မှော်ဆန်သော(completed)

By Yizhan27

30.5K 1.8K 8

တည်ငြိမ်နေတဲ့စမ်းချောင်းလေးကိုလှုပ်ခပ်နိုင်တာကောတယောက်တည်းပါ... ကလေးလေးကိုချစ်လွန်းလို့တယုတယအနားမှာသိမ်းစည်းထ... More

Chapter..1
Chapter..2
Chapter..3
Chapter..4
Chapter..5
Chapter..7
Chapter..8
Chapter..9
Chapter..10
Chapter..11
Chapter..12
Chapter..13
Final
New

Chapter..6

1.5K 113 0
By Yizhan27

ကျနော်ကရင့်ကျက်တဲ့လူတစ်ယောက်ပါကော...ကောဖြစ်စေချင်တဲ့ရဲရင့်တဲ့လူတစ်ယောက်ပါ.....

"ယွမ်လုနှိပ်ပေးရမလားသခင်ကြီး...ရှောင်ကျန့်ကောရဲ့အဖေဆိုတော့ယွမ်လုအဖေလိုပါပဲ..."

"ဟား.ဟားတကယ်ကိုလိမ္မာတဲ့ကလေးပဲ..ရပါတယ်ကွယ်သားဘေးမှာပဲထိုင်နေပါ..ဒီလိုလိုက်ဖက်တဲ့စုံတွဲကိုတွေ့ရတာနဲ့တင်ဒီအဖေကဝမ်းမြောက်နေပါပြီ..."

ယွမ်လုကရှောင်ကျန့်လက်မောင်းတစ်ဖက်ကိုအသာကိုင်ရင်းကျေနပ်သွားဟန်နှင့်ရီသည်....
ရှောင်ကျန့်အနေနဲ့ကတော့ဒီနေရာကအမြန်ထွက်သွားချင်စိတ်သာရှိတယ်...သူရိပေါ်နဲ့ချစ်နေကြောင်းပြောပြီးနောက်နေ့မှပဲအဖေကယွမ်လုကိုအတင်းသူနဲ့မိတ်ဆက်ပေးတော့သည်....နဂိုထဲကစကားနားထောင်ပြီးအဖေပေါ်သိတတ်သူမို့တစိမ်းရှေ့ငြင်းချက်မထုတ်ချင်တာကိုအဖေကအခွင့်ကောင်းယူနေပုံရ၏..

" ဝမ်သခင်လေးကြွလာပါပြီ..."

"ကြွပါ..ကြွပါသခင်လေး..ဒီမှာလူတွေဆုံနေပြီ..အဖေကဝမ်သခင်လေးကိုဧည့်ခံချင်လို့ဖိတ်လိုက်တာလေ..."

ရှောင်ကျန့်သူ့အဖေရဲ့သဘောထားကိုရိပ်မိလိုက်သည်...
တော်ရုံဖိတ်တိုင်းတကူးတကမသွားတတ်တဲ့ရိပေါ်ကရှောင်ကျန့်ရဲ့အဖေဖြစ်နေတာကြောင့်လက်ဆောင်ကျောက်စိမ်းပြားတခုနဲ့ရောက်အောင်လာခဲ့ခြင်းဖြစ်သည်....

"ဒါကသခင်ကြီးအတွက်လက်ဆောင်ကျောက်စိမ်းပြားပါ..ဂိုဏ်းတံဆိပ်ကိုသေချာထွင်းခိုင်းထားတာမို့လက်ရာမြောက်ပါတယ်..."

ရှောင်ကျန့်အဖေဖြစ်သူကတံဆိပ်ပြားကိုသေတ္တာထဲကထုတ်ကြည့်ရင်းခေါင်းတငြိမ့်ငြိမ့်နဲ့သဘောတကျဖစ်နေသည်...

"အဖေ..တံဆိပ်ပြားလေးလှလိုက်တာယွမ်လုလဲလိုချင်လိုက်တာနော်..."

ဂိုဏ်းတံဆိပ်ကိုလိုချင်တယ်ပြောတာကြောင့်ရှောင်းသခင်ကြီးအနဲငယ်စိတ်ထောက်သွားပေမဲ့သူ့အကြံနဲ့သူမို့ပေးရန်ဆုံးဖြတ်လိုက်သည်....

"လိုချင်ရင်ယူပေါ့သမီးရယ်​ေနာက်လဲဒီဂိုဏ်းရဲ့မိသားစုဖြစ်လာမှာပဲ...ဝမ်သခင်လေးဒါကယွမ်လုတဲ့ရှောင်ကျန့်နဲ့လက်ဆက်မဲ့သူလေခုတခါတည်းလက်ဖွဲ့တယ်သဘောထားလိုက်ပါ..."

"........"

လူကဲခတ်တော်တဲ့ရိပေါ်ဟာခေါင်းတချက်သာငြိမ့်ပြပြီးတိတ်ဆိတ်နေလိုက်တယ်...

"ကေျးဇူးပါနော်ဝမ်သခင်လေး...ဟိုရိပေါ်ကောလို့ပဲခေါ်လို့ရမလား..တကယ်ကိုနာမည်ကြီးတဲ့သခင်လေးတွေနဲ့ခင်ချင်တာ..."

"မရဘူး..."

ရိပေါ်ခပ်ပြတ်ပြတ်သာပြောချလိုက်ပြီးထည့်ပေးလာတဲ့သေရည်ကိုမော့သောက်လိုက်သည်....

ကောအဖေကသိပ်ကိုစော်ကားလွန်းနေပါပြီ....

"ကျနော့်သဘောထားကိုအလေးထားစေချင်တယ်အဖေ..ယွမ်လုကိုအားနာပေမဲ့ကျနော်ဒီကိစ္စတွေကိုလက်မခံပါဘူး..."

" ရှောင်ကျန့်..."

"ဒီကဝမ်ရိပေါ်ဟာကျနော်ချစ်မြတ်နိုးရတဲ့တစ်ဦးတည်းသောသူပဲဒါကြောင့်သူကပဲကျနော့်လက်တွဲဖော်ဖြစ်လာရမယ်...လာရိပေါ်ကို့အဆောင်ကိုသွားကြမယ်..."

ဓားကိုကျစ်နေအောင်ဆုပ်ကိုင်ရင်းရှောင်ကျန့်ခေါ်ရာနောက်ကိုသူလိုက်လာခဲ့တယ်...သူ့လိုလူမျိုးကလူတယောက်ပေါ်အရမ်းအားကိုးနေလို့ထူးဆန်းချင်ထူးဆန်းပါစေရှောင်ကျန့်ကတော့သူအားကိုးချင်တဲ့တစ်ယောက်တည်းသောသူပဲ.....

"နာတယ်ကော.."

ပကတိတည်ငြိမ်နေတဲ့အသံလေးကဒေါသထွက်နေချိန်မှာတောင်ကျယ်လောင်လာခြင်းမရှိဘူး...
ဆုပ်ကိုင်ခံထားရတဲ့လက်ကောက်ဝတ်ကအနီရောင်အရာကြောင့်ရှောင်ကျန့်လေတဖူးဖူးမှုတ်ပေးရတော့သည်...

"ကိုတောင်းပန်ပါတယ်...အမြဲတမ်းဒီကလေးလေးကိုစိတ်ညစ်အောင်လုပ်မိနေတယ်..."

"ကောဖြစ်စေချင်တဲ့ပုံစံအတိုင်းကျနော်ကလွယ်လွယ်စိတ်ပျော့တတ်တဲ့သူမဟုတ်ပါဘူး...စော်ကားခံရလဲကျနော်သည်းခံနိုင်ပါတယ်ဘာလို့လဲဆိုတော့သူကကောရဲ့အဖေဖြစ်နေလို့လေ..."

"ဟာကွာ...ဘာလို့ဒီလိုလူမျိုးကိုမှအဖေကသဘောမကျဖစ်နေရတာလဲ.."

ရှောင်ကျန့်ရိပေါ့ကိုယ်လုံးလေးကိုရင်ခွင်ထဲအသာဆွဲသွင်းရင်းဆံသားနုနုလေးတွေကိုပွတ်သတ်ပေးနေလိုက်၏....

"ကောကိုယုံတယ်ကျနော်ကကောရဲ့လက်တွဲဖော်ဖြစ်လာမယ်ဆိုတာအပိုပြောနေတာမဟုတ်ဘူးလို့သက်သေပြမယ်မလားဟင်..."

"ရိပေါ်သာလက်ခံရင်ကိုတော့အမြန်ဆုံးလက်ထပ်ချင်ပြီ..."

"ကောအဖေလက်ခံကြည်ဖြူတဲ့အခါကျနော်တို့နီးစပ်ရမှာပါ...ကျနော်ဒီရက်ပိုင်းထဲသိပ်လွမ်းနေတာ.."

ရင်ဘတ်ကိုနှာခေါင်းလေးနဲ့ပွတ်သပ်ရင်းချွဲပြန်တော့ဒီလူကြီးကပဲအဖြူလုံးလေးရှေ့ကျရှုံးရပြန်သည်....

"ကိုရိပေါ်နဲ့ဟွမ့်လင်တောင်ကိုခရီးထွက်ချင်တယ်တောင်ခြေကတောထဲမှာသဘာဝရေပူစမ်းရှိတယ်ပတ်ဝန်းကျင်ကလဲတိတ်ဆိတ်ပြီး​ေတ့ာသာယာတယ်.."

"ကျနော်ရောက်ဖူးချင်တယ်သွားရအောင်..."

"တရက်နှစ်ရက်လောက်နေရင်ကိုတို့သွားရအောင်လေဒီကြားထဲဖြေရှင်းစရာကိစ္စတွေဖြေရှင်းထားလိုက်..."

"ဟုတ်ကဲ့ကော..."

ပါးလေးနှစ်ဖက်မို့တက်အောင်ရီရင်းခေါင်းလေးငြိမ့်ကာဟုတ်ကဲ့ကောလို့ပြောတိုင်းရှောင်ကျန့်ရဲ့ကမ္ဘာကြီးဟာတုန်လှုပ်ရစမြဲ....

"ကလေးလေးက ကို့အဖေကိုကျကျောက်စိမ်းပြားလက်ဆောင်ပေးပြီးကို့ကိုကျတော့ဘာမှမပေးဘူးလား..."

"ဒီမှာလေကောအတွက်ကျနော်တယောက်လုံးရှိနေတဲ့ဟာကို.."

"အတတ်လေးကွာ..."

"ကောအတွက်လက်ဆောင်ကို ကျနော့်လက်နဲ့ကိုယ်တိုင်လုပ်ပြီးပေးမှာပေါ့.."

ခေါင်းတငြိမ့်ငြိမ့်နဲ့ရှောင်းသခင်လေးကတော့အကျေနပ်ကြီးကျေနပ်နေလေတယ်....

"ဒီမှာအိပ်သွားပါလားရိပေါ်.."

"ဟင့်အင်းကျနော်ပြန်ရမယ်ကော..အိမ်တော်မှာလုပ်စရာကိစ္စလေးရှိသေးတယ်..ဒီတခေါက်အမှုကတော်တော်ခေါင်းခဲရတယ်.."

"ကို့ကိုပြောလေကူညီပေးမှာပေါ့..."

ခုံပေါ်ထိုင်နေတဲ့ရှောင်ကျန့်ရဲ့ပေါင်ပေါ်တက်ထိုင်ရင်းခေါင်းလေးစောင်းကာပုခုံးပေါ်ကိုမှီချလိုက်သည်....

"ဒီတခေါက်ကိစ္စကဂိုဏ်းကြီးကြီးတခုနဲ့ဆက်စပ်နေတယ်လို့ထင်တယ်..လျန့်ဟွားဘက်မှာလူတွေသေနေတယ်အကုန်လုံးကဆောင်ကြာမြိုင်တခုထဲကမိန်းကလေးတွေကြီးပဲ..."

"အင်းသူတို့ကိုသတ်တဲ့သူကတယောက်တည်းဖြစ်နိုင်တယ်ဆောင်ကြာမြိုင်တခုထဲကလူတေကြီးပဲဆိုတော့..."

ရှောင်ကျန့်ကရေနွေးတစ်ခွက်ထည့်ပေးကာအပူလျော့အောင်မှုတ်ပေးပြီးရိပေါ့ကိုတိုက်တယ်...

"ကျနော်အဲ့ကိစ္စကိုသေချာစုံစမ်းနေတယ်ပြတ်တော့မှာပါအဲ့ခါကျသွားကြမယ်နော်ကော..."

"ကောင်းပြီ..ရော့ဒါလေးသောက်ကိုမှုတ်ပေးထားတယ်မပူတော့ဘူး..."

Continue Reading

You'll Also Like

983K 30.4K 61
Dans un monde où le chaos et la violence étaient maitre, ne laissant place à ne serrait ce qu'un soupçon d'humanité. Plume était l'exception. Elle...
170K 2.7K 24
hailey is your average teenager, she has a loving family and a best friend who will do anything for her life is good but that's about to change. what...
7.9K 314 11
yizhan ficလေးပါ ongoingလေးမို့ လိုက်ဖတ်ပေးကြပါအုံးဗျာ
153K 4.8K 32
SET ALIGHT BOOK TWO Theme- Wish That You Were Here - - - Jordan Swan is not ordinary. In fact, she's extraordinary, in Jasper's eyes. Happy, and ful...