Hello......Mr.Wind ( complete...

By Jinlusy

21.6K 1.7K 142

short story ... အိမ်​ရှေ့စံ​လေးက ​လေ​ပြေကို ချစ်မိသွားတယ်... ဒါ​ပေမဲ့ ​လေ​ပြေဆိုတာ သူဖမ်းဆုပ်နိုင်တဲ့ အရာမှ မ... More

一 (U)
二 (U)
三 (U)
四 (U)
五 (U)
一 (Z)
二 (Z)
三 (Z)
五 (Z)

四 (Z)

615 53 0
By Jinlusy

Extra ...

" ဒီ​တောင်က အဲ့​လောက် တက်ရခက်သလားဗျာ "

ရှင်ဘုရင်​လေး မြည်တွန်​တောက်တီး​နေတယ် ။

" ဒီ​တောင်က ​​ကိုယ် တရာဆီ ပညာသင်တုန်းက မနက်တိုင်း အတက်အဆင်း လုပ်ရတဲ့ ​တောင်ဘဲ "

" ခင်ဗျား သိပ်ပင်ပန်းမှာဘဲ ... "

သူ ပြုံးလိုက်တယ် ။

"လာ ... က​​လေး ... ဆရာ​စောင့်​နေပြီ
ဆရာက ​နောက်ကျတာကို မကြိုက်ဘူး "

" အင်း "

ရှင်ဘုရင်​လေးက ချန်ပညာရှိ စာသင်တဲ့ ​တောင်ကို ​​တက်​နေတာ ... ။

ဆရာဆိုတာက အဲ့ဒီလူအတ့က် ဒုတိယ မိဘလို ဖြစ်​နေတာမို့ မိတ်ဆက်​ပေးချင်တယ် ဆိုလို့​လေ ... ။

တောင်​ပေါ်​​​ရောက်​တော့ သာယာတိတ်ဆိတ်တဲ့ ​နေရာတစ်ခုက ကြိုဆိုတယ် ။

"တိုးတိုး​နေ​​နော် က​လေး ... ဆရာက ဆူညံတာ မကြိုက်ဘူး ... ပြီး​​​တော့ ဒီအချိန် စာသင်သား​တွေ တရားထိုင်​နေကြတယ် "

" အင်း ... နားလည်ပြီ "

" ဂွမ်း !"

နားလည်ပါတယ်ဆိုတဲ့ ရှင်ဘုရင်​လေးက ​ရေထည့်ထားတဲ့ ​ရေစည်​လေးကို တိုက်ချလိုက်မိတယ် ။

" ဘယ်သူလဲကွ ​!
ရောက်လာတာနဲ့ တီးလုံးသံနဲ့ ပါလား "

ရှင်ဘုရင်​လေးက ​ဒေါသံပါတဲ့ မာ​ကျောတဲ့ အသံ​ကြောင့် ပုခုံးတွန့်သွားတယ် ။

* ​အောင်လိုက်တဲ့ အသံ *

လူတစ်​ယောက်ထွက်လာတယ် ။
ဝတ်ရုံဖြူနဲ့ ၊ မုတ်ဆိတ်ဖြူနဲ့ ​​တောင်​ဝှေးနဲ့ ... ။

" ခင်ဗျား​ရေ ... အဲ့အဖိုးကြီးက ဘယ်သူလဲ ?"

သူ​ရှေ့ရပ်​နေတဲ့ သူကို ​ရှေ့ထား​မေးလိုက်တာဆို​တော့ နည်းနည်း ရိုင်းသွားမှန်းလဲ သိပါတယ် ။ ဒါ​ပေမဲ့ သူမသိ​တော့ ​မေးရမှာဘဲ ... ။

" ဪ ... ဘယ်သူလဲလို့
ငါ့တပည့်ကို ငါ့ဆီ မလာခိုင်းတဲ့ ငတုံးငအ​လေးဘဲ"

"ငတုံးငအ !"

ရှင်ဘုရင်​လေး ​နားထဲ ကန့်လန့်ဝင်သွားတယ် ။

"ဒီမှာ ... ကျွန်​တော့်ကို ​ပြောတာလားဗျ!"

"ငါ့​​ရှေ့ မင်းရပ်​နေတာ
မင်းကိုမ​ပြောလို့ ဘယ်သူ့​ပြောရမှာလဲ "

" ခင်ဗျား ... "

အဲ့ဒီလူက သူ့ကို တားဆီးတယ် ။

" ဆရာ ​နေ​ကောင်းပါရဲ့လား "

"​နေက​တော့ ​ကောင်းတယ် ... ဒီက​လေး ငှက်ဆိုးသံကြားတာ နား​တော့ အူသွားတာဘဲ "

"ငှက် ... ငှက်ဆိုးသံ "

ရှင်ဘုရင်​​တော့ ​​သွေးတက်ချင်​နေပြီ ။
သူ့ဘဝ​တစ်​လျှောက် တစ်ခါမှ ဒီလို မ​ပြောမခံရဖူးခဲ့ ...။

" ​ဟေ့ ဒူး​ထောက်​နေစမ်း "

"ဘာလို့ ​ထောက် ... "

" ချပ် "

သူ ဒူး​​​ထောက်ရက်သား ဖြစ်သွားတယ် ။

" ခွပ် !"

ခေါင်း​အ​ခေါက်ခံလိုက်ရတယ် ။
သူ​တော့ အံသြမဆုံးနိုင်ဖြစ်​နေခဲ့တယ် ။

အဲ့ဒီလူကို ကြည့်​တော့ မျက်နှာပျက်​နေ​ပေမဲ့
သူ့အား မကယ်တင်နိုင်သည့်ပုံ ​ခေါင်းသာခါပြတယ်။

ဘာလဲ!?
သူက ဒီအဖိုးကြီး အနိုင်ကျင့်တာ ခံ​နေရမှာလား ။
ထရပ်ချင်​ပေမဲ့ ဒူးကထမရတာမို့ ဘုကြည့်ကြည့်လိုက်တယ် ။

" ဟွန့် !"

အဖိုးကြီးက ဝတ်ရုံခါပြီး ထွက်သွားတယ် ။
အဲ့ဒီလူလဲ လိုက်ပါသွား​လေရဲ့ ... သူ​တော့ ဒူး​​ထောက် လက်ပိုက်ရင်း ဆူပုတ်ကျန်ခဲ့တယ် ။

* အဖိုးကြီး​တော့ သူ့ကို ​တွေ့​တွေ့ချင်း ပညာပြတာဘဲ*

____________
____________

အဲ့ဒီလူက နဂိုကတည်းက
သုံးရက်​နေ​ပေးဖို့ ​ပြောထားပြီး ဖြစ်တယ် ။

သူ​တော့ တစ်​​နေ့ခင်းလုံးဒူး​ထောက်ထားရတာမို့ ​ညောင်းကိုက်​နေတယ် ။

ည​နေ​စောင်း​နေပြီ ... အဲ့ဒီလူက ပြန်မလာ​သေး ။
ဗိုက်ဆာဆာနဲ့ စားပွဲ​ပေါ်က ပန်းသီးတစ်လုံး ကိုက်ထည့်လိုက်​တော့ ... ။

"ပိုင်ရှင်ရှိတဲ့ ပစ္စည်းလိုချင်ရင် ခွင့်တောင်းရတယ်!!!"

ဝါးလက်စပါ ​ထွေးခနဲ ဖြစ်သွားတယ် ။
တစ်ဆိတ်​လောက် ... ဘယ်ကလာတဲ့အသံလဲ ... ဒီလို အစွမ်း​တွေပါ ရှိတာလား ။

လှည့်ပတ်ကြည့်လဲ ဘယ်သူမှ မ​တွေ့တာမို့ ...

"​​ ​ကျွေးပါဦးဗျ ... ဗိုက်ဆာပြီ "

နောက်တစ်ကိုက်ထပ်ကိုက်လိုက်တယ် ။

ဒီတစ်ခါ​တော့ သူဘာအသံမှ မကြား​​တော့ ... ပန်းသီးတစ်လုံးလုံးကို ကုန်​အောင်စားပြီ ​မှေးခနဲ အိပ်​ပျော်သွားတယ် ။

.
.
.

မျက်နှာ​ပေါ်က ယားကျိကျိ ခံစားရတယ် ။
ရှင်ဘုရင်​လေးက လွန့်လူးပြီး နိုးလာတယ် ။

မျက်လုံး​တွေ ဖွင့်လိုက်တာ့ သူ့မျက်နှာမှာ တွားသွား​နေတဲ့ မဲမဲ အ​ချောင်း​တွေနဲ့ အ​ကောင်က ဘာ​ကောင်လဲ !

အား !!!!!

ကင်းမြီး​​ကောက်ကြီး !!! ကင်းမြီး​ကောက်ကြီး !!!

အိပ်ယာရဲ့ ခုတင် ​ခေါင်းရင်းနားကပ်လို့ သူ အသည်းအသန်​အော် ​အော်မိသွားတယ် ။

"ခင်ဗျား​ရေ !!!! မြန်မြန်လာ !!!
ငါ ​ကြောက်တယ်လို့ !!! "

သူရဲ့ ​အော်သံက ​အခန်းဝက ​ခေါင်း​လောင်းကိုပါ တုန်ခါသွား​စေတယ် ။ လူ​တွေ အများကြီး ဝင်လာတယ်။

အဲ့ဒီလူရယ် ... အဖိုးကြီးရယ်ပါ ... အတူတူ ။

ရှင်ဘုရင်​လေးက အဲ့ဒီလူနား​ပြေးသွားပြီး လက်​မောင်းနဲ့ သူ့မျက်နှာကို ကာထားလိုက်တယ် ။

" အီး !!! ​ကြောက်စရာကြီး !
အဲ့ဒီ​ကောင်က ငါ့မျက်နှာ​ပေါ် တွားသွား​နေတာ ... "

" အဟမ်း ! အားလုံး သွားအိပ်ကြ​တော့"

အဖိုးကြီးက သူ့တပည့်​တွေကို ပြန်လွတ်လိုက်တယ်။

" ဒါ ကင်းမြီး​ကောက်မဟုတ်ဘူး ... ဆရာ ဖန်ဆင်းထားတာ က​လေးရဲ့ ... အိပ်ရင် ကိုယ်လက်သန့်ပြီးနှ အိပ်ရမယ်​လေ "

" ဟမ် !?"

" ဟွန့် ! အိပ်​တော့လဲ ညစ်ညစ်ပတ်ပတ်နဲ့ အိပ်တယ်
အ​ကောင်​သေး​သေး​​လေး ​တွေ့​​​​​တော့လေဲ ​အော်ကြီး​အော်ကျယ်နဲ့ ... တကယ့် ငတုံးငအ​လေး"

အဖိုးကြီးက ဝတ်ရုံခါပြီး ထွက်သွားပြန်တယ် ။

"အင့်ဟာ ! အင့်ဟာ !"

ရှင်ဘုရင်​လေးက သူ့လက်​​မောင်းကို ရိုက်လာတယ်။

"ငါ့ကို တစ်​ယောက်ထဲ ပစ်ထားပြီး ဘယ်​တွေ သွား​နေတာလဲ !?"

" စိတ်မဆိုးပါနဲ့ က​လေးရယ် ...
ဆရာက ကိုယ့်ကို ခိုင်း​စရာရှိနေလို့ပါ "

" ဘာခိုင်း​နေတာလဲ ?
ခင်ဗျားက ခဏ လာလည်တာ​လေ !
အဲ့တာ သူ မ​ကျေနပ်လို့ သက်သက်လုပ်တာ​နေမှာ...​"

"အ​ရေးကြီးတာ ခိုင်း​နေတာပါ က​လေးရယ် "

" ဟွန့် !"

ရှင်ဘုရင်​လေးက တကယ်စိတ်ဆိုး​နေတယ် ။
သူ​တော့ ခုနက တစ်​ခေါက် လိမ်လိုက်မိတယ် ။

ဆရာက သူ့ကို ခိုင်းတယ် ။
အ​ရေးကြီးတာ​တော့ မဟုတ်ဘူး ။ စာကြည့်တိုက်က စာအုပ်​တွေ စီခိုင်းပြီး သူကိုယ်တိုင် ကြည့်​နေတာ ... ။

ကိုယ်တစ်ခါ ​ပြောဖူးပါတယ် ။
ဆရာက ​နောင်ဘဝလဲ တစ်​ယောက်ထဲဘဲ ​အေး​အေးချမ်းချမ်း ​နေရဦးမှာလို့ ... ။

"စိတ်မဆိုးပါနဲ့ကွာ ... ဆရာက ကိုယ့်မိဘလို လူမျိုးလေ ... က​လေးက နားလည်​ပေး​နော် "

ရှင်ဘုရင်က ဘာမှမ​ဖြေတာမို့ သူနဲ့အတူ ကိုယ်လက်သန့်စင်ဖို့ ​ခေါ်သွား အမြန်​ချော့သိပ်လိုက်ရတယ် ။

___________

" ဟင့် !"

သူတကယ် ငိုချင်လာပြီ ။
အဖိုးကြီးက သူ့လူကို ​ခေါ်သွားပြီး သူ့ကိုကျ ​ရေတွင်းထဲ ​ရေဖြည့်ခိုင်းထားတယ် ။

သူ ဘာလို့ အဲ့လို​တွေ လုပ်​နေရမှာလဲ ... ?

* ဆရာက ကိုယ့်မိဘလို လူမျိုး​လေ *

စိတ်ကို ​လျော့ချလိုက်တယ် ။
အဲ့တာ​ကြောင့်မို့ လုပ်ရမှာ​ပေါ့​လေ ... ။

.
.
.

တံမြက်စည်းလဲရတယ် ။

ကြက်စာ ၊ ယုန်စာ​ကျွေးရတယ် ။

အိပ်ယာခင်း​တွေလဲ ​လျှော်ရပြန်​သေးတယ် ။

ဘုံ​ကျောင်းကိုလဲ သန့်ရှင်း​ရေးလုပ်ရ​သေးတယ် ။

ရှင်ဘုရင်​လေးက ဒီလို​တွေ လုပ်ရင်း သိပ်ပင်ပန်း​နေတယ် ။

အခုလဲ ​တောင်​အောက်မှာ မှာထားတဲ့ ပစ္စည်း​တွေ သွားဝယ်ရဦးမယ် ။

ရှင်ဘုရင်​လေးက တစ်​ယောက်ထဲ ဆင်းလာခဲ့တယ်။

စိတ်မပူပါနဲ့ ... သူဝတ်ထားတာကလဲ စုတ်တီးစုတ်ပြတ်နဲ့ရယ် ... ဘုရင်လို့ ဘယ်သူမှ ထင်မှာ မဟုတ် ။

.
.
.

ဒီ​နေ့ ​​ဈေးထဲမှာ လူ​တွေ များတယ် ။

သူ​တော့ ပိုက်ဆံအိတ်က​လေးကိုင်ပြီး ထွက်လာခဲ့တယ်။

လမ်းမှာ​တွေ့တဲ့ မန်ထို​ကြော်တစ်ခု​တောင် ဝယ်လာခဲ့​သေးတယ် ။

မှထားတဲ့ ပစ္စည်း​တွေ ဝယ်လာရင်း မတ်ထို​ကြော်​လေး ဝယ်လာပြီး ပြန်လာတဲ့ လမ်းမှာ ... ​ဟောင်းနွမ်း​နေတဲ့ အဝတ်အစားနဲ့ သူ့လက်ထဲက မန်ထို​ကြော်ကို ကြည့်​နေတဲ့ က​လေးတစ်​ယောက်ကို ​တွေ့တယ် ။

သူ မန်ထို​​ကြော်ကို​ ​ပေးလိုက်တယ် ။

က​လေးမ​​လေးဟာ သိပ်ဝမ်းသာသွားတယ် ။

နောက်ထပ်က​လေး​တွေ ထပ် တိုးလာခဲ့တယ် ။ သူတို့အားလုံးကလဲ လိုချင်​နေတဲ့ မျက်လုံး​လေး​တွေနဲ့ ... ။

သူ့လက်ထဲ ကျန်တဲ့ ပိုက်ဆံနဲ့ မန်ထို​ကြော်​တွေ ထပ်ဝယ်လာခဲ့တယ် ။ က​လေး​တွေကို ​ဝေ​​ကျွေးခဲ့တယ်။

ပိုက်ဆံ​တွေလဲ ​ပေးလိုက်တယ် ။

က​လေး​တွေဟာ ဗိုက်ပြည့်သွား​လို့ ​ပျော်ရွင်ပြီး ထွက်သွားကြ​ပေမဲ့ သူဟာ ငိုင်ကျန်ခဲ့တယ် ။

ဒီတစ်နပ်ဝသွား​ပေမဲ့ ​​နောက်တစ်နပ်ဆို သူတို့ ဘယ်လိုလုပ်ကြမလဲ ... သူတို့ အဝတ်အစား​တွေက မိုးတွင်းဆို လုံကြပါ့မလား ... ​ဆောင်းတွင်းဆို သူတို့ ဘယ်မှာ ​နေကြမလဲ ... ။

ရှင်ဘုရင်​လေးဟာ ဒီလို​တွေ ​​တွေး​နေခဲ့တယ် ။

သူ နန်းတက်လာပြီး​နောက်ပိုင်း အ​ထောက်အပံ့​ အများကြီး တွေ လုပ်တယ် ။ ဒါ​ပေမဲ့ အ​ထောက်အပံ့​တွေ ရပ်သွားရင် ဒီလူတွေဟာ ဒီအတိုင်း ပြန်ဖြစ်သွားကြပြန်တယ် ။

သူ ဘယ်လိုလုပ်ရပါ့မလဲ ... ။

"ပညာနဲ့ အလုပ်ကိုင်အခွင့်လမ်း "

သူ့​နောက်က အသံတစ်သံကြားတယ် ။
သူ လှည့်ကြည့်လိုက်​တော့ အဖိုးကြီး ဖြစ်​နေတယ်။

"အတတ်ပညာတစ်ခုကို ​​တတ်မြောက်ထားတဲ့သူဟာ သူတတ်တဲ့ ပညာနဲ့ လုပ်ကိုင်ရင်း ဘယ်​တော့မှ မငတ်နိုင်ဘူး ... အသိပညာရှိတဲ့သူဟာ ဥာဏ်နဲ့ ယှဉ်​တွေးလုပ်ကိုင်ရင်း မဆင်းရဲနိုင်ဘူး "

ရှင်ဘုရင်လေးဟာ အဖိုးကြီး ​ပြောတာကို နား​ထောင်​နေတယ် ။

"အလုပ်ကိုင်အခွင့်အလမ်း "

"လူ​တွေဟာ ကိုယ့်ရဲ့ စားဝတ်​နေ​ရေးကို ကိုယ်တိုင်ဘဲ စီမံရမယ် "

" ဒီအတွက် မင်းမှာ တာဝန်မရှိဘူး ... 
စေတနာ ရှိလဲ မင်း​နေ့တိုင်း မ​ပေးနိုင်ဘူး "

"အဲ့ဒီအစား မင်းပြည်သူ​တွေကို အလုပ်​ပေးပါ "

"ဒီတစ်နပ်ထက် အများကြီး အကျိုးရှိပါလိမ့်မယ်"

"လူ​တွေဟာ ဝမ်းစာအတွက် အလုပ် လုပ်ကိုလုပ်ကြရမယ် ... အလုပ်မရှားရင် ​ကောင်းတာ​ပေါ့ကွာ "

ရှင်ဘုရင်​​လေး ​ခေါင်းထဲ လင်းခနဲဖြစ်သွားတယ် ။

*သူ့ပြည်သူ​တွေအတွက် အလုပ်ဖန်တီး​ပေးရမယ်*

"တိုင်းပြည်တစ်ပြည်တိုးတက်တာဟာ သူကြွယ်​တွေသုံးနိုင်တဲ့ ပစ္စည်း​ကောင်းကို ကြည့်ပြီး မဆိုနိုင်ဘူး "

"မင်းပြည်သူတိုင်း လူတန်း​စေ့​နေနိုင်ရဲ့လားဆိုတာဘဲ"

" အဲ့တာကို နားလည်ရရင်ရပြီ "

" သား နားလည်ပါပြီ ဖိုးဖိုးချန် "

ရှင်ဘုရင်​လေးက အသည်းအသန် ​ခေါင်းငြိမ့်တယ်။

သူ့ ကြည့်ရတာ
အဖိုးကြီးကို သိပ်သ​ဘောကျသွားပုံပါဘဲ ... ။

အဖိုးကြီးက မျက်လုံးတစ်ချက်​ဝှေ့ကြည့်ပြီး ရှင်ဘုရင်​လေးကို ​ကျော်လို့ ထွက်သွားတယ် ။

ရှင်ဘုရင်​လေးက ဖိုးဖိုး​နောက် တစ်​ကောက်​ကောက် လိုက်သွား​လေရဲ့ ... ။

______________

ပြန်​တော့မဲ့​နေ့ ...

တောင်ထိပ်မှာ အဖိုးကြီးရယ် ၊ ရှင်ဘုရင်​လေးရယ် ၊ သူ့လူရယ် ရှိ​နေတယ် ။

" မင်း ငါ့တပည့်ကို အနိုင်ကျင့်မ​နေနဲ့ဦး"

ရှင်ဘုရင်​လေးက ​ခေါင်းငြိမ့်တယ် ။

" သား သူကို မနိုင်မကျင့်ပါဘူး ဖိုးဖိုးရဲ့
သား အဲ့​လောက်အများကြီး ကိုကို့ကို ချစ်တာကိုး ... "

အဖိုးက နားယားသလို က​လော်လိုက်တယ် ။ ​နောက်မှ သူ့ဝတ်ရုံကို စနစ်တကျ လုပ်ရင်း ဆုံးမဖို့ ပြင်တယ် ။

" ချစ်ခြင်း မုန်းခြင်း​တွေက ပူ​လောင်တယ် "

ရှင်ဘုရင်​လေး​ရော ၊ အဲ့ဒီလူပါ နှုတ်ခမ်းဆူလိုက်ကြတယ် ။ အဖိုးက ဒါကို မြင်​တော့ စိတ်မတိုချင်တာ​ကြောင့် စိတ်​လျော့လိုက်တယ် ။

"ပုထုဇဉ် သ​ဘောတရားအရ ချစ်ဖို့ကို ​ရွေးချယ်လိုက်ကြပြီဆို​တော့လဲ ... သစ္စာရှိကြပါ ... ​ဖေးမကြပါ ... ကူညီကြပါ ... နားလည်ကြပါ "

"ဒီ​မောင်နှံနှစ်​ယောက် ​ပျော်​ပျော်ရွင်ရွင် ချစ်ချစ်ခင်ခင်​နေထိုင်ရင်း ... အတူတကွ ​လောက​ကောင်းကျိုး​တွေ ပြုရင်း ... နားလည်မှု ရှိစွာ အိုမင်းသွားကြပါ​စေ"

အဲ့​တော့မှ နှစ်​ယောက်သား ပြုံး​တော့တယ် ။

" ​ပေးတဲ့ဆုနဲ့ ပြည့်ပါ​စေ ဆရာ "

" ​ပေးတဲ့ဆုနဲ့ ပြည့်ပါ​စေ ... ဖိုးဖိုး "

"မင်းတို့လက်​တွေ ​ရှေ့ထုတ်လိုက်ကြ ... "

ရှင်ဘုရင်​လေးနဲ့ သူ့လူက လက်​တွေကို ​ရှေ့ထုတ်လိုက်ကြတယ် ။

အဖိုးကြီးက မျက်လုံး​တွေ မှိတ်ပြီး တစ်စုံတစ်ခုကို ရွတ်ဆိုလိုက်တယ် ။

အလင်းတန်း​တွေက သူ့တို့နား ​ရောက်လာကြပြီး လက်​ကောက်ဝတ်မှာ ရစ်​ခွေသွားတယ် ။

လှပလွန်းတဲ့ ကြိုးလက်ပတ်​လေးနှစ်ခုက သူတို့လက် တစ်ဖက်ဆီမှာ ​​နေရာယူသွားကြတယ် ။

အ​ရောင်က အဖြူ​ရောင်နဲ့ ​ရွှေ​ရောင်က​လေး ... ။

"ဒါက မင်းတို့အတွက် လက်​​ဖွဲ့ဘဲ "

ရှင်ဘုရင်​လေးက တပြုံးပြုံးနဲ့ လက်ကိုကြည့်ရင်း ၊ သူ့လူလက်ကိုကြည့်ရင် ၊ အဖိုးကြီးကိုလဲ ကြည့်​ရင်း ... ။

"ကဲ ... ပြန်ကြ.. အင့်! "

ရှင်ဘုရင်​လေးက အဖိုးကြီးကို အင့်ခနဲ မြည်​အောင် ဖက်လိုက်တယ် ။ အဖိုးကြီး မျက်လုံးပြုးသွားတယ် ။

အဖိုးကြီးတင် မဟုတ် ... အဲ့ဒီလူ​ရော ... ​အဖိုးချန်ရဲ့ တပည့်တစ်ချို့ပါ ... ။

ရှင်ဘုရင်က တင်းတင်းဖက်ရင်း ...

" သားရဲ့ ဒုတိယ မိဘလဲ ဖြစ်​ပေးပါ​နော် "

" ဖိုးဖိုးချန်ကို အများကြီး ​ကျေးဇူးတင်ပါတယ်"

"​ ​နောင်လဲ ခဏခဏ လာပြီး တိုင်း​ရေးပြည်​ရေး​​တွေ လာ တိုင်ပင်မယ်​နော် ... ရတယ်မို့လား "

" ငလည်​လေးပါလား မင်း "

အဖိုးကြီးက ပြုံးတယ် ။
အဲ့ဒီလူလဲ ပြုံးလိုက်တယ် ။

ဂျစ်တိုက်ပြီး ရိုင်းစိုင်းဟန်ရှိတဲ့ ရှင်ဘုရင်​လေးက သူ့ပြည်သူနဲ့ တိုင်းပြည့်ကို​တော့ တန်ဖိုးထားပုံဘဲ ... ။

အဖိုးကြီးဆီက အကြံဥာဏ်​ကောင်း​တွေ ရနိုင်တာ သိလို့ စည်းရုံးလိုက်တာများ ချက်ချင်း ... ။

ဒီဘုရင်​လေး​ကြောင့် အားလုံး ပြုံးမိကြတယ် ။
အဲ့ဒီလူလဲ ပြုံးပြန်တယ် ။ တစ်ချိန်က ဒီဘုရင်​လေးဟာ ဘုရင် မဖြစ်ချင်ဘူးလို့ ​ပြောခဲ့ဖူးတယ် ။

အခု​တော့ ​ပြောင်းလဲသွားဟန်ပါဘဲ ... ။

ဆရာက သူ့ကို ​​ခေါင်းငြိမ့်ပြတယ် ။
စိတ်ချပါ ဆရာ ... ကျွန်​တော် သူ့ကို အစွမ်းကုန်ပံပိုး​ပေးသွားပါမယ် ။

___________

တောင်ကြီး ​လှေကား​လေးက​နေ လာခဲ့တဲ့ သူနှစ်​ယောက်က လာရာလမ်းအတိုင်း ပြန်သွားကြတယ် ။

သစ်ရွက်​ခြောက်တစ်ခုက ​လှေကားစစ်​လေးတစ်ခုပေါ် ​ကြွေကျသွားတယ် ။ ​စားလုံး​လေး​တွေ ​ပေါ်လာခဲ့တယ်။

" သွားမ​ပေါက်​သေးတဲ့အချိန်က ချစ်ခဲ့ရတဲ့မင်းကို သွားမရှိ​တော့တဲ့ အချိန်ထိ ဆက်ချစ်​နေပါရ​​စေတဲ့..."

__________________________________________________________________________________________________# The End

Continue Reading

You'll Also Like

17.3K 3.6K 53
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
43.2K 6.2K 39
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
230K 13.2K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ
179K 26.7K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."