Hello......Mr.Wind ( complete...
By Jinlusy
21.6K 1.7K 142
short story ... အိမ်​ရှေ့စံ​လေးက ​လေ​ပြေကို ချစ်မိသွားတယ်... ဒါ​ပေမဲ့ ​လေ​ပြေဆိုတာ သူဖမ်းဆုပ်နိုင်တဲ့ အရာမှ မ... More
一 (U)
二 (U)
三 (U)
四 (U)
五 (U)
一 (Z)
二 (Z)
三 (Z)
四 (Z)
五 (Z)
1K 43 2
By Jinlusy
သိချင်​နေမယ်ထင်လို့ ​ဖြေ​ပေးလိုက်ပါတယ် ။
Q : 1 》မိစ္ဆာ​တွေ အ​ကြောင်း ... ။
A : 1》 နန်း​တော်ထဲ လာခဲ့တဲ့ သူတို့က မိစ္ဆာ​မောင်နှံပါ ။ ဒီထဲက တစ်​ယောက်က အိမ်​ရှေ့စံရဲ့ အဲ့ဒီလူ ပုံစံ​ယောင်​​ဆောင်ပြီး လာခဲ့ပါတယ် ။
အဲ့ဒီလူဟာ သံတမန်ခရီးသွားတာ မဟုတ်မှန်း ခမည်း​တော်နဲ့ သူသာ သိပါတယ် ။ မယ်​တော်ပင် မသိပါ ။
အဲ့ဒါ​ကြောင့် မိစ္ဆာနှစ်​ကောင် လာချိန်မှာ မယ်​တော်က ဝမ်းသာအားရဖြစ်​နေပြီး ခမည်း​တော်ဟာ နားမလည်နိုင်ဘဲ မျက်နှာ ပျက်​နေပါတယ် ။ မိစ္ဆာမှန်း​တော့ မသိပါ ။
အိမ်​ရှေ့စံ ထွက်သွားချိန်မှာပင် ခမည်း​တော်ဟာ ဝိဥာဉ်ထိန်းချုပ်ခံရပြီး ... မယ်​တော်ဟာ အသက်ဓါတ်နှုတ်ယူခံခဲ့ရတာပါ ။
ချန်ပညာရှိ​ပြောတဲ့ထဲမှာ "မိစ္ဆာသတ်လို့ ​သေ​ကြေမယ်""ရင်ကွဲနာ ကျလို့ ​သေမယ်" ဆိုတာ ဘုရင်နဲ့ မိဖုရားကို ​ပြောတာပါ ။
အဖိုးချန်ဟာ ဝဋ်ကြွေးရှိရင် ဆပ်လိုက်မှ ပြီးလိမ့်မယ်ဆိုပြီး မတားဆီးခဲ့တာပါ ။
Q : 1 》မိစ္ဆာတို့ရဲ့ အာရုံ ...
A ; 1 》 အိမ်​ရှေ့စံဟာ ၁၈ နှစ်ပြည့်ပြီး အဲ့ဒီလူနဲ့ အိပ်ဖြစ်ခဲ့ပြီး ​နောက်တစ်​နေ့မှာ ​ပျော်ရွင်စွာ အဲ့ဒီလူအ​​ဆောင်ကို ကြွသွားခဲ့ပါတယ် ။
ဒါ​ပေမဲ့ ကြားလိုက်ရတဲ့ အဲ့ဒီမိစ္ဆာရဲ့ နှစ်​ကောင်ရဲ့ စကား​တွေ​ကြောင့် ​​​​သွေးပျက်သွားတယ် ။.
မိစ္ဆာဟာ ဘာလို့ သူတို့နှစ်​ယောက်​ပြောတဲ့ စကား​တွေကို သိ​​နေခဲ့ရတာလဲ ဆို​တော့ ....
၁၈ နှစ်ပြည့် ​မွေး​နေ့မှာ မိစ္ဆာဖိုဟာ အိမ်​​ရှေ့စံကို သတ်ဖို့ စိုက်ကြည့်​နေပါတယ် ။ အိမ်​ရှေ့စံ သွားရာ​နောက် လိုက်လာခဲ့ပါတယ် ။
ဒါ​ပေမဲ့ သတ်မဲ့ သူ့ထက်အရင် အဲ့ဒီလူ ​ရောက်လာလို့ မသတ်နိုင်ရတာပါ ။
အဲ့တာ​ကြောင့် အကွက်ချပြီး အထင်လွဲအောင် စီစဉ်ခဲ့ပြီူ ခမည်း​တော် ဘုရင်ရဲ့ ခန္စာကိုယ်ကိုလဲ ဖျက်ဆီးထားလိုက်ပါတယ် ။
အိမ်​ရှေ့စံ ဒူး​ထောက်မဲ့ အဲ့ဒီညမှာ အိမ်​ရှေ့စံသာ လက်မဦးခဲ့ရင် မိစ္ဆာမက အရင် သတ်မှာပါ ။
Q : 3 》 မိစ္ဆာမ​နှစ်​​ကောင် ​သေကြခြင်း ...
A : 3 》 ပထမဆုံး အိမ်​ရှေ့စံဟာ မိစ္ဆာမကို ​​ခေါင်းဖြတ်ခဲ့ပါတယ် ။ အဲ့တာ​ကြောင့် မိစ္ဆာမ​သေပြီ အထင်နဲ့ မိစ္ဆာဖိုက ဝမ်းနည်း ပူ​​ဆွေးပြီး လိုက်​သေခဲ့တာပါ ။
ဒါ​ပေမဲ့ မိစ္ဆာဖို ​သေတဲ့ ဓါးက ​ကျောက်စိမ်းဓါးဖြစ်​နေပြီး မိစ္ဆာမ​ အခုတ်ခံရတဲ့ ဓါးဟာ သာမာန်ဓါးပါ ။ အဲ့တာ​ကြောင့် မိစ္ဆာမသာ ပြန်ရှင်ခဲ့ပါတယ် ။
Q : 4 》 အဲ့ဒီလူဟာ ဘာလို့ အိမ်​ရှေ့စံကို အရင်မကယ်ခဲ့တာလဲ ... ?
A : 4 》 ​ကျောက်စိမ်းဓါး ပိုင်ရှင်ကို မိစ္ဆာတို့ အနားမကပ်နိုင်ပါ ။ ဒါ​ပေမဲ့ လပြည့်​နေနဲ့ လပြည့်​ကျော်တစ်ရက်​နေမှာ​တော့ ရပါတယ် ။
အဲ့တာ​ကြောင့် အဲ့ဒီလူရဲ့ လုပ်ရမှာ လပြည့်​​နေ့မတိုင်ခက် အားလုံးကို အပြီးရှင်းလင်းရမှာ ပါခဲ့တယ် ။
လပြည့်​​နေ့မတိုင်ခင်
သူအားလုံးကို ရှင်းလင်းနိုင်ခဲ့တယ် ။
လပြည့်​နေ့မှာ သူ​ရောက်လာခဲ့တယ် ။
အိမ်​ရှေ့စံကို သတ်မဲ့ မိစ္ဆာဖို မ​အောင်မြင်ခဲ့ ... ။
လပြည့်​ကျော်တစ်ရက်​နေ့ မိစ္ဆာ ထပ်ကြိုးစားတယ် ။
သူ ကိုယ်တိုင်ရဲ့ ဓါးချက်​ကြောင့် မိစ္ဆာမကို ရှင်းနိုင်ခဲ့ပါတယ် ။
ဒီ ဇာတ်လမ်းတစ်ခုလုံးမှာ အိမ်​ရှေ့စံဟာ မိစ္ဆာအ​ကြောင်းတစ်ခုမှ​တောင် မသိလိုက်ဘဲ အားလုံးပြီးမှသာ သိလိုက်ရပါတယ် ။
အဲ့ဒီလူဟာ ဒီ့အတွက် အားထုတ်ခဲ့ခြင်း ဖြစ်တယ် ။
အိမ်​ရှေ့စံဟာ သိပ် အချစ်ခံခဲ့ရပါတယ် ... ။
.
.
.
ကဲ ... အားလုံးဘဲ နားလည်ကြမယ် ထင်ပါတယ် ။
မရှင်းလင်းတာ ရှိရင်လဲ ​မေးနိုင်ပါတယ်။ ​ဖြေပါ့မယ်။
____________
ဒီ fiction က Lusy ရဲ့ နန်းတွင်း fic ​လေး ...။
အပိုင်းနည်း​ပေမဲ့ ဖတ်ရတာ ရှည်ပါတယ် ။
ဒီ fic ​လေးကို ဖတ်ပြီးရင်လဲ တစ်ခုခု​တော့ ​ပြောခဲ့ကြ​နော် ... ။ သ​ဘောကျရင်လဲ Vote နိုင်ပါတယ် ။
______________
ဒီ​ဟာကို publish ဒီ​နေ့က Lusy ရဲ့ ​မွေး​နေ့ပါ ။
မွေး​နေ့မှာမို့ အမှတ်ရ​နေ​အောင် ​ရေးခြင်းဖြစ်ပါတယ်။
ဒီ fic ​​လေးကို Lusy လက်​​ဆောင် အဖြစ်​ပေးလိုက်ပါတယ် ။
အားလုံးနဲ့အတူ ... အမှောင်​နေ့ရက်​တွေ ​ကျော်ဖြတ်ပြီး အလင်း​နေ့ရက်​တွေကို ​လျှောက်လှမ်းသွားချင်ပါတယ်။
အားလုံးဘဲ ​​​ရောဂါဘယ ကင်းကြပါ​စေ ... ။
Aini ... 💛
___________________________________________________________________________________
Continue Reading
You'll Also Like
13.2K 833 4
224K 25.7K 25
အချစ်ဆိုတာဘာလဲလို့မေးလာခဲ့ရင် ပူပူနွေးနွေး hot chocolate တစ်ခွက်လို့ဖြေမယ်...ချိုမြိန်တယ်...နွေးထွေးတယ်...ထာဝရရိုးမသွားဘူး။ အချစ်ဆိုတာဘာလဲလို့မေးလာခဲ...
592K 37.6K 75
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
209K 19.4K 42
Author-Pai Lian Hua , NayYwon အထက်တန်းကျောင်းသားလေးဖြစ်တဲ့ ရှောင်ကျန့်တစ်ယောက် ဖတ်လတ်စ Novelထဲ ဝင်ရောက်သွားတဲ့အခါ...