Witnessing To The MaNaw Land_...

By DiDi_0410

6.3K 460 188

မနောတိုင်များအား သက်သေတည်ပါတယ်... ချစ်ရသူအနား ခစားခွင့်ပြုပေးပါ... မေနာတိုင္မ်ားအား သက်သေတည်ပါတယ်... ချစ်ရသူအ... More

Intro ( Uni )
အပိုင်း - ၁ ( Uni + Zaw )
Intro ( Zaw )
အပိုင်း - ၂ ( uni )
အပိုင်း - ၂ ( Zaw )
အပိုင်း -၃ ( Uni )
အပိုင်း -၃ ( Zaw )
အပိုင်း - ၄ ( uni )
အပိုင်း - ၅ ( uni )
အပိုင်း - ၅ ( Zaw )
အပိုင်း - ၆ ( uni )
အပိုင်း - ၆ ( Zaw )
အပိုင်း - ၇ ( uni )
အပိုင်း - ၇ ( Zaw )
အပိုင်း - ၈ ( uni )
အပိုင်း - ၈ ( Zaw )
အပိုင်း - ၉ ( uni )
အပိုင်း - ၉ ( Zawgyi )
Please Read ‼️
အပိုင်း ၁၀ ( uni )
အပိုင်း - ၁၀ ( Zawgyi )
အပိုင်း - ၁၁ ( Uni )
အပိုင်း - ၁၁ ( Zaw )
အပိုင်း - ၁၂ ( Uni )
အပိုင်း - ၁၂ ( Zaw )
အပိုင်း - ၁၃ ( Uni )
အပိုင်း - ၁၃ ( Zaw )
အပိုင်း - ၁၄ ( Uni + Zaw )
အပိုင်း - ၁၅ ( Uni + Zaw )
အပိုင်း - ၁၆ ( Uni + Zaw )
အပိုင်း - ၁၇ ( Uni + Zaw )
အပိုင်း - ၁၈ ( Uni + Zaw )
‼️ D Day ‼️
အပိုင်း - ၁၉ ( Uni + Zaw )
အပိုင်း - ၂၀ ( Uni + Zaw )
အပိုင်း - ၂၁ ( Uni + Zaw )
အပိုင်း - ၂၂ ( Uni + Zaw )
Happy Birthday to Me \(๑╹◡╹๑)ノ♬
အပိုင်း - ၂၃ ( Uni + Zaw )
အပိုင်း - ၂၄ ( Uni + Zaw )
အပိုင်း - ၂၅ ( Uni + Zaw )
Happy Thadingyut Everyone🎉✨
အပိုင်း - ၂၆« ဇာတ်သိမ်းပိုင်း »( Uni + Zaw )
ကျေးဇူးတင်လွှာ { ေက်းဇူးတင္လႊာ }
Extra for Christmas {{ Wedding Ceremony }}
Please

အပိုင်း - ၄ ( Zaw )

102 3 0
By DiDi_0410

နောက်တနေ့ မနက်ခင်း ~~~~

ဧကတို့ အိမ်တော်မှာ ခရီးစဉ်စတင်ရန် အဆင်သင့်ဖြစ်နေကြပေပြီ ။ ရဂွန်းက သူတို့အိမ်တော်ကပဲ ခရီးစဉ်စမယ်လို့ဆိုတဲ့ အတွက် အိမ်တော်မှာပင် အသင့်ပြင်ကာ စောင့်နေကြခြင်းပင် ။ ထွေးကတော့ မနေ့ကတည်းက စပ်စလူးခါနေလို့လိုက်ထိန်းနေရသည်မှာ အကြီးကဘယ်သူလဲတောင်ပြန်မေးရမယ့်ပုံစံ .။ နှောင်းဝေ.. အင်း နှောင်းဝေကတော့ အဲ့နေ့ကျောက်သွားယူပြီး ပြန်လာကတည်းက အတော်လေးငြိမ်ကုတ်နေသည် ။ မသိလျှင် အတင်းအဖြေတောင်းခံထားလို့ ရှက်ပြီးငြိမ်နေသည့်အတိုင်း... ဧကတို့ သိပ်စောင့်စရာမလိုပဲ ရဂွန်းမောင်းနှင်လာတဲ့ ဆိုင်ကယ်နီနီလေးကို မြင်လိုက်ရ၍ ပြုံးမိသွားသည် ။ သို့သော် ဆိုင်ကယ်နောက်ကကပ်ထိုင်လာတဲ့ ဦးစိုင်းလောင်ဝဝ်ကြောင့် အပြုံးကပျောက်ကွယ်သွားတော့သည် ။ သို့သော် ဧကအကြာကြီးစိတ်မညစ်လိုက်ပေ ။ အကြောင်းမှာ ဦးစိုင်းလောင်ဝဝ်က ဆိုင်ကယ်ပေါ်ကဆင်းလာသည်နှင့် နှောင်းဝေနားကို ခွေးလေးအမြှီးနှန့်သလို ပြေးသွားသောကြောင့်ပင်...။

နှောင်းဝေလဲ သူ့အနားကိုရုတ်တရက်ရောက်လာတဲ့ ဦးစိုင်းကြောင့် ကြက်သီးတွေပါထလာတော့သည် ။ ဧကကတော့ ရဂွန်းကိုသာ စိုက်ကြည့်နေသဖြင့် ရဂွန်းလဲ လူမှုရေးအရ ပြန်ပြုံးပြလိုက်သည် ။ ဧက လဲ ရဂွန်းအနားကို လျှောက်လာပြီး

"  ဟူ..ဟူလို့ပဲခေါ်မယ်နော် .."

" ရပါတယ် ဧကအဆင်ပြေသလိုခေါ်ပါ "

" ဦးစိုင်းကို ဘာလို့ခေါ်လာတာလဲ သိလို့ရမလား "

" ဦးစိုင်းက ကားမောင်းပေးဖို့လေ... ကိုနှောင်းဝေတို့က အလုပ်နေရာတွေလောက်ပဲသိမှာပေါ့ .. အပန်းဖြေနေရာတွေနဲ့ အထင်ကရနေရာတွေကျတော့ လမ်းဘယ်သိမလဲ ။ "

ဟူ ပြောတာကလဲမှန်နေတာမို့ ဧက စိတ်လျော့လိုက်ပြီး နှောင်းဝေကို ခေါင်းခန်းတက်ခိုင်းလိုက်တော့ နှောင်းဝေရဲ့ မျက်နှာဟာ * ရက်စက်တော့မှာလား Boss ရယ် *ဆိုတဲ့ မျက်နှာမျိုးဖြစ်လာတော့သည် ။ သို့သော် ဧကရဲ့ *ရက်ရက်စက်စက်ပဲ* ဆိုတဲ့မျက်နှာဘေးနဲ့ ကားခေါင်းခန်းထဲ အတင်းထိုးထည့်ခံလိုက်၇တဲ့ အခါမှာတော့ * ငိုးမ Boss * ဆိုတဲ့ မျက်နှာအဖြစ်ပြောင်းလဲသွားတော့သည် ။ ဧကတို့လဲ ကားပေါ်အသီးသီးတက်ပြီးချိန်တွင်တော့ ဦးစိုင်းက ရဂွန်းဘက်လှည့်လာကာ

" အနီးအနားကပဲ စလိုက်မလား ရဂွန်း "

" ဟုတ် ဦးစိုင်း လန်နခ ကိုအရင်သွားမယ်... အဲ့ကမှဆဒုံးခံတပ်ကိုဖြတ်ပြလိုက်မယ် ။ ဆဒုံးခံတပ်က ဘာမှ မှသိပ်မရှိတာ  "

ဦးစိုင်းကရဂွန်းရဲ့စကားကို ခေါင်းငြိမ့်ပြပြီး ကားနဲ့စတင်ထွက်ခွာလာခဲ့ကြတော့တယ် ။ ဝိုင်းမော်မြို့ရဲ့ ဧရိယာတွေထဲ ပါဝင်နေတဲ့ ဆဒုံးမြို့လေးဟာ ဝိုင်းမော်နဲ့ မနီးသော်လဲ မဝေးပေ ။ ရဂွန်းလဲ ဦးစိုင်းကိုပြောပြီးတာနဲ့ ဧကတို့ကို ရှင်းပြဖို့ အနောက်ကိုပြန်လှည့်လိုက်သည် ။

" ကျွန်တော်တို့ အခုသွားမယ့် လန်နခ ဆိုတာကို ဆဒုံးရေတံခွန်ဆိုပြီး လူသိများတယ် ။ ဆဒုံးခံတပ်ကြောင့် ဆဒုံးရေတံခွန်ဆိုပြီးခေါ်ကြတာ ။ ဆဒုံးခံတပ်က နယ်ချဲ့တွေကိုတော်လှန်ခဲ့ရာ ရှေးဟောင်းသမိုင်းဝင်နေရာတခုပဲ ဒါပေမယ့် သေချာထိန်းသိမ်းမှုမရှိတော့ ပျက်စီးကုန်ပြီလေ ။ ဆဒုံးမြို့လေးက လူဦးရေ ၁၀၄၉၆ ( 2014 လူဦးရေစစ်တမ်းအရ ) ရှိတဲ့ တောင်ပေါ်မြို့အသေးလေးပဲ ။ ဝိုင်းမော်မြို့ရဲ့ မြို့ခွဲ ( ၂ ) ပေါ့ဗျာ ။

ဆဒုံးမြို့လေးက မြစ်ကြီးနားမြို့ အရှေ့ဘက် မိုင် ၄၀ အကွာ ပေ ၄၀၀၀မြင်တဲ့နေရာမှာရှိတဲ့ တောင်ပေါ်မြို့လေးတခုပဲ ။ ဆဒုံးရေတံခွန်က မြစ်ကြီးနား-ဝိုင်းမော်-ကန်ပိုက်တီ ( တရုတ်နယ်စပ် ) အထိဆက်သွယ်ဖို့ တရုတ်လုပ်သားတွေဖောက်လုပ်ထားတဲ့ လမ်းမကြီးဘေးမှာရှိတယ် ။ ကုန်ပစ္စည်းတင်ပို့တဲ့ကားကြီးတွေက အမြဲသွားလာနေကြတာမို့ လူပြတ်တယ်ဆိုတာ မရှိဘူး ။

အရငက်တော့ ရေတံခွန်ကလူမစီသေးဘူး ‌ရေတံခွန်ကိုလာမယ်ဆိုရင် ကိုယ့်အိမ်ကနေ စားစရာတွေကိုထုတ်ပိုးပြီး သယ်လာရတာ ။ နောက်ပိုင်းတိုးတက်လာတော့မှ အဲ့မှာ စားသောက်ဆိုင်လေးတွေနဲ့ အပန်းဖြေနေရာတခုဖြစ်ပြီး စည်ကားလာခဲ့တာပဲ ။

ရေတံခွန်က မတ်စောက်နေတဲ့ တောင်ပေါ်က ကျဆင်းလာတာမို့ တောင်ကျရေစစ်စစ်ပဲ ။ တောင်ကျ‌ရေလို့ပြောစရာမလိုအောင် အေးမြတယ် ရေကလဲ ကြည်လင်တယ် ။ အဆင့်စုစုပေါင်း ၈ ဆင့်ရှိတယ်လို့ပြောကြပေမယ့် အန္တရာယ်တွေနဲ့ မတော်တဆမှုတွေဖြစ်တတ်တာကြောင့် အဆင့် ၄ ဆင့်အထိပဲတက်လို့ရတယ် ။ ရှုခင်းအရမ်းလှတဲ့ view point တွေလဲရှိတာမို့ ဓာတ်ပုံရိုက်ရတာကြိုက်တဲ့ သူတွေ အတွက်ကျေနပ်စရာပဲပေါ့ ။ အခုတော့ လမ်းတံတားကုမ္ပဏီကြီးတွေက အပြိုင်အဆိုင်လေလံဆွဲပြီး အပေါ်ထိတက်နိုင်အောင် တံတားတွေဆောက်နေကြပြီလေ ။ "

ရဂွန်းရဲ့ ရှင်းပြမှုကို သေချာနားထောင်ရင်း ဒီကောင်လေးကတကယ်ကို တိုးရစ်တယောက်ပီသတယ်ဆိုတာ သိလာရသည် ။ ထွေးကတော့ ဓာတ်ပုံရိုက်ဖို့နေရာကောင်းတွေရှိတယ်ဆိုကတည်းက ငြိမ်ငြိမ်ကိုမနေတော့ပေ ။ ရဂွန်းရှင်းပြနေရင်းကပင် ‌ရေတံခွန်နားကိုရောက်လာလေပြီ ။ ဦးစိုင်းကားရပ်ပေးလိုက်တာနဲ့  ထွေးကတော့‌ရေတံခွန်ဘက်ကိုပြေးသွားလေပြီ ။ နှောင်းဝေကိုတော့ ဦးစိုင်းကပဲ ဆွဲခေါ်သွားသည်မို့လို့ ကားအနားမှာ ဧကနှင့်ရဂွန်းတို့နှစ်ယောက်တည်းသာကျန်ခဲ့တော့သည် ။ ဧကလဲ ဖြေးဖြေးချင်းလျှောက်လာရင်း ရေတံခွန်နှင့်နီးလာသည်နှင့်အမျှ သာယာလှသော သဘာဝရဲ့တေးသံတပုဒ်ကို ကျယ်‌‌လောင်စွာကြားလာရတော့သည် ။ ထွေးကတော့ ရေတံခွန်နားမှာ အမျိုးစုံသော ပုံတွေကိုရိုက်နေလေပြီ ။ ဧက ကရေတံခွန်ထဲမဆင်းဘဲ ရပ်ကြည့်နေသည်ကိုမြင်တော့ ရဂွန်းက မဆင်းဘူးလား ဟုမေးလာသည် ။ ဧက ကခေါင်းခါပြလိုက်တော့ရဂွန်းက ဧကနားလာပြီး အတူတူလာရပ်ပေးနေလေတယ် ။

" ဟူ ကိုယ်သိချင်တာရှိလို့ "

" ဟုတ် မေးလေ "

" မနောပွဲဆိုတာက ဘယ်အချိန်လုပ်ကြတာလဲ ။ ပြီးတော့ နောက်ထပ်အပန်းဖေနေရာတွေက ဘာတွေရှိသေးလဲ ? "

" သေချာသိချင်ရင် ကျွန်တော်ကားပေါ်မှာပြောပြမယ်လေ ။ ဧက ကရေတံခွန်မှာမဆော့တော့ဘူးမလား "

ဧကလဲခေါင်းငြိမ့်ပြပြီး ကားနားကိုတူတူပြန်လျှောက်လာကြတော့သည် ။ အနောက်ကနေ ထွေးကလဲ သူလိုချင်တာရပြီးသည့် ပုံစံဖြင့်လိုက်လာလေတော့သည် ။ ဧကတို့ ကားနားရောက်တော့ နှောင်းဝေတို့ပြန်မလာသေးပေ ။ ဧကလဲ ပါလာတဲ့သော့အပိုနဲ့ ကားပေါ်တက်လိုက်ပြီးထွေးနဲ့အတူ  ရဂွန်းပြောပြတဲ့ မနောပွဲအကြောင်းကို သေချာထိုင်နားထောင်တော့သည် ။

~~~~ တဖက်တွင် ~~~~

နှောင်းဝေမှာ ဦးစိုင်းဆွဲခေါ်ရာနောက်ကို ပါလာရပြီး တောလမ်းကလေးတခုကြားရောက်ရှိလာလေသည် ။ ဦးစိုင်းက သစ်ပုတ်ပင်ကြီးတပင်အောက်မှာ ရပ်လိုက်ပြီး နှောင်းဝေရဲ့ ပုခုံးနှစ်ဖက်ကို ကိုင်ကာ

" ကိုယ့်ကိုဘယ်တော့ အဖြေပေးမှာလဲ နှောင်း "

" ဗ ... ဗျာ ?? "

" ကိုယ်အဖြေတောင်းထားတယ်လေ နှောင်း "

ဦးစိုင်း၏စကားများကြောင့် နှောင်းဝေ၏မျက်နှာလေးက ရဲတက်လာသည်မှာ နေထိုးခံလိုက်ရသော နှင်းဆီပန်းလေးကဲ့သို့ပင် ။ ဟုတ်ပါသည်.... ထိုလူကြီးက မနေ့ကတည်းကနှောင်းကို ဖွင့်ပြောထားခြင်း  Boss ရဲ့အမိန့်ကြောင့် ထိုလူကြီးနောက်ကို လိုက်သွားချိန်တွင် နှောင်းလက်ကိုကိုင်ပြီး "နှောင်းကို ကိုယ်မြင်မြင်ချင်း ချစ်မိသွာပြီမို့လို့ ကိုယ့်ကိုအဖြေပေးပါ " ဟုဆိုလာသည် ။ သို့သော်နှောင်းကတော့ ‌" နောက်မှ " ဟုဆိုကာ အသည်းအသန်ထွက်ပြေးလာခဲ့သည် ။ ယခုတော့ နှောင်းထွက်ပြေးလို့ မရတော့ပါချေ ။ ချောင်ပိတ်မိနေသော ကြောင်ပေါက်လေးတကောင်လို တုန်ရီလာတော့သည် ။ ဦးစိုင်းကလဲ နှောင်းရဲ့ပုံစံကြောင့် ပခုံးကိုကိုင်ထားတဲ့ လက်တွေကိုဖယ်ပေးလိုက်ပြီး ကြောင်လေးတစ်ကောင်ကိုထွေးပွေ့သလို ရင်ခွင်ထဲကိုထည့်ပြီးထွေးပွေ့ပေးလိုက်သည် ။ နှောင်းရဲ့ကျောပြင်လေးကို ဖြေးဖြေးချင်းပွတ်ပေးပြီး နှစ်သိမ့်ပေးနေကာ

" အဆင်ပြေတယ် အဆင်ပြေပါတယ်နှောင်းရယ် .. ကိုယ်လောသွားတာသိပါတယ်... ကိုယ်စောင့်ပေးရမှာကို "

" မဟုတ်.. မဟုတ်ပါဘူး... မ.. မနက်ဖြန်..အိမ်တော်ပန်းခြံကိုစောစောလာခဲ့ပါ "

" တကယ်လား နှောင်း... "

မယုံကြည်နိုင်ယောင်ပျော်ရွှင်သွားတဲ့ မျက်လုံးတွေဖြင့် စိုက်ကြည့်ကာမေးလာတော့ နှောင်းခေါင်းငြိမ့်ပြလိုက်သည် ။ ထိုမှသာ ဦးစိုင်းကနှောင်းကိုရင်ခွင်ထဲကထုတ်ပြီး နှောင်းလက်ကို ကိုင်လျက် ကားနားကိုအပြေးပြန်လာတော့သည် ။ ဦးစိုင်းလက်မှာစွဲကိုင်ခ့ထားရတဲ့ နှောင်းလက်ကလေးတွေကိုကြည့်ရင်း ရင်ခုန်သံက ငြင်းမရအောင် သက်သေထူနေလေရဲ့။

ငိုင်နန်ဖဲ့ဂိုင်စောရအိုင် နှောင်း

အဓိပ္ပာယ်ကတော့ ငါမင်းကိုချစ်တဘ် နှောင်း တဲ့

* မနောမြေအား သက်သေတည်လျက် *

ဆဒုံးရေတံခွန် ခေါ် လန်နခ ‌ရေတံခွန်

#vote and comment ><
TBC ~~

Continue Reading

You'll Also Like

147K 15.9K 113
How to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလေလေ သဘောကျမိလာလေဟူသည့် ခံစားချက်ကို ပေးစ...
44.4K 3.2K 50
အရာရာကို ဦးနှောက်သုံးပြီးတွက်ချက်တတ်တဲ့ စီးပွားရေးသမား မင်းမဟာ။ ဝမ်းကွဲညီမတစ်ဦးရဲ့ကျန်းမာရေးအတွက် ဆွေမျိုးအချို့ရှိရာ ကျေးလက်တောရွာလေးကိုလိုက်ပို့တ...
2.9K 159 14
အလုပ်တွေ၊လူနာ​တွေ နဲ့သာ အချိန်ကုန်နေပြီး ချစ်သူအတွက် အချိန်မပေးနိုင်ခဲ့သည့် စေတနာဆရာဝန်လေးတစ်ယောက်နဲ့ တဇွက်ထိုးဆန်ပြီး ဒေါသကြီးသည့် သူ့ရဲ့ချစ်သူကောင်...