Witnessing To The MaNaw Land_...

By DiDi_0410

6.3K 460 188

မနောတိုင်များအား သက်သေတည်ပါတယ်... ချစ်ရသူအနား ခစားခွင့်ပြုပေးပါ... မေနာတိုင္မ်ားအား သက်သေတည်ပါတယ်... ချစ်ရသူအ... More

Intro ( Uni )
အပိုင်း - ၁ ( Uni + Zaw )
Intro ( Zaw )
အပိုင်း - ၂ ( uni )
အပိုင်း -၃ ( Uni )
အပိုင်း -၃ ( Zaw )
အပိုင်း - ၄ ( uni )
အပိုင်း - ၄ ( Zaw )
အပိုင်း - ၅ ( uni )
အပိုင်း - ၅ ( Zaw )
အပိုင်း - ၆ ( uni )
အပိုင်း - ၆ ( Zaw )
အပိုင်း - ၇ ( uni )
အပိုင်း - ၇ ( Zaw )
အပိုင်း - ၈ ( uni )
အပိုင်း - ၈ ( Zaw )
အပိုင်း - ၉ ( uni )
အပိုင်း - ၉ ( Zawgyi )
Please Read ‼️
အပိုင်း ၁၀ ( uni )
အပိုင်း - ၁၀ ( Zawgyi )
အပိုင်း - ၁၁ ( Uni )
အပိုင်း - ၁၁ ( Zaw )
အပိုင်း - ၁၂ ( Uni )
အပိုင်း - ၁၂ ( Zaw )
အပိုင်း - ၁၃ ( Uni )
အပိုင်း - ၁၃ ( Zaw )
အပိုင်း - ၁၄ ( Uni + Zaw )
အပိုင်း - ၁၅ ( Uni + Zaw )
အပိုင်း - ၁၆ ( Uni + Zaw )
အပိုင်း - ၁၇ ( Uni + Zaw )
အပိုင်း - ၁၈ ( Uni + Zaw )
‼️ D Day ‼️
အပိုင်း - ၁၉ ( Uni + Zaw )
အပိုင်း - ၂၀ ( Uni + Zaw )
အပိုင်း - ၂၁ ( Uni + Zaw )
အပိုင်း - ၂၂ ( Uni + Zaw )
Happy Birthday to Me \(๑╹◡╹๑)ノ♬
အပိုင်း - ၂၃ ( Uni + Zaw )
အပိုင်း - ၂၄ ( Uni + Zaw )
အပိုင်း - ၂၅ ( Uni + Zaw )
Happy Thadingyut Everyone🎉✨
အပိုင်း - ၂၆« ဇာတ်သိမ်းပိုင်း »( Uni + Zaw )
ကျေးဇူးတင်လွှာ { ေက်းဇူးတင္လႊာ }
Extra for Christmas {{ Wedding Ceremony }}
Please

အပိုင်း - ၂ ( Zaw )

127 5 0
By DiDi_0410

နေပြည်တော်ကနေထွက်ခွာလာပြီး နာရီအနည်းငယ်အခါစီးပြီးနောက်မှာ မြစ်ကြီးနားလေဆိပ်ကိုဆိုက်ရောက်ခဲ့သည် ။ ကိုယ်ပိုင်လေယာဉ်နဲ့ ဖြစ်တာမို့ အေးဆေးသာ... လေဆိပ်ထဲကနေထွက်တာနဲ့ လာကြိုနေတဲ့ လူယုံတော် နှောင်းဝေ..ဧကကိုမြင်တာနဲ့ အနားကိုရောက်လာပြီး ကျန်တဲ့ တပည့်တွေနဲ့အတူ အိတ်တွေကိုလာသယ်တော့သည်။

" boss...အိမ်တော်ကိုပဲတန်းသွားမလား ဒါမှမဟုတ်.."

" ကျောက်တွေဝယ်သွားတဲ့သူရဲ့ အိမ်ကို အရင်သွားမယ်... နှောင်းဝေ မင်းကငါတို့နဲ့လိုက်ခဲ့ ကျန်တဲ့သူတွေကအိတ်တွေကို အိမ်တော်ကိုယူသွားတော့.."

" ဟုတ်ကဲ့ boss !!"

အသင့်စောင့်နေတဲ့ ကားပေါ်ကိုတက်လိုက်ပြီး လေဆိပ်ကနေ တဖြည်းဖြည်းထွက်ခွာလာခဲ့ကြသည် ။ လေဆိပ်ကနေ ပုံမှန်အမြန်နှုန်းနဲ့ထွက်လာရင်း မြို့ထဲကိုရောက်လာတော့ လူအနည်းငယ် ရှုပ်တာမို့ အရှိုန်ကိုလျှော့ချပြီး ဖြေးဖြေးချင်းသာမောင်းနှင်လာခဲ့သည်..။ မြစ်ကြီးနားမြို့ကနေဖြေးဖြေးထွက်ခွာလာရင်း ဝိုင်းမော်မြို့နယ်လေးထဲကိုဝင်ရောက်လာသည့်အခါ လှပသောတောတောင်တွေနဲ့ အေးချမ်းလှသောရာသီဥတုကြောင့် မြင်ကွင်းများကရင်သပ်ရှုမောဖွယ်ပင်..တောတောင်များပေါများသော မြို့နယ်လေးဖြစ်သည်နှင့်အတူ စိမ်းလန်းသော သဘာဝပေါက်ပင်များစွာက မျက်စိမလွှဲနိုင်အောင် တောင်တန်းကြီးများနှင့်ပနံသင့်လျက်..

ဝိုင်းမော်မြို့လေးသည် လူဦးရေပျမ်းမျှ ၁၂၀၀၀၀ ဝန်းကျင်ရှိသော မြို့လေးဖြစ်သည် ။ 27.7.1972 တွင် မြို့အဖြစ်သတ်မှတ်ခဲ့သော်လဲ 28.2.1973 တွင်မြို့ပြ၏အင်္ဂါရပ်များနှင့်မညီမှုများရှိတာကြောင့် မြို့နယ်အဖြစ်ပြောင်းလဲ သတ်မှတ်ခဲ့သည် ။ ဝိုင်းမော်မြို့နယ်အတွင်း၌ ရှေးဟောင်း ဆဒုံးခံတပ်ရှိရာ ဆဒုံးမြို့နှင့် ကန်တီမြို့တို့သည်လည်း ပါဝင်နေသည် ။ ရပ်ကွက်ပေါင်း 13 ခု ၊ ကျေးရွာပေါင်း 207 ရွာရှိသော ဝိုင်းမော်မြို့လေးသည် သာယာလှပါသည် ။ အများစုမှာ အစိုးရဝန်ထမ်းများအဖြစ် လုပ်ကိုင်ကြပြီး ဝန်ဆောင်မှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများကိုလုပ်ကိုင်သူလဲ များပြားလှပေသည် ။

ဧကတို့ကားလေးမှာ လှပသော ရှုခင်းများနှင့် တောတောင်များကို ဖြတ်ကျော်ပြီးသကာလ မိုင်းနားကျေးရွာ ဟုဆိုင်းဘုတ်တင်ထားသော ရွာလေးထဲကို ဝင်ရောက်လာပြီး ရွှေမိုးတောင်ကျောင်းဟု အမည်ရသော ဘုန်းကြီးကျောင်းလေးထဲ ဝင်ရောက်လာခဲ့သည် ။ ကျောက်ကိုဝယ်ယူသွားသူသည် ချမ်းသာကြွယ်ဝသောသူတယောက်ဖြစ်ပါလျက် ဒီလိုဘုန်းကြီးကျောင်းတခုမှာ မည်သည့်အတွက်လာတည်းခိုရသည်ကို ဧကနားမလည်နိုင်ပေ ။  နှောင်းဝေကလဲ ဧကရဲ့စိတ်ကိုသိနေသယောင် နောက်လှည့်လျက်

" စုံစမ်းရသလောက်တော့ အဲ့လူကအရင်ကဒီကျောင်းကဘုန်းကြီးကျောင်းသားတယောက်ပဲတဲ့ နောက်မှ ဖားကန့်မှာကျောက်သွားကိုင်ရင်း ကျောင်အောင်ပြီး လေလံရသွားလို့ ချမ်းသာလာတာလို့ ပြောကြတယ် boss ..."

ဧက ခေါင်းတချက်ငြိမ့်ပြလိုက်တော့ အရှေ့ကိုပြန်လှည့်ကာ ကားလေးအား ဘုန်းကြီးကျောင်းဝင်းအတွင်းဝင်ရောက်လျက် ကျွမ်းကျင်စွာ ပါကင်ထိုးလိုက်သည် ။ နှောင်းဝေကားစက်သပ်ပြီးတာနဲ့ ကားပေါ်မှဆင်းကာ နောက်တံခါးကိုလာဖွင့်ပေးသည် .။ သူတို့ကားလေးက်ုမြင်တော့ ကိုရင်ကြီးတပါးထွက်လာကာ အကျိုးအကြောင်းမေးပြီးသူ့နောက်လိုက်ရန်ပြောသဖြင့် ဧကတို့လဲ ကိုရင်ကြီးနောက်မှလိုက်ကာ ပင်မကျောင်းဆောင်ထဲဝင်‌ရောက်လာကြသည် ။ ကျောင်းဆောင်ရဲ့ အလယ်မှာတော့ ကျောင်းပိုင်ဆရာတော်နှင့် စကားပြောလျက်ရယ်မောနေသော သတ်လတ်ပြီးအရွယ်လူတယောက်အားတွေ့ရသည် ။ ကိုရင်ကြီးက ချောင်းတချက်ဟန့်လိုက်သဖြင့် ကျောင်းထိုင်ဆရာတော်ရော ထိုလူပါဧကတို့ကိုလှည့်ကြည့်လာကာ ကျောင်းထိုင်ဆရာတော်မှစတင်၍

" ဒကာလေးတို့ ဘယ်အကြောင်းကိစ္စနဲ့များရောက်ရှိလာပါလိမ့် .. ထိုင်ကြ ထိုင်ကြ... ကိုရင်ကြီးရေ ဧည့်သည်တွေအတွက် ရေနွေးလေးယူခဲ့ပေးပါဦးကွဲ့ .."

" တင်ပါ့ဘုရား .."

" ကဲ ဒကာလေးတို့ ဘာအရေးကိစ္စပါလိမ့် ... ဒကာလေးတို့ကို တခါမှလဲ မမြင်ဖူးပါလားကွဲ့ .."

ကိုရင်ကြီးလှည့်ထွက်သွားသည်နှင့် မေးလာသော ‌ကျောင်းထိုင်ဆရာတော်ကြောင့် ဧကကပဲ

" တပည့်တော်က ဆောင်းဧကမိုးပါ ဒီဘက်ကတော့ ဆောင်းဧကထွေးငယ်ပါ.. အနောက်ကတော့ တပည့်တော်ရဲ့ လူယုံတော် နှောင်းဝေပါ ဘုရား... လာရတဲ့ ကိစ္စတော့ ဒီက ဦးစိုင်းလောင်ဝဝ်နဲ့ ဆွေးနွေးစရာရှိလို့ပါဘုရား... "

ဧက မိတ်ဆက်ပြီးတာနဲ့ အကြောင်းကိစ္စကိုလျှောက်တင်လိုက်တော့ ဦးစိုင်းလောင်ဝဝ်က သူ့နာမည်ကိုကြား၍ ဧကအား သေချာစိုက်ကြည့်လာသည်..။ မျက်လုံးများကတော့ ရန်သူလား မိတ်ဆွေလား အကဲခတ်နေသည့်ဟန်...ဧကလဲသူနဲ့အပြိုင် ပြန်စိုက်ကြည့်ပေးလိုက်သောအခါ ဧကရဲ့ အကြည့်ကို မခံနိုင်သယောင် မျက်နှာလွှဲသွားသည် ။ ဆရာတော်ကလဲ သူတို့ကို အကဲခတ်သယောင်ကြည့်ပြီးသွားမှ စိတ်ချသွားသည့်ဟန်ဖြင့် စတင်မိတ်ဆက်လာသည် ။ ကချင်အချင်းချင်းဆိုလျှင် ကချင်စကားနှင့်သာပြောကြသော်လဲ ဘုန်းဘုန်းကတော့ ဧကတို့လာသည့်နေရာကို ရိပ်မိသယောင် မြန်မာစကားနှင့်သာ မေးမြန်းနှုတ်ဆက်သည် ။

" အဲ့တာဆိုလဲ ထိုင်ကြ.. ဘုန်းဘုန်းဘွဲ့အမည်ကတော့ ဦးဝိမလ တဲ့ကွဲ့.. ဒကာလေးတို့ အဆင်ပြေသလိုသာနေကြ.. ဘုန်းဘုန်းလဲသွားနားတော့မယ်ကွဲ့ .. "

" တင်ပါ့ဘုရား "

အကုန်လုံးလဲ ဘုန်းဘုန်းကိုဦးချလိုက်ပြီး ပြန်ထိုင်လိုက်ကာ ဦးစိုင်းလောင်ဝဝ်နဲ့ မျက်နှာချင်းဆိုင်လိုက်ချိန်တွင်..

" ကျုပ်ကိုဒီအထိလာတွေ့ရတဲ့ အကြောင်းကဘာများပါလိမ့် "

" ကျွန်တော်ရှင်းရှင်းပဲပြောလိုက်မယ်.. ဦးစိုင်းလောင်ဝဝ်လေလံပွဲက ဝယ်ခဲ့တဲ့ ကျောက်ကို ကျွန်တော် ဘယ်ဈေးနဲ့ရရပြန်ဝယ်ချင်တယ်... အဆင်ပြေနိုင်မလား "

အစကမှိုင်းပြနေသော ဦးစိုင်းလောင်ဝဝ်သည် ဘယ်ဈေးနှင့်ရရ ဟူသောစကားကြောင့် ပြန်လည်ပြုံးရွှင်လာသယောင်... ထိုသို့နှင့် စကားအနည်းငယ်ပြောပြီးနောက် သိန်း 4900နဲ့လေလံစွဲခဲ့သော ထိုကျောက်အား ဧကမှ သိန်း 6000 ပေးဝယ်လိုက်ပြီး ၂ နာရီမျှအကြာတွင် အဆင်ပြေစွာပြီးဆုံးသွားတော့သည် ။ ဝယ်ပြီးသွားပြီးနောက်တွင်လဲ ခေတ္တစကားထိုင်ပြောနေရင်း ဧက၏ အပန်းဖြေရန်ဟူသော စကားကြောင့် ဦးစိုင်းလောင်ဝဝ်မှ တိုးရစ်ဂိုက်ငှားလိုသလား ဟုမေးမြန်းလာသည် ။

ဧကလဲ ဘာမှသေချာနားမလည်ဘဲ လျှောက်သွားနေသည်ထပ်စာလျှင် နယ်ခံတယောက်ပါတော့ ပိုအဆင်ပြေသည် ဟူသော အတွေးကြောင့်ခေါင်းငြိမ့်လိုက်သည် ။ ထိုအခါ ဦးစိုင်းလောင်ဝဝ်က သူ့ဖုန်းကိုထုတ်ကာ တစုံတယောက်ကိုဆက်သွယ်နေလေသည် ။ သူတို့ချင်းအဆင်ပြေပြီးနောက်မှ ဧကဘက်ကိုပြန်လှည့်လာပြီး သူနဲ့အတူလိုက်‌ပေးမယ့် ကောင်လေးအကြောင်းကိုပြောပြလာလေသည် ။

" ကျုပ်ခေါ်လိုက်ပြီ ကိုဧက သူက အထက (မိုင်းနား) နားကလာမှာဆိုတော့ ခဏတော့စောင့်ပေးပါ... "

" ကျောင်းနားကဆိုတော့ ကျောင်းဆရာလား "

နှောင်းဝေ ရဲ့အမေးကြောင့် ဦးစိုင်းလောင်ဝဝ်က ပြုံးယောင်ယောင်ဖြစ်ပြီးသွားမှ ခေါင်းကိုခါကာဆိုလေတယ် ...

" မဟုတ်ပါဘူး... သူကကျောင်းနားမှာနေတဲ့ဂိုက်တယောက်ပါပဲ ဒါပေမယ် ကချင်ပြည်နယ်အကြောင်းကို သူ့လောက်နှံ့တဲ့သူမရှိဘူး... ပြောရင်းနဲ့ ဟိုမှာသူလာပြီ.."

ဧကလှည့်ကြည့်လိုက်ချိန်တွင် ကချင်ပုဆိုးလေးနဲ့ အပေါ်က ရှပ်လက်တိုလေးဝတ်ထားကာ ကျောင်းထဲဝင်လာသည့် လူငယ်လေးတဦး ... အေးချမ်းသောနေရာမှာနေရ၍ ဖွေးဥနေသော အသားအရေ အဝေးကလှမ်းကြည့်ရင်တောင် သိသာတဲ့မျက်တောင်ရှည့်ကြီးများက ကော့လျက် ဦးခေါင်းထပ်မှာတော့ ဂျိန်းဖော ( ဂျိန်ဖော့ ) အမျိုးသားများပေါင်းသော ခေါင်းပေါင်း ပန်းရောင်လေးကို သေသပ်စွာ ပေါင်းထားလေသည် ။ ချောမောသော အမျိုသားတယောက်ဆိုသည်ထပ် လှပသောအမျိုးသားတယောက်ဟုသာသုံးရပေမည် ။ သို့သော် ထူးဆန်းသည်မှာ ဧက၏မျက်လုံးများမှာ ထိုအမျိုးသားငယ်ဆီမှ မျက်စိမလွှဲနိုင်ခြင်းပေ...။

********************************************

မင်းရဲ့ပုံရိပ်လေး မြင်လွှာထဲမြင်လိုက်ကတည်းက

င့ါနှလုံးသားကိုပါ မင်းပိုင်ဆိုင်သွားခဲ့ပြီ .....

မင်းဟာ နတ်သားတပါးများလား ချစ်ရသူရယ်...

* မနောမြေအားသက်သေတည်လျက် *

( မှတ်ချက် ။ ။ ဤဝတ္ထုသည် 2016 ခုနှစ် ပတ်ဝန်းကျင်ကို နောက်ခံယူထားသော ဝတ္ထုဖြစ်ပြီး အထက်တွင်ပါရှိသော ဘုန်းတော်ကြီးကျောင်း ၊ ကျောင်းထိုင်ဆရာတော်နှင့် ရွာများသည် အပြင်လောကတွင်လဲ အမှန်တကယ်တည်ရှိနေပါသည် ။ လူဦးရေနှင့် ရွာများစသော စာရင်းများကို 2016 နှစ်ကုန်စစ်တမ်းမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည် ။ )

# vote and comment ><

TBC~✨

Continue Reading

You'll Also Like

183K 26.4K 51
အချစ်​ဟာသ​လေးပါ အဆွိချည်းတစ်​လိုင်း​ပေါ့❤
2.7M 75.1K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...
14.4K 570 8
Uni ကျွန်တော်ဆိုရင်အရမ်းဆဲတယ်နော် အဲ့သိပ်ဆဲတဲ့နူတ်ခမ်းတွေကိုရမ်းကားပြီးနမ်းပြစ်ချင်တာအရမ်း Zawgyi ကျွန်တော်ဆိုရင်အရမ်းဆဲတယ်နော် အဲ့သိပ်ဆဲတဲ့နူတ်ခမ်းေ...
242K 27.5K 78
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...