မင္း!...[COMPLETED]

By qutirah

13.7K 1.4K 279

သြားစမ္းပါ...အို္ဆယ္ဟြန္း...ငါမင္းတို႔လိုလူေတြကိုရြံလြန္းလို႔... သွားစမ်းပါ...အို်ဆယ်ဟွန်း...ငါမင်းတို့လိုလူတ... More

•1•
°2°
•3•
•4•
•5•
•6•
•7•
•8•
•9•
•10•
•11•
•12•
•13•
•14•
•15•
•16•
•18•
•19•
•20•
•21•
•17•
•22•
•23•
•25•
•26•
•27•
•28•
•29•
•30•
•31•
•32•
•33•
•34•
•35•
ပစ္ထားမိတာအတြက္ေတာင္းပန္ပါတယ္..
•36•
•37•
•38•
•39•
•40•
•41•
•42•
•43•
•44•
•45•
•46•
•47•
•FINAL•

•24•

195 26 13
By qutirah


အစ္ကိုေခၚလာတဲ့ကားေပၚကေန
ၿပီးမ်က္စိတစ္ဆုံးက်ယ္ဝန္းတဲ့
ၿခံဝင္းႀကီးကိုတအံတၾသလိုက္
ၾကည့္ေနမိသည္....။
ပန္းၿခံေသးေသးေလးေတြ...
အလွငါးေမြးတဲ့ကန္လွလွေလးေတြရယ္...အမ်ိဳးေပါင္းစုံလင္လြန္း
တဲ့ပန္းပင္ေတြရယ္...ေနာက္ၿပီး
အရိပ္ရသစ္ပင္ႀကီးမ်ားလည္း
ေျမာက္မ်ားစြာရွိေနေသာထိုၿခံဝန္း
ႀကီးမည္မွ်က်ယ္ဝန္းသည္ကိုသူ
မခန႔္မွန္းတတ္ပါ....။
ၿခံဝကေနၿပီး ကားေမာင္းလာ
တာေတာင္အေတာ္ၾကာေနၿပီကို..
ခုထိအစ္ကိုေျပာတဲ့စံအိမ္ဆိုတဲ့
အရိပ္အေယာင္ကိုမျမင္ရေသး..။
ခုထိတေလွ်ာက္လုံးျမင္လာခဲ့
တာေတြနဲ႕တင္ ပိုက္ဆံဘယ္ေလာက္သုံးထားရသလဲမသိ...။
တကယ့္ေတာႀကီးထဲေရာက္သြား
တယ္ထင္ရေလာက္ေအာင္ကို
သစ္ပင္ေတြမ်ားျပားေနၿပီး
ပန္းပင္အမ်ိဳးစုံေတြဆိုေတာ့
ေတာ္ေတာ္မနည္းမေနာကုန္
ခဲ့လိမ့္မည့္ျဖစ္ျခင္း...။
ဂြၽန္ေျမာင္ကေတာ့ ငယ္ငယ္
ကတည္းကေငြေၾကးကိုေႁခြေႁခြ
တာတာနဲ႕စည္းကမ္းတက်သဳံး
ခဲ့လို႔လားေတာ့မသိ...အဲဒါေတြ
ကိုျမင္ၿပီးအစ္ကိုကေတာ္ေတာ္
ျဖဳန္းတာပဲလို႔ေတာင္ေတြးမိလိုက္
ေသးသည္...။
ဒါေပမယ့္....တကယ္တမ္း
ေသခ်ာျပန္ေတြးၾကည့္ျပန္ေတာ့
အစ္ကို႔လိုလူမ်ိဳးအတြက္အဲဒါေတြ
ကပိုက္ဆံေတြထားစရာမရွိလို႔
စိတ္ထဲရွိရာေတြေလွ်ာက္လုပ္
ထားတာေတာင္ျဖစ္ေကာင္း
ျဖစ္နိုင္သည္ပဲ...။
ဟိုဟိုဒီဒီၾကည့္ေနရင္းပဲအစ္ကို႔
ဆီက ငယ္ေရ..ေရာက္ၿပီ
ဆိုတဲ့စကားသံေနာက္စံအိမ္ဆို
တဲ့ဆင္ဝင္ေအာက္တြင္ကားက
ရပ္သြားသည္...။
ဝါး.....ထိုဆင္ဝင္အေရွ႕တြင္
လည္း အသက္ဝင္လွတဲ့
ဆင္႐ုပ္တုေတြနဲ႕ေရပန္း
အႀကီးႀကီးကရွိလိုက္ေသး
သည္....။
ကားေပၚကဆင္းလိုက္ေတာ့အစ္ကိုကဝတ္စုံျပည့္နဲ႕နားမွာလည္း
ဆက္သြယ္ေရးကိရိယာေတြတပ္
ထားေသာလူတစ္ေယာက္အား
တစ္ခုခုေျပာေနပုံရသည္...။
ၿပီးေနာက္ အဲဒီလူကကားေနာက္
ဖုံးထဲကသူ႕ရဲ႕အထုပ္ေတြကိုသယ္
ကာအိမ္ထဲယူဝင္သြားသည္...။
တျခားမေျပာနဲ႕ဦး....။
အိမ္အဝင္ဝတံခါးမႀကီးကိုက
ကြၽန္းသားအထူႀကီးနဲ႕..။
တံခါးတစ္ခ်ပ္တည္းကိုေတာင္
ဂြၽန္ေျမာင္ရဲ႕လစာဆယ္လစာ
နီးပါးေလာက္ရွိသည္...။

"ဝင္ၾကမယ္ေလ...ငယ္..."

ေရွ႕ကဦးေဆာင္ကာဝင္သြားေသာ
အစ္ကို႔ေနာက္ကိုခပ္ကုတ္ကုတ္
ေလးလိုက္လာမိသည္...။
ဒီကိုစဝင္လာကတည္းကသူ႕စိတ္
ထဲအလိုလိုေနရင္းသိမ္ငယ္ေန
သလိုခံစားမိတာေၾကာင့္...။
အထဲေရာက္ခ်ိန္မွာေတာ့ဂြၽန္ေျမာင္ရဲ႕သိမ္ငယ္စိတ္ေတြကအဆ
တစ္ရာေလာက္ႀကီးထြားလာရ
ေတာ့သည္...။
ဧည့္ခန္းႀကီးတစ္ခုလုံးကေ႐ႊေရာင္
တဖိတ္ဖိတ္လက္လို႔...။
ဆိုဖာေတြခန္းဆီးေတြကိုေရႊေရာင္
သံုးထားၿပီး..မ်က္ႏွာက်က္မွာတြဲလြဲခိုေနတဲ့ဖန္မီးဆိုင္းႀကီးက
လည္းေရႊေရာင္တလက္လက္..။
တန္ဖိုးႀကီးပန္းခ်ီကားေတြ..
ေႂကြအိုးေတြကိုလည္းအလွထား.
ထားေသးသည္...။
အကုန္လံုးကိုေစ့ေစ့စပ္စပ္လိုက္
ၾကည့္ၿပီးဂြၽန္ေျမာင္မွာပါးစပ္
အေဟာင္းသားေလးျဖစ္လို႔....။
ေမွာင္ခိုေလာကေတြ..မေကာင္း
တဲ့အလုပ္မွန္သမွ်ကေၾကးအမ်ား
ႀကီးရတာသူသိေပမယ့္ဒီေလာက္
ႀကီးအထိုႀကီးက်ယ္ခမ္းနားေန
လိမ့္မယ္လို႔ေတာ့မထင္ခဲ့ရိုးအမွန္
ပါ....။

"ငယ္ ေနရမယ့္အခန္းကအေပၚ
ထပ္မွာ..."

ေျပာၿပီးအညိဳေရာင္ကြၽန္းေလွကား
႐ွည္ႀကီးထက္တစ္ဆင့္ခ်င္းတက္
သြားေသာအစ္ကို...။
ဂြၽန္ေျမာင္လည္းပဲ..အစ္ကိုေနာက္
ကေနကပ္ျပီးလိုက္တက္လာ
လိုက္သည္...။
အခန္းတစ္ခန္းေ႐ွ႕ေရာက္ေတာ့
အစ္ကိုကရပ္သြားသည္...။

"ဒါ...ငယ္ေနရမယ့္အခန္းပဲ.."

အစ္ကိုကအခန္းတံခါးကိုမ်က္စ
ပစ္ျပတာေၾကာင့္ ထိုအခန္းတံခါး
ကိုအသာေလးတြန္းဖြင့္လိုက္
သည္...။
ဝိုး....အက်ယ္ႀကီးပဲ...။
သူတို႔ညီအစ္ကိုႏွစ္ေယာက္ေနတဲ့
အိမ္ေလးထက္ေတာင္က်ယ္ေသး
တယ္...။
အခန္းထဲမွာ တစ္ေယာက္အိပ္
ကုတင္အႀကီးစားတစ္လံုးရယ္..
အဝတ္ဗီ႐ိုအႀကီးႀကီးတစ္လံုးရယ္
စာအုပ္စင္အေသးစားေလးရယ္..
သူအလုပ္လုပ္ဖို႔ကြန္ျပဴတာေလး
တစ္လံုး..ေနာက္ၿပီးဆက္တီတစ္
စံုနဲ႔..အဆံုးသတ္အေနနဲ႔ေရခ်ိဳးခန္းနဲ႔သန္႔စင္ခန္းပါတဲ့အခန္း
တစ္ခန္း...။

"သေဘာက်ရဲ႕လား...ငယ္..
ငယ္ႀကိဳက္တတ္တာေတြလဲကိုယ္
ေသခ်ာမသိေတာ့..အဆင္ေျပမယ္ထင္တာေလးေတြပဲျပင္ဆင္
ထားတယ္..."

"အဆင္ေျပတာေပါ့...အစ္ကိုရဲ႕..
ပိုေတာင္ပိုေနေသး.."

"အဟား...ဟုတ္ပါၿပီ...ဒါဆိုရင္
လည္းနားလိုက္ဦး..ေအာ..ဒါနဲ႔..
မ်က္ႏွာခ်င္းဆိုင္ကအခန္းက
ကိုယ့္အခန္းေနာ္...လိုတာ႐ွိရင္
လာခဲ့...ဟုတ္ၿပီလား..."

"ဟုတ္..."

ဂြၽန္ေျမာင္မ်က္လံုးေလးေတြမွိတ္
သည္အထိျပံဳးျပကာေျပာလိုက္
ေတာ့အစ္ကိုကဂြၽန္ေျမာင္ရဲ႕
ဆံပင္ေလးကိုဖြသည္...။

"ကိုယ္သြားၿပီ...ငယ္.."

ဆိုကာမ်က္ႏွာခ်င္းဆိုင္ကအခန္း
ထဲသို႔ဝင္သြားေသာအစ္ကို...။
သူလည္းပဲအခန္းထဲဝင္လာကာ
ေပ်ာ့အိေနတဲ့အိပ္ရာေပၚပစ္လွဲ
ခ်လိုက္သည္...။

အစ္ကို သူ႔ကိုဒီေခၚလာရတဲ့
အေၾကာင္းအရင္းကနည္းနည္း
ေတာ့ရီစရာေကာင္းေနတယ္...။
သူဒီမတိုင္ခင္ကေဆးရံုမွာ
မေတာ္တဆမႈတစ္ခုျဖစ္ခဲ့တယ္။
ပညာသိပ္မတတ္တဲ့မိသားစု
တစ္စုကသူတို႔ရဲ႕စိတ္မႏွံ႔ျဖစ္ေနတဲ့သားကိုစိတ္ေဆးရံုပို႔ရမယ္မွန္း
မသိဘဲသူတို႔ေဆးရံုကိုေခၚလာ
တယ္ေလ...။
ဂြၽန္ေျမာင္ကလည္း႐ိုး႐ိုးလူနာ
အထင္နဲ႔လိုအပ္တာေတြစမ္းသပ္
ေပးေနတုန္း အဲ့ဒီလူနာက
ကုတင္ေဘးကစင္ေပၚတင္ထား
တဲ့ေဆးရံုသံုးဓားကိုဆတ္ခနဲဆြဲ
ယူၿပီးဂြၽန္ေျမာင္ကိုရန္မူတယ္...။
ေတာ္ေသးတာေပါ့...ဂြၽန္ေျမာင္
ေ႐ွာင္ခင္လိုက္လို႔...မဟုတ္လို႔
ကေတာ့ဂြၽန္ေျမာင္ရဲ႕ဗိုက္ကိုထိုးမိ
ၿပီးသားပဲ...။
ခုကလက္ေမာင္းေလးကိုပဲ..
႐ွပ္ထိသြားတာ...။
အဲ့အေၾကာင္းကိုလည္းအစ္ကို
ၾကားေရာ...ငယ္ရာ...ေဆးရံုမွာ
ထပ္မလုပ္နဲ႔ေတာ့...ကိုယ္စိတ္မ
ခ်ဘူး...တဲ့ေလ..။
ဆရာဝန္တစ္ေယာက္အေနနဲ႔
ဒါကျဖစ္ေနက်မေတာ္တဆမႈ
တစ္ခုပါဆိုလည္းမရဘူးခ်ည္းပဲ
ဇြတ္ေျပာၿပီး...သူ႔အိမ္လိုက္ေန
ခိုင္းတယ္....။
အဲဒါဆိုရင္ အလုပ္မသြားဘဲအိမ္
မွာပဲေနပါ့မယ္ဆိုလည္း..မဟုတ္
ျပန္ဘူးတဲ့ေလ...။
ငယ္ကတည္းကမရစ္ဘူးတဲ့
အစ္ကိုကအဲ့ေန႔က်မွတအားႀကီး
ေတြကိုရစ္ေနတာ...။
ဘာျဖစ္ေနမွန္းမသိဘဲနဲ႔ကိုလူကို
အတင္းသူ႔အိမ္ပါေအာင္ေခၚေန
တယ္....။
အနား႐ွိေနတဲ့ငယ္ေလးကိုအကူ
အညီရလိုရျငားမ်က္ႏွာသူငယ္
ေလးနဲ႔လွမ္းၾကည့္လိုက္ေတာ့..
Hyung! အထုပ္ကူသိမ္းခိုင္း
မလို႔လားတဲ့ေလ..။အဟင့္....။
ဂြၽန္ေျမာင္ေလးဘဝကသနားစရာ
ေကာင္းလြန္းေနပါၿပီ...။
တစ္ေယာက္တည္း႐ွိတဲ့ညီက
လည္းအကူအညီမရဘာမရနဲ႔..။
အဲဒီလိုနဲ႔ပဲ..ဂင္ဂြၽန္ေျမာင္တစ္
ေယာက္ဒီစံအိမ္ႀကီးဆီပါလာရ
ျခင္းျဖစ္သည္....။
ဟင္း....ဒါလည္းတစ္မ်ိဳးေကာင္း
ပါတယ္ေလ...။
အစ္ကိုနဲ႔ေဝးေနတာၾကာေတာ့
ဒီလိုေလးေနလိုက္တာကႏွစ္
ေယာက္ၾကားပိုရင္းႏွီးလာတာ
ေပါ့...။
ဟိုေတြးဒီေတြးနဲ႔ပဲ...ဂြၽန္ေျမာင္
တစ္ေယာက္အဝတ္မလဲဘာမလဲ
နဲ႔ကုတင္ေပၚမွာအဲ့အတိုင္းေလး
အိပ္ေပ်ာ္သြားေတာ့တယ္...။

°°°°°°°°°°°°°°°°°°°°°°

"ေဒါက္....ေဒါက္.."

"ငယ္ေရ.....ငယ္..."

"ေဒါက္...ေဒါက္.."

အခန္းတံခါးကိုေခါက္ၿပီးေအာ္ေန
ေပမယ့္ အခန္းထဲကဘာသံမွျပန္
မၾကားရတာနဲ႔ မင္ဟို အခန္း
တံခါးကိုအသာေလးတြန္းလို႔ဝင္
သြားလိုက္သည္...။
အခန္းထဲေရာက္ေတာ့ျမင္လိုက္ရ
တဲ့ျမင္ကြင္းေၾကာင့္ႏႈတ္ခမ္းေတြ
ေကာ့တက္သြားရသလိုရင္ထဲ
ကလည္းသိမ့္ခနဲ...။
ငယ္ကခုနကဝတ္လာတဲ့ဟူဒီ
အျပာေလးေတာင္မခြၽတ္ဘဲအိပ္
ေပ်ာ္ေနတာ....။
ႏႈတ္ခမ္းေလးေတာင္အနည္းငယ္
ဆူေနေသးသည္....။
ဟက္..ဒီေကာင္ေလးငယ္ငယ္
ကအက်င့္ေတြခုထက္ထိမေပ်ာက္
ေသးဘူး....။
ညစာစားမလို႔လာေခၚတာေပမယ့္
ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနတဲ့.ငယ့္ကိုမႏိုးရက္တာေၾကာင့္
ေစာင္ေလးအသာလႊမ္းေပး
လိုက္သည္...။
ေစာင္လႊမ္းေပးခ်ိန္ျမင္လိုက္ရတဲ့
ငယ္တဲ့မ်က္ႏွာျဖဴႏုႏုေလး...။
ေနာက္ၿပီးႏႈတ္ခမ္းထက္ကမွည့္
နက္ကေလး...။
ငယ္ငယ္တည္းကႏွလံုးသားထဲ
ေနရာယူထားတဲ့ထိုမွည့္နက္
ကေလးကိုသူခုမွပဲေသခ်ာျမင္ဖူး
ေတာ့တယ္...။
နဖူးေပၚက်ေနတဲ့ေရႊဝါေရာင္ဆံသားဖြာဖြာေလးေတြကိုသပ္တင္
ေပးလိုက္ၿပီး...ျဖဴမြတ္မြတ္
နဖူးျပင္ေပၚသို႔အနမ္းေလး
တစ္ပြင့္...။
ကိုယ့္ရဲ႕ျမတ္ႏိုးရာေလးအိပ္မက္
လွလွမက္ပါေစ....။

°°°°°°°°°°°°°°°°°°°°°

ဂြၽန္ေျမာင့္ကိုခြၽဲမင္ဟိုဆီပို႔သာပို႔
လိုက္ရတာသူ႔မွာစိတ္က
ေအးေအးမေနႏိုင္...။
Mr ရဲ႕ရန္ကေတာ့လြတ္သြားေပမယ့္ခြၽဲမင္ဟိုရဲ႕ရန္ႀကီးက႐ွိေန
ေသးျပန္တယ္....။
သူနဂိုတည္းကဒါကိုမေတြးမိ
တာေတာ့မဟုတ္....။
ေတြးမိပါတယ္...။
ဒါေပမယ့္ ဂြၽန္ေျမာင္ရဲ႕လံုျခံဳေရး
ပဲမို႔လို႔႐ွည္႐ွည္ေဝးေဝးေတြေတြး
မေနေတာ့ပဲ ပို႔လိုက္တာ..။
အဲဒီလိုေတြသာလိုက္ေတြးေန
မယ္ဆိုရင္သူဘယ္လိုမွပို႔ျဖစ္လိမ့္
မွာမဟုတ္ဘူး....။
ဒါေပမယ့္...ခုမွေသခ်ာျပန္ေတြးလိုက္ေတာ့သူေသြးတက္ရမယ့္
ကိစၥေတြခ်ည္းပဲ...။
နဂိုကမွစိတ္႐ွိေနတဲ့ခြၽဲမင္ဟိုက
ခုဂြၽန္ေျမာင္နဲ႔တစ္အိမ္တည္းျဖစ္
သြားၿပီဆိုေတာ့အခြင့္အေရးေတြ
ယူေနရင္ဘယ္လိုလုပ္မတုန္း...။
ခုလိုညအခ်ိန္ေတြဆိုရင္ပိုဆိုး
တယ္...။
သူတို႔ႏွစ္ေယာက္တူတူမ်ား
ဖက္အိပ္ေနေလာက္လား...။
ခြၽဲမင္ဟိုကဂြၽန္ေျမာင္ကိုရင္ခြင္ထဲ
ထည့္ၿပီး...ဂြၽန္ေျမာင္ကလည္း
ျပံဳးျပံဳးေပ်ာ္ေပ်ာ္နဲ႔ခြၽဲမင္ဟုိရဲ႕ရင္ခြင္
ထဲကိုတိုးဝင္............ဟာ!...
မျဖစ္ႏိုင္ပါဘူး...။
ဂြၽန္ေျမာင္ကအဲ့ေကာင္ကိုႀကိဳက္
မွမႀကိဳက္တာကို.....။

ေနဦး!...အဲလိုမွမဟုတ္ဘူးဆို
ရင္......
ဂြၽန္ေျမာင္ကအခန႔္မသင့္လို႔ေခ်ာ္
အလဲ....ခြၽဲမင္ဟိုကလာဖမ္းထိန္း
ေပး...အဲလိုနဲ႔ႏွစ္ေယာက္သား
ၾကမ္းျပင္ေပၚပစ္လွဲက်သြား....
အၾကည့္ခ်င္းေတြဆံုၾက.....
ဂြၽန္ေျမာင္ကမ်က္ႏွာႀကီးေတြနီ
လာၿပီး႐ွက္သြား....အဲဒါကိုၾကည့္
ၿပီးခြၽဲမင္ဟိုကလူယုတ္မာ
အျပံဳးႀကီးနဲ႔ဂြၽန္ေျမာင္ကိုခ်ီၿပီး
အခန္းထဲဝင္....ၿပီးေတာ့..
ဟိုလိုဒီလိုေတြျဖစ္...

"ဟာ...အစ္ကိုေနာ္...လြတ္လို႔
ဆိုေန..."

"မလြတ္ခ်င္ပါဘူး..."

ဆိုၿပီးဂြၽန္ေျမာင္ကိုေမြ႔ယာေပၚ
ပစ္တင္...အက်ႌေတြဆြဲခြၽတ္..

"အား...အစ္ကိုလို႔..ဘယ္လိုျဖစ္
ေနတာတုန္း...နာတယ္..."

"ခနေလးပါကြာ...ၿပီးရင္မနာ
ေတာ့ဘူး...ခနေလးပဲသည္းခံ.."

အဲဒီလိုနဲ႔နွစ္ႏွစ္ေလာက္ၾကာေတာ့

"ငယ္ေရ...ဒီမွာသားသားငိုေန
တယ္..."

"ငယ္မအားေသးဘူးအစ္ကိုေရ..
အစ္ကိုပဲၾကည့္ထိန္းထားဦး...
ဒီမွာဟင္းအိုးကမီးတူးေတာ့
မယ္..."

"ျဗဲ...ျဗဲ...ဟင့္...ဟင့္...ပါး...."

"အင္းပါ...သားသား..ရယ္..
တိတ္...တိတ္...မင္းပါပါးက
မအားေသးဘူး..."

ခြၽဲမင္ဟိုကသူ႔ရင္ခြင္ထဲက
ကေလးေသးေသးေလးရဲ႕တင္ပါး
ကိုပုတ္.ပုတ္ၿပီးေခ်ာ့ေနခ်ိန္

"ျဗဲ!..ျဗဲ...ပါပါး...."

အာျပဲၾကီးနဲ႔ေအာ္ငိုေနတဲ့ကေလး
မ်က္ႏွာႀကီးကတေျဖးေျဖးနီးလာ
ေတာ့ ေတြ႔လိုက္ရတဲ့မ်က္ႏွာက..
ဘာ.!...
ငါ့မ်က္ႏွာႀကီး!...လခြမ္းတဲ့မွ..
ဘယ္လိုေတြျဖစ္ကုန္တာတုန္း...။
ေတာ္ၿပီ...ေတာ္ၿပီ..မေတြးေတာ့
ဘူး...အိပ္တာပဲေကာင္းတယ္..။
မ်က္စိကိုအတင္းမွိတ္ၿပီး
ဆယ္ဟြန္းအိပ္ေပ်ာ္ဖို႔ႀကိဳးစားရ
ေတာ့သည္...။
အိပ္မွပါပဲ...မဟုတ္ရင္...
ပ႐ုတ္သုတ္ခအေတြးေတြကလူ
ကိုႏွိပ္စက္လြန္းလို႔....။
ဒါေတာင္သူ႔အိပ္မက္ထဲမွာ
သူ႔မ်က္ႏွာႀကီးနဲ႔ခြၽဲမင္ဟိုရဲ႕သား
ကိုတအားငိုလြန္းလို႔ဂြၽန္ေျမာင္က
ဖင္ခြၽတ္႐ိုက္ေနသတဲ့ေလ....။
ဘုရား......ဘုရား.....။

Tbc°°°°°°

အစ်ကိုခေါ်လာတဲ့ကားပေါ်ကနေ
ပြီးမျက်စိတစ်ဆုံးကျယ်ဝန်းတဲ့
ခြံဝင်းကြီးကိုတအံတသြလိုက်
ကြည့်နေမိသည်....။
ပန်းခြံသေးသေးလေးတွေ...
အလှငါးမွေးတဲ့ကန်လှလှလေးတွေရယ်...အမျိုးပေါင်းစုံလင်လွန်း
တဲ့ပန်းပင်တွေရယ်...နောက်ပြီး
အရိပ်ရသစ်ပင်ကြီးများလည်း
မြောက်များစွာရှိနေသောထိုခြံဝန်း
ကြီးမည်မျှကျယ်ဝန်းသည်ကိုသူ
မခန့်မှန်းတတ်ပါ....။
ခြံဝကနေပြီး ကားမောင်းလာ
တာတောင်အတော်ကြာနေပြီကို..
ခုထိအစ်ကိုပြောတဲ့စံအိမ်ဆိုတဲ့
အရိပ်အယောင်ကိုမမြင်ရသေး..။
ခုထိတလျှောက်လုံးမြင်လာခဲ့
တာတွေနဲ့တင် ပိုက်ဆံဘယ်လောက်သုံးထားရသလဲမသိ...။
တကယ့်တောကြီးထဲရောက်သွား
တယ်ထင်ရလောက်အောင်ကို
သစ်ပင်တွေများပြားနေပြီး
ပန်းပင်အမျိုးစုံတွေဆိုတော့
တော်တော်မနည်းမနောကုန်
ခဲ့လိမ့်မည့်ဖြစ်ခြင်း...။
ဂျွန်မြောင်ကတော့ ငယ်ငယ်
ကတည်းကငွေကြေးကိုခြွေခြွေ
တာတာနဲ့စည်းကမ်းတကျသုံး
ခဲ့လို့လားတော့မသိ...အဲဒါတွေ
ကိုမြင်ပြီးအစ်ကိုကတော်တော်
ဖြုန်းတာပဲလို့တောင်တွေးမိလိုက်
သေးသည်...။
ဒါပေမယ့်....တကယ်တမ်း
သေချာပြန်တွေးကြည့်ပြန်တော့
အစ်ကို့လိုလူမျိုးအတွက်အဲဒါတွေ
ကပိုက်ဆံတွေထားစရာမရှိလို့
စိတ်ထဲရှိရာတွေလျှောက်လုပ်
ထားတာတောင်ဖြစ်ကောင်း
ဖြစ်နိုင်သည်ပဲ...။
ဟိုဟိုဒီဒီကြည့်နေရင်းပဲအစ်ကို့
ဆီက ငယ်ရေ..ရောက်ပြီ
ဆိုတဲ့စကားသံနောက်စံအိမ်ဆို
တဲ့ဆင်ဝင်အောက်တွင်ကားက
ရပ်သွားသည်...။
ဝါး.....ထိုဆင်ဝင်အရှေ့တွင်
လည်း အသက်ဝင်လှတဲ့
ဆင်ရုပ်တုတွေနဲ့ရေပန်း
အကြီးကြီးကရှိလိုက်သေး
သည်....။
ကားပေါ်ကဆင်းလိုက်တော့အစ်ကိုကဝတ်စုံပြည့်နဲ့နားမှာလည်း
ဆက်သွယ်ရေးကိရိယာတွေတပ်
ထားသောလူတစ်ယောက်အား
တစ်ခုခုပြောနေပုံရသည်...။
ပြီးနောက် အဲဒီလူကကားနောက်
ဖုံးထဲကသူ့ရဲ့အထုပ်တွေကိုသယ်
ကာအိမ်ထဲယူဝင်သွားသည်...။
တခြားမပြောနဲ့ဦး....။
အိမ်အဝင်ဝတံခါးမကြီးကိုက
ကျွန်းသားအထူကြီးနဲ့..။
တံခါးတစ်ချပ်တည်းကိုတောင်
ဂျွန်မြောင်ရဲ့လစာဆယ်လစာ
နီးပါးလောက်ရှိသည်...။

"ဝင်ကြမယ်လေ...ငယ်..."

ရှေ့ကဦးဆောင်ကာဝင်သွားသော
အစ်ကို့နောက်ကိုခပ်ကုတ်ကုတ်
လေးလိုက်လာမိသည်...။
ဒီကိုစဝင်လာကတည်းကသူ့စိတ်
ထဲအလိုလိုနေရင်းသိမ်ငယ်နေ
သလိုခံစားမိတာကြောင့်...။
အထဲရောက်ချိန်မှာတော့ဂျွန်မြောင်ရဲ့သိမ်ငယ်စိတ်တွေကအဆ
တစ်ရာလောက်ကြီးထွားလာရ
တော့သည်...။
ဧည့်ခန်းကြီးတစ်ခုလုံးကရွှေရောင်
တဖိတ်ဖိတ်လက်လို့...။
ဆိုဖာတွေခန်းဆီးတွေကိုရွှေရောင်
သုံးထားပြီး..မျက်နှာကျက်မှာ
တွဲလွဲခိုနေတဲ့ဖန်မီးဆိုင်းကြီးက
လည်းရွှေရောင်တလက်လက်..။
တန်ဖိုးကြီးပန်းချီကားတွေ..
ကြွေအိုးတွေကိုလည်းအလှထား.
ထားသေးသည်...။
အကုန်လုံးကိုစေ့စေ့စပ်စပ်လိုက်
ကြည့်ပြီးဂျွန်မြောင်မှာပါးစပ်
အဟောင်းသားလေးဖြစ်လို့....။မှောင်ခိုလောကတွေ..မကောင်း
တဲ့အလုပ်မှန်သမျှကကြေးအများ
ကြီးရတာသူသိပေမယ့်ဒီလောက်
ကြီးအထိုကြီးကျယ်ခမ်းနားနေ
လိမ့်မယ်လို့တော့မထင်ခဲ့ရိုးအမှန်
ပါ....။

"ငယ် နေရမယ့်အခန်းကအပေါ်
ထပ်မှာ..."

ပြောပြီးအညိုရောင်ကျွန်းလှေကား
ရှည်ကြီးထက်တစ်ဆင့်ချင်းတက်
သွားသောအစ်ကို...။
ဂျွန်မြောင်လည်းပဲ..အစ်ကိုနောက်
ကနေကပ်ပြီးလိုက်တက်လာ
လိုက်သည်...။
အခန်းတစ်ခန်းရှေ့ရောက်တော့
အစ်ကိုကရပ်သွားသည်...။

"ဒါ...ငယ်နေရမယ့်အခန်းပဲ.."

အစ်ကိုကအခန်းတံခါးကိုမျက်စ
ပစ်ပြတာကြောင့် ထိုအခန်းတံခါး
ကိုအသာလေးတွန်းဖွင့်လိုက်
သည်...။
ဝိုး....အကျယ်ကြီးပဲ...။
သူတို့ညီအစ်ကိုနှစ်ယောက်နေတဲ့
အိမ်လေးထက်တောင်ကျယ်သေး
တယ်...။
အခန်းထဲမှာ တစ်ယောက်အိပ်
ကုတင်အကြီးစားတစ်လုံးရယ်..
အဝတ်ဗီရိုအကြီးကြီးတစ်လုံးရယ်
စာအုပ်စင်အသေးစားလေးရယ်..
သူအလုပ်လုပ်ဖို့ကွန်ပြူတာလေး
တစ်လုံး..နောက်ပြီးဆက်တီတစ်
စုံနဲ့..အဆုံးသတ်အနေနဲ့ရေချိုးခန်းနဲ့သန့်စင်ခန်းပါတဲ့အခန်း
တစ်ခန်း...။

"သဘောကျရဲ့လား...ငယ်..
ငယ်ကြိုက်တတ်တာတွေလဲကိုယ်
သေချာမသိတော့..အဆင်ပြေမယ်ထင်တာလေးတွေပဲပြင်ဆင်
ထားတယ်..."

"အဆင်ပြေတာပေါ့...အစ်ကိုရဲ့..
ပိုတောင်ပိုနေသေး.."

"အဟား...ဟုတ်ပါပြီ...ဒါဆိုရင်
လည်းနားလိုက်ဦး..အော..ဒါနဲ့..
မျက်နှာချင်းဆိုင်ကအခန်းက
ကိုယ့်အခန်းနော်...လိုတာရှိရင်
လာခဲ့...ဟုတ်ပြီလား..."

"ဟုတ်..."

ဂျွန်မြောင်မျက်လုံးလေးတွေမှိတ်
သည်အထိပြုံးပြကာပြောလိုက်
တော့အစ်ကိုကဂျွန်မြောင်ရဲ့
ဆံပင်လေးကိုဖွသည်...။

"ကိုယ်သွားပြီ...ငယ်.."

ဆိုကာမျက်နှာချင်းဆိုင်ကအခန်း
ထဲသို့ဝင်သွားသောအစ်ကို...။
သူလည်းပဲအခန်းထဲဝင်လာကာ
ပျော့အိနေတဲ့အိပ်ရာပေါ်ပစ်လှဲ
ချလိုက်သည်...။

အစ်ကို သူ့ကိုဒီခေါ်လာရတဲ့
အကြောင်းအရင်းကနည်းနည်း
တော့ရီစရာကောင်းနေတယ်...။
သူဒီမတိုင်ခင်ကဆေးရုံမှာ
မတော်တဆမှုတစ်ခုဖြစ်ခဲ့တယ်။
ပညာသိပ်မတတ်တဲ့မိသားစု
တစ်စုကသူတို့ရဲ့စိတ်မနှံ့ဖြစ်နေတဲ့သားကိုစိတ်ဆေးရုံပို့ရမယ်မှန်း
မသိဘဲသူတို့ဆေးရုံကိုခေါ်လာ
တယ်လေ...။
ဂျွန်မြောင်ကလည်းရိုးရိုးလူနာ
အထင်နဲ့လိုအပ်တာတွေစမ်းသပ်
ပေးနေတုန်း အဲ့ဒီလူနာက
ကုတင်ဘေးကစင်ပေါ်တင်ထား
တဲ့ဆေးရုံသုံးဓားကိုဆတ်ခနဲဆွဲ
ယူပြီးဂျွန်မြောင်ကိုရန်မူတယ်...။
တော်သေးတာပေါ့...ဂျွန်မြောင်
ရှောင်ခင်လိုက်လို့...မဟုတ်လို့
ကတော့ဂျွန်မြောင်ရဲ့ဗိုက်ကိုထိုးမိ
ပြီးသားပဲ...။
ခုကလက်မောင်းလေးကိုပဲ..
ရှပ်ထိသွားတာ...။
အဲ့အကြောင်းကိုလည်းအစ်ကို
ကြားရော...ငယ်ရာ...ဆေးရုံမှာ
ထပ်မလုပ်နဲ့တော့...ကိုယ်စိတ်မ
ချဘူး...တဲ့လေ..။
ဆရာဝန်တစ်ယောက်အနေနဲ့
ဒါကဖြစ်နေကျမတော်တဆမှု
တစ်ခုပါဆိုလည်းမရဘူးချည်းပဲ
ဇွတ်ပြောပြီး...သူ့အိမ်လိုက်နေ
ခိုင်းတယ်....။
အဲဒါဆိုရင် အလုပ်မသွားဘဲအိမ်
မှာပဲနေပါ့မယ်ဆိုလည်း..မဟုတ်
ပြန်ဘူးတဲ့လေ...။
ငယ်ကတည်းကမရစ်ဘူးတဲ့
အစ်ကိုကအဲ့နေ့ကျမှတအားကြီး
တွေကိုရစ်နေတာ...။
ဘာဖြစ်နေမှန်းမသိဘဲနဲ့ကိုလူကို
အတင်းသူ့အိမ်ပါအောင်ခေါ်နေ
တယ်....။
အနားရှိနေတဲ့ငယ်လေးကိုအကူ
အညီရလိုရငြားမျက်နှာသူငယ်
လေးနဲ့လှမ်းကြည့်လိုက်တော့..
Hyung! အထုပ်ကူသိမ်းခိုင်း
မလို့လားတဲ့လေ..။အဟင့်....။
ဂျွန်မြောင်လေးဘဝကသနားစရာ
ကောင်းလွန်းနေပါပြီ...။
တစ်ယောက်တည်းရှိတဲ့ညီက
လည်းအကူအညီမရဘာမရနဲ့..။
အဲဒီလိုနဲ့ပဲ..ဂင်ဂျွန်မြောင်တစ်
ယောက်ဒီစံအိမ်ကြီးဆီပါလာရ
ခြင်းဖြစ်သည်....။
ဟင်း....ဒါလည်းတစ်မျိုးကောင်း
ပါတယ်လေ...။
အစ်ကိုနဲ့ဝေးနေတာကြာတော့
ဒီလိုလေးနေလိုက်တာကနှစ်
ယောက်ကြားပိုရင်းနှီးလာတာ
ပေါ့...။
ဟိုတွေးဒီတွေးနဲ့ပဲ...ဂျွန်မြောင်
တစ်ယောက်အဝတ်မလဲဘာမလဲ
နဲ့ကုတင်ပေါ်မှာအဲ့အတိုင်းလေး
အိပ်ပျော်သွားတော့တယ်...။

°°°°°°°°°°°°°°°°°°°°°°

"ဒေါက်....ဒေါက်.."

"ငယ်ရေ.....ငယ်..."

"ဒေါက်...ဒေါက်.."

အခန်းတံခါးကိုခေါက်ပြီးအော်နေ
ပေမယ့် အခန်းထဲကဘာသံမှပြန်
မကြားရတာနဲ့ မင်ဟို အခန်း
တံခါးကိုအသာလေးတွန်းလို့ဝင်
သွားလိုက်သည်...။
အခန်းထဲရောက်တော့မြင်လိုက်ရ
တဲ့မြင်ကွင်းကြောင့်နှုတ်ခမ်းတွေ
ကော့တက်သွားရသလိုရင်ထဲ
ကလည်းသိမ့်ခနဲ...။
ငယ်ကခုနကဝတ်လာတဲ့ဟူဒီ
အပြာလေးတောင်မချွတ်ဘဲအိပ်
ပျော်နေတာ....။
နှုတ်ခမ်းလေးတောင်အနည်းငယ်
ဆူနေသေးသည်....။
ဟက်..ဒီကောင်လေးငယ်ငယ်
ကအကျင့်တွေခုထက်ထိမပျောက်
သေးဘူး....။
ညစာစားမလို့လာခေါ်တာပေမယ့်
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့.ငယ့်ကိုမနိုးရက်တာကြောင့်
စောင်လေးအသာလွှမ်းပေး
လိုက်သည်...။
စောင်လွှမ်းပေးချိန်မြင်လိုက်ရတဲ့
ငယ်တဲ့မျက်နှာဖြူနုနုလေး...။
နောက်ပြီးနှုတ်ခမ်းထက်ကမှည့်
နက်ကလေး...။
ငယ်ငယ်တည်းကနှလုံးသားထဲ
နေရာယူထားတဲ့ထိုမှည့်နက်
ကလေးကိုသူခုမှပဲသေချာမြင်ဖူး
တော့တယ်...။
နဖူးပေါ်ကျနေတဲ့ရွှေဝါရောင်ဆံသားဖွာဖွာလေးတွေကိုသပ်တင်
ပေးလိုက်ပြီး...ဖြူမွတ်မွတ်
နဖူးပြင်ပေါ်သို့အနမ်းလေး
တစ်ပွင့်...။
ကိုယ့်ရဲ့မြတ်နိုးရာလေးအိပ်မက်
လှလှမက်ပါစေ....။

°°°°°°°°°°°°°°°°°°°°°

ဂျွန်မြောင့်ကိုချွဲမင်ဟိုဆီပို့သာပို့
လိုက်ရတာသူ့မှာစိတ်က
အေးအေးမနေနိုင်...။
Mr ရဲ့ရန်ကတော့လွတ်သွားပေမယ့်ချွဲမင်ဟိုရဲ့ရန်ကြီးကရှိနေ
သေးပြန်တယ်....။
သူနဂိုတည်းကဒါကိုမတွေးမိ
တာတော့မဟုတ်....။
တွေးမိပါတယ်...။
ဒါပေမယ့် ဂျွန်မြောင်ရဲ့လုံခြုံရေး
ပဲမို့လို့ရှည်ရှည်ဝေးဝေးတွေတွေး
မနေတော့ပဲ ပို့လိုက်တာ..။
အဲဒီလိုတွေသာလိုက်တွေးနေ
မယ်ဆိုရင်သူဘယ်လိုမှပို့ဖြစ်လိမ့်
မှာမဟုတ်ဘူး....။
ဒါပေမယ့်...ခုမှသေချာပြန်တွေးလိုက်တော့သူသွေးတက်ရမယ့်
ကိစ္စတွေချည်းပဲ...။
နဂိုကမှစိတ်ရှိနေတဲ့ချွဲမင်ဟိုက
ခုဂျွန်မြောင်နဲ့တစ်အိမ်တည်းဖြစ်
သွားပြီဆိုတော့အခွင့်အရေးတွေ
ယူနေရင်ဘယ်လိုလုပ်မတုန်း...။
ခုလိုညအချိန်တွေဆိုရင်ပိုဆိုး
တယ်...။
သူတို့နှစ်ယောက်တူတူများ
ဖက်အိပ်နေလောက်လား...။
ချွဲမင်ဟိုကဂျွန်မြောင်ကိုရင်ခွင်ထဲ
ထည့်ပြီး...ဂျွန်မြောင်ကလည်း
ပြုံးပြုံးပျော်ပျော်နဲ့ချွဲမင်ဟိုရဲ့ရင်ခွင်
ထဲကိုတိုးဝင်............ဟာ!...
မဖြစ်နိုင်ပါဘူး...။
ဂျွန်မြောင်ကအဲ့ကောင်ကိုကြိုက်
မှမကြိုက်တာကို.....။

နေဦး!...အဲလိုမှမဟုတ်ဘူးဆို
ရင်......
ဂျွန်မြောင်ကအခန့်မသင့်လို့ချော်
အလဲ....ချွဲမင်ဟိုကလာဖမ်းထိန်း
ပေး...အဲလိုနဲ့နှစ်ယောက်သား
ကြမ်းပြင်ပေါ်ပစ်လှဲကျသွား....
အကြည့်ချင်းတွေဆုံကြ.....
ဂျွန်မြောင်ကမျက်နှာကြီးတွေနီ
လာပြီးရှက်သွား....အဲဒါကိုကြည့်
ပြီးချွဲမင်ဟိုကလူယုတ်မာ
အပြုံးကြီးနဲ့ဂျွန်မြောင်ကိုချီပြီး
အခန်းထဲဝင်....ပြီးတော့..
ဟိုလိုဒီလိုတွေဖြစ်...

"ဟာ...အစ်ကိုနော်...လွတ်လို့
ဆိုနေ..."

"မလွတ်ချင်ပါဘူး..."

ဆိုပြီးဂျွန်မြောင်ကိုမွေ့ယာပေါ်
ပစ်တင်...အကျႌတွေဆွဲချွတ်..

"အား...အစ်ကိုလို့..ဘယ်လိုဖြစ်
နေတာတုန်း...နာတယ်..."

"ခနလေးပါကွာ...ပြီးရင်မနာ
တော့ဘူး...ခနလေးပဲသည်းခံ.."

အဲဒီလိုနဲ့နှစ်နှစ်လောက်ကြာတော့

"ငယ်ရေ...ဒီမှာသားသားငိုနေ
တယ်..."

"ငယ်မအားသေးဘူးအစ်ကိုရေ..
အစ်ကိုပဲကြည့်ထိန်းထားဦး...
ဒီမှာဟင်းအိုးကမီးတူးတော့
မယ်..."

"ဗြဲ...ဗြဲ...ဟင့်...ဟင့်...ပါး...."

"အင်းပါ...သားသား..ရယ်..
တိတ်...တိတ်...မင်းပါပါးက
မအားသေးဘူး..."

ချွဲမင်ဟိုကသူ့ရင်ခွင်ထဲက
ကလေးသေးသေးလေးရဲ့တင်ပါး
ကိုပုတ်.ပုတ်ပြီးချော့နေချိန်

"ဗြဲ!..ဗြဲ...ပါပါး...."

အာပြဲကြီးနဲ့အော်ငိုနေတဲ့ကလေး
မျက်နှာကြီးကတဖြေးဖြေးနီးလာ
တော့ တွေ့လိုက်ရတဲ့မျက်နှာက..
ဘာ.!...
ငါ့မျက်နှာကြီး!...လခွမ်းတဲ့မှ..
ဘယ်လိုတွေဖြစ်ကုန်တာတုန်း...။
တော်ပြီ...တော်ပြီ..မတွေးတော့
ဘူး...အိပ်တာပဲကောင်းတယ်..။
မျက်စိကိုအတင်းမှိတ်ပြီး
ဆယ်ဟွန်းအိပ်ပျော်ဖို့ကြိုးစားရ
တော့သည်...။
အိပ်မှပါပဲ...မဟုတ်ရင်...
ပရုတ်သုတ်ခအတွေးတွေကလူ
ကိုနှိပ်စက်လွန်းလို့....။
ဒါတောင်သူ့အိပ်မက်ထဲမှာ
သူ့မျက်နှာကြီးနဲ့ချွဲမင်ဟိုရဲ့သား
ကိုတအားငိုလွန်းလို့ဂျွန်မြောင်က
ဖင်ချွတ်ရိုက်နေသတဲ့လေ....။
ဘုရား......ဘုရား.....။

Tbc°°°°°

Continue Reading

You'll Also Like

1M 62.9K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
20K 1.6K 29
အရမ္းခ်မ္းသာပီးအရမ္းဆိုးသြမ္းတဲ႔ သူေ႒းသားေလးအားခ်စ္မိေသာေျကာင့္ သူေ႒းသားေလးရဲ႔bodyguardအဖစ္ေနကာ ေတြ႔ျကံဳရေသာ အခက္ခဲမ်ားနွင့္ အရႈပ္ေတာ္ပံုအေျကာင္း Ma...
182K 3.8K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
1.3M 55.9K 103
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC