်ကိုကြီးကခင်ဗျားကိုပျော်ရွှင်မှုမပေးနိုင်ရင် ကျွန်တော်ပေးမယ်!
မင်းမသိနိုင်တဲ့ တစ်နေရာရာကနေ တစ်စုံတစ်ယောက်က မင်းကို ကာကွယ်ပေးနေတတ်တယ်
အောင်ပွဲဆိုတာ ဇွဲလုံ့လ၀ီရိယကနေ ဖြစ်တည်လာတာ!
၀န်ခံမှုကိုငြင်းပယ်ခြင်း-ငါယောကျ်ားတွေကိုမကြိုက်ဘူး။
'ယောက်ျား'ဆိုတဲ့ခေါ်သံက အရမ်းကိုစိတ်ကျေနပ်ဖို့ကောင်းတယ်။
အာမခံဆေးပြား တစ်ပြားပေးဖို့ ဇနီးလေးဆီမှာ တောင်းမယ်!
ပျော်ရွှင်နေသော လင်လင်နှစ်ယောက်သား လက်စွပ်တွေ၀ယ်ကြ!
အမျိုးသားကိုယ်၀န်ဆောင်တစ်ယောက်ရဲ့စိတ်က ခန့်မှန်းဖို့ခက်ခဲတယ်။
အမည်မသိနံပါတ်။ ရှာလကာရည်သောက်ခြင်းကိစ္စများ...။
သူငယ်ချင်းဆိုတာ စိတ်သက်သာရာရဖို့အတွက်ပဲ
ဖြတ်တောက်ထားသည့်ကွန်ရက်
အဆုံးသတ်မှာတော့ ဒီအမျိုးသမီးက ဘေးအန္တရာယ်ဆိုးပါပဲလေ။
အရက်မူးပြီး ပြန်လာသည်။
🚨ဇနီးလေး... ကိုယ့်မီးငြိမ်းအောင် ကူညီပေးပါ။🚨
🚨ပစ်! ရုတ်တရက် ဗိုက်နာခြင်း!🚨
သည်းခံလိုက်နော်၊ ခဏကြာရင် မနာတော့ဘူး။
အင်း၊ သူခွဲခန်း၀င်ရတော့မယ် [၁]
အင်း၊ သူခွဲခန်း၀င်ရတော့မယ် [၂]
ကလေးမွေးဖွားရတာ တကယ်ကို နာကျင်ရတယ်
ခွင့်ပန်ခြင်း!/ခွင့်ပန်ခြင်း!
ငါ့သား​တွေက အရမ်းရုပ်​ဆိုးတာပဲ။ အာ..../ ငါ့သား​တွေက အရမ်းရုပ်​ဆိုးတာပဲ။
မမောနိုင်မပန်းနိုင်ဖြင့်၀န်ဆောင်မှုပေးခြင်း!/မမောနိုင်မပန်းနိုင်ဖြင့်ဝန်ဆောင်မှုေ
ခက်ခဲလှသောလဝက်/ခက္ခဲလွေသာလဝက္
ချိုမြိန်မှုကြောင့် သေဆုံးရခြင်းသည် ပြန်မရှင်သန်နိုင်ပါ
🚨ဇနီး​လေး... မင်း​လေးက​ လေးစားဖို့​ကောင်းလိုက်​တာကွာ🚨
အပြင်ထွက်မယ့် ခင်ပွန်းကို အနီးကပ်စောင့်ကြည့်ပါ။
ကလဲ့စားချေပါ။ အကြပ်​အတည်းဖြစ်​အောင်​လုပ်ပါ။
computer desktop​ပေါ်မှ ညစ်​ညမ်းဗွီဒီယို
မလုပ်နဲ့...ကျွန်တော်တို့ရုံးခန်းထဲမှာ...(၁)
မလုပ်နဲ့...ကျွန်တော်တို့ရုံးခန်းထဲမှာ...(၂)
အသိပေးခြင်း!/အသိပေးခြင်း!
1.3K 96 0
By L-ZeeU
___________________________________
စုစစ်ယန် အလုပ်လုပ်သည့်ကုမ္ပဏီမှာလည်း ပေါ့သေးသေးတော့မဟုတ်ပါချေ။ ထိပ်တန်းစာရင်းဝင် Mediaကုမ္ပဏီတစ်ခုဖြစ်ပြီး သူကတော့ Photographer ခေါင်းဆောင်တစ်ဦးဖြစ်၏။
ပထမမှာတော့ ထိုအလုပ်ကို အသက်မွေးဝမ်းကျောင်းမှုအနေဖြင့် စတင်ခဲ့တာမဟုတ်ပေမယ့် ထိုအရာအပေါ်မှာ တစ်ဖြည်းဖြည်း စိတ်ဝင်စားလာခဲ့ခြင်းဖြစ်သည်။
စုစစ်ယန်မှာ မိဘမဲ့ကလေးတစ်ယောက်ဖြစ်သည်။ အရင်ဘ၀မှာ သူမသေဆုံးခင်အချိန်လေးအထိ နားလည်လိုက်သည့်အရာတစ်ခုမှာကား သူဟာထူးခြားသည့် ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံရှိသူတစ်ဦးဖြစ်နေခြင်းကြောင့် သူ့မိဘတွေကသူ့ကိုမလိုချင်၍ စွန့်ပစ်လိုက်ခြင်းပေလားဟူ၍။ စုစစ်ယန်အနေဖြင့် သူ၏ဘ၀ပေးအခြေအနေကြောင့် ပညာရေးပိုင်းဆိုင်ရာမှာ မြင့်မားမှုမရှိချေ။
မိဘမဲ့ဂေဟာက သူ့ကိုအထက်တန်းအောင်မြင်သည်အထိ ထောက်ပံ့ပေးခဲ့၏။ ထို့နောက်မှာကား သူသည်ကောလိပ်ကို ဆက်မတက်နိုင်ခဲ့ချေ။ ကျောင်းတက်နေစဉ်မှာလည်း အလုပ်လုပ်ခဲ့သလို အခြားအလုပ်ပေါင်းများစွာကိုလည်း တစ်ချိန်တည်းမှာပင်လုပ်ခဲ့သည်။
(အချိန်ပိုင်းအလုပ်တွေပြောတာထင်ပါတယ် သူက part timeလို့ ရေးမထားလို့)
၂၁ရာစုမှာ တွေ့ရခဲသည့် လူတော်လူကောင်းလေးတစ်ဦးပမာ စုစစ်ယန် သူ၏စာလေ့လာခြင်းကို လုံးလုံးကြီးမစွန့်လွှတ်ခဲ့ပါချေ။ သူကိုယ်တိုင် စာလေ့လာပြီးနောက် ကောလိပ်ကနေဘွဲ့ရရှိခဲ့သည်။ ဘွဲ့လက်မှတ်ကို ဒီနှစ်ကုန်မှာ သူလက်ခံရရှိမည်ဖြစ်၏။
သို့ပေမယ့် ဓာတ်ပုံပညာကို သူစိတ်ဝင်စားလာသည်နှင့်အမျှ သူစုဆောင်းထားသမျှကို ထိုအရာပေါ်ပုံအပ်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သူအောင်မြင်ခဲ့ပါသည်။ ယခုအချိန်မှာတော့ သူ့ဆန္ဒတြွေပည့်ဝကာ ထိုကုမ္ပဏီ၏ chief photographerဖြစ်ခဲ့ချေပြီ။
သူ့အလုပ်ဟာ တည်ငြိမ်ပြီး လစာကလည်းသူ့အတွက်လုံလောက်သလို ထိုအလုပ်ကိုလုပ်ရတာ စိတ်အပန်းလည်းပြေသည်။
အရင်ဘ၀၌ သူ့အသက်မဆုံးမှီသုံးလခန့်မှသာ သူဟာသန္ဓဆောင်နိုင်သူတစ်ဦးဖြစ်နေသည်ကို သိခဲ့ရသည်မို့ လက်ရှိဘ၀တွင်လည်း နောက်တစ်ကြိမ်ကိုယ်ဝန်ရှိလာတာမျိုးဖြစ်လာနိုင်၏။
ထိုသို့ဖြစ်လာလျှင် သူနှင့်ကလေးအတွက် သူ့လစာလေးဖြင့် မလုံလောက်နိုင်ပါချေ။ ထို့ကြောင့် အလုပ်ကို ပုံမှန်အတိုင်းဆက်လုပ်ဖို့သာ ဆုံးဖြတ်လိုက်သည်။
Ah!
စုစစ်ယန် မေးထောက်ရင်း ကွန်ပြူတာစခရင်ပေါ်က တစ်ဝက်တစ်ပျက် ပြီးစီးနေပြီဖြစ်သည့် filmကိုစိုက်ကြည့်နေသည်။ သူသက်ပြင်းချနေသည်မှာလည်း ၇ကြိမ်ထက်မနည်းတော့ချေ။
သောက်ကျိုးနည်း သူဘာတွေလုပ်ခဲ့မိပါလိမ့်! ဘာလို့များ လွန်ခဲ့တဲ့ပိတ်ရက်က ယောက်ျားတွေနဲ့တွေ့ဖို့ရာ night clubကိုသွားခဲ့မိပါလိမ့်။
မှန်သည် သူယောက်ျားတွေကိုကြိုက်ပါသည်။ ဒါကလည်း သူ့အမှားတော့မဟုတ်ချေ။ သူ့ရဲ့သဘာဝကိုက ဒ်ီအတိုင်းဖြစ်ပြီး ထိုကိစ္စနှင့်ပတ်သက်၍လည်း ဘာမှမတတ်နိုင်ခဲ့ပေ။
ဒါပေမယ့် သူယောက်ျားတွေကို ကြိုက်တယ်ဆိုလျှင်တောင် သူ့အတွက်သင့်တော်တဲ့လူတစ်ဦးရောက်လာတဲ့အထိ အေးအေးဆေးဆေးလေးပဲနေပြီး စောင့်ခဲ့သင့်တာမလား။ ထိုသို့မနေပဲ ကိုယ်တိုင်ပင် မထိန်းနိုင်မသိမ်းနိုင် အစာရှာထွက်လိုက်သေးသည်။
ထိုမျှမက အကြင်နာမဲ့ပြီးတာဝန်သိစိတ်မရှိသူတစ်ဦးကို နှိုးဆွမိပြီး ကိုယ်ဝန်ရလိုက်ရုံတင်မကသေး ထိုသူနှင့်အတူ ကလေးဖျက်ချဖို့ဆေးရုံအထိသွားကာ သူ့အသက်ကိုပင် စွန့်လိုက်သေးသည်။
ကံကောင်း၍ ကောင်းကင်ဘုံကသူ့အဖြစ်ကိုမြင်ပြီး ကြင်နာသနားကာ နောက်တစ်ကြိမ်ပြန်လည်မွေးဖွားခွင့်ကိုပေးခဲ့သည်။ သို့သော်လည်း ကောင်းကင်ဘုံ၏စက္ခုအာရုံက အတော်လေးကိုအဝေးမှုန် မှုန်နေပုံရသည်။
ပြန်လည်မွေးဖွားခွင့်ပေးသည့်အချိန်က အနည်းငယ်လွဲချော်ကာ နောက်ကျနေ၏။ အကယ်၍ သူမွေးဖွားလာသည့်အချိန်မှာ night clubကိုသွားသည့်အချိန်အတော်အတွင်း ဖြစ်နေလျှင်ပင် လမ်းတစ်ဝက်ကလှည့်ပြန်ကာ အိမ်မှာပဲ အိပ်နေလိုက်မည်ဖြစ်သည်။
သူ့ကိုသတ်ပစ်မည်ဟုခြိမ်းခြောက်လာရင်တောင် သူယောက်ျားတွေနဲ့ တွေ့ဆုံရန် night clubကိုနောက်တစ်ကြိမ်သွားမည် မဟုတ်။
အခုတော့ ဘာလုပ်ရမှာတုန်း! ဟိုလူ့ မျိုးစေ့တွေက သူ့ကိုယ်တွင်းကို အပြည့်ခံဖြည့်လိုက်ရပြီးပြီမလား အခုဘာဖြစ်မည်ဆိုတာကိုပင် မသိနိုင်တော့။ အဖြေက ဘာဆိုတာ တိတိပပမသိရသေးသလို သူ့နှလုံးသားဟာလည်း တစ်ခုခုဖြင့် ချည်နှောင်ခံထားရသလို လေးလံနေ၏။
မနက်ကကောင်းနေသည့်စိတ်အခြေအနေဟာဖြင့် နေ့ခင်းအထိပင်မခံပါချေ။ သူ့လုပ်ဖော်ကိုင်ဖက်တွေ ပြောနေကြသည့် 'ငှါးရမ်းခတွေ ဈေးတက်လာပြန်ပြီ'ဆိုသည့် စကားတွေကိုနားထောင်နေမိသည်။
"အိုက်ယား တကယ်ကို မတတ်နိုင်တော့ဘူး.."
ရုတ်တရက် သူ့ရဲ့အသိစိတ်တွေဟာ ဖျက်ခနဲလက်သွားပြီး အတွေးတစ်ချို့ပေါ်လာကာ ပူပန်မှုများသည်လည်း တိုးလာ၏။ အိပ်ခန်းနှစ်ခန်းနှင့် ဧည့်ခန်းတစ်ခုပါသည့်အိမ်ကိုဝယ်ရန်အတွက် ချေးငွေတွေယူခဲ့၏။
အခုထိ ထိုချေးငွေတွေကို ပြန်ဆပ်ခဲ့ရသလို ကြွေးကျေဖို့ရာလည်း မလွယ်ကူခဲ့ပါချေ။ လွန်ခဲ့တဲ့နှစ် နှစ်ကုန်မှာတော့ ချေးငွေတွေအားလုံးကို ကျေအောင်ဆပ်နိုင်ခဲ့ပါသည်။ ထိုအိမ်ကသာ သူပိုင်သည့်တစ်ခုတည်းသောအရာ သူ၏ကြွယ်ဝမှုပင်။
ယခုအချိန်အထိ အိမ်ငှါးနေရဆဲ အခြားရွယ်တူ လုပ်ဖော်ကိုင်ဖက်တွေနှင့် ယှဉ်လျှင်တော့ သူကကံကောင်းပါသေးသည်။
သို့ပေမယ့် ထိုအိမ်နှင့် ဓာတ်ပုံပညာကိုမြတ်နိုးမိ၍သာ သူ့ရဲ့စုငွေတွေအားလုံး ပလုံသွားခြင်းဖြစ်သည်။
ထိုသို့မဟုတ်ဘဲ သူ့မှာသာ ငွေများများရှိခဲ့လျှင် သူကိုယ်ဝန်ဆောင်နေစဉ် ထိုသုံးလမှာ သူ့ကိုသေစေခဲ့သည့်တရားခံ ထိုအကျင့်မကောင်းသည့်လူကို သွားရှာစရာအကြောင်း မရှိပါချေ။
ဆိုရိုးတစ်ခုရှိသည် ။ မြွေတစ်ကြိမ် အကိုက်ခံရဖူးသူသည် ရေတွင်းကြိုးကို ဆယ်နှစ်တိုင်အောင် ကြောက်ရွံ့တတ်သည် ဟူ၏။ အရင်ဘ၀က သူ့ကြုံခဲ့ရတဲ့ ပြဿနာတွေကို ပြန်သတိရတဲ့အခါစုဇစ်ယောင် မပြုံးနိုင်တော့ပါချေ။
"ဒီနေ့တစ်နေ့လုံး ဘာလို့သက်ပြင်းတွေချည်းချနေရတာလဲ ခေါင်းထိပြီး ရူးချင်နေပြီလား "
စုစစ်ယန်၏မျက်နှာချင်းဆိုင်စားပွဲမှာထိုင်နေသည့် မျက်မှန်တပ်ထားသည့် လင်းခိုင်ဟူသောခပ်၀၀လူမှ မေးလာသည် ။ ထိုသူကရုပ်မဆိုးပါချေ သို့ပေမယ့် အနည်းငယ်ဝ၏ ။
သူကစကားများသူတစ်ဦးဖြစ်ပြီး စိတ်ထားလည်းကောင်းသည် ။ ဒီနေ့မှာ စုစစ်ယန်သက်ပြင်းကိုဆက်တိုက်ချနေတဲ့အခါ သူသည်လည်း မမေးဘဲ မနေနိုင်တော့ချေ။
"သွားစမ်းပါ ငါ့ကိုလာမရှုပ်နဲ့ ငါ့မှာစိတ်ပူစရာတွေနဲ့"
ချီးထုတ်လင်ကျန်းရီ သူ့ကိုဝန်ခံခဲ့တာတွေကို မေးထောက်ကာပြန်တွေးရင်းသူ့နှလုံးသားကလက်မခံဖို့ တွန်းအားပေးနေရသည် ။
"ဘာကိုစိုးရိမ်နေတာလဲ ပျော်ရွှင်တတ်သည့်လူငယ်တစ်ဦးသည် သူ့မိသားစုကို ဘယ်တော့မှထမင်းငတ်စေမည်မဟုတ် တဲ့ အဲလိုပဲမင်းက chief photographer လေ မင်းရဲ့လစာက ငါတို့ထက်တောင် ကောင်းသေးတယ် ငါတို့လိုအိမ်ငှါးနေစရာလည်းမလိုဘူး မင်းမှာခန်းမကျယ်ကြီးနဲ့အိပ်ခန်းနှစ်ခုပါတဲ့အိမ်ကြီးလည်း ရှိသေးတယ် ဘယ်လောက်တောင်ကောင်းလဲ "
လင်းခိုင်တစ်ယောက် အလွန်တရာမှအားကျသော အသံကြီးဖြင့် ပြောလာသည်။
"မိသားစုတိုင်းမှာ အခက်အခဲတွေရှိတယ် ငါ့မှာလည်းငါ့အခက်အခဲနဲ့ငါရှိတာပဲ ဟုတ်ပြီလား အခုငါငွေအရမ်းလိုနေတယ် အဲ့အကြောင်းတွေးလိုက်တိုင်း ခေါင်းကိုက်လို့သေမလိုပဲ "
စုစစ်ယန် သူ့ခေါင်းသူအုပ်ကာရင်း စားပွဲပေါ်ကိုလှဲချကာ စိတ်ဓာတ်ကျနေတဲ့အသံဖြင့်ပြောလာသည် ။
"မင်းအိမ်ကိုအငှါးချလို့ရတယ်လေ လူတစ်ယောက်အတွက် အခန်းတစ်ခန်းဆိုရပြီပဲ အခြားအခန်းကလွတ်နေမှာပဲကို အခုချိန်အိမ်ငှါးခတွေဈေးတက်နေတာ မင်းအိမ်ကလည်းနေရာကောင်းမှာ ငှါးဖို့အကောင်းဆုံးနေရာပဲ အား ငါ့ကောင်ရာ ဘာလို့များမေ့နေခဲ့မိပါလိမ့် ငါသာသုံးလစာစရန်ကြိုပေးပြီး အိမ်မငှါးမိရင် မင်းဆီမှာငှါးနေပါတယ်ကွာ "
လင်းခိုင်ပြောသလိုပဲ။ စုစစ်ယန် မျှော်လင့်ချက် ရောင်ခြည်လေးကိုမြင်လိုက်ရတဲ့အခါ ကျေနပ်သွားပြီး ပြုံးလိုက်ကာဖြင့် သူ့ပေါင်သူ ပုတ်လိုက်သည် ။
ဒါကနည်းလမ်းကောင်းပဲမလား။ သူအိမ်ကိုငှါးလိုက်သည်နှင့် အိမ်ရောင်းစရာမလိုပဲ ငွေဝင်မည်ဖြစ်သလို သူလည်းနေစရာမပျောက်တော့ချေ။ ဒါဟာ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်သလိုပင်။ ဘာလို့အဲလိုမလုပ်ပဲနေရမှာလဲ။
စုစစ်ယန်၏အပြုံးမှာ အနည်းငယ် မှေးမှိန်သွားသည်။ သုံးလတည်းအငှါးချရင်တောင် ပြဿနာမရှိချေ။ ဘာပဲဖြစ်ဖြစ် သူသာတကယ်ကိုယ်ဝန်ရှိနေပြီဆိုရင် အခြေအနေတွေဟာလည်း ရောက်လာဖို့ရာ သိပ်မလိုတော့ချေ။
သူ၏ ခန္ဓာကိုယ်မှာလည်း ပုံစံပြောင်းလာတော့မည်ဖြစ်သည်။ ထိုအချင်းအရာကြောင့် အိမ်ငှါးကိုခြောက်လန့်မိပြီး ထွက်ပြေးစေခဲ့မိပါက ဘာလုပ်သင့်သည်လဲ။
ကြည့်ရတာ ထိုအခြေအနေအတွက် ဖြေရှင်းနည်းရှာသင့်သည်ထင်၏။ သူ့အနေဖြင့် သတ္တိရှိပြီး အကြောင်းအရာသစ်တွေကို လက်ခံနိုင်သည့် အသိုင်းအဝိုင်းကောင်းပြီး ကိုယ်ကျင့်သိက္ခာကောင်းမွန်သည့်လူတစ်ဦးကို လက်ခံရန်အတွက် အကဲခတ်နိုင်စွမ်းကောင်းကောင်း လိုအပ်သည် ။
________________________
Footnotes (from Novel update CN) :
မြွေတစ်ကြိမ် အကိုက်ခံရဖူးသူသည် ရေတွင်းကြိုးကို ဆယ်နှစ်တိုင်အောင် ကြောက်ရွံတတ်၏ (一年被蛇咬,十年怕井绳) : မြွေတစ်ခါကိုက်ခံရပါက မြက်ထုံးကြိုးကိုပင် သုံးနှစ်ကြာအောင် ကြောက်လန့်နေတတ်သည် ။ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ဆိုတဲ့အဓိပ္ပါယ်နဲ့အတူတူပါပဲ ။
ပျော်ရွှင်တတ်သည့်လူပျိုတစ်ဦးသည် သူ့မိသားစုကို ဘယ်တော့မှထမင်းငတ်စေမည်မဟုတ် (一人吃饱全家不饿) : လူပျိုလူလွတ်တစ်ဦးဗိုက်ဝလျှင် သူ့မိသားစုသည်လည်း ဗိုက်ဝ၏ ။
Translator Note : ခြူးက E to Mပြန်တာပါ တရုတ်စကားပုံတွေကိုလည်း မသိပါဘူး အာ့မို့အမှားအယွင်းပါရင်သည်းခံထောက်ပြပေးပါ
_________
Translated by Lazy__kallyCHU
#Yaw_Ywet_Kway(Zulay)
#Words.1736
Continue Reading
You'll Also Like
219K 33.4K 83
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
387K 15K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
386K 9.4K 83
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
92.3K 12.8K 91
ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေ...