MWFV Ch 67
There is no Stepmother
Zawgyi Version
ၿပီးခဲ့တဲ့အားလပ္ရက္က ၿပိဳင္ပြဲအတြင္း သူမရဲ႕ identity ကို ေဖာ္ထုတ္လိုက္တဲ့ေက်းဇူးေၾကာင့္ တနလၤာေန႔ စုေပေက်ာင္းကိုလာတဲ့အခ်ိန္မွာ သူမ ရႈယန္ယန္အမည္ရွိ သစၥာရွိ fan တစ္ဦးကို ေအာင္ျမင္စြာရရွိခဲ့တယ္။
"နတ္ဘုရား Q, နတ္ဘုရား Q, နင္ ေနာက္ဆုံးေတာ့ေရာက္လာၿပီေပါ့!" စုေပနဲ႔ စုေရွာင္ေပါင္တို႔ ေက်ာင္းအေဆာက္အဦးကို ၀င္ေတာင္မဝင္ရေသးခင္မွာဘဲ ရႈယန္ယန္က စုေပေရွ႕ေမွာက္သို႔ စိတ္လႈပ္ရွားစြာနဲ႔ ေျပးထြက္လာခဲ့ၿပီျဖစ္တယ္။
စုေပ : "ငါ့နာမည္ပဲေခၚပါ"
ရႈယန္ယန္က ေခါင္းမာစြာနဲ႔ ေခါင္းခါလိုက္ရင္း
"ဟင့္အင္း, နာမည္ေခၚတာႀကီးက သိပ္မရင္းႏွီးသလိုပဲ, နင့္ကို နတ္ဘုရား Q လို႔ေခၚရတာပိုေကာင္းတယ္"
Red hackers ဆိုတာက သီးျခားအသိုင္းအဝိုင္းတစ္ခုျဖစ္ၿပီး ၎အဖြဲ႕ဝင္မ်ားကလည္း သူ႔နည္းသူ႔ဟန္ႏွင့္ အဆင္ေျပၾကတာျဖစ္တယ္။ အစ္ကိုႀကီးရႈက သူမရဲ႕နာမည္အရင္းကို သိေနတာေတာင္မွ စုေပကို အခုထိ 'ေဘဘီ Q' လို႔ပဲေခၚေနေသးသလိုမ်ိဳး ရႈယန္ယန္ကလည္း သူမကို 'နတ္ဘုရား Q' လို႔ပဲ ဆက္ေခၚခ်င္ေနတာျဖစ္တယ္။
စုေပ : ...အဲ့လိုလား?
စုေရွာင္ေပါင္ : ႏုံလိုက္တာ။
"နတ္ဘုရား Q, ဒီဟာက ငါအထူးစပယ္ရွယ္ျပင္ဆင္ထားတဲ့ လက္ေဆာင္ေတြပါ! အရင္တစ္ေခါက္ကဟာေတြကို ထည့္တြက္မေနနဲ႔ေတာ့။ ဒီေန႔ကမွ နင့္အတြက္ ငါ့ရဲ႕တရားဝင္မိတ္ဆက္လက္ေဆာင္စစ္စစ္ပါ" ရႈယန္ယန္က သူ႔လက္ထဲကဟာေတြကို စုေပထံ လွမ္းေပးလိုက္တယ္။ အဲဒါက ပစၥည္းေတြအျပည့္နဲ႔ ေနာက္ထပ္ အထုပ္တစ္ထုပ္ျဖစ္တယ္။ ဒီေန႔လက္ေဆာင္ေတြရဲ႕ ထူးျခားခ်က္ကေတာ့ ပန္းေရာင္ပုံးတစ္ပုံးနဲ႔ ထုတ္ပိုးထားျခင္းပဲျဖစ္တယ္။
"ဒီတစ္ေခါက္ေတာ့ နင္ ဒါေတြကို ႀကိဳက္မွာေသခ်ာတယ္!" ရႈယန္ယန္က ယုံၾကည္မႈအျပည့္နဲ႔ ေျပာလိုက္တယ္။
[Q] က မိန္းကေလးတစ္ေယာက္မွန္း မသိေသးတဲ့အခ်ိန္တုန္းက သူျပင္ဆင္ေပးခဲ့တဲ့ လက္ေဆာင္ေတြကို စဥ္းစားၾကည့္လိုက္ေတာ့ ရႈယန္ယန္ခမ်ာ အလြန္အမင္း အရွက္ရသြားခဲ့မိတယ္။ အရင္လက္ေဆာင္ေတြက သတင္းအမွားေၾကာင့္ ေ႐ြးခ်ယ္လိုက္မိတာျဖစ္တယ္။ သို႔ေသာ္ ယေန႔မွာေတာ့ ဒီလက္ေဆာင္အသစ္အားလုံးကို သင့္တင့္ေလ်ာက္ပတ္တဲ့ ေလ့လာဆန္းစစ္မႈတစ္ခု ေသေသခ်ာခ်ာျပဳလုပ္ၿပီးမွ သူ၀ယ္ယူခဲ့တာျဖစ္တယ္။ ဒီလက္ေဆာင္အသစ္ေတြက အရင္တစ္ေခါက္ သူ႔အရွက္ေတြကို ေသခ်ာေပါက္ ဖုံးကြယ္ေပးႏိုင္လိမ့္မယ္။
"ဒီကီးဘုတ္ကိုၾကည့္ပါဦး။ ငါ အဲဒါကို specialist တစ္ေယာက္ သီးသန႔္ရွာၿပီး စိတ္ႀကိဳက္လုပ္ထားတာေလ, နင္ၿပိဳင္ပြဲမွာသုံးဖို႔ သင့္ေတာ္မွာက်ိန္းေသတယ္" ရႈယန္ယန္က ဘူးထဲက ပေရာ္ဖက္ရွင္နယ္အဆင့္ကီးဘုတ္ကို ထုတ္လိုက္တယ္။ ဒီကီးဘုတ္က high-tech ျဖစ္႐ုံတင္မကဘဲ မိန္းကေလးေတြအႀကိဳက္ ပန္းေရာင္ကာလာေလးပါ ျခယ္သထားေသးတယ္!
ထို႔ေနာက္ စုေပက ရႈယန္ယန္တစ္ေယာက္ အဖိုးတန္ရတနာေတြ ေပးကမ္းေနသကဲ့သို႔ ဘူးထဲကေန ပစၥည္းေတြ တစ္ခုၿပီးတစ္ခု ထုတ္ယူေနတာကို ၾကည့္ေနလိုက္ရေတာ့တယ္ : ခ်စ္စရာေကာင္းတဲ့ anime ဇာတ္ေကာင္တစ္ခု ႐ိုက္ႏွိပ္ထားတဲ့ cherry blossom pink penny board (skateboard) တစ္ခု၊ ပန္းေရာင္ေၾကာင္နား႐ြက္ headphones တစ္ခု၊ ေရာင္စုံေခါင္းစီးကြင္းမ်ား၊ အေတာင္ပံအေသးေလးနဲ႔ အလွဆင္ထားတဲ့ ပန္းေရာင္ေက်ာင္းလြယ္အိတ္ေလးတစ္လုံး၊ ပန္းေရာင္စိန္တုနဲ႔ အလွဆင္ထားတဲ့ စာေရးကိရိယာဘူးတစ္ဘူးႏွင့္ ပန္းေရာင္ဘာဘီေရေႏြးခြက္တစ္ခြက္ပင္။
ရႈယန္ယန္ : "ဘယ္လိုလဲ? မိုက္တယ္မလား?"
စုေပ : "..."
ရႈယန္ယန္၏ 'fan activity' က အနီးအနားရွိ ေက်ာင္းသားမ်ားကို ဆြဲေဆာင္ႏိုင္ခဲ့တယ္။
"အဲဒါေက်ာင္းအလွပန္းေလးမလား? အဲ့ေကာင္ေလးကဘယ္သူလဲ?"
"သူလည္း အတန္း ၈-၇ ကပဲ။ ငါထင္တာေတာ့ သူ႔နာမည္က ရႈယန္ယန္ဆိုလားပဲ"
"ေကာင္ေလးတစ္ေယာက္က ေကာင္မေလးတစ္ေယာက္ကို လက္ေဆာင္အျပည့္နဲ႔ ဘူးႀကီးတစ္ဘူးေပးတာကို ငါေတြ႕ဖူးတာ ဒါပထမဆုံးအႀကိမ္ပဲ။ ေတာ္ေတာ္ေလး romantic ျဖစ္တာပဲေနာ္"
လူအုပ္ႀကီးက ဒီကိစၥကို ခေရေစ့တြင္းက် မသိရွိၾကေခ်။ ရႈယန္ယန္က စုေပကို လက္ေဆာင္ေတြ ေပးေနတာကိုသာျမင္ၿပီး ၎တို႔က သူ ေက်ာင္းအလွပန္းေလးကို ဖြင့္ေျပာေနတယ္လို႔ ထင္သြားၾကတာျဖစ္တယ္။
"သူဖြင့္ေျပာတာေအာင္ျမင္လိမ့္မယ္လို႔ နင္ထင္လား? စုေပက လက္ခံပါ့မလား?"
"မျဖစ္ႏိုင္ဘူး။ စုေပက ေက်ာင္းအလွပန္းေလးေလ။ သာမန္ေယာက္်ားေလးေတြေလာက္ကေတာ့ သူ႔အဆင့္နဲ႔ကိုက္မွာမဟုတ္ဘူး"
"ဒါေပမဲ့ ငါၾကည့္တာေတာ့ ဒီရႈယန္ယန္ကလည္း ၾကည့္ေကာင္းသားပဲ။ သူလည္း အေတာ္ေလးေခ်ာတာပဲကို"
"ဟားဟား အဲ့ဒါထက္စာရင္ သခင္ေလးစုက သူ႔ကို အေသ႐ိုက္မလား မ႐ိုက္ဘူးလားဆိုတာကို ငါပိုသိခ်င္တာ"
"နင္ေျပာတာဟုတ္သား!"
သခင္ေလးစုရဲ႕ 'sister complex' က ေက်ာင္းမွာ နာမည္ႀကီးလွတယ္။ ယခင္ ေယာက္်ားေလးအေတာ္မ်ားမ်ားက စုေပကို ဖြင့္ေျပာရန္ႀကိဳးစားခဲ့ၾကေပမဲ့ ရလဒ္အေနနဲ႔ကေတာ့ ၎တို႔ခမ်ာ ေအးစက္စက္မ်က္ႏွာထားနဲ႔ စုေရွာင္ေပါင္ရဲ႕ လူသိရွင္ၾကားေမာင္းထုတ္ခံရျခင္း ဒါမွမဟုတ္ ဘတ္စကက္ေဘာကြင္းထဲမွာ ၎တို႔ဘဝကို သံသယျဖစ္ရေလာက္တဲ့အထိ အမဲဖ်က္ခံရျခင္းတို႔ ႀကဳံေတြ႕ၾကရတာျဖစ္တယ္။
"ဒီရႈယန္ယန္က သခင္ေလးစုေရွ႕မွာ စုေပကို တကယ္ႀကီး လက္ေဆာင္ေတြေပးရဲတယ္ေပါ့။ သူေသမွာမေၾကာက္ဘူးလား? ဟားဟား!"
---
သို႔ေပသိ ရလဒ္က လူတိုင္းကိုအံ့အားသင့္ေစခဲ့တယ္ : စုေရွာင္ေပါင္က ရႈယန္ယန္ကို ေမာင္းမထုတ္တဲ့အျပင္ ရႈယန္ယန္က စုေပကို ေပးတဲ့လက္ေဆာင္ေတြကိုပါ အလ်င္ဦးေအာင္ လက္ခံလိုက္ေသးတယ္။ ထို႔ေနာက္ သူတို႔သုံးေယာက္သား စာသင္ခန္းသို႔ အတူတကြေလွ်ာက္သြားခဲ့ၾကတယ္။
ေဘးကေစာင့္ၾကည့္ေနသူမ်ားခမ်ာ ေၾကာင္အေနၾကေတာ့တယ္။
"ဖာ့ခ္, ဒါႀကီးက ဘယ္လိုတိုးတက္မႈႀကီးလဲဟ။ ေသာက္ရမ္းဆန္းၾကယ္လြန္းတယ္"
"မျဖစ္ႏိုင္ဘူး။ သခင္ေလးစုက ရႈယန္ယန္ကို 'ေယာက္ဖ' အျဖစ္ လက္ခံလိုက္တာလား?"
...
အတန္းထဲမွာ တုန႔္ဝိန္ခ်ီက ရႈယန္ယန္ရဲ႕ စုေပအတြက္ လက္ေဆာင္ေတြကိုျမင္ၿပီး အူလႈိက္သဲလႈိက္ရယ္ေနခဲ့တယ္။ "ဟားဟားဟား, ငါ့ကို ရယ္ေသေစခ်င္ေနတာလား? တကယ္လို႔မ်ား ဒီဟာေတြကို လက္ေဆာင္ရတာလို႔ နင္မေျပာထားဘူးဆိုရင္ နင္အိမ္ကထြက္ေျပးဖို႔လုပ္ေနတယ္လို႔ ငါထင္လိုက္မိမွာ။ လက္ေဆာင္ေတြကို ဒီလိုပုံးအႀကီးႀကီးနဲ႔ ဘယ္သူက တစ္ခါတည္းေပးလို႔လဲ?"
"ေနာက္ၿပီး ရႈယန္ယန္။ နင့္မွာ ဘယ္လိုအလွအပခံစားမႈမ်ိဳးရွိေနတာလဲ? ပန္းေရာင္ေတြမွ မနည္းမေနာပဲ။ ပန္းေရာင္ႀကိဳက္တဲ့ငါေတာင္မွ မ်က္လုံးေတြနာေနတုန္းပဲ"
"ၿပီးေတာ့ အရယ္ရဆုံးတစ္ခုကိုၾကည့္ဦး, ဘာဘီေရေႏြးခြက္ႀကီးဟ!"
ရႈယန္ယန္ခမ်ာ ရွက္ေနရေတာ့တယ္။ "အဲဒါေတြက ဘာျဖစ္ေနလို႔လဲ? ငါ အင္တာနက္ေပၚမွာ ေသခ်ာေမးထားတာပဲေလ။ ဒီဟာက မိန္းကေလးေတြႀကိဳက္တဲ့အေရာင္လို႔ လူတိုင္းေျပာၾကတဲ့ဥစၥာ"
တုန႔္ဝိန္ခ်ီ : "ဟားဟား, နင္အလိမ္ခံလိုက္ရတာ ဒါမွမဟုတ္ နင္ေမးလိုက္တဲ့သူေတြမွာ ကုမရတဲ့ straight-male ေရာဂါရွိေနလို႔ျဖစ္မွာေပါ့"
"ဘုရားေရ, ငါမရေတာ့ဘူး။ အဲ့ဟာေတြကို ေဝးေဝးယူသြားစမ္းပါ။ အဲ့တာေတြေၾကာင့္ ငါ့မ်က္လုံးေတြနာေနၿပီ"
"တ-တကယ္လားဟင္?" ရႈယန္ယန္က စုေပကို ရွက္ကိုးရွက္ကန္းၾကည့္လိုက္မိတယ္။ သူေပးလိုက္တဲ့လက္ေဆာင္က ဒီတစ္ေခါက္လည္း က်ရႈံးသြားျပန္ၿပီလား?
စုေပက အသာေလး ေခါင္းညိတ္ျပလိုက္တယ္--တစ္ခုခ်င္းစီဆိုရင္ေတာ့ ဒီလက္ေဆာင္ေတြက တကယ့္ကို အေတာ္ေလး ေကာင္းမြန္လွတယ္။ ဒါေပမဲ့ အတူတူထားလိုက္တဲ့အခါမွာေတာ့ အဲဒါေတြက တကယ္တမ္း ေတာ္ေတာ္ေလးကို ရယ္စရာေကာင္းေနတယ္။
ရႈယန္ယန္ : "ဒါဆို Q-မဟုတ္ဘူး, စုေပ, ဒီတစ္ေခါက္လည္း ထည့္မတြက္နဲ႔ေတာ့။ မိတ္ဆက္လက္ေဆာင္အတြက္ ျပန္ျပင္ဆင္ဖို႔ ငါ့ကို ေနာက္ထပ္အခြင့္အေရးတစ္ခုေပး။ ငါတို႔ ဟုန္ဖုန္းေတာင္ကိုတက္တဲ့အခါက်ရင္ ငါမင္းရဲ႕ေနာက္လိုက္ေလးလုပ္ပါရေစ။ ဒါပဲေနာ္, ဘိုင့္!"
ရႈယန္ယန္တစ္ေယာက္ သူ႔ထိုင္ခုံကို ျပန္ေျပးသြားခ်ိန္မွာ စုေပက တုန႔္ဝိန္ခ်ီကိုၾကည့္ၿပီး ဇေဝဇဝါနဲ႔ေမးလိုက္တယ္။ "သူဘာကိုဆိုလိုခ်င္တာလဲ?"
တုန႔္ဝိန္ခ်ီက မရွင္းျပမီ ႏွစ္ႀကိမ္ခန္႔ရယ္လိုက္တယ္။ "သူက နင့္ရဲ႕ကူလီျဖစ္ခ်င္တာ! နင္အလုပ္သမားတစ္ေယာက္ အလကားရလိုက္တာပဲ။ ဒီအေရာင္းအဝယ္က အျမတ္အမ်ားႀကီးရတာေပါ့"
"ဟမ္?"
"အာ, ဟုတ္သား။ နင္မသိေသးဘူးပဲ" တုန႔္ဝိန္ခ်ီက ထပ္မံရွင္းျပတယ္။ "ဘာအမွားအယြင္းမွမရွိဘူးဆိုရင္ ဒီအပတ္ ဒါမွမဟုတ္ ေနာက္အပတ္မွာ ငါတို႔ေက်ာင္းက ျပင္ပေလ့လာေရးခရီးစဥ္တစ္ခု စီစဥ္လိမ့္မယ္..."
တစ္ႏွစ္တစ္ႀကိမ္က်င္းပေသာ ေက်ာင္းျပင္ပေလ့လာေရးခရီးစဥ္မွာ ေဝ့မင္အလယ္တန္းေက်ာင္း၏ ပုံမွန္လုပ္႐ိုးလုပ္စဥ္ပြဲေတာ္မ်ားထဲမွ တစ္ခုျဖစ္တယ္။ ၎က သုံးရက္တာၾကာျမင့္မွာျဖစ္တယ္။ ေက်ာင္းမွ ဟုန္ဖုန္းသဘာဝရႈခင္းနယ္ေျမမ်ား၌ ေတာင္တက္ျခင္း၊ စခန္းခ်ျခင္းႏွင့္ ေပ်ာ္ပြဲစားထြက္ျခင္းမ်ား ျပဳလုပ္ရန္အတြက္ ေက်ာင္းသားမ်ားႏွင့္အတူ မိဘမ်ားပါ လိုက္ပါဖို႔အတြက္ ဖိတ္ၾကားေလ့ရွိတာျဖစ္တယ္။
ေက်ာင္းသားမ်ားမွာ ပုံမွန္အားျဖင့္ တစ္ေန႔လုံး စာေလ့လာသင္ၾကားၾကရတာျဖစ္ၿပီး ၎တို႔၏မိဘမ်ားမွာလည္း အလားတူ အလုပ္မ်ားၾကတာျဖစ္တယ္။ အဲဒါက မိဘမ်ားႏွင့္ ကေလးမ်ား အတူတကြ အျပင္ထြက္လည္ႏိုင္မယ့္ ႀကဳံေတာင့္ႀကဳံခဲ အခြင့္အေရးတစ္ခုျဖစ္တာေၾကာင့္ လူတိုင္းက ၎ေလ့လာေရးခရီးကို ေမွ်ာ္လင့္ေစာင့္စားေနခဲ့ၾကတယ္။
တုန႔္ဝိန္ခ်ီရဲ႕ရွင္းျပခ်က္ကို နားေထာင္ၿပီးတဲ့ေနာက္ စုေပက ေခါင္းညိတ္လိုက္တယ္။ "ဒါဆို တစ္ေက်ာင္းလုံးသြားၾကမွာလား?"
တုန႔္ဝိန္ခ်ီ : "အဲ့လိုေတာ့လည္း မဟုတ္ဘူးဟ။ တစ္ခ်ိဳ႕လူေတြက အဖြဲ႕လိုက္လႈပ္ရွားမႈေတြကို မႀကိဳက္ေတာ့ မပါၾကဘူးေလ။ ေနာက္ၿပီး ကိုးတန္းကက်ေတာ့ စာေမးပြဲနီးလို႔ စာက်က္ရမွာမို႔လို႔ မသြားျဖစ္ၾကဘူး။ ခုႏွစ္တန္းနဲ႔ ရွစ္တန္းေတြပဲ သြားရမွာ"
တုန႔္ဝိန္ခ်ီက စုေပရဲ႕ပခုံးကို ပုတ္လိုက္တယ္။ "ဒီဟာက ႀကဳံေတာင့္ႀကဳံခဲ ေပ်ာ္ရမယ့္အခြင့္အေရးတစ္ခုပဲေလ, ငါတို႔ ဒါကိုတန္ဖိုးထားရမွာေပါ့!" ထို႔ေနာက္ သူမက မႏွစ္တုန္းက ဟုန္ဖုန္းေတာင္သို႔သြားစဥ္ သူမရဲ႕အေတြ႕အႀကဳံကို စုေပထံ ဆက္လက္ေျပာျပခဲ့တယ္။ စုေပလည္း ခဏနားေထာင္ၿပီး ေနာက္ဆုံးေတာ့ ျပင္ပေလ့လာေရးခရီးစဥ္ကို စတင္ေစာင့္ေမွ်ာ္လာမိေတာ့တယ္။
"စုေပ, အန္ကယ္ခ်င္က နင္နဲ႔အတူတူသြားမွာလား?"
"ငါမသိဘူး..." Mr.ခ်င္က အလုပ္နည္းနည္းမ်ားတယ္ေလ။
ညေနခင္းတြင္ Mr.ခ်င္က အမႊာႏွစ္ေယာက္ကို သူ႔စာၾကည့္ခန္းသို႔ ေခၚလိုက္တယ္။ စုေပနဲ႔ စုေရွာင္ေပါင္တို႔က ေဘးခ်င္းကပ္ထိုင္ေနၾကတယ္။ စုေပက Mr.ခ်င္ သူတို႔ကိုေခၚရတဲ့ အေၾကာင္းျပခ်က္ကို တိတ္တိတ္ေလး မွန္းဆေနၿပီး သူ႔မ်က္ႏွာေပၚက အမာ႐ြတ္ကို သူ႔လက္ေခ်ာင္းထိပ္ေတြနဲ႔ အမွတ္တမဲ့ကုတ္ျခစ္ေနမိတယ္။
အခုအခ်ိန္မွာ စုေပရဲ႕အမာ႐ြတ္က အနာက်က္သြားၿပီျဖစ္တာေၾကာင့္ တစ္ခါတစ္ရံ ယားယံလွတယ္။ စုေပခမ်ာ ၎ကို မၾကာခဏဆိုသလို မသိလိုက္မသိဘာသာနဲ႔ ကုတ္ဖဲ့ေနမိၿပီး မွန္ၾကည့္ခ်ိန္ေတြမွာဆိုရင္ အနာေဖးေတြကိုပါ ဆြဲခြာဖို႔ ႀကိဳးစားေနမိတာျဖစ္တယ္။
လက္အႀကီးႀကီးတစ္စုံက စုေပရဲ႕လႈပ္ရွားမႈကိုရပ္တန႔္သြားေစခဲ့တယ္။
ခ်င္ေရွာက္ : "အဲဒါကိုကုတ္မေနနဲ႔ေလ"
"အိုး" စုေပက ခပ္ေပ်ာ့ေပ်ာ့ျပန္ေျဖလိုက္ၿပီး နာခံစြာနဲ႔ပဲ သူမလက္ကိုခ်လိုက္တယ္။
သူ႔သမီးေလးရဲ႕မ်က္ႏွာေပၚက အမာ႐ြတ္ကိုစစ္ေဆးအၿပီးမွာ Mr.ခ်င္က ခပ္မတ္မတ္ထိုင္ၿပီး စတင္ေျပာဆိုလိုက္တယ္။ "အေဖ မင္းတို႔ကိုေျပာစရာရွိတယ္"
"ဘာလဲ?" စုေရွာင္ေပါင္က Mr.ခ်င္ရဲ႕စကားကို ၾကားျဖတ္လိုက္တယ္။ ေကာင္ေလးက သူ႔အေဖကို ေအးတိေအးစက္ၾကည့္ၿပီး ေျပာလိုက္တယ္။ "အေဖက ကြၽန္ေတာ္တို႔ကို မိေထြးရွာေပးမလို႔ဆို?"
ခ်င္ေရွာက္ အရမ္းအံ့ၾသသြားမိတယ္။
ခ်င္ေရွာက္ : ဘာမိေထြးလဲ?
Mr.ခ်င္ရဲ႕အၾကည့္က သူမဘက္လွည့္လာတာကို ျမင္လိုက္ရေတာ့ စုေပက ေခါင္းကိုငုံ႔လိုက္မိတယ္။ တကယ္ေတာ့ သူမ စုေရွာင္ေပါင္ကို ဒီကိစၥနဲ႔ပတ္သတ္ၿပီး ေျပာျပထားၿပီးသားျဖစ္တယ္။ အဲဒီအခ်ိန္တုန္းက သူမ သူ႔အစ္ကို,ကို လိမၼာပါးနပ္စြာ ေျပာဆိုခဲ့တယ္။ "Mr.ခ်င္မွာ သူ႔ကိုယ္ပိုင္ေပ်ာ္႐ႊင္မႈကို ရွာေဖြခြင့္ရွိတယ္ေလ, ေနာက္ၿပီး လိုအပ္ခ်က္မွာ လက္ထပ္ဖို႔ဆိုတာကလည္း ေသခ်ာေပါက္ပါတာေပါ့" သို႔ေပသိ စုေပထင္မထားမိခဲ့တာက စုေရွာင္ေပါင္က အဲ့ဒီစကားႏွစ္ခြန္းကေန သူမရဲ႕ဆိုလိုရင္းကို အတိအက်ႀကီး ခန႔္မွန္းႏိုင္လိမ့္မယ္ဆိုတာပါပဲ။
Mr.ခ်င္က စုေပရဲ႕ေခါင္းကိုငုံ႔ထားၿပီး တည္ၿငိမ္ခ်င္ေယာင္ေဆာင္ေနေသာ္ျငား ညႇိဳးငယ္ေနတဲ့မ်က္ႏွာကို ျမင္လိုက္ရတဲ့အခါ ဒီေကာင္မေလးေတာ့ အဲ့ညက သူ႔စကားေတြကို နားလည္မႈလြဲသြားၿပီပဲလို႔ သူအလ်င္အျမန္ မွန္းဆမိခဲ့တယ္။
Mr.ခ်င္က ကူကယ္ရာမဲ့ေနေပမဲ့လို႔ နည္းနည္းေတာ့ သေဘာက်ေနမိတယ္။ သူျပန္ေမးလိုက္တယ္။ "မင္းတို႔ေတြက အေဖ ေနာက္တစ္ႀကိမ္လက္ထပ္ဖို႔ မိန္းမတစ္ေယာက္ကိုရွာေနၿပီး အဲ့ဒီမိန္းမက မင္းတို႔ရဲ႕မိေထြးျဖစ္လာမယ္လို႔ ထင္ေနၾကတာလား?"
စုေပက ေခါင္းညိတ္ျပလိုက္တယ္။
စုေရွာင္ေပါင္က ခ်င္ေရွာက္ကို 'အဲဒါအမွန္ပဲလို႔ ေျပာရဲေျပာၾကည့္, ကြၽန္ေတာ္တို႔နဲ႔ အေဖနဲ႔ေတာ္စပ္တာေတြကို ခ်က္ခ်င္းျဖတ္ပစ္ၿပီးေတာ့ စုေပကိုေခၚၿပီးထြက္သြားလိုက္မွာ' ဆိုတဲ့အၾကည့္မ်ိဳးနဲ႔ စိုက္ၾကည့္ေနခဲ့တယ္။
စုေပ : "အဲ့လိုမဟုတ္ဘူးလား?"
"မဟုတ္ပါဘူး," Mr.ခ်င္က ခ်က္ခ်င္း ျပန္ေျဖလိုက္တယ္။ "အေဖက မိေထြးအေၾကာင္း ေျပာမွာမဟုတ္သလို အဲ့လိုလူလည္းရွိလာမွာမဟုတ္ဘူး"
ခဏရပ္လိုက္ၿပီးေနာက္ ခ်င္ေရွာက္က ၎တို႔ထံ တည့္တည့္ၾကည့္ၿပီး ေျပာလိုက္တယ္။ "အေဖ ဒီေန႔ မင္းတို႔ကိုေျပာျပခ်င္တာက မင္းတို႔ရဲ႕ေမြးမိခင္အေၾကာင္းပါ"
အမႊာႏွစ္ေယာက္ ႐ုတ္ခ်ည္းဆိုသလို ေၾကာင္အမ္းအမ္းျဖစ္သြားၾကရေတာ့တယ္။
စုေရွာင္ေပါင္ : "အေဖ ဘာေျပာလိုက္တယ္?"
စုေပ : "!!!"
ဒီနားလည္မႈလြဲတာႀကီးက အေတာ္ေလးႀကီးတယ္ဆိုေပမဲ့ တကယ္ေတာ့ Mr.ခ်င္က သူတို႔ရဲ႕ေမြးမိခင္အေၾကာင္း ေျပာျပခ်င္တာတဲ့လား? သူေျပာျပမွာက ႏွစ္ေပါင္းမ်ားစြာ offline ျဖစ္ေနခဲ့တဲ့ ဝတၳဳထဲက အရံဇာတ္ေကာင္ေလးတစ္ေယာက္ျဖစ္တဲ့ စုမိန္ရဲ႕အေၾကာင္းလား?!
စုေပ : "သူ မေသဘူးလား?"
စုေပရဲ႕တုံ႔ျပန္မႈကို နားလည္ေပးလို႔ရတယ္။ ၀တၳဳထဲမွာ အမ်ိဳးသမီးအရံဇာတ္ေကာင္ စုမိန္က အဓိကစုံတြဲရဲ႕မဂၤလာပြဲအပိုင္း ၿပီးဆုံးသြားတဲ့ေနာက္ လုံးဝကို offline ျဖစ္သြားခဲ့တယ္။ အဲ့ဒီေနာက္ ဝတၳဳမွာ 'စုမိန္' အေၾကာင္း ေနာက္ထပ္တစ္ႀကိမ္တစ္ခါမွ် ေဖာ္ျပခဲ့ျခင္းမရွိေတာ့ေပ။ အဲဒါေၾကာင့္ ၀တၳဳကိုဖတ္ရႈသူမ်ားက သဘာဝက်က်ေလးပဲ စုမိန္ကေတာ့ သူ႔ထမင္းဘူးသူရသြားၿပီလို႔သာ ေတြးလိုက္ၾကေတာ့တယ္။
[T/N : receiving lunchbox ဆိုတာက မင္းသား/မင္းသမီးတစ္ေယာက္က သူတို႔ရဲ႕႐ိုက္ကူးေရးအပိုင္း ၿပီးဆုံးသြားလို႔ ႐ိုက္ကြင္းကေန ထြက္သြားတာကိုဆိုလိုတာပါ။ ဝတၳဳေတြထဲက 'going offline' ဆိုတဲ့စကားလုံးနဲ႔ဆင္ၿပီး ဇာတ္ေကာင္တစ္ခုက အၿပီးတိုင္ေပ်ာက္ကြယ္သြားခ်ိန္မွာသုံးတဲ့ slang တစ္ခုပါ]
စုေပလည္း အလားတူ ထင္ျမင္ခ်က္မ်ိဳးပဲျဖစ္တယ္ : သူမႏွင့္ စုေရွာင္ေပါင္တို႔ရဲ႕ေမြးမိခင္က မေတာ္တဆမႈအခ်ိဳ႕ ႀကဳံေတြ႕ရတာလား ဒါမွမဟုတ္ အဓိကစုံတြဲရဲ႕ 'ဂ႐ုစိုက္' ခံရတာမ်ားလား။ စုေပက ဒီဘဝတစ္သက္တာမွာေတာ့ သူ႔အေနနဲ႔ 'ေမြးမိခင္' ဆိုတဲ့စကားလုံးကို သူတို႔ရဲ႕ဖခင္ဆီကေန ၾကားရလိမ့္မယ္လို႔ သူလုံးဝ ေမွ်ာ္လင့္မထားခဲ့မိဘူး။
Mr.ခ်င္က သူ႔ကေလးေတြရဲ႕တုံ႔ျပန္မႈက က်ိဳးေၾကာင္းဆီေလ်ာ္တယ္လို႔ ေတြးမိလိုက္တယ္။ သို႔ေပမဲ့ စုေပနဲ႔ စုေရွာင္ေပါင္တို႔အေနနဲ႔ သူတို႔ရဲ႕ 'ေမြးမိခင္' အေပၚထားရွိတဲ့ သေဘာထားကို ျမင္လိုက္ရခ်ိန္မွာေတာ့ Mr.ခ်င္က အေတာ္ေလး ေက်နပ္အားရမႈရွိသြားခဲ့တယ္။
"မေသပါဘူး။ သူျပန္လာၿပီ" Mr.ခ်င္က သူတို႔ကို အမွန္အတိုင္းေျပာလိုက္တယ္။
"မင္းတို႔ စုန႔္ယန္ခ်န္းကို ေတြ႕ဖူးၾကတယ္မလား။ လြန္ခဲ့တဲ့ဆယ္ႏွစ္ေက်ာ္ေလာက္တုန္းက သူ႔ရဲ႕လွ်ိဳ႕ဝွက္ႀကံစည္မႈတစ္ခုေၾကာင့္ အေဖက မင္းတို႔ရဲ႕ေမြးအေမနဲ႔ ႐ုပ္ပိုင္းဆိုင္ရာဆက္ဆံေရးတစ္ခုရွိခဲ့ၿပီးေတာ့ မင္းတို႔ႏွစ္ေယာက္ ေမြးဖြားလာခဲ့တယ္" ခ်င္ေရွာက္က အျဖစ္မွန္ကို သက္သက္မဲ့ဖုံးကြယ္မထားခဲ့တာပင္, ဘာျဖစ္လို႔လည္းဆိုေတာ့ သူျပန္အဖတ္ဆယ္ခ်င္တာေၾကာင့္ရယ္နဲ႔ တစ္ျခားအလားတူ အေၾကာင္းျပခ်က္မ်ားေၾကာင့္ပဲျဖစ္တယ္။ ေရွာင္ေပနဲ႔ ေရွာင္ေပါင္တို႔ရဲ႕ေမြးဖြားမႈက မေတာ္တဆမႈတစ္ခုေၾကာင့္ျဖစ္ေသာ္ျငား သူတို႔ေလးေတြက သူ႔ရတနာေလးေတြျဖစ္တယ္ဆိုတဲ့အခ်က္ကေတာ့ ေျပာင္းလဲသြားမွာမဟုတ္ဘူး။
ခ်င္ေရွာက္က ကေလးေတြကို စုမိန္အေၾကာင္း သူရွာေဖြေတြ႕ရွိသမွ် အရာအားလုံးနီးပါးကို အက်ဥ္းခ်ဳံးေျပာျပခဲ့တယ္, သူတို႔ေတြကို ေမြးဖြားၿပီးတဲ့ေနာက္ သူမဘာေတြလုပ္ခဲ့သလဲဆိုတာေတြအျပင္ သူမသြားခဲ့တဲ့ေနရာ၊ သူမရဲ႕ေနာက္အိမ္ေထာင္နဲ႔ သူမရဲ႕မိသားစုအသစ္အေၾကာင္းပါ အပါအဝင္ျဖစ္တယ္။ လင္ယုံနဲ႔ ၿပိဳင္ဆိုင္ဖို႔အတြက္ စုမိန္လုပ္ခဲ့တဲ့ မသင့္ေလ်ာ္တဲ့အရာတစ္ခုျဖစ္တဲ့ သူတို႔ေလးေတြကို ေမြးဖြားၿပီးတာနဲ႔ စုန႔္ယန္ခ်န္းအား သူမကိုလက္ထပ္ဖို႔ အတင္းဖိအားေပးတယ္ဆိုတာကလြဲၿပီး Mr.ခ်င္က ဘာကိုမွဖုံးကြယ္ထားခဲ့ျခင္းမရွိေခ်။ သူက ႐ိုး႐ိုးရွင္းရွင္းေလးပဲ သူတို႔ရဲ႕မူလေမြးဖြားမႈအေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး မေကာင္းတဲ့ခံစားခ်က္မ်ိဳး သူတို႔ကို မခံစားရေစခ်င္တာျဖစ္တယ္။
"ဒါဆို, ေဖေဖ ဒီ့အရင္က သမီးကိုေမးခဲ့တဲ့ အေမတစ္ေယာက္လိုခ်င္လားဆိုတာက အဲ့ဒီစု_ သမီးတို႔ရဲ႕ေမြးမိခင္အေၾကာင္းကိုေျပာတာလား?"
"ဟုတ္တယ္, မင္းတို႔က အ႐ြယ္ေရာက္လာၾကၿပီေလ။ မင္းတို႔ႏွစ္ေယာက္စလုံးမွာ ကိစၥရပ္ေတြအေပၚ အေျခခံက်တဲ့အသိအျမင္နဲ႔ ေဝဖန္ပိုင္းျခားႏိုင္စြမ္းေတြ ရွိေနၾကၿပီးသားပဲ။ အေဖ ဒါကိုေျပာျပတယ္ဆိုတာကလည္း မင္းတို႔မွာသိခြင့္ရွိတာမို႔လို႔ပဲ။ ဒီကိစၥကို ဘယ္လိုကိုင္တြယ္ေျဖရွင္းမလဲဆိုတာကေတာ့ မင္းတို႔ႏွစ္ေယာက္စလုံးမွာ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ခ်ပိုင္ခြင့္ရွိတယ္"
[Author's Note :
စာေရးသူတြင္ေျပာစရာရွိသည္။
Mr.ခ်င္ : ကေလးေတြက မေတာ္တဆေမြးဖြားလာၾကတယ္ဆိုေပမဲ့ သူတို႔ေလးေတြက ကြၽန္ေတာ့္ရဲ႕ရတနာေလးေတြပါ]
15.7.2021
Thursday
___________________________________
MWFV Ch 67
There is no Stepmother
Unicode Version
ပြီးခဲ့တဲ့အားလပ်ရက်က ပြိုင်ပွဲအတွင်း သူမရဲ့ identity ကို ဖော်ထုတ်လိုက်တဲ့ကျေးဇူးကြောင့် တနင်္လာနေ့ စုပေကျောင်းကိုလာတဲ့အချိန်မှာ သူမ ရှုယန်ယန်အမည်ရှိ သစ္စာရှိ fan တစ်ဦးကို အောင်မြင်စွာရရှိခဲ့တယ်။
"နတ်ဘုရား Q, နတ်ဘုရား Q, နင် နောက်ဆုံးတော့ရောက်လာပြီပေါ့!" စုပေနဲ့ စုရှောင်ပေါင်တို့ ကျောင်းအဆောက်အဦးကို ၀င်တောင်မဝင်ရသေးခင်မှာဘဲ ရှုယန်ယန်က စုပေရှေ့မှောက်သို့ စိတ်လှုပ်ရှားစွာနဲ့ ပြေးထွက်လာခဲ့ပြီဖြစ်တယ်။
စုပေ : "ငါ့နာမည်ပဲခေါ်ပါ"
ရှုယန်ယန်က ခေါင်းမာစွာနဲ့ ခေါင်းခါလိုက်ရင်း
"ဟင့်အင်း, နာမည်ခေါ်တာကြီးက သိပ်မရင်းနှီးသလိုပဲ, နင့်ကို နတ်ဘုရား Q လို့ခေါ်ရတာပိုကောင်းတယ်"
Red hackers ဆိုတာက သီးခြားအသိုင်းအဝိုင်းတစ်ခုဖြစ်ပြီး ၎င်းအဖွဲ့ဝင်များကလည်း သူ့နည်းသူ့ဟန်နှင့် အဆင်ပြေကြတာဖြစ်တယ်။ အစ်ကိုကြီးရှုက သူမရဲ့နာမည်အရင်းကို သိနေတာတောင်မှ စုပေကို အခုထိ 'ဘေဘီ Q' လို့ပဲခေါ်နေသေးသလိုမျိုး ရှုယန်ယန်ကလည်း သူမကို 'နတ်ဘုရား Q' လို့ပဲ ဆက်ခေါ်ချင်နေတာဖြစ်တယ်။
စုပေ : ...အဲ့လိုလား?
စုရှောင်ပေါင် : နုံလိုက်တာ။
"နတ်ဘုရား Q, ဒီဟာက ငါအထူးစပယ်ရှယ်ပြင်ဆင်ထားတဲ့ လက်ဆောင်တွေပါ! အရင်တစ်ခေါက်ကဟာတွေကို ထည့်တွက်မနေနဲ့တော့။ ဒီနေ့ကမှ နင့်အတွက် ငါ့ရဲ့တရားဝင်မိတ်ဆက်လက်ဆောင်စစ်စစ်ပါ" ရှုယန်ယန်က သူ့လက်ထဲကဟာတွေကို စုပေထံ လှမ်းပေးလိုက်တယ်။ အဲဒါက ပစ္စည်းတွေအပြည့်နဲ့ နောက်ထပ် အထုပ်တစ်ထုပ်ဖြစ်တယ်။ ဒီနေ့လက်ဆောင်တွေရဲ့ ထူးခြားချက်ကတော့ ပန်းရောင်ပုံးတစ်ပုံးနဲ့ ထုတ်ပိုးထားခြင်းပဲဖြစ်တယ်။
"ဒီတစ်ခေါက်တော့ နင် ဒါတွေကို ကြိုက်မှာသေချာတယ်!" ရှုယန်ယန်က ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်တယ်။
[Q] က မိန်းကလေးတစ်ယောက်မှန်း မသိသေးတဲ့အချိန်တုန်းက သူပြင်ဆင်ပေးခဲ့တဲ့ လက်ဆောင်တွေကို စဉ်းစားကြည့်လိုက်တော့ ရှုယန်ယန်ခမျာ အလွန်အမင်း အရှက်ရသွားခဲ့မိတယ်။ အရင်လက်ဆောင်တွေက သတင်းအမှားကြောင့် ရွေးချယ်လိုက်မိတာဖြစ်တယ်။ သို့သော် ယနေ့မှာတော့ ဒီလက်ဆောင်အသစ်အားလုံးကို သင့်တင့်လျောက်ပတ်တဲ့ လေ့လာဆန်းစစ်မှုတစ်ခု သေသေချာချာပြုလုပ်ပြီးမှ သူ၀ယ်ယူခဲ့တာဖြစ်တယ်။ ဒီလက်ဆောင်အသစ်တွေက အရင်တစ်ခေါက် သူ့အရှက်တွေကို သေချာပေါက် ဖုံးကွယ်ပေးနိုင်လိမ့်မယ်။
"ဒီကီးဘုတ်ကိုကြည့်ပါဦး။ ငါ အဲဒါကို specialist တစ်ယောက် သီးသန့်ရှာပြီး စိတ်ကြိုက်လုပ်ထားတာလေ, နင်ပြိုင်ပွဲမှာသုံးဖို့ သင့်တော်မှာကျိန်းသေတယ်" ရှုယန်ယန်က ဘူးထဲက ပရော်ဖက်ရှင်နယ်အဆင့်ကီးဘုတ်ကို ထုတ်လိုက်တယ်။ ဒီကီးဘုတ်က high-tech ဖြစ်ရုံတင်မကဘဲ မိန်းကလေးတွေအကြိုက် ပန်းရောင်ကာလာလေးပါ ခြယ်သထားသေးတယ်!
ထို့နောက် စုပေက ရှုယန်ယန်တစ်ယောက် အဖိုးတန်ရတနာတွေ ပေးကမ်းနေသကဲ့သို့ ဘူးထဲကနေ ပစ္စည်းတွေ တစ်ခုပြီးတစ်ခု ထုတ်ယူနေတာကို ကြည့်နေလိုက်ရတော့တယ် : ချစ်စရာကောင်းတဲ့ anime ဇာတ်ကောင်တစ်ခု ရိုက်နှိပ်ထားတဲ့ cherry blossom pink penny board (skateboard) တစ်ခု၊ ပန်းရောင်ကြောင်နားရွက် headphones တစ်ခု၊ ရောင်စုံခေါင်းစီးကွင်းများ၊ အတောင်ပံအသေးလေးနဲ့ အလှဆင်ထားတဲ့ ပန်းရောင်ကျောင်းလွယ်အိတ်လေးတစ်လုံး၊ ပန်းရောင်စိန်တုနဲ့ အလှဆင်ထားတဲ့ စာရေးကိရိယာဘူးတစ်ဘူးနှင့် ပန်းရောင်ဘာဘီရေနွေးခွက်တစ်ခွက်ပင်။
ရှုယန်ယန် : "ဘယ်လိုလဲ? မိုက်တယ်မလား?"
စုပေ : "..."
ရှုယန်ယန်၏ 'fan activity' က အနီးအနားရှိ ကျောင်းသားများကို ဆွဲဆောင်နိုင်ခဲ့တယ်။
"အဲဒါကျောင်းအလှပန်းလေးမလား? အဲ့ကောင်လေးကဘယ်သူလဲ?"
"သူလည်း အတန်း ၈-၇ ကပဲ။ ငါထင်တာတော့ သူ့နာမည်က ရှုယန်ယန်ဆိုလားပဲ"
"ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို လက်ဆောင်အပြည့်နဲ့ ဘူးကြီးတစ်ဘူးပေးတာကို ငါတွေ့ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ။ တော်တော်လေး romantic ဖြစ်တာပဲနော်"
လူအုပ်ကြီးက ဒီကိစ္စကို ခရေစေ့တွင်းကျ မသိရှိကြချေ။ ရှုယန်ယန်က စုပေကို လက်ဆောင်တွေ ပေးနေတာကိုသာမြင်ပြီး ၎င်းတို့က သူ ကျောင်းအလှပန်းလေးကို ဖွင့်ပြောနေတယ်လို့ ထင်သွားကြတာဖြစ်တယ်။
"သူဖွင့်ပြောတာအောင်မြင်လိမ့်မယ်လို့ နင်ထင်လား? စုပေက လက်ခံပါ့မလား?"
"မဖြစ်နိုင်ဘူး။ စုပေက ကျောင်းအလှပန်းလေးလေ။ သာမန်ယောက်ျားလေးတွေလောက်ကတော့ သူ့အဆင့်နဲ့ကိုက်မှာမဟုတ်ဘူး"
"ဒါပေမဲ့ ငါကြည့်တာတော့ ဒီရှုယန်ယန်ကလည်း ကြည့်ကောင်းသားပဲ။ သူလည်း အတော်လေးချောတာပဲကို"
"ဟားဟား အဲ့ဒါထက်စာရင် သခင်လေးစုက သူ့ကို အသေရိုက်မလား မရိုက်ဘူးလားဆိုတာကို ငါပိုသိချင်တာ"
"နင်ပြောတာဟုတ်သား!"
သခင်လေးစုရဲ့ 'sister complex' က ကျောင်းမှာ နာမည်ကြီးလှတယ်။ ယခင် ယောက်ျားလေးအတော်များများက စုပေကို ဖွင့်ပြောရန်ကြိုးစားခဲ့ကြပေမဲ့ ရလဒ်အနေနဲ့ကတော့ ၎င်းတို့ခမျာ အေးစက်စက်မျက်နှာထားနဲ့ စုရှောင်ပေါင်ရဲ့ လူသိရှင်ကြားမောင်းထုတ်ခံရခြင်း ဒါမှမဟုတ် ဘတ်စကက်ဘောကွင်းထဲမှာ ၎င်းတို့ဘဝကို သံသယဖြစ်ရလောက်တဲ့အထိ အမဲဖျက်ခံရခြင်းတို့ ကြုံတွေ့ကြရတာဖြစ်တယ်။
"ဒီရှုယန်ယန်က သခင်လေးစုရှေ့မှာ စုပေကို တကယ်ကြီး လက်ဆောင်တွေပေးရဲတယ်ပေါ့။ သူသေမှာမကြောက်ဘူးလား? ဟားဟား!"
---
သို့ပေသိ ရလဒ်က လူတိုင်းကိုအံ့အားသင့်စေခဲ့တယ် : စုရှောင်ပေါင်က ရှုယန်ယန်ကို မောင်းမထုတ်တဲ့အပြင် ရှုယန်ယန်က စုပေကို ပေးတဲ့လက်ဆောင်တွေကိုပါ အလျင်ဦးအောင် လက်ခံလိုက်သေးတယ်။ ထို့နောက် သူတို့သုံးယောက်သား စာသင်ခန်းသို့ အတူတကွလျှောက်သွားခဲ့ကြတယ်။
ဘေးကစောင့်ကြည့်နေသူများခမျာ ကြောင်အနေကြတော့တယ်။
"ဖာ့ခ်, ဒါကြီးက ဘယ်လိုတိုးတက်မှုကြီးလဲဟ။ သောက်ရမ်းဆန်းကြယ်လွန်းတယ်"
"မဖြစ်နိုင်ဘူး။ သခင်လေးစုက ရှုယန်ယန်ကို 'ယောက်ဖ' အဖြစ် လက်ခံလိုက်တာလား?"
...
အတန်းထဲမှာ တုန့်ဝိန်ချီက ရှုယန်ယန်ရဲ့ စုပေအတွက် လက်ဆောင်တွေကိုမြင်ပြီး အူလှိုက်သဲလှိုက်ရယ်နေခဲ့တယ်။ "ဟားဟားဟား, ငါ့ကို ရယ်သေစေချင်နေတာလား? တကယ်လို့များ ဒီဟာတွေကို လက်ဆောင်ရတာလို့ နင်မပြောထားဘူးဆိုရင် နင်အိမ်ကထွက်ပြေးဖို့လုပ်နေတယ်လို့ ငါထင်လိုက်မိမှာ။ လက်ဆောင်တွေကို ဒီလိုပုံးအကြီးကြီးနဲ့ ဘယ်သူက တစ်ခါတည်းပေးလို့လဲ?"
"နောက်ပြီး ရှုယန်ယန်။ နင့်မှာ ဘယ်လိုအလှအပခံစားမှုမျိုးရှိနေတာလဲ? ပန်းရောင်တွေမှ မနည်းမနောပဲ။ ပန်းရောင်ကြိုက်တဲ့ငါတောင်မှ မျက်လုံးတွေနာနေတုန်းပဲ"
"ပြီးတော့ အရယ်ရဆုံးတစ်ခုကိုကြည့်ဦး, ဘာဘီရေနွေးခွက်ကြီးဟ!"
ရှုယန်ယန်ခမျာ ရှက်နေရတော့တယ်။ "အဲဒါတွေက ဘာဖြစ်နေလို့လဲ? ငါ အင်တာနက်ပေါ်မှာ သေချာမေးထားတာပဲလေ။ ဒီဟာက မိန်းကလေးတွေကြိုက်တဲ့အရောင်လို့ လူတိုင်းပြောကြတဲ့ဥစ္စာ"
တုန့်ဝိန်ချီ : "ဟားဟား, နင်အလိမ်ခံလိုက်ရတာ ဒါမှမဟုတ် နင်မေးလိုက်တဲ့သူတွေမှာ ကုမရတဲ့ straight-male ရောဂါရှိနေလို့ဖြစ်မှာပေါ့"
"ဘုရားရေ, ငါမရတော့ဘူး။ အဲ့ဟာတွေကို ဝေးဝေးယူသွားစမ်းပါ။ အဲ့တာတွေကြောင့် ငါ့မျက်လုံးတွေနာနေပြီ"
"တ-တကယ်လားဟင်?" ရှုယန်ယန်က စုပေကို ရှက်ကိုးရှက်ကန်းကြည့်လိုက်မိတယ်။ သူပေးလိုက်တဲ့လက်ဆောင်က ဒီတစ်ခေါက်လည်း ကျရှုံးသွားပြန်ပြီလား?
စုပေက အသာလေး ခေါင်းညိတ်ပြလိုက်တယ်--တစ်ခုချင်းစီဆိုရင်တော့ ဒီလက်ဆောင်တွေက တကယ့်ကို အတော်လေး ကောင်းမွန်လှတယ်။ ဒါပေမဲ့ အတူတူထားလိုက်တဲ့အခါမှာတော့ အဲဒါတွေက တကယ်တမ်း တော်တော်လေးကို ရယ်စရာကောင်းနေတယ်။
ရှုယန်ယန် : "ဒါဆို Q-မဟုတ်ဘူး, စုပေ, ဒီတစ်ခေါက်လည်း ထည့်မတွက်နဲ့တော့။ မိတ်ဆက်လက်ဆောင်အတွက် ပြန်ပြင်ဆင်ဖို့ ငါ့ကို နောက်ထပ်အခွင့်အရေးတစ်ခုပေး။ ငါတို့ ဟုန်ဖုန်းတောင်ကိုတက်တဲ့အခါကျရင် ငါမင်းရဲ့နောက်လိုက်လေးလုပ်ပါရစေ။ ဒါပဲနော်, ဘိုင့်!"
ရှုယန်ယန်တစ်ယောက် သူ့ထိုင်ခုံကို ပြန်ပြေးသွားချိန်မှာ စုပေက တုန့်ဝိန်ချီကိုကြည့်ပြီး ဇဝေဇဝါနဲ့မေးလိုက်တယ်။ "သူဘာကိုဆိုလိုချင်တာလဲ?"
တုန့်ဝိန်ချီက မရှင်းပြမီ နှစ်ကြိမ်ခန့်ရယ်လိုက်တယ်။ "သူက နင့်ရဲ့ကူလီဖြစ်ချင်တာ! နင်အလုပ်သမားတစ်ယောက် အလကားရလိုက်တာပဲ။ ဒီအရောင်းအဝယ်က အမြတ်အများကြီးရတာပေါ့"
"ဟမ်?"
"အာ, ဟုတ်သား။ နင်မသိသေးဘူးပဲ" တုန့်ဝိန်ချီက ထပ်မံရှင်းပြတယ်။ "ဘာအမှားအယွင်းမှမရှိဘူးဆိုရင် ဒီအပတ် ဒါမှမဟုတ် နောက်အပတ်မှာ ငါတို့ကျောင်းက ပြင်ပလေ့လာရေးခရီးစဉ်တစ်ခု စီစဉ်လိမ့်မယ်..."
တစ်နှစ်တစ်ကြိမ်ကျင်းပသော ကျောင်းပြင်ပလေ့လာရေးခရီးစဉ်မှာ ဝေ့မင်အလယ်တန်းကျောင်း၏ ပုံမှန်လုပ်ရိုးလုပ်စဉ်ပွဲတော်များထဲမှ တစ်ခုဖြစ်တယ်။ ၎င်းက သုံးရက်တာကြာမြင့်မှာဖြစ်တယ်။ ကျောင်းမှ ဟုန်ဖုန်းသဘာဝရှုခင်းနယ်မြေများ၌ တောင်တက်ခြင်း၊ စခန်းချခြင်းနှင့် ပျော်ပွဲစားထွက်ခြင်းများ ပြုလုပ်ရန်အတွက် ကျောင်းသားများနှင့်အတူ မိဘများပါ လိုက်ပါဖို့အတွက် ဖိတ်ကြားလေ့ရှိတာဖြစ်တယ်။
ကျောင်းသားများမှာ ပုံမှန်အားဖြင့် တစ်နေ့လုံး စာလေ့လာသင်ကြားကြရတာဖြစ်ပြီး ၎င်းတို့၏မိဘများမှာလည်း အလားတူ အလုပ်များကြတာဖြစ်တယ်။ အဲဒါက မိဘများနှင့် ကလေးများ အတူတကွ အပြင်ထွက်လည်နိုင်မယ့် ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခုဖြစ်တာကြောင့် လူတိုင်းက ၎င်းလေ့လာရေးခရီးကို မျှော်လင့်စောင့်စားနေခဲ့ကြတယ်။
တုန့်ဝိန်ချီရဲ့ရှင်းပြချက်ကို နားထောင်ပြီးတဲ့နောက် စုပေက ခေါင်းညိတ်လိုက်တယ်။ "ဒါဆို တစ်ကျောင်းလုံးသွားကြမှာလား?"
တုန့်ဝိန်ချီ : "အဲ့လိုတော့လည်း မဟုတ်ဘူးဟ။ တစ်ချို့လူတွေက အဖွဲ့လိုက်လှုပ်ရှားမှုတွေကို မကြိုက်တော့ မပါကြဘူးလေ။ နောက်ပြီး ကိုးတန်းကကျတော့ စာမေးပွဲနီးလို့ စာကျက်ရမှာမို့လို့ မသွားဖြစ်ကြဘူး။ ခုနှစ်တန်းနဲ့ ရှစ်တန်းတွေပဲ သွားရမှာ"
တုန့်ဝိန်ချီက စုပေရဲ့ပခုံးကို ပုတ်လိုက်တယ်။ "ဒီဟာက ကြုံတောင့်ကြုံခဲ ပျော်ရမယ့်အခွင့်အရေးတစ်ခုပဲလေ, ငါတို့ ဒါကိုတန်ဖိုးထားရမှာပေါ့!" ထို့နောက် သူမက မနှစ်တုန်းက ဟုန်ဖုန်းတောင်သို့သွားစဥ် သူမရဲ့အတွေ့အကြုံကို စုပေထံ ဆက်လက်ပြောပြခဲ့တယ်။ စုပေလည်း ခဏနားထောင်ပြီး နောက်ဆုံးတော့ ပြင်ပလေ့လာရေးခရီးစဥ်ကို စတင်စောင့်မျှော်လာမိတော့တယ်။
"စုပေ, အန်ကယ်ချင်က နင်နဲ့အတူတူသွားမှာလား?"
"ငါမသိဘူး..." Mr.ချင်က အလုပ်နည်းနည်းများတယ်လေ။
ညနေခင်းတွင် Mr.ချင်က အမွှာနှစ်ယောက်ကို သူ့စာကြည့်ခန်းသို့ ခေါ်လိုက်တယ်။ စုပေနဲ့ စုရှောင်ပေါင်တို့က ဘေးချင်းကပ်ထိုင်နေကြတယ်။ စုပေက Mr.ချင် သူတို့ကိုခေါ်ရတဲ့ အကြောင်းပြချက်ကို တိတ်တိတ်လေး မှန်းဆနေပြီး သူ့မျက်နှာပေါ်က အမာရွတ်ကို သူ့လက်ချောင်းထိပ်တွေနဲ့ အမှတ်တမဲ့ကုတ်ခြစ်နေမိတယ်။
အခုအချိန်မှာ စုပေရဲ့အမာရွတ်က အနာကျက်သွားပြီဖြစ်တာကြောင့် တစ်ခါတစ်ရံ ယားယံလှတယ်။ စုပေခမျာ ၎င်းကို မကြာခဏဆိုသလို မသိလိုက်မသိဘာသာနဲ့ ကုတ်ဖဲ့နေမိပြီး မှန်ကြည့်ချိန်တွေမှာဆိုရင် အနာဖေးတွေကိုပါ ဆွဲခွာဖို့ ကြိုးစားနေမိတာဖြစ်တယ်။
လက်အကြီးကြီးတစ်စုံက စုပေရဲ့လှုပ်ရှားမှုကိုရပ်တန့်သွားစေခဲ့တယ်။
ချင်ရှောက် : "အဲဒါကိုကုတ်မနေနဲ့လေ"
"အိုး" စုပေက ခပ်ပျော့ပျော့ပြန်ဖြေလိုက်ပြီး နာခံစွာနဲ့ပဲ သူမလက်ကိုချလိုက်တယ်။
သူ့သမီးလေးရဲ့မျက်နှာပေါ်က အမာရွတ်ကိုစစ်ဆေးအပြီးမှာ Mr.ချင်က ခပ်မတ်မတ်ထိုင်ပြီး စတင်ပြောဆိုလိုက်တယ်။ "အဖေ မင်းတို့ကိုပြောစရာရှိတယ်"
"ဘာလဲ?" စုရှောင်ပေါင်က Mr.ချင်ရဲ့စကားကို ကြားဖြတ်လိုက်တယ်။ ကောင်လေးက သူ့အဖေကို အေးတိအေးစက်ကြည့်ပြီး ပြောလိုက်တယ်။ "အဖေက ကျွန်တော်တို့ကို မိထွေးရှာပေးမလို့ဆို?"
ချင်ရှောက် အရမ်းအံ့သြသွားမိတယ်။
ချင်ရှောက် : ဘာမိထွေးလဲ?
Mr.ချင်ရဲ့အကြည့်က သူမဘက်လှည့်လာတာကို မြင်လိုက်ရတော့ စုပေက ခေါင်းကိုငုံ့လိုက်မိတယ်။ တကယ်တော့ သူမ စုရှောင်ပေါင်ကို ဒီကိစ္စနဲ့ပတ်သတ်ပြီး ပြောပြထားပြီးသားဖြစ်တယ်။ အဲဒီအချိန်တုန်းက သူမ သူ့အစ်ကို,ကို လိမ္မာပါးနပ်စွာ ပြောဆိုခဲ့တယ်။ "Mr.ချင်မှာ သူ့ကိုယ်ပိုင်ပျော်ရွှင်မှုကို ရှာဖွေခွင့်ရှိတယ်လေ, နောက်ပြီး လိုအပ်ချက်မှာ လက်ထပ်ဖို့ဆိုတာကလည်း သေချာပေါက်ပါတာပေါ့" သို့ပေသိ စုပေထင်မထားမိခဲ့တာက စုရှောင်ပေါင်က အဲ့ဒီစကားနှစ်ခွန်းကနေ သူမရဲ့ဆိုလိုရင်းကို အတိအကျကြီး ခန့်မှန်းနိုင်လိမ့်မယ်ဆိုတာပါပဲ။
Mr.ချင်က စုပေရဲ့ခေါင်းကိုငုံ့ထားပြီး တည်ငြိမ်ချင်ယောင်ဆောင်နေသော်ငြား ညှိုးငယ်နေတဲ့မျက်နှာကို မြင်လိုက်ရတဲ့အခါ ဒီကောင်မလေးတော့ အဲ့ညက သူ့စကားတွေကို နားလည်မှုလွဲသွားပြီပဲလို့ သူအလျင်အမြန် မှန်းဆမိခဲ့တယ်။
Mr.ချင်က ကူကယ်ရာမဲ့နေပေမဲ့လို့ နည်းနည်းတော့ သဘောကျနေမိတယ်။ သူပြန်မေးလိုက်တယ်။ "မင်းတို့တွေက အဖေ နောက်တစ်ကြိမ်လက်ထပ်ဖို့ မိန်းမတစ်ယောက်ကိုရှာနေပြီး အဲ့ဒီမိန်းမက မင်းတို့ရဲ့မိထွေးဖြစ်လာမယ်လို့ ထင်နေကြတာလား?"
စုပေက ခေါင်းညိတ်ပြလိုက်တယ်။
စုရှောင်ပေါင်က ချင်ရှောက်ကို 'အဲဒါအမှန်ပဲလို့ ပြောရဲပြောကြည့်, ကျွန်တော်တို့နဲ့ အဖေနဲ့တော်စပ်တာတွေကို ချက်ချင်းဖြတ်ပစ်ပြီးတော့ စုပေကိုခေါ်ပြီးထွက်သွားလိုက်မှာ' ဆိုတဲ့အကြည့်မျိုးနဲ့ စိုက်ကြည့်နေခဲ့တယ်။
စုပေ : "အဲ့လိုမဟုတ်ဘူးလား?"
"မဟုတ်ပါဘူး," Mr.ချင်က ချက်ချင်း ပြန်ဖြေလိုက်တယ်။ "အဖေက မိထွေးအကြောင်း ပြောမှာမဟုတ်သလို အဲ့လိုလူလည်းရှိလာမှာမဟုတ်ဘူး"
ခဏရပ်လိုက်ပြီးနောက် ချင်ရှောက်က ၎င်းတို့ထံ တည့်တည့်ကြည့်ပြီး ပြောလိုက်တယ်။ "အဖေ ဒီနေ့ မင်းတို့ကိုပြောပြချင်တာက မင်းတို့ရဲ့မွေးမိခင်အကြောင်းပါ"
အမွှာနှစ်ယောက် ရုတ်ချည်းဆိုသလို ကြောင်အမ်းအမ်းဖြစ်သွားကြရတော့တယ်။
စုရှောင်ပေါင် : "အဖေ ဘာပြောလိုက်တယ်?"
စုပေ : "!!!"
ဒီနားလည်မှုလွဲတာကြီးက အတော်လေးကြီးတယ်ဆိုပေမဲ့ တကယ်တော့ Mr.ချင်က သူတို့ရဲ့မွေးမိခင်အကြောင်း ပြောပြချင်တာတဲ့လား? သူပြောပြမှာက နှစ်ပေါင်းများစွာ offline ဖြစ်နေခဲ့တဲ့ ဝတ္ထုထဲက အရံဇာတ်ကောင်လေးတစ်ယောက်ဖြစ်တဲ့ စုမိန်ရဲ့အကြောင်းလား?!
စုပေ : "သူ မသေဘူးလား?"
စုပေရဲ့တုံ့ပြန်မှုကို နားလည်ပေးလို့ရတယ်။ ၀တ္ထုထဲမှာ အမျိုးသမီးအရံဇာတ်ကောင် စုမိန်က အဓိကစုံတွဲရဲ့မင်္ဂလာပွဲအပိုင်း ပြီးဆုံးသွားတဲ့နောက် လုံးဝကို offline ဖြစ်သွားခဲ့တယ်။ အဲ့ဒီနောက် ဝတ္ထုမှာ 'စုမိန်' အကြောင်း နောက်ထပ်တစ်ကြိမ်တစ်ခါမျှ ဖော်ပြခဲ့ခြင်းမရှိတော့ပေ။ အဲဒါကြောင့် ၀တ္ထုကိုဖတ်ရှုသူများက သဘာဝကျကျလေးပဲ စုမိန်ကတော့ သူ့ထမင်းဘူးသူရသွားပြီလို့သာ တွေးလိုက်ကြတော့တယ်။
[T/N : receiving lunchbox ဆိုတာက မင်းသား/မင်းသမီးတစ်ယောက်က သူတို့ရဲ့ရိုက်ကူးရေးအပိုင်း ပြီးဆုံးသွားလို့ ရိုက်ကွင်းကနေ ထွက်သွားတာကိုဆိုလိုတာပါ။ ဝတ္ထုတွေထဲက 'going offline' ဆိုတဲ့စကားလုံးနဲ့ဆင်ပြီး ဇာတ်ကောင်တစ်ခုက အပြီးတိုင်ပျောက်ကွယ်သွားချိန်မှာသုံးတဲ့ slang တစ်ခုပါ]
စုပေလည်း အလားတူ ထင်မြင်ချက်မျိုးပဲဖြစ်တယ် : သူမနှင့် စုရှောင်ပေါင်တို့ရဲ့မွေးမိခင်က မတော်တဆမှုအချို့ ကြုံတွေ့ရတာလား ဒါမှမဟုတ် အဓိကစုံတွဲရဲ့ 'ဂရုစိုက်' ခံရတာများလား။ စုပေက ဒီဘဝတစ်သက်တာမှာတော့ သူ့အနေနဲ့ 'မွေးမိခင်' ဆိုတဲ့စကားလုံးကို သူတို့ရဲ့ဖခင်ဆီကနေ ကြားရလိမ့်မယ်လို့ သူလုံးဝ မျှော်လင့်မထားခဲ့မိဘူး။
Mr.ချင်က သူ့ကလေးတွေရဲ့တုံ့ပြန်မှုက ကျိုးကြောင်းဆီလျော်တယ်လို့ တွေးမိလိုက်တယ်။ သို့ပေမဲ့ စုပေနဲ့ စုရှောင်ပေါင်တို့အနေနဲ့ သူတို့ရဲ့ 'မွေးမိခင်' အပေါ်ထားရှိတဲ့ သဘောထားကို မြင်လိုက်ရချိန်မှာတော့ Mr.ချင်က အတော်လေး ကျေနပ်အားရမှုရှိသွားခဲ့တယ်။
"မသေပါဘူး။ သူပြန်လာပြီ" Mr.ချင်က သူတို့ကို အမှန်အတိုင်းပြောလိုက်တယ်။
"မင်းတို့ စုန့်ယန်ချန်းကို တွေ့ဖူးကြတယ်မလား။ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်တုန်းက သူ့ရဲ့လျှို့ဝှက်ကြံစည်မှုတစ်ခုကြောင့် အဖေက မင်းတို့ရဲ့မွေးအမေနဲ့ ရုပ်ပိုင်းဆိုင်ရာဆက်ဆံရေးတစ်ခုရှိခဲ့ပြီးတော့ မင်းတို့နှစ်ယောက် မွေးဖွားလာခဲ့တယ်" ချင်ရှောက်က အဖြစ်မှန်ကို သက်သက်မဲ့ဖုံးကွယ်မထားခဲ့တာပင်, ဘာဖြစ်လို့လည်းဆိုတော့ သူပြန်အဖတ်ဆယ်ချင်တာကြောင့်ရယ်နဲ့ တစ်ခြားအလားတူ အကြောင်းပြချက်များကြောင့်ပဲဖြစ်တယ်။ ရှောင်ပေနဲ့ ရှောင်ပေါင်တို့ရဲ့မွေးဖွားမှုက မတော်တဆမှုတစ်ခုကြောင့်ဖြစ်သော်ငြား သူတို့လေးတွေက သူ့ရတနာလေးတွေဖြစ်တယ်ဆိုတဲ့အချက်ကတော့ ပြောင်းလဲသွားမှာမဟုတ်ဘူး။
ချင်ရှောက်က ကလေးတွေကို စုမိန်အကြောင်း သူရှာဖွေတွေ့ရှိသမျှ အရာအားလုံးနီးပါးကို အကျဉ်းချုံးပြောပြခဲ့တယ်, သူတို့တွေကို မွေးဖွားပြီးတဲ့နောက် သူမဘာတွေလုပ်ခဲ့သလဲဆိုတာတွေအပြင် သူမသွားခဲ့တဲ့နေရာ၊ သူမရဲ့နောက်အိမ်ထောင်နဲ့ သူမရဲ့မိသားစုအသစ်အကြောင်းပါ အပါအဝင်ဖြစ်တယ်။ လင်ယုံနဲ့ ပြိုင်ဆိုင်ဖို့အတွက် စုမိန်လုပ်ခဲ့တဲ့ မသင့်လျော်တဲ့အရာတစ်ခုဖြစ်တဲ့ သူတို့လေးတွေကို မွေးဖွားပြီးတာနဲ့ စုန့်ယန်ချန်းအား သူမကိုလက်ထပ်ဖို့ အတင်းဖိအားပေးတယ်ဆိုတာကလွဲပြီး Mr.ချင်က ဘာကိုမှဖုံးကွယ်ထားခဲ့ခြင်းမရှိချေ။ သူက ရိုးရိုးရှင်းရှင်းလေးပဲ သူတို့ရဲ့မူလမွေးဖွားမှုအကြောင်းအရာနဲ့ ပတ်သက်ပြီး မကောင်းတဲ့ခံစားချက်မျိုး သူတို့ကို မခံစားရစေချင်တာဖြစ်တယ်။
"ဒါဆို, ဖေဖေ ဒီ့အရင်က သမီးကိုမေးခဲ့တဲ့ အမေတစ်ယောက်လိုချင်လားဆိုတာက အဲ့ဒီစု_ သမီးတို့ရဲ့မွေးမိခင်အကြောင်းကိုပြောတာလား?"
"ဟုတ်တယ်, မင်းတို့က အရွယ်ရောက်လာကြပြီလေ။ မင်းတို့နှစ်ယောက်စလုံးမှာ ကိစ္စရပ်တွေအပေါ် အခြေခံကျတဲ့အသိအမြင်နဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းတွေ ရှိနေကြပြီးသားပဲ။ အဖေ ဒါကိုပြောပြတယ်ဆိုတာကလည်း မင်းတို့မှာသိခွင့်ရှိတာမို့လို့ပဲ။ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကတော့ မင်းတို့နှစ်ယောက်စလုံးမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိတယ်"
[Author's Note :
စာရေးသူတွင်ပြောစရာရှိသည်။
Mr.ချင် : ကလေးတွေက မတော်တဆမွေးဖွားလာကြတယ်ဆိုပေမဲ့ သူတို့လေးတွေက ကျွန်တော့်ရဲ့ရတနာလေးတွေပါ]
15.7.2021
Thursday
_____
Thanks 🌹